← Chapters

သွေးချောင်းစီးခြင်း ၂

Vol. 5 Ch. 64

သွေးချောင်းစီးခြင်း ၂

Vol. 5 Ch. 64

ကျိုးယန်၏ရင်ဘတ်ကို ဂိုဏ်းချုပ်၏ဓားချက်ရှပ်ထိသွားသလို ကျိုးယန်၏ဘယ်ဘက်လက်သီးချက်သည် အကြီးကဲတဦး၏ ရင်ဘတ်ကိုတည့်

တည့်ပင်ထိမှန်ကာ သွေးအန်၍လွင့်စင်သွားလေသည်။ ကျိုးယန်သည် စိတ်ဝိဉာဥ်အထွဋ်အထိပ်၏ခွန်အားရှိသူဖြစ်ကာ တဖက်တွင်ဂိုဏ်းချုပ်

တဦးသာ အဆင့်တူဖြစ်သောကြောင့် ကျန်သူများအနေဖြင့် ကျိုးယန်၏တိုက်ခိုက်ချက်ကိုထိ

မှန်ပါက ဒဏ်ရာပြင်းထန်စွာရသွားနိုင်လေသည်။

ချူကျန်းရှက သွေးချင်းချင်းနီနေသည့် ခန္ဓာကိုယ်ဖြင့် ရှိနေသော်လည်း မူလပညာရှင်တဦး၏ခွန်အားအပြည့်တိုက်ခိုက်မှုများကို ကာစီးကာ

ဆက်လက်ရုန်းကန်နေလေသည်။ ချူလင်းယွင်မှသူမ၏ မိဘနှစ်ပါးအခြေနေကိုသိသော်လည်းဖောက်ထွက်မရသေးပေ။

ချူကျန်းချန်သည် ကျန်ရှိနေသည့် အတန်အသင့်အဆင့်မြင့်သူများကို ချူမိသားစုအကြီးအကဲများနှင့်ပေါင်းကာ သတ်ဖြတ်နေသည်။ သူတို့သည်လည်း ဒဏ်ရာများစွာရထားကာ ယိုင်လဲလုမတတ်ပင်ဖြစ်သည်။

ကျိုးယန်က ဂိုဏ်းချုပ်ဆိုသူကို စူးစိုက်ကြည့်လိုက်သည်။ ယခုတော့ သူဖြေရှင်းရန် တဦးသာကျန်တော့သည်။ ထိုလူကိုသာဖြေရှင်းပြီးပါကချူလင်မယားကို ကူညီရန်ကြိုးစားရဦးမည်။

"ကောင်လေး မင်းက ထင်ထားတာထက်ပိုတော်တဲ့ပါရမီရှင်ပဲ ကျူးလန်ထက်အများကြီးသာ

တယ် ဒါပေမယ့် မင်းသေရမယ်"

ဂိုဏ်းချုပ်က ခွန်အားလက်ကျန်များကို အကုန်စင်သုံးကာ ကျိုးယန်ကိုတိုက်ခိုက်တော့သည်။

"ကောင်းတယ် မြန်မြန်သေချင်နေရင် ကျုပ်ကခဗျားကို ကူညီမယ်"

ပြင်းထန်သည့် သတ်ဖြတ်ခြင်းအရှိန်အဝါများ

ထွက်ပေါ်လာကာ အဆင့်တူနှစ်ဦး၏ တိုက်ခိုက်ချက်များထွက်ပေါ်လာသည်။

ဝုန်း.. ဒဏ်ရာကိုယ်စီရကာ လွင့်ထွက်သွားသည်။တံခွန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ချူကျန်းရှနည်းတူ အဆင့်တူတွင် ပြိုင်ဘက်ကင်းနီးပါးစွမ်းရည်

