အခန်း (၉၂၃)
Vol. 62 Ch. 923
အပိုင်း(၉၂၃)
စိတ်ဝိညာဉ်သားရဲကြီးအား လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့၏။ အထဲတွင်ရှိသော ရတနာများအားလုံးကို ယူဆောင်သွားခဲ့၏။ ဤအရာသည် ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်ပင်ဖြစ်တော့၏။
သို့ပေမဲ့ တိုင်လုမှာတော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေမိ၏။ လက်သီးချက်ကြီး ကျဆင်းလာသည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ရာများကို သူခံစားမိလိုက်၏။ တစ်ဖက်လူနှင့် သူ၏ကြား အလွန်တရာ အလှမ်းကွာဝေးလျက်ရှိနေကြောင်းကိုလည်း နက်နက်နဲနဲနားလည်လိုက်မိသည်။
“လက်စားချေရန်အတွက်လား။”
လက်ရှိအခြေအနေမှာတော့ မျှော်လင့်ချက်ဟူ၍မရှိပေ။ တိုင်လုအားပို၍ သည်းမခံနိုင်သည့်အချက်မှာ တစ်ဖက်လူသည် သူ့အား ကယ်တင်သွားခဲ့ခြင်းပင် ဖြစ်တော့၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖျက်ဆီးခံရပြီးသည့်နောက်မှာတော့ မေ့ဖျောက်၍မရနိုင်သော အမုန်းတရား များနှင့်အတူ အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသည် ပိုမို၍အားကောင်းလာခဲ့သည်။
သူအနေနှင့် ပိုမိုအားကောင်းစေရန် အရာတစ်ခုတည်းကသာလျှင် ရည်မှန်းချက်သာ ဖြစ်တော့၏။ သို့ပေမဲ သူအလွန် မုန်းတီးသော လူတစ်ယောက်သည် သူအား လက်ရှိတွင်ကယ်တင်ခဲ့၏။ ထို့ကြောင့် လက်ခံနိုင်ရန် အလွန်အမင်း ခက်ခဲနေတော့၏။
အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ကျွမ်းချောင်ရှောင်းသည် ပေါ်လာပြီးသည့်နောက်မှာတော့ တိုင်လုအား ရိုက်နှက်သွားလျှင်ပင် တိုင်လုသည် စိတ်ဆိုးမှုကို ထပ်မံ၍ ဖြစ်ပွားလိမ့်မည်မဟုတ်ပေ။ သို့ပေမဲ သူအား ကယ်တင်ခဲ့ခြင်း မှာတော့ ဝိညာဉ်တစ်ခုလုံးအား ကြိမ်နှင့်ရိုက်လိုက်သလိုပင် ခံစားနေမိသည်။
ကယ်တင်သည်လား။
အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသည် အတွေးများနေပုံပင်ပေါက်၏။
ကျွင်းချောင်ရှောင်းသည် ဖြတ်သွားဖြတ်လာရင်း ညိုးခြောက်နေသည့် အပင်များဆီသို့ လာရောက်စုံစမ်းရင်း ဤနေရာသို့ ဖြတ်သန်းသွားလာခဲ့ခြင်းပင် ဖြစ်တော့၏။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ရတနာရှိရာ နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့် သူရတနာများကို လာရောက်ယူငင်ခြင်းပင် ဖြစ်သည်။ တိုင်လုအား လာရောက်ကယ်တင်ခြင်း မဟုတ်ပေ။
သို့ပေမဲ့ တိုင်လုသည် ကျွင်းချောင်ရှောင်းတစ်ယောက် သူ့အား ကယ်တင်ခဲ့သည်ဟု အထင်မှားလျက်ရှိနေတော့၏။ ၎င်းတို့နှစ်ယောက်အကြားတွင် ပဋိပက္ခများရှိသည်ဆိုသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်သည်။
