← Chapters

မြို့တော်အသစ်၏နေ့ရက်များ (ခ)

Vol. 5 Ch. 71

မြို့တော်အသစ်၏နေ့ရက်များ (ခ)

Vol. 5 Ch. 71

လင်းရန်တို့သူငယ်ချင်းနှစ်ဦးသည် ရဲတပ်ဖွဲ့တွင်ပါဝင်စမ်းသပ်ခံရန် မြို့တော်အသစ်သို့ အလျင်အမြန်ပင် ရောက်ရှိလာကြသည်။ လမ်းတလျှောက်သူတို့ကဲ့သို့ စိတ်ကူးရှိသည့် လူငယ်များလည်း တွေ့ရကာ တကိုယ်တော်ကျင့်ကြံသူများ

စာပေနှင့်အခြားဗဟုသုတအနည်းငယ်ရှိသည့် လူငယ်လူရွယ်များသည်လည်း အစိုးရဌာ

နတခုခုတွင် အလုပ်တနေရာရရှိရန် အာခဲထားကြလေသည်။

"လူတွေအများကြီးပဲကွ ဒီလောက်များမယ်လို့မထင်ထားခဲ့ဘူး"

ဖေးဟန်၏စကားကို လင်းရန်ကလည်း ခေါင်းညိတ်ကာထောက်ခံလိုက်သည်။

"အေးကွ မင်းသား၈ က အမည်ပျက်ထွက်ထားတယ်ဆိုပေမယ့် အခုကျ အနောက်ဘက်ဒေသ

တခုလုံးကို အချိန်တိုအတွင်းစုစည်းနိုင်တယ်ဆိုတော့ အထင်သေးလို့တော့မရဘူး"

နှစ်ယောက်သားစကားပြောရင်း တဖြေးဖြေးလျှောက်ဝင်လာကာ မြို့တော်အသစ်ရှိရာသို့

ရောက်ရှိလာကြသည်။ မြို့တော်အသစ်သည်ကီလိုမီတာများစွာကြီးသည်ဟု သတင်းထွက်

ထားပြီး မြို့တံတိုင်းကြီးများကို မြင်လိုက်ချိန်တွင် လင်းရန်နှင့်ဖေးဟန်တို့ အချိန်အတော်ကြာ

မှင်သက်နေကြရသည်။

ကြီးမားသည့် အုတ်တံတိုင်းများသာမကာမြို့အဝင်တံခါးချပ်ကြီးကလည်း ခမ်းနားကာ

အဝင်ဝတွင် အလွန်တရာထွားကြိုင်းသန်မာပုံရသည့် တပ်ဖွဲ့ဝင်များကိုတွေ့လိုက်ကြရသည်။

"အဲ့ဒီလူတွေကိုင်ထားတဲ့လက်နက်က သတင်းကြီးနေတဲ့ သေနတ်ဆိုတဲ့အရာမဟုတ်လား"

ဖေးဟန်က အထူးတပ်ဖွဲ့ဝင်များကိုကြည့်၍

လင်းရန်ကိုတီးတိုးမေးလိုက်သည်။

"ဟုတ်လောက်တယ် ငါလည်းမမြင်ဖူးဘူးဟဒါနဲ့ ဝတ်စုံတွေကိုကြည့်စမ်း သူတိူ့ခန္ဓာကိုယ်အချိုးအစားနဲ့ ဘယ်လောက်ကြည့်ကောင်းလဲ"

လင်းရန်က အားကျနေသည့်မျက်လုံးအစုံဖြင့်အထူးတပ်ဖွဲ့ဝင်များကိုကြည့်နေလေသည်။

"လာပါ ငါတို့စမ်းသပ်မှုနောက်ကျသွားလိမ့်မယ်

အမြန်ဝင်ကြရအောင်"

ဖေးဟန်က ​လင်းရန်၏လက်ကိုဆွဲ၍ မြို့တံခါးမှတဆင့် မြို့တော်အသစ်ဆီသို့ ဝင်ရောက်

သွားကြသည်။

ကြီးမားကျယ်ပြန့်ကာ ညီညာသည့်လမ်းမကြီးများ လမ်းတဘက်ရှိ ပုံစံတူအဆောက်ဦးများအရာအားလုံးသည် အနောက်ဘက်မြို့တော်ကြီး

