← Chapters

မြို့သစ်စတည်ခြင်း

Vol. 5 Ch. 69

မြို့သစ်စတည်ခြင်း

Vol. 5 Ch. 69

မြို့သစ်စီမံကိန်းကြီးကာ စတင်လာချေပြီ။အချိန်က နှစ်တနှစ်၏ အစပိုင်းကာလသို့ရောက်ရှိနေပြီဖြစ်ကာ ကျိုးယန်က စီမံကိန်းကို ရှိသမျှ

အရင်းအမြစ်များနှင့် လူအင်အားကိုသုံးကာ ၃နှစ်အတွင်း ပြီးမြောက်စေလိုသည်။

ဆောက်လုပ်ရေးကားများဖြင့် လမ်းနေရာများကို အရင်ချဲ့ထွင်ပြုပြင်ကြသည်။ ပြီးနောက်လမ်းသွယ်များအပြင် လမ်း၏တဖက်စီတွင်လည်း မြေကွက်များ ဖော်ဆောင်ကာ လုံးချင်းအိမ်ရာများ စတင်တော့သည်။ မြို့တံတိုင်းအတွက် ဝင်ပေါက် ၄ခုထားရှိသည့်အပြင် ခရိုင်၄ခု စီရင်စု ၁၆ စုသက်မှတ်လိုက်သည်။ ခရိုင် ၄ခုသည် ကျိုးယန်မူလကသက်မှတ်ထားသည့် အပိုင်း ၄ပိုင်းကို ခေါ်ဆိုခြင်းဖြစ်ကာ ခရိုင်တခုစီ

တွင် စီရင်စု ၄ခုထပ်ပေါင်းထားသည်။

မြို့၏အလယ်ခေါင်တည့်တည့်တွင် လွှတ်တော်အဆောက်အုံတခု တည်ဆောက်စေ၍ အစိုးရတရပ်အသွင် ပုံဖော်မည်ဖြစ်သည်။ မြို့သစ်စီမံကိန်းကာလအတွင်း ဌာန၅ခုထိ သက်မှတ်ကာလူရွေးချယ်မှုကို ပြုလုပ်တော့သည်။

ဌာနများကို လူ့စွမ်းအားနှင့်အရင်းအမြစ်ဌာနအုပ်ချုပ်ရေးဌာန စီမံရေးနှင့်ပြန်လည်နေရာချထားရေးဌာန စီးပွားရေးဌာန အစိုးရဌာနဟူ၍

ဌာန ၅ခုယာယီသက်မှတ်ထားသည်။

လူ့စွမ်းအားနှင့်အရင်းအမြစ်ဌာနသည် မြို့တော်ရှိနေထိုင်သူများ၏ စီးပွားရေးနှင့် တတ်

ကျွမ်းနားလည်မှုကိုအခြေခံကာ မြို့တော်တွင်လယ်ယာများခွဲဝေပေးခြင်း နည်းပညာများသင်ကြားပေးကာ အသုံးပြုစေခြင်းတို့ဖြစ်သည်။

အုပ်ချုပ်ရေးဌာနတွင် ခရိုင်အဆင့်မှ စီရင်စုထိ အဆင့်ဆင့်အုပ်ချုပ်သည့် ပုံစံဖော်ဆောင်၍ထိုဌာနရှိလူများသည် သက်ဆိုင်ရာဒေသ ငြိမ်းချမ်းရေး မူခင်းဖြစ်ရပ်များကို ကိုင်တွယ်ရမည်ဖြစ်ကာ စီမံရေးရာဌာကတော့ ပြင်ပမှ ကျင့်ကြံသူများနှင့် သာမန်လူများကို နေရာသက်မှတ်ပေးကာ အချက်အလက်များကောက်ယူခြင်း တို့ကိုလုပ်ဆောင်ပေလိမ့်မယ်။

စီးပွားရေးဌာနတွင် အပိုင်း၃ခု ထပ်မံခွဲခြားကာအစိုးရပိုင်စီးပွားရေး မြို့တော်နေပြည်သူများ၏စီးပွားရေး ပြင်ပကုန်သည်များ၏ စီးပွားရေးဟု

