← Chapters

တံခွန်ဂိုဏ်းနှင့် ရင်ဆိုင်ခြင်း။

Vol. 5 Ch. 61

တံခွန်ဂိုဏ်းနှင့် ရင်ဆိုင်ခြင်း။

Vol. 5 Ch. 61

မူလနယ်မြေ၏အပြင်တွင် လူများစုရုံးကာစောင့်ဆိုင်းနေကြသည်။ ထိုအထဲတွင် ချူမိသားစုမှလူများနှင့် လီချင်းကျူး အိုးရန်ရွှမ်းရွှမ်းလည်းပါဝင်ကာ ကျိုးယန်ကိုစိတ်ပူပင်စွာဖြင့်စောင်နေ့ကြသည်။ တံခွန်ဂိုဏ်းမှ ကျိုးယန်ကို

အန္တရာယ်ပြုမည်ကို သိထားသောကြောင့်ဖြစ်သည်။

တံခွန်ဂိုဏ်းမှ လူများကလည်း တစတစများပြားလာကာ တခါတရံ ချူမိသားစုများရှိရာဘက်သို့ လှည့်ကြည့်၍ တီးတိုးပြောဆိုနေကြသည်။

ဂိုဏ်း၏ အကြီးအကဲအားလုံးနီးပါးနှင့် စိတ်ဝိဉာဥ်အထွဋ်အထိပ်ရှိ ဂိုဏ်းချုပ်ပါရောက်လာကာမကြာမီတွင် မဟာအကြီးအကဲလည်းရောက်လာ

ဦးမည် ဟုပြောနေကြသည်။

"သူတို့က ဂိုဏ်းကလူအကုန်ခေါ်လာတာလားဘာအတွက်လဲ"

ချူမိသားစုမှအကြီးအကဲတဦးက ဆိုသည်။ချူကျန်းချန်းသည် ထိုအခြေနေကိုနားမ

လည်သော်လည်း ထိုအရာကသူတိူ့အတွက် မကောင်းသည့်အရာများဖြစ်စေမည်ကိုတော့ ခံစားမိနေလေသည်။

"အကုန်လုံး သတိမပြတ်ထားကြပါ သခင်လေးကျိုးအခြေနေကိုသိရတာနဲ့ ငါ့မြေးနဲ့ ဒီမိန်းကလေးနှစ်ယောက်ကို ငါတို့အသက်စွန့်ပြီးကာကွယ်ရလိမ့်မယ်"

ချူကျန်းချန်က သူ့လူများကိုမှာသည်။ ကျိုးယန်တယောက် မူလနယ်မြေထဲတွင်သေဆုံးသွားပါက နောက်ဆက်တွဲသည် ချူမိသားစုဖြစ်သည်။

ထိုစဥ် လေဟာနယ်ကွဲကြောင်းတခု ပေါ်လာကာအသက် ၆၀အရွယ်လူတဦးထွက်လာသည်။

"မဟာအကြီးအကဲ ရောက်လာပြီ"

"နှုတ်ဆက်ပါတယ် မဟာအကြီးအကဲ ကျူး"

(ကျူးလန်တို့ညီအစ်ကို သူ့ဆရာ၏မျိုးရိုးကိုဆက်ခံထားကြသည်)

မဟာအကြီးအကဲက ချူမိသားစုဘက်ကိုတိုက်ရိုက်ပင်ကြည့်လာသည်။ ပြီးနောက်

တံခွန်ဂိုဏ်းမှ လူများကိုခေါင်းညိတ်ပြကာ ဂိုဏ်းချူပ်ရှိရာသို့သွား၍ အတူထိုင်နေလေသည်။

"ကျိုးယန်က ထွက်လာနိုင်ပါ့မလား"

"ဘာတွေတွေးနေလဲ ထွက်လာရင်တောင်သူမလွတ်တော့ဘူးမူလပညာရှင်အဆင့်မဟာအကြီး

အကဲ ရောက်နေပြီလေ"

တံခွန်ဂိုဏ်းသားများလည်း စတင်ကာဆွေးနွေးတော့သည်။ တခြားလူများကတော့ ချူ

မိသားစုကို စိတ်မကောင်းခြင်းကြီးစွာသော ပုံစံများဖြင့် ကြည့်နေကြသည်။ သူတို့သည်

ကျိုးယန်အကြောင်းသိထားသော်လည်း တံခွန်ဂိုဏ်းကဲ့သို့ မ​ဖြေရှင်းကြပေ။ အထူးသဖြင့်

အဆိပ်ဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်းတို့ဖြစ်သည်။ သူတို့ကကျိုးယန်လိုပါရမီရှင်နှင့် ရန်သူမဖြစ်လိုပေ။တဖက်တွင်လည်း တံခွန်ဂိုဏ်းမှ ကျိုးယန်ကိုဖြေ