ကျွင်းချောင်ရှောင်းအနေနှင့် လက်ရှိအခြေအနေတွင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်ရန် အခြေအနေ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်နှလုံးများသည်လည်း ပိုမို၍ကြီးမားလာခဲ့တော့၏။ အတိတ်ကကိစ္စများအပေါ်တွင် သူသည် အာရုံ စူးစိုက်မှုမရှိပေ။
ချင်းဟောင်ရန် ကိုပင် ဉပမာပြုရပေဦးမည်။
ကျွင်းချောင်ရှောင်းအနေနှင့် အလုံးစုံအားကောင်းလှသော စွမ်းအင်များကို ပိုင်ဆိုင်ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့အား တရားဝင်ဖျက်ဆီးရန်သာ အမိန့်ပေးထားခဲ့တော့၏။ အခြားသူများအားလုံးအား ဒုက္ခရောက်စေရန် ပြုမူဆောင်ရွက်ခဲ့ခြင်းမရှိပေ။
သင့်တွင် ပိုက်ဆံမရှိပါက လူများအားလုံးသည် သင့်အား အထင်အမြင်သေးပေလိမ့်မည်။ သို့ပေမဲ့ အလွန်တစ်ရာ များပြားလှသော ပိုက်ဆံများကို ပိုင်ဆိုင်နေမည်ဆိုပါက တစ်ခြားသူများသည် ခေါင်းမော့၍ပင် ကြည့်ရှုရဲနေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လက်ရှိစွမ်းဆောင်ရည်အပေါ်တွင် မူတည်လျက်ရှိနေတော့၏။
“ဘာလို့ ဒီကောင် ငါ့ကို ကယ်ခဲ့ရတာလဲ။ ဒီကောင် ငါ့ကို ဘာလို့ကယ်ရတာလဲ။”
တိုင်လုသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိနေသည်။ သူသည် ကျွင်းချောင်ရှောင်းတစ်ယောက် သူ့အား ကယ်တင်ခဲ့သည့်အချက်အလက်နှင့်ပတ်သက်၍ မည်သို့မှ မခံစားနိုင်သလို ဖြစ်နေသည်။
ဟွိုင်က ထူးမခြားနားသလို ပြောလိုက်၏။
“ဒါက အရမ်းရိုးရှင်းတယ်လေ။ မင်းက အမှိုက်တစ်ခုဖြစ်ပြီးတော့ သူကို ခြိမ်းခြောက်နိုင်စွမ်းမရှိဘူးလို့ ထင်လို့ပေါ့။ ဒါကြောင့် မင်းကို ကယ်တင်လိုက်မယ် ဆိုရင်လည်း သူ့အတွက် ပျက်စီးရာပျက်စီးကြောင်း ဘာတစ်ခုမှ ဖြစ်သွားနိုင်မှာ မဟုတ်ဘူးလေ။ ဒါအပြင် မင်းကလည်း သူ့ကိုပိုပြီး ကျေးဇူးတင်လာနိုင်သေးတာ မဟုတ်လား။”
ဤစကားလုံးများသည် မြှောက်ထိုးပင့်ကော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အလွန်တရာလည်း ဆိုးဝါးလှ၏။
ကျွင်းချောင်ရှောင်းအနေနှင့် ဖြတ်သွားဖြတ်လာပြုလုပ်ရင်း တိုင်လု၏ အသက်ကို ကယ်တင်မိသလို ဖြစ်ခဲ့ခြင်းကပင် တစ်ဖက်လူအား အရှက်ကွဲသလို ဖြစ်ခဲ့သည်ဟု ပြောဆိုနေခြင်းပင်။
“ချီးတဲ့မှ”
တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ကာ ပြောလိုက်၏။ “မကြာခင်မှာပဲ ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့ ပြိုင်စံရှားဂိုဏ်းကို ထိုက်တန်တဲ့ပေးဆပ်မှုတွေ ပေးဆပ်စေရမယ်။”
