အကဲစမ်းသူများကိုဖိနှိပ်ခြင်း ၁
Vol. 5 Ch. 74
မြို့တော်သည် တနေ့တခြားတိုးတက်လာကာပို၍ပင်စည်ကားလာသည်။ စီးပွားရေးဇုန်တွင် ပြင်ပကုန်သည်များသာမက တကိုယ်တော်ကျင့်ကြံသူများမှလည်း သူတို့ရှာဖွေထားသည့်အရင်းအမြစ်များရောင်းချရန် တကိုယ်တော်ကျင့်ကြံ
သူများစျေးတွင် ရောင်းချကြသည်။
အုပ်ချုပ်ရေးဌာနတခုတွင် လူများစုဝေးနေကြသည်။ ပုံမှန်နေ့များကဲ့သို့ ပြင်ပယာယီနေထိုင်မှုများအတွက်အုပ်ချုပ်ရေးဌာနသို့ကိုယ်ရေးအချက်အလက်များပေးပို့ချိန်တွင် လူများသည့်ပုံစံမဟုတ်ပဲ ပြဿနာတစုံတရာတက်နေကြပုံရှိသည်။
လူအုပ်ကြားထဲတွင် အဆင့်မြင့်ပညာရှင်ဟုသိသာစေနိုင်သည့် လူ၃ဦးမှ အုပ်ချုပ်ရေးဌာနမှသာမန်ဝန်ထမ်းများကို ယာယီကတ်ပြားအတွက်ရွှေစ ကောက်ခံခြင်းကို အကြောင်းပြကာ ဖိနှိပ်နေကြခြင်းဖြစ်သည်။
ကျိုးယန်သည် ယာယီနေထိုင်ခွင့်အတွက်တရက် ရွှေတစ။ တပတ် ရွှေ၅စ။ တလရွှေစ ၂၅။ဟု သတ်မှတ်ထားပြီး ကတ်ပြားပြုလုပ်ပြီးသူများသာမြို့တော်တွင် တည်းခိုရန်မှအစ စျေးဝယ်သည်အထိ အဆင်ပြေမည်ဖြစ်သည်။ ကတ်ပြားမရှိထားသူများကို ခိုးဝင်များဟုသတ်မှတ်ကာဖမ်းဆီးမည်ဟု စည်းမျဥ်းများထုတ်ပြန်ထားသည်။ မြို့တံခါးမှဝင်လျင် အုပ်ချုပ်ရေးဌာနခွဲကို တွေ့နိုင်ပြီး အခြေကျနေသူများသည် မြို့
စောင့်များထံ သူတို့၏ကတ်ပြားများပြသ၍အလွယ်တကူဝင်ရောက်နိုင်သော်လည်း ယာယီလည်ပတ်လိုသူများကမူ အုပ်ချုပ်ရေးဌာနခွဲတွင်ကတ်ပြားပြုလုပ်ရန်လိုပေသည်။
"မင်းတို့က အခုမှတည်ထားတဲ့မြို့တော်လေးပဲတရက်စာကိုရွှေတစ ကမများဘူးလား ရွှေတစဆိုတာ ငွေစတထောင်တန်တယ် မင်းတို့မြို့တော်လေးက ဘာများဝန်ဆောင်မှုပေးနိုင်မှာမို့လဲကွ"
လူ၃ဦး၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့် သက်လတ်ပိုင်းအရွယ် လူမှပြောလိုက်ခြင်းဖြစ်
သည်။ ရွှေတစသည် သူတို့အတွက်မပြောပလောက်ပေ။ သို့သော် သူတို့၏မူလရည်ရွယ်ရင်း
ကိစ္စကိုလုပ်ဆောင်ရန် ကလေးဆန်စွာပြဿနာရှာနေကြခြင်းဖြစ်သည်။
