အခန်း (၉၂၁)
Vol. 62 Ch. 921
“ဟင်း....”
ကျန်းစွန်းဖန်းဟွာသည် သက်ပြင်းချကာ ပြောလိုက်၏။ “ငါးနှစ်ကြာပြီးရင် ကျွန်မတို့ ကုန်းမြေတိုက်ကြီး က သိုင်းအုပ်စိုးသူ နှစ်ထောင်ကျော်ကို စေလွှတ်ရမှာလေ၊ ဒီတော့ သူတို့အားလုံး အသက်ရှင်သန်နိုင်ဖို့ဆိုတာ ပြောဖို့ခက်မယ်လို့ ထင်တယ်”
နောက်ထပ် စိုးရိမ်ပူတဲ့သည့်လူတစ်ယောက်ကို တွေ့ဆုံနေရပြီဖြစ်သည်။ ကျွင်ချောင်ရှောင်းက ပြောလိုက်သည်။ “စီနီယာကျန်းစွန်း.... စိတ်ပူစရာ မလိုပါဘူး၊ ပြီးတော့ သိုင်းအုပ်စိုးသူတွေပဲ သွားမှာလေ၊ ခင်ဗျားက သိုင်းဘုရင် ထိပ်ဆုံးအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား”
သူသည် ပြောပြီးသည့်နောက် ပါးစပ်ကို ပိတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူအား နောက်ငါးနှစ်ကြာပြီးလျှင်တောင်မှ သိုင်းအဆင့်မတတ်နိုင်ဟု ပြောဆိုနေခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။
သို့ပေမဲ့ ကျန်းစွန်းဖန်းဟွာသည် အမှန်ပင် စိုးရိမ်နေမိ၏။ သူ့အနေနှင့် အချိန်အတော်ကြာ သိုင်းဘုရင်ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေခဲ့၏။ နောက်ငါးနှစ်နေပါက သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားနိုင်၏။ ထိုသို့ ဆိုလျှင် အန္တရာယ်တွင်းထဲသို့ သက်ဆင်းရတော့မှာဖြစ်၏။
ထို့အပြင် ပထမအသုတ်နှင့် လိုက်ပါမသွားဘူးဆိုပါက ဒုတိယ သို့မဟုတ် တတိယအသုတ်များတွင် ကျိန်းသေပေါက် ဂြိုဟ်တိုက်ပွဲဆီသို့ ရောက်ရှိသွားပေလိမ့်မည်။ ကျန်းစွန်းဖန်းဟွာအနေနှင့် မြို့တော်ဝန်ဟန်နှင့် တခြားသူများမဖြေရှင်းနိုင်သောကိစ္စအား ဖြေရှင်းနိုင်မည်ဟု မထင်ချေ။ အထဲသို့ ဝင်သွားပြီဆိုသည်နှင့် သေဆုံးသွားမည်ဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သည်။ ထို့အပြင် သူမသည် မြောင်ဟွာခန်းမမှ မခွာချင်ပေ။ သူမတွင် ဂိုဏ်း၏ တာဝန်ဝတ္တရားများကို လုပ်ဆောင်စရာ အများကြီး ကျန်သေးသည်။
“ဂိုဏ်းချုပ်ကျွင်း”
ကျန်းစွန်းဖန်းဟွာသည် ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။ “ငါးနှစ်ကြာပြီးသွားရင် ဂြိုဟ်တိုက်ပွဲဆီကို တကယ်လို့ ကျွန်မသာ လိုက်ပါသွားရမယ်ဆိုရင် ခန်းမသခင်ကို ကူညီပေးပါနော်”
ဤခံစားချက်၊ ဤအရာသည် မသေဆုံးခင်တွင် အရာအားလုံးကို စီစဉ်လုပ်ဆောင်ပေးခဲ့ခြင်းနှင့်ပင် ဆင်တူနေတော့ သည်။ ကျွင်းချောင်ရှောင်းသည် ငိုရမလား၊ ရယ်ရမလားပင် မသိတော့ချေ။ ထို့ကြောင့် ပြောလိုက်မိသည်။ “အမြဲတမ်း ဖြေရှင်းနည်းဆိုတာ ရှိပါတယ်၊ စီနီယာကုန်းစွန်း... သိပ်ပြီးတော့လည်း စိတ်လောမနေပါနဲ့”
ပြောရမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် ယုံကြည်ချက်မဲ့လို့စေနစ်က ပြောလိုက်သည်။ “လက်ခံသူ... အရမ်းတွေးလွန်းနေပြီ၊ ဒီလို ခြားနားလှတဲ့ ဂြိုဟ်တိုက်ပွဲဆီကိုသွားပြီး ပုံရိပ်ယောင်အစီအရင်ကြီးကို ဖန်တီးဖို့ဆိုတာက မဖြစ်နိုင်ဘူး”
