← Chapters

ချူမိသားစုကို ဘယ်သူရန်စရဲမလဲ

Vol. 5 Ch. 62

ချူမိသားစုကို ဘယ်သူရန်စရဲမလဲ

Vol. 5 Ch. 62

အကုန်လုံး၏အကြည့်က ဝင်ပေါက်ရှိရာနေရာသို့ရောက်သွားချိန်ကြသည်။ ကျိုးယန်တယောက်မူလနယ်မြေထဲတွင် မသေဆုံးသည်ကိုတွေ့လျှင်

ချူမိသားစုနှင့် လီချင်းကျူး အိုးရန်ရွှမ်းရွှမ်းတို့သည် စိတ်အေးသွားကြရသည်။ သို့သော်လည်းတကယ့်ပြဿနာက ယခုမှစတင်မည်ဖြစ်ကာ

ထိုအရာကို ကျိုးယန်ကိုင်တွယ်နိုင်မည်ဟု သူတို့မမျှော်လင့်ထားပေ။

ချူကျန်းချန်၏ အကြည့်က ကျိုးယန်နှင့်အတူထွက်လာသည့် စုံတွဲဆီကိုပဲရောက်ရှိနေကာ သူ့ပုံစံသည်လည်း မှင်သက်၍ကြောင်အနေသည်။

အဆိုပါစုံတွဲသည် သူ့ရဲ့ချူမျိုးဆက်ဖြစ်ကာဆယ်စုနှစ်တခုကျော်ကြာ ပျောက်ဆုံးနေသည့်

သားဖြစ်သူနှင့်ချွေးမ တို့ဖြစ်လေသည်။ တဖက်တွင် ချူလင်းယွင်သည်လည်း ၅နှစ်အရွယ်ကလေး၏ မပီပြင်ဝိုးတဝါးပုံရိပ်များကို ပြန်လည်ပုံဖော်နေသည်။ သူမ၏ မိဘနှစ်ပါးမှဟုတ်ပါလေစ။ သူမ၏အဖိုးမှ မိဘနှစ်ပါးသည် ပျောက်ကွယ်သွားကာ သူမတို့ဆီပြန်လာရန်မဖြစ်နိုင်တော့ဟုဆိုထားသည့် လူနှစ်ဦးကို ယခုတော့သူမပြန်တွေ့

ခွင့်ရလေပြီ။

"ဖေဖေ....မေမေ"

ချူမိသားစုဝင်များသာမက ချူကျန်းရှတို့ကိုသိထားသည့် မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများသည်လည်း ချူမိသားစုနည်းတူ ကြောင်အနေကြလေသည်။

"သူတို့က နယ်မြေထဲပိတ်မိသွားကြတာမဟုတ်လား"

"သူတို့သေကုန်ပြီလို့တောင် သတင်းထွက်ခဲ့တာလေ ဟုတ်တယ်မလား"

"သူတို့က ငါတို့နဲ့မျိုးဆက်တူထဲမှာ တကယ့်အကြမ်းစားပါရမီရှင်လင်မယားပဲ"

ချူကျန်းရှမှ သူ့အဖေရှိရာသွားနေစဥ် လန်ယိဟွားကတော့

သူမ၏သမီးလေးကိုမျက်ရည်များဖြင့် ကြည့်နေကာ သူမရဲ့နှုတ်ခမ်းအစုံကတော့ ပြုံးနေလေသည်။

"မင်းတို့က ချူကျန်းရှနဲ့လန်ယိဟွားမဟုတ်လား"

တံခွန်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူထံမှ တအံ့တ

သြဖြစ်နေသည့်စကားသံတခုထွက်ကျလာသည်။

ထိုလင်မယားသည် သူနှင့်မျိုးဆက်တူတူဖြစ်၍ပြိုင်ပွဲတွင်လည်း သူ့ကိုအနိုင်ယူကာ ပထမယူခဲ့ကြသူများဖြစ်သည်။

"သြော် ငါကဘယ်သူတွေများလဲလို့ ကျန်းရှတို့လင်မယားပဲ မင်းတို့ကမသေသေးဘူးကိုး

ကောင်းတယ် မင်းတို့ဆီကပါ ငါအကြွေးတောင်းလို့ရတာပေါ့ကွာ"

မဟာအကြီးအကဲ၏စကားကိုကြားလျှင် ကျိုးယန်က မဲ့ရွဲ့ကာပြောသည်။

"အကြွေး...ဟုတ်လား ခဗျားတို့ကဝမ်မိသားစုလမ်းစဥ် လိုက်ပြီး ကျုပ်ပိုင်တဲ့အရာတွေလုယူချင်ခဲ့တာမဟုတ်လား အကြွေးဆိုရင် ကျုပ်က

ပြန်ယူရဦးမှာပါ"

"ကောင်လေး စကားအပိုတွေမပြောတော့ဘူးမင်း ငါ့တပည့်နဲ့ငါ့ဂိုဏ်းက အကြီးအကဲကိုသတ်

လိုက်တယ် အဲ့ဒီအတွက်မင်းအသက်ကိုငါအခုပြန်ယူမယ်"

မဟာအကြီးကဲမှ ကျိုးယန်ကိုခက်ထန်စွာပြောပြီးနောက် သူ့လူများဘက်တချက်လှည့်ကာ..

