← Chapters

အခန်း (၉၁၉)

Vol. 62 Ch. 919

အခန်း (၉၁၉)

Vol. 62 Ch. 919

“ချီးတဲ့မှ”

ကြိုးဖြင့်ချည်နှောင်ခြင်းကို ခံလိုက်ရသော ခရမ်းရောင်ဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ငါသာဒဏ်ရာရထားတာမဟုတ်ရင် မင်းကို ခြေထောက်အောက်မှာ ပြင်းပြင်းထန်ထန် နင်းချေပြီးသတ်ပစ်မယ်။”

သားရဲမျိုးနွယ်တို့၏ ဘုရင်ဖြစ်သည်မို့ သူသည် တစ်ချက်လေးမှ အလျှော့ပေးတတ်သည့် အကျင့်မရှိချေ။

ရွှီ

အားရာသည် သူမ၏ ကြာပွတ်နှင့်ရိုက်နှက်လိုက်သည်။ ခရမ်းရောင်ဘုရင်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်မိ၏။ သူမ၏ရိုက်ချက်သည် သူ၏ ဝိညာဉ်ကို ရိုက်နှက်လိုက်သလို နာကျင်စေ၏။

“ကောင်မလေး။ တော်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါငါရဲ့နောက်လိုက်ပဲ။”

“ဟမ်”

အားရာသည် ခရမ်းရောင်ဘုရင်အား အထင်မြင်သေးစွာဖြင့် ကြည့်ကာပြောလိုက်သည်။ “သခင့်ဆီမှာ ဘယ်လိုလုပ် ဒီအရှက်အကြောက်မဲ့တဲ့ နောက်လိုက်တစ်ယောက်ရှိနေရတာလဲ။”

“……” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

ဝှစ်

အားရာသည် ခရမ်းရောင်ဘုရင်အား ချည်နှောင်ထားသည့်ကြိုးများကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သခင့်၏ မျက်နှာကြောင့်သာ မဟုတ်ပါက သူမသည် ကောင်းကောင်းကြီးသင်ခန်းစာပေးလိုက်မှာ သေချာတော့သည်။

ခရမ်းရောင်ဘုရင်သည်လည်း ကောင်းကောင်းနားလည်တတ်သူတစ်ယောက်ဖြစ်သည်။ သူသည်ဒဏ်ရာရရှိထားပြီး အားအင်အဆင့်များသည် ယုတ်လျော့လျက်ရှိနေ၏။ ထို့ကြောင့် ကြိုး၏ဒဏ်မှ လွတ်မြောက်ပြီးသည့်နောက်မှာတော့ စကားပြောဆိုခြင်းကို မပြုလုပ်ချေ။

ကျွင်းချောင်ရှောင်းသည် လူသားပုံစံဖြစ်တည်နေခဲ့သော မိုးကြိုးအမျိုးအစားစွမ်းအင်များကို လှမ်း၍ ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “မင်း အထက်နယ်မြေမှာရှိတဲ့ စွမ်းအင်တွေကိုလည်း သန့်စင်နိုင်တာလား။ ပြဿနာမရှိဘူးလား။”

အားရာကပြောလိုက်သည်။

ကောင်းကင်ဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ ထောင်အကြီးအကဲတစ်ယောက်ဖြစ်သည်မို့ သူမသည် ထောင်ထဲသို့ ရောက်ရှိ လာသည့် မည်သည့်အကျဉ်းသားကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေ၏။ လိမ်လိမ်မာမာဖြင့် လေ့ကျင့်ပေးနိုင်စွမ်းလည်း ရှိသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အရင်တုန်းက စုပ်ယူခဲ့တဲ့ ဓာတ်သဘာဝတွေကိုရော သန့်စင်ပြီးပြီလား။”

သူပြောနေသည်မှာ ရှစ်ကျန်းရွမ်၏ စိတ်တစ်ခုလုံးကို ရူးသွပ်သွားသူတစ်ယောက်လို ဖြစ်စေခဲ့သည့် ထူးဆန်းသည့် ဓာတ်သဘာဝများအကြောင်းကို ပြောနေခြင်းဖြစ်သည်။