သက်မှတ်ထားပြီး အစိုးရပိုင်စီးပွားရေးကိုစီးပွားရေးဌာနမှ တာဝန်ယူပေမည်။ ထိုအပိုင်းတွင် အစိုးရမှ နှစ်စဥ်ထုတ်ပေးသည့် စက်ပစ္စည်းများ လယ်ယာထွက်ကုန်များကို မြို့နေပြည်သူ

များနှင့်ချိတ်ဆက်ကာ လယ်ယာနှင့်စက်မှုကိုအချိုးကျပေါင်းစပ်စေပြီး မြို့တော်အတွက်

အခြေခံစားသောက်ကုန်များမှစ ခေတ်မီလက်နက်များထိ ထုတ်လုပ်နိုင်စေကာ ပြင်ပမှအ

ကူညီမယူရစေရန် ရည်ရွယ်သည်။ ကုန်သည်များ၏စီးပွားရေးကတော့ ကုန်သွယ်ရေးဇုန်တွင်ထားရှိမည်ဖြစ်ပြီး ပြင်ပမှကုန်သည်များအတွက်

စီမံရေးဌာနမှ ယာယီမြို့တော်နေထိုင်ခွင့်ထုတ်ပေးကာ ကုန်သွယ်ရေးများလုပ်ဆောင်စေမည်။

မြို့သစ်စီမံကိန်း စတင်ပြီး လအနည်းငယ်အကြာတွင် ဌာနဆိုင်ရာအဆောက်အုံများစတင်

အကောင်ထည်ဖော်ကြတော့သည်။ အင်အားစုအသီးသီးမှ ပါဝင်အားဖြည့်ထားသည့်အတွက်

လအနည်းငယ်သာ ဆောက်လုပ်ရသေးသည်ဆိုသော်လဲ မြို့သစ်ကြီးက

အကြမ်းထည်ပုံပေါ်စပြုနေလေပြီ။

လွှတ်တော်အဆောက်အုံကို အောက်လွှတ်တော် အထက်လွှတ်တော်အဖြစ်ခွဲခြမ်းကာ မြွေမျိုးနွယ်စု သစ်တထောင်ကျေးရွာ ကျောက်စိမ်းကျေးရွာတို့ကို လွှတ်တော်တွင်ပါဝင်ရန် အင်အားစုအသီးသီးများ စုစည်းကာ မဲပေးရွေးချယ်မှုစတင်စေသည်။

ထိုရွေးချယ်မှုတွင် အထက်လွှတ်တော်တွင်၁၂ဦးရှိကာ အောက်လွှတ်တော်တွင် ၃၆ဦးရှိသည်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏အထက်တွင် မင်းသားကျိုးကို မြို့တော်၏ဘုရင်ငယ်ဖြစ် သက်မှတ်၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချစေမည်ဖြစ်သည်။ သို့သော် အရာတိုင်းကိုကျိုးယန်မှ ဆုံးဖြတ်စရာမလိုအပ်ပဲ အများစုကို

လွှတ်တော် နှစ်ရပ်မှ ဖြေရှင်းကြမည်ဖြစ်သောကြောင့် ကျိုးယန်လည်း စိတ်သက်သာရာရသွားတော့သည်။

တနှစ်တာ အချိန်ကုန်ဆုံးသွားချိန်တွင် ဌာနများက အပြည့်အဝ ပုံပေါ်လာကာ စတင်လည်

ပတ်လာတော့သည်။ တပ်မှူးချင်ကို စီမံရေးဌာနဝန်ကြီးအဖြစ်သက်မှတ်ကာ တောက်ချင်ကိုမူ

အုပ်ချုပ်ရေးဌာနဝန်ကြီးအဖြစ် ယာယီသက်မှတ်လိုက်ကြသည်။ လွှတ်တော်နှစ်ရပ်တွင် အဖိုးဝူသာအထက်လွှတ်တော်တွင်ပါဝင်၍ ကျန်သူများက

အစိုးရပိုင်းတွင်မပါဝင်ကြတော့ပေ။

ပိုင်လီ ထျန်းရှီနှင့် အခြားသူများသည်လည်းအင်အားစုအသီးသီးမှ ရွေးချယ်ထားမှုအလိုက်ဌာနများတွင် နေရာအသီးသီးသက်မှတ်ကာ

