← Chapters

သတိပြန်ဝင်လာခြင်း

Vol. 5 Ch. 68

သတိပြန်ဝင်လာခြင်း

Vol. 5 Ch. 68

ကျိုးယန်က သူ့ရဲ့စိတ်အာရုံကိုပို့လိုက်သည်နှင့်လည်ဆွဲ၏နေရာလွတ်ထဲသို့ ရောက်ရှိသွားသည်။

"လည်ဆွဲထဲကို ဒီနယ်မြေထဲဝင်ပြီးမှ ထပ်ဆင့်ဝင်လို့ရတာလား တခြားနေရာတွေမှာကော မရနိုင်ဘူးလားစနစ်"

"မရနိုင်ပါဘူး လည်ဆွဲက မူလနယ်မြေနဲ့ချိတ်ဆက်ထားပြီးဖြစ်လို့ မူလနယ်မြေကနေတ

ဆင့်ပဲ ဝင်ထွက်လို့ရနိုင်လိမ့်မယ်"

စနစ်၏ ပြန်ဖြေသံကိုကြားလျှင် ကျိုးယန်ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့်နောင်တွင်

ကမ္ဘာကူးလိုပါက မူလနယ်မြေသည် ကြားခံနေရာတခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။

"ဒါဆို တဖက်ကနေ ကူးချင်ရင်ကောဘယ်လိုလုပ်ရမလဲ"

"လည်ဆွဲကိုတိုက်ရိုက်သုံးလို့ရတယ် ဒါပေမဲ့ မူလနယ်မြေထဲကိုပဲ ပြန်ရောက်လာလိမ့်မယ်"

"သဘောပေါက်ပြီ"

လည်ဆွဲထဲတွင် နေရာလွတ်တခုရှိကာ နေရာလွတ်သည် မူလနယ်မြေကဲ့သို့မကြီးမားသော်လဲအတော်အသင့်တော့ကျယ်ဝန်းလေသည်။ ထိုစဥ်

ကြီးမားသည့် လေဟာနယ်စုပ်ဝဲတခုပေါ်လာကာကျိုးယန်၏ စိတ်ဝိဉာဥ်ကိုစုပ်ယူသွားလေသည်။မိနစ်အနည်းငယ် ကြာပြီးချိန်တွင်တော့ ကုတင်

ပေါ်လဲလျောင်းနေသည့် ကျိုးယန်တယောက်တဖက်လောကတွင် သတိပြန်ရလာသည်။ သတိ

ပြန်ရရလာချင်းတွင် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်နာကျင်နေကာ ပြင်းထန်သည့်ထိခိုက်

ဒဏ်ရာကြောင့်ဖြစ်နိုင်လေသည်။

မျက်လုံးအစုံကိုဖွင့်၍ ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် ကျယ်ဝန်းသည့် အိပ်ခန်းတခုစီရောက်နေသည်ကိုတွေ့လိုက်ရသည်။

"ငါ မြွေမျိုးနွယ်ကမပြန်ရသေးဘူးပဲ အဖိုးဝူကဒီနေရာမှာငါ့ကိုအရေးပေါ်ကုသပေးပုံရတယ်"

အခန်းထဲတွင် မီးရောင်မှိန်မှိန်လေးရှိကာ ကျိုးယန်မှလွဲ၍ အခြားသူရှိမနေပေ။ ကျိုးယန်လည်းအနည်းငယ်အားစိုက်၍ ထထိုင်လိုက်သည်။ ပြီးနောက် အဝတ်အစားကိုပြုပြင်ကာ မတ်တပ်ရပ်ရန်ကြိုးစားသည်။ ဒဏ်ရာများသည် သာမန်လူ

ဆိုလျှင် သေဆုံးသွားနိုင်သည်အထိပြင်းထန်သော်လည်း ယခုတွင်တော့ အတော်များများသက်သာနေသည်ကို သတိပြုမိလိုက်သည်။

