အခန်း (၉၂၄)
Vol. 62 Ch. 924
အစ်ကိုကြီး အစိမ်းရောင်မာဖလာ၏ ကံကြမ္မာလမ်းစဉ်သည် ကျွင်းချောင်ရှောင်းနှင့် ဘာတစ်ခုမှ မသက်ဆိုင်ချေ။ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်မျိုးနွယ် ရောက်ရှိနေခြင်းမှာ သူနှင့် ဘာသက်ဆိုင်နေသနည်း။
သို့ပေမဲ့ တိုင်လု မှာတော့ အညှိုးအတေးများကို ပြန်လည်တွေးတောကာဖြင့် သူနှင့် ဆက်စပ်နေလျက်ရှိသည်ဟု ကျိန်းသေပေါက် တွေးတောလျက်ရှိနေတော့၏။
တိတိကျကျ ပြောရမည်ဆိုလျှင် တိုင်လုသည် သူ၏ဝါးမြိုခြင်းစွမ်းရည်ကို အသက်သွင်းပြီးသည့်နောက်မှာတော့ ပြင်းပြင်းထန်ထန်နှင့် ကြိုးစားလေ့ကျင့်ခဲ့၏။ သူ၏လက်ရှိအဆင့်သည် ကျွင်းချောင်ရှောင်းနှင့် ရီရှင်းချန်တို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ကျိန်းသေပေါက် တွေးတောခဲ့၏။
သို့ပေမဲ့ ကောင်းမွန်သည့် အဆုံးသတ်ဟူ၍ မဖြစ်ခဲ့ချေ။ သူသည် မြေပေါ်ရှိ နက်နဲလှသော တွင်းကြီးထဲတွင် လဲလျောင်းလျက် ရှိ၏။ သူ၏ အရိုးများသည် ကျိုးကြေသွား သလိုပင် ခံစားနေမိ၏။ တစ်ဖက်လူသည် အလွန်ပင် အားကောင်းလွန်းလှ၏။ တစ်ဖက်လူ၏အရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ထက်ပင် အားအင်မရှိချေ။
“ငါ လက်မခံနိုင်ဘူး” တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“ကောင်လေး”
ဟွိုင်က ပြောလိုက်သည်။ “ဒီလူက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ၊ မင်းအနေနဲ့ သူ့ကို အနိုင် တိုက်ခိုက်နိုင်ဖို့ဆိုတာ အခွင့်အရေး မရှိဘူး၊ အသက်ရှင်ချင်တယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ကို ပေးလိုက်”
“ကျုပ် ခန္ဓာကိုယ်ကို ခင်ဗျားကို ပေးလိုက်တော့ရော သူ့ကို နိုင်မှာမို့လို့လား” တိုင်လုသည် လှမ်း၍ မေးလိုက်၏။
“ကျိန်းသေတာပေါ့” ဟွိုင်၏ လေသံသည် တိကျခိုင်မာလျက်ရှိနေသည်။
တိုင်လုသည် အားတင်းကာ ပြုံးလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့ခန္ဓာကိုယ်ကို အစဉ်အမြဲ လိုချင်နေတယ်ဆိုတာကို ကျုပ်သိတာပေါ့၊ ကျုပ်က ခင်ဗျား အသုံးပြုဖို့အတွက် တန်ဖိုး အနည်းငယ်ရှိနေတယ်ဆိုတာကို ကောင်းကောင်း သိနေတယ်လေ”
သူ့အနေနှင့် ဤအဘိုးအို၏ လိမ်ညာလှည့်စားခြင်းကို ခံနေရသည်ဆိုသော်လည်း ရူးနေသူ တစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ထုတ်ဖော်မပြောဆိုသော တချို့သော အကြောင်းအရာများကို သိရှိလို့နေခဲ့၏။
“ကျုပ် ခန္ဓာကိုယ်ကို ခင်ဗျားကို ပေးမယ်ဆိုရင် လက်စားချေနိုင်မှာလား၊ ဒါဆိုရင် ယူလိုက်” ပြောပြီးသည့်နောက် မှာတော့ တိုင်လုသည် အလုံးစုံ စိတ်လျော့ထားမိတော့၏။ ဝါးမြိုခြင်း စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သွားသည်အထိ သူသည် ခွင့်ပြုလျက်ရှိတော့၏။ သူ့အနေနှင့် ထွက်ပြေးလွတ်မြောက်စရာ နည်းလမ်းလည်း မရှိချေ။ လက်စားချေစရာနည်းလမ်းလည်း မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ဘဝနှင့် ခန္ဓာတစ်ခုလုံးကို ဟွိုင်ဆီသို့ ပေးအပ်၍ ကြီးမားသည့်အရာများကို ပြန်လည်ပြုလုပ်နိုင်ရန် မျှော်လင့်နေမိတော့၏။
