သွေးချောင်းစီခြင်း-၁
Vol. 5 Ch. 63
ကျိုးယန်နည်းတူ တဖက်တွင်လည်း ချူကျန်း
ချန် ချူလင်းယွင် လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွှမ်းတို့ကလည်း ဓားကွက်များထုတ်ဖော်ကာ
စတင်သတ်ဖြတ်ကြတော့သည်။ ချူလင်းယွင်မှ
လွဲ၍ လီချင်းကျူးနှင့်အိုးရန်ရွှမ်းရွှမ်းတို့သည်
သတ်ဖြတ်မှုကို မလုပ်ဆေင်ဖူးသည့်လူများဖြစ်
သော်လည်း အိုးရန်ရွှမ်းရွှမ်းအနေဖြင့် သူမအဖေ
အတွက်လက်စားချေလိုသည်က တကြောင်း
လီချင်းကျူးသည်လည်း ကျိုးယန်ကိုစွန့်ခွာကာ
တိုက်ပွဲကိုမရှောင်ဖယ်လိုသောကြောင့် သေလိုက
သေပါစေ ဟုသာစိတ်ဒုံးဒုံးချ၍ ကြီးမားသည့်
လူသတ်ပွဲတွင်ဝင်ရောက်ပါဝင်ရတော့သည်။
အား....
ကယ်ကြပါဦး...
ချွမ်..ချွမ်...
သေလိုက်စမ်း ချူအစုတ်အပြတ်တွေ
နာကျင်စွာအော်ဟစ်သည့် အသံများ။ လက်နက်ချင်းထိခတ်သံများ။ ကြိမ်းဝါးသံများ
က ကြောက်ခမန်းလိလိ ထွက်ပေါ်ကာ ကြားရသူအဖို့ ကြက်သီးဖြန်းဖြန်းထသွားစေမတတ်ပင်ဖြစ်သည်။ တံခွန်ဂိုဏ်း၏ ဂိုဏ်းချုပ်က ကျိုးယန် ရှိရာ ရောက်ရှိလာသည်။ ပြီးနေက် လက်ထဲမှ ဓားဖြင့်ခုတ်ပိုင်းကာ
ဒေါသတကြီးပြောလာသည်။
"ကောင်လေး မင်းကပြဿနာကောင်ပဲ ဒီနေ့ချူမိသားစုပျက်သုဥ်းရင် တရားခံကမင်းပဲကွ"
"ချူမိသားစုပျက်သုန်းမယ်တဲ့လား ဟားးဟားးခဗျားတို့ဂိုဏ်းတခုလုံးကို ကျုပ်ကဒီကျွန်းပေါ်မှာတင် မြေမြုပ်ပေးမယ်"
ကျိုးယန်ကလက်ထဲမှ ဓားဖြင့်ခတ်ထုတ်လိုက်စဥ် တခြားတဖက်မှ အကြီးအကဲနှစ်ဦးကလည်းကျိုးယန်ဆီ ဓားချက်များထုတ်ဖော်ကာတိုက်
ခိုက်လာသည်။
ချူကျန်းချန်သည် အကြီးအကဲအချို့ကိုသတ်ဖြတ်ပြီးနောက် ကျန်သည့် ဂိုဏ်းသားများကိုပါလိုက်လံတိုက်ခိုက်နေကာ မိန်းကလေး၃ဦးသည်
အနိမ့်ဆုံးကျင့်ကြံမှုက ရွှေအမြူတေအစောပိုင်းဖြစ်သောကြောင့် သာမန်ဂိုဏ်းသားများကိုရင်ဆိုင်ရာတွင် အခက်ခဲမရှိကြပေ။ ချူလင်းယွင်က
ရွှေအမြူတေအဆင့်ကို အလယ်အလတ်ထိရောက်ရှိနေသောကြောင့် သူမ၏တိုက်ခိုက်မှုက
အခြားမိန်းကလေး နှစ်ဥိးထက်ပို၍ ပြင်းထန်သည်။
"ခဗျားက ကျုပ်တို့ချူမိသားစုကို ဖျက်စီးမယ်ပေါ့ဟုတ်လား အရည်အချင်းရှိလားဆိုတာ ကျုပ်စမ်းသပ်ချင်သေးတယ် လာခဲ့စမ်းအဖိုးကြီး"
