← Chapters

အခန်း (၉၁၄)

Vol. 62 Ch. 914

အခန်း (၉၁၄)

Vol. 62 Ch. 914

သူ၏သခင်နှင့် သဘောတူညီမှု ပြုလုပ်ပြီးသည့်နောက် တောဝက်ရိုင်းလေးသည် နှစ်ရက်တိတိ အနားယူခဲ့၏။ ပြီးသည့်နောက်မှာတော့ ဆေးစိုက်ခင်းထဲသို့ ဝင်ရောက်၍ အကောင်းဆုံး ကြိုးစားတော့၏။ ထို့ကြောင့် ညနေတိုင်း၊ ညနေတိုင်းတွင် သွက်လက်လျက်ရှိနေသော သားရဲလေးသည် တည်နေရာအနှံ့သို့လျှောက်၍ ပြေးလွှားဆော့ကစား နေသည်ကို မြင်ရမည်ဖြစ်တော့၏။

"ဒီကောင်လေး ဘာလို့ ရုတ်တရက်ကြီး တက်ကြွနေရတာလဲ"

"ဒါက ထူးဆန်းလွန်းတယ်"

ဆေးဟောခန်းတွင်ရှိသော လူများသည် အံ့အားတသင့်ဖြင့် ပြောဆိုနေကြ၏။ သူတို့သည် မည်ကဲ့သို့သော သဘောတူညီမှုမျိုး ရရှိခဲ့သည်ကို ကောင်းကောင်းမသိရှိပေ။

"အင်း"

စနစ်က အကူအညီမဲ့စွာ ပြောလိုက်၏။ "သနားစရာ ကောင်လေးပဲ"

လက်ခံသူသည် တောဝက်ရိုင်းလေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်ဟု ထင်စရာ အကြောင်းရှိနေသည် ဆိုသော်လည်း လွယ်လွယ်ကူကူနှင့် လှည့်စားခဲ့ခြင်းသာ ဖြစ်တော့၏။

"ငါ လှည့်စားနေတာ မဟုတ်ဘူးလေ"

ကျွင်းချောင်ရှောင်းသည် နဂါးခေါင်းတောင်ထွဋ်၏ ကျောက်တုံးတစ်တုံး ပေါ်တွင်ထိုင်ကာ လေးလေးနက်နက် ပြောလိုက်၏။ "ငါ သူ့ကို အားပေးခဲ့တာပဲ"

တောဝက်ရိုင်းလေးသည် အရင်တုန်းက ပျင်းရိလွန်းခဲ့၏။ မြေဓာတ်အမျိုးအစား စွမ်းအင်မျိုးကို မည်သို့ အသုံးပြုရ မည်ဆိုသည်ကိုတောင် မသိရှိခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ ကြီးမားလှသည့် ဖိအားအောက်တွင် အကောင်းဆုံး လေ့ကျင့်နေပြီဖြစ်၏။ ပြောနေစရာပင် မလိုချေ။ အကျိုးသက်ရောက်မှုမှာလည်း ကောင်းမွန်လွန်း လှ၏။

ကျွင်းချောင်ရှောင်း၏ လေ့ကျင့်ပေးမှုအောက်တွင် တောဝက်ရိုင်းလေးသည် ပိုမို၍ ဇွဲ၊ သတ္တိများနှင့် ပြည့်စုံလာသည် သာမက နေ့စဉ်နေ့တိုင်းလည်း အလုပ်ကြိုးစားလျက်ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ် ပုံစံသည် မိုသွင်းထားသည့် အတိုင်းပင် ပြောင်းလဲလာခဲ့၏။ သူ့အနေနှင့် လက်ရှိအခြေအနေတွင် တောဝက်ကဲ့သို့ပုံစံမျိုး မဟုတ်တော့ဘဲ အားကောင်းလှသည့် ဆင်နှင့်ပင် ဆင်တူလာ၏။ တောဝက်ရိုင်းလေး၏ ပုံပန်းသွင်ပြင် ပြောင်းလဲလာမှုသည် အစပိုင်းသာ ရှိနေသေးသည်။

သူ၏ ပထမဦးဆုံး ပဋိညာဉ်သားရဲသည် ဆက်လက်ကာ ပိုမိုအားကောင်းလာမည်ကို ကျွင်းချောင်ရှောင်း ယုံကြည်နေမိ၏။ မြေဓာတ်အမျိုးအစားကို ပိုင်ဆိုင်သော ရှားပါးလှသည့် ပုံရိပ်ယောင်သားရဲ ဖြစ်သည်မို့ ၎င်း၏ ဓာတ်သဘာဝများကို အကောင်းမွန်ဆုံး အသုံးချနိုင်မည်ဆိုလျှင် ကြီးမားသည့် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာမှာ သေချာ၏။

ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်များအတွက် စိုးရိမ်ပူပန်သည်သာမက သူ၏ ပဋိညာဉ်သားရဲများ အတွက်လည်း စိုးရိမ်ပူပန်လျက် ရှိနေသေးသည်။

စနစ်သည် ဤအချက်တွင်တော့ လက်ခံသူကို လေးစားနေမိ၏။ လက်ခံသူသည် မည်မျှ အရှက်မဲ့လှသော ကိစ္စရပ် များကို ပြုလုပ်တတ်သည်ဟုဆိုသော်လည်း ၎င်း၏ ဂိုဏ်း၊ တပည့်နှင့် ပဋိညာဉ်သားရဲများ အပေါ်တွင်တော့ အဖေ တစ်ယောက်ကဲ့သို့ ဆက်ဆံတတ်သည့်လူတစ်ယောက်ဖြစ်ကြောင်း သူ သိရှိ နားလည်မိ၏။

.....................

များပြားလှသော တောင်ထွတ်များ၏ ဆောက်လုပ်မှုကို ပြီးစီးပြီးနောက်မှာတော့ များပြားလှသော ဟောခန်းများ သည် တည်နေရာကို ရွေ့ပြောင်းလိုက်ပြီဖြစ်၏။ အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့်များသည်လည်း ၎င်းတို့နှင့် သက်ဆိုင်ရာ တောင်ထွတ် များဆီသို့ ရွှေ့ပြောင်းလိုက်ကြ၏။ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် အရင်ကထက် ပို၍ ကျယ်ဝန်းကာ ကျင့်ကြံ၍ကောင်းသည့် တည်နေရာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။

တည်နေရာကြီးသည် ကြီးမားပြီး ဂိုဏ်းသည်လည်း ဆန်းကြယ်လွန်းနေ၏။ ထို့အတူ တည်ဆောက်ခြင်းအတွက် ကုန်ကျစရိတ်ကလည်း မသေးကွေးလှချေ။ အရာအားလုံး ပြီးစီးပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ငွေစာရင်းရှင်းတမ်းအား ကျွင်းချောင်ရှောင်းကို ပြသလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ပက်လက်ပင် လန်သွားမိ၏။ "ဒီလောက် ငါတို့သုံးလိုက်မိတယ်ဆိုတာကို ယုံတောင် မယုံနိုင်ဘူး"

ထိုသို့ ဆိုလျှင်တောင်မှ သူတို့သည် မည်သည့် လက်သမားကိုမှ ခေါ်ယူ၍ ဆောက်လုပ်ခဲ့ခြင်း မဟုတ်ပေ။ ဂိုဏ်းမှ ဂိုဏ်းသူဂိုဏ်းသားများ အကုန်လုံး ပူးပေါင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက ယခုထက်ပင် ပိုမို ကုန်ကျနိုင်ခဲ့သေးသည်။

"ဂိုဏ်းချုပ်"

လီချင်းယန်က ပြောလိုက်သည်။ "ဒီလိုမျိုး တည်နေရာချဲ့ထွင်မှုပြီးတဲ့နောက်မှာတော့ နောက်ထပ် တပည့်တစ်သိန်းလောက် ထပ်ခေါ်မယ်ဆိုရင်တောင် ဂိုဏ်းက လူတွေ ကြပ်ညှပ်နေမှာ မဟုတ်တော့ဘူး"

ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်၏။ “ဒီအတောအတွင်း မင်းအရမ်းကို ကြိုးစားခဲ့ရတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ စိတ်သက်တောင့်သက်သာ နေလို့မဖြစ်ဘူး၊ မင်းတည်ဆောက်မှုကို အလိုရှိနေတဲ့ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးက ကျန်ရှိနေသေးတယ်”

လီချင်းယန်၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ သူကပြောလိုက်သည်။ “ဒီတပည့်က အဆင့်သင့်ပါပဲ၊ ဂိုဏ်းချုပ် အမိန့်ပေးမှာကို စောင့်နေခဲ့တာ”