"ဒီနေရာမှာရှိတဲ့ ချူမိသားစုကော သူတို့နဲ့သက်ဆိုင်သူတွေပါမကျန် အကုန်ရှင်းပစ်လိုက်"

အမှန်တကယ်တွင် တံခွန်ဂိုဏ်းမှ ကျိုးယန်ကိုရန်စခဲ့သည့် အဖြစ်ပျက်များအား တခြားသူများသိထားနှင့်ပြီးဖြစ်သော်လည်း မဟာအကြီးအကဲကတော့ အများအမြင်တွင် ကျိုးယန်ဘက်မှစတင်၍ တိုက်ခိုက်သောကြောင့် ပြန်လည်တုံ့ပြန်

ရသည်အသွင်ဆောင်ထားလေသည်။

"ဟားးးဟားး သရုပ်ဆောင်သိပ်ကောင်းတယ်ခဗျားက ခဗျားကိုယ်တိုင်တောင်ဘာမှန်းမသိတဲ့

ရတနာတခုအတွက် လူတယောက်ကိုသတ်ဖြတ်ပြီးလုယူတယ် နောက်တော့ ရတနာရဲ့အသုံးပြုပုံကိုမဖော်ထုတ်နိုင်တာနဲ့ ဆုအဖြစ်ပေးပြီး မျက်နှာ

ကောင်းပြန်ယူဖို့ကြိုးစားတယ် ဘယ်လိုတောင်ရယ်စရာကောင်းပြီး သိက္ခာမဲ့တဲ့လုပ်ရက်ကြီးလဲ"

ဟမ်.....ပထမဆုရဲ့အဆင့်မြင့်ရတနာက သူများဆီကလုယူထားတာတဲ့လား။ နောက်ပြီးရတနာကိုအသုံးပြုဖို့ မတတ်နိုင်လို့ ပြန်ပေးတယ်ဆိုပဲ။

ကျိုးယန်၏စကားကိုကြားချိန်တွင် အိုးရန်ရွှမ်းရွှမ်းတယောက် လဲကျသွားရသည်။ သူမစိုးရိမ်

နေခဲ့ရသည့်အရာများ အမှန်တကယ်ပင်ဖြစ်လာကာ သူမ၏အဖေသည် သူမကိုပင်နှုတ်ဆက်မသွားနိုင်တော့ပေ။

"အစ်မရွှမ်းရွှမ်း သတိထားပါဦး"

လီချင်းကျူးက အိုးရန်ရွှမ်းရွှမ်းကိုပွေ့ကာဖက်ထားလိုက်သည်။ ကျိုးယန်ကတော့သူ၏ဦး

ခေါင်းကိုအသာခါယမ်းကာ သူ့အနေဖြင့်ထိုအမှန်တရားအား အိုးရန်ရွှမ်းရွှမ်းတယောက်တည်းကိုသာ တိတ်တဆိတ်ပြောပြလိုသော်လည်း အများက တံခွန်ဂိုဏ်း၏လုပ်ရက်များကို အမှန်တိုင်းသိမြင်ထားမှသာ ယနေ့သူ့ရဲ့သတ်ဖြတ်မှုကို နား

လည်ပေးနိုင်ကြမည်ဖြစ်သည်။ သူသည်အကြောင်းမဲ့ လူသတ်တတ်သူမဟုတ်ပေ။ သူနှင့်

ပက်သက်သူများကိုထိပါးလာလျှင်တော့ ခွင့်လွတ်မည်မဟုတ်တော့။

"စိတ်ထဲရှိရာ လျှောက်ပြောမနေနဲ့ကောင်လေးရတနာက ငါ့အပိုင်ပဲ ငါ့အတွက်မလိုအပ်လို့ ဆု

အဖြစ်ရက်ရက်ရောရောပေးခဲ့တာကွ"

မဟာအကြီးကဲမှ ငြင်းဆန်သော်လည်း အများ

ကတော့အဖြစ်မှန်ကိုခန့်မှန်းနိုင်ကြလေသည်။တံခွန်ဂိုဏ်းကဲ့သို့ လောဘကြီးသည့်ဂိုဏ်းတခုကသူတို့အတွက်အသုံးမဝင်သည့်အရာကိုသာ တဖက်လူများကိုပေးကြမည်ဖြစ်သည်။ သူတို့အတွက်အသုံးဝင်သည့် သလင်းကျောက်တွင်းကိုဆယ်စုနှစ်နဲ့ချီ ချုပ်ကိုင်ထားသည်က သက်သေတခုပင်။

"ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့မရဘူး ကဲအခု ခဗျားတပည့်နဲ့ အကြီးအကဲတွေကိုကျုပ်

သတ်လိုက်ပြီးပြီ နောက်ထပ် ခဗျားတို့ကိုလည်းထပ်သတ်ဖို့

လူတယောက်ကိုကျုပ်ကတိပေးထား

တယ်"

