← Chapters

ဖိနှိပ်ခြင်း

Vol. 5 Ch. 66

ဖိနှိပ်ခြင်း

Vol. 5 Ch. 66

မဟာအကြီးအကဲနှင့်ကျိုးယန်တို့၏ ပတ်ဝန်းကျင်မြင်ကွင်းများကပြောင်းသွားကာ မူလနယ်မြေထဲသို့ရောက်ရှိသွားတော့သည်။ ထိုအချိန်တွင်

မဟာအကြီးအကဲသည် ထိုအရာကိုသတိထားမိသွားကာ အနည်းငယ်ထိတ်လန့်သွားသည်။

ဒါ ဘယ်နေရာလဲ...။ ဒီနေရာကဘာလို့ငါ့ကိုဖိအားပေးနေတယ်လို့ ခံစားနေရတာလဲ။

သူ့အထင်မှန်ပေသည်။ မူလနယ်မြေသည်မူလအဆင့်ရှိသူများကို ဝင်ရောက်ခွင့်မပြုထားပဲ ဝင်ရောက်လာပါက စိတ်ဝိဉာဥ်အထွဋ်အထိပ်ထိဖိနှိပ်

တတ်ပေသည်။ ထို့ကြောင့် မဟာအကြီးအကဲတယောက် ကျိုးယန်နှင့်အတူ မူလနယ်မြေထဲ

ရောက်သွားချိန်တွင် သူ့ရဲကျင့်ကြံမှုသည် ကျဆင်းသွားရတော့သည်။

"ကောင်လေး...မင်းဘာတွေလုပ်နေတာလဲ ဒါကကောဘယ်နေရာလဲ"

ကျိုးယန်က မဟာအကြီးအကဲကို ကြည့်ကာပြုံးနေလေသည်။ သို့သော်လည်း ဒဏ်ရာကြောင့်ပြုံးနေသည့်ပုံမပေါ်ပဲ မဲ့နေသည့်ပုံဖြစ်နေရသည်။

"ဒါလား... ခဗျားတို့ခနခန ဖွင့်ပြီးအဝင်အထွက်လုပ်နေတဲ့ မူလနယ်မြေလေ အခုခဗျားကိုကျုပ်က အလည်အပတ်ခေါ်လာတာ ဘယ်လိုလဲသဘောကျရဲ့လား"

"မင်းက.. ဒါဆို"

မဟာအကြီးအကဲသည် နားမလည်ဟန်ဖြစ်သွားရသော်လည်း မည်သည့်အစီရင်ကိုမှမသုံးပဲကျိုးယန်သည် သူ့ကိုနယ်မြေထဲခေါ်သွင်းနိုင်သည်ကို ကြည့်လျှင် ကျိုးယန်နှင့်မူလနယ်မြေကြား ဆက်စပ်မှုရှိနေပေလောက်မည်။ ဖိနှိပ်ခံလိုက်ရသည့် ကျင့်ကြံမှုကြောင့် ကျိုးယန်ကိုကိုင်တွယ်ရန် ခက်ခဲသွားရသော်လည်း သူ့အနေဖြင့်လက်မလျှော့လိုပေ။

"ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ငါမင်းကိုသတ်ပစ်နိုင်တယ်ကောင်လေး"

မဟာအကြီးအကဲက ကျိုးယန်ကိုအရင်ဦးစွာတိုက်ခိုက်လာသည်။ ကျိုးယန်အတွက် မူလနယ်မြေသည် သူ့အစွမ်းများစိတ်ကြိုက်သုံးကာရနိုင်သည့်နေရာဖြစ်သောကြောင့် မကြောက်တော့ပေ။မဟာအကြီးအကဲ၏ တိုက်ခိုက်မှုကို တည်နေရာရွှေ့ပြောင်းကာ ရှောင်လိုက်သည်။

"ဟင် လေဟာနယ်ခုန်ကူးတာလား သူကမူလပညာရှင်အဆင့်ရောက်သွားတာလား အရှိန်ဝါက

မဟုတ်သေးပါဘူး"