ရှိသူဖြစ်သောကြောင့် ကျိုးယန်အတွက်အချိန်ယူရန်လိုအပ်နေသည်။

ဝေါ့... သွေးတပွက်အန်ထုတ်ကာချက်ချင်းပင်ဂိုဏ်းချုပ်ဆီပြန်တိုးဝင်ကာ ဓားချက်တခုနှင့်အတူ လက်ထဲတွင်အသာဝှက်ထားသည့် မီး​တောက်

လေးနှင့်ပါ တိုက်ခိုက်တော့သည်။ မီးတောက်လေးကိုအသုံးမပြုပဲတိုက်ခိုက်အနိုင်ယူနိုင်သော်

လည်း အချိန်ကြာမည်ဖြစ်ကာ တဖက်တွင်ချူလင်မယားက အခြေနေဆိုးရွားနေသောကြောင့်

သူ့အတွက် ပွဲအမြန်ဖြတ်ရန်မီး​တောက်လေးကိုထုတ်ဖော်ရတော့သည်။

"ဒါ ဘာကြီးလဲ မီးတောက်လား...ဟမ့်ကလေးကလားအဆင့်မီးတောက်လေးနဲ့များတိုက်ခိုက်

ချင်နေသေးတယ်"

ဂိုဏ်းချုပ်မှ မီးတောက်လေး၏ ပုံစံကိုကြည့်၍အထင်တသေးဖြင့် အသာအယာကာကွယ်ရန်ပြင်လိုက်သော်လည်း သူ့အနားကပ်လာချိန်တွင်

တော့ သူ့အတွေးများကမှားယွင်းနေကြောင်းသိသွားရတော့သည်။

ဟာ..ဘာမီးတောက်ကြီးလဲ ပြင်းထန်လိုက်တာ။ချက်ချင်းပင် ဓားချက်ကိုလက်ထဲမှ ဓားဖြင့်ခုခံကာ မီးတောက်လေးကိုတော့ ကမန်းကတန်းရှောင်တမ်းသော်လည်း မလွတ်မြောက်တော့ပေ။

အားးးးးး

လက်တဆုပ်စာ မီးတောက်ကလေးသာဖြစ်သည်သာမန်မီး​တောက်သာဆိုလျှင် ငြိမ်းသတ်၍ရနိုင်သော်လည်း အသိဉာဏ်ရှိသည့် မီးသန္ဓေသားကို

တော့ မငြိမ်းသန်နိုင်ပေ။

တကိုယ်လုံးလောင်မြိုက်ကာ မြေပေါ်လူးလိမ့်နေသည်။ ထိုမြင်ကွင်းကိုကြည့်နေသည် အခြားဂိုဏ်းနှင့်မိသားစုများက လူများသည်လည်းမှင်

သက်နေကာ မီးတောက်လေး၏စွမ်းအားကိုမယုံကြည်နိုင်ဖွယ် ပြူးကျယ်သည့်မျက်လုံးအစုံ

များဖြင့် ကြည့်နေကြသည်။

ချီးပဲ အဲ့ဒါဘာမီးတောက်လဲ ကြောက်ဖို့ကောင်းလွန်းတယ်လို့ မထင်ဘူးလား။

ကျိုးယန်က မီးလောင်ကာ မြေပေယ်လူးလိမ့်နေသည့် ဂိုဏ်းချုပ်ကို တချက်သာကြည့်ကာ

တခြားသူများဘက်လှည့်၍ ဓားချက်တခုသုံးလိုက်တော့သည်။ ရှည်လျားသည့်ဓားအလင်းတန်းတခုက လေထုကိုဖြတ်သန်းသွားကာ ခန္ဓာကိုယ်များနှင့်အတူ လေဟာနယ်ကိုပင်ပိုင်းဖြတ်သွားမတက်ခံစားကစေသည်။

ထက်ပိုင်းပြတ်သွားသည့် ခန္ဓာကိုယ်များ...။ထိုခန္ဓာကိုယ်များမှ ရေပန်းကဲ့သို့ပန်းထွက်နေ

