← Chapters

မဟာအကြီးအကဲကိုရင်ဆိုင်ခြင်း

Vol. 5 Ch. 65

မဟာအကြီးအကဲကိုရင်ဆိုင်ခြင်း

Vol. 5 Ch. 65

ကျိုးယန်တယောက် ချူလင်မယားဆီခုန်ဝင်သွားချိန်တွင် ချုလင်မယားသည်ကား အဆုံးသတ်ရန်ပင် နီးကပ်နေချေပြီ။ ဒဏ်ရာများစွာရရှိထား၍ ခန္ဓာကိုယ်ကိုပင်အနိုင်နိုင်ထိန်းချုပ်နေရလေသည်။ သူတို့သာ အစွမ်းအစမရှိသူများဆို

လျှင်တော့ ယခုလောက်ပင်ထိန်းထားနိုင်မည်မဟုတ်ပေ။

"သေလိုက်တော့"

မဟာအကြီးအကဲ၏လက်ဝါးရိုက်ချက်တခုချူလင်မယားဆီတိုးဝင်သွားသည်။ မဟာအကြီးအကဲသည် သူ့လူများအဆုံးသတ်သွားသည်ကိုသိသော်လည်း ရုန်းကန်နေသေးသည်။ တံခွန်ဂိုဏ်းသည် ကျင့်ကြံရေးလောကတွင် ပျောက်ဆုံးသွား

ရတော့မည်ဖြစ်ကာ ထိုအချင်းအရာသည် ကျိုးယန်နှင့်ချူလင်မယားကြောင့်ဖြစ်ရသည်ဟု ထင်မှတ်ထားလျက်ဒေါသထွက်စွာ ပို၍ပင်ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိတော့သည်။

ကြီးမားသည့် လက်ဝါးပုံရိပ်ကြီးက သူတို့ဆီတိုးဝင်လာချိန်တွင် မည်သို့မှ ခုခံရန်မဖြစ်နိုင်ကြသည့်ချူလင်မယားကတော့လက်ဝါးရိုက်ချက်ကိုခံယူရန်သာတတ်နိုင်တော့သည်။ ထိုစဥ် ကျိုးယန်တယောက် ဓားချက်တခုအမြန်ထုတ်ကာ ထို

လက်ဝါးရိုက်ချက်ကြီးကို ခုခံပြီး တပြိုင်နက်ချူလင်မယားအရှေ့သို့ ပြေးဝင်ကာရပ်လိုက်

သည်။ မူလပညာရှင်၏ ခွန်အားက နောက်ပြောင်စရာတော့မဟုတ်ပေ။ ကျိုးယန်၏ ဓားချက်ကပုံရိပ်ကိုဖြတ်ပိုင်းကာ တိုက်ခိုက်မှုအများစုကိုပယ်ဖျက်ပေးသော်လည်း အကုန်အစင်တော့မဟုတ်ပေ။ ခွန်အား၏ ၇၀ ရာနှုန်းခန့်ထိပယ်ဖျက်သွားစေပြီး ကျန်တဲ့ရာနှုန်းကိုတော့ ကျိုးယန်ကထိမှန်ခံလိုက်ရတော့သည်။

ဝေါ့....

သွေးတပွက်အန်ထုတ်ရင်း ချူလင်မယားနည်းတူ ကျိုးယန်လည်း လွင့်စင်သွားရလေသည်။ချီးပဲ...။ ဒါတောင်မူလပညာရှင်အဆင့် ၁ပဲ ရှိသေးတယ် ငါခုခံဖို့ခက်နေပြီ။ ကျိုးယန်ကစိတ်ပျက်စွာတီးတိုးရေရွတ်သည်။

"စနစ်ရှင်မစိုးရိမ်ပါနဲ့ ပကတိရှင်သန်ခြင်းအဆင့်သက်တော်စောင့်ရှိတယ်လေ စနစ်ရှင်သေခါနီးရင်သူကယ်မှာပါ"

ဟမ်..သေခါနီးရင်ဟုတ်လား။ ကျိုးယန်ကလည်းထိုအရာကိုသိပါသည်။ သို့သော် သူ့အနေ

ဖြင့် အိုးရန်ရွှမ်းရွှမ်းအတွက်ဖြစ်စေ ကလဲ့စားချေပေးမည်ဟုဆိုထားသည့် သူ့ကတိကြောင့်ပင်ဖြစ်စေ မဟာအကြီးအကဲကို သူ့လက်နဲ့ပင်သတ်လို

သည်။ ပြင်ပအကူညီမယူလိုပေ။

"မလိုအပ်ဘူး ငါ့လက်နဲ့သူ့ကိုသတ်မယ်"

ကျိုးယန်က အလျင်အမြန်ထရပ်ကာ ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ့အနေဖြင့်

