← Chapters

မူလနယ်မြေနှင့်ပေါင်းစပ်ခြင်း

Vol. 5 Ch. 60

မူလနယ်မြေနှင့်ပေါင်းစပ်ခြင်း

Vol. 5 Ch. 60

"ကောင်လေး မင်းအနေနဲ့ ဒီနယ်မြေကိုပေါင်းစပ်ပြီးရင် နယ်မြေတခုလုံးကို မျက်စိမှိတ်အတွင်းဖြတ်သန်းသွားလို့ရမယ် နောက်ပြီး နယ်မြေထဲမှာ

ရှိတဲ့အရာအားလုံးကို အပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ်"

တောက်ဝူက ကျိုးယန်ကိုရှငိးပြသည်။ မူလနယ်မြေနှင့်ပေါင်းစပ်ခြင်းသည် မလွယ်ကူသော်လည်း ကျိုးယန်တွင်လည်ဆွဲရှိထားပြီ ဖြစ်သောကြောင့်အခက်ခဲမရှိနိုင်ပေ။

"ကျတော့်အနေနဲ့ ဒီနယ်မြေတခုလုံးကိုထိန်းချုပ်နိုင်တယ်ဆိုတော့

ဒုတိယစမ်းသပ်မှုမှာပိတ်မိနေတဲ့ လူနှစ်ဦးကိုလည်း ပြန်ခေါ်သွားလို့ရမလား"

ကျိုးယန်၏အမေးကို တောက်ဝူက

"ရတာပေါ့ မင်းဟာ ဒီနယ်မြေမှာဆိုဘုရင်ပဲကမ္ဘာမြေရဲ့သက်မှတ်ချက်အရ မူလပညာရှင်

အထွဋ်အထိပ်အဆင့်ကိုရောက်သွားရင် ဒီနယ်မြေကိုသုံးပြီး အင်မော်တယ်လောက ကိုကူးလို့ရတယ်"

ကျိုးယန်ဝမ်းသာသွားသည်။ ထိုအရာက အင်မော်တယ်လောက ကိုကူးပြောင်းခွင့်ရသည်အတွက်မဟုတ်ပဲ ချူလင်မယားကိုခေါ်ထုတ်နိုင်သည့်အတွက် ဖြစ်သည်။

"ဒါဆို ဒီနယ်မြေနဲ့ပေါင်းစပ်ခွင့်ရတာက အမြင့်ဆုံး စမ်းသပ်မှုရဲ့ ဆုပေါ့"

"ဟုတ်တယ်"

ကျိုးယန်တယောက် အချိန်မဆွဲပဲ ချက်ချင်းပင်တင်ပျဥ်ခွေထိုင်ကာ လည်ဆွဲကိုလက်ဖဝါးပေါ်တင်လိုက်သည်။ ထိုအချိန်တောက်ဝူက အမြူတေကဲ့သို့ အရာလေးတခုကျိုးယန်ကိုပေးလာသည်။

"ကောင်လေး မင်းအောင်မြင်မယ်လို့ ငါယုံတယ်"

ကျိုးယန် ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက်လည်ဆွဲနှင့်အတူ မူလအမြူတေကိုထားကာပေါင်းစပ်ရန်စတင်တော့သည်။ အချိန်က မိနစ်မှ

နာရီ နာရီမှ တရက်တာ... ကုန်ဆုံးသွားလေပြီ။ကျိုးယန်၏ အသိစိတ်ထဲတွင် လေဟာနယ်နေရာတခုပေါ်လာကာ အမြင်အာရုံထဲတွင်လည်း ကြီး

မားသည့် ရေတံခွန်များ ကျောက်သားအဆောက်အုံများနှင့် နေရာလွတ်တွေကို တွေ့မြင်လာရသည်။ ထို့အပြင် တစတစ ပို၍ ပေါင်းစည်းလာနိုင်ပြီ ဟုခံစားရကာ လည်ဆွဲမှလည်း ပြင်းထန်သည့် ရွှေရောင်အလင်းတခု ဖြာထွက်လာ၍ ကျိုး

ယန်ကိုဖုံးအုပ်ထားတော့သည်။

မူလနယ်မြေ၏ တခြားနေရာများတွင်တော့အချိန်က တလတိတိပြည့်ရန် နာရီအနည်းသာ

လိုတော့သည်ဖြစ်၍ ဂိုဏ်းကြီး၂ဂိုဏ်းမှ လူများနှင့် မိသားစုကြီးများမှ ပါရမီရှင်များက ပြန်လည်ထွက်ခွာလာကြလေသည်။ ၎င်းတို့သည် စမ်းသပ်မှုအသီးသီးကို ဖြတ်ကျော်နိုင်ခဲ့ကာ မတူညီသည့်ရတနာများလည်း ရရှိသွားကြသည်။ အချို့က