မဟာအကြီးအကဲသည် တခဏကြောင်အသွားရသော်လည်း အတွေ့အကြုံရင့်ကျက်သူမို့

ချက်ချင်းပင်သတိဝင်ကာ ကျိုးယန်ကို ပိုမိုကြမ်းတမ်းစွာတိုက်ခိုက်တော့သည်။

"အဖိုးကြီး ဒီထဲမှာဆို ကျုပ်ကဘုရင်ပဲလာခဲ့စမ်း"

ကျိုးယန်သည် မဟာအကြီးအကဲ၏တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ဓားချက်များဖြင့်ပြန်လည်တိုက်ခိုက်တော့သည်။ ဟမ့် မင်းကသေချင်နေတာပဲ။

ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးထပ်ပေါ်လာပြန်သည်။ ထိုလက်ဝါးရိုက်ချက်သည် မူလပညာရှင်အဆင့်ရှိသူတယောက်၏ ခွန်အားအကုန်ပါဝင်သည့် တိုက်ခိုက်မှုဖြစ်ကာ မရှောင်တိမ်းနိုင်ပါက တချက်တည်းအသက်ပါသွားနိုင်သည်။သို့သော် မူလနယ်မြေထဲတွင်တော့ လက်ဝါးရိုက်ချက်၏စွမ်းအင်က ကျင့်ကြဲမှုကဲ့သို့ပင် ဖိနှိပ်ခံလိုက်ရကာ ကျိုးယန်ကို အန္တရာယ်မဖြစ်စေတော့ပေ။

ကျိုးယန်က လက်ဝါးရိုက်ချက်ကို ဓားချက်ဖြင့်ပင် အလွယ်တကူခုတ်ပိုင်းလိုက်သည်။ အလွယ်တကူဟုဆိုသော်လည်း ဓားချက်တွင် ခွန်အားအကုန်သုံးထားခြင်းဖြစ်၍ ဓားအလင်းကရိုးစင်းကာ ပြင်းထန်သည့်အရှိန်တခုကိုသယ်ဆောင်ထားသည်။

ဝုန်း....

လက်ဝါးပုံရိပ်က ပျောက်ကွယ်သွားသည်။ပြီးနောက် နှစ်ဦးစလုံး ပြိုင်တူပင်အနောက်သို့ဆုတ်ခွာလိုက်ရကာ တဦးကိုတဦး အတန်ကြာစိုက်ကြည့်နေကြသည်။ သူတို့နှစ်ဦးစလုံးသည် တိုက်ပွဲကိုမရှည်ကြာစေလိုတော့။ ကျိုးယန်သည် အပြင်တွင်ရှိနေသည့်လူများ၏ ဒဏ်ရာအခြေနေကိုစိတ်ပူနေသောကြောင့် အမြန်အဆုံးသတ်လိုနေသည်။သူ့ရဲ့နောက်ဆုံးလက်နက်ဖြစ်သည့် မီး​တောက်

လေးကိုထုတ်လိုက်သည်။ မီးတောက်လေးပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်သည်

ရှုံ့တွလာကာ ပူလောင်လာသည်။

မီးတောက်လေးသည် ကလေးသာသာ သာရှိသော်လည်း အသိစိတ်ရှိသည်။ သူနှင့်ပေါင်းစပ်ထားသူဖြစ်သည့် ကျိုးယန်တယောက် သေရှင်

တိုက်ပွဲရင်ဆိုင်နေသည်ကို သိမြင်သောကြောင့်ထွက်ပေါ်လာသည်နှင့် ၎င်း၏အစွမ်းကို အကုန်စင်ထုတ်ဖော်ထားလေသည်။

"ဒါ မီးသေန္ဓသားပဲ မင်းလိုကောင်မှာရှိနေရင်အသုံးမဝင်ဘူး ငါ့အပိုင်စြဖ်ရမယ်"

မဟာအကြီးအကဲမှ မီးသန္ဓေသားကိုလောဘတကြီးစိုက်ကြီးကာဆိုလိုက်သည်။ ကျိုးယန်ကတော့နှုတ်ခမ်းများတွန့်ကွေးသွားကာ