ရှင်းနိုင်ခဲ့ပါက သူတို့လည်း အကျိုးအမြတ်ကိုမျှော်လင့်လို့ရနိုင်သည်။ ထို့ကြောင့် ကြားနေအ

ဖြစ်သာ နေရန်ရွေးချယ်လိုက်ကြသည်။နောင်တွင် သူတို့၏ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်မဆုံးဖြစ်ကြရပေမည်။

"ကျိုးယန် တယောက်အဆင်ပြေပါ့မလား"

လီချင်းကျူးက ချူကျန်းချန်ကိုမေးသည်။

အိုးရန်ရွှမ်းရွှမ်းသည်လည်း စိတ်ပူနေသည့်အတွက် ဂနာမငြိမ်ဖြစ်ကာ ချူကျန်းချန်၏အဖြေ

ကိုစောင့်မျှော်နေသည်။

"ဒီလူအိုကြီးလည်း သေချာတော့မပြောနိုင်ဘူး

သခင်လေးကျိုးက ပါရမီရှင်ဖြစ်ပြီး အစွမ်းထက်ပါတယ် ဘာမှဖြစ်မယ်မထင်ပါဘူး"

ချူကျန်းချန်၏စကားကိုကြားလျှင် လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွှမ်းတို့လည်း သက်ပြင်းသာချလိုက်ကြရသည်။ ကျိုးယန်အင်အားကြီးသူဖြစ်

မှန်းသိသော်လည်း စိုးရိမ်နေပေသည်။ ချူလင်းယွင်ကတော့ သူမရဲ့ဓားကိုသာ ဆုပ်ကိုင်ထားပြီးတိုက်ပွဲ ဖြစ်လာပါက ရှောင်ပြေးမည်မဟုတ်ပဲ

အဆုံးထိရင်ဆိုင်သွားရန် ပြင်ဆင်ထားလေပြီ။

ထိုစဥ် သက်မှတ်အချိန်တလ ပြည့်သွားချေပြီ။ ဖွင့်ထားသည့်အစီအရင်ကြီးလည်း အရောင်မှိန်သွားကာ မြို့တံခါးမှ လူများစတင်ထွက်လာ

ကြသည်။

"ဟိုမှာ ကိုယ်တော်တို့မဟုတ်လား"

"သခင်လေးရီတို့လည်း ထွက်လာကြပြီ"

"ဟိုဘက်မှာ ဖန်းမိသားစုပဲ"

"အဆိပ်ဂိုဏ်းကလူတွေ ဒီဘက်ကိုလာပါ"

လူများအသီးသီးထွက်လာချိန်တွင် လူအုပ်ထဲမှလူတယောက် ကြောက်လန့်တကြားထွက်လာနေသည်။ ထိုလူကတော့ ကျူးချန်ဖြစ်ကာ မည်သူမှ

သတိမထားမိအောင် ပုန်းကွယ်ထား၍ အခြားမည်သူမှ သူရှိနေသည်ကို သတိမထားမိပေ။

"အဲ့ဒါ သခင်ငယ်လေး မဟုတ်လား သူတယောက်တည်းထွက်လာတာလား သူ့အစ်ကိုနဲ့ အကြီးအကဲနှစ်ဦးကကော"

တံခွန်ဂိုဏ်းမှ နေရာများစွာရထားသော်လည်းတခြားဂိုဏ်းများကဲ့သို့ မူလနယ်မြေသို့မလွှတ်ပဲကျူးလန်ညီအစ်ကိုနှင့် အကြီးအကဲနှစ်ဦး စုစု

ပေါင်းမှ လေးဦးသာဝင်ရောက်စေသည်။ ယခုခါကျူးချန် တယောက်သာပြန်ထွက်လာနိုင်သည်။

ကျူးချန်၏ မျက်နှာသည်လည်း ပျက်ယွင်းနေကာ ကြောက်လန့်စရာအခြေနေတခု ကြုံခဲ့ပုံရသည်။

"ဂိုဏ်းချုပ် ဆရာ ကယ်ပါဦး ကျိုးယန်က အစ်ကိုကြီးနဲ့ အကြီးအကဲနှစ်ဦးကို သတ်ပစ်လိုက်ပြီ"

ဟမ်....ဘာဖြစ်တယ်။

တံခွန်ဂိုဏ်းသာမက ထိုနေရာရှိလူများအကုန်ဆွံ့အသွားကြသည်။ ဂိုဏ်းချုပ်မျက်နှာကတော့မဲမှောင်နေကာ ပြင်းထန်သည့်လူသတ်အရှိန်ဝါ