"ရွှေတစက မများပါဘူး ကျုပ်တို့မြို့တော်ထဲမှာသွားလာရေးကအစ ခဗျားတို့လိုလူတွေအတွက်အရင်းအမြစ်တွေ ဒေသအစုံကရှားပါးရတနာတွေ အလွယ်တကူဝယ်နိုင်တယ်လေ နောက်ပြီးမြို့တော်ထဲမှာ လုယက်တာသတ်ဖြတ်တာတွေအ
တွက် စည်းမျဥ်းထုတ်ထားပြီး တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့အတွက် မြို့တော်မှာရှိနေသရွေ့ ခဗျားတို့အန္တရာယ်ကင်းပါတယ်"
ဌာနမှလူလည်း အလွန်ပင်စိတ်ညစ်နေကာ သူ၏ခေါင်းကိုသာ ခပ်ပြင်းပြင်းကုတ်ပစ်လိုက်
ချင်စိတ်ပေါက်နေပုံပေါ်သည်။ ယခုကဲ့သို့ ဘာမှမဟုတ်သည့် ပြဿနာလေးများကို အုပ်ချုပ်ရေးဌာနမှ နေ့စဥ်ဖြေရှင်းနေရကာ ထိုလူများသည်ပြင်ပ
မှ ပညာရှင်များဖြစ်သည့်အတွက် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားရန် အတတ်နိုင်ဆုံးသည်းခံထားကြရသည်။
ပြဿနာများသည် မရိုးနိုင်ဖွယ်ရှိကာ အချို့သည် မြို့တော်တွင်ရှိနေသမျှကာလပတ်လုံး အစောင့်ခေါ်လိုကြပြီး ထိုအစောင့်ကိုလည်း မြို့တော်၏ အထူးစစ်သည်များကိုတောင်းဆိုကြ
ပြီး အချို့သည် မူးယစ်ရမ်းကားက ပြဿနာရှာကြပြန်သည်။ ယခုလည်း ရွှေတစ ကိုပင်အရေးအရာလုပ်ကာ ပြဿနာရှာနေပြန်သည်။
"ဒါက မင်းတို့အပြောပဲ တကယ်တမ်းအသက်အန္တရာယ်ရှိလာရင် ဘယ်သူကတာဝန်ယူမှာလဲ"
ထိုလူမှ အထွန့်တက်ပြန်သည်။ ဌာနဆိုင်ရာဝန်ထမ်းသည် မျက်နှာပျက်ယွင်းနေကာ ယခုကိစ္စကို ဖြေရှင်းရန် အထူးစစ်သည်များကိုပင် တောင်း
ဆိုရမည်လောဟု အတွေးဝင်သွားတော့သည်။ဝန်ထမ်းသည် အဆင့်နိမ့်ကျင့်ကြံသူတဦးသာ
ဖြစ်ပြီး ပြဿနာရှာသူများသည် သိုင်းပညာရှင်အဆင့်တွင် ရှိနေကြသည်။ ထိုအတွက်ဒေါသတကြီး တုန့်ပြန်ရန်လည်းမဖြစ်နိုင်ပေ။
"မင်းတို့သတ်မှတ်ထားတဲ့ ရွှေစကိုငါမပေးနိုင်ဘူးမြို့တော်ထဲအတိုင်းအတာတခုထိ ငါတို့နေမယ်ငါတို့ရှိနေတဲ့ကာလအတွင်း မြို့တော်ရဲ့လုံခြုံရေးက မင်းတို့ပြောသလိုဖြစ်မဖြစ်စောင့်ကြည့်ပြီးမှငါတို့နေတဲ့ရက်တွေအတွက် ကုန်ကျစရိတ်ကိုရှင်း
မယ် ကျေနပ်လား အခုငါတို့၃ ယောက်အတွက်ကတ်ပြားထုတ်ပေးတော့"
ထိုလူမှ အထက်စီးဆန်စွာပြောလာသည်။သူ့ဘေးရှိလူများကလည်း လက်ကိုဟန်ပါပါပိုက်၍မာနကြီးစွာဖြင့် ပတ်ဝန်းကျင်ရှိလူများကို အထင်