ထက်ပင်သာလွန်နေလေသည်။

နှစ်ယောက်သား ဟိုဒီငေးရင်းဖြင့်ပင် မြို့အလယ်သို့ရောက်ရှိလာကာ အစိုးရရုံးအဆောက်ဦးတခုတွင် ရဲတပ်ဖွဲ့ဝင်များအတွက်အရွေးချယ်ခံ

စာရင်းပေးသွင်းလိုက်ကြတော့သည်။

"အင်အားစုတွေဆီကနေ ရထားသည့်လူအရေတွက်အရ အားလုံးကိုစုစည်းတော့ စုစုပေါင်း

၇၅၈၀၀ တိတိရှိပါတယ်မင်းသား နောက်ပြီးကျန်တဲ့ သိုင်းပညာရှင်အဆင့် လူတွေက အစိုးရ

ဌာနတွေမှာ ဝင်ရောက်လုပ်ကိုင်လိုကြပြီး အကုန်လုံးဆိုရင် မင်းသားရဲ့ လူတွေပါအပါ တသိန်းကျော်ရှိနေပါတယ်"

တောက်ချင်က အစိုးရဌာန အရန်တပ်ဖွဲ့ များအတွက် လူအင်အားကောက်ယူထားခြင်းဖြစ်ပြီးထိုတပ်ဖွဲ့များကို အခြားပညာရှင်များနှင့်အတူ

တောက်ချင်က ဦးစီးမည်ဖြစ်သည်။

"ရဲတပ်ဖွဲ့ နဲ့ဌာနတွေအတွက် အခြေခံဝန်ထမ်းတွေရွေးချယ်နေကြပြီလား"

ကျိုးယန်၏ အမေးကိုအဖိုးဝူမှ

"ဒီကနေ့ပဲ စတင်ပါတယ် မင်းသား ၃ရက်အတွင်းအပြီးသတ်ရွေးချယ်စေပြီး ရွေးချယ်ခံရတဲ့လူတွေရဲ့ မိသားစုဝင်တွေကို အစိုးရဝန်ထမ်းတွေနေရမယ့် ခရိုင်ဆီအရင်ပို့ပေးဖို့စီစဥ်ထားပါတယ် နောက်ဆွဲ ဥပဒေရေးဆွဲခြင်းကိုတော့

တရားလွှတ်တော်အတွက် ဌာနတခုတည်ဆောက်ပြီးကာမှလုပ်ဆောင်မယ်လို့တွေးထားတယ်"

အဖိုးဝူ၏စကားကိုကြားလျှင် ကျိုးယန်လည်းအချိန်တခုအကြာတွေးနေမိသည်။ လူများလာလျှင်ပို၍ထိန်းလျုပ်ရန်လိုအပ်မည်ဖြစ်ပြီး အုပ်ချုပ်ရေးအသီးသီးများကို ကူညီရန်ရဲတပ်ဖွဲ့ရှိသော်လည်း ထိုသူများက ကျင့်ကြံသူများကိုမကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် မြို့တော်တွင်အခြေ ကျသူများအတွက် စည်းမျဥ်းများယာယီနေထိုင်သူများအတွက် စည်းမျဥ်းများဟူ၍ စည်းမျဥ်းများကို ရေးဆွဲနိုင်ရန် ကျိုးယန်တယောက် ကြိုးစားနေခြင်းဖြစ်သည်။ ကမ္ဘာမြေမှ ပြန်လာချိန်တွင် တဖက်လောကရှိ နိုင်ငံရေး

ဆိုင်ရာများ ကိုလေ့လာထားသော်လည်းလက်တွေ့ ကိုယ်တိုင်ဆောင်ရွက်ကြည့်ကာမှ

ခက်ခဲသည်ကို လက်ခံလာရတော့သည်။

ရဲတပ်ဖွဲ့ဝင်များရွေးချယ်မှုသည် ၃ရက်အတွင်လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။ ထိုအထဲတွင်လင်းရန်တို့နှစ်ဦးလည်းပါဝင်ကာ အုပ်ချုပ်ရေးဌာနမှပေးလိုက်သည့် ရဲယူနီဖောင်းများနှင့် ရွှေစများကိုယူကာ သင်တန်းမတက်ခင် မိဘများကို

သွားရောက်ခေါ်ဆောင်ကြမည်ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များအပါဝင် ဌာနအတွက်ဝန်ထမ်းများစွာကိုခန့်အပ်ပြီးနောက် ကျိုးယန်ကမြို့တော်အသစ်တွင် ပြည်သူများစတင်လက်ခံတော့သည်