ဤမိန်းကလေး၏ အပြောအရဆိုလျှင် တစ်လ၊ နှစ်လလောက်နေလျှင် ထိုအရာများကို သန့်စင်နိုင်မည်ဟု ဆိုခဲ့သည်။ သို့ပေမဲ့ သူသည် ဂြိုဟ်တိုက်ပွဲကြီးနှင့် ဂိုဏ်းတည်ဆောက်မှုလုပ်ငန်းများတွင် အလုပ်များ နေသည်ဖြစ်သောကြောင့် မေ့လျော့နေခဲ့တော့၏။

“သခင် … သန့်စင်မှုက ပြည့်စုံသွားပြီလေ။”

အားရာသည် လက်ဖျောက်ကို တီးလိုက်၏။ သလင်းအမြုတေနှင့်တူညီသော စွမ်းအင်လုံးတစ်ခုသည် တည်နေရာထဲတွင် ပေါ်လာခဲ့တော့၏။ “ဒါကို စိတ်ဝိညာဉ်အမြုတေအဖြစ် ပြောင်းလဲထားတယ်။ “

“စိတ်ဝိညာဉ်အမြုတေ ဟုတ်လား။” ကျွင်းချောင်ရှောင်းကြောင်သွားမိသည်။

အားရာက ရှင်းပြလိုက်မိ၏။ “သန့်စင်ခံရတဲ့ ဓာတ်သဘာဝတွေကို စိတ်ဝိညာဉ်အမြုတေတစ်ခုထဲမှာ စည်းခတ်လိုက်တာလေ။ သခင် … ဒါကို ယူပြီးတော့ စိတ်ရှိသလို စုပ်ယူနိုင်စွမ်းရှိတယ်။”

“ဒီဓာတ်သဘာဝတွေက အရင်တုန်းက လူတွေရဲ့စိတ်ကို လွတ်ထွက် သွားအောင် ပြုလုပ်နိုင်စွမ်းရှိတယ်လေ။ ဒီသန့်စင်ပြီးတဲ့နောက်မှာ တစ်ခြားဘေးထွက်ဆိုးကျိုးတွေ မရှိဘူးမဟုတ်လား။” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

“သခင်”

အားရာသည် နှုတ်ခမ်းကို စူကာပြောလိုက်တော့သည်။ “ကျွန်မက မသန့်ရှင်းတဲ့အရာတွေကို သန့်ရှင်းအောင် ပြုလုပ်တဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ပါ။”

“ဒါဆိုရင်လည်း အဆင်ပြေတာပေါ့။”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အမြုတေကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်တော့၏။ သူ့အနေနှင့် ရှစ်ကျွမ်းရွမ်ကို ပေးအပ်ထားရန် စဉ်းစားနေမိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုစွမ်းအင်များ အားလုံးသည် သူမ၏ ခန္ဓာကိုယ်ဆီမှ စုပ်ယူထားသည့်အရာများဖြစ်နေသည်မဟုတ်လား။

“အချိန်ရရင် မြောင်ဟွာခန်းမဆီကို တစ်ခါသွားအုံးမှပဲ။ အခုဖြစ်နိုင်ရင် ခံတပ်ဆီသို့ အရင်ဆုံးပြန်တာကောင်းလိမ့် မယ်။”

ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ စည်းဓားမော့အသက်ဝင်လျက်ရှိနေသည်ကို သတိပြုမိ၏။ ထို့အပြင် သူသည် မကြာခင်တွင် အားနည်းသည့်အခြေအနေတစ်ခုကို ကျိန်းသေပေါက်ရောက်ရှိသွားမှာဖြစ်၏။ ထို့ကြောင့် ခံတပ် ၏ လုံခြုံသည့် တည်နေရာဆီသို့ အလျင်အမြန်ပြန်မှဖြစ်ပေလိမ့်မည်။

“သွားကြရအောင်။”

အတွေးတစ်ချက်နှင့်ပဲ သူသည် ခရမ်းရောင်ဘုရင်ကို အပြင်ဘက်လောကဆီကို ပို့လိုက်၏။

ဟူး ဟူး

အေးစက်သည့်လေများ တိုက်ခတ်သွားပြီးသည့်နောက်မှာတော့ ကြမ်းတမ်းလှသည့် မိုးကြိုးဓာတ်သဘာဝများသည် လေထုထဲတွင် ပြည့်နှက်လျက်ရှိနေသေးသည်။

ရွှီ

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီအား ပြန်လည်သိမ်းဆည်းလိုက်၏။ သူသည် ဓားမော့ကြီးကို ကိုင်ထားကာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ ခံတပ်ရှိရာဆီသို့ မြန်မြန်ပဲ ပျံသန်းလိုက်၏။

“ဟမ် …..”