ဂိုဏ်းကိုချဲ့ထွင်ခြင်းဆိုသည်မှာ သေးငယ်သည့် စမ်းသပ်မှု တစ်ခုလေးသာ ဖြစ်တော့သည်။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးကဲ့သို့သော ကျယ်ပြန့်သည့် တည်နေရာကြီးတွင် ကြီးမားသည့် အဆောက်အဦကြီးနှင့် လှပသည့် အဆောက်အဦများ တည်ဆောက်ခြင်းဆိုသည်ကသာ သူ့အတွက် အစစ်အမှန်စမ်းသပ်ခြင်း ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤတည်နေရာကြီးသည် ရှိရှိသမျှ ဂြိုဟ်များအားလုံးတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီး ဟူသော ဂုဏ်သိက္ခာကို အတည်ပြုပေးမည့် တည်နေရာလည်း ဖြစ်နေသည် မဟုတ်ပါလား။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သုံးရက်အတွင်း ငါတို့ ဂြိုဟ်တိုက်ပွဲထဲကို ဝင်ရအောင်”

ဂိုဏ်း၏ ချဲ့ထွင်ခြင်းကိစ္စရပ်များသည် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ နောက်ထပ် ခြေတစ်လှမ်းမှာ ဂြိုဟ်တိုက်ပွဲ တည်နေရာဆီသို့ သွားရန်သာ ဖြစ်တော့သည်။ တစ်ချိန်တည်းမှာပဲ သူတို့သည် တပည့်များအနေဖြင့် ပိုမို ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသရင်း တည်နေရာကိုချဲ့ထွင်ချင်စိတ်လည်း ပေါက်မိနေကြသည်။

...............

ဂြိုဟ်တိုက်ပွဲ

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့သည် ယခုလအတွင်း အလွန်အမင်း စိတ်ဓာတ်ကျလျက်ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ တောက်လျှောက်သတိထားကြည့်ရှုနေသည် ဆိုသော်လည်း အဆုံးသတ်တွင် မည်သည့်အရာမှ ဖြစ်ပျက်မလာခဲ့ပေ။

“နန်းတော်သခင်”

အဓိကဟောခန်းထဲမှာတော့ အကြီးအကဲတစ်ယောက်က ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေ တိုက်ကြီးက လက်ရှိမှာ လှုပ်ရှားမှု မရှိသေးဘူးလေ၊ သူတို့ တစ်ခုခု ကြိတ်ပြီး ကြံစည်နေတာ ဖြစ်လောက်တယ်”

ပင်လယ်ပြာနန်းတော်၏ သခင် မျက်မှောင်ကုတ်လိုက်မိသည်။ “အရှေ့ဘက်ကနေ ရောက်လာတဲ့လှံကို ရှောင်ဖို့လွယ်တယ်ဆိုပေမယ့် အနောက်ဘက်ကနေ ရောက်လာမယ့်မြားကို ရှောင်ဖို့ခက်လိမ့်မယ်၊ ဒီတော့ နည်းလမ်း မျိုးစုံနဲ့ ရောက်ရှိလာမယ့် ဒီလူကို ငါနည်းနည်း စိုးရိမ်မိတယ်”

တိုက်ပွဲအနည်းငယ် ယှဉ်ပြိုင်တိုက်ခိုက်ပြီးသည့်နောက် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးသည် အချိန်တိုင်း ရှုံးနိမ့်ခဲ့ရ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် စိတ်ထဲတွင် ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေကြတော့၏။ လင်းယွမ်ကုန်းမြေတိုက်ကြီးမှာလည်း တူတူပင်ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့်လအတွင်း ပေါ်မလာခဲ့သော်လည်း ၎င်းတို့သည် ပိုပို၍ ကြောက်လန့်လာပြီး နေရထိုင်ရပင် ခက်လာခဲ့တော့၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကျင့်ကြံသူများအားလုံးသည် ငါးနှစ် အတွင်း ဤဂြိုဟ်ဆီမှ တိုက်ခိုက်သူများနှင့် နှောက်ယှက်မှုကို ခံရမည်အား စိုးရိမ်လျက်ရှိနေ၏။ သို့ပေမဲ့ တကယ် တမ်းမှာတော့ ဤဂြိုဟ်နှစ်ခုတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်မှလူများ ထပ်မံရောက်ရှိလာမည်ကို ကြောက်ရွံ့လျက်ရှိသည်။ အခြေအနေမှာ ရယ်ရွှင်ဖွယ်ရာပင် ဖြစ်နေတော့သည်။

“မကောင်းတော့ဘူး”

