← Chapters

စီစဥ်ခြင်း။

Vol. 5 Ch. 67

စီစဥ်ခြင်း။

Vol. 5 Ch. 67

တံခွန်ဂိုဏ်းပျက်စီးသွားရသည့် သတင်းကကျင့်ကြံသူများကြား ပြန့်နှံ့သွားကြကာ မူလပညာရှင်ကိုပင် ရင်ဆိုင်နိုင်သည့် ကျိုးယန်၏ဂုဏ်သတင်းသည်လည်း ကျော်ကြားလာသည်။အဆိပ်ဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်းမှလူများသည် ကျိုးယန်

နှင့်ရန်သူမဖြစ်စေသည့် သူတို့ရဲ့ရွေးချယ်မှုကိုကျေးဇူးတင်နေကြကာ အခြားမိသားစုများနှင့်

ပူးပေါင်းကာ တံခွန်ဂိုဏ်း၏ လက်ကျန်အင်အားများကိုဖြေရှင်းလိုက်ကြသည်။ ပြီးနောက် ရတနာများ၏ ၇၀ ရာခိုင်မှုန်းအထိကို ချူမိသားစုပို့ပေးကြကာ သူတို့၏ သစ္စာရှိမှုကို ပြသလာကြလေသည်။ ထိုအချိန်တွင် ကျိုးယန်ကတော့ လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွှမ်းကို ခေါ်ကာလည်ပတ်နေလေသည်။ မူလက လီချင်းကျူးနှင့်သာ သွားလိုသော်လည်း လီချင်းကျူးက ကျိုးယန်အပေါ်အခြားမိန်းကလေးများ၏ သဘောထားကိုသတိ

ပြုမိကာ သူမသည်လည်း ညီအစ်မများသဖွယ်သံယောဇဥ်တွယ်နေပြီဖြစ်၍ လက်ခံလိုက်ရသည်။ ချူလင်းယွင်သည် မလိုက်ပါလာပေ။ ချူမိသားစုကိစ္စများကို ကိုင်တွယ်ရန်ကျန်နေခဲ့ကာသူမ၏မိဘနှစ်ပါးနှင့်အတူ အချိန်အချို့ကုန်ဆုံးမည်ဖြစ်သည်။

အိုးရန်ရွှမ်းရွှမ်းလည်း အနုပညာလောကမှထွက်လိုက်သည်။ ပြီး​နောက် ကျိုးယန်တို့နှင့်အတူခရီးများထွက်ကာ စိတ်အပန်းဖြေရန်ဆုံးဖြတ်လိုက်လေသည်။

"ချင်းကျူး အစ်မရွှမ်း ကျတော့်မှာပြောစရာရှိတယ်"

ကမ်းခြေတခု၏ သောင်ပြင်ပေါ်တွင် ထိုင်နေသည့် ကျိုးယန်က မိန်းခလေးနှစ်ဦးကို ပြောလိုက်သည်။ စနစ်မှ တဖက်လောကကိုပြန်ရန် တိုက်တွန်းနေပြီ ဖြစ်ကာ

သူ့တွင်အချိန်မကျန်တော့ပေ။ သူမတို့ကိုမည်ကဲ့သို့ နှုတ်ဆက်ရမည်ကို သူမသိသေးပေ။ လီချင်းကျူးက ခန္ဓာကိုယ်ကိုခပ်မတ်မတ်ထားကာ ထိုင်လိုက်သည်။ အိုးရန်

ရွှမ်းရွှမ်းသည်လည်း သူမနည်းတူထိုင်ကာ ကျိုးယန်ပြောလာမည့်စကားကို အာရုံစိုက်နေကြသည်

ကျိုးယန်၏ စိတ်ကူးတွင် သူသည်တဖက်လောကကိုပြန်ကာ လီချင်းကျူးတို့ကို ကမ္ဘာ၏

အထွဋ်အထိပ်ထိ ကျင့်ကြံစေ၍ အင်မော်တယ်လောက ကိုကူးစေချင်နေသည်။ တဖက်တွင်လည်း စိတ်မချဖြစ်ကာ သူရှိရာသို့လာစေချင်နေပြန်သည်။ ထိုကိစ္စအတွက်စနစ်နှင့်အကြိမ်များစွာစကားပြောသော်လည်း မအောင်မြင်ပေ။ စနစ်မှ

