← Chapters

မြို့တော်အသစ်၏နေ့ရက်များ..(က)

Vol. 5 Ch. 70

မြို့တော်အသစ်၏နေ့ရက်များ..(က)

Vol. 5 Ch. 70

သုံးနှစ်တိတိကြာမြင့်ပြီးချိန်တွင် မြို့တော်အသစ်သည် အောင်မြင်စွာတည်ဆောက်ပြီးစီးသွားခဲ့လေပြီဖြစ်သည်။ ကျိုးယန်အတွက် အိမ်တော်

ကိုမြို့တော်အလယ်နေရာရှိ လွှတ်တော်နေရာနှင့်ဆိုလျှင် သိပ်မဝေးပေ။

"ဒင်

"စနစ်ရဲ့ ဖုံးကွယ်တာဝန်ဖြစ်တဲ့ မြို့အသစ်တခုတည်ဆောက်ခြင်း ပြီးစီးသွားသည့်အတွက်ဂုဏ်ယူပါတယ်"

"ဖုံးကွယ်တာဝန်တဲ့လား ကောင်းသားပဲ ဆုလာဒ်ကကောဘာတွေလဲစနစ်"

ကျိုးယန်၏အမေးကိုစနစ်မှ

"ဆုလာဒ်အနေဖြင့် ခေတ်မီလက်နက်တပ်ဆင်ပီးစစ်သည်တော် တသောင်းနဲ့ အရာရှိသုံးဦး...

မီးတောက်ထိန်းချုပ်ခြင်းကျင့်စဥ် တခုတို့ရရှိပါမည်"

ကျိုးယန်တယောက်ဝမ်းသာသွားသည်။ စနစ်၏ဆုလာဒ်က မြို့တော်အသစ်၏လုံခြုံရေးအတွက် ခေါင်းကိုက်နေရသည့် ကျိုးယန်ကိုအထိုက်

အလျောက်စိတ်သက်သာရစေသည်။ ခေတ်မီလက်နက်များတပ်ဆင်ထားခြင်းက ပို၍ပင်

အားကောင်းစေမည်ဖြစ်ကာ အရေအတွက်အရသည်လည်း ကျိုးယန်ကိုအကူညီဖြစ်စေလိမ့်မည်ဟု ကျိုးယန်တွေးလိုက်မိသည်။

ထိုနောက် ကျိုးယန်မှ အင်အားစုအသီးသီးရှိခေါင်းဆောင်များကိုဖိတ်ကြားလိုက်သည်။ အဓိကအားဖြင့် မြို့တော်အသစ်တွင်ပြောင်းရွှေ့နေထိုင်ဖို့စတင်ရန်သာမက ပြင်ပမှဝင်ရောက်လာမည့် လူများကိုလည်း စီစစ်လက်ခံရန်ဆွေးနွေးလိုခြင်းဖြစ်သည်။

အစည်းအဝေးပွဲတွင် ကိုင်ရီရီ ကိုင်လီလီနှင့်သစ်တထောင်ရွာမှ အကြီးအကဲများ အခြား

ခေါင်းဆောင်ကြီးများ ပန်းပဲကျေးရွာ ဆေးပညာရှင်များစွာရှိသည့် ကျေးရွာများအပြင် လူစုံတက်စုံရောက်ရှိလာကြသည်။

ပထမဦးစွာ ကျိုးယန်က မိမိလက်အောက်ရှိအင်အားစုများကို အရင်ပြောင်းရွှေ့စေသည်။

တဖက်တွင်လည်း မြို့တော်အသစ်၏အခြေနေကို အကဲစမ်းချင်သည့် လူများကိုဖြေရှင်းရန်

ကျိုးယန်က မြို့တော်တံခါးပေါက်၄ခုတွင် လက်နက်တပ်ဆင်ထားသည့် ခေတ်မီတပ်ဖွဲ့မှ လူအချို့ထားရှိကာ သံချပ်ကာကားများကိုလည်း နေရာတခုကိုတစီးနှုန်းဖြင့် အင်အားပြလေတော့သည်။

အနောက်ဘက်ဒေသ သည် သေကြေသတ်ဖြတ်မှုများကြောင့် နာမည်ကြီးသော်လည်း စိုက်

ပျိုးရေးနယ်မြေများက ကောင်းမွန်ကာ သဘာဝဆိုင်ရာအရင်းအမြစ်များသည်လည်း အခြား

သောမြို့တော်ကြီးများထက်ပင် ပို၍ကြွယ်ဝလေသည်။

ကမ္ဘာမြေမှ လာရောက်သူဖြစ်သည့်အတွက်ကျိုးယန်သည် သဘာဝပတ်ဝန်းကျင်ကို အမှန်

တကယ်ဂရုစိုက်သူဖြစ်ကာ စနစ်မှရရှိထားသည့်ရာဘာပျိုးပင်ပေါက်များကို စနစ်တကျ စိုက်ပျိုးစေရန် သူ့လူများအားညွှန်ကြားလိုက်သည်။