ဝှစ် ဝှစ်
အားကောင်းလှသော အစိမ်းရောင်ဓာတ်သဘာဝများသည် တိုင်လု၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့တော့သည်။
“ဒါက ဝိညာဉ်မျိုးနွယ်တွေရဲ့ စွမ်းအင်လား”
လေထဲတွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် အလွန်စိတ်ဝင်စားလျက်ရှိနေသောကြောင့် လက်ထဲရှိ ဖုန်စုပ်စက်ကြီးကို အသက်မသွင်းခဲ့ပေ။ “ရှေးတုန်းက အင်ပါယာတွေကြား တိုက်ပွဲက ဒီလူမျိုးတွေကြောင့် ဖြစ်ခဲ့တာဆိုတော့ ဒီလူတွေက ဘာတွေ ပိုပြီးတော့ ထူးခြားနေလို့လဲ”
ဘန်း
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်တွင်ရှိသော အစိမ်းရောင်စွမ်းအင်များသည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
ဝှစ် ဝှစ်
အလင်းတန်းများ ပျံသန်းသွားပြီးသည့်နောက်မှာတော့ လေလှိုင်းများ ဖြစ်တည်လာခဲ့တော့သည်။ အစိမ်းရောင် ဆံပင်နှင့်တိုင်လုအား အလယ်ဗဟိုပြု၍ များပြားလှသော စွမ်းအင်များသည် လေထုထဲတွင် ဖြစ်တည်လျက်ရှိနေ၏။ မူလအားဖြင့် အားနည်းလျက်ရှိနေသော တိုင်လု၏ ခန္ဓာကိုယ်သည် ပိုမိုအားကောင်းလာပြီး သူ၏မျက်နှာသည် ပိုမို၍ ရင့်ကျက်သွား၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်တော့ အစိမ်းရောင်လျှပ်စီးကြောင်းများသည် တလက်လက် တောက်ပနေသည်။
ဂျွတ်
တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ဒီခန္ဓာကိုယ်က နည်းနည်းတော့ အားနည်းတယ်ဆိုပေမယ့် ငါ့ရဲ့စွမ်းအင်တွေကို ထုတ်ဖော်အသုံးပြုဖို့အတွက်တော့ လုံလောက် သေးတယ်လေ၊ ငါ့အတွက် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ဖို့ဆိုတာ ပြဿနာ တစ်ခု မဟုတ်ဘူး”
“ဟေး”
လေထဲတွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းက မေးလိုက်တော့သည်။ “ခင်ဗျားဘာတွေ လျှောက်ပြောနေတာလဲ”
“အမှိုက်”
တိုင်လုသည် ခေါင်းကိုမော့ကာဖြင့် အထင်အမြင်သေးသလို ပြောလိုက်သည်။ “မင်းသာ ရုတ်တရက် ပေါ်မလာဘူးဆိုရင် ဒီကောင်လေးက သူ့ရဲ့ခန္ဓာကိုယ်ကို ငါ့ဆီပေးမှာ မဟုတ်ဘူး၊ ဒီတော့ အပြန်အလှန်အားဖြင့်”
သူသည် လက်ကိုမြှောက်လိုက်၏။ လက်ဝါးထဲတွင်တော့ အစိမ်းရောင်စွမ်းအင်များ စုစည်းလာခဲ့တော့သည်။ “မင်းသေပေးလိုက်တော့”
ဘုန်း
အစိမ်းရောင်စွမ်းအင်များသည် အလင်းလုံးများအဖြစ် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အထက်ဆီသို့ တိုးတက်သွားတော့သည်။ စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသောကြောင့် လေဟာနယ် တစ်ခုလုံးပင် ပိုင်းဖြတ်ကုန်၏။