တော့ စမ်းသပ်မှုကျရှုံးသောကြောင့် ဒဏ်ရာပြင်းထန်စွာရကာ စမ်းသပ်မှုအတွင်းမှပြန်ထွက်

လာကြရသည်။

""တံခွန်ဂိုဏ်းက လူတွေကိုမတွေ့မိဘူး"

"ဟုတ်တယ် ဟိုညီအစ်ကိုနှစ်ယောက်နဲ့အကြီးအကဲ နှစ်ဦးစလုံးကိုမတွေ့တာပဲ"

"ကျိုးယန်လည်း မထွက်လာသေးဘူးမဟုတ်လား"

"သူတို့တွေ စမ်းသပ်မှုထဲကော ဝင်ကြရဲ့လား"

"သူတို့ကြားတခုခုဖြစ်သွားပုံရတယ်"

ကိုယ်စီအတွေးများထုတ်ဖော်ကာ ဆွေးနွေးရင်း မြို့တံခါးဆီသို့ထွက်လာကြသည်။ ကျိုးယန်ကို တံခွန်ဂိုဏ်းမှ အန္တရာယ်ပေးမည်ဆိုသည့်ကိစ္စအကုန်လုံးသိထားသော်လည်း ယခုက ကျိုးယန်သာမက တံခွန်ဂိုဏ်းမှလူများပါ ပျောက်နေလေသည်။

ရက်ပေါင်းသုံးတယ်တိတိပြည့်ရန် နာရီဝက်အလိုမှတော့ ကျိုးယန်တယောက် မူလနယ်မြေတခုလုံးကို အပေါ်စီးမှကြည့်နေရသလို ရှင်းလင်း

ပြတ်သားစွာမြင်လာနိုင်ပြီဖြစ်သည်။

"ငါက ဒီနယ်မြေကို ထိန်းချုပ်နိုင်လိုက်တာလား"

စိတ်ထဲတွင်တော့ ကျိုးယန်အတိုင်းမသိဝမ်းသာနေသည်။ မူလနယ်မြေကို ပိုင်ဆိုင်သွားသည့်အတွက် အချိန်တလကို စိုးရိမ်စရာမလိုတော့ပေ။

သို့သော် တံခွန်ဂိုဏ်းကိုဖြေရှင်းရန် ကျန်နေသေးသည်။ သူသာ တလပြည့်ချိန်မထွက်ပါက ကျူးချန်က အထဲတွင်ဖြစ်သွားသည့်အရာများကို ပြောကာ အပြင်တွင်ရှိနေသည့် တံခွန်ဂိုဏ်းသားများမှတဆင့် ချူမိသားစုသာမက လီချင်းကျူးတို့ကိုပါ

အန္တရာယ်ပေးနိုင်လေသည်။

ထိုစဥ် ကျိုးယန်သတိမိထားမိချိန်မှာပဲ တောက်ဝူ၏ ပုံရိပ်က

တဖြေးဖြေးမှုန်ဝါးကာပျောက်ကွယ်သွားနေသည်။

"ကောင်လေး မင်းကိုငါ အင်မော်တယ်လောကမှာစောင့်နေမယ် မင်းအကူညီကြောင့် တချိန်မှာ

ငါ့မြေးမလေးကို သူ့မိခင်နဲ့ ပြန်ဆုံနိုင်မယ်လို့ငါမျှော်လင့်တယ် ကျေးဇူးပြုပြီး ငါ့သမက်အတွက် တံခွန်ဂိုဏ်းကို လက်စားချေပေးပါဒါ ငါ့ရဲ့တောင်းဆိုမှုပဲ"

တောက်ဝူ၏ ပုံရိပ်ပျောက်ကွယ်သွားချိန်မှာတော့ ရွှေရောင်ဖြာထွက်နေသည့် လည်ဆွဲက

ကျိုးယန်၏ ဒန်တျန်ထဲ ဝင်ရောက်သွားလေသည်။

"အခု ချူလင်မယားကို အပြင်ထုတ်ရမယ့်အချိန်ရောက်ပြီ"

ကျိုးယန်တယောက် ဒုတိယစမ်းသပ်မှုနေရာကိုအာရုံပြုကာ ရှာလိုက်သည်။ ချက်ချင်းပင်

မူလနယ်မြေ၏ အစွန်ရှိ ခြံဝန်းတခုကိုတွေ့သောကြောင့် ထိုနေရာသို့တည်နေရာပြောင်းလိုက်သည်။ ကျိုးယန်၏ ခန္ဓာကိုယ်က လေဟာနယ်ထဲ

တိုးဝင်သွားကာ မိနစ်ဝက်အကြာတွင် ခြံဝန်းဆီသို့ရောက်သွားလေသည်။

"ဒါက နည်းနည်းတော့ ခေါင်းမူးစေတယ်"