ထို့အပြင် အစိုးရဌာနများအတွက် လူရွေးချယ်ခြင်း ကိုလည်း မြို့တော်ကြီးတရားဝင် မဖွင့်ခင်အမြန်ကျင်းပလိုနေကာ ဌာနအသီးသီးတွင်ဆိုင်ရာဝန်ထမ်းများ ပြည့်စုံသွားပါက နောက်တဆင့်အနေဖြင့် အတည်တကျနေထိုင်သူများကိုစာရင်းပြုစု၍ အထောက်အပံ့များခွဲဝေပေးခြင်းကိုလုပ်ဆောင်မည်ဖြစ်သည်။

"အဖိုးဝူ ရဲတပ်ဖွဲ့အတွက် လူရွေးချယ်မှုကဘယ်တော့လောက်စမယ်တဲ့လဲ နောက်ပြီး ဌာနတွေ

အတွက် လိုအပ်တဲ့ စာဖတ်တတ်ပြီး ဗဟုသုတရှိတဲ့ လူငယ်အချို့လည်း

အမြန်ခန့်ထားဖို့ကူညီပါဦး"

အဖိုးဝူမှ ကျိုးယန်၏စကားကို လက်ခံသည်။ရဲတပ်ဖွဲ့သည် သာမန်ပြည်သူများ၏ လုံခြုံရေးကိုအသားပေးဆောင်ရွက်မည်ဖြစ်ကာ မြို့တော်တွင်လည်း သူမတွေ့မြင်ဖူးသည့် စစ်သားကြီးများ၏အစွမ်းအစကြောင့် အန္တရာယ်မရှိနိုင်ဟုတွေးမိသေးသည်။ ကျိုးယန်၏အထူးခေတ်မီတပ်ဖွဲ့သည် ကွန်မန်ဒိုတပ်ဖွဲ့ကဲ့သို့ဖြစ်ကာ ခန္ဓာကိုယ်

သန်မာထွားကျိုင်း၍ အမိန့်နာခံမှုအတွက် လှည့်ကြည့်စရာ​တောင်မလိုချေ။ စနစ်မှ ကျင့်ကြံရေးလောကနှင့် ကိုက်ညီအောင်ပြုပြင်ပေးထားသည့်အတွက်လည်း အဆင်ပြေလေသည်။

မြို့တော်အသစ်တရားဝင် မဖွင့်လှစ်ခင်ရက်ပိုင်းအလို၌ ရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်

ရန် လူခေါ်ခြင်းစတင်တော့သည်။ သာမန်ပြည်သူများသည် အစိုးရဌာနတွင်

ဝန်ထမ်းဖြစ်လာပါက နေစရာအိမ်တလုံးသာမက တလလျှင်ရွှေစ၂၀ ပေးမည်ဖြစ်သည်။

ရွှေစ ၂၀ ထိုအရာက သာမန်လူတန်းစားများအဖို့အိပ်မက်သဖွယ်ခံစားရစေကာ နှစ်ပေါက်

အောင်ရှာလျှင်ပင် ရွှေစ တစ စုမိရမ်ခက်ခဲလေသည်။ ထို့ကြောင့် ထိုသတင်းကိုကြားလျှင် အနယ်နယ်အရပ်မှ သာမန်ပြည်သူများသည် မြိ့တော်သို့ အပြေးအလွှားလာရောက်ကာ ပါဝင်စမ်းသပ်ခံရန်ပြင်ဆင်ကြတော့သည်။

"အမေ ကျတော်မင်းသားကျိုးရဲ့ မြို့တော်အသစ်မှာ ရဲတပ်ဖွဲ့ဝင်တွေခေါ်နေတယ်လို့ ကြားတယ်အဲ့ဒါ ကျတော်သွားပြီးစမ်းသပ်ခံချင်တယ်"

လင်းရန်က သူ၏မိခင်ကိုပြောလိုက်သည်။်လင်းရန်သည် အမေတခုသားတခုဖြစ်ကာ သာမန်လူတန်းစားဘဝဖြင့် ရုန်းကန်နေရသူများဖြစ်၍ ရဲတပ်ဖွဲ့ဝင်တဦး၏ အခွင့်အလမ်းနှင့်လုပ်ခလစာကို ကြားသည့်အခါ အလှည့်အပြောင်းတခုဖြစ်လိုဖြစ်ငြား ကြိုးစားကြည့်လိုခြင်းဖြစ်သည်။

"အမေလည်း အဲ့သတင်းကိုကြားပါတယ် အခုမင်းအဒေါ်ငယ်တို့လည်း မြို့တော်အသစ်ကို

ပြောင်းဖို့တိုင်ပင်နေကြတယ် အမေကတော့ ငါ့သားကိုမေးကြည့်ဦးမယ်ပဲ ပြောထားတာ ငါ့သားသာရဲတပ်ဖွဲ့ဝင်ဖြစ်သွားရင် အမေတို့ကအစိုးရဝန်ထမ်းတွေနေတဲ့ ခရိုင်မှာနေလို့ရလိမ့်မယ်ထင်တယ်"