ဘုန်း
အစိမ်းရောင်အလင်းတန်းများ အားလုံးသည် လေထုထဲတွင် ပေါက်ကွဲသွားခဲ့တော့သည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ထိုစွမ်းအင်လှိုင်းများကြားမှ အသာလျှောက်ထွက်လာခဲ့တော့သည်။ သူ၏လက်ထဲတွင် ရှိသော ကျန်းယန်ဓားသည် တောက်ပနေ၏။ သူသည် ပြုံးကာ ပြောလိုက်မိ၏။ “ခင်ဗျားရဲ့ အားအင်အဆင့်က မဆိုးပါဘူး၊ ကျုပ်နဲ့ လေးလေးနက်နက် တိုက်ခိုက်ဖို့အတွက် ထိုက်တန်တယ်”
တိုင်လုသည် အနည်းငယ် မျက်မှောင်ကုတ်မိသွား၏။ သူ၏ တိုက်ခိုက်မှုသည် အလွန်အားကောင်းလွန်းလှသည်။ သို့ပေမဲ့ တစ်ဖက်လူအား ဘာမှမပြုလုပ်နိုင်ပေ။
အချိန်တိုအတွင်းတွင် အလွန်အားကောင်းလှသော အခြေအနေသို့ ရောက်ရှိလာခဲ့သော ဤပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် တကယ်ပင် စွမ်းအားရှိသူတစ်ယောက် ဖြစ်နေကြောင်း သူသိရှိလိုက်ရတော့သည်။ ယနေ့တွင်တော့ ထိုသူအား ယစ်ပူဇော်၍ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးအား ဝိညာဉ်မျိုးနွယ် ပြန်ရောက်လာပြီဖြစ်ကြောင်းကို ကြွေးကြော်ရန်သာ ရှိတော့၏။
ဝှစ် ဝှစ်
သူတွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အောက်သို့ ဆင်းသက်လာတော့သည်။ လက်ထဲတွင် ရှိသော ကျန်းယန်ဓားသည် လေဟာနယ်ကို ပိုင်းဖြတ်သွားပြီးနောက် စွမ်းအင်လှိုင်းများသည် တည်နေရာထဲတွင် ပျံ့နှံ့သွား၏။ သူသည် လင်းကျန့်ဓားသိုင်းအား အဆုံးစွန်အထိ နားလည်နေပြီဖြစ်၏။ ထို့ကြောင့် ထုတ်ဖော်လိုက် သော ဓားစွမ်းရည်များ အားလုံးသည် သာမန်မျက်လုံးများနှင့်ပင် မမြင်နိုင်သည်အထိ ပျောက်ကွယ်နေခဲ့သည်။
ဘန်း ဘန်း ဘန်း …။
ဝိညာဉ်မျိုးနွယ်၏ ထိန်းချုပ်ခြင်းကို ခံထားရသော တိုင်လုမှာတော့ သူ၏လက်ဝါးများထဲတွင် အစိမ်းရောင်စွမ်းအင် များကို စုစည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသော ဓားစွမ်းအင်များနှင့် ထိပ်တိုက်ပင် ရင်ဆိုင်လိုက်တော့သည်။ သူသည် စိတ်ထဲမှာတော့ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေမိသည်။
ဓားစွမ်းအင်ထဲတွင်ပါဝင်သော စွမ်းရည်များအားလုံးကို ခန့်မှန်းကြည့်ရမည်ဆိုလျှင် ဤကောင်လေး၏ အားအင် အဆင့်သည် သာမန်သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၏ အဆင့်မျိုး မဟုတ်ချေ။ သိုင်းနယ်မြေ ကျင့်ကြံသူအဆင့်ဆီသို့ပင် ရောက်ရှိရန် နီးကပ်လျက်ရှိသည်ကို မြင်နိုင်၏။
ရွှီး ရွှီး
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ တိုက်ခိုက်လိုက်တော့၏။ သူထုတ်ဖော်လိုက်သော ဓားစွမ်းရည်များ အားလုံး သည် ပထမအကြိမ်ကထက် ပိုမို၍ အားကောင်း၏။ တိုင်လု၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွား တော့သည်။ သူသည် အလောတကြီးဖြင့် ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားလိုက်ပြီးသည့်နောက် အခွင့်အရေးကို အရယူကာ သူ၏လက်ဝါးကို ယမ်းခါလိုက်၏။