"အဖေ မြို့တော်အသစ်ကြီးကအရမ်းခမ်းနာတာပဲနော်"

မိန်းမငယ်လေးမှ သူမ၏အဖေကိုပြောလိုက်သည်။ သူမ၏ဖခင်ဖြစ်သူသည်လည်း သူထင်ထားသည်ထက်ကြီးမားကာ ခမ်းနာနေသည့်မြို့တော်ကြီးကိုမယုံနိုင်ဖွယ် ကြည့်ငေးလျက်ရှိနေသည်။

"အဖေတို့ ရွေးချယ်မှု မှန်ကန်မှာပါ ဟိုးမှာကြည့်စမ်း စစ်သည်တွေတွေ့လား ခွန်အားကြီးကြမယ့်ပုံပဲ သူတို့တွေက အဖေတို့လိုသာမန်ပြည်သူတွေ

ကိုစောင့်ရှောက်ကြလိမ့်မယ်"

သားအဖ၃ဦး တရွေ့ရွေ့ဖြင့်စီမံရေးဌာနရှိရာသို့သွားလိုက်ကြသည်။မြို့တော်တွင် လူနေထိုင်ရန်စတင်လက်ခံသည့်ရက်ဖြစ်သော်လည်း စီမံရေးဌာနတွင် လူများပြည့်နေကာ အများစုသည် သာမန်လူတန်းစားများဖြစ်ကြလေသည်။

လင်းရန်တို့ကဲ့သို့ လူငယ်များသည်စမ်းသပ်မှုအောင်မြင်ပြီး သင်တန်းတက်ရန်ရွေးချယ်ရာတွင်အချက်အလက်များပေးထားပြီဖြစ်သောကြောင့်

မိသားစုများအတွက် အချက်အလက်များထပ်မံပေးသွင်းရန်မလိုတော့ပေ။ မြို့တော်မှသက်မှတ်ထားသည့် အိမ်ရှိရာသို့တိုက်ရိုက်ပင်သွားကာ

ပြောင်းရွှေ့တော့သည်။

"ခြံကအကျယ်ကြီးပဲ အိမ်ကလည်းကောင်းလိုက်တာ မင်းသား၈က အိမ်တိုင်းတနိုင်တပိုင်စိုက်ပျိုးရေးလုပ်စေချင်ပုံရတယ်"

လင်းရန်၏မိခင်က ခြံဝန်းကျယ်ကိုကြည့်ပြီးပြောလိုက်သည်။ ခြံဝန်းများသည် လမ်းတဖက်စီတွင် အညီအညာရှိကာ မိသားစုငယ်တစုစိုက်ပျိုး

ရန် မြေနေရာအချို့လည်းပါဝင်ပေသည်။

မူလက ကျိုးယန်သည် စိုက်ပျိုးရေးအတွက်ခရိုင်နေရာတခုသက်မှတ်ကာ သာမန်လူတန်းစားများကို စိုက်ပျိုးစေမည်ဟု တွေးမိသော်လည်းစနစ်မှပေးထားသည့် ရာဘာပျိုးပင်များကိုသတိရသွားပြီးနောက် ထိုစိတ်ကူးကိုပြောင်းလဲလိုက်

တော့သည်။ အစိုးရပိုင်စိုက်ပျိုးနယ်မြေတခုအသွင်ဖော်ဆောင်ကာ ထိုနေရာအတွက် သာမန်

ပြည်သူများကို ပြန်လည်နေရာချထားမည်ဖြစ်ပြီးတသက်တာလုံးစိုက်ပျိုးရေးသာ ဇောက်ချလုပ်လာသည့် သာမန်ပြည်သူများသည် ခြံဝန်းအတွင်း

တနိုင်တပိုင်စိုက်ပျိုးနိုင်သည့်အပြင်ကျိုးယန်ဖော်ဆောင်ထားသည့် ရာဘာပျိုးခင်းများတွင်လည်း အစိုးရလစာယူကာ ဝင်ရောက်လုပ်ကိုင်နိုင်သေးသည်။

အဓိကအချက်အားဖြင့် စိုက်ပျိုးရေးသည်စားဝတ်နေရေးအတွက်အရေးပါသော်လည်း

ထိုအရာများကိုရာနှုန်းပြည့်မီခိုသည်က မြို့တော်ကို တိုးတက်စေမည်ဟုမထင်ပေ။ ကမ္ဘာမြေမှနည်းပညာများဖြင့် ယဥ်ပါးခဲ့သူဖြစ်သည့်အတွက်

