ပထမမင်းသား ယန်ချန်
Vol. 5 Ch. 73
အရှေ့ဘက်ဒေသ မြို့တော်တနေရာ...
ခန်းမတခုထဲတွင် လူများစုဝေးကာရှိနေကြသည်။ ထိုလူများမှ တော်ဝင်မိသားစုမှဖြစ်ကြ၍အထူးသဖြင့် ထီးနန်းအတွက် လူသိအများဆုံး
မင်းသားတပါးပင် ရှိနေလေသည်။ ထိုမင်းသားသည်ကာ ပထမမင်းသား ယန်ချန်ဖြစ်သည်။
"မင်းသားရဲ့ညီတော်က ဘယ်လိုဖြစ်ပြီး အစွမ်းစရှိသွားတာလဲ ကျုပ်စဥ်းစားမရဘူး နန်းတွင်းမှာမင်းသားတို့အတူရှိတုန်းက သူ့အရည်အချင်းက
အမှိုက်တခုထက်မပိုဘူးမဟုတ်လား"
မြို့တော်ဝန်မှ ယန်ချန်ကိုပြောလာသည်။မြို့တော်ဝန်၏အဆင့်တန်းသည် တော်ဝင်မျိုးနွယ်များနှင့် မယှဥ်သာသော်လည်း ရာထူးအမြင့်ထဲပါသည်မို့ နန်းတွင်းရှိအကြောင်းအရာများကိုထိုက်သင့်သလောက်တော့သိထားပေသည်။
"ကျုပ်လည်း သူ့အရည်အချင်းကိုမမျှော်လင့်ထားခဲ့ပါဘူး အခုသူက ဖခမည်းတော်ပေးထားတဲ့အနောက်ဘက်ဒေသကို အချိန်တိုအတွင်းစုစည်း
လိုက်နိုင်သေးတယ်"
ယန်ချန်၏အကြံပေးအမတ်တဦးမှပြောလာသည်။
"အမှန်ပဲ မင်းသားရဲ့အစီစဥ်ဖြစ်တဲ့ မြို့တော်အသစ်ကိုကျုပ်တို့လူလွှတ်ပြီး စမ်းသပ်တဲ့ကိစ
စတင်နေပါပြီ သူတို့မှာလက်နက်တွေဘယ်လောက်များများရှိနေလဲ မကြာခင်သိရတော့မှာပါ"
ယန်ချန်ကခေါင်းညိတ်ကာ ပြောလာသည်။
"အဲ့အစီစဥ်ကောင်းတယ် မြို့တော်အသစ်ထဲကိုပုံစံနှစ်မျိုးနဲ့စေလွှတ်ပြီး ညီတော်ရဲ့အချက်အလက်ကိုရနိုင်သမျှ အကုန်ရထားရင်အကောင်းဆုံးပဲ
နောက်ပြီး တတိယညီမတော်ကလည်း ဝိဉာဥ်မျိုးနွယ်နဲ့ ပူးပေါင်းထားတယ်လို့ သတင်းရထားသေးတယ် ဆိုတော့ အရင်ကလို ညီတော်၈ ကိုမသိကျိုးကျွန်ပယ်ထားရင် ကျုပ်တို့ခံစားသွားရနိုင်တယ်"
အကုန်လုံးက ထိုအချက်ကိုလက်ခံလိုက်ကြသည်။ အမှိုက်ဟု အမည်ကြီးနေသည့် မင်းသားတပါးသည် စွမ်းအားကြီးလက်နက်များအားကိုးဖြင့် ကြမ်းတမ်းသည့်အနောက်ဘက်ဒေသကိုထိန်းချုပ်လိုက်နိုင်သည်က ပေါ့သေးသေးတော့
မဟုတ်နိုင်ပေ။ ထိုသတင်းသည် ဧကရာဇ်၏နားထဲထိ သတင်းပေါက်သွားကာ ဧကရာဇ်မှ မြို့
တော်အသစ်နှင့်ပက်သက်၍ မင်းသား၈ ကိုပထမဆုံးအကြိမ်အဖြစ် ချီးကျူးလာသည်။
တတိယမင်းသမီးအပါအဝင် ထီးနန်းအတွက်တရားဝင်ရှိနေသူများက ပထမမင်းသားကျိုးချန်ဒုတိယမင်းသား ကျိုးစုန့် တတိယမင်းသမီး ကျိုးယင်ချင်း နဲ့ အဥ္ဓမ မင်းသားကျိုးယန်တို့သာဖြစ်သည်။
"မြို့တော်ကိုရောက်နေတဲ့ ကျုပ်တို့လူယုံတွေရဲ့သတင်းအရ လက်နက်ဆန်းတွေနဲ့ထူးဆန်းတဲ့
သံချပ်ကာဝတ်စုံအပြည့် စစ်သည်တွေ မြို့တော်ရဲ့ နေရာတိုင်းလိုလိုမှာ တွေ့တယ်လို့ပြောကြတယ် နောက်ပြီး မြို့တော်ကလည်း ခရိုင်အလိုက်
လူတန်းစားအစုံအတွက်နေရာချပေးထားတာတွေကုန်သည်တွေအတွက် စီးပွားရေးဇုန်လို့ခေါ်တဲ့စျေးရောင်းချတဲ့နယ်မြေတခု ဖန်တီးပေးထားတာတွေက သူတို့တခါမှမမြင်ဖူးတဲ့အရာတွေလို့ပြောလာကြပါတယ်မင်းသား"
ထိုအမတ်၏စကားကိုကြားလျှင် အခြားတဦးမှ
မဲ့ရွဲ့ကာဖြင့်..