ကျိုးယန်ကိုပြန်လည်ပို့ဆောင်ပေးမည့် လမ်းကြောင်းသည် ကျိုးယန်အတွက်သာဖြစ်ကာ

တခြားသူများခေါ်၍မရနိုင်ပေ။ သို့သော်လည်းကျိုးယန်အနေဖြင့် ကမ္ဘာနှစ်ခုကို ကူးသန်းကာ

သူမတို့ကိုတွေ့နိုင်သည်။ နောက်ဆက်တွဲအနေဖြင့် ကမ္ဘာရှိမည်သည့်အကူညီမှ ရယူနိုင်မည်မဟုတ်ပဲ ကျင့်ကြံရေးလောကရှိတာဝန်ကို ထမ်းဆောင်

ရပေမည်။ ဆိုလိုသည်က ကမ္ဘာမြေရှိလက်နက်များ လူအင်အားများ နည်းပညာများကို သယ်

ဆောင်မရနိုင်ပေ။ ထိုအရာများကို ကမ္ဘာ့စည်းမျဥ်းမှ တားဆီးမည်ဖြစ်သည်။

"ဒါဆို မင်းကငါ့ဆီလက်နက်တွေပေးဖို့ဘယ်လိုလုပ်ခဲ့လဲ"

ကျိုးယန်၏အမေးကိုစနစ်မှပြန်ဖြေသည်။

"စနစ်က နတ်ဘုရားပဲလေ လွယ်တာပေါ့"

"မင်းက နတ်ဘုရားဆိုမှောင်ခိုနတ်ဘုရားပဲ ဖြစ်လိမ့်မယ်"

ကျိုးယန်က မကျေမနပ်ဖြင့်စွပ်စွဲသည်။ သူ့တွင်ကမ္ဘာကူးပြောင်းသွားလာရန်အခွင့်အရေးရှိ

သော်လည်း အကူညီတော့ယူခွင့်မရှိပေ။ တာဝန်ပြီးဆုံးသွားလျှင် စနစ်မှ မိန်းခလေးများနှင့် ကျိုးယန်၏မိတ်ဆွေများကို ခေါ်ဆောင်ခွင့်ပြုမည်ဟုကတိပေးလာသည်။

"ဟုတ်ပြီ ငါလက်ခံတယ် ဟုတ်ပြီလား ငါလည်းဟိုဘက်ဒီဘက်ခနခနကူးမနေနိုင်ပါဘူး ဆိုတော့မင်းစကားအတိုင်းသဘောတူတယ်စနစ်"

နောက်ဆုံးတွင်စနစ်၏အစီအမံကို ကျိုးယန်လက်ခံလိုက်သည်။ ပြန်လာခွင့်ရသည်ကပင်

တော်လှသေးသည်မဟုတ်လား။ နည်းပညာအကူညီကိုတော့ တဖက်လောကတွင်သူ့ဟာသူ ကြံဆရမည်ဖြစ်သည်။ ထို့အတွက် ကျိုးယန်စိတ်မပူပေသက်ဖြတ်ခြင်းဖြင့် အာဏာမထူထောင်လိုသည့်အတွေးရှိထားသည်။

"ဘာပြောမလို့လဲ ပြောလေ"

လီချင်းကျူးက အတွေးများနေသည့်ကျိုးယန်ကိုကြည့်ကာ ပြောလိုက်သည်။ ထိုမှသာ ကျိုးယန်လည်း သတိဝင်လာကာ ချောင်းဟန့်လိုက်သည်။

ပြီး​နေက် လေးနက်စွာဖြင့်

"ကျတော်ခရီးတခုထွက်စရာရှိတယ် နှစ်အနည်းငယ်လောက်ပေါ့"