"စနစ်ရှိတာ သိပ်ကောင်းတာပဲ"

ကျိုးယန်တယောက် မတ်တပ်ရပ်နေချိန်တွင်အခန်းထဲသို့ စုယင်တယောက်ဝင်လာသည်။

ကျိုးယန်ကိုတွေ့လျှင် အံ့သြဝမ်းသာသွားပုံရလေသည်။

"အစ်ကိုကြီး သတိရနေပြီလား ဟင်.. ဘာလို့မတ်တပ်ရပ်နေတာလဲ ဒဏ်ရာကသက်သာသေးတာမဟုတ်ပဲနဲ့ အပင်ပန်းမခံပါနဲ့"

စုယင်ကအလျင်အမြန်ပင် သူ့ဆီပြေးလာကာကုတင်ပေါ်ပြန်ထိုင်ရန် ကူညီသည်။ ကျိုးယန်က

"အဆင်ပြေပါတယ် အစ်ကိုအခုအတော်လေးသက်သာနေပါပြီ ဒါနဲ့အဖိုးဝူကော ဘယ်သွားလဲ"

ကျိုးယန်၏အမေးကိုစုယင်က

"အဖိုးဝူက အိမ်တော်ဆီပြန်သွားတယ် အစ်ကိုကြီးဒဏ်ရာကပြင်းတော့ လအနည်းငယ်ကြာ

အနားယူရနိုင်တယ်တဲ့ အဲ့ဒါနဲ့သူလည်း အိမ်တော်ကလူတွေစိတ်မပူအောင်နဲ့ တခြားလုပ်စရာတွေလုပ်ဖို့ပြန်သွားလေရဲ့"

စုယင်၏စကားကို ကျိုးယန်မှခေါင်းညိတ်ပြ၍လက်ခံလိုက်သည်။

"မြွေမျိုးနွာ်မင်းသမီးကို ခေါ်ပေးပါဦး အစ်ကိုတို့တိုင်ပင်စရာလေးတွေရှိတယ်"

စုယင်က ခေါင်းညိတ်ပြကာထွက်သွားသည်။ခနအကြာတွင် ကိုင်ရီရီ ကိုင်လီလီတို့နှင့်အတူ ပြန်လည်ရောက်ရှိလာသည်။

"သတိရပြီလား မင်းသားကျိုး ရှင့်ဒဏ်ရာတွေကထင်ထားတာထက်စောပြီး သက်သာလာပုံပဲ

ကျမလည်း အခုမှစိတ်အေးရတော့တယ်"

ကိုင်ရီရီ၏မျက်နှာက စိတ်အေးသွားရသည့်ပုံပေါ်ကာ ကျိုးယန်သတိမေ့နေသည့် ရက်များတွင်သူမသည်လည်း ကျိုးယန်ကိုစိတ်ပူကာ လိပ်ပြာမလုံဖြစ်နေရသည်။ ကျိုးယန်သည် သလင်းကျောက်အကျိုးအမြတ်ကိုမယူပဲ

ကူညီခဲ့ကာဒဏ်ရာရသွားခဲ့သည်မဟုတ်လား။

"ကျောက်တွင်းကိစ ပြောပါဦး"

ကျိုးယန်က မေးလိုက်သည်။

"ကျမတို့ အဆင့်မြင့်ကျောက်တချို့ရလိုက်တယ်ခုထိလည်းဆက်ပြီးတူးထုတ်နေတုန်းပဲ အဖိုးဝူကရှင့်ဆီမှာရှိတဲ့ ကားအချို့ပို့ပေးတော့အလုပ်တွင်တယ်"

ကိုင်ရီရီမှ ပြောလာသည်။ သူမတို့မြွေမျိုးနွယ်စုသည် အဆင့်မြင့်သလင်းကျော​က်များ သိန်းနဲ့ချီကာရတော့မည်ဖြစ်ပြီး ထိုပမာဏသည် မျိုးနွယ်စုသက်တမ်းတလျှောက် အများဆုံးရသည့် အရင်းအမြစ်ပမာဏ ဖြစ်လေသည်။

