← Chapters

ကောင်းကင်အာဏာစက်ဘုံ၏အနောက်ဘက်

Vol. 014 Ch. 1360

ကောင်းကင်အာဏာစက်ဘုံ၏အနောက်ဘက်

Vol. 014 Ch. 1360

များပြားလှသော လူများက သူတို့ကို နောက်ကျောခိုင်းထားသည့် ရီဖူရှင်းကို မော့ကြည့်လိုက်ကြပြီး လေထုက အနည်းငယ် ဝမ်းနည်းဖွယ် ကောင်းနေသည်ဟု ခံစားလိုက်ကြရသည်။

သူ ရည်ရွယ်ညွှန်းဆိုလိုက်သည့်သူမှာ သူ့အတွက် အရေးကြီးသောသူ ဖြစ်ရပေမည်။

သို့သော် သူက ဘာကြောင့် သူမကို ဗြဟ္မာ့သန့်စင်ကောင်းကင်တွင် ကျင့်ကြံနေသည်ဟု တွေးထင်ရသနည်း။

ရုတ်တရက် ရီဖူရှင်းက ခါးသက်မှုတို့ ယှက်သန်းနေသည့် အသွင်ဖြင့် ရယ်မောလိုက်သည်။ ဖြစ်နိုင်သည်က ထိုမျှော်လင့်ချက်သည် ကိုယ်တိုင် ဖန်တီးထားသည့် ပုံရိပ်ယောင်သာ ဖြစ်ရပေမည်။

တော်ဝင်ကျဲနန်းတော်တိုက်ပွဲမှ သူမသည် အသက်ရှင်သန်နိုင်ရန်ပင် ဖြစ်နိုင်ပါရဲ့လား။

ရှားရှင်းယွန်သည် သူ့ကို ဤသတင်း ပြောမပြခဲ့လျှင် သူသည် မျှော်လင့်ချက်အားလုံး ဆုံးရှုံးခဲ့ရမည် ဖြစ်သည်။

သူ၏ ထို မျှော်လင့်ချက် အတွေးများနှင့်အတူ ကောင်းကင်အာဏာစက်ဘုံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ယခုကြည့်ရသည်မှာ သူ၏ စိတ်ကူးပုံရိပ်သက်သက်သာ ဖြစ်ပုံရလေသည်။

ဂျီယူ၏ ဝိညာဉ်က ပျောက်ပျယ် ပျက်စီးမသွားခဲ့လျှင်ပင် ကောင်းကင်အာဏာစက်ဘုံ၏ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်သခင်ကဲ့သို့ အဆင့်အတန်း မြင့်မားသူက သူမကို အဘယ့်ကြောင့် ကူညီမည်နည်း။

သူမကဲ့သို့ အောက်ဘုံမှ လူများသည် ထိုလူများအတွက် မည်သည့် တန်ဖိုးမှ မရှိသော ပုရွက်ဆိတ်များပင် ဖြစ်သည်။

ရီဖူရှင်းသည် လှည့်ထွက်ကာ နောက်သို့ လျှောက်သွားခဲ့သည်။ ရှားရှင်းယွန်သည် သူ့ မျက်နှာကို ကြည့်ရင်း သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။

သူမက ရီဖူရှင်းကို စိတ်သက်သာရာရစေရန် ကြိုးစားသော်လည်း သူမသည်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်၏ အဖြေကို ကြားလိုက်လျှင် ဟွာဂျီယူ သေဆုံးသွားပြီဟူသော အတွေးများ ဝင်လာခဲ့ပေသည်။ ရီဖူရှင်း နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သည့် မျှော်လင့်ချက်က ပျက်သုဉ်းသွားခဲ့ပြီး သူသည် ယူကျုံးမရ ဖြစ်နေပေလိမ့်မည်။

သူ၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်ခြင်းတို့နှင့် ပြည့်နှက်နေပြီး ပျော်ရွှင်မှုအတွက် မည်သည့် အခန်းကဏ္ဍမှ ကျန်ရှိတော့မည် မဟုတ်ပေ။

ယူချင်း၊ ရီဝူချင်းနှင့် အခြားလူများ အားလုံးသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းနှင့် ဟွာဂျီယူက မည်သို့သော ဆက်ဆံရေးမျိုး ဖြစ်သည်ကို အသိဆုံး ဖြစ်ပေသည်။ သူတို့ ချင်းကျူမြို့မှ ရောက်လာပြီး ဟွာဂျီယူက တော်ဝင်ကျဲနန်းတော်စစ်ပွဲတွင် သေဆုံးသွားသည့်တိုင်အောင် သူတို့က အတူတူ ရှိနေခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မျှော်လင့်ချက်များ အဝေးသို့ မှေးမှိန် ပျောက်ကွယ်သွားသည်ကို တွေးမိသောအခါ ရီဖူရှင်းက ထိုအခိုက်အတန့်တွင် မည်သို့ ခံစားနေရမည်ကို သူတို့အားလုံး နားလည်ကြပေသည်။