"ကျုပ်တို့အရှေ့ဘက်မြို့တော်နဲ့ယှဥ်လျှင် ဘာဟုတ်သေးလို့လဲ ပထမမင်းသားရဲ့အရှိန်အဝါကြောင့် မြိူ့တော်ကိုခိုလှုံလာတဲ့ပြည်သူတွေ ဘယ်လောက်တောင်များနေပြီလဲ ခဗျားမသိတာကြလို့ ဒီလက်သီးဆုပ်သာသာ မြို့ကတော့ဘာမှချီးကျူးနေစရာမလိုပါဘူး"
ယန်ချန်ကထိုစကားကိုကြားလျှင်ပြုံး၍သာနေကာ စကားပြန်မဆိုပေ။
သူ့အနေဖြင့် ဂုဏ်သတင်းတည်ဆောက်ရန်လိုအပ်ပြီး ပြည်သူများထံမှယုံကြည်မှုကို အတော်
အသင့်ရထားသည်ဟု ဆိုနိုင်သည်။ အင်အားအနေဖြင့် သူပိုင်ဆိုင်ထားသည့် အင်အားသည်
သိန်းနဲ့ချီသည့် စစ်သည်တော်များသာမက အဆင့်မြင့် ပညာရှင်ကျင့်ကြံသူများလည်း ပါဝင်ကာထိုအရာများ၏နောက်တွင် အဓိကအရာဖြစ်သည့်
စုန့်ပြည်ထောင်စုအမတ်ကြီးတဦးမှ သူ့ကိုရာနှုန်းပြည့် အပြည့်အဝထောက်ပံ့နေခြင်းဖြစ်သည်။ထို့ကြောင့် လက်နက်ဆန်းများသာမက တခြား
မည်သည့်အရာများကိုမှ သူမကြောက်ပေ။ တခုရှိသည်က ဝိဉာဥ်မျိုးနွယ်များသည် မျိုးနွယ်တခုသာဖြစ်သော်လည်း ပညာရှင်များပြားကာ သန်မာသည့်အတွက် တတိယမင်းသမီးကိုဖြေရှင်းရာတွင် အခက်ခဲရှိနိုင်သည်ဟု သူထင်သည်။
အချိန်၃နှစ်ကျော် ကုန်ဆုံးပြီးနောက် ထီးနန်းအတွက် အင်အားစုဆောင်းခြင်းသည်လည်း လူတိုင်းတွင် အထောက်အလျောက်ထိ အင်အားစုတခုစီ ရှိထားပြီဖြစ်သည်။
"မြို့တော်ဝန်ကြီး ခဗျားလူတွေ သေချာရွေးပြီးညီတော်ရဲ့ မြို့တော်အသစ်ကိုအလည်အပတ်
လွှတ်လိုက်ပါဦး နောက်ပြီး မီးတောက်အင်ပါယာဂိုဏ်း သံစဥ်နယ်မြေနဲ့ တောင်တလုံးစံအိမ်
သူတို့ဆီက မြို့တော်အသစ်ရဲ့ ရနိုင်သမျှအချက်အလက်အားလုံးကို ကျုပ်လိုချင်တယ်"
"စိတ်ချပါ မင်းသား သူတို့ကလည်း မင်းသားရဲ့ခွန်အားကိုသိထားပြီးသားဖြစ်တဲ့အတွက် မင်းသားကသာ သူတို့ကိုကျောထောက်နောက်ခံလုပ်ပေးမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်"
"သေချာတာပေါ့ ကျုပ်က သူတို့ကိုပစ်မထားပါဘူး ညီတော်ရဲ့ဒေါသကို အစွမ်းကုန်သွားမဆွမိဖို့တော့သတိထားကြပေါ့ ကျန်တာကတော့ကျုပ်
တာဝန်ယူမယ်လို့သာပြောလိုက်ပါ"
ယန်ချန်၏စကားကိုကြားလျှင် မြို့တော်ဝန်မှဝမ်းသာသွားသည်။ ယန်ချန်တယောက် အရှေ့ဘက်ဒေသကို အပိုင်စားရလာသည့်အချိန်မှစ၍အင်အားစုကြီးများသည် ယန်ချန်ရဲ့အလားအလာကို စောင့်ကြည့်ကာ ကျေနပ်နေကြသည်။ အထူး