သည့် သွေးများ....။ အရာအားလုံးတိတ်ဆိတ်...။တချို့ တံခွန်ဂိုဏ်းသားများက ကိုယ်လွတ်ရုန်းပြေးကြကာ အများစုက ချူလင်းယွင် ချူကျန်း

ချန် လီချင်းကျူးတို့ကြောင့် ရှင်းလင်းသွားပြီဲဖြစ်၍ ယခုကျိုးယန်၏ ဓားချက်က လက်ကျန်များကို ဇာတ်သိမ်းပေးလိုက်သည့်နှယ်။

မိန်းကလေး၃ဦးသည် ထောင်နှင့်ချီသည့် လူသေအလောင်းများကိုကြည့်ကာ အနည်းငယ်တုန်ယင်နေကြသော်လည်း ဟန်မပျက်ထိန်းကာ ရပ်

နေကြလေသည်။ အထူးသဖြင့် အတွေ့ကြုံလုံးဝမရှိထားသည့် လီချင်းကျူးနှင့်အိုးရန်ရွှမ်းရွှမ်းတို့ဖြစ်သည်။ သူမလေးတို့သည် မည်သည့်တိုက်ပွဲ

အတွေ့အကြုံမှ မရှိသော်လည်း အဆင့်မြင့်ကျင့်စဥ်များသာမက ကြီးမားသည့်ခွန်အားကြောင့်နောက်ဆုံးအချိန်ထိရပ်တည်နိုင်ခဲ့သော်လည်း

ဒဏ်ရာများကတော့ မရေတွက်နိုင်ပေ။

ကျိုးယန်က သူမတို့ရှိရာတချက်ကြည့်လိုက်သည်။ ယခုချိန်သည် သူမတို့ထက်အရေးကြီးသည့် အရာကို ဖြေရှင်းရန်ကျန်တေသောကြောင့်

ချက်ချင်းပင်လှည့်ကာ ချူလင်မယားတို့၏တိုက်ပွဲထံ ခုန်ဝင်သွားတော့သည်။

ချူမိသားစုဝင်အများစုသည် သေလုနီးပါးဒဏ်ရာများရထားကြသည်။ ထို့အပြင် အချို့

သောမိသားစုဝင်များသည်လည်း အမှန်တကယ်သေဆုံးသွားကြကာ အကောင်းတိုငကျန်ရှိနေ

သူများက လက်တဖက်စာပင်မရှိတော့ပေ။ချူကျန်းချန်နှင့် အကြီးအကဲတဦးသည် ယိုင်ထိုး

နေသည့် ခန္ဓာကိုယ်ကိုထိန်းကာနောက်ဆုံးလက်ကျန် ဂိုဏ်းသားများကို သတ်ပြီးနောက်

မြေပေါ်ပြိုလဲကျသွားတော့သည်။

ချူကျန်းချန်အနေဖြင့် သူ့သားနှင့်ချွေးမကိုစိတ်ပူသော်လည်း သူ့တွင်တတ်နိုင်တာဘာမှမရှိတော့ပေ။ ကျိုးယန်ကိုသာ ပုံအပ်ရပေတော့မည်။

ချူလင်းယွင်နှင့်အခြားမိန်းကလေး နှစ်ဦးကလဲကျိုးယန်တယောက် ချူလင်မယားဆီ ရောက်ရှိသွားသည်ကိုကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ သူမတို့သည် ကျိုးယန်ကိုယုံကြည်သောကြောင့် ကျိုးယန်တို့၃ဦးသည် တဖက်ရှိလက်ကျန် မဟာအကြီးကဲကို ကိုင်တွယ်နိုင်လိမ့်မည်ဟု တွေးလိုက်ကြသည်။ သူမတို့ဝင်ပါနိုင်

သည့်တိုက်ပွဲတခုမဟုတ်ပေ။

All Chapters