မြင်သေးစွာကြည့်နေသည်။ သူတို့သည် အရှေ့မြို့တော်ရှိ မီးတေက်အင်ပါယာဂိုဏ်းမှ အပြင်
စည်းအကြီးအကဲများဖြစ်ကာ ထိုဂိုဏ်းသည် အရှေ့မြိုတော်တွင် အလွန်ပင်အင်အားကြီးပေ
သည်။ ထို့အပြင် ပထမမင်းသား၏ထောက်ခံမှုကိုလည်း ရထားသောကြောင့် ပို၍ပင်အတင့်ရဲ
ကာ သွေးတိုးစမ်းနေခြင်းဖြစ်သည်။ ဌာနဝန်ထမ်းသည် ကတ်ပြားကိုထုတ်မပေးပေ။ ဘာသိဘာသာပုံစံဖြင့်သာထိုင်နေသည်။ ထိုလူများကိုမယှဥ်နိုင်စောကြောင့်သာ သည်းခံနေရသော်လည်းစိတ်ထဲတွင်တော့ လုံးဝမကျေနပ်ချေ။
"အခုထိ ကတ်ပြားမထုတ်ပေးသေးဘူးလားငါတို့က အရှေ့မြို့တော်ရဲ့ မီးတောက်အင်ပါယာ
ဂိုဏ်းကလူတွေပဲ ငါတို့သာ မင်းတို့မြို့တော်မှာကုန်သည်တွေစီးပွားရေးမလုပ်ဖို့ ပိတ်ပင်လိုက်ရင်မင်းတို့ရဲ့ နှာခေါင်းပေါက်လောက်ရှိတဲ့မြို့လေးက ဘာတတ်နိုင်မှာလဲ"
ထိုလူ၏စကားကို ကြားလျှင် ပတ်ဝန်းကျင်ရှိစပ်စုနေသည့်လူများလည်း ဒေါသထွက်သွားကြသည်။ ဒါကျ အလွန်လူပါးဝသည့်အဆင့်ဖြစ်
သွားလေပြီ။ မီးတောက်အင်ပါယာဂိုဏ်းအကြောင်း ကြားဖူးနားဝရှိထားကြကာ အင်အား
ကြီးသည်မှာ မှန်သော်လည်း တပါးသူ၏မြို့ထဲသို့လာရောက်ပြီး တင်စီးသည်က တရားနည်းလမ်းမကျပေ။
"စိတ်မကောင်းပါဘူး ခဗျားတို့နေမယ့်ရက်အလိုက် ကုန်ကျမယ့်ရွှေစကိုမထုတ်ပေးရင် ကျုပ်ဘက်ကလည်း အသိအမှတ်ပြုကတ်ပြားမထုတ်ပေးနိုင်ဘူး"
ဝန်ထမ်းကပြတ်သားစွာပြောလိုက်သည်။ ထိုစကားကိုကြားလျှင် မီးတောက်အင်ပါယာဂိုဏ်းမှလူလည်း ဒေါသတကြီးဖြစ်သွားကာ.
"မင်းလို မြို့သေးသေးက ဝန်ထမ်းတယောက်ကိုသတ်လိုက်လို့ မင်းတို့ရဲ့မြို့အရှင်မင်းသား၈ကငါတို့ကို တုန့်ပြန်နိုင်တဲ့အင်အားရှိမယ်ထင်နေတာ
လား ဟမ့်"
ထိုစဥ် ပတ်ဝန်းကျင်ကလူတွေကလည်း စတင်၍ တီးတိုးပြောလာတော့သည်။
"ဒီလူတွေကသက်သက်ပြဿနာရှာနေကြတာပဲ"
"ဟုတ်တယ် သူတို့ရဲရည်ရွယ်ချက်က မင်းသား၈ကိုသိက္ခာချပြီး မင်းသားရဲ့အင်အားကို သိချင်နေကြတာဖြစ်မယ်"
"ဒီနည်းက မင်းသား၈ရဲ့အင်အားကိုသိမယ်တဲ့လား မဖြစ်နိုင်တာကွာ"
လူတဦးမှ မယုံကြည်စွာပြောသည်။ ထိုလူ၏စကားကို တခြားသူမှ