လုပ်ငန်းဆောင်တာများစတင်လေသည်။ ကိုင်ရီရီသည် ကျိုးယန်၏မြို့တော်ပုံဖော်မှုကို နားမလည်နိုင်သော်လည်း အစွမ်းကုန်ကူညီကာ သူမသည်လည်း အထက်လွှတ်တော်တွင် ပါဝင်အားဖြည့်ပေးသည်။ ကိုင်လီလီကို ကျိုးယန်မှ စုယင်နှင့်

အတူ အစိုးရဌာနတွင် ရှိစေချင်သော်လည်း စုယင်မှ ငြင်းပယ်ကာ မည်သည့်ဌာနထဲသို့မှ မဝင်

ရောက်သောကြောင့် ကိုင်လီလီနှင့် အစ်ကိုကျိုးတို့သာ ပါဝင်ရတော့သည်။

မြို့သစ်စီမံကိန်းစတင်ပြီး နှစ်နှစ်ခွဲကာလတွင်မြို့တော်အတွက် တံတိုင်းခတ်မှုများစတင်

ဆောင်ရွက်ကြသည်။ တံခါးလေးခုထားကာလုံခြုံရေးအတွက် အုပ်ချုပ်ရေးဌာနမှ လူအချို့ကိုအသုံးပြုကြရသည်။

တဖက်တွင် အနောက်ဘက်ဒေသကို မြို့တော်အသွင်ပြောင်းနေသည့် သတင်းကြောင့် ပြင်ပလူများစိတ်ဝင်တစားဖြစ်သွားကြကာ အခြေခံလူတန်းစားများနှင့် ကျင့်ကြံသူအချို့သည် မြို့တော်ကိုလေ့လာကြတော့သည်။

အထူးသဖြင့် အမှိုက်ဟုအမည်ထွက်နေသည့်မင်းသား၈ မှတည်ဆောက်ထားသည့်မြို့တော်ဖြစ်သည်အတွက် ပို၍ပင်စိတ်ဝင်စားကြသည်။

အာဏာလုပွဲကြောင့် ပြည်ထောင်စုသည် အောက်ခြေလူတန်းစားများကြား သက်ရောက်မှုမရှိသော်လည်း အလယ်အလတ်နှင့် အထက်တန်းလွှာများ

ကြားတွင် လှုပ်ခတ်မှုကြီးလေသည်။ အချို့သောကုန်သည်များသည် ခေတ်ပျက်ကာလတွင် ရွေးချယ်မှုပြုလုပ်ကြရမည်ဖြစ်ကာ ထိုရွေးချယ်မှုသည် ၎င်းတို့၏အနာဂတ်အား ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အခြေခံလူတန်းစားများကြား သက်ရောက်မှုမှာ မရှိသလောက်နည်းသော်လည်း လုံခြုံအေးချမ်းသည့် ဒေသတခုတော့ လူများကမျှော်လင့်နေကြသေးသည်မဟုတ်လား။ ထိုအတွက်ကြောင့်ပင် ကျိုးယန်၏မြို့သစ်သို့ရောက်ရှိလာကာမြို့တော်တွင် နေထိုင်ခွင့်ရရန် လျှောက်ထားကြတော့သည်။

"အဖေ သမီးတို့ မြို့တော်ကိုစွန့်ခွာဖို့လိုလိုလား"

မိန်းမငယ်လေးမှ သူမ၏အဖေကိုမေးသည်။

"ဘုရင်ထီးနန်းအတွက် မကြာခင်သတ်ဖြတ်မှုတွေက

မြို့တော်မှာသေချာပေါက်ရှိလာနိုင်တယ်သမီး

နောက်ပြီး စီးပွားရေးကလည်း သိတဲ့အတိုင်းပိုပြီးခက်ခဲလာပြီ အဖေတို့အနေနဲ့ တခြားသူတွေလိုရွေးချယ်မှုပြုလုပ်တယ်လို့မတွေးပဲ ကြမ်းတမ်းတဲ့ အနောက်ဘက်တောနက်ဒေသတခုလုံးကိုမြို့တော်အသွင် ပြောင်းနိုင်တဲ့မင်းသား၈ကို ယုံ

ကြည်ပြီး အဖေတို့လုံခြုံရေးနဲ့အကျိုးစီးပွားအတွက် ရွှေ့ပြောင်းဖို့လိုလိမ့်မယ်"