ရုတ်တရက် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အနီရောင် လင်းတန်းများ ပျောက်ကွယ်သွားသည်ကို သူသိရှိ လိုက်မိ၏။ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ငါ မိုးကြိုးပစ်ခံရလို့ ဒါတွေသန့်စင်ခံလိုက်ရတာလား။”

ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အနီရောင်အလင်းတန်းများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စနစ်၏ အမျိုးသမီးအသံက ရှင်းပြလိုက်၏။ “ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ အထက်နယ်မြေဆီမှ မိုးကြိုးအပြစ်ပေးမှုက အပြစ်လုပ်သမျှအားလုံးကို သုညအခြေ အနေထိကို ပြန်ရောက်အောင် ပြုလုပ်ပေးတာပဲလေ။ အပြစ်ပေးမှုကို ခံယူပြီးပြီ ဆိုတော့ အပြစ်မရှိတော့ပါဘူး”

“သိပြီ”

အလွန်အားကောင်းလှသော မိုးကြိုးအပြစ်ပေးမှုကို ခံယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နာနာ ကျင်ကျင်ဖြင့် ပြောလိုက်မိသည်။ “ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသာ မရှိဘူးဆိုရင် ငါသေတာကြာပေါ့။”

အထက်နယ်မြေမှ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည်။

“ဒီလူ သူမသေဘူးပဲ ….. အသက်ရှင်နေသေးတာကိုး။”

မိုင်ထောင်ချီ အဝေးမှာရှိနေသော သိုင်းကျင့်ကြံသူများသည် မျက်လုံးပြူးလျက်ရှိနေကြ၏။ ၎င်းတို့သည် လေထုထဲတွင် ပေါ်ပေါက်လာသော ကျွင်းချောင်ရှောင်းကို မြင်လိုက်ကြရ၏။

စောနတုန်းက ပစ်ခတ်ခဲ့သည့် မိုးကြိုးပစ်ခတ်မှု၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် အခြေအနေတစ်ခုတွင် ရှိခဲ့သည်။

သက်ရောက်ခြင်းကို မခံရသောလူများပင်လျှင် မြေပြင်ပေါ်သို့ ဖင်ထိုင်ကျခဲ့ရ၏။ သူတို့သည်သာ ဤလူ၏ နေရာတွင် ဆိုပါက ကျိန်းသေပေါက်သေဆုံးသွားမှာ သေချာတော့သည်။ သို့ပေမဲ့ တစ်ဖက်လူသည် အသက်ရှင်လျက်ရှိနေသေး၏။

“အားလုံးပဲ။”

ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင်ရှိသော သိုင်းကျင့်ကြံသူများကို သတိပြုမိ၏။ ထို့ကြောင့် အေးစက်စက် ဖြင့်အော်ဟစ်လိုက်တော့၏။ “ဒီနေ့မှာ ဖြစ်ခဲ့တဲ့ ရန်ငြိုးကို ကျုပ်က ကျိန်းသေပေါက်မှတ်ထားမယ်။ အနာဂတ်တစ်နေ့မှာ တစ်ယောက်ချင်းစီကို လာပြီးတော့ လက်စားချေမယ်။”

စည်းဓားမော့ကြီး၏ အကန့်အသတ်က တည်ရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့် မျက်နှာလွှဲ ခဲပစ် လုပ်ချင်ရာကို လုပ်နိုင်စွမ်း မရှိချေ။ ဤကဲ့သို့ စိန်ခေါ်စကားများကို ပြောဆိုပြီး ပြန်သွား၍သာရပေလိမ့်မည်။

“….….”

ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ငါတို့က မင်းကိုလာပြီး သတ်တာတော့ သတ်တာပဲလေ။ ဒါပေမဲ့ ငါတို့ဘက်က လူတွေအများကြီးသာ သေသွားခဲ့တယ်လေ။ မင်းက တစ်ချက်တောင် ဒဏ်ရာရရှိခဲ့တာ မဟုတ်ဘူး။ ဒီလိုစိန်ခေါ်ပြီးတော့ ထွက်သွားရမယ့်သူက ငါတို့ပါကွ ….. ငါတို့ ….။

ဝှစ်

ကျွင်းချောင်ရှောင်းနှင့် ခရမ်းရောင်ဘုရင်တို့သည် အမြန်ဆုံးနှုန်းနှင့် ပျံသန်းပြီးသည့်နောက်မှာတော့ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြတော့၏။

အသက်ရှင်ကျန်ရစ်ခဲ့သော သိုင်းကျင့်ကြံသူများအားလုံးသည် သူတို့အနောက်သို့ မလိုက်ခဲ့ကြချေ။ အဘယ့်ကြောင့် ဆိုသော် ဤဓားကြီးကို ကိုင်ဆောင်ထားသောသူသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းကြောင်းကို သူတို့သိရှိ၏။ သူတို့အနေနှင့် မသေဆုံးဘဲ ပြန်သွားနိုင်ခဲ့သည်ဆိုသည်ကပင် ကံကောင်းခြင်းပင်ဖြစ်ပေလိမ့်မည်။

“သောက်ကျိုးနည်း အဲ့ဒီလူက ဘယ်လိုလဲ။ ကြေညာချက်ကို ကြားရတာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူပဲ ဖြစ်ရမယ်။”

“တစ်ဖက်လူက ပြောပုံဆိုပုံကို ကြည့်ရတာ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လိမ့်မယ်။ သူ့ရဲ့ အသံကို ရင်းနှီးတယ်။ ဟုတ်တယ်။ သူပဲ။”

အစတုန်းက ကျွင်းချောင်ရှောင်းသည် အဘိုးအိုတစ်ယောက်၏ အသံမျိုးကို အသုံးပြုကာပြောဆိုခဲ့၏။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်ကို ကယ်တင်ရန် ပြန်လာသည့်နောက်မှာတော့ သူသည် သူ၏ မူလအသံကိုသာ ထုတ်ဖော် ပြောဆိုခဲ့၏။ အားလုံးသောသူများသည် သူမည်သူဖြစ်သည်ကို အနည်းအကျဉ်းပင် ခန့်မှန်းမိပြီးသား ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဤအရာမှာ ကိစ္စလည်းမရှိတော့ချေ။ ပထမအယောင်ဆောင်ခဲ့သည်ဆိုသည်မှာ အဘိုးကြီးကွမ်ဟိုင်ဆီမှ အမွေအနှစ်ကို ရရှိရန် ရုပ်ဖျက်ခဲ့ခြင်းသာဖြစ်တော့၏။ လက်ရှိအခြေအနေမှာ သူမည်သူဖြစ်သည်ဆိုသည် ပေါ်သွားလျှင်လည်း ကိစ္စမရှိချေ။

ဆွစ် ဆွစ်

အလင်းတန်းများပျံသန်းသွားပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး ခံတပ်ဆီသို့ ရောက်ရှိသွားခဲ့တော့သည်။

ကျန့်ရာ၊ တင်းရှင်းဝမ်နှင့် တစ်ခြားသူများအားလုံးတို့သည်လည်း ခံတပ်ဆီသို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်၏။

“ဂိုဏ်းချုပ်”

ကျွင်းချောင်ရှောင်း လုံလုံခြုံခြုံနှင့်ပြန်လာသည်ကို မြင်တော့ အားလုံး၏ တင်းမာနေသည့်စိတ်ဓာတ်များအားလုံးသည် ပြေလျော့သွားခဲ့ကြ၏။

“ဟောခန်းသခင်ကျိ”

လီချင်းယန်ကမေးလိုက်သည်။ “အဆင်ပြေရဲ့လား။”

ခရမ်းရောင်ဘုရင်သည် လက်ပိုက်ကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ငါအဆင်ပြေတာပေါ့။”

“အံ့အားသင့်စရာပဲ။”

လီဖေးသည် လက်မထောင်ကာ ပြောလိုက်၏။ “သိုင်းကျင့်ကြံသူ တစ်သောင်းကျော်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ မိုးကြိုးပြစ်ဒဏ်ကိုလည်း ခံရသေးတယ်။ ဒါပေမဲ့ အဆင်ပြေနေတယ်။ ဟောခန်းသခင်ကျိဟာ တကယ့်ကို အားကောင်းလှတဲ့သူပဲ။ အံ့အားသင့်စရာကောင်းတယ်။”

“……..”