"မင်းစဥ်းစားကြည့်စမ်း သူတို့က ပထမမင်းသားအခြေစိုက်ထားတဲ့ အရှေ့ဘက်ဒေသ မြို့တော်ကအင်အားကြီးဂိုဏ်းတခုပဲ တကယ်လို့သူတို့ကိုသာတုန့်ပြန်ရင် သူတို့အနောက်ကအင်အားစုက ငြိမ်ခံနေမယ်လို့ မင်းထင်လား ပြဿနာအရှည်ရှည်
တွေဖြစ်သွားရင် နှစ်ဖက်အင်အားကိုထုတ်ကြရမှာပဲ"
"မင်းပြောမှ ငါလည်းသတိထားမိတယ် ဒါကစနက်တံတခုပဲ ပထမမင်းသားက ဒီလိုအသေးအမွှားကိစလောက်ထိ လုပ်တာဟုတ်ပါ့မလား"
"လူ့စိတ်ဆိုတာပြောရခက်တယ် မင်းသာသူ့နေရာမှာဆိုရင်ကော"
တီးတိုးပြောဆိုနေချိန်တွင် ပြဿနာရှာသူများသည် သူတို့လိုရင်းကိုရောက်ပြီဖြစ်ကြောင်း
သိလိုက်ကြသည်။ နောက်တဆင့်တွင် အနည်းငယ်တိုက်ခိုက်ကာ
အမြင့်ဆုံးဇာတ်ရှိန်ကိုဆွဲတင်ရပေမည်။
"ခေါင်းမာတဲ့ကောင်ပဲ မင်းကအသားနာမှ အပိုးကျိုးမယ့်ကောင်ဆိုတော့လည်း..."
ပြဿနာရှာသူ၃ဦးထဲမှ ၁ဦးသည် ဝန်ထမ်းကိုလက်ဝါးဖြင့်လှမ်းရိုက်သည်။ သိုင်းပညာရှင်
အလယ်ဆင့်၏ ခွန်အားသည်ပြင်းထန်ကာ စစ်သည်တော်အဆင့်များ ခုခံနိုင်သည့်အရာမဟုတ်ပေ။
"ဒီလူတွေ တကယ်တိုက်ခိုက်တာဟ"
"တခြားသူရဲ့ မြို့ထဲမှာ သူတို့ရဲ့ လူကိုတိုက်ခိုက်လိုက်တာပဲ ဒါကျ လွန်သွားပြီ"
ဝန်ထမ်းသည် သူ့ဆီတဖြေးဖြေးကျဆင်းလာသည့် လက်ဝါးရိုက်ချက်ကို မရှောင်ရှားနိုင်မှန်းသိလေသည်။ ထိုအတွက်ကြောင့်ပင် လက်သီးကိုကျစ်နေအောင်ဆုပ်ကာ ခက်ထန်သည့်အကြည့်များဖြင့်သာ ထိုလူ၃ဦးကို ကြည့်နေလိုက်သည်။
သေလိုက သေပါစေတော့ဟူ၍ဖြစ်သည်။
"ရပ်လိုက်စမ်း"
ထိုစဥ် ကျယ်လောင်သံအော်သံနှင့်အတူ လက်ဝါးပုံရိပ်တခုထွက်ပေါ်လာက ပထမတိုက်ခိုက်ချက်ဖြစ်သည့် လက်ဝါးရိုက်ချက်ကြီးသည် ပျက်ပြယ်သွားရတော့သည်။
တူညီဝတ်စုံများဝတ်ဆင်ထားသည့် လူတစုသည် ဌာန၏ခန်မးထဲဝင်လာကာ ထိုလူစု၏
ခေါင်းဆောင်ဖြစ်ဟန်တူသူက တားဆီလိုက်ခြင်းဖြစ်သည်။
"ကျုပ်က အထူးတပ်ဖွဲ့ခေါင်းဆောင်လော့ချမ်းပဲခဗျားတို့လို ယာယီအလည်အပတ်လာသူတွေအတွက် ယာယီကတ်ပြားလုပ်ပေးတာနဲ့ပက်သက်ပြီး ပြဿနာရှိလို့လား"
