အခန်း (၉၁၇)
Vol. 62 Ch. 917
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အတွင်းမှာတော့ လီချင်းယန်သည် မျက်မှောင်ကုတ်လျက်ရှိနေ သည်။
သူသည် တည်နေရာကြီးထဲတွင် စိုက်ပျိုးမည့် အဆောက်အဦများသို့ ပုံစံကြမ်းများကို ဆွဲထားခဲ့၏။ ထိုအရာသည် အနာဂတ်တွင် ကျယ်ပြန့်လာနိုင်သည့် တည်နေရာအတွက်ပါ ထည့်သွင်း၍ ရေးဆွဲထားခဲ့ခြင်းဖြစ်လေ၏။ လက်ရှိအခြေအနေမှာတော့ ကျဉ်းမြောင်းလှသည့် တည်နေရာကြီးတွင် သူသည် လုံလောက်အောင် တည်ဆောက်နိုင်စွမ်းမရှိချေ။ အရှေ့နှင့်အနောက်ဘက်ပိုင်းကိုသာ ဆက်လက်ချဲ့ထွင်နိုင်စွမ်းရှိနေ၏။
“အင်း”
လီချင်းယန်သည် သူ၏ ကုတ်ပိုးကို ပုတ်ကာဖြင့် ပြောလိုက်၏။ “နည်းနည်းလေးထပ်ပြီးတော့ ချဲ့ထားမယ်ဆိုရင် ငါက ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ ဆောက်လို့ကောင်းမှာပဲ။”
လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲတွင် အဓိကဟောခန်းကြီးတစ်ခု တည်းသာလျှင် ရှိနေသည်။ တိုက်ပွဲအနည်းငယ်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ အနည်းငယ်ကျယ် ပြန့်လာခဲ့ပြီဆိုသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများထပ်မံပြုလုပ်ရန်အတွက် လုံလောက်သည့် အကျယ်အဝန်းဆီသို့ ရောက်ရှိမလာခဲ့ချေ။
အလွန်တော်လှပါသည်ဆိုသော အိမ်ထောင်ရှင်မ ဆိုလျှင်ပင် ဆန်မရှိဘဲ ချက်ပြုတ်ခြင်းကို မစွမ်းသာပေ။
ဤကဲ့သို့ ကျဉ်းမြောင်းလှသော တည်နေရာလေးတစ်ခုထဲတွင် အဆောက်အဦများဆောက်လုပ်ရခြင်းသည် လီချင်းယန်အတွက် ကြီးမားသည့် စမ်းသပ်မှုလည်း ဖြစ်နေတော့၏။
“ဒုတိယစီနီယာအစ်ကို”
ရှောင်ကျီသည် ရုတ်တရက်ထ၍ အော်လိုက်မိသည်။ “ဒီတည်နေရာကြီးက ရုတ်တရက်ကျယ်ပြန့်လာတယ်။”
စဉ်းစားလျက်ရှိနေသော လီချင်းယန်သည် သတိပြန်ဝင်သွား၏။ သူသည် လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ တည်နေရာခံတပ်ကြီးသည် ၁ မီတာလောက် ကျယ်ပြန့်လာသည်ကို သူတွေ့ရှိလိုက်ရ၏။ ပြီးနောက်သူ အလေးအနက် ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်က တစ်ခြားဂြိုဟ်မှာရှိတဲ့ ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေပြီနဲ့တူတယ်။”
ဝှစ် ဝှစ်
ထိုအချိန်မှာဘဲ တည်နေရာကြီးသည် ၅ မီတာ ၆ မီတာခန့် ထပ်မံ၍ ကျယ်ပြန့်လာခဲ့တော့သည်။
“ဒါက”
အားလုံးဆွံ့အသွားခဲ့ကြ၏။ ဤကဲ့သို့သော အတိုင်းအတာအထိ တည်နေရာကို ကျယ်ပြန့်လာနိုင်ခဲ့သည်ဆိုသည်မှာ များပြားလှသော ကျင့်ကြံသူများကို တစ်ခါတည်းသတ်ဖြတ်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
“ဒုတိယစီနီယာအစ်ကို”
ရှောင်ကျီသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်နဲ့ တစ်ခြားသူတွေ အဆင်ပြေရဲ့လားမသိဘူး။”
“အင်း ငါလည်းမသိဘူး။ အဆင်ပြေဖို့ပဲ မျှော်လင့်ရမှာပဲ။”
လီချင်းယန်က ပြောလိုက်သည်။ သူတို့အနေနဲ့ အလွန်ပင်စိတ်ပူမိနေသည်ဆိုသော်လည်း ဂိုဏ်းချုပ်သည် ဤခံတပ် တည်နေရာထဲမှ အပြင်သို့ တစ်လှမ်းမှ မထွက်ခွာရန် အထပ်ထပ်မှာကြားခဲ့၏။ ထို့ကြောင့် မည်သည့်နေရာကိုမှ ထွက် မသွားဘဲ စောင့်နေရုံသာ တတ်နိုင်ကြ၏။