သူ့အနေနှင့် ဤစကားကို အကြိမ်ပေါင်းများစွာပြောဆိုခဲ့၏။ သို့ပေမဲ့ ညအင်ပါယာ၏ အကြိမ်ပေါင်းများစွာ ရိုက်နှက် ခြင်းကိုသာခံခဲ့ရ၏။ သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ သူသည် ဇွဲလျှော့လိမ့်မည်မဟုတ်ချေ။ ဘယ်တော့မှလည်း နောက်ဆုတ်ပေးလိမ့်မည်မဟုတ်။
“ခေါင်းဆောင်”
လှိုဏ်ဂူထဲမှ ထွက်လျှောက်လာခဲ့သော သိုင်းကျင့်ကြံသူအနည်းငယ်တို့သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ရတနာတွေအကုန်လုံး ယူသွားပြီ။ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်က အကုန်ယူသွားတာပဲ။”
“အင်း”
သက်လတ်ပိုင်းလူသည် သက်ပြင်းချကာ ပြောလိုက်၏။ ပြီးနောက် တွေဝေလျက်ရှိနေသော တိုင်လုကို ကြည့်ကာ ပြောလိုက်တော့သည်။ “ငါတို့ ဘာမှမဟုတ်ဘူး။ အလုပ်လုပ်ခဲ့တာ ဘာတစ်ခုမှ အကျိုးမရှိခဲ့ဘူး။ သွားကြရအောင်။”
“ဒါဆိုရင် ကျုပ်တို့ ဒီကောင်လေးကို ဘာလုပ်ရမလဲ။”
“သတ်ပစ်လိုက်တော့လေ။”
“ကောင်းပါပြီ။”
မူလအားဖြင့် သူတို့သည် တစ်ဖက်လူအား စိတ်ဝိညာဉ်သားရဲအား မျှားခေါ်ရန်အတွက် အသုံးပြုချင်ခြင်းပင် ဖြစ်တော့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ သုံးစရာမရှိတော့ချေ။ ထို့ကြောင့် အပြတ်ရှင်းရန် စဉ်းစားခဲ့မိတော့၏။
ဆွစ် ဆွစ်
သိုင်းကျင့်ကြံသူတစ်ဒါဇင်တို့သည် တိုင်လုအား ဝန်းရံလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ကြမ်းတမ်းလှသည့် သတ်ဖြတ်ခြင်းဆန္ဒများ ပြည့်နှက်လျက်ရှိနေသည်။
ဟွိုင် ကပြောလိုက်၏။ “ကောင်လေး မင်းအခုနားလည်ပြီလား။ ဒီလူတွေက မင်းကို အရူးလို ဆက်ဆံနေတာလေ။”
တိုင်လုသည် သတိပြန်ဝင်လာခဲ့၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်တော့သည်။ “လူတွေအကုန်လုံးက တူတူပဲ။ ခင်ဗျားလည်းတူတူပဲ မဟုတ်လား ဟွိုင်”
…
“လောကကြီးတစ်ခုလုံးက ကျုပ်ကို အနိုင်ကျင့်တယ်ဆိုမှတော့ ကျုပ်က လောကကြီးကို ဖျက်ဆီးပစ်ဖို့လည်း ဝန်မလေး တော့ဘူး။”
တိုင်လုသည် တီးတိုးရေရွတ်လိုက်၏။ သူ၏မျက်လုံးများသည် အစိမ်းရောင်များ ပေါက်လာခဲ့တော့သည်။ သူ့ကို ကြည့်ရသည်မှာ ရူးသွပ်သွားသည့်ပုံပဲ။
ဟွင်သည် အလောတကြီးဖြင့် သူ့အား ဖျောင်းဖျလိုက်တော့သည်။
“ကျွင်းချောင်ရှောင်းက အခုမှ ထွက်သွားတယ်။ မင်းဒီလိုမျိုး စွမ်းအင်တွေကို မျက်ကန်းတောတိုး ထုတ်လွှတ်တ်လိုက်မယ် ဆိုရင် တစ်ဖက်လူသိရှိသွားလိမ့်မယ်။”
ဝှစ် ဝှစ်
သူပြောပြောပြီးချင်းမှာပဲ အစိမ်းရောင်ဓာတ်သဘာဝများအားလုံးသည် ရုတ်တရက်ထွက်ပေါ်လာပြီးသည့်နောက် မှာတော့ သူ့အား ဝိုင်းရံလျက်ရှိသော သိုင်းကျင့်ကြံသူများအားလုံးအား ဖုံးလွှမ်းသွား၏။