သူ့အမေပြောသည့် အဒေါ်ငယ်ဆိုသည်ကအဖေဘက်မှပါသည့် တဝမ်းကွဲညီမဖြစ်ကာ သူမသည်လည်း အိမ်ထောင်ရက်သားကျထားပြီး

သားသမီး၃ဦးနှင့်အတူ ရုန်းကန်နေရသူဖြစ်သည်သူမ၏ သားအကြီးသည် လင်းရန်နှင့်ရွယ်တူပင်ဖြစ်ပြီး အလွန်ပင်ရင်းနီးကြသည်။

"အမေပြောတာမှန်တယ် ကျတော်ကြိုးသားမယ်ဒါနဲ့ သူတို့လည်း မြို့တော်အသစ်ကိုပြောင်းဖို့စိတ်ကူးရှိထားတယ်ဆိုတော့ ဟိုကောင် ဖေးဟန်ကို

ရဲတပ်ဖွဲ့ဝင်ကိစ္စ ပြောပြီး ခေါ်သွားလိုက်မယ်"

လင်းရန်က စိတ်အားထက်သန်စွာပင် သူ၏

အဒေါ်ငယ်အိမ်သို့သွားကာ ဖေးဟန်ကို သူနှင့်အတူ ပါဝင်စမ်းသပ်ရန်ပြောတော့သည်။ မူလကဖေးဟန်သည် စိတ်မပါသော်လည်း လင်းရန်၏နားပူနားဆာကြောင့် သဘောတူလိုက်ရသည်။သူ့အနေဖြင့် ရဲတပ်ဖွဲ့ဟူသည့် အသုံးအနှုန်းက

စိမ်းနေသောကြောင့် အန္တရာယ်ရှိသည့်အလုပ်ဟုထင်မှတ်ကာ ရှောင်လိုခြင်းဖြစ်သည်။

နောက်ရက်တွင် အင်အားစုများမှလူများမြို့တော်ကိုစတင်ရောက်ရှိလာကြပြီး ရဲတပ်ဖွဲ့

အပါအဝင် မြို့တော်၏အစိုးရန်ဝန်ထမ်းနေရာများအတွက် စတင်လူခေါ်တော့သည်။

ကျိုးယန်၏အထူးတပ်ဖွဲ့ တသောင်းသည်၂၄ နာရီအပြည့် အဆိုင်းများဖြင့် ၈နာရီတဆိုင်း

ထိုတဆိုင်းကို အရာရှိတဦးမှကြီးကြပ်စေ၍ မြို့တော်ကိုလုံခြုံရေးပေးစေသည်။ တဖက်တွင်

ကျိုးယန်၏လက်အောက်ခံများကိုလည်း လက်နက်များဖြင့် အကျွမ်းတဝင်ရှိစေကာ အရန်တပ်ဖွဲ့ဟုခေါ်သည့် တပ်ဖွဲ့တခုကို တပ်မှူးချင် အဖိုးဝူအစ်ကိုကျိုးတို့၏ အစီစဥ်ဖြင့် စတင်စုဖွဲ့တော့သည်။

အောက်လွှတ်တော် အထက်လွှတ်တော်တွင်

လက်ရှိအချိန်၌ ကျိုးယန်၏ရှိရင်းစွဲလက်အောက်မှလူများသာ နေရာယူထားသော်လည်း နောင်တချိန်တွင် ပြည်သူများကို အစားထိုးစေမည်ဟု

ကျိုးယန်တွေးထားသည်။

ကျိုးယန်ကို ဘုရင်ငယ်အဖြစ်သက်မှတ်ထားသော်လည်း ကျိုးယန်က ဘုရင်စနစ်ကိုဖြုတ်ချကာ ခေတ်မီနိုင်ငံတခု၏ အုပ်ချုပ်ရေးယန္တယား

ပုံစံသွားလိုသောကြောင့် သူ့ကိုယ်သူဘုရင်ငယ်အဖြစ်မကြေငြာခဲ့ပေ။

မြို့တော်ဝန်ဟုသာ ယာယီသက်မှတ်ထားပြီးသူ့အောက်တွင် ထျန်းရှီ ပိုင်လီနှင့် ကိုင်ရီရီတို့

ဦးဆောင်သည့် အထက်လွှတ်တော်ရှိကာ ထိုနောက်တွင် အခြားအင်အားစုများမှ သင့်တော်ရာ

များစု၍ အောက်လွှတ်တော်တရပ် ဖွဲ့စည်းထားသည်။

ထိုအရာများသည် ယာယီပင်ဖြစ်ကာ မြို့တော်တရားဝင် လည်ပတ်ပြီးအချိန်တခုအကြာတွင်ဖြုတ် ထုတ် နှုတ်များဆောင်ရွက်စေမည်ဖြစ်သည်။ ခရိုင်လေးခုအတွက် ခရိုင်အုပ်ချုပ်ရေးမှူး များ စီရင်စုအတွက်အုပ်ချုပ်ရေးမှူးများ

ကို ပြည်သူများနှင့် ပြင်ပလူများဝင်ရောက်ပြီးချိန်မှသာ ရွေးချယ်ရပေမည်။

All Chapters