ကျိုးယန်၏စကားကိုကြားလျှင် သူမတို့သည်အထိတ်တလန့်ဖြစ်ကာ ချက်ချင်းပင် မေးမြန်းတော့သည်။

"ခရီးထွက်မယ်ဟုတ်လား ဘယ်ကိုသွားမှာမို့နှစ်နဲ့ချီပြီးကြာမှာလဲ"

"မောင်လေးကျိုး အစ်မတို့ကောလိုက်လို့မရဘူးလား မင်းကိုအစ်မ စိတ်ပူတယ်"

ကျိုးယန်က ခေါင်းကိုညင်သာစွာခါပြလိုက်သည်။

"မရဘူး ဒါက ကျတော့်ရဲ့တာဝန်တခုကြောင့်ပဲနှစ်ရှည်ခရီးဆိုပေမယ့် မကြာမကြာပြန်လာတွေ့မှာပါ နောက်ပြီး အစ်မရွှမ်းရဲ့ အမေနဲ့အဖိုးက

အင်မော်တယ်လောကမှာခုထိရှိနေတယ် အစ်မအနေနဲ့ မူလပညာရှင်အထွဋ်အထိပ်ထိရောက်

အောင်ကျင့်ကြံပြီးရင် အမေနဲ့အဖိုးကိုတွေ့ဖို့ကျတော်ခေါ်သွားပေးမယ် ချင်းကျူးကတော့

ငါမရှိချိန် ကျင့်ကြံထားပါ နင်လည်းငါနဲ့အတူနောင်တချိန် အင်မော်တယ်လောကကို သွားရဖို့

ရှိနိုင်တယ် နောက်ပြီး ငါမရှိချိန် ဦးလေးချူကျန်းရှတို့လင်မယားဆီက သင်ယူပါ သူတို့ကပိုပြီးစောစောတောင် တဖက်လောက ကိုသွားရနိုင်တယ်"

ကျိုးယန်က ရှည်လျားစွာပြောပြသည်။ သူမတို့ကို သူရှိရာလောကဆီ ခေါ်နိုင်ရန် သူ့အနေဖြင့်စနစ်၏တာဝန်ကိုပြီးမြောက်ရန်လိုသည်။ ထိုမှသာ

သူမတို့ကိုခေါ်​ဆေင်လာချိန်တွင် အစစအရာရာအန္တရာယ်ကင်းမည်ဖြစ်သည်။

လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွမ်းတို့သည်အချိန်တော်ကြာ တိတ်ဆိတ်သွားကြလေသည်။

ကျိုးယန်နှင့်မခွဲနိုင်သော်လည်း ကျိုးယန်ယခုကဲ့သို့စွမ်းအားကြီးလာသည့်နောက်ကွယ်တွင်

တခုခုပေးဆပ်ထားရလိမ့်မည်ဟု ထင်ထားကြသည်။ ထို့ကြောင့် ကျိုးယန်၏တာဝန်သည် ထို

အရာနှင့်ဆက်စပ်နေပေလိမ့်မည်။ သူမတို့၏တွေးခေါ်မှုကနီးစပ်သော်လည်း အကုန်တော့မမှန်ပေ။

ကျိုးယန်က လီချင်းကျူး၏လက်ခလေးကို

ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။ အိုးရန်ရွှမ်းရွှမ်နှင့် ချူလင်းယွင်အပေါ် ကျိုးယန်၏ခံစားချက်သည် မရေရာပေ။ သို့သော် လီချင်းကျူးကနား

လည်မှုပေးကာ ကျိုးယန်ကို သူမတို့နှစ်ဦးအားလက်ခံစေသည်။ သူမတို့သည်လည်း ကျိုးယန်

နှင့်ပက်သက်၍ ခံစားချက်များရှိနေသည်ဟုဆိုနိုင်ပေသည်။ အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်ကို