တိုင်လု၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပြည့်နှက်သွားခဲ့တော့သည်။
“သေစမ်း။ သေစမ်း”
ဝှစ် ဝှစ် ဝှစ်
၎င်းတို့၏ စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ထိန်းချုပ်၍ မရလောက်အောင် စုပ်ယူခံရ ပြီးသည့်နောက်မှာတော့ အားလုံး၏ အရေပြားများသည် ခြောက်သွေ့လာခဲ့တော့သည်။ အဆုံးသတ်တွင် အရိုးခြောက်များကဲ့သို့ ပြောင်းလဲကာ မြေပေါ်သို့ လဲကျသွားခဲ့ကြတော့သည်။ အော်ပင် မအော်နိုင်ခဲ့ကြချေ။
…
“ဟမ်”
တစ်ခြားသော ခြောက်သွေ့နေသည့် နေရာတစ်ခုကို သွားရန်ပြင်လိုက်သော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ ပြီးနောက် မျက်မှောင်ကုတ်လိုက်သည်။ “ဒီအော်ရာတွေက နည်းနည်းထူးဆန်းတယ်။”
စနစ်က ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းနည်းစနစ်တွေနဲ့ ကွာခြားနေတဲ့အရာပဲ။”
ဝှစ်
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် နောက်သို့ ပြန်လှည့်လိုက်တော့သည်။ သူရတနာများ ယူဆောင်ခဲ့ရာ လှိုဏ်ဂူဆီသို့ ရောက်ရှိချိန်မှာတော့ ဒါဇင်နှင့်ချီ၍ ညှိုးခြောက်နေသော အလောင်းများသည် တည်နေရာအနှံ့တွင် ပြန့်ကျဲလျက်ရှိကြောင်းကို မြင်လိုက်ရ၏။ သူသည် တီးတိုးပြောလိုက်၏။ “ဝိညာဉ်မျိုးနွယ်တွေလား။”
စနစ်က ပြောလိုက်သည်။
“မင်းကယ်တင်ခဲ့တဲ့ ကောင်လေးက ဒီသေသွားတဲ့အလောင်းတွေထဲမှာ မပါဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ သတ်ပစ်လိုက်တာနဲ့ တူတယ်”
ပြောပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်အာရုံများကို အပြည့်အဝ ဖြန့်ကျက်လိုက်၏။ မိုင်ငါးရာအတွင်းကို ကြည့်ရှုလိုက်သည့်နောက်မှာတော့ သူသည် တိုင်လုအား ရှာဖွေမတွေ့မိခဲ့ချေ။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ သတင်းပေးပို့သူတစ်ယောက်ရဲ့ အသံသည် သူ၏နားထဲသို့ ဝင်လာ၏။ “စုံစမ်းစစ်ဆေးချက်အရဆိုရင် ညှိုးခြောက်တဲ့တည်နေရာတွေမှာ တူညီတဲ့အရာတစ်ခုရှိနေတယ်။”
“အဲတာဘာလဲ။”
“အဲဒီအကြောင်းအရာတွေ ဖြစ်ပေါ်တိုင်းဖြစ်ပေါ်တိုင်းမှာ လူတစ်ယောက်က ရောက်ရောက်နေတယ်။”
“ဘယ်သူလဲ။”
“ကျုပ်တို့ရဲ့ စုံစမ်းမှုအရဆိုရင် ဒီလူက အရင်တုန်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ နတ်စမ်းချောင်းဂိုဏ်းကို ဝင်ရောက်ခဲ့တဲ့ တိုင်လုဆိုတဲ့လူပဲ။”
“………”