"သေခါနီးတောင် လောဘတက်နေသေးတယ်မီးတောက်လေး ငါတို့အတူအဆုံးသတ်လိုက်ရ

အောင်"

ကျိုးယန်က မီးတောက်လေးကိုပြောကာလက်ဝါးပေါ်ရှိ မီးတောက်လေးကို သူ့ရဲ့ဓားဆီ

ပို့လွှတ်ကာ မီး​တေက်ဓားအသွင်ပြောင်းလိုက်သည်။ ထိုတိုက်ကွက်ကို အမွေအနှစ်စမ်းသပ်မှု

တွင် သူတခါအသုံးပြုဖူးလေသည်။ ဂိုဏ်းချုပ်ကဲ့သို့ မီးတောက်များပစ်၍ မဟာအကြီးအကဲကိုရင်ဆိုင်၍မရပေ။

"အဆုံးသတ်ကြတာပေါ့ အဖိုးကြီး"

မီးများတောက်လောင်နေသည့် ဓားက အရှိန်အဝါပို၍ပြင်းထန်လာကာ ဓား၏အဆင့်သည်

လည်းမူလထက်ပိုမြင့်မားသွားသည်။မဟာအကြီးအကဲလည်း စိတ်ထဲ အန္တရာယ်ခံစား

ချက်တခုရလာသည်။ သူ့အတွက်သေဘေးကနီးကပ်လာနေသလိုခံစားနေရခြင်းဖြစ်သည်။

ပြင်းထန်သည့် တိုက်ကွက်တခုဖော်ထုတ်လိုက်သည်။ ပြီးနောက် ဖိနှိပ်ခံထားရသည့် ကျင့်ကြံမှုကိုခွန်အားအကုန်သုံးကာ မီးတောက်ဓား၏ခုတ်ပိုင်းချက်ကို ရင်ဆိုင်တော့သည်။

ဖြောင်း.....

အားးးးးးး

ကျယ်လောင်သည့် အော်သံကြီးနှင့်အတူ မဟာအကြီးအကဲတယောက် မီးများစွဲလောင်ကာ လွင့်စင်သွားသည်။ ကျိုးယန်လည်း မဟာအကြီးအကဲ၏ ရုန်းကန်မှုကြောင့် လွင့်စင်သွားသော်လည်းဗာဂျာရာကျင့်စဥ်ရှိသောကြောင့် မဆိုးရွားပေ။

သို့တိုင်အောင် သွေးတလုပ်တော့အန်ထုတ်လိုက်ရပေသည်။

တိုက်ပွဲကမိနစ် အနည်းငယ်သာကြာသော်လည်း ကျိုးယန်အတွက်အလွန်ဖိအားများ

ပေသည်။ သူသာရှုံးနိမ့်ပါက သူ့အသက်အပြင်ချူမိသားစုများ လီချင်းကျူးနှင့်တခြားသူများပါမဟာအကြီးအကဲ၏ သတ်ဖြတ်မှုကိုခံရနိုင်ကာ

ချူမိသားစုသည်အဆုံးသတ်သွားပေမည်။

မီးတောက်ကလေးသည် ကျိုးယန်၏လက်ဖဝါပေါ်ပြန်လည်ရောက်ရှိလာသည်။ သူ့ပုံစံကပျော်ရွှင်နေကာ ကခုန်နေသည့်ဟန် ယိမ်းနွဲ့နေသည်။

"ကျေးဇူးတင်ပါတယ် မီးယေတက်လေး"

ကျိုးယန်မီးတောက်လေးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ပြီးနောက် လဲကျနေသည့်

မဟာအကြီးထံသွားကာ ကြည့်လိုက်သည်။ မူလပညာရှင်တဦးဖြစ်သော်လည်း ဖိနှိပ်ခံထားရ

သောကြောင့် မီးတောက်လေးကိုစွမ်းအင်ကိုမခုခံနိုင်ပေ။ မီးများလောင်ကျွမ်းလျက် လူးလိမ့်နေရလေသည်။ ကျိုးယန်လည်းထိုမြင်ကွင်းကိုကြည့်