ကြည့်ကာပြောလိုက်သည်။

"ကောင်းပါပြီ အစ်မလည်း ချူမိသားစုမှာနေပြီးကျင့်ကြံရေးကိုကြိုးစားပါ့မယ် အစ်မဂျူက

မပြန်တော့တဲ့အတွက် သူ့ကိုပါခေါ်ထားပြီးကျင့်ကြံသူတဦးဖြစ်အောင် ကူညီပေးလိုက်မယ်

အနည်းဆုံးတော့ အစ်မအတွက်အဖော်ရတာပေါ့"

ကျိုးယန်ကခေါင်းညိတ်ပြလိုက်သည်။ အစ်မဂျူတွင် ပြင်းပြသည့်ကျင့်ကြံလိုစိတ်မရှိသော်လဲအိုးရန်ရွှမ်းရွှမ်းကို မခွဲလိုသောကြောင့် သူမသည်

လည်း ကျင့်ကြံရေးလမ်းကြောင်းကိုလျှောက်ရန်လိုအပ်လာပေသည်။ ထိုအရာက ကျိုးယန်အတွက်တော့ အခက်ခဲမရှိပေ။

ထိုကာလများတွင် ကျင့်ကြံရေးလောကမှလူများက ကျိုးယန်ကိုထိပ်သီးပါရမီရှင် စွမ်းအားအကြီးဆုံးဟု သက်မှတ်ကာ ချူမိသားစုနှင့်ပေါင်းစည်းရန် ရောက်လာကြသည်။ ကျိုးယန်မှထိုအရာများကို ကိုင်တွယ်ရန်ပျင်းရိသောကြောင့်ချူမိသားစုနှင့်သာ လက်လွှဲပေးထားလိုက်သည်။ချူမိသားစုသည် အကောင်းအဆိုးခွဲခြားကာ

စီမံပေလိမ့်မည်။

ချူမိသားစုအိမ်တော်တွင် မိသားစုကြီးများမှပါရမီရှင်များရောက်ရှိနေကြသည်။ ထိုအထဲတွင်ဓားလူငယ်လည်း ပါဝင်ကာ ကျိုးယန်က မူလနယ်မြေထဲတွင် ရှိသည့် ကျင့်စဥ်များကို အဆင့်ပြန်ခွဲကာ ပေးအပ်ရန်စီစဥ်လိုက်သည်။ ထိုအတွက် ချူကျန်းရှတို့သည် ကျိုးယန်၏စိတ်ကူးကိုအကောင်အထည်ဖော်ရန် သိုင်းပြိုင်ပွဲတခုအမြန်

စီစဥ်ကြသည်။ ဆုလာဘ်များကိုလည်း ကျိုးယန်မှ စိုက်ထုတ်ပေးလေသည်။ သူသည် လူများကိုအကျိုးအမြတ်များဖြင့်သာထိန်းချုပ်လိုသည်။

ထိုရက်များတွင် ကျိုးယန်သည် မိန်းခလေးများကို အချိန်ယူသင်ကြားပေးကာ စနစ်မှဝယ်သည့်အရာများဖြင့် အဆင့်ဖြတ်ကျော်ရာတွင် လွယ်ကူ

စေရန်လုပ်ဆောင်ပေးနေလေသည်။

"စနစ်ရှင် ၃ရက်ပဲ အချိန်ကျန်မယ် လက်စသတ်စရာရှိတာ အမြန်လက်စသတ်ပြီး မူလနယ်မြေထဲပြန်ဝင်ပါ"

စနစ်မှ သတိပေးလာသည်။ ကျိုးယန်၏ဂုဏ်သတင်းကြောင့်ဖြစ်စေ ခွန်အားအစစ်မှန်ကြောင့်ဖြစ်စေ ချူမိသားစုသည် အင်အားကြီးလာကာ

ကမ္ဘာမြေရှိ ကျင့်ကြံသူများအကြားထိပ်ဆုံးသို့ရောက်လာကြသည်။ ထိုအတွက် ကျိုးယန်လည်းအနည်းငယ်စိတ်ချသွားကာ သူအချိန်တခုအကြာ