ထိုအချိန်မှာပဲ အကြီးအကဲတစ်ယောက်သည် အပြင်ဘက်ဆီမှ အလောတကြီးဖြင့် လျှောက်ဝင်လာခဲ့တော့သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ရှန်ဟွမ် ကုန်းမြေတိုက်နဲ့ အင်ပါယာဓား ကုန်းမြေတိုက်ကြီးက လူနှစ်ရာလောက် သတ်ဖြတ်ပစ်ခဲ့တယ်လို့ သတင်းရရှိခဲ့တယ်”

“ထင်ထားတဲ့အတိုင်းပဲကိုး”

ဟုန်ရောင်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဒီကောင် ထပ်ပြီးတော့ ရောက်လာပြန်ပြီ၊ ရှန်ဟွမ်ကုန်းမြေတိုက်နဲ့ အင်ပါယာဓား ကုန်းမြေတိုက်တို့ကို ပစ်မှတ်ထားလိမ့်မယ်လို့ ငါမထင် မိခဲ့ဘူး”

“ဒီကောင်လေးက လုပ်ချင်တဲ့အရာက သူတို့ကို ခံတပ်အပြင်ကနေ စောင့်ပြီးတော့ ဒုက္ခပေးခဲ့တဲ့ဂြိုဟ်တွေကို လိုက်တိုက်ခိုက်နေတဲ့ပုံ ပေါ်တယ်”

ပင်လယ်ပြာနန်းတော်၏ အထက်အကြီးအကဲများသည် ဆွေးနွေးလျက်ရှိနေကြ၏။ ၎င်းတို့၏ ခံစားနေရ သော အကြိတ်အခဲများသည်လည်း အနည်းငယ်တော့ ပြေလျော့သွားခဲ့၏။ အနည်းဆုံးတော့ တစ်ဖက်လူသည် သူတို့အား ပစ်မှတ်မထားတော့ချေ။ ထို့ကြောင့် ပျော်ရွှင်စရာဖြစ်သည်ဟုပင် ခံစားလာမိကြ၏။

“စတုတ္ထအကြီးအကဲ”

ဟုန်ရောင်က ပြောလိုက်သည်။ “ဘုံကိုးပါးကုန်းမြေတိုက်ဆီက ဘာသတင်းကြားသေးလဲ”

“မကြားပါဘူး”

ဟုန်ရောင်သည် ဇဝေဇဝါဖြင့် ပြောလိုက်၏။ “ဒီလောက် များပြားတဲ့ ကျွမ်းကျင်သူတွေ အဖမ်းခံရတာ၊ ဒါပေမဲ့ မိုရှန်ရှမ်းက တစ်ချက်တလေးတောင် မလှုပ်ဘူး၊ ဒါက ထူးဆန်းမနေဘူးလား”

“ခန်းမသခင်... ဒီအဘိုးကြီးရဲ့ အမြင်အရဆိုရင်”

တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် ပထမအကြီးအကဲက ပြောလိုက်၏။ “ကျုပ်တို့အနေနဲ့ ပထမဂြိုဟ်တွေကို ထည့်ပြီးစဉ်းစားစရာ မလိုဘူး၊ ရှန်းဟွမ်ကုန်းမြေတိုက်နဲ့ အင်ပါယာဓားကုန်းမြေတိုက်ကို ဆက်သွယ်ကာ အတူတူပူးပေါင်းပြီး ကြယ်ကြွေကုန်းမြေတိုက်က ကောင်တွေကို ရှင်းပစ်ကြရအောင်”

ဤဂြိုဟ်နှစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်၍ အဆင်မပြေနိုင်ဘူးဆိုလျှင် နောက်ထပ်လုပ်ဆောင်မည့်ဂြိုဟ်နှစ်ခုနှင့် ထပ်၍ ပေါင်းရပေလိမ့်မည်။

ဟုန်ရောင်သည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ရှန်းဟွမ်ကုန်းမြေတိုက်က ပြဿနာတစ်ခု မဟုတ်ဘူး၊ ဒါပေမဲ့ အင်ပါယာဓားကုန်းမြေတိုက်ရဲ့ ဓားကျင့်ကြံသူတွေကတော့ မောက်မာလွန်းတယ်၊ သူတို့က ကျုပ်တို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး”

“နန်းတော်သခင်”

သူပြောပြောပြီးချင်းမှာပဲ တပည့်တစ်ယောက်သည် အပြင်ဘက်မှ လျှောက်ဝင်လာသည်။ “အင်ပါယာဓားကုန်းမြေတိုက်က စာပို့လိုက်တယ်”