"သမီးတို့က သာမန်လူတန်းစားနော်အဖေ မင်းသား၈ က လက်ခံပါ့မလား"

မိန်းမငယ်လေးသည် ထိုအချက်ကိုစိုးရိမ်နေလေသည်။ သူမကဲ့သို့ပင် တခြားမိသားစုများ

သည်လည်း ထိုသို့အတွေးရှိကြလေသည်။

"လက်ခံမှာပါ မြို့တော်မှာ အဖေတို့လိုလူတန်းစားတွေအတွက် ခရိုင်တခုရှိတယ်လို့ အဖေကြားထားတယ်နောက်ပြီး မြို့တော်ရဲ့တရားဝင်နေထိုင်သူဖြစ်သွားရင် မြို့တော်ရဲ့အစိုးရပိုင်းက လယ်မြေနဲ့ လိုအပ်တဲ့အရာတွေ ထောက်ပံ့ပေးမယ်လို့ ကြားထားသေးတယ် သမီးလည်းသိမှာပါ အဖေတို့အခုလက်ရှိလုပ်နေတဲ့ လယ်မြေက အခွန်အခစျေးကြီးမြင့်ပြီး မြို့တော်ရဲ့အစိုးရပိုင်းက တင်းကျပ်ထားတဲ့အတွက် စီးပွားရေးက အဖေနဲ့သမီးတို့မောင်မှမ နှစ်ဦးစားလောက်ရုံပဲ ရှိနေတယ်လေဒါက ရေရှည်မှာ အဖေတို့အတွက်ပိုပြီးခက်ခဲစေနိုင်တယ် နောက်ထပ် ပြင်းထန်လာမယ့် အာဏာ

လုပွဲကြီးမှာ အဖေတို့လိုမြေစာပင်တွေက ငတ်ငတ် ပြတ်ပြတ်နဲ့ ပြည်တွင်းစစ်ကြီးကို ရင်ဆိုင်

ကြရတော့မှာ အဲ့ဒါကို အဖေစိုးရိမ်တယ်သမီး"

မိန်းမငယ်လေးမှ အတန်ကြာတွေးနေသည်။မင်းသား၈ သည် အမှိုက်ဟု ပြည်ထောင်စုတခုလုံးတွင်ကျော်ကြားသောကြောင့် အခြားသော

တော်ဝင်မျိုးနွယ်စုများမှ အရေးမလုပ်ကြပေ။သို့သော် ယခုမင်းသား၈၏ ခြေလှမ်းသည် အတော်ပင် ကျယ်လေသည်။ ထို့အတွက် အရင်ကလို သတိမပြုပဲ နေကြတော့မည်မဟုတ်ပေ။

အနောက်ဘက်မြို့တော်တွင်ရှိသည့် ကုန်သည်များသည်လည်းမြို့တော်အသစ်သတင်းကို စဥ်ဆတ်မပြတ်နားစွင့်နေကာ လိုအပ်ပါက ပြောင်းရွှေ့နိုင်ရန် အချက်အလက်များစု

ဆောင်းနေကြသည်။

"မင်းသား၈က အနောက်ဘက်ဒေသလို ကြမ်းတမ်းတဲ့ နေရာမှာ မြို့တော်တခုတည်တာ

အောင်မြင်ပါ့မလား ဘယ်လိုလူတွေက နေချင်ပါ့မလဲ"

မိသားစုကြီးတခု၏ အကြီးအကဲမှပြောသည်။

"ဟုတ်တယ် သူ့ရဲ့အင်အားက ကျုပ်တို့လိုမိသားစုကြီးတွေနဲ့တောင်ယှဥ်ဖို့ခက်နေချိန်မှာ ဒေသတခုလုံးကို စုစည်းသွားနိုင်တာကိုတော့ လေးစားရလိမ့်မယ် ဒါပေမယ့် ဘယ်လိုလူတွေက သူတို့ဆီသွားနေမှာလဲ ကုန်သည်တွေကတော့သူတို့စီးပွား

ရေးအတွက် သွားကောင်းသွားလိမ့်မယ်"

ထိုသတင်းကို အခြားသော မင်းသားများနှင့်မင်းသမီးများကြားလျှင် မှင်သက်သွားကြတော့သည်။ မင်းသား၈ သည်အရဲကိုးလွန်းနေသည်။