နည်းပညာကိုသာ တည်ကာ မြို့တော်အသစ်မှတဆင့် နောက်ဆုံးပြည်ထောင်စုကြီးတခုလုံးကို

ပါ စက်မှုစွမ်းအားအကူညီနှင့် တိုးတက်ရန်စိတ်ကူးရှိထားလေသည်။

မြို့တော်၏လမ်းမများတွင် စစ်သည်များနေရာအနှံ့ရှိထားပြီး ပြောင်းရွှေ့ပြည်သူများကို

လည်းတိကျသည့် အချက်အလက်ကောက်ယူ၍စာရင်းသွင်းရန် စီမံရေးဌာနကို မှာထားလေသည်။ ကုန်သည်များက ကျိုးယန်ဖော်ဆောင်ထားသည့် စီးပွားရေးအဆောက်အုံများကိုကြည့်၍ မှင်သက်နေကြရသည်။ ကြီးမားသည့် အထပ်

မြင့်အဆောက်အုံများတွင် အဆင့်အသီးသီးသက်မှတ်ကာ မြို့တော်၏စီမံရေးဌာနမှ ပြင်ပ

ကုန်သည်များ၏ အခြေခံစားသောက်ကုန်များကိုဝယ်ယူမည်ဟု ကြေငြာထားလေသည်။ ထို့အပြင် အခြားသော စားသောက်ကုန်များ တကိုယ်တော်

ကျင့်ကြံသူများပါဝင်ရောင်းချသည့် စျေးရုံကြီးများလည်းဆောက်လုပ်ထားပြီး ကုန်သည်များ

အတွက် မြို့တော်တွင်ယာယီနေထိုင်ခွင့်ကတ်ပြားများထုတ်ပေးထားကာ သက်တမ်းတခုယာယီသက်မှတ်ထား၍ အချိန်ကာလတခုအကြာတွင်အခွန်ဆောင်ကာ ထပ်မံသက်တမ်းတိုးရမည်ဖြစ်သည်။ နောက်ပြီး အစိုးရပိုင်ဆိုင်သည့်နေရာများ

တွင် ကုန်ယွယ်လိုပါက အဆောက်အုံများနှစ်ချီငှားရမ်းနိုင်ဦးမည်ဖြစ်ပြီး စီးပွားရေးသမားများအတွက် မြို့တော်တွင်ရှိနေသမျှ လုံခြုံစေရမည်ဟု အုပ်ချုပ်ရေးဌာနမှ အာမခံထားလေသည်။

ခရိုင်အသီးသီးတွင် လူများစတင်ဝင်ရောက်နေထိုင်ကြပြီးနောက် သင်တန်းသားများကိုပို့ချရန် ဆိုင်ရာဌာနအသီးသီး၏ သင်တန်းကာလများ

စတင်တော့သည်။

ကျိုးယန်သည် ကမ္ဘာမြေတွင်ထိုအရာများနှင့်မရင်းနီးသောကြောင့် ကောင်းနိုးရာရာများကိုကိုင်ရီရီ အဖိုးဝူတို့နှင့်တိုင်ပင်ကာ သင်တန်းအ

တွက်လိုအပ်သည်များကို ပြင်ဆင်ရလေသည်။သင်တန်းတွင်

သင်ကြားပေးမည့်သင်ခန်းစာများသာမက လိုအပ်သည့် လက်နက်ကိရိယာများ

အခြေခံအရာများအားလုံးကို အပြည့်အဝထောက်ပံ့ကာ သင်တန်းကာလကိုလည်း ဌာန

အားလုံးအတွက် အချိန်တခုသက်မှတ်ပေးလိုက်သည်။

အုပ်ချုပ်ရေးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့များအတွက် ပြင်းထန်သည့် ကိုယ်ကာယနှင့်အကျင့်စာရိတ္တပိုင်းဆိုင်ရာ များပို့ချပေးကာ ကျန်ဌာန