ကျွင်းချောင်ရှောင်းသည် သူ၏ ဘေးတွင်ရှိသော ကျောက်တုံးပေါ်တွင် ထိုင်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဆေးပြင်းလိပ်ကြီးကို မီးညှိကာ အသာရှိုက်ဖွာလိုက်တော့သည်။ “ဒါဆိုရင် ငါရှာဖွေနေတဲ့ ပစ်မှတ်က ဒီကောင်ပေါ့။”
စနစ်ကပြောလိုက်၏။ “ငါသိတယ်။ ဒီကောင်လေးရဲ့ အရည်အချင်းက ဘာမှရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အချိန်တိုအတွင်း ဘာလို့ဒီလောက်ကြီး အားကောင်းလာရတာလဲ။ အဲတာက ထူးဆန်းလွန်းတယ် မဟုတ်လား”
“မင်းဘယ်တုန်းက ပြောလိုက်တာလဲ။”
“အခုလေးတင် ပြောလိုက်တာလေ။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ ပြီးနောက် နှာခေါင်းရှုံလိုက်တော့သည်။ “ကောင်လေး မင်းကို သိသွားပြီ။ ဒီတော့ လွတ်အောင်သာ ပြေးပေတော့။”
“ဝှစ်”
စက်အတောင်ပံသည် သူ၏နောက်ဘက်တွင် ပေါ်ပေါက်လာ၏။ ပြီးသည့်နောက်မှာတော့ အလင်းတန်းများအဖြစ် ပြောင်းလဲကာဖြင့် အရှေတောင်ဘက်ဆီသို့ မြန်မြန်ဆန်ဆန် ပျံသန်းတော့သည်။ သူ၏စိတ်ဝိညာဉ်အာရုံများသည် တည်နေရာအနှံ့ဆီသို့ တိုက်ရိုက်ပင် ဖြန့်ကျက်ထားခဲ့တော့သည်။
သူသည် အလုံးစုံ ရှာဖွေလျက်ရှိနေ၏။ တိုင်လုခန္ဓာကိုယ်ထဲတွင်ရှိသော ဝိညာဉ်မျိုးနွယ်မှာတော့ အံအားသင့်လျက်ရှိနေသည်။ တစ်ဖက်လူသည် ရှာဖွေမိသည်ဆိုသည်နှင့် ကျိန်းသေပေါက် သူတို့အား သုတ်သင် ရှင်းလင်းပစ်မှာ သေချာတော့၏။
“ဝှစ် ဝှစ်”
ကောင်းကင်ယံအထက်မှာတော့ တိုင်လုသည် အစိမ်းရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပြေးလျက် ရှိနေသည်။ သူသည် တစ်ခြားသူများမြင်သည်နှင့် ထိတ်လန့်ကြောက်ရွံ့လောက်သည့် အမြန်နှုန်းနှင့် ပြေးလွှားနေခြင်းပင် ဖြစ်သည်။
တောင်ပိုင်းသဲကန္တာရနယ်မြေတွင် ညအင်ပါယာ၏ တိုက်ခိုက်နှိပ်စက်ခြင်းကို ခံခဲ့ရသည့်အချိန် သည် တစ်နှစ်ကျော် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ သူသည် သိုင်းအုပ်စိုးသူ အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။ ဤဖွံ့ဖြိုးတိုးတက်မှုအရှိန်နှုန်းသည် အလွန်ပင် အံ့အားသင့်စရာကောင်းလွန်းနေ၏။
“မြန်မြန်။ မြန်မြန်”
ဟွိုင်သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်နေ၏။ “ဒီကောင် ဖမ်းမိတော့မယ်။”
“ချီးတဲ့မှ”
တိုင်လုသည် စိတ်ဓာတ်ကျသွား၏။ “ကျုပ်ကို သတ်ချင်တဲ့လူတွေကို ကျုပ်ပြန်သတ်ခဲ့တာလေ။ ဘာလို့ နောက်ကနေပြီးတော့ ဒီလိုမျိုးလိုက်နေစရာလိုလို့ လဲ။”
“မင်းကို မျက်ကန်းတောတိုးပုံစံမျိုးနဲ့ ဝါးမြိုခြင်းစွမ်းအင်တွေကို မထုတ်ဖော်ဖို့ ငါပြောခဲ့သားပဲ။” ဟွိုင်သည် အော်ဟစ်လိုက်၏။