"တောပုန်းဟွမ်နဲ့ မြို့တော်က မိသားစုသတင်းတွေကကော ဘာထူးသေးလဲ"

"အကုန်လုံးတည်တည်ငြိမ်ငြိမ်ပါပဲ ရှင့်လက်အောက်မှာရှိတဲ့ တပ်မှူး တောက်ချင်ကနယ်မြေကို

ပိုပြီးချဲ့ထွင်နေတယ် မြို့တော်စီမံကိန်းကိုတော့ရှင်သတိပြန်ရလာမှ စမယ်လို့ အဖိုးဝူက ကျမကိုပြောထားတယ်"

"ကောင်းပြီ ကျတော်လည်း မနက်ဖန်ကျရင်အိမ်တော်ဆီပြန်တော့မယ် မြို့တော်အသစ်ကို

ချက်ချင်းအကောင်အထည်ဖော်ပြီး အနောက်ဘက်ဒေသအသစ်တခုတည်ဆောက်မယ် မင်းသမီးတို့လည်း ကူညီပါဦး"

"ကူညီဖို့အတွက်တော့စိတ်ချပါ မြွေမျိုးနွယ်တခုလုံးက မင်းသားကျိုးကိုယုံကြည်နေကြပါပြီ ဒါနဲ့ဒဏ်ရာကတကယ်ကော သက်သာရဲ့လားဒီမှာပဲရက်နည်းနည်းထပ်နားလို့ရပါတယ်"

ကျိုးယန်က ခေါင်းခါပြလိုက်သည်။ သူ့အနေဖြင့် ထပ်မံနားရန်မလိုတော့ပေ။ အသေးအမွှားဒဏ်ရာများသည် တဖြေးဖြေးပျောက်သွားမည်ဖြစ်ကာ သူ့တွင် အစီစဥ်များရှိနေလေသည်။အချိန်က နှစ်အတော်များများကျန်နေသော်လည်း

မြို့သစ်စီမံကိန်းသည် ချက်ချင်းအောင်မြင်နိုင်သည့်အရာမဟုတ်ပေ။

နောက်ရက်တွင် ကျိုးယန်တို့ မြွေမျိုးနွယ်မှ ပြန်လာကြလေသည်။ အိမ်တော်သို့ရောက်သည်နှင့်ကျိုးယန်တယောက် စနစ်ကှိသူ့ကဲ့အချက်အလ

က်များကို စစ်ဆေးကြည့်သည်။

အမည်... ကျိုးယန်

ကျင့်ကြံမှု ပကတိရှင်သန်ခြင်းအဆင့် ၁

အင်အားစုရမှတ် ၁၅၀၀၀

ကျင့်စဥ်များ ဗာဂျာရာကျင့်စဥ် တတိယအဆင့်

စိတ်သိဉာဥ်ကျင့်စဥ် ဒုတိယအဆင့်

"စနစ်ငါက ပကတိအဆင့်ကိုရောက်နေပြီလား"

"ရောက်နေပြီ ဒါပေမယ့် တကယ့်ပကတိရှင်သန်ခြင်းအဆင့်တယောက်လိုတော့ အားမကောင်းသေးဘူး"

စနစ်မှပြန်ဖြေသည်။ ကျိုးယန်လည်း ထိုရက်များတွင် ညအချိန်၌ ကောင်းစွာအနားယူကာ နေ့အချိန်တွင် လက်အောက်ခံအင်အားစုများမှလူများကို