ဆွစ် ဆွစ် ဆွစ်
ထိုအချိန်မှာတော့ တည်နေရာခံတပ်ကြီးသည် အကွာအဝေးတော်တော်များများဆီသို့ ထပ်မံကာ ကျယ်ပြန့်ခဲ့၏။ တိုးပွားလာခဲ့သော အကွာအဝေးကို ကြည့်မည်ဆိုရင် မီတာ ၂၀ နီးပါးခန့်ပင် ရှိနေ၏။
“များလိုက်တာ”
“ဒါက တစ်ခြားသောဂြိုဟ်မှာရှိတဲ့ သိုင်းကျင့်ကြံသူ ၄၀ ကျော်လောက်ကို ချက်ချင်းသတ်ဖြတ်ပစ်လိုက်တာဘဲလား။”
ဆွစ် ဆွစ်
ခံတပ်တည်နေရာကြီးသည် ထပ်မံကာ ချဲ့ထွင်လာခဲ့တော့သည်။ ဤအချိန်မှာတော့ အနည်းဆုံး မီတာ ၁၀၀ နီးပါးခန့် ကျယ်ပြန့်လာ၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြ၏။
ဂိုဏ်းချုပ်၏ အဆိုအရဆိုလျှင် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်မည်ဆိုပါက မီတာဝက်နီးပါး ကျယ်ပြန့်လာပေ လိမ့်မည်။ ယခုမီတာ ၁၀၀ ခန့်နီးပါးသည် ကျယ်ပြန့်လာခဲ့ပြီဆိုတော့ သိုင်းကျင့်ကြံသူ ၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ ခြင်းသာ ဖြစ်ပေလိမ့်မည်။
“စီနီယာအစ်ကို”
လုံကျိရန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကတော့ ရူးရူးမူးမူး တိုက်ခိုက်သတ်ဖြတ်နေမှာတော့ စိုးရတယ်။”
“ကြယ်ကြွေကုန်းမြေတိုက်မှာရှိတဲ့ သိုင်းကျင့်ကြံသူသည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ ၁၄၆ ယောက်၊ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၇၂ ယောက်တို့အား သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် အဆင့်နှစ် ဝရမ်းကို ထုတ်ပြန်ခဲ့သည်။ ဆုလာဘ်သည် သီလအမှတ် ၅၀၀၀ ကျသင့်သည်။”
လေးနက်သော အသံတစ်ခုသည် ကောင်းကင်ယံတွင် ရုတ်တရက်ထွက်ပေါ်လာသည်။ လီချင်းယန်နှင့် တစ်ခြားသော သူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။
သတ်ဖြတ်ခဲ့သောအရေအတွက်ကို ကြည့်မည်ဆိုလျှင် အဘယ့်ကြောင့် တည်နေရာကြီး ကျယ်ပြန့်လာသည်ဆိုသည်ကို နားလည်နိုင်စွမ်းရှိနေပြီဖြစ်၏။
ဤအရာသည် လူတစ်ယောက်တည်းက ပြုလုပ်ခြင်းသာဖြစ်ခဲ့၏။ ဟောခန်းသခင်ကျိ တစ်ယောက်တည်းသာ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်နိုင်သည်။
“အဆင့်နှစ်ဝရမ်းဟုတ်လား။”
လီချင်းယန်သည် မျက်မှောင်ကုတ်ကာပြောလိုက်၏။ “ဒါက နည်းနည်းများတယ်နဲ့တူတယ်။”
နဂါးလေးနှင့်တစ်ခြားသောသူများသည်လည်း အရင်တုန်းက အဆင့်သုံးဝရမ်းကို ထုတ်ပြန်ခံရဖူး၏။ ထိုအချိန်၌ ရေတွက်၍ မရအောင် များပြားသည့် သိုင်းကျင့်ကြံသူများအားလုံးသည် လာရောက်ကာ အမဲလိုက်ခဲ့ဖူး၏။
ယခု သီလအမှတ် ၅၀၀၀ တောင်ရမည်ဆိုလျှင် ပိုမိုဆိုးရွားသွားလိမ့်မည်ဟု သူတို့အတပ်သိရှိနေမိသည်။
ကောင်းကင်ပေါ်မှ ထွက်ပေါ်လာသော အသံကိုကြားပြီးသည့်နောက်မှာတော့ မူလအားဖြင့် တိုက်ခိုက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းမပြုကြသော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းရောက်ရှိ လာခဲ့ကြတော့၏။
“သီလအမှတ် ၅၀၀၀”