သဖြင့် အင်အားကြီးစုန့်ပြည်ထောင်စုမှ နောက်ခံပေးထားသည့် ယန်ချန်ကို ကပ်တွယ်ထားသည်က နောင်တွင်အနာဂတ်လှမည်ဟု တွက်ဆလိုက်
ကြသည်။ ထို့ကြောင့် ကျိုးယန်၏ ဂုဏ်သတင်းကျော်စောလာချိန် မြို့တော်အသစ်တည်ဆောက်မှုကို တည်ပြီး ကျိုးယန်၏အင်အားကို ယန်ချန်
အတွက် တာဝန်သိစိတ်တခုတည်းဖြင့် အကဲသွားစမ်းကြခြင်းဖြစ်သည်။ ထိုအချက်ကိုလည်း ယန်ချန်မှ သဘောပေါက်သည့်အတွက် အလွန်အကျူလုပ်ရပ်မှလွဲ၍ ကျန်သည့်ကိစ္စများကိုသူတာဝန်ယူမည်ဟု အာမခံလိုက်ခြင်းဖြစ်သည်။
ထိုစကားက ယန်ချန်ရဲ့ထောက်ခံသူများကိုယခင်ထက်ပို၍ သစ္စာရှိစေမည့်အချက်ဖြစ်လာ
စေသည်။ ယန်ချန်နံဘေးတွင် ထိုင်နေသည့် ယန်ချန်၏ ဆရာအမတ်သည် တစုံတရာကိုအလေးအနက်စဥ်းစားနေလေသည်။ ပြီးနောက်
"မင်းသား ကျုပ်တို့တခုထပ်ပြီးစိုးရိမ်ရမှာရှိသေးတယ်"
ယန်ချန်မှ သူ့ဆရာဖြစ်သူကို ကြည့်ကာမေးလိုက်သည်။
"ဘာကိုစိုးရိမ်ရတာလဲ ဆရာ"
"တတိယမင်းသမီးနဲ့ မင်းသား၈ တို့ပူးပေါင်းသွားမှာကိုပဲ"
ဆရာအမတ်၏စကားကိုကြားလျှင် ယန်ချန်က ခေါင်းကိုခါယမ်းကာပြောလာသည်။
"ဆရာက တတိယညီမတော်အကြောင်းကို နားမလည်ပါဘူး သူမက သိပ်ပြီးမာနကြီးတာ ကျင့်ကြံမှုကလည်း မြင့်ပြီး ယုံကြည်ချက်ပြင်းထန်တယ်ညီတော်ကျိုးယန်က အခုလိုအောင်မြင်မှုတွေရလာတယ်ဆိုရင်တောင် တတိယညီမတော်ရဲ့မျက်
လုံးထဲ မဝင်နိုင်သေးပါဘူး"
ယန်ချန်ရဲ့စကားကိုကြားလျှင် ဆရာအမတ်ဆိုသူသည် သက်ပြင်းကျိတ်ကာချလိုက်သည်။ယန်ချန်ထီးနန်းရယူရေးအတွက် အဓိကပြိုင်ဘ
က်ဖြစ်သူတွေဖြစ်သည့် တတိယမင်းသမီးနှင့်ဒုတိယမင်းသားတို့သာရှိကာ နောက်ပိုင်းအင်အားကြီးလာသည့် ကျိုးယန်သာ ထိုနှစ်ဦးထဲမှ တဦးဦး
နှင့်သာ ပေါင်းမိလျှင် မလွယ်တော့ပေ။ စုန့်ပြည်ထောင်သည် ယန်ချန်ကိုထောက်ခံထားသော်လဲပေါ်တင်ကူညီခြင်းမျိုးမလုပ်ကြပေ။ ပြည်ထောင်
များ၏ စုပေါင်းသဘောတူညီမှုအရ အခြားပြည်ထောင်မှ ဝင်ရောက်စွတ်ဖက်ခွင့်မရှိ ဟူသည့်အချက်ကြောင့်ပင်ဖြစ်သည်။
ယန်ချန်က မြို့တော်ဝန်အပါအဝင် ကျန်သူများအားလုံးကိုကြည့်ကာ တာဝန်များပေးအပ်လိုက်တော့သည်။ တတိယမင်းသမီးနှင့် ဝိဉာဥ်မျိုးနွယ်
ကြားပက်သက်မှုအလားအလာအပြင် ဒုတိယညီတော်၏ တောင်ဘက်ဒေသတွင်ရှိသည့် အင်အားစုများအကြောင်းကိုလည်း ဆက်လက်စုံစမ်းစေသည်။ ကျိုးယန်၏သတင်းကိုမူ သူ့အတွက်အလုပ်လုပ်ပေးချင်နေသည့် လူများကကူညီပေလိမ့်မည်။