ချူကျန်းရှက သူ့ရဲ့ဓားကိုလက်နှစ်ဖက်ဖြင့်စုံကိုင်ကာ ပိုင်းလိုက်သည်။ ထို့အတူ လန်ယိဟွားသည်လည်း သူမအမျိုးသားနည်းတူ ခွန်အားများထိန်ချန်မထားပဲ သူမတို့ထက်အဆင့်ပိုမြင့်သည့်ရန်သူနှင့်ရင်ဆိုင်နေရသောကြောင့် ပို၍ပင်ပြင်း
ထန်သည့် တိုက်ကွက်များဖြင့် တိုက်ခိုက်တော့သည်။
"ဓားတသောင်းကခုန်ခြင်း"
"မဟူရာအလင်းဓား"
"အသူရာခုတ်ပိုင်းခြင်း အသူရာလမ်းစဥ်"
ကျယ်လောင်သည့် တိုက်ခိုက်သံများနှင့်အတူမြေကြီးအဆင့်ဓားကွက်များကြောင့် လေထုပင်အဆက်မပြတ်တုန်လာလာကာ ခပ်လှမ်းလှမ်း
ကြည့်နေကြသည့် လူအုပ်ကြီးလည်း အနောက်သို့ထပ်မံကာဆုတ်ပေးလိုက်ရသည်။
"ကြောက်ဖို့ကောင်းလိုက်တာ ချူလင်မယားကပျောက်ဆုံးနေတဲ့နှစ်တွေအတွက် ပိုတိုးတက်လာတာပဲ မူလပညာရှင်နဲ့တောင်ယှဥ်နိုင်နေပြီ"
"ချူသခင်မလေးကလည်း အံ့မခန်းပဲ သူမဓားတချက်ယမ်းလိုက်တိုင်း လူတွေက မြက်ရိတ်သလို သေကုန်ကြတာ"
အကုန်လုံးကတိုက်ပွဲကိုအာရုံမလွတ်တမ်းကြည့်နေချိန်တွင် ကျိုးယန်ကတော့ ၃ယောက် ၁
ယောက်ရင်ဆိုင်နေရသည်။
ချွင် ချွင် ချွင်
ဓားချင်းထိခတ်သံများအဆတ်မပြတ်ထွက်ပေါ်လာသလို တခါတရံ အလစ်ဝင်ဝင်လာတတ်သည့် လက်ဝါးရိုက်ချက်များကိုလည်း သတိထား
နေရသည်။
မဟာအကြီးကဲက လက်ဝါးရိုက်ချက်တခုထုတ်ဖော်ကာ ကြီးမားသည့် ချီလက်ဝါးကြီးဖြင့်ချူလင်မယားကိုအုပ်မိုးကာရိုက်ချသည်။ ချူလင်မယားသည်လည်း လက်ဝါးကြီးကိုကြည့်ကာအနည်းငယ်အေးစိမ့်သွားသော်လည်း ဟန်မပျက်
ပင် သူတို့၏ဓားချက်များဖြင့် ကြီးမားသည့်လက်ဝါးပုံရိပ်ကို ပြန်လည်ခုခံလိုက်ကြသည်။
ဝုန်း
အင့်
မူလပညာရှင် အဆင့် ၁ နှင့် စိတ်ဝိဉာဥ်အထွဋ်အထိပ်ကြားတဆင့်သာကွာသော်လည်း ကွာဟချက်က မိုးနဲ့မြေပမာဖြစ်ကာ လူတယောက်က
မူလပညာရှင်အဆင့်ကိုရောက်ရှိသွားပါက မသေမျိုးနယ်ပယ်ကို ခြေတလှမ်းစဝင်ပြီဟုဆိုနိုင်သည်ခန္ဓာကိုယ်သည်လည်း ပြန်လည်မွေးဖွားသကဲ့သို့
ပြောင်းလဲသွားကာ အရိုး အရည်သာမက သွေးကြောများနှင့်ဒန်တျန်တို့သည်လည်းပြောင်းလဲ
သွားမည်ဖြစ်သည်။ ထုတ်ဖော်အသုံးပြုသည့် ချီဓာတ်များကပို၍ သိပ်သည်းကာ အဖျက်စွမ်း
အားလည်းပိုများပေသည်။
ကျယ်လောင်သည့်အသံနှင့်အတူ ချူလင်မယားနှစ်ဦးစလုံး အဝေးသို့လွင့်စင်သွားကာ
သွေးအန်တော့သည်။
"အဖေ အမေ"