ဤအရာသည် မည်မျှများပြားလိုက်သည့် သီလအမှတ်များနည်း။ အဆင့်တူ သိုင်းကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်မည်ဆိုလျှင် တစ်စုံတစ်ယောက်သည် သီလအမှတ် ၁၀ မှတ်ကို ရရှိမည်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သီလအမှတ် ၅၀၀၀ ဆိုသည်မှာ လူ ၅၀၀ ကို သတ်ဖြတ်ရမည့် အရေအတွက်နှင့်ပင်တူညီနေသည်။
ထို့ကြောင့် ဤဝရမ်းထုတ်ပြန်ခံရသောသူသည် ကျိန်းသေပေါက်ဝဖြိုးလွန်းသော သိုးကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်၏။
ဆွစ် ဆွစ်
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများ လှုပ်ရှားလာခဲ့ချိန်မှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ကြီး မှာတော့ ရူးရူးမူးမူးနှင့်ထပ်မံကာ ချဲ့ထွင်လျက်ရှိ၏။ မိနစ်အနည်းငယ်အတွင်းမှာဘဲ မူလအကျယ်အဝန်းဆီမှသည် စတုရန်းမီတာ ၅၀၀ နီးပါးခန့်ပင် ရောက်ရှိလာခဲ့တော့၏။
လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။ ဤတည်နေရာကြီးသည် အဆောက်အဦများဆောက်လုပ် ရန်မလုံလောက်ဟုပင် တွေးတောမိခဲ့၏။ သို့ပေမဲ့ ချက်ချင်းပဲ ဤတည်နေရာကြီးသည် အလွန်ကျယ်ပြောစွာဖြင့် ဖြစ်တည်လာခဲ့ပြီဖြစ်သည်။
…
ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်း တည်ရှိနေသော တောင်၏ အထက်ကောင်းကင်ယံမှာတော့ များပြားလှသော စွမ်းအင်လှိုင်းများ သည် ဖြစ်တည်လျက်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် အရောင်အဆင်းကင်းမဲ့လျက်ရှိနေတော့၏။
သူ၏ ခွန်သားရဲပုံစံကို အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် မီတာ ၁၀၀ ခန့်နီးပါးရှိပြီး ခန္ဓာကိုယ်ကြီးကို သယ်ပိုးကာဖြင့် ပါးစပ်ကို ဒေါသတကြီးဟ၍ တိုက်ခိုက်လျက်ရှိသည်။ ၎င်း၏ပါးစပ်ဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများအားလုံးသည် တည်နေရာကိုဖြတ်သန်းကာဖြင့် အခြားသော သူများကို တိုက်ခိုက်နေသည်။
“နောက်ကိုဆုတ် နောက်ကိုဆုတ်”
အားလုံးကထအော်လိုက်ကြ၏။ သို့ပေမဲ့ စွမ်းအင်များဖြတ်သန်းသွားလာသည့်နေရာတွင် တည်ရှိနေကြသော အဝါရောင်အဆင့်သိုင်းကျင့်ကြံသူ ၁၀၀ ကျော်တို့သည် မည်သို့မျှ ရှောင်ရှားနိုင်ခြင်းမရှိကြချေ။ ၎င်းတို့သည် ခရမ်းရောင်အလင်းတန်းများနှင့် ထိတွေ့ပြီးသည့်နောက်မှာတော့ မည်သည့်အချိန်ကမှ မရှိခဲ့သလို ပျောက်ကွယ် သွားခဲ့ကြ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည် ခနအတွင်းမှာပဲ ဤမျှကျယ်ပြန့်သည့်အခြေအနေဆီသို့ ရောက်ရှိသွားသည်ဆိုသည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ ခန်းမသခင်ကျိ ၏ ပါးစပ်ဆီမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်း များအားလုံးသည် ချက်ချင်းပဲ သိုင်းကျင့်ကြံသူ ၁၀၀ တို့ကို သတ်ဖြတ်နိုင်စွမ်းရှိနေသည်။
သောက်ကျိုးနည်း အားကောင်းလွန်း၏။
ဘုန်း ဘုန်း
အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် များပြားလှသောသူများကို သတ်ဖြတ်ခဲ့သည်ဆိုသော်လည်း တစ်ခြားသော သိုင်းကျင့်ကြံသူများ၏ တိုက်ခိုက်ချက်များကိုလည်း ခံယူနေရ၏။ သားရဲများ၏ ခုခံကာကွယ်မှုသည် အလုံးစုံကောင်းမွန်လှသည့်အခြေအနေတစ်ခုတွင် ရှိနေသည်ဆိုသော်လည်း သိုင်းကျင့်ကြံသူ ၁၀၀၀၀ ကျော် တို့ စုပေါင်း တိုက်ခိုက်မှုကို ကြုံရသည့်အချိန်မှာတော့ သူသည် နာကျင်မှုကို ခံစားနေရ၏။
ဝူး ……..။
ဝှီး ……..။
ခရမ်းရောင်ဘုရင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ခရမ်းရောင်အလင်းတန်း များသည် တောက်ပလာခဲ့တော့သည်။ ပြီးနောက် အလင်းတန်းများနှင့် တစ်ဖက်လူများအား အညှာတာကင်းမဲ့စွာ ဖြင့် ပစ်လွှတ်တိုက်ခိုက်ပြန်သည်။
ဘုန်း ဘုန်း ဘုန်း
ခရမ်းရောင်အလင်းလုံးများအားလုံးသည် မိုးများရွာသွန်းသကဲ့သို့ မြေပေါ်သို့ ကျဆင်းလာ၏။ အောက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် အချိန်မီရှောင်ရှားနိုင်ခဲ့ကြ၏။ သို့ပေမဲ့ ရှောင်ရှားနိုင်ခြင်း မရှိသောသူများမှာ မည်သည့်အချိန်ကမှ မရှိခဲ့သလို ပျောက်ကွယ်ကုန်၏။
အားအနည်းဆုံးကျင့်ကြံသူသည်ပင် သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေကြသောသူများဖြစ်သည်။ သို့ပေမဲ့ ထိုသို့သော လူများအားလုံးသည် ခရမ်းရောင်ဘုရင်၏ လက်ချက်အောက်မှာတောင် ဘာမှမဟုတ်သလိုပင် ပျောက်ကွယ်နေကြ တော့သည်။
“သွားစမ်း။ ဒီသားရဲကို အရင်ဒဏ်ရာရအောင်လုပ်ကြ။”
ဝှစ် ဝှစ်
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် ၎င်းတို့၏ အားအကောင်းဆုံးသော အလင်းတန်းများကို စုစည်းကာဖြင့် ထုတ်လုပ်တိုက်ခိုက်၏။
ဘုန်း ဘုန်း ဘုန်း
စွမ်းအင်အမျိုးအစားအစုံသည် တည်နေရာကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ နေရာအစုံဆီမှ ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသည်။ ခန္ဓာကိုယ်ကြီးသည့် အလွန်ကြီးမားလှသည်မို့ တိုက်ခိုက်ချက်များအားလုံးကို ရှောင်ရှားနိုင်ခြင်းမရှိချေ။ ထို့ကြောင့် နာကျင်မှုကို အောင့်အီးကာ သည်းခံနေရသည်။
သူသည် ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးအော်ရာများကို စုစည်းပြီးသည့်နောက်မှာတော့ ခရမ်းရောင် အလင်းလုံးများအဖြစ် စုစည်းကာ အရာအားလုံးကို ပတ်ခတ်၍ တိုက်ခိုက်နှိမ်နင်းနေ၏။
ဘုန်း ဘုန်း …။
ခရမ်းရောင်အလင်းတန်းသည် စွမ်းအင်လုံးများအဖြစ် ဖြစ်တည်ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူ ၁၀၀၀၀ တို့သည် အလွန်ထိတ်လန့်စွာဖြင့် ရှောင်ရှားနေကြရတော့၏။ ကံဆိုးစွာဖြင့် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ တစ်ဒါဇင် ကျော်တို့သည် ရှောင်ရှားလိုက်ကြသည်ဆိုသော်လည်း အနည်းဆုံး တစ်ယောက်နှစ်ယောက်လောက်က တော့ သေဆုံး ပေသေးသည်။
အား အား
အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ လူသားများသည် အလွန်ပင် မယုံကြည်ရသည့်သူများဖြစ်သည်။ သူသည် တစ်ခါမှ ထုတ်ဖော်အသုံးမပြုသေးသော သူ၏ မူလအစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်၍ ဂိုဏ်းချုပ်အား ကယ်တင်ခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ၎င်း၏ ဂိုဏ်းတူ ရောင်းရင်းများနှင့်အတူ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ သောက်ကျိုးနည်း အသင်းဖော်များပါတကား။