မူလပညာရှင်ကို ထိပ်တိုက်ရင်ဆိုင်ရန် စွန့်စားလျှင် ကောင်းမည်လားဟုတွေးသော်လည်း ထို

အတွေးကိုချက်ချင်းပယ်ထုတ်လိုက်သည်။ ပြီးနောက် သူနှင့်ပေါင်းစပ်ထားသည့် မူလနယ်မြေကိုသတိရလိုက်သည်။ ထိုနယ်မြေတွင်သူသည်ဘုရင်ဖြစ်ကာ အရာအားလုံးကိုထိန်းချုပ်နိုင်လေသည်။

ချက်ချင်းပင် ချူလင်မယားဆီသွားကာဆေးလုံးအချို့ပေး၍ တိုက်ပွဲ၏ဝေးရာကိုရှောင်

ထွက်သွားစေသည်။

"ပြေးချင်တာလားကွ နောက်ကျသွားပြီ"

ထိုမြင်ကွင်းကိုကြည့်၍ မဟာအကြီးအကဲသည် ဒေါသပြင်းစွာထွက်ကာ နောက်ထပ်လက်ဝါးရိုက်ချက်များအဆက်မပြတ် ထုတ်၍ကျိုးယန်တို့ကို တိုက်ခိုက်လာသည်။

"သွားကြတော့ ကျတော့်မှာသူကိုရင်ဆိုင်မယ့်နည်းလမ်းရှိတယ်"

ကျိုးယန်က ချူလင်မယားကို ချူလင်းယွင်တို့ရှိရာပို့လိုက်သည်။ ပြီးနောက် မဟာအကြီးအကဲ၏ လက်ဝါးရိုက်ချက်များကို ဓားချက်များအ

ဆက်မပြတ်ထုတ်ဖော်ကာ ခုခံရင်း အစီအရင်ကြီးရှိရာ ဆုတ်ခွာသွားတော့သည်။

မဟာအကြီးအကဲက ကျိုးယန်သည် သူ၏တိုက်ခိုက်မှုများကို ခုခံနိုင်သည်ကိုမြင်လျှင် ပို၍ဒေါသထွက်လာကာ မူလပညာရှင်အဆင့်၏စွမ်းရည်ဖြစ်သည့် လေဟာနယ်ကို ဖြတ်ကျော်၍ကျိုးယန်၏အနားသို့ကပ်ကာ လက်ဝါးရိုက်ချက်တခုဖြင့် ရိုက်ချလိုက်သည်။ မြန်တယ် မြန်လွန်းတယ်။ စက္ကန့်ပိုင်းအတွင်း မီတာဆယ်ဂဏန်းအကွာအဝေးကို ခုန်ကူးလာတာ။ တကယ်တမ်းဆိုလျှင် ထိုအဆင့်များက ကီလိုမီတာရာဂဏန်းကို

ပင် ခုန်ကူးနိုင်ပေသည်။

ဝုန်း...

လက်ထဲမှဓားလည်း လွတ်ကျကာ အစီအရင်ရှိရာသို့လွင့်ထွက်သွားသည်။ အစီအရင်သည် ပြန်လည်ပိတ်သိမ်းထားသောကြောင့် ထိုနေရာ၌အစီအရင်၏ အကြွင်းအကျန်စွမ်းအင်များရစ်ဝဲနေသော်လည်း မြင်ကွင်းများကတော့ မြို့တံတိုင်း

ကြီးမဟုတ်တော့ပဲ သာမန် ကျွန်းတခု၏မြင်ကွင်းသာဖြစ်နေသည်။ ကျိုးယန်တယောက် ထိုနေရာသို့ရောက်သည်နှင့် မဟာအကြီးအကဲကို သူ့အနားပို၍ကပ်လာစေရန်အတွက် လဲကျနေရာမှချက်ချင်းမထသေးပဲ စောင့်နေလိုက်သည်။

တဖက်တွင်တော့ ကျိုးယန်တယောက် မထနိုင်တော့ဟုအထင်မှားကာ ချူမိသားစုနှင့်မိန်းကလေများသည် ဝမ်းနည်းစိတ်ပျက်သွားကြရသည်။

လက်ရှိအချိန်တွင် တံခွန်ဂိုဏ်း၌ အင်အားကြီးဟူ၍

မဟာအကြီးအကဲသာကျန်တော့သည်ဆိုပေမဲ့ထိုလူကိုသာမဖြေရှင်းနိုင်လည်း သူတို့အနေဖြင့်

အချိန်မရွေးအဆုံးသတ်သွားနိုင်ပေသေးသည်။

"ကောင်လေး မင်းအတွက်ဘာကောင်းတယ်ဆို

တာကို အခုပဲလက်တွေ့ပြပေးမယ် သေပေတော့"

မဟာအကြီးအကဲကလည်း ထိုမြင်ကွင်းကိုမြင်ပေသည်။ ချက်ချင်းပင်အားတက်သွားကာ

သူသာ ကျိုးယန်ကိုအဆုံးသတ်လိုက်နိုင်လျှင်သေလုနီးပါးဒဏ်ရာရထားသည့် ချူလင်မယား

သည့် သူ့အတွက်ဖြေရှင်းရန်မခက်တော့ပေ။

"ဒီကောင်လေးကိုသတ်ပြီးရင် မင်းတို့ချူမိသားစုအလှည့်ပဲ စောင့်နေလိုက်ကြ"