လော့ချမ်းက တဖက်အဖွဲ့၏ခေါင်းဆောင်ဖြစ်ဟန်တူသူကို စိုက်ကြည့်ကာမေးလိုက်သည်။ သူသည် ထိုကဲ့သို့ပြဿနာများကို အုပ်ချုပ်ရေးဌာနမှလူများ ခနခနကြုံတွေ့ရသည်ကို သိထားသော်လည်း ယခုတွင်ပင် စည်းဝေးမှုမှ တုန့်ပြန်ရန်သတ်မှတ်လိုက်သည့်အတွက် ရဲတပ်ဖွဲ့နှင့်အခြားသူများ၏ သင်တန်းကာလတွင် ၎င်းတို့၏အထူးတပ်ဖွဲ့မှ ယာယီကိုင်တွယ်မည်ဖြစ်သည်။
"ပြဿနာလား သိပ်ရှိတာပေါ့ မင်းတို့လူကိုပြန်မေးကြည့်လိုက်လေကွာ"
တဖက်လူက မထီမဲ့မြင်ပုံစံဖြင့်ပြန်ဖြေသည်။ထိုသူသည် လော့ချမ်း၏ကျင့်ကြံမှုကိုမြင်ကာ
သူနှင့်အဆင့်တူဖြစ်၍ မကြောက်ပေ။ သူ့တွင်သိုင်းပညာရှင်
အဖော်နှစ်ဦးထပ်ပါလာသေးသည်လော့ချမ်း၏အနောက်မှ လူများကတော့ လက်
နက်ဆန်းများကိုင်ထားသော်လည်း စစ်သည်တော် အဆင့်များသာဖြစ်ကြသည်။
လော့ချမ်းက ဝန်ထမ်းကိုတချက်ကြည့်ကာခေါင်းညိတ်ပြလိုက်သည်။ ပီးနောက် ထိုလူ၃ဦး
ဘက်လှည့်၍
"ကျုပ်တို့မြို့မှာ မြို့စည်းကမ်းနဲ့တားမြစ်ထားတဲ့စည်းမျဥ်းတွေဆိုတာရှိတယ် အဲ့ဒါကို ကျုပ်တို့အပါအဝင် ဘယ်သူမှချိုးဖောက်ခွင့်မရှိဘူး ခဗျား
တို့က မြို့တော်ရဲ့အစိုးရဝန်ထမ်းကို အနှောင့်ယှက်ပေးတယ် ပြီးတော့ကိုယ်ထိလက်ရောက် ထိခိုက်အောင်ကြိုးစားတယ် ဒါကြောင့် ခဗျားတို့ကစည်းမျဥ်းတွေအများကြီး ချိုးဖောက်လိုက်ပြီအခုပဲ ကျုပ်တို့နဲ့အသာတကြည်လိုက်ခဲ့ပါ"
လော့ချမ်း၏စကားကိုကြားလျှင် လူ၃ဦးသည်ဟာသတခုကြားရသကဲ့သို့ပင် ကျယ်လောင်စွာရယ်မော၍ လော့ချမ်းတို့လူစုကို ကြည့်လိုက်ကြ
သည်။
"မင်းတို့နဲ့ လိုက်ခဲ့ရမယ်ဟုတ်လား ငါတို့ဘယ်သူလဲ မင်းသိလား မင်းတို့ရဲ့မင်းသားတောင် ငါတို့ကိုထိဖို့ နှစ်ခါစဥ်းစားရမယ် မင်းလိုကောင်ကတော့ ဝေးသေးတယ်"
လော့ချမ်း၏မျက်နှာသည် ချက်ချင်းပင်တည်သွားကာ လူသတ်လိုသည့်အငွေ့အသက်များ
ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါနှင့်သတ်ဖြတ်လိုသည့် ရောင်ဝါသည် သိုင်းပညာရှင်အဆင့်အထွဋ်အထိပ်တွင်သာရှိနေသော်လည်း စနစ်မှ
ထောက်ပံ့ပေးထားသည့် လူများဖြစ်သောကြောင့်သာမန်ထက်ပို၍ စွမ်းအားကြီးကြကာ အဆင့်တူများကို အသာရိုက်နှက်နိုင်သည်။
ပြဿနာရှာသူများသည်လည်း အနည်းငယ်ထိတ်ခနဲဖြစ်သွားကာ သတိအပြည့်ဖြစ်သွားကြရသည်။ တဖက်လူသည်