၍ သက်ပြင်းချလိုက်သည်။ သူသည် လူမသတ်ချင်ပေ။ မဖြစ်သာသည့်အခြေနေကြောင့်သာ

သတ်ဖြတ်ရခြင်းဖြစ်သည်။ ဖိအားပေးခံရသည့်အခြေနေကို သူမုန်းပေသည်။

တိုက်ပွဲပီးဆုံးသွားသောကြောင့် ပတ်ဝန်းကျင်သည်ပြန်လည်တည်ငြိမ်သွားသည်။ ကျိုးယန်လည်း မဟာအကြီးအကဲ၏ သိုလှောင်လက်စွပ်ကိုယူလိုက်သည်။ ထိုလူသည် ပညာရှင်တဦးဖြစ်သောကြောင့် ရတနာများစွာရှိနိုင်ကာ ထိုအရာများသည် သူသာကမ္ဘာမြေမှ ပြန်လည်ထွက်ခွာသွားချိန်တွင် ချူမိသားစုသာမက လီချင်းကျူးနှင့်အိုးရန်ရွှမ်းရွှမ်းတို့အတွက် အသုံးဝင်နိုင်လေသည်။

"အချိန်ကအတော်ကြာနေပြီ သူတို့ပြန်မပေါ်လာကြဘူး အဖိုး သခင်လေးကျိုးစိုးရိမ်ရလား"

ချူလင်းယွင်က ချူကျန်းချန်ကိုစိုးရိမ်တကြီးမေးလာသည်။ ချူကျန်းရှသည် သူ့သမီး၏မျက်နှာကိုကြည့်ကာ ပြုံးနေလေသည်။ ကျိုးယန်လိုလူငယ်မျိုးနှင့်ဆိုလျှင် ချူလင်းယွင်ကို စိတ်ချနိုင်ပေသည်။ သို့သော် ကျိုးယန်တယောက်၏ခြေနေ

ကို သူတို့မသိရသေးပေ။ လူအုပ်ကြီးကလည်းတီးတိုးပြောဆိုနေကြ ကာ မပြန်ကြသေးပေ။

ကျိုးယန်အနိုင်ရခဲ့လျှင် ဂိုဏ်းကြီးများနှင့်အခြားမိသားစုဝင်များအတွက်

အမြတ်ထွက်ပေသည်။ကျိုးယန်သည် တံခွန်ဂိုဏ်းကဲ့သို့ ယုတ်မာသည့်

လူမဟုတ်သောကြောင့် ကျိုးယန်ကိုသာသူတို့ပေါင်းစည်းထားနိုင်လျှင် အဆင်ပြေပေသည်။

သို့သော် ထိုအတွေးများသည် ကျိုးယန်တယောက် မဟာအကြီးအကဲကို အဆုံးသတ်နိုင်မှ

သာဖြစ်ပေလိမ့်မည်။

နာရီအနည်းငယ်ကြာပြီးနောက် ကျိုးယန်လည်းကုန်ခမ်းသွားသည့် ချီဓာတ်များကို အတော်များများပြန်လည်ရရှိနိုင်သည်။ သူ့အနေဖြင့်ဒဏ်ရာ

များပြင်းပြင်းထန်ထန်မရထားသော်လည်း အကောင်းဆုံးအခြေနေတွင်ရှိထားရန်လိုအပ်ကာ

အပြင်ရှိအခြားသူများက တိုက်ခိုက်လာနိုင်သည်မဟုတ်လား။

လီချင်းကျူးနှင့်အိုးရန်ရွှမ်းရွှမ်းတို့သည် လက်သီးလေးများကျစ်နေအောင်ဆုပ်ထားကာ မြို့တံခါးရှိရာ နေရာသို့ကြည့်နေသည်။ ထိုနေရာတွင်မည်သည့်အရာမှ မရှိသော်လည်း ကျိုးယန်နှင့်မဟာအကြီးအကဲတို့ကို ဆွဲခေါ်သွားသောကြောင့်မူလနယ်မြေထဲ ပြန်ရောက်သွားနိုင်သည်ဟုအများက တွေးထင်ထားကြသည်။