ကုန်းမြေတိုက်ကြီးတစ်ခုထဲတွင်သာ အစီအရင်ပုံရိပ်များသည် ဖြန့်ဝေခြင်းကို ပြုမူနိုင်၏။ တခြားသော တည်နေရာ များဆီသို့ ရောက်ရှိသွားသည်ဆိုပါက မတူညီသည့်ဂြိုဟ်နှစ်ခု ကွာခြားနေပြီဖြစ်သောကြောင့် မည်သို့မှ ပြုလုပ် နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဂြိုဟ်တိုက်ပွဲတည်နေရာနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတို့သည် မည်မျှ ကွာဝေးသည်ဖြစ်ကြောင်းကို မည်သူမှ မသိရှိကြချေ။
ငါက စဉ်းစားရုံလေးပဲ ရှိပါသေးတယ်။
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ တကယ်လို့သာ အစီအရင်က တဆင့် ပုံရိပ်ယောင်တွေကို ပို့ဆောင်ပေးနိုင်မယ်ဆိုရင် ကျိန်းသေပေါက် အားလုံး ထိတ်လန့်တုန်လှုပ်သွားကြမှာပဲ။
“ဂိုဏ်းချုပ်ကျွင်း”
ထိုအချိန်မှာပဲ ပေါ့ပေါ့ပါးပါး အသံတစ်ခုသည် အဓိကဟောခန်း၏ ဘေးတစ်ဘက်ဆီမှ ထွက်ပေါ် လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့်မျက်မှန်ကို တပ်ဆင်ထားသော ရှစ်ကျန်းရွမ်သည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။ သူမ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ ကျင့်ကြံနေသည်နှင့်မတူဘဲ အဝတ်အစားလဲ ပြင်ဆင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
"ခန်းမသခင်"
ကျန်းစွန်းဖန်းဟွာက ပြောလိုက်သည်။ "ကျွန်မဆီမှာ လုပ်စရာတွေရှိသေးတယ်၊ ဒီတော့ အရင် သွားလိုက်ပါအုံးမယ်"
"အင်း" ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျန်းရွမ်တို့သည် ဟောခန်းထဲတွင် ကျန်ရှိခဲ့တော့၏။
"ဂိုဏ်းချုပ်ကျွင်း"
ရှစ်ကျန်းရွမ်သည် ခန်းမသခင် ထိုင်ခုံတွင် ထိုင်ပြီးသည့်နောက် ပြောလိုက်တော့၏။ "ကျွန်မတို့ မြောင်ဟွာခန်းမဆီကို လာလည်ဖို့အတွက် အချိန်ရှိသေးတာပေါ့"
"ကျုပ်တို့ ဂိုဏ်းနှစ်ခုအကြားမှာ မဟာမိတ် ဖွဲ့ထားတာလေ၊ ဒီတော့ ဒီကိုလာလည်ရတယ်ဆိုတာ သဘာဝပဲ မဟုတ်လား" ကျွင်းချောင်ရှောင်းသည် ပြောပြီးသည့်နောက်မှာတော့ ထိုအမျိုးသမီးအား သေသေချာချာ ကြည့်ရှု လိုက်၏။ သူမသည် မမြင်ရတာကြာသည့် အချိန်ကာလအတွင်းတွင် ပိုမို၍ လန်းဆန်းတက်ကြွလျက် ရှိနေတော့ သည်။
"ဘိုးဘေးအကြီးအကဲကြီးက ပြောတယ်လေ၊ ဂြိုဟ်တိုက်ပွဲဆိုတာ ရောက်လာတော့မယ်တဲ့၊ ဂိုဏ်းချုပ်ကျွင်းက သိုင်းအုပ်စိုးသူအဆင့်ကို ရောက်ရှိပြီးသွားပြီ မဟုတ်လား၊ တကယ်လို့ ပထမအသုတ်မှာ မပါရင်တောင်မှ ဒုတိယ အသုတ်မှာ ပါလိမ့်မယ်ထင်တယ်" ရှစ်ကျန်းရွမ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဘယ်အသုတ်မှာပဲပါပါ၊ ကျုပ်က ဂရုမစိုက်ပါဘူး"