ချူလင်းယွင်လည်း ထိုအဖြစ်ကိုကြည့်ကာထိတ်ခနဲ ဖြစ်သွားပြီး အနားရှိရန်သူများကိုပို၍
သတ်ဖြတ်ကာ သူမ၏မိဘနှစ်ပါးဆီထိုးဖောက်သွားရန်ကြိုးစားတော့သည်။ တရာပင်မပြည့်သော လူနှင့် ထောင်ဂဏန်းရှိသည့် လူများတိုက်
ခိုက်ကြသည်ဆိုသော်လည်း အရည်အသွေးကွာ
ဟကာ အချိန်ကြာလာသည်နှင့်အမျှ တံခွန်ဂိုဏ်းမှ စတင်ယုတ်လျော့လာသည်။ ဂိုဏ်း၏အဓိကလူများကို ကျိုးယန်နှင့် ချူလင်မယားတို့က ထိန်း
ထားပေးသောကြောင့် ကျန်သည့်ချူကျန်းချန်နဲ့အကြီးအကဲများကဲ့သို့ စိတ်ဝိဉာဥ်အစောပိုင်း
အဆင့်များက တံခွန်ဂိုဏ်းမှကျန်သူများကိုကိုင်တွယ်နိုင်ပေသည်။
ကျိုးယန်တယောက် ချူလင်မယားရှိရာဘက်တချက်လှည့်ကြည့်ပြီးနောက် ချူလင်မယား
အနေဖြင့် မဟာအကြီးအကဲကိုဆက်လက်ထိန်းထားရန်ခက်ခဲတော့မည်ကို သတိထားမိသွား၍အနည်းငယ်လေးနက်သွားရသည်။
"ငါတိုက်ပွဲကို မြန်မြန်ဖြတ်ရမယ်"
ကျိုးယန်ရဲ့အတွေးကိုသတိထားမိသည့်
ဂိုဏ်းချုပ်က လှောင်ရယ်ကာ
"ကောင်လေး မင်းတို့ရှုံးတော့မယ် အခုချိန်မင်းဆီမှာရှိတဲ့
ဆေးလုံးနဲ့ကျင့်စဥ်တွေပေးမယ်ဆိုရင်သင်သက်သာသာသေခွင့်ပေးမယ်"
ဟမ့်.....။ ကျိုးယန်တယောက်နှာမှုတ်လိုက်သည်။ ဒေါသလည်းထွက်သွားရကာ ပို၍ပင်ပြင်းထန်သည့် တိုက်ကွက်များသုံး၍တိုက်ခိုက်တော့သည်။
"မင်းက သေချင်နေတာပဲ"
အကြီးအကဲတဦးက လက်ဝါးဖြင့် ကျိုးယန်
၏နောက်ကျောဘက်မှ တိုက်ခိုက်သည်ကိုသတိထာမိလိုက်သည်နှင့် ချက်ချင်းပင် ရှောင်လိုက်ကာ ထိုအကြီးအကဲကို လက်ဝါးဖြင့်ပြန်ရိုက်ချလိုက်သည်။
"သွားစမ်း"
တဖက်လူက အလစ်တိုက်ခိုက်သောကြောင့်ပိုင်ပြီးထင်ချိန်တွင် ကျိုးယန်ကရှောင်တိမ်းသွားကာ ပြန်လည်၍ပင်တိုက်ခိုက်လာမည်ဟု
မထင်ထားသောကြောင့် လက်ဝါးရိုက်ချက်ကိုမရှောင်တိမ်းနိုင်တော့ပေ။
အားးးးးး
ထိုအကြီးအကဲလည်း လွင့်စင်ကာ မြေပေါ်သို့ပြုတ်ကျသွားရသည်။ ဂိုဏ်းချုပ်နှင့် အခြားတစ်ဦးသည် ထိုအရာကိုတွေ့သည်နှင့် ကျိုးယန်ဆီချက်ချင်းတိုးဝင်ကာ တိုက်ခိုက်လာပြန်သည်။
ချူကျန်းရှတို့လင်မယား၏အခြေနေသည်ထိန်းထားနိုင်ရုံမျှသာဖြစ်ကာ အခြေနေမဟန်ပေ။တိုက်ပွဲအချိန်ကြာလာချိန်တွင် လူသေအလောင်း
များနှင့်သွေးများက မြေပြင်ပေါ်တွင်အိုင်ထွန်းနေကာ သွေးညှီနံ့များဖြင့် လေထုကိုဖုံးလွှမ်းနေလေတော့သည်။