သိုင်းပညာရှင်အထွဋ်အထိပ်သာဆိုသော်လည်း ခွန်အားက
သူတို့၃ဦးပေါင်းလျှင်ပင်နိုင်ချေမရှိလောက်ဟု ခံစားရစေသည်။သို့သော် အောက်စည်းတော့အရောက်မခံပေ။ဂိုဏ်း၏အရှိန်အဝါကိုသုံးကာဆက်လက်ဖြဲခြောက်ရန်ကြိုးစားနေသေးသည်။
"ငါတို့ကိုထိချင်တာလား မင်းတို့မှာ မီးတောက်အင်ပါယာဂိုဏ်းကိုရင်ဆိုင်ဖို့ ခွန်အားရှိပြီလားကွဟားးးးဟားး"
ကျယ်လောင်စွာရယ်မော၍ သူတို့၏စိုးရိမ်စိတ်များကိုပြေပျောက်ရန်ကြိုးစားနေကြသည်။
"ကောင်းပြီ မင်းတို့ဘာကောင်လဲငါမသိဘူးမင်းတို့အနောက်က ဂိုဏ်းတွေကိုလည်း ငါတို့က
ဂရုမစိုက်ဘူး ငါတို့မြို့ကိုလာရင် ငါတို့မြို့ရဲ့စည်းကမ်းအတိုင်းနေရမယ် အခုမင်းမလိုက်ချင်
ဘူးဆိုတော့ ငါကအကြမ်းနည်းသုံးရတာပေါ့"
လော့ချမ်းသည် တဖက်ရှိခေါင်းဆောင်ဖြစ်သူထံ အနီးကပ်လက်သီးချက်တခုထိုး၍ တိုက်ခိုက်လိုက်သည်။ တဖက်လူသည် လော့ချမ်း၏လက်သီးချက်ကိုမြင်လျှင် နှာခေါင်းရှုံ့ကာ လက်သီးဖြင့် တန်ပြန်ထိုးရန်ကြိုးစားသည်။
ဝုန်း....
အဆင့်တူနှစ်ဦး ခွန်အားကြောင့် လေထုသည်အနည်းငယ်လှုပ်ယမ်းသွားကာ ထိုအရာသည်
သိုင်းပညာရှင်အထွဋ်အထိပ်၏ ခွန်အားဖြစ်သည်ထိုအဆင့်နောက်တွင် ပကတိရှင်သန်ခြင်းအဆင့်သာကျန်တော့ပြီး သိုင်းပညာရှင်အထွဋ်အထိပ်
များသည် မြိူ့တော်၏ဂိုဏ်းကြီးများတွင်ပင်အကြီးအကဲများအဖြစ် တာဝန်ယူနိုင်လေသည်။
လော့ချမ်းသည် နေရာတွင်သာရပ်နေသော်လည်း တဖက်လူကတော့ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားရကာ ထုံကျင်သွားသည် လက်
ကိုလူမသိအောင် ခါရမ်းနေရသည်။
လော့ချမ်းတို့ တိုက်ခိုက်သည်ကိုမြင်သည်နှင့်အခြားစစ်သည်များက သေနတ်များဖြင့် လူ၃ဦးရှိရာ ချိန်ထားလိုက်သည်။ လော့ချမ်းတွင် အရာရှိများကိုင်ဆောင်သည့် ပစ္စတိုသေနတ်ရှိသော်လဲထိုအရာကိုမသုံးပေ။ တဖက်လူ၏ကျင့်ကြံမှု
သည် သူနှင့်အဆင့်တူသာဖြစ်၍ တဖက်လူ၏ရည်ရွယ်ချက်ဖြစ်သည့် အင်အားအပေါ်အကဲစမ်းလိုခြင်းကို ပြန်လည်ကာအင်အားပြလိုက်ခြင်းဖြစ်သည်။
..................................................................