← Chapters

မြို့တော်အသစ်၏နေ့ရက်များ (ဂ)

Vol. 5 Ch. 72

မြို့တော်အသစ်၏နေ့ရက်များ (ဂ)

Vol. 5 Ch. 72

"အဲ့လိုပြဿနာတွေဖြစ်လာမယ်ဆိုတာ ကျုပ်မျှော်လင့်ပြီးသားပါ သာမန်ပြည်သူတွေနဲ့ကုန်

သည်တွေက ပြဿနာမဟုတ်ပဲ ဒီငမြောက်ငခြောက် ကျင့်ကြံသူတွေက ပြဿနာကောင်တွေ

ဖြစ်နေတယ်"

ကျိုးယန်က မျှော်လင့်ပြီးသားဖြစ်သော်လဲလက်တွေ့ကြုံလာချိန်တွင် ဒေါသထွက်နေရသေးသည်။

"သခင်လေးကသူတို့ကို ဘယ်လိုကိုင်တွယ်မယ်လို့စိတ်ကူးထားပါသလဲ"

လော့ချမ်း၏အမေးကိုကြားလျှင် အတန်ကြာစဥ်းစားလိုက်သည်။

ဆက်၍ သည်းခံနေလျှင် ထပ်မံရောင့်တက်လာကြမည်ဖြစ်ကာ မြို့တော်အသစ်၏အုပ်ချုပ်ရေးနှင့်တည်ငြိမ်မှုကို ထိပါးစေတော့မည် တုန့်ပြန်ပါ

ကလည်း နောက်ကွယ်တွင်ရှိသည့် အင်အားစုများကိုစိန်ခေါ်သလိုဖြစ်၍ ဖြေရှင်းရခက်ဦးမည်။

"ဌာနအသီးသီးက ခေါင်းဆောင်တွေကို တနာရီအတွင်း ပင်မအဆောက်ဦးဆီမှာ စည်းဝေးဖို့

ကျုပ်ကခေါ်တဲ့အကြောင်း သတင်းပို့လိုက်ကြ"

ကျိုးယန်က အစေခံများကိုစေခိုင်းလိုက်ရတော့သည်။ သူ့စိတ်အရဆိုလျှင် ထိုသူများကို

ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဖြစ်ကာ မြို့တော်၏စည်းမျဥ်းများအတိုင်း ထိန်းချုပ်မည်ဖြစ်သည်။သို့သော်လည်း မြို့တော်တခုသာမဟုတ်

ပြည်ထောင်စုအနေဖြင့်လည်း လွတ်လပ်သည့်နိုင်ငံရေးသဘောတရားကို အခြေခံရန်လိုအပ်ကာအများဆန္ဒကို လိုက်နာရမည်ဟု တွေးမိသောကြောင့် စည်းဝေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်

တနာရီခန့်အကြာတွင် ကျိုးယန်သည်လော့ချမ်းနှင့်အတူ ပင်မလွှတ်တော်အဆောက်ဦး

ဆီသို့သွားလိုက်သည်။ သူရောက်ချိန်တွင် လူစုံလုနီးပါးဖြစ်ကာ စုယင်သည်လည်း ကိုင်ရီရီနှင့်

အတူရောက်နေလေသည်။ ကျိုးယန်တယောက်ခန်းမထဲဝင်ချိန်တွင် အကုန်လုံးမှမတ်တပ်ထရပ်ကာနှုတ်ဆက်ကြသည်။

"ထုံးတမ်းတွေခနထားလိုက် အခုတပ်မှူးလော့ချမ်းဆီက သတင်းဆိုးတခုကျုပ်သိလာရတယ်

အဲ့ကိစ္စကို ဖြေရှင်းဖို့ ကျုပ်အားလုံးရဲ့အကြံဉာဏ်လိုချင်တယ်"

ကျိုးယန်မှအားလုံးကိုတချက် ဝေ့ဝဲကြည့်၍ပြောလိုက်သည်။ ထိုစကားကိုကြားလျှင် ကိုင်ရီရီမှ စတင်ပြောလာသည်။

"ယာယီနေထိုင်သူတွေနဲ့ အုပ်ချုပ်ရေးဌာနက လူတွေဖြစ်တဲ့ပြဿနာလား ကျမလည်း ကြားမိပါတယ်"

ပိုင်လီကလည်း

"အဲ့ကောင်တွေ တမင်ပြဿနာရှာဖို့အကြံရှိမှန်းသိသာပါတယ် မင်းသားကျမတို့သည်းခံတာကရေရှည်မှာအဆင်မပြေနိုင်ပါဘူး"