“မြစိမ်းတိုက်ကွက်”
အစိမ်းရောင်စွမ်းအင်များသည် ရုတ်တရက် သူ၏ရှေ့၌ စုဝေးလာ၏။ တည်နေရာထဲတွင်ရှိနေသော အပင်များ၏ အသက်ဓာတ်စွမ်းအင်များသည် ချက်ချင်းဆွဲငင်ခံလိုက်ရပြီးသည့်နောက်မှာတော့ စွမ်းအင်များ ယုတ်လျော့သွား ခဲ့တော့သည်။ ထိုယုတ်လျော့သွားခဲ့သော စွမ်းအင်များအားလုံးသည် အစိမ်းရောင်စွမ်းအင်များနှင့် ပေါင်းစပ်သွား ခဲ့တော့၏။
“ကောင်လေး”
စွမ်းအင်များကို စုစည်းပြီးသည့်နောက် တိုင်လုသည် စွမ်းအင်များကို အရှေ့ဆီသို့ တွန်းလွှတ်လိုက် တော့သည်။ “ငရဲကို သွားတော့”
ဝှစ် ဝှစ်
ပတ်ဝန်းကျင်တွင်ရှိနေသော အသက်ဓာတ်များကို စုပ်ယူပြီး ရရှိခဲ့သော စွမ်းအင်များသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လွန်း၏။ ထိုစွမ်းအင်များအားလုံးသည် အမြှောက်ဆန်များကဲ့သို့ပင် စွမ်းအင်လုံး များဖြစ်တည်လာခဲ့ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းကို တိုက်ရိုက် ထိုးနှက်တိုက်ခိုက်ခြင်းကို ပြုမူတော့ သည်။
ဤအဆင့်တိုက်ပွဲတစ်ခုသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကျိန်းသေပေါက် ရှားပါးသည့် တိုက်ပွဲမျိုး ဖြစ်သည်။ ကံဆိုးစွာဖြင့် ပွဲကြည့်ပရိသတ်ဟူ၍ မရှိသည်မှာ အံ့အားသင့်စရာပင် ဖြစ်တော့သည်။ ဝင်ရောက်လာခဲ့ သော အစိမ်းရောင်စွမ်းအင်များကို ရင်ဆိုင်ရသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ကျန်းယန်ဓားကို ကိုင်ဆောင်ထားသော ညာဘက်လက်သည် ရုတ်တရက် စတီးလက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ သူသည် ပြိုင်ဘက်အား ထိပ်တိုက်ပင် ရင်ဆိုင်တိုက်ခိုက်ခြင်းကို ပြုမူတော့၏။
ဝှစ်
နှိုင်းယှဉ်၍ မရအောင် အေးစက်သည့် ဓားစွမ်းရည်များအားလုံးသည် စက်အတောင်ပံ၏ တိုက်ခိုက်မှုပုံစံ ထောက်ပံ့ပေးမှုနှင့်အတူ ကြမ်းတမ်းသည့် အားအင်များကို ထုတ်ဖော်ပြီး အစိမ်းရောင်စွမ်းအင်များကို တိုက်ရိုက်ပင် ချိုးဖြတ်တော့သည်။ ပြီးသည့်နောက်မှာတော့ ဘုန်း ဘုန်း ဟူသည့် အသံကြီးနှစ်ချက် မြည်ပြီးနောက် တည်နေရာကြီး တစ်ခုလုံး လှုပ်ခါသွားခဲ့တော့သည်။
တိုက်ကွက်ချိုးဖြတ်ခြင်းကို ခံလိုက်ရသော တိုင်လုသည် တည်နေရာတွင် ကြက်သေ သေလျက်ရှိနေတော့သည်။ သူထုတ်ဖော်ခဲ့သော မြစိမ်းရောင်တိုက်ကွက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်နိုင်သော စွမ်းရည်ရှိသည်။ သို့ပေမဲ့ ဤကောင်လေး၏ ရှေ့မှာတော့ ဤတိုက်ကွက်သည် အားနည်းလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ဓားကိုကိုင်ကာ မတ်မတ်ရပ်လျက် ရှိနေ၏။ “ဒါက ခင်ဗျားလုပ်နိုင်တာ အားလုံးပဲဆိုရင် ကျုပ်ကို အနိုင်ယူဖို့ မစဉ်းစားနဲ့တော့”