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ သူသည် အသာပြောလိုက်မိ၏။ “ငါက အားကောင်းတယ်ဆိုတာတော့ဟုတ်တယ်။ ဒါပေမဲ့ အဲလူတွေကို သတ်ခဲ့တာက ငါ မဟုတ်ဘူး။ ဂိုဏ်းချုပ်ပဲ။”

“ဟမ်”

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။

အဓိကဟောခန်း၏ ရှေ့တွင် မှီလျက် ရှိနေသော လုချင်းချင်းသည် ကျွင်းချောင်ရှောင်းအား အံ့အားတသင့်ဖြင့် ကြည့်လိုက်မိသည်။

မိုးကြိုးအပြစ်ပေးမှုကြေညာမှုကို ကြားရသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူနှစ်သောင်းကျော်တို့သည် သေဆုံး သွားခဲ့ကြပြီဖြစ်သည်။ ထိုထဲတွင် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများလည်း ပါဝင်လျက်ရှိနေသေး၏။ ထိုအရာများ အားလုံးကို ဂိုဏ်းချုပ်တစ်ယောက်တည်းလုပ်ခဲ့လေသည်လား။ မယုံနိုင်စရာပင်။

ဟယ်ဝူတီ နှင့်ရီရှင်းချန်တို့သည်လည်း တုန်လှုပ်သွားမိ၏။ ၎င်းတို့၏ မူလအားအင်အဆင့်များကို ပြန်ရမည်ဆိုပါက ဤမျှများပြားလွန်းသော သိုင်းကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ဖို့ဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအဆင့်သာ ရှိနေသေး၏။

“နေအုံး။ ဂိုဏ်းချုပ်လက်ထဲမှာ ဘယ်ကဓားကြီးရောက်နေတာလဲ။”

ထို့ပြင် ဤဓားကြီးသည် ထူးဆန်းလှသည့်စကားလုံးများလည်း ရေးထိုးထားခဲ့သေး၏။ ရှေးကျပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့်အော်ရာမျိုးလည်း ထွက်ပေါ်နေလျက်ရှိနေသေးသည်။

“ဖြစ်နိုင်တာက”

ဟယ်ဝူတီ နှင့်ရီရှင်းချန်တို့သည် တုန်လှုပ်သွားမိ၏။ “ဒါက အထက်နယ်မြေက နတ်ဘုရားလက်နက်ပဲ ဖြစ်ရမယ်။”

ထုံးစံအတိုင်းပင် ၎င်းတို့နှစ်ယောက်သည် တွေးချင်ရာကို ဆက်လက်၍ တွေးတောကြပြန်တော့သည်။

ရွှီ

ကျွင်းချောင်ရှောင်းသည် ဓားကို ပြန်လည်သိမ်းဆည်းလိုက်၏။

ဘုတ်

ပြီးပြီးချင်းမှာဘဲ သူသည်မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။ ဓားသည် မိနစ် ၆၀ တိတိ အသုံးပြုနိုင်စွမ်းရှိနေသေး ၏။ ထိုအရာကို အသုံးပြုပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် အလွန်အမင်းအားနည်းသွားခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေမှာ သူသည် လက်ချောင်းတစ်ချောင်းကိုပင် မရန် စွမ်းအင်မရှိတော့ချေ။

စနစ်ကပြောလိုက်သည်။ “ဓား၏ ဒုတိယပုံစံကို အသက်သွင်းပြီးတဲ့နောက်မှာ အားနည်းတဲ့အခြေအနေက ၂ နာရီတိတိကြာလိမ့်မယ်။ ပြီးတော့ လက်ခံသူက စိတ်ဝိညာဉ်စွမ်းအင်တွေကို တစ်လကြာတဲ့အထိ အသုံးပြုနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် လက်ရှိမှာ လက်ခံသူဆိုတာ အသုံးမကျတဲ့လူတစ်ယောက်နဲ့အတူတူပဲ။”

“……..”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် တွေးလိုက်မိ၏။ “ထင်ထားတဲ့အတိုင်းပဲ။ ဒီလိုဟာမျိုးကို ထုတ်သုံးတဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးဆိုတာ ရှိနေတာကိုး။”

All Chapters