“အမ်”

ဟုန်ရောင်သည် စာကိုယူကာဖြင့် ဖတ်ကြည့်လိုက်၏။ ပြီးနောက် ထိတ်လန့်တကြားဖြင့် ပြောလိုက်မိသည်။ “အင်ပါယာဓားကုန်းမြေတိုက်က သူတို့ရဲ့မာနတွေကို ခဝါချပြီးတော့ ကျုပ်တို့နဲ့ ဆွေးနွေးဖို့ စီစဉ်ထားတာပဲ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သူတို့ကို တော်တော်ကြီး ဒုက္ခပေးခဲ့ပုံပေါ်တယ်”

အမှန်ပင် အကြီးအကဲ ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သူ၏လူများကို ခေါ်ဆောင်လာခဲ့ပြီးသည့်နောက် ပထမဦးဆုံး တိုက်ခိုက်ခဲ့သည်မှာ အင်ပါယာဓား ကုန်းမြေတိုက်ဖြစ်၏။ ထို့အပြင် တစ်ဖက်လူများသည် အလွန်ပင် မောက်မာလွန်းလှ၏။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူများရောက်ရှိလာသည်ဆိုသည်နှင့် စိတ်ထဲမှာ မထားဘဲ ပေါ့ပေါ့တန်တန် တွက်ခဲ့မိသည်။ အဆုံးသတ်မှာတော့ ၎င်းတို့သည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ရာကျော်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူ ငါးဆယ်ကျော်တို့ကို ဆုံးရှုံးခဲ့ရတော့သည်။

ရှန်းဟွမ်ကုန်းမြေတိုက်မှာတော့ သတိရှိ၏။ ထို့ကြောင့် ကြိုတင်ကာ ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ခဲ့တော့ချေ။ လူတစ်ဒါဇင်လောက်နီးပါးကို ဆုံးရှုံးခဲ့၏။ ထိုလူများအားလုံးသည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများ ဖြစ်နေ၏။

“ကြက်သွေးရောင်ကုန်းမြေတိုက်ကြီးက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သတ်ဖြတ်ပစ်ဖို့အတွက် အင်ပါယာဓား ကုန်းမြေတိုက်ကြီးနဲ့ ပူးပေါင်းမယ်ဆိုတဲ့ကိစ္စကို ပြောလိုက်”

“ကောင်းပါပြီ၊ ပြီးတော့ ရှန်းဟွမ်း ကုန်းမြေတိုက်ကလည်း စာပို့လာတယ်”

“ကောင်းပြီ”

.......................

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ခံတပ် တည်နေရာကြီးက နည်းနည်း ပိုပြီး ချဲ့ထွင်လာပြီလေ၊ ဒါပေမဲ့ ရွာအဆင့်ရောက်ဖို့တော့ တော်တော်လိုသေးတယ်”

ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေကို စိတ်ကျေနပ်မှု မရှိချေ။ ထိုအစား အချိန်အတိုဆုံးနည်းလမ်းဖြင့် မည်ကဲ့သို့ ချဲ့ထွင်ရမည်ကို စတင်ကာ စဉ်းစားလျက်ရှိသည်။

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... လူတွေကို ဆက်ပြီး သတ်ဖြတ်နေလို့ မဖြစ်ဘူး၊ ဒီတည်နေရာထဲမှာရှိနေတဲ့ အခွင့်အရေးတွေကို လိုက်လံရှာဖွေသင့်တယ်လေ၊ ပြီးတော့မှ ဒီတည်နေရာက ချဲ့ထွင်နိုင်စွမ်း ရှိလိမ့်မယ်” အမျိုးသမီးစနစ်၏ အသံသည် ချိုသာစွာဖြင့် ပေါ်ပေါက်လာခဲ့တော့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်လိုအခွင့်အရေးမျိုးလဲ”

“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို အထက်နယ်မြေက ဆန်းကြယ်တဲ့ ကျွမ်းကျင်သူက ဖွင့်လှစ်ထားတာလေ၊ ဒီအထဲမှာ စည်းခတ်ထားတဲ့ လှိုဏ်ဂူတွေ၊ ရတနာကုန်းမြေတွေ အများကြီး ရှိတယ်လေ၊ ပါဝင်ယှဉ်ပြိုင်သူအနေနဲ့ အဆုံးသတ်မှာ ဒီအရာတွေကို ရရှိတာပဲဖြစ်ဖြစ်၊ အမွေဆက်ခံတာပဲဖြစ်ဖြစ် ဖြစ်မယ်ဆိုရင် ခံတပ်ရဲ့ တည်နေရာ ကြီးကလည်း ပိုပြီးတော့ ချဲ့ထွင်လာလိမ့်မယ်”