"ဂိုဏ်းချုပ်ကျွင်းရဲ့ အရည်အချင်းက တကယ့်ကို တော်တယ်လေ"
ရှစ်ကျန်းရွမ်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ကျွန်မရဲ့ အကြီးအကဲကြီးက ဒီကိစ္စကို သိပြီးတဲ့နောက်မှာ မစားနိုင်၊ မသောက်နိုင်နဲ့ စိတ်လက်ပူပင်နေကြတယ်"
"ဒါက ပြဿနာကြီး မဟုတ်ပါဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းကို လာခဲ့ လိုက်လေ၊ မစားနိုင်၊ မသောက်နိုင်ဘူးဆိုတဲ့လူတွေတောင်မှ အားရပါးရ စားသွားစေရမယ်"
ခွီး ခွီး
ရှစ်ကျန်းရွမ်သည် ပါးစပ်ကို ပိတ်ကာ ရယ်မောမိလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ "တကယ်လို့ ဂြိုဟ်တိုက်ပွဲဆိုတာ အားလုံး ထင်မှတ် ထားသလို ကြောက်ဖို့လည်း မကောင်းလှပါဘူး၊ စိတ်အေးချမ်းသာစွာနဲ့နေပါ၊ အားလုံးပဲ အဆင်ပြေသွားလိမ့်မယ် လေ"
သူ့အတွက် ထိတ်လန့်ကြောက်ရွံ့စရာ မကောင်းပေ။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းကျင့်ကြံသူ များအတွက်တော့ ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလွန်းလှ၏။
တကယ့်ထိပ်တန်းကျွမ်းကျင်သူများပင်လျှင် စိုးရိမ်ပူပန်လျက် ရှိနေကြတော့၏။ ၎င်းတို့သည် အထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့ဆီမှ သိုင်းကျင့်ကြံသူများ၏ အနိုင်ကျင့် ဗိုလ်ကျခြင်း ခံရမည်ကို စိုးရွံ့လျက်ရှိနေကြသည်။
ရှစ်ကျန်းရွမ်သည် လေးလေးနက်နက်နှင့် ပြောလိုက်တော့သည်။ "နောက်ငါးနှစ်အတွင်း ကျွန်မ သေသေချာချာ ကြိုးစားမယ်လေ၊ ဂိုဏ်းချုပ်ကျွင်းသာ အရွေးခံရမယ်ဆိုရင် ကျွန်မလည်း"
သူမသည် ခေါင်းကိုငုံ့ကာဖြင့် တီးတိုး ပြောလိုက်၏။ "ဂြိုဟ်တိုက်ပွဲဆီကို ရှင်နဲ့အတူ လိုက်ချင်တယ်"
"အင်"
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ "ဒါဆိုရင် ခန်းမသခင်ရှစ်ကလည်း နောက်ငါးနှစ်အတွင်း သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်တာပေါ့"
အစ်ကိုကြီး... လက်ရှိအချိန်မှာ အရေးကြီးတာက သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ဆိုတဲ့ အကြောင်း က အဓိက အကြောင်းအရာ မဟုတ်ဘူးလေ။
အကြီးအကဲဝေသာ ဤနေရာမှာ ရှိနေမည်ဆိုပါက သူ၏ မျက်နှာကို လက်ဖြင့်အုပ်ကာကာ ပြောမိနေလိမ့်မည်။ "ကျုပ် စုကုန်းရှန့်ကိုပဲ သင်လို့ရတယ်၊ ကျွင်းကုန်းရှန့်ကို သင်ပေးလို့ မဖြစ်နိုင်ဘူး"
ရှစ်ကျန်းရွမ်သည် တောက်ပစွာဖြင့် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မရဲ့ပါရမီက မဆိုးဘူးလေ၊ သေသေချာချာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားမယ်ဆိုရင် နောက်ငါးနှစ်အတွင်း သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ် ရောက်ရှိ နိုင်တယ်"