တိုင်လု၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာတော့သည်။ သူက ပြောလိုက်တော့သည်။ “ကောင်လေး... မင်းရဲ့အားအင်အဆင့်က ငါ့ကို အံ့အားသင့်စေတယ်၊ ဒါပေမဲ့ အရမ်းကြီး မောက်မာမနေနဲ့အုံး၊ ငါက ခဏပဲ ကျင့်ကြံရသေးတာ၊ ကျိန်းသေပေါက် မကြာခင်မှာ မင်းကို ခြေထောက်အောက်မှာ ချပြီးနင်းပြမယ်”
၎င်း၏ လေသံကို ကြည့်ရသည်မှာ ထွက်ပြေးချင်နေပုံပေါ်နေတော့သည်။ ၎င်းသည် ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်၏ အားအင်အဆင့်ကို ကျိန်းသေပေါက် သုံးသပ်မိပြီးပြီ ဖြစ်သည်။ တစ်ဖက်လူသည် သူ့ထက် မည်သို့မှ အားမနည်းချေ။ တကယ်တမ်း ဆက်လက်၍ တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် အထက်စည်းက ရယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထွက်ခွာသွားပြီးမှ တခြားသောစွမ်းရည်များကို စုပ်ယူ၍ ပိုမိုအားကောင်းအောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ အားလုံးပြီးစီးသည့်နောက်မှသာလျှင် ပြိုင်စံရှားဂိုဏ်းကို လာရောက်ဖျက်ဆီးခြင်းသည် ပိုမို၍ အကျိုးထူးပေလိမ့်မည်။
ဝှစ်
သူသည် ပြောပြီးသည့်နောက်မှာတော့ အနောက်ကိုဆုတ်လိုက်တော့၏။ သို့ပေမဲ့ မီတာအနည်းငယ်သာ ပြေးရ သေးသည်။ အေးစက်သည့် အော်သံတစ်ခု သူ၏နောက်မှ ထွက်ပေါ်လာတော့သည်။
“နဂါးဆင်လက်ဝါး”
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ ခန့်ညားပြီးတော့ လေးလံလှသည့် အော်ရာများ အားလုံးသည် ကောင်းကင်တွင် ရုတ်တရက် ဖြစ်ပေါ် လာတော့သည်။ တိုင်လုသည် အလျင်အမြန်ဖြင့် အပေါ်ကို မော့ကြည့်သည့်နောက်မှာတော့ ဆင်နှင့် နဂါးများ၏ ပုံရိပ်ယောင်တစ်ဒါဇင်ကျော်တို့သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။ ပုံရိပ်ယောင်များသည် ၎င်းအား တင်းတင်းကျပ်ကျပ်နှင့် ဖိနှိပ်လာခဲ့တော့၏။
“မကောင်းတော့ဘူး”
ဘုန်း ဘုန်း
တည်နေရာထဲတွင်ရှိသော မြေပြင်များသည် ရုတ်တရက် တုန်ခါသွားပြီးသည့်နောက်မှာတော့ ဖုန်လုံးများသည် အလိပ်လိပ်တက်လာပြီး ကောင်းကင်ယံထက်သို့ ရောက်ရှိလာခဲ့တော့သည်။
“ဘာတွေဖြစ်နေတာလဲ” မိုင်တစ်ထောင်အဝေးတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ဤကဲ့သို့ ပြောင်းလဲမှု မျိုးကို သိရှိလိုက်ကြ၏။ ၎င်းတို့သည် စွမ်းအင်များ တလိပ်လိပ်နှင့် ကောင်းကင်ယံဆီသို့ ထိုးတက်လာသည်ကို သူတို့ မြင်လိုက်ရတော့သည်။ လေဟာနယ်ကြီးတစ်ခုလုံးပင်လျှင် စုတ်ပြတ်သွားသကဲ့သို့ပင်။
“ဒါက ထိပ်တန်းကျွင်းကျင်သူတွေ တိုက်ခိုက်နေတာလား”
“ကောင်းကင်ဘုံ.. ဖြစ်ပေါ်လာတဲ့ အရှိန်အဟုန်တွေကို ကြည့်ရမယ်ဆိုရင် လေဟာနယ်ကြီးတစ်ခုလုံးတောင် စုတ်ပြတ်သွားတဲ့ပုံပေါ်တယ်”
“ဒါဆိုရင် သိုင်းနယ်မြေ ကျင့်ကြံသူတွေလား”
..............