စက်ပစ္စည်းများအသုံးပြုပုံနည်းလမ်းများသင်ကြားပေးခြင်း မြို့သစ်အတွက် နယ်မြေကို

လေ့လာကာ ပုံကြမ်းဆွဲခြင်းများဖြင့်ကုန်ဆုံးစေလေသည်။

အချိန်က နှစ်ကုန်ပိုင်းသို့ရောက်လာသည်။ ကျိုးယန်၏လက်အော​က်တွင် အင်အားစုများကပို၍များပြားလာကာ ရမှတ်များသည်လည်း တိုး

လာနေလေသည်။ စနစ်ထံမှရထားသည့် ခေတ်မီလက်နက်လုပ်နည်းများကို မြွေမျိုးနွယ်နှင့်ပန်းပဲရွာရှိလူများဆီ မျှဝေထားကာ လက်နက်ထုတ်လုပ်ရန် ကြိုးစားနေကြသည်။

ကျူးရုံလည်း ကျိုးယန်နှင့်အတူ ပုံကြမ်းကိုအချိန်ပေးကာ ဆွဲရင်း တဖက်တွင် ဗီသုကာပညာကိုအဆက်မပြတ်လေ့လာနေသည်။

ထိုကာလများတွင် ကျိုးယန်က ပကတိဆေးလုံးကို သောက်သုံးကာအဆင့်ထက်တက်နိင်

သော်လည်း မသောက်သုံးတော့ပေ။ သူ့အနေဖြင့်ကျင့်ကြံမှုထက် မြို့သစ်စီမံကိန်းကိုသာ အာရုံကျနေလေသည်။

"ပုံကြမ်းကို အချောသတ်ပြီးပြီလား"

ကျိုးယန်က ကျူးရုံကိုမေးလိုက်သည်။

"အားလုံးအဆင်သင့်ဖြစ်ပါပြီမင်းသား ဒီကာလတွေမှာ ဆောက်လုပ်ရေးကားအသုံးပြုပုံတွေကိုလည်း လူအင်အား၅၀၀၀ လောက်ထိအသုံးပြု

တတ်အောင် သင်ယူထားပြီး မင်းသားသတ်မှတ်ထားတဲ့ မြေနေရာကိုလည်း အကြမ်းဖျဥ်း ပြုပြင်ထားပြီးပါပြီ"

"ကောင်းတယ် အရင်ဆုံး လမ်းမကြီး၃ခုကနေ စကြတာပေါ့ အဓိကလမ်းမကြီး ၃ခု ရှိမယ် မြို့ကိုအပိုင်း ၄ပိုင်းခွဲထားပြီး ပထမအပိုင်းက အစေခံတွေ အခြေခံအလုပ်သမားတွေနေဖို့ ဒုတိယအပိုင်းက ကျင့်ကြံသူတွေနေဖို့ တတိယအပိုင်းကအင်အားစုတွေထဲက လူတွေနဲ့ အိမ်တော်ကစစ်သည်တွေနေဖို့နဲ့ တတိယအပိုင်းကို ကုန်သွယ်ရေးဇုန်အဖြစ်ထားမယ်"

ကျိုးယန်က ပြင်ပကျင့်ကြံသူများအတွက်

ကျင့်ကြံသူများနေရာတခုသက်မှတ်ထားစေကာသူတို့အပါအဝင် အင်အားစုများအတွက်တနေရာထားစေသည်။

နောက်ရက်များတွင် တောက်ချင်ကိုပြန်လည်ခေါ်ယူ၍ မြို့တော်စီမံကိန်းတည်ဆောက်ရာတွင်အမှားအယွင်းနှင့်အန္တရာယ်တစုံတရာမရှိစေရန်

စောင့်ကြပ်စေသည်။ အဖိုးဝူသည်လည်း ကျိုးယန်နှင့်အတူ မြို့တော်စီမံကိန်းကို အားတက်သရောရှိနေကာ မြွေမျိုးနွယ်စုမှ လူအင်အားပါမက

အရင်းအမြစ်များပါစိုက်ထုတ်လာသည်။

All Chapters