သူမ၏ မျက်စိရောဂါသည် ပြန်လည်ကောင်းမွန်ပြီးနောက်တွင် သူမသည် အလင်းရောင်ကို ပြန်လည်မြင်ရသည် သာမက ယုံကြည်ချက်များလည်း ပိုမိုတိုးပွားလာခဲ့တော့သည်။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တကယ်လို့ နောက်ငါးနှစ်အတွင်း ကျုပ်သာ ဂြိုဟ်တိုက်ပွဲ ဆီကို ဝင်ရမယ်ဆိုရင် ခန်းမသခင်ရှစ်ကို ခေါ်သွားမယ်"
ရှစ်ကျန်းရွမ် ဆိုလိုသည်မှာ သူနှင့်အတူ သေခြင်းရှင်ခြင်းထဲတွင် အတူတကွ လိုက်ပါချင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ပေမဲ့ ကုန်းရှန့်ဆိုသည့် အကောင်မှာတော့ အတွေ့အကြုံများကို ရရှိချင်၍ တစ်ဖက်မိန်းကလေးမှာ ဂြိုဟ်တိုက်ပွဲဆီသို့ လိုက်လာခြင်းဖြစ်သည်ဟု တွေးထင်လျက် ရှိနေတော့သည်။
"အင်း.. ဟုတ်ပြီ"
ကျွင်းချောင်ရှောင်းသည် သလင်းအမြူတေနှင့် ဆင်တူသော အရာတစ်ခုအား သူ၏သိုလှောင် လက်စွပ်ထဲမှ ထုတ်ယူကာ ပြောလိုက်တော့သည်။ "ဒါက ခန်းမသခင်ရှစ် ခန္ဓာကိုယ်ကနေ စုပ်ယူလာတဲ့ ထူးဆန်းတဲ့ ဓာတ်သဘာဝတွေလေ၊ ဒါကို ပြန်ပြီး သန့်စင်ထားပြီးပြီ၊ ဒါကြောင့် ခင်ဗျားကို ပြန်ပေးတာ"
ရှစ်ကျန်းရွမ်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဂိုဏ်းအတွက် လုပ်စရာတွေ အများကြီး ရှိသေးတယ်လေ၊ ဒီတော့ ဒီကျွင်းက ပြန်ပါအုံးမယ်"
ရှစ်ကျန်းရွမ်သည် ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ လိုက်ပါပို့ဆောင်တော့သည်။ ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သော ပုံရိပ်ကို ကြည့်ရှုကာ စိတ်ပျက်လက်ပျက်ဖြင့် တီးတိုးရေရွတ်လိုက်တော့သည်။ "သူ ဒါကို ပေးချင်လို့ လာလည်တာကိုး"
သူမ၏ အိပ်ဆောင်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ ကြည်လင်လျက်ရှိသော စိတ်ဝိညာဉ်အမြူတေအား ထုတ်ယူလိုက်တော့၏။
ကျွင်းချောင်ရှောင်း ပြောခဲ့သည်ကို ပြန်လည် စဉ်းစားကြည့်မိလိုက်၏။ သူမသည် ဇဝေဇဝါဖြင့် မေးခွန်းထုတ်လိုက် မိတော့သည်။ "ဒါက သန့်စင်ပြီးသား အရာတွေလား"
ရွှီး
ရှစ်ကျန်းရွမ်သည် သူမ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် စိတ်ဝိညာဉ်အမြူတေနှင့် ပေါင်းစပ်လိုက်၏။
ဝှစ် ဝှစ်
ချက်ချင်းပဲ ထူးဆန်းသော ဓာတ်သဘာဝများသည် ထွက်ပေါ်လာပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ သူမ၏ ခွင့်ပြုချက် မရှိဘဲနှင့် သူမ၏ ဒန်ထျန်ထဲတွင် လာရောက်စုစည်းလျက် ရှိနေတော့သည်။
"ဒီဓာတ်သဘာဝတွေက ရှိနေသေးတာကိုး" ရှစ်ကျန်းရွမ်၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား တော့သည်။ ဖုန်စုပ်စက်နှင့် စုပ်ယူခြင်းခံရသော ထူးဆန်းသည့် ဓာတ်သဘာဝများသည် သူမ၏ ဒန်ထျန်ထဲတွင် ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ထိုအရာများသည် သူမကို အစဉ်အမြဲ စိတ်ဓာတ်ကျစေပြီး ရူးသွပ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားစေသည့် ဓာတ်သဘာဝများပင် ဖြစ်တော့သည်။