များတွင် နိုင်ငံရေးနှင့် ဌာနတခုချင်းစီ၏သက်ဆိုင်ရာ အကြောင်းအရာများကို ကျိုးယန်တ

ယောက် ပညာရှင်များနှင့်အကြိမ်ကြိမ်စည်းဝေးကာ ဆောင်ရွက်ရလေသည်။ သို့သော်အများစုကတော့ ကျိုးယန်၏စိတ်ကူးများသာဖြစ်ကာ

ခရိုင်အဆင့်မှစ စီရင်စုအဆင့်ရှိ အုပ်ချုပ်ရေးဌာနခွဲများတွင်

သင်တန်းဆင်းရဲတပ်ဖွဲ့များကိုပို့လွှတ်စေကာ တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။

ကျိုးယန်သည် အိမ်တော်၏အပေါ်ဆုံးထပ်မှနေ၍ မြို့တော်ကို ကြည့်ကှူနေလေသည်။ သူ့စိတ်ကူးတွင်ရှိသမျှ သူလုပ်နိုင်သည့်အရာအားလုံးကိုပုံဖော်နေကာ ထိုအရာများသည် ဖုံးကွယ်တာဝန်တခုဟုတ်မဟုတ် သူစိတ်မဝင်စားတော့ပေ။သူစိတ်ဝင်စားသည်က လူများအယုတ်အလတ်မခွဲပဲ ငြိမ်းချမ်းသည့်ဒေသတခုဖော်ဆောင်လိုခြင်းဖြစ်ပြီး ကျင့်ကြံရေးလောက၏ ကြမ်းတမ်းမှုကိုပြောင်းလဲလိုခြင်းဖြစ်သည်။ ထိုအရာက ခက်ခဲ

ပေသည်။

မြို့တော်၏နေရာတိုင်းတွင် လူများအပြည့်သွားလာလျက်ရှိကာ မြို့တော်တွင်နေထိုင်မည့်သက်မှတ်လူဦးရေ ပြည့်စုံပြီးနောက် နောက်ထပ်

ရောက်ရှိလာသူများကိုတော့ ယာယီစာရင်းသာပေးသွင်းစေတော့သည်။

ခေတ်မီလက်နက်များကိုင်ဆောင်၍ ကင်းလှည့်နေသည့် စစ်သည်များကိုကြည့်ကာ ကျင့်ကြံသူများသည် မူလအကဲစမ်းလိုသော်လည်း မဝံ့ရဲ

ကြပေ။ ထိုလက်နက်များအကြောင်းကို ကျိုးယန်တယောက် အနောက်ဘက်ဒေသကိုစုစည်းရာတွင် ကျိုးယန်လက်အောက်ရှိ တပ်မှူးတောက်ချင်

မှ အစွမ်းပြခဲ့ထူးသည်မဟုတ်လား။ ကြီးမားတဲ့စက်တပ်ယာဥ်များ ပေါက်ကွဲစေသည့်အရာများသိုင်းပညာရှင်အဆင့်များကိုပင် ထိခိုက်စေနိုင်

သည့်လက်နက်ဆန်းများကြောင့် အများစုသည်မြို့တော်သို့ရောက်ချိန်တွင် အတတ်နိုင်ဆုံးငြိမ်ဝပ်နေကြလေသည်။

သင်တန်းကာလများလုပ်ဆောင်နေချိန်တွင်

ကျိုးယန်၏ကိုယ်ပိုင်အထူး စစ်သည်များကလုံခြုံရေးကို ဆောင်ရွက်ကြရသည်။

"တပ်မှူးအကြီးအကဲက မင်းသားကိုတွေ့ခွင့်တောင်းနေပါတယ်"

အစေခံတဦး၏စကားကြောင့် ကျိုးယန်လည်းအတွေးထဲမျောနေရာမှ သတိဝင်လာရသည်။ ထိုတပ်မှူးအကြီးအကဲသည် စနစ်မှပေးထားသည့်

အရာရှိ၃ဦးတွင် ခေါင်းဆောင်ဖြစ်ကာ ကျင့်ကြံမှုသည်သိုင်းပညာရှင်အထွဋ်အထိပ်ဖြစ်သည်။

"ဝင်ခွင့်ပေးလိုက်ပါ"

"ကောင်းပါပြီမင်းသား"

ခနအကြာတွင် ကိုယ်လုံးကိုယ်ထည်ခပ်​တောင့်တောင့်နှင့် စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့်အရာရှိတဦးဝင်လာသည်။ ထိုအရာရှိအမည်မှာ

လော့ချမ်း ဖြစ်သည်။

"သခင်လေးကို နှုတ်ဆက်ပါတယ်"