တခု ချက်ချင်းထွက်ပေါ်လာသည်။

"ဘာတွေဖြစ်သွားတာလဲ ငါ့ကိုသေချာပြောစမ်း"

မဟာအကြီးကဲ၏ အရှိန်ဝါဖြစ်ပြီး ဝန်းကျင်တခုလုံးလည်း အေးစိမ့်နေကာ ကျင့်ကြံမှုနိမ့်ပါးသူများကတော့ ပစ်လဲကျနေလေပြီ။ ကျူးချန်

လည်း ဖိအားကြောင့် တုန်ယင်နေသော်လည်းမူလနယ်မြေထဲတွင် ဖြစ်သည့်ကိစ္စများကို ရှင်းပြတော့သည်။ သို့သော် သူ့စကားထဲတွင် ကျိုးယန်ကသာပြဿနာရှာသူဖြစ်ကာ အစအဆုံး သူတို့၏လောဘကြောင့်ဖြစ်သည်ကို မဖော်ပြထားပေ။သို့ပေမင့် တခြားသူများကတော့ တွက်ဆနိုင်ပါသည်။ ငတုံးများမဟုတ်ကြပေ။

ခနအကြာတွင်....

"ကောင်းတယ် သိပ်ကောင်းတယ် ငါ့ရဲ့တပည့်ကိုသတ်လိုက်တယ်ပေါ့ ကျိုးယန် ကျိုးယန် မင်းကဘာကောင်းတယ်ဆိုတာ မသိဘူးပဲ"

မဟာအကြီးကဲက ဒေါသတကြီးရေရွတ်ကာ ချူမိသားစုဝင်များဘက် အကြည့်ရောက်လာ

သည်။

"ချူကျန်းချန် ကျိုးယန်ကြောင့် မင်းတို့လည်းပျက်စီးရတော့မယ်"

ချူကျန်းချန်က ချက်ချင်းတုန့်ပြန်သည်။

"ဟားးးဟားး ဘယ်လောက်တောင်သိက္ခာမဲ့လိုက်တဲ့ လူတွေလဲ သခင်လေးကျိုးဆီက ရတနာတွေမက်မောပြီး အန္တရာယ်ပေးချင်တာ ဘယ်သူလဲ

မင်းတို့ပဲ မဟုတ်လားကွ ခုမှ ဖြောင့်မတ်ချင်ယောင်ဆောင်ပြီး အသံကောင်းမဟစ်စမ်းနဲ့"

မဟာအကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။

ပြီးနောက်

"ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ သခင်လေးကျိုးဆိုတဲ့အကောင်သာ ထွက်မလာခဲ့ရင် တံခွန်ဂိုဏ်းက

အသက်ကြွေးကို မင်းတို့ချူမိသားစုဆီကယူမယ်"

ချူကျန်းချန်၏ မျက်လုံးများနီရဲသွားကာအံကိုတင်းတင်းကြိတ်၍ လက်သီးကိုကျစ်နေ

အောင်ဆုပ်ကာ မဟာအကြီးကဲကိုစူးစိုက်ကြည့်လိုက်သည်။ သူတွက်ဆထားသလိုဖြစ်ချေပြီ။

ချူမိသားစုသည် သေဘေးနှင့်နီးကာ ပျက်စီးရန်အချိန်မကြာတော့ပေ။

အခြားမိသားစုဝင်များနှင့် ချူလင်းယွင်လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွှမ်းတို့သည်လည်း

ရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။ ကျိုးယန်ထွက်လာသည်ဖြစ်စေ မထွက်လာသည်ဖြစ်စေဒီနေရာတွင် တံခွန်ဂိုဏ်းမှ ချူမိသားစုနှင့်သူမ

တို့ကို အလွတ်ပေးတော့မည်မဟုတ်ပေ။

အခြားသူများသည်လည်း အခြေနေကို စောင့်ကြည့်နေကြသည်။ ထိုစဥ် မြို့တံခါး၏အစီအရင်လည်း လုံးဝပျောက်ကွယ်သွားချိန် လူရိပ်၃ခုက

ထွက်ပေါ်လာပြီး ကြည်လင်ပြတ်သားသည့်အသံတခုပါ ကြားလိုက်ရသည်။

"ချူမိသားစုကို ထိပါးမယ်တဲ့လား ကျုပ်ဆီကခွင့်ပြုချက်ကို အရင်တောင်းဦးလေခွေးအိုကြီးရဲ့"

All Chapters