သူမ၏ ရောဂါကို ကုသနေသည့်အတောအတွင်း ရှစ်ကျန်းရွမ်သည် ထိုစွမ်းအင်များကို ထုတ်ပယ်ပစ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။ သို့ပေမဲ့ မည်သို့မှ မအောင်မြင်ခဲ့ချေ။ နောက်ဆုံးအကြိမ် အဆိပ်ကိုးပါး နန်းတော်ထဲတွင် ရူးသွပ်သွားခဲ့သည့်အချိန်က ဤထူးဆန်းသော ဓာတ်သဘာဝများသည် ထုတ်ယူခြင်းကို ခံခဲ့ရသည်။
"ကြည့်ရတာ အရင်တုန်းကထက် ပိုပြီး သန့်စင်လာခဲ့တာပဲ" ရှစ်ကျန်းရွမ်သည် ထိုဓာတ်သဘာဝနှင့် ဆက်သွယ် ကြည့်ရှုလိုက်တော့၏။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ ထူးဆန်းသည့် ဓာတ်သဘာဝများသည် သူမ၏ စိတ်ကို စိုးမိုးလာခဲ့တော့သည်။ ပြီးသည့်နောက် မှာတော့ အလွန်တရာ ကြမ်းတမ်းသည့် အော်ရာများသည် သူမ၏ မရီဒန်များဆီမှ ထွက်ပေါ်လာခဲ့တော့သည်။
"အမ်"
အလုပ်များလျက်ရှိသော ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ရုတ်တရက် ထူးဆန်းသည့် ဓာတ်သဘာဝများ လှုပ်ရှားမှုကို ခန်းမသခင်၏ ခြံဝန်းထဲမှ အာရုံခံမိကြ၏။ ထို့ကြောင့် သံပြိုင်ဆိုသလိုပဲ ထပ်ပြီး အော်လိုက်မိကြတော့၏။ "အိုး... မဟုတ်ဘူး၊ ခန်းမသခင်က ထပ်ပြီးရူးသွားပြန်ပြီနဲ့တူတယ်"
ဤကဲ့သို့သော အော်ရာမျိုးကို သူတို့သည် ရင်းနှီးပြီးသား ဖြစ်တော့၏။
ရွှီး ရွှီး ……….။
ချက်ချင်းပဲ မြောင်ဟွာခန်းမတွင်ရှိသော အကြီးအကဲများအားလုံးသည် ချက်ချင်းပဲ ရှစ်ကျန်းရွမ်၏ အိမ်တော်ရှိရာ ဆီသို့ ပြေးလာလိုက်ကြတော့သည်။ သို့ပေမဲ့ အတွင်းခြံဝန်းထဲသို့ ရောက်ရှိချိန်မှာတော့ ခန်းမသခင်သည် သူမ၏ ခြံဝန်းထဲမှ သက်တောင့်သက်သာဖြင့် လှမ်းလျှောက်ထွက်လာသည်ကို မြင်ရတော့ အားလုံး ဆွံ့အသွားကြသည်။
ခန်းမသခင်ရှစ်သည် အလွန်အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေသေး၏။ သူမ၏ အားအင် အဆင့်သည် အများကြီးပို၍ တိုးတက်လာခဲ့တော့သည်။ သို့ပေမဲ့ သူမ၏မျက်လုံးများမှာ အနည်းငယ် အေးစက်လျက် ရှိသည်ဆိုသော်လည်း ရူးသွပ်သည့် အရိပ်လက္ခဏာတော့ မရှိချေ။
"ခန်းမသခင်... အဆင်ပြေရဲ့လား" ကျန်းစွန်းဖန်းဟွာသည် နူးညံစွာဖြင့် မေးလိုက်မိ၏။
ရှစ်ကျန်းရွမ်က ပြန်ဖြေလိုက်သည်။ "အဆင်ပြေပါတယ်"
ကျန်းစွန်းဖန်းဟွာ၊ လန့်ရှင်းရွဲ့နှင့် တခြားသော အကြီးအကဲများသည် မျက်လုံးပြူးသွားမိကြ၏။ ခန်းမသခင်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ယခင် ရူးသွပ်သွားစဉ်က ဖြစ်ပေါ်နေသော အော်ရာများနှင့် ဆင်တူနေ၏။ သို့ပေမဲ့ အဘယ်ကြောင့် သူမသည် တည်ငြိမ်အေးဆေးစွာဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ စကားပြောဆိုနေရ သနည်း။
ဝှစ် ဝှစ်