တိုက်ခိုက်ရေးတည်နေရာမှာတော့ ဖုန်လုံးများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီ ဖြစ်တော့သည်။ ကြီးမားသော တွင်းကြီးသည် သူ၏မျက်စိရှေ့တွင် ပေါ်လာ၏။ တိုင်လုသည် ထိုတွင်း၏ အနက်ပိုင်း၌ လဲလျောင်း လျက်ရှိနေပြီး တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းလျက်ရှိနေ၏။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ခုန်ဆင်းပြီးသည့်နောက် ဖုန်စုပ်စက်ကြီးအား အသာမြှောက်ကိုင်လိုက်တော့၏။
“ခင်ဗျားကို ရှာဖွေတွေ့ရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ၊ ဘာလို့ လွယ်လွယ်ကူကူနဲ့ လွတ်ပေးရမှာလဲ”
“မင်း.....” တိုင်လု၏ ဒဏ်ရာများသည် အလွန်ပြင်းထန်လှ၏။ ထို့ကြောင့် စကားပင် ပြောနိုင်စွမ်း မရှိတော့ချေ။
ဒွီ...
ဖုန်စုပ်စက်ကြီး၏ ပြောင်းဝသည် တစ်ဖက်လူ၏ နဖူးဆီသို့ တေ့လိုက်တော့၏။ “တတိယအဆင့်”
ဝှစ် ဝှစ် ဝှစ်
အားကောင်းလှသော စုပ်ယူခြင်းစွမ်းအင်များသည် ရုတ်တရက် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝါးမြိုခြင်းစွမ်းရည်များအားလုံးသည် တိုင်လု၏ အစိမ်းရောင်ဆံပင်များနှင့်အတူ ဖုန်စုပ်စက်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
ဂျောက်
သူသည် ဖုန်စုပ်စက်အား အသာပိတ်လိုက်တော့၏။ ကျွင်းချောင်ရှောင်း၏ အသိစိတ်သည် ဖုန်စုပ်စက်ထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်ပြီးသည့်နောက်မှာတော့ အထဲတွင် ရူးရူးမူးမူးနှင့် ထွက်ပြေးရန် ကြိုးစားလျက်ရှိသော အစိမ်းရောင်စွမ်းအင်များကို မြင်လိုက်ရတော့သည်။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ဒါက ဝိညာဉ်မျိုးနွယ် တွေနဲ့ ပတ်သက်ပြီး တကယ့်ကို အသုံးတည့်တဲ့အရာပဲ”
ဝေါ့
ထိုအချိန်မှာတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသော ကတုံးပြောင်တိုင်လုသည် သွေးတစ်လုတ်ကို အန်ထုတ် လာခဲ့တော့သည်။ သူ၏ မျက်လုံးများမှာတော့ ပြန်လည်၍ ကြည်လင်ရှင်းလင်းလာခဲ့တော့သည်။
“ကောင်လေး”
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက်မှာတော့ အပြစ်ကင်းစင်စွာ ပြုံးလိုက်တော့ သည်။ “မင်းရဲ့ အရိုးအရေတွေက တကယ့်ကို ကောင်းတာပဲ၊ တစ်သန်းမှာတစ်ယောက် တွေ့ရခဲတဲ့ ပါရမီရှင်ပဲ၊ ဒီတော့ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ ပြိုင်စံရှားဂိုဏ်းထဲကိုဝင်ပြီး ကျုပ်တပည့် လုပ်မလား”
“မဝင်ဘူး”
တိုင်လုက ပြောလိုက်သည်။ “ဒီလိုပြောလိုက်တော့ ခင်ဗျားကို ကျေးဇူးတင်မယ်လို့ ထင်ထားတာလား”
ကျွင်းချောင်ရှောင်းသည် ၎င်းအား ထမ်းပိုးပြီးနောက် ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဂိုဏ်းဆီကို ပြန်လိုက်ခဲ့တော့”
“ဘာကိစ္စ ကျေးဇူးတင်ရမှာလဲ၊ ကျုပ်က မဝင်ချင်ဘူးလို့ ပြောနေတယ်လေ”