"အဲ့လိုလည်းမဟုတ်ဘူးလေ သူတို့ကိုဖြေရှင်းဖို့ခွန်အားလိုတယ် လက်ရှိမှာကျုပ်တို့ရဲ့ခွန်အားအကုန်နီးပါး ဌာနတွေဆီရောက်နေတာ နောက်ဆက်

တွဲကို ဘယ်လိုကိုင်တွယ်မလဲ"

သစ်တထောင်ကျေးရွာမှ ထျန်းရှီက ကန့်ကွက်လာသည်။ ထိုစကားကို ပန်းပဲကျေးရွာလူကြီးမှအပြင်းအထန်ပင် ပြောဆိုလာပြန်သည်။

"ခဗျားက မင်းသားရဲ့အထူးတပ်ဖွဲ့ကိုမျက်လုံးထဲမထည့်တာလား ထျန်းအဖိုးကြီး နောက်ပြီး ကျုပ်တို့အင်အားက ခဗျားပြောသလိုဌာနတွေထဲစိမ့်ဝင်နေတယ်ဆိုပေမယ့် ဒီလိုအကဲစမ်းမှုလေးရဲ့နောက်ကွယ်က ပြင်းထန်တဲ့ တိုက်ပွဲကြီးကို

တဖက်လူတွေက ဖြစ်စေမယ်တဲ့လား"

ခန်းမထဲရှိလူများက တဖက်နှင့်တဖက် ဆွေးနွေးရာမှ လေထုသည် ပြင်းထန်လာတော့သည်။ကျိုးယန်သည် ထိုကဲ့သို့ ငြင်းခုန်မှုများကို ကြိုဆို

သည့်လူဖြစ်သည်။ ငြင်းခုန်ခြင်းသည် အကြောင်းအရာအများအပြားကိုဆက်စပ်စေပြီး ဆုံးဖြတ်ချက်သာ မှန်ကန်ပါက အကျိုးများစေလေသည်။

စုယင်ကတော့ ကျိုးယန်ဘေးတွင်ထိုင်ကာ မေးစေ့ကိုလက်ထောက်ထားလျက် ခန်းမရှိလူ

များကို ငေးနေလေသည်။

"ခဗျားတို့ လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရတယ်ဒါပေမယ့် အချင်းချင်းတော့ နပန်းထမလုံးကြနဲ့အိုကြီးအိုမတွေရဲ့ နပန်းပွဲကိုကြည့်ဖို့ကျုပ်စိတ်မပါဘူးနော်"

ကျိုးယန်က ကျီစယ်ဟန်ဖြင့်ပြောလိုက်သည်။ကျိုးယန်၏စကားကိုကြားလျှင် အခြားအမျိုးသမီးခေါင်​ဆေင်က မဲ့ကာ တုန့်ပြန်လာသည်။

"ကျမတို့က အိုကြီးအိုမ မဟုတ်ပါဘူးနော်မင်းသမီးကိုင်ရီရီကိုပဲ ကြည့် ဘယ်မှာအိုလို့လဲ

မင်းသားက ဝါးလုံးရှည်နဲ့ပက်ရမ်းနေတာပဲ"

ကျိုးယန်၏စကားကြောင့် လေထုသည်အတန်ငယ်ပြေလျော့လာကာ ဆွေးနွေးမှုများလဲ

ထိရောက်လာသည်။ ကျိုးယန်ကပြုံး၍

"ဟုတ်ပါတယ် ခဗျားတို့က အလှပဂေးလေးတွေပါ ကျုပ်ပြောတာက ဟိုဘက်မှာရှိနေတဲ့အိုကြီးအိုမတွေပါ ဟုတ်ပြီလား"

ခွိ ခွိ

စုယင်ကမထိန်းနိုင်ဝန်ဖြင့် ရယ်မောတော့သည်မင်းသားကျိုးသည် ဟိတ်ဟန်မရှိသူဖြစ်ကာပေါင်းသက်းဆက်ဆံရေးတွင် တော်သည်ဟု

အမည်ကြီးသည့်အတိုင်းပင် ဖြစ်ကြောင်းအားလုံးက လက်ခံလိုက်ကြရသည်။

"ဟုတ်ပြီ အခုအချိန်တခုကြာပြီးနောက် အတွေးတွေက မတူညီကြဘူး အဲ့အတွက် ခန်းမထဲက

လူတွေက တဦးစီအနေနဲ့ ရွေးချယ်မှုလုပ်ရမယ်ဒီနေတိုင်းပဲသည်းခံပြီးဆက်သွားမလား ဒါမှမ

ဟုတ် စည်းမျဥ်းတွေအတိုင်းတုန့်ပြန်မလားကျုပ်တို့မှာ ဥပဒေရယ်လို့မသက်မှတ်ရသေးပေမဲ့

စည်းမျဥ်းတော့ရှိသေးတယ်ဆိုတာ မမေ့ကြနဲ့"