ထွက်ခွာသွားမည့်အကြောင်းကို လူအနည်းငယ်ကိုသာအသိပေး၍ ကျန်သူများကိုတော့ မူလပညာရှင်အဆင့်ဖြတ်ကျော်ရန် တံခါးပိတ်ကျင့်ကြံမည်ဟု သတင်းလွှင့်လိုက်တော့သည်။ ထို့အပြင် ချူမိသားစုအကူညီဖြင့် နိုင်ငံရေးနယ်ပယ်ကိစ္စများကို လေ့လာတော့သည်။ ထိုအရာများသည် ကျိုးယန်ကို တဖက်လောကတွင်အကူညီဖြစ်စေပေလိမ့်မည်။

အချိန်က ၂ရက်တာ ထပ်မံကုန်ဆုံးသွားကာနောက်ဆုံးရက်မတိုင်မီတွင် ကျိုးယန်က မိန်းခလေးများနှင့် ချူကျန်းရှတို့လင်မယား ချူကျန်း

ချန်တို့ကို နှုတ်ဆက်ကာ မူလနယ်မြေထဲသို့ထွက်ခွာသွားတော့သည်။ ကျွန်းကြီးပေါ်ရောက်ချိန်တွင် မူလနယ်မြေထဲ ပြန်ဝင်လိုက်သည်။

ပြီး​နေက်

"ကဲ စနစ် ငါရောက်ပြီ ဘာဆက်လုပ်ရမလဲ"

ကျိုးယန်ကစနစ်ကိုမေးလိုက်သည်။ လက်ထဲတွင် လည်ဆွဲကိုဆုပ်ကိုင်ထားကာ မတ်မတ်ရပ်၍စနစ်၏ဆောင်ရွက်မှုကို စောင့်ဆိုင်းနေလေသည်။

စနစ်မှ..

"လည်ဆွဲကို စိတ်အာရုံပြုလိုက် ပြီးရင် စိတ်ထဲပေါ်လာတဲ့ လေဟာနယ်လမ်းကြောင်းထဲ ဝင်လိုက်ရုံပဲ"

"လေဟာနယ် လမ်းကြောင်းက လည်ဆွဲထဲမှာလား အဲ့လောက်လွယ်လား "

ကျိုးယန်၏စကားကိုစနစ်မှ

"အဲ့လောက်တော့ဘယ်လွယ်မလဲ လည်ဆွဲရဲ့မူလလမ်းကြောင်းက အင်အော်တယ်လောကကိုသွားတာ စနစ်က ပြန်ပြင်ဆင်ထားလို့လမ်းကြောင်း

ပြောင်းပြီး စနစ်ရှင်ရဲ့လောကကိုပို့ဆောင်ပေးလိမ့်မယ်"

ကျိုးယန်သဘောတူစွာခေါင်းညိတ်လိုက်သည်။ ထို့နောက်

"ဒါဆို တခြားသူတွေအင်မော်တယ်လောကကိုကူးရင် ဘယ်လိုကူးကြလဲ"

"သူတို့သာ ကမ္ဘာရဲ့အထွဋ်အထိပ်အဆင့်ကိုရောက်ရင် လမ်းကြောင်းတခုပေါ်လာလိမ့်မယ်

ဒါပေမယ့် အဲ့လမ်းကြောင်းက အန္တရာယ်များပြီးမတော်တဆမှုတွေဖြစ်နိုင်တယ် လည်ဆွဲက အဲ့လိုလမ်းကြောင်းကနေသွားစရာမလိုပဲ တိုက်ရိုက်ပို့ဆောင်ပေးနိုင်တယ် ဒါကြောင့်လည်း ဟိုလူကသူ့သမီးကိုပေးပြီး သူ့သမီးကနေ သူ့မြေးအထိလက်ဆင့်ကမ်းခဲ့တာပေါ့"

"သြော်"

အင်မော်တယ်လောကကို ဘေးအန္တရာယ်ကင်းကင်းနဲ့ပို့ပေးနိုင်တယ်တဲ့လား။ အထင်ကြီး

စရာပင်ဖြစ်သည်။ ထိုလူအိုကြီးသည် အင်မော်တယ်လောကတွင်

မည်သည့်အဆင့်၌ရှိနေသနည်း။

All Chapters