ဝါးမြိုခြင်းစွမ်းအင်ကို စုံစမ်းစစ်ဆေးရန် အရှေ့တောင်တည်နေရာဆီသို့ ကျွင်းချောင်ရှောင်းတစ်ယောက် ရောက်ရှိလာသည်ဖြစ်ကြောင်းကို နားမလည်ကြချေ။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ပစ်မှတ်ထား ခံရမည်ဆိုသော်ကြောင့် ထွက်ပြေးဖို့သာရှိတော့သည်။
“မကောင်းတော့ဘူး”
အနောက်ဘက်ဆီမှ အလွန်တရာမြန်ဆန်သော နှုန်းထားဖြင့် စိတ်ဝိညာဉ်လှိုင်းများ ဖြစ်တည်နေသည်ကို ဟွင်သည် အာရုံခံမိ၏။ “ငါတို့ဖမ်းမိတော့မယ်”
“ဝှစ်”
သူပြောပြောပြီးချင်းမှာပဲ အလင်းတန်းသည် သူတို့အား ကျော်ဖြတ်၍ အရှေ့ဆီသို့ ရောက်ရှိလာခဲ့သည်။
“ရွှီ”
တိုင်လုသည် အလျင်အမြန်နှင့် ရပ်တန့်လိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် ပုံပျက်ပန်းပျက် ဖြစ်နေတော့၏။ အလွန်တရာ မြန်ဆန်အောင် ပြေးလွှားခဲ့သည်မှာ ရှင်းရှင်းလင်းလင်းဖြစ်သော်လည်း လွယ်လွယ်ကူကူနှင့် ဖမ်းဆီးခြင်း ကို ခံလိုက်ရ၏။ သူတို့ကြား၏ အားအင်ကွာခြားချက်သည် မည်မျှတောင်ရှိနေသနည်း။ “ငါလက်မခံနိုင်ဘူး။ ဒါကို တစ်ကယ့်ကို လက်မခံနိုင်ဘူး။”
“ကောင်လေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ခန္ဓာကိုယ်ထဲမှာ မသန့်ရှင်းတဲ့အရာတွေရှိနေတယ်။ ဒီတော့ ဒီနေ့မှာ ငါယူသွားမယ်။”
“မသန့်ရှင်းတဲ့အရာ ဟုတ်လား။”
ထိုအရာသည် ဟွိုင်ကို ပြောဆိုခြင်းပင်ဖြစ်လိမ့်မည်။ အဘယ့်ကြောင့် တစ်ဖက်လူက သိရှိနေသနည်း။
“ကျွင်းချောင်ရှောင်း”
တိုင်လုသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျားဘာတွေပြောနေတာလဲ။ ကျုပ်နားမလည်ဘူး။”
ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်အား လက်ထဲတွင်ကိုင်ကာဖြင့် ပြောလိုက်မိ၏။ “ဝိညာဉ်မျိုးနွယ်တွေက မင်းရဲ့အားအင်အဆင့်ကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ တိုးတက်စေတယ်ဆိုပေမဲ့ မင်းကို စက်ရုပ် တစ်ခုလိုပြုမူနေတာလား။ ဒီနေ့မှာ ဒီလိုဆိုးရွားတဲ့ ကျေးကျွန်တစ်ယောက်ရဲ့ဘဝမျိုးကနေ ငါမင်းကို ကူညီပြီး ကယ်တင်ပေးမယ်။”
“ကျုပ်ကို ကူညီကယ်တင်ပေးမယ်ဟုတ်လား။”
တိုင်လုသည် ရယ်လိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ အထင်မြင်သေးခြင်းအရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ “ဒီနေ့ကျုပ် ဒီလိုအခြေအနေမျိုးကို ရောက်ခဲ့တာ ခင်ဗျားကြောင့် မဟုတ်ဘူးလား။”
ဖြောင်း
ကျွင်းချောင်ရှောင်းသည် ၎င်း၏ရှေ့သို့ ပေါ်လာပြီးသည့်နောက်မှာတော့ အားပါပါဖြင့် ပါးကို ပိတ်ရိုက်လိုက်၏။ ပြီးနောက်ပြောလိုက်တော့သည်။ “မင်းကိုယ်ထဲကို ဝိညာဉ်မျိုးနွယ်တစ်ယောက်ရောက်နေတာ ငါနဲ့ဘာဆိုင်လို့လဲ။”