ကျိုးယန်က သူ့သဘောထားကိုအသာဖွင့်ဟပြလိုက်သည်။ လူပိန်းများသာ သတိမထားမိစေသည့် အရာဖြစ်သောကြောင့် ခန်းမထဲရှိလူများငြိမ်သက်သွားကြသည်။ ထိုစဥ် ကျိုးယန်မှဆက်၍

"ကျုပ်သဘောထားကို ခဗျားတို့နားလည်ရင်တောင် လိုက်လုပ်စရာမလိုဘူး ကျုပ်ကခဗျားတို့

ဆီက ဆုံးဖြတ်ချက်နဲ့စိတ်ကူးကို မဲစနစ်နဲ့သွားမယ် စုယင် မင်းကကော ဘယ်လိုလုပ်ချင်လဲ"

ကျိုးယန်က စုယင်ဘက်လှည့်ကာမေးသည်။

"ညီမကတော့ မြို့တော်အသစ်အနေနဲ့ငြိမ်ဝပ်သွားအောင် ပြဿနာကောင်တွေကိုနမူနာအဖြစ်

သုံးချင်တယ် နောက်ဆက်တွဲကိစ္စကိုတော့ အစ်ကိုကြီးမှာ ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ စုယင်

ယုံပါတယ်"

စုယင်ကသူမစိတ်ကူးကိုပြောပြလာသည်။ကျိုးယန်လည်းကျိတ်၍ပြုံးလိုက်ကာ အနှီမိန်းခလေးသည် သူနှင့်အနေနီးသောကြောင့် သူ့စိတ်ဓာတ်များ

ကူးနေပြီလားဟုပင်တွေးမိလေသည်။

"ဒါဆို ဒီမှာ ၁၂ဦးရှိတယ် မဲခွဲပြီးဆုံးဖြတ်ကြမယ်"

ကျိုးယန်က လူများကို ရွေးချယ်စေသည်။သူနှင့် စုယင်၏စိတ်ကူးများကိုတော့ အတည်မပြုတော့ပဲ ကျန်လူများ၏ မဲရလာဒ်အတိုင်းဆောင်ရွက်မည်ဖြစ်သည်။

"ဒါဆို ကျမတို့ အခုပဲမဲခွဲမယ်"

ခန်းမထဲရှိလူများက ကိုယ်စီအတွေးအတိုင်းရွေးချယ်ကြကာ နောက်ဆုံးတွင် တုန့်ပြန်မည့်ဘက်မှ ၇မဲ ၅မဲ ဖြင့်အသာရသွားတော့သည်။

"ဒီစနစ်ကို အထက်လွှတ်တော်ကအစ အောက်ခြေ

ထိအသုံးပြုဖို့ မှတ်ထားကြပါ ကျုပ်တို့က တဦးဆန္ဒနဲ့ဘယ်တော့မှအလုပ်မလုပ်ဘူး"

ကျိုးယန်မှ အကုန်လုံးကြည့်ကာပြောလိုက်သည်။ ကျိုးယန်၏သဘောထားကိုလည်း အကုန်လုံးက လက်ခံကြကာ သူတို့သည် မြွေမျိုးနွယ်စုမှလွဲ၍ လက်အောက်ခံများဖြစ်ကြသော်လည်းကျိုးယန်၏ဆက်ဆံမှုသည် တန်းတူညီမျှသည်ဟု

ဆိုနိုင်သည်။

"ကောင်းပါပြီ သခင်လေး စည်းဝေးဆုံးဖြတ်မှုအတိုင်းဆောင်ရွက်ဖို့ အုပ်ချုပ်ရေးဌာနကို ကျုပ်တို့ကူညီပေးလိုက်ပါ့မယ်"

လော့ချမ်းက လေးစားစွာဖြင့်ပြောကာ စည်းဝေးမှုရဲ့ဆုံးဖြတ်ချက်ကို သယ်ဆောင်ကာထွက်ခွာသွားတော့သည်။

"ကောင်းပြီ ခဗျားတို့လည်း ပြန်ကြတော့ မင်းသမီးနဲ့ စုယင်ကတော့ ခနနေခဲ့ပေးဦး"

ကျိုးယန်က လူများကိုပြန်လွှတ်ကာ အစေခံမှတဆင့် အဖိုးဝူကိုအခေါ်လွှတ်ကာ မိန်းခလေးနှစ်ဦးနှင့်အတူ စကားပြောဆိုကာ စောင့်ဆိုင်းနေသည်။

All Chapters