ခြံဝန်းထဲတွင် ချူလင်မယားက ဝရန်တာတွင်ထိုင်၍ ကိုယ်စီအတွေးများဖြင့် ငေးမောနေကြသည်။ ရုတ်တရုက် ခြံဝန်းထဲသို့ ကျိုးယန်ရောက်လာသည်ကိုမြင့်သည့်အခါ ထိတ်လန့်သွားကာကျိုးယန်တယောက်စမ်းသပ်မှု မအောင်မြင်၍

သူတို့နှင့်အတူ နေရန်အပို့ခံလိုက်ရသည်ဟု အထင် မှားသွားကြသည်။

"ကောင်လေး ကျိုး မင်းမအောင်မြင်ခဲ့ဘူးလား"

လန်ယိဟွားက စိုးရိမ်နေသည့်အသွင်ဖြင့် ကျိုး

ယန်ကိုမေးလာသည်။ ကျိုးယန်ကပြုံး၍

"ကျတော်အောင်မြင်ပါတယ် အဒေါ်"

"ဒါဆို ဘာလို့ဒီကိုပြန်လာတာလဲ ဆုကကော"

ချူကျန်းရှ၏အမေးကို ကျိုးယန်က

"ဆုအနေနဲ့ ဒီနယ်မြေကြီးကိုရလိုက်ပြီ အခုဒီနယ်

မြေကြီးတခုလုံးက ကျတော့်ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ"

ကျိုးယန်၏စကားကိုကြားလျှင် ချူလင်မယားနှစ်ယောက်စလုံး မှင်သက်သွားသည်။

ကျိုးယန်က မူလနယ်မြေတခုလုံးကို ရသွားသည်တဲ့လား။ ဒါဆို.....သူတို့ကကော...။

"ဦးတို့နှစ်ယောက်ကို ကျတော်အပြင်ခေါ်ထုတ်လို့ရသွားပြီ ကျတော်နဲ့အခုပဲလိုက်ခဲ့ပါ"

လန်ယိဟွားရဲ့ ခန္ဓာကိုယ်ကတုန်ယင်နေကာမျက်ရည်များကအဆက်မပြတ်စီးကျလာနေ

သည်။ ချူကျန်းရှသည်တော့ သူမကဲ့သို့မငိုသော်လည်း စိတ်လှုပ်ရှားမှုကို အတင်းထိန်းချုပ်နေရကာ မျက်လုံးများနီရဲလျက် ကျိုးယန်ကို စူးစိုက်

ကြည့်နေသည်မဟုတ်လား။

အချိန်က ၁၅ နှစ်။ သူတို့အတွက် အနာဂတ်မရှိမိသားစုမရှိပဲ ဖြတ်သန်းခဲ့ရသည့် အချိန်များ။တခါတရံ ချူလင်းယွင်ကို သတိရသောကြောင့်

တနေကုန်ငိုနေတတ်သည့် ဇနီးကို အကူညီမဖြစ်စေသည့် လင်ယောက်ကျားတယောက်၏ နောင်တတရားများ။ အရာအားလုံးကို ကျိုးယန်အဆုံးသတ်ပေးလိုက်ပြီ ဖြစ်သည်။

"အဒေါ်တို့ အခုပဲ ထွက်ကြရအောင် ကျတော်အပြင်ရောက်ရင် တံခွနဂိုဏ်းနဲ့ထိပ်တိုက်တွေ့ဖို့

ရှိတယ်"

အတန်ကြာဝမ်းသာအားရငိုနေသည့် လန်ယိဟွားလည်း

မျက်နှာကိုတည်ငြိမ်အောင်ပြုပြင်ကာ...

"ကောင်းပြီ မင်းပြဿနာကို အဒေါ်တို့လင်မယားလည်း ကူညီမယ် သူတို့က ချူမိသားစုကိုထိခိုက်စေချင်ရင် ငါတို့ကိုအရင်ဖြေရှင်းရလိမ့်မယ်"

"ဟုတ်တယ် မင်းက ငါတို့ချူမိသားစုတခုလုံးရဲ့ကျေးဇူးရှင်ဖြစ်ပြီး တံခွန်ဂိုဏ်းကလည်းမင်းကိုအန္တရာယ်ပေးလာတယ်ဆိုတော့ ငါတို့လင်မယား

သေချာပေါက် ကူညီမယ် အခုပဲ သွားကြတာပေါ့"

ချူကျန်းရှတို့လင်မယားအတွက် အထွေအထူးသိမ်းဆည်းစရာမရှိပေ။ သူတို့တွင်သိုလှောင်လက်စွက်ရှိသောကြောင့် ပစ္စည်းအနည်းငယ်ကို

သိမ်းကာ ကျိုးယန်နှင့်အတူ အပြင်လောကသို့ပြန်ရင် အသင့်ဖြစ်သွားလေပြီ။

................................................................

All Chapters