“လှိုဏ်ဂူတွေ၊ ရတနာကုန်းမြေတွေ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုအခွင့်အရေးမျိုးက ကံကောင်းမှသာ တွေ့နိုင်မယ့်အရာမျိုးလေ၊ လူတွေကို သတ်ရတာ ပိုလွယ်မယ်နဲ့တူတယ်”

စနစ်က ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲထဲမှာရှိနေတဲ့ သိုင်းကျင့်ကြံသူတွေက အရူးတွေလို့ မင်းထင်နေတာလား၊ သူတို့ကို ထပ်ကာထပ်ကာ သတ်ဖြတ်နိုင်စေဖို့အတွက် လာပြီးတော့ လည်စင်းပေးမယ် ထင်နေလို့လား”

“ဒီလိုတော့ မဟုတ်ဘူးလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါသာ မမှားဘူးဆိုရင် အခု တိုက်ခိုက်ခဲ့တဲ့ ဂြိုဟ်ကြီးနှစ်ခုက ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ လင်းယွမ်ကုန်းမြေတိုက်တို့ကို သွားပြီး ဆက်သွယ် ကြမှာပဲ”

“ဒင်.... သီးခြားတာဝန် အသက်ဝင်”

ရုတ်တရက် သတိပေးသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီအချိန်ကြီး တာဝန်ပေါ်လာတာလား”

အလောတကြီးဖြင့် တာဝန်ကို ဖွင့်ကြည့်လိုက်သည့် အချိန်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာထဲရှိ အဘိုးကြီး ကွမ်ဟိုင် ထားခဲ့‌သော အမွေအနှစ်ကို လက်ခံရယူရန်၊ အထူးတာဝန်”

“ချီးတဲ့မှ”

သူ့အနေနှင့် လူအများကို သတ်ဖြတ်၍ တည်နေရာခံတပ်အား ပိုမိုတိုးမြှင့်အောင် ပြုလုပ်နေချင်မိ၏။ သို့ပေမဲ့ စနစ်သည် သူ့အား အမွေအနှစ် ကို ရှာဖွေရန် တာဝန်ပေးခဲ့၏။ သူ့အား မဖြစ်မနေ ဂြိုဟ်တိုက်ပွဲ တည်နေရာ ထဲသို့ စေလွှတ်နေခြင်း မဟုတ်ပေဘူးလား။

“ဒီတိုက်ပွဲတည်နေရာကြီးက အရမ်းကြီးမားတယ်လေ၊ နေရာအနှံ့မှာလည်း ရန်သူတွေရှိတယ်၊ ဒါကို ရှာဖွေရခဲ့ဖို့ အရမ်းကို ခက်ခဲ.........”

“ဂိုဏ်းချုပ်.. ဟိုကိုကြည့်”

ထိုအချိန်မှာပဲ ရှောင်ကျီသည် အဝေးတစ်နေရာရှိ ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြ လိုက်၏။ ကျွင်းချောင်ရှောင်းသည် အသာလှည့်၍ ကြည့်လိုက်သည့်နောက်မှာတော့ ကြက်သွေးရောင်အလင်းတန်း များသည် ကောင်းကင်ပေါ်သို့တက်လာသည်ကို မြင်လိုက်ရ၏။

“အဘိုးကြီးကွမ်ဟိုင် ထားခဲ့တဲ့ အမွေအနှစ်က အခုပွင့်သွားပြီ၊ ကံကြမ္မာရေစက်ပါတဲ့လူတိုင်းက ဒီအရာကို ရရှိနိုင် လိမ့်မယ်” လေးနက်ပြီး ထည်ဝါလွန်းလှသော အသံကြီးတစ်ခုသည် တိုက်ပွဲတည်နေရာကြီးတွင် ပျံ့နှံ့လာခဲ့တော့ သည်။

“...........”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ နောက်ဆုံးမှာတော့ သီးခြားတာဝန်သည် အဘယ်ကြောင့် ပေါ်ပေါက်လာသည်ဖြစ်ကြောင်းကို သူသိရှိလိုက်မိတော့၏။ ဤအရာသည် သူ့ကို စောစောစီးစီးဖြင့် ကြိုတင်ပြောပြနေခြင်းပင် ဖြစ်တော့၏။

All Chapters