ရုတ်တရက် ရှစ်ကျန်းရွမ်တွင်ရှိနေသော အားကောင်းလွန်းလှသော အော်ရာများသည် ပြန်လည်ပျောက်ကွယ် ပြီးသည့်နောက် သူမ၏ ဒန်ထျန်ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့၏။ သူမ၏ မျက်လုံးထဲတွင် ရှိနေသော အေးစက်မှုများသည်လည်း ပျောက်ကွယ်သွားခဲ့တော့သည်။ သူမသည် တီးတိုးရေရွတ်လိုက်၏။ "ဒါက ဂိုဏ်းချုပ်ကျွင်းပြောတဲ့ သန့်စင်ပြီးသားဆိုတဲ့ အရာတွေလား"
ဟုတ်ပေသည်။ ဤအရာသည် သန့်စင်ခြင်း ခံထားရသော စွမ်းအင်များပင် ဖြစ်တော့၏။ ဤမသန့်ရှင်းသော အရာများကို ရှင်းလင်းသန့်စင်ပြီးသည့်နောက်မှာတော့ ကောင်းမွန်သည့် အကျိုးကျေးဇူးများသာ ကျန်ရှိတော့၏။ မကောင်းသည့်ဘေးထွက်ဆိုးကျိုးများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ရှစ်ကျန်းရွမ်သည် သတ်မှတ်ထားသည့်အချိန်အတိုင်းအတာ တစ်ခုအတွင်း ရူးသွပ်စဉ်က ရရှိခဲ့သည့် ကျင့်ကြံခြင်း အဆင့်များကို ပြန်လည်ရရှိနိုင်စွမ်း ရှိနေပြီဖြစ်သည်။
"ဒါက အံ့အားသင့်စရာပဲ"
သူမသည် ကြိတ်ကာ တုန်လှုပ်သွားမိ၏။ "ဒါကို ဂိုဏ်းချုပ်ကျွင်း ဘယ်လိုလုပ်လိုက် တာလဲ"
ဤကိစ္စကို ပြုလုပ်သည့်သူမှာ ကျွင်းချောင်ရှောင်း မဟုတ်ပေ။ ကြာပွတ်နှင့် ဖယောင်းတိုင်ကို ကျွမ်းကျွမ်းကျင်းကျင် အသုံးပြုတတ်သော အားရာသာလျှင် ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲတွင် မိုးကြိုးဓာတ်သဘာဝများအားလုံးသည် လူသားပုံစံအသွင်ဖြင့် ထောင့်တစ်ခုတွင် အော်ဟစ်လျက် ရှိနေတော့၏။ ၎င်းသည် အားရာ၏ သေသေချာချာ ထိန်းသိမ်းလေ့ကျင့်ခြင်းကို ခံနေရတော့သည်။
...............
ပြိုင်စံရှားဂိုဏ်း
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် တိုက်ပွဲတည်နေရာဆီသို့ အရင်ဆုံး သွားလိုက်သည်။ လီချင်းယန်နှင့် တခြားသောသူများသည် တပည့်များကို ဦးဆောင်ကာဖြင့် မြေတွင်းတူးလျက် ရှိသည်ကို မြင်လိုက်ရသည်။ သေချာကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းဆီသို့ပြန်လာပြီး စာကြည့်ခန်းထဲတွင် သားဖောက်စက်အား ချထားလိုက်တော့၏။
"ဒီ... ဒီဥကြီးက အဘိုးကြီးကွမ်ဟိုင် ထားခဲ့တဲ့ အမွေအနှစ်ဆိုတဲ့အရာပဲ၊ ဆိုလိုတာက အထက်နယ်မြေဆီက လာတာပေါ့၊ ဒါကို သားဖောက်မယ်ဆိုရင် အရမ်းကို ရှားပါးတဲ့ သားရဲတစ်ကောင်ကောင် ဖြစ်လာနိုင်တယ်"
ကျွင်းချောင်ရှောင်းသည် သလင်းအမြူတေ အဆင့်အမျိုးမျိုးကို ထုတ်ယူပြီးသည့်နောက် စွမ်းအင်များအားလုံးကို ထည့်သွင်းလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သားဖောက်သည့်ခလုတ်ကို နှိပ်လိုက်တော့သည်။ မြင်ကွင်း တွင်ပေါ်လာသည်မှာ
သားဖောက်မည့်အချိန် - ဝ/၃၀ ရက်။
သန္ဓေပြောင်းနှုန်း ဝ/၁၀၀။
"ထင်ထားတဲ့ အတိုင်းပဲကိုး"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဒါကို သားဖောက် မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး သုံးရအုံးမယ်"