မဟာအကြီးအကဲမှ ချက်ချင်းပင်လေဟာနယ်ခုန်ကူးလာကာ အနီးကပ်တိုက်ခိုက်ရန်ကြိုး

စားတော့သည်။ ထိုမှသာ သူ့ရဲ့တိုက်ခိုက်မှုများကိုကျိုးယန်ရှောင်တိမ်းရန် ခက်ခဲမည်ဖြစ်ကာ အလျင်အမြန်အဆုံးသတ်နိုင်မည်လည်းဖြစ်သည်။

ကျိုးယန်ကလည်း ထိုအခွင့်အရေးကို စောင့်နေသည်။ မူလနယ်မြေသည်ကျွန်းကြီးတခုလုံးဆို

သော်လည်း သူသာ တိုက်ပွဲစစချင်း မူလနယ်မြေထဲ မဟာအကြီးကဲကိုထည့်သွင်းပါက ကျန်လူများပါ ရောက်လာနိုင်ကာ နောင်တွင် မူလနယ်မြေကို

ကျိုးယန်တယောက်ထိန်းချုပ်ထားနိုင်သည့်ကိစ္စအား အနှေးနဲ့အမြန်သိသွားပေလိမ့်မည်

ထို့အတွက် အစီအရင်ကြီးထားရှိရာနေရာဆီမတော်တဆဟန်ဖြင့် ဆွဲခေါ်၍ မထင်မှတ်ထား

သည့် အလှည့်အပြောင်းတခုဖြစ်ဟန် ပုံဖော်မည်ဖြစ်သည်။ ကျိုးယန်နှင့်မဟာအကြီးအကဲတို့

သည် တခြားသူများနှင့် အတော်ကွာဝေးနေသောကြောင့် ကျိုးယန်၏ ဆုံးဖြတ်ချက်သည် အတွေးကောင်းတခုဖြစ်ကာ ထိရောက်နိုင်သည်။

လက်ဝါးရိုက်ချက်က ကျိုးယန်ဆီနီးကပ်လာသည်ကို ကြည့်ကာ ချူမိသားစုနှင့်မိန်းကလေးများသည် စိတ်ဓာတ်ကျသွားတော့သည်။ ထိုတိုက်ခိုက်မှုကြောင့် ကျိုးယန်တယောက်အဆုံးသတ်သွားလိမ့်မည်ဟု ထင်နေကြသည်။ မဟာ

အကြီးကဲသည်လည်း ထိုသို့ပင်တွေးကာ မျက်နှာပေါ်တွင်

လှောင်ပြောင်ရိပ်များစွန်းထင်လျက်ရှိနေသည်။

ထိုစဥ် မထင်ထားသည့်အရာများဖြစ်လာသည်

ပြန်လည်သိမ်းဆည်းထားသည့် အစီအရင်ကြီးနိုးထလာခြင်းမဟုတ်သော်လည်း မြို့တံတိုင်းကြီးက ပြန်လည်ပေါ်ထွက်လာကာ အလင်းတန်းနှစ်ခု

မှ ကျိုးယန်နှင့် မဟာအကြီးအကဲကိုပြိုင်တူပင်

ဆွဲခေါ်သွားသောကြောင့် လက်ဝါးရိုက်ချက်သည်

ထိချက်လွဲချော်သွားသလို နှစ်ဦးစလုံးသည်လည်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

"ဒါ ဘာဖြစ်သွားတာလဲ"

"မူလနယ်မြေ နောက်တခေါက်ပွင့်တာလား ပြီးတော့ သူတို့ကကော ဘာလို့ဆွဲခေါ်ခံရတာလဲ"

ဖြစ်နိုင်ချေများကို အသည်းအသန်ဆွေးနွေးနေကြသော်လည်း လက်တွေ့ကိုအမှန်တကယ်တွက်ဆနိုင်သူများက ချူလင်မယားသာရှိသည်။

ကျိုးယန်သည် မူလနယ်မြေတခုလုံးကိုပိုင်ဆိုင်ထားသောကြောင့် ထိုနယ်မြေတွင် ဘုရင်တပါး

ဖြစ်သည်။ မဟာအကြီးအကဲကိုသာ ထိုနယ်မြေထဲသို့ခေါ်​ဆေင်နိုင်ပါက အတုံ့အလှည့်တခုလုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ သို့သော်အများ၏

အမြင်တွင် ကျိုးယန်း၏စိတ်ကူးသည် ခန့်မှန်း၍မတတ်နိုင်ကြကာ အထူးသဖြင့် ကျိုးယန်အနေနဲ့မူလနယ်မြေတခုလုံးကို ရရှိထားမည်ဟု မည်သူမှ

ထင်ထားကြမည်မဟုတ်ပေ။

All Chapters