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ပြီးနောက်ခုံတခုတွင် ထိုင်စေသည်။

"အထွေအထူးကိစ္စများရှိလို့လား"

"အရေးကြီးကိစ္စရယ်တော့မရှိပါဘူး သက်မှတ်လူဦးရေ ပြည့်ပြီးနောက်ပိုင်းထပ်တိုးလူတွေကို

ယာယီနေထိုင်ခွင့်ပေးတဲ့နေရာမှာ သူတို့တွေကိုထိန်းချုပ်ဖို့ခက်ခဲနေတယ်လို့ အုပ်ချုပ်ရေးဌာနကပြောလာလို့ပါ"

ကျိုးယန်၏မျက်ခုံးအစုံပင့်တက်သွားသည်။မြို့တော်အသစ်စတင်ပြီး​နောက် စုယင်သည်အစိုးရဌာနတခုတွင် မူလကမဝင်ရောက်လိုဟုငြင်းဆန်ခဲ့ပေမဲ့ ကျိုးယန်၏များပြားသည့်လုပ်ငန်းဆောင်တာများကို ကြည့်ကာ ကျိုးယန်ကိုကူ

ညီနိုင်ကန်အတွက် လေ့လာရန်ခေါင်းစဥ်ဖြင့်အစိုးရဌာနကိုဝင်ရောက်သွားတော့သည်။ ထို့

ကြောင့် ကျိုးယန်အနားတွင် အစေခံများသာရှိကာ ကိုင်ရီရီကစ အဖိုးဝူထိ မည်သူမှမအားလပ်ကြတော့ပေ။ ကျိုးယန်သည် မြို့တော်အတွက်

အနာဂတ်အရေးကို တဦးတည်းခေါင်းပူမတက်တွေးတောရသည့်အပြင် စနစ်မှပေးသည့် မီးထိန်းချုပ်ခြင်းကျင့်စဥ်ကိုလည်း လေ့လာနေရသည်။မီးတောက်ကလေး ခွန်အားကြီးလာချိန်တွင် သူ့တွင် မှန်ကန်သည့် ကျင့်စဥ်မရှိထားပါက နောင်

တချိန်တိုက်ပွဲများတွင် မီး​တောက်ကလေး၏အစွမ်းအစများကို ထုတ်သုံးနိုင်မည်မဟုတ်ပေ။

"ဘယ်လိုခက်ခဲတာလဲ သူတို့က ကျင့်ကြံသူတွေဖြစ်နေလို့လား"

ကျိုးယန်၏အမေးကို လော့ချမ်းမှ

"ဟုတ်ပါတယ် သခင်လေး သူတို့ကမြို့တော်ကြီးဆီကနေ ပထမမင်းသားနဲ့အခြားမင်းသားမင်းသမီးတွေ လွှတ်လိုက်တဲ့လူလို့ထင်ရတယ်

နောက်ပြီး အင်အားကြီးဂိုဏ်းနဲ့မိသားစုကြီးတွေဆီကဖြစ်နေတဲ့အတွက် သူတို့ကိုကိုင်တွယ်ရမှာခက်ခဲနေတာပါ"

လော့ချမ်းပြောသည်မှာ မှန်ပေသည်။ ထိုသူများသည် ကျိုးယန်၏ခွန်အားကိုသိလိုသည်ကတကြောင်း မြို့တော်အသစ်၏အလားအလာသည် ၎င်းတို့ကိုနောင်တွင် ခြိမ်းခြောက်နိုင်စွမ်းရှိမရှိပါ သိလို၍လာကြခြင်းဖြစ်သည်။ သို့သော်

ပညာရှင်များဖြစ်သည့်အတွက် မောက်မာကြကာမြို့တော်၏ ဌာနများနှင့်ဆက်ဆံရာတွင် ခက်ခဲစေရန် ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်၍သော်လည်းကောင်း အကဲစမ်းလာကြသည်။

ထိုသူများကိုပြင်းပြင်းထန်ထန် ကိုင်တွယ်ပါ

က မြို့တော်အသစ်စတင်ကာစတွင် မလိုလားအပ်သည့် ပြဿနာများရှိလာနိုင်သောကြောင့်

ကျိုးယန်၏လက်အောက်ရှိလူများက သည်းခံနေကြခြင်းလည်းဖြစ်သည်။

All Chapters