နယ်မြေအသစ်တခုတည်ထောင်ခြင်းသည် တာဝန်ကြီးကာ ဖိအားများပေသည်။ အခြေခံလူတန်းစားများမှစကာ အစိုးရပိုင်းထိ ထိန်းချုပ်နိုင်ရန်လိုအပ်ပြီး ထိုအရာများအတွက် မင်းသား၈တွင်အစီစဥ်ရှိထားသည်လား။

"မောင်ငယ်လေးက အတော်အတင့်ရဲတာပဲ သူ့ခွန်အားကိုသူ မချိန်ဆနိုင်ဘူးလား"

တတိယမင်းသမီးသည် ကျိုးယန်၏လုပ်​ဆောင်ချက်ကို အပြင်းအထန်ကန့်ကွက်လေသည်။ သူမသည် ကျိုးယန်၏ခွန်အားအမှန်ကို

မသိထားပေ။

ကျိုးယန်က ထိုအချက်များကိုသတိထားမိပြီဖြစ်သည်။ ထိုအတွက် အင်အားစုများမှ လူအချို့ခွဲထုတ်ကာ ရဲ ဟုခေါ်သည့် အဖွဲ့တခုဖွဲ့ကာ

အုပ်ချုပ်ရေးဌာနလက်အောက်တွင်ထားကာ စီမံစေသည်။ မြို့တော်၏နေရာတိုင်းတွင် လုံခြုံအေးချမ်းစေရန် ဥပဒေများရေးသားပြင်ဆင်ခြင်းကိုလည်း အင်အားစုများမှ ခေါင်းဆောင်များနှင့်အချိန်အတော်ကြာ တိုင်ပင်၍ သက်မှတ်ရန်ကြိုး

စားလေသည်။

ခရိုင်တခုစီအတွက် အိမ်ခြေ ၅၀၀၀ သက်မှတ်ထားပြီး လယ်ယာမြေများကို အခြေခံမိသားစု၅၀၀၀ အတွက် သက်မှတ်ပေးကာ စက်ရုံများအတွက်ကိုမူ ပြင်ပလူများမဝင်ရောက်စေသေးပေ။မြွေမျိးနွယ်နှင့် ပန်းပဲ ကျေးရွာမှလူများသည်

လက်နက်လုပ်ငန်းနှင့် ရင်းနီးလာကာ ခေတ်မီသေနတ်များ၏ ကိုယ်ထည်ကို စတင်ထုတ်လုပ်နိုင်ရန်နီးကပ်လာကြလေပြီ။ နည်းပညာပေါက်ကြားမှုကို စိုးရိမ်ရမည်လား။ မဖြစ်နိုင်ပေ။ ကျည်ဆံအတွက် လိုအပ်သည့် ယမ်းမှုန့်များကို သူသာ

စနစ်မှတိုက်ရိုက်ဝယ်ယူနိုင်ကာ ယမ်းမှုန့်ထုတ်လုပ်နိုင်သည့် နည်းပညာကို ပြင်ပတွင်ထုတ်ဖော်မထားပေ။ ကျည်ဆံမရှိပဲ သေနတ်ကမည်သို့အသုံးဝင်မည်နည်း။

အာဏာလုပွဲသည် မြို့တော်ကိုရောက်လာချိန်တွင် မြေစာပင်အဖြစ်မခံလိုသည့် လက်လုပ်လက်စား အခြေခံလူတန်းစားများသည် ကျိုးယန်၏မြို့တော်အသစ်သို့ ပြောင်းရန်စိတ်အားထက်သန်နေကြလေသည်။ ပုံမှန်အားဖြင့် ကျိုးယန်သည်

ထီးနန်းအတွက်စာရင်းဝင်သော်လည်းမြို့တော်ကြီးများထက် အနောက်ဘက်ဒေသလို

ခေါင်သည့်အရပ်က စစ်၏ဒဏ်ကို နောက်ကျမှထိပေလိမ့်မည်ဟုတွေးကာ အချိန်အတန်ကြာ

ရှောင်ရှားနိုင်လျှင်လည်း အရှုံးမရှိဟုတွေးကာပြောင်းလိုကြခြင်းဖြစ်သည်။

All Chapters