ထိုအချိန်တွင် လူရိပ်တခုပေါ်လာသည်။ ထိုလူရိပ်က တဖြေးဖြေးထင်ရှားလာကာ အကုန်လုံး၏အကြည့်အောက်ရောက်လာသည့် အချိန်မှာ

တော့ ကျိုးယန်ဖြစ်နေသည်ကိုတွေ့လျှင် ချူမိသားစုနှင့်မိန်းခလေးများကဝမ်းသာသွားကာ

လူအုပ်ကြီးသည် မှင်သက်သွားကြရသည်။ မူလပညာရှင်ကိုတောင် အနိုင်ယူလိုက်တာတဲ့လား။

ကျိုးယန်၏ခွန်အားကို လက်ခံသွားကြလေပြီလီချင်းကျူးသည် ကျိုးယန်ကိုတွေ့သည်နှင့်ပြေးဝင်ကာ ဖက်ထားလိုက်တော့သည်။ အခြားမိန်း

ခလေးနှစ်ဦးကတော့ ထိုကဲ့သို့မလုပ်ရဲပေ။

ကျိုးယန်က လီချင်းကျူး၏ ကျောပြင်ကိုခပ်ဖွဖွပုတ်ကာ

"ငါအဆင်ပြေပါတယ်" ဟုပြောလိုက်သည်။

လီချင်းကျူးသည် ကျိုးယန်ကိုခပ်တင်းတင်းဖက်ထားမြဲဖက်ထားကာ မလွှတ်တော့ပေ။ ကျိုး

ယန်လည်း လူအများရှေ့တွင် အချိန်အတော်ကြာအဖက်ခံရသောကြောင်​့ မျက်နှာပူသော်လည်းလီချင်းကျူး၏ ခံစားချက်ကိုနားလည်သည့်အ

တွက် လွှတ်ထားလိုက်ရသည်။

"ကောင်လေး မင်းမူလပညာရှင်ကိုသတ်လိုက်ပြီလား"

ချူကျန်းရှတို့ ဇနီးမောင်နှံက ကျိုးယန်ဆီရောက်လာကာမေးသည်။ ကျိုးယန်လည်း သူတို့

၏အခြေနေကိုတွေ့လျှင် စနစ်ဆီမှ ပြန်လည်သက်သာစေသည့် ဆေးလုံးများဝယ်ယူကာ ခွဲ

ဝေပေးလိုက်တော့သည်။ ကျိုးယန်၏ဆေးလုံးအစွမ်းကိုသိထားသည့် ချူကျန်းချန်က ချက်ချင်ပင်သောက်သုံးကာ ကျန်သူများကိုလည်းသောက်စေသည်။

အကုန်လုံး၏ ဒဏ်ရာများအား အပေါ်ယံကုသနေချိန်တွင် ကျိုးယန်က လူအုပ်ကြီးဆီအကြည့်ဝေ့ကာ ပြောလိုက်သည်။

"တံခွန်ဂိုဏ်းဆိုတာ မရှိတော့ဘူး ခဗျားတို့သူတို့ရဲ့နယ်မြေနဲ့ပက်သက်တာအားလုံးယူနိုင်တယ်

ဒါပေမယ့် နောက်ထပ်တံခွန်ဂိုဏ်းတခုထပ်ပေါ်လာမယ်ဆိုရင်တော့ ကျုပ်လာလည်မယ်"

ကျိုးယန်၏စကားကိုကြားလျှင် အကုန်လုံးကထိတ်ထိတ်ပြာပြာဖြစ်ကာ ကမန်းကတန်းပင်

ကတိပေးကြတော့သည်။ သူတို့သည် ကျိုးယန်၏ထိန်းချုပ်မှုအောက်သို့ ဝင်ရောက်လိုကြသည်။ကျိုးယန်က ထိုအရာကိုသိသော်လည်း လက်မခံသေးပေ။ သူ့တွင်လုပ်စရာများရှိနေသေးသည်။သူပြန်သွားချိန်တွင် ချူမိသားစုနှင့်မိန်းခလေးနှစ်ဦးအတွက် စီစဥ်ပေးရဦးမည်။

All Chapters