“မဖြစ်ဘူး။ ငါထပ်ပြီးတိုက်ခိုက်လို့မဖြစ်ဘူး။ ဒီနေရာကနေ ထွက်ပြေးမှဖြစ်မယ်။ မဟုတ်ရင် ကျိန်းသေပေါက် ဒုက္ခ ရောက်သွားမယ်။”
ဟူး
အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းပဲ အလင်းတန်းပေါင်း ၁၀၀ အဖြစ် ပြောင်းလဲကာ တည်နေရာအနှံ့ဆီသို့ ဖြန့်ကျက်လိုက်၏။
“ရှောင်ကြ။ ရှောင်ကြ။ မြန်မြန်။ မြန်မြန်။”
ပတ်ဝန်းကျင်တွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် အလန့်တကြားဖြင့် ထ၍ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့သည် အမြန်ဆန်ဆုံးပျံသန်းကာရှောင်ရှားလိုက်ကြ၏။ ကံဆိုးစွာပင် အဝါရောင်အဆင့်နှင့်အမဲရောင်အဆင့် သိုင်းကျင့်ကြံသူများသည် ရှောင်ရှားမနိုင်ခဲ့ကြပြန်ချေ။ ချက်ချင်းပဲ သေဆုံးကုန်ကြတော့၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာသည်လည်း လက်ရှိအခြေအနေမှာတော့ စတုရန်းမီတာ ၅၀၀ ထက်ပင် ပိုမို၍ တိုးပွားလာခဲ့တော့သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်နေကြ၏။ တိုးတက် လာသောတည်နေရာအကွာအဝေးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ သိုင်းကျင့်ကြံသူ ၁၀၀၀၀ တို့ သတ်ဖြတ်ခံခဲ့ကြောင်း သူတို့ခန့်မှန်းနိုင်၏။
“စုစုပေါင်း သိုင်းကျင့်ကြံသူ ၁၀၀၀၀”
ထိုအရာမှာ အလွန်များပြားလွန်းသော ပမာဏပင်ဖြစ်တော့သည်။ သို့ပေမဲ့ အလင်းတန်း ၁၀၀ ကျော်တို့ ပျောက်ကွယ် သွားပြီးသည့်နောက်မှာတော့ အားလုံးသောသူများသည် ခရမ်းရောင်ဘုရင်တစ်ယောက် လေထုထဲတွင် ပျောက်ကွယ် သွားသည်ဖြစ်ကြောင်းကို သိရှိလိုက်ကြသည်။
“သားရဲကြီးဘယ်ရောက်သွားတာလဲ။”
“ခွန်သားရဲက တည်နေရာကို အသုံးပြုပြီး ဖုံးကွယ်နိုင်တဲ့စွမ်းရည်ရှိတယ်လေ။ သူ့ကို သေသေချာချာရှာရမယ်။ ကြည့် ကြည့် ဟိုမှာ ဟိုမှာ …”
အားလုံးသည် အသာညွှန်ပြရာနေရာဆီသို့ လှမ်းကြည့်လိုက်သည့်နောက်မှာတော့ အမြန်ဆန်ဆုံးသောနှုန်းဖြင့် လေထုထဲတွင် ပျံသန်းကာထွက်ပြေးလျက်ရှိသော ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရ၏။
“လိုက် လိုက်။ မလွတ်စေနဲ့။”
ဝှစ် ဝှစ်
ချက်ချင်းပဲ သိုင်းကျင့်ကြံသူ ၁၀၀၀၀ တို့သည် ထိုလှိုင်းထနေသော တည်နေရာဆီသို့ ပြေးလွှားကာ လိုက်ကြ တော့သည်။
“ချီးတဲ့မှ”
အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် များပြားလှသည့်ကျင့်ကြံသူများ သူ့နောက်လိုက်ပါလာသည်ကို မြင်တော့ ဒေါသတကြီးဖြင့် ဖြစ်သွားခဲ့မိတော့၏။ သူ၏ တည်နေရာထဲတွင် ဖုံးကွယ်နိုင်သည့်စွမ်းအင်သည် သာမန် မဟုတ်ပေ။ နဂါးမျိုးနွယ်၏တည်နေရာထဲသို့ပင် ဝင်ရောက်၍ ဥကိုခိုးနိုင်စွမ်းရှိသည့် စွမ်းရည်မျိုးဖြစ်၏။
သို့ပေမဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပြီးသည့်နောက်မှာတော့ သူသည် ပုန်းအောင်းခြင်းအား လုံလောက်အောင် မစွမ်းဆောင်နိုင်တော့ချေ။ ဤအရာမှာ အရှက်ရဖွယ်မျိုးဖြစ်သည်။
တာအို ပေါင်းစပ်မှု ……..