ကျိုးယန်က သူ့ရဲ့ဓားကိုဆွဲထုတ်ကာ တံခွန်ဂိုဏ်းမှလူများထံဦးတည်လိုက်သည်။ ထိုစဥ်

အဖေနှင့်သား အမေနှင့်သမီး အလွမ်းသယ်နေကြသည့် သူများလည်းသတိဝင်လာကာ တိုက်ပွဲအတွက် အသင့်ဖြစ်သွားကြသည်။

"သူတို့က ငါ့အဖေကိုသတ်ခဲ့တာပေါ့"

အိုးရန်ရွှမ်းရွှမ်းတယောက် လဲကျနေရာမှမတ်မတ်ထရပ်ကာ ဓားကိုဆွဲထုတ်လိုက်သည်။

သူမ၏ တဦးတည်းသောမိသားစုဝင်ဖြစ်သည့်အဖေဖြစ်သူသေဆုံးသွားရခြင်းအတွက် ယနေ့

တွင်သူမက အသက်စွန့်ကာတိုက်ပွဲဝင်တော့မည်ဖြစ်သည်။

"အဖေ သမီးလေးကို ကာကွယ်ပေးပါ ကျုပ်တို့လင်မယား နဲ့ ကောင်လေးကျိုးက ဒီပြဿနာကိုကိုင်တွယ်နိုင်ပါတယ်"

ချူကျန်းရှက သူ့အဖေကိုပြောကာ ဇနီးဖြစ်သူ၏လက်ကိုဆွဲ၍ ကျိုးယန်နှင့်အတူ တိုက်ခိုက်ရန်အနားသို့ကပ်ရပ်လိုက်သည်။ ပြီးနောက် သူတို့ရဲ့

အရှိန်အဝါများကိုလည်း မချွင်ူမချန်ပင် ဖော်ထုတ်လိုက်ကြတော့သည်။

"စိတ်...စိတ်ဝိဉာဥ်အထွဋ်အထိပ်ပဲ ပြီးတော့သူတို့

လင်မယားနှစ်ယောက်စလုံးရောက်နေကြတာ"

"တံခွန်ဂိုဏ်းမှာတောင် ဂိုဏ်းချုပ်တယောက်ပဲအထွဋ်အထိပ်မဟုတ်လား"

"မင်းဘာသိလို့လဲ မဟာအကြီးအကဲက မူလပညာရှင်အဆင့်ကွ ဒါပေမယ့် ကျိုးယန်နဲ့ချူမိသားစုသာ ဒီပြဿနာကိုကျော်လွှားနိုင်ရင်နောင်တချိန် ချူမိသားစုကို ကျင့်ကြံရေးလောကကြီးတခုလုံး ဘယ်သူတွေရန်စရဲပါတော့မလဲ"

လူစုလူဝေးက တိုက်ပွဲကိုစောင့်ဆိုင်းနေသလိုကိုယ်စီကိုယ်စီလည်း တီးတိုးပြောဆိုနေကြသည်မဟာအကြီးအကဲက ကျိုးယန်ကိုစေ့စေ့ကြည့်၍

"ကောင်လေး မင်းအတွက်သေနေ့စေပြီ"

"တိုက်ကြ"

တံခွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်မှ ကျယ်လောင်စွာအော်ဟစ်ကာ ချူမိသားစုဝင်များထံ ပြေးဝင်တိုက်ခိုက်တော့သည်။ ချူမိသားစုဝင်များသည်ချူကျန်းချန်အပါအဝင် အကြီးအကဲများပါအပါလူရာဂဏန်းပင်မရှိသော်လည်း တဖက်ရှိတံခွန်

ဂိုဏ်းမှလူများကတော့ ထောင်ဂဏန်းထိရှိလေသည်။

"ကောင်လေးကျိုး ငါတို့လင်မယားက မဟာအကြီးအကဲကို ထိန်းထားမယ် မင်းက ကျန်တဲ့

သူတွေကို တိုက်ခိုက်တော့"

ချူကျန်းရှနဲ့ လန်ယိဟွားက ကျိုးယန်ကိုတချက်ကြည့်ကာပြောပြီးနောက် မဟာအကြီးကဲ

ဆီ ပြေးဝင်တိုက်ခိုက်တော့သည်။

"ဟမ့် အထွဋ်အထိပ်အဆင့်လောက်နဲ့လား"

ကျိုးယန်တယောက် တံခွန်ဂိုဏ်းချုပ်နှင့်အကြီးအကဲများဆီကြည့်ကာ သူသည်လည်း

တိုက်ခိုက်ရန် ပြေးဝင်တော့သည်။

"မင်းတို့ပြိုင်ဘက်က ဒီမှာကွ လာကြစမ်း"

ကျိုးယန်၏ကြိမ်းဝါးသံနှင့်အတူ ဓားအရိပ်များ ဝန်းကျင်တခုလုံးဖြာထွက်လာကာ များပြားသည့် အဆင့်နိမ့်ဂိုဏ်းသားများနှင့် အချို့အကြီးအကဲများဆီ တိုးဝင်သွားတော့သည်။

All Chapters