ရွှေစိတ်ဝိညာဉ်သုတ်သင်ခြင်း ……..
ဝံပုလွေအရိုင်းနယ်မြေ ………..
များပြားလှသော သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ အားအကောင်းဆုံးသော သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်ကြ၏။
အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ မည်သို့မျှ မရှောင်ရှားနိုင်တော့ကြောင်း နားလည်လိုက်မိသည်။ ထို့ကြောင့် ခရမ်းရောင်ချီများကို အားကုန် စုစည်းပြီးသည့်နောက်မှာ ထိပ်တိုက်ရင်ဆိုင်ရန်ပြင်ဆင်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ရောင်စုံစွမ်းအင်များသည် လေထုထဲတွင် ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာ ကြမ်းတမ်းလှသည့် လှိုင်းအဆောင် များနှင့်အတူ တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။
အသွင်ပြောင်းလဲထားသော ခရမ်းရောင်ဘုရင်သည် ဆွံ့အနေမိ၏။ အဘယ့်ကြောင့်ဆိုသော် ရောက်ရှိလာသည့် စွမ်းအင်များသည် သူ့ကို မထိမှန်ခဲ့ချေ။ ထိုအစား အကာအကွယ်လေထုကြီးတစ်ခုက သူ့ကိုကာကွယ်ထားသည်။
မျက်နှာဖုံးကိုဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် စွမ်းအင်များပေါက်ကွဲနေသည့် တည်နေရာတွင် မတ်မတ် ရပ်နေ၏။ စက်အတောင်ပံ၏ ပုံစံသုံးမျိုးသည် အတိအကျအသက်ဝင်နေပြီဖြစ်၏။ စိတ်ဝိညာဉ်ချပ်ဝတ်၊ ဝိညာဉ် ကိုးပါးချပ်ဝတ်နှင့် ကျန်းယန်ဝတ်စုံများသည်လည်း အသက်ဝင်လျက်ရှိနေ၏။
“ချစ်စရာ အကောင်လေး ….”
သူသည် နောက်ဖက်တွင်ရှိသော အသွင်ပြောင်းလဲထားသည့် ခရမ်းရောင်ဘုရင်ကို လှည့်ကြည့်ကာ ပြောလိုက်မိ၏။ “ကျုပ်ရောက်လာပြီ။”
“……” ခရမ်းရောင်ဘုရင်သည် ကြက်သီးများပင် ထသွားမိ၏။ ဂိုဏ်းချုပ်သည် ဘယ်လိုစကားတွေ ပြောနေလည်းမသိချေ။
ပြီးနောက် ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်လိုက်၏။ လေထုထဲမှာတော့ စည်းဓားမော့သည် ပေါ်ပေါက်လာခဲ့သည်။ သူသည် လက်နှစ်ချောင်းဖြင့် ဓားနှောင့်ကို ကိုင်လျက်ရှိ၏။
အလွန်အားကောင်းလှသော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် ပြေးဝင်လာလျက် ရှိနေသည်။
သူ၏ မျက်လုံးများသည် အေးစက်လျက်ရှိ၏။ “ဒီအမှိုက်တွေကို ကျုပ်ကိစ္စထားလိုက်တော့။”