“သွားစို့” ရီဖူရှင်းက ခပ်တိုးတိုးနှင့် ညင်သာစွာ ပြောလိုက်သည်။ ထို့နောက် သူက လျှောက်ထွက်သွားတော့သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး မည်သည့် စကားမှမဆိုဘဲ သူ့နောက်မှ လိုက်ပါသွားခဲ့သည်။

သူတို့၏ ဒဏ်ရာများအား အချိန်ကသာ ကုစားနိုင်ပေလိမ့်မည်။

လူအုပ်ကြီးသည် အလိုလိုပင် သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြမိသည်။ ရီဖူရှင်းသည် ဝူထူနတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ခဲ့ပြီး သူ၏ ထူးချွန်သော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသခဲ့ရာ သူသည် ယနေ့ ပွဲတော်သို့ တက်ရောက်သည့် တန်ခိုးရှင် အများအပြား၏ လေးစားမှုကို ရရှိခဲ့ပေသည်။

နှမြောစရာကောင်းသည်မှာ သူက ခရမ်းရင့်မြေအောက်လောကနယ်မြေသို့ ဝင်ရောက်ရန် ကြီးမားသည့် အခွင့်အရေးကို လွဲချော်ခဲ့ပြီး ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဖိတ်ကြားချက်ကိုပင် ငြင်းဆန်ခဲ့သည်မှာ သူ၏ အစ်ကို ဂူတုံးလျှိုကြောင့် ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက မိုးကြိုးစွမ်းရည်၌ ထူးချွန်လျှင်ပင် သူက ယခုအခါတွင် ယင်းကို ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိတော့ပေ။ သူက မိုးကြိုးစွမ်းရည်က သူ၏ ကျွမ်းကျင်ရာ မဟုတ်ဟု ဆိုခဲ့ပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက သူ့ကို နောင်အနာဂတ်၌ မိုးကြိုးလမ်းစဉ်ကို အသုံးပြု ခြင်းအား မမြင်လိုဟု ပြောခဲ့သည်။ သူသည် သူတို့ထံမှ မိုးကြိုးလမ်းစဉ်ကို ဆက်ခံနိုင်ခဲ့သော်လည်း အသုံးပြုခွင့်မရှိရန် တားမြစ်ခံခဲ့ရသည်။

ရီဖူရှင်း၊ အနာဂတ်တွင် မိုးကြိုးစွမ်းအား အရည်အချင်းများက ပျက်စီးသွားရပြီး သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ နယ်မြေတွင် ထို ထိပ်တန်းအင်အားစုကို ဆန့်ကျင်ခဲ့သည့်အတွက် ဤနယ်မြေအတွင်းတွင် အောင်မြင်မှု ရရှိရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသာ သာမန်လူတစ်ဦး ဖြစ်နေပါက လူအများက သူ့ကို သနားကြမည်မဟုတ်ပေ။ သူတို့က သူ့အား သနားကြသည်မှာ သူသည် စံချိန်ကို ချိုးဖျက်ခဲ့ပြီး ထိပ်တန်းအင်အားစုများသို့ ဝင်ရောက်ရန် အခွင့်အရေးရခဲ့သော်လည်း သူက ထိုသို့ လုပ်ဆောင်ရန် အခွင့်အရေးကို လွဲချော်စေခဲ့သည်။

သူသည် သူနှင့် ဂူတုံးလျှို၏ ဆက်နွယ်မှုကြောင့် ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့သည်။ ဂူတုံးလျှိုနှင့် ပတ်သတ်သော အရာအားလုံးသည် မည်သည့်အရာကိုမှ ရေရေရာရာ မသိရ ဖြစ်နေခဲ့သောကြောင့် အခြားထိပ်တန်းအင်အားစုများကလည်း သူ့ကို တပည့်အဖြစ် ခေါ်ဆောင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရီဖူရှင်းသည် သူ့အားသူကိုး၍သာလျှင် သူ၏ အရည်အချင်းကို တိုးတက်အောင် ကျင့်ကြံနိုင်ပေမည်။

ရီဖူရှင်း ထွက်သွားပြီးနောက် လူအုပ်ကြီးသည်လည်း တဖြည်းဖြည်း လူစုကွဲသွားခဲ့ကြသည်။

ယနေ့တွင် ဝူထူနတ်တောင် တစ်ခုသာ နတ်မိုးကြိုးများ ကျဆင်းလာသည် မဟုတ်ပေ။ ကောင်းကင်အာဏာစက်ဘုံအတွင်းရှိ ခရမ်းရင့်ကောင်းကင်နန်းတော် နယ်မြေမှ အခြားသော နတ်တောင်ရှစ်ခုလုံးသည်လည်း ထိုသို့ ပွဲတော်မျိုး ကျင်းပလေသည်။ များပြားလှသော အရည်အချင်းရှိ တန်ခိုးရှင်များသည် နတ်တောင်ရှစ်ခုတွင် ထူးချွန်စွာ အရည်အချင်း ပြသခဲ့ကြသည်။ သူတို့ အကြားတွင် ရီဖူရှင်းအပြင် နတ်တောင်၏ စံချိန်ကို ချိုးဖျက်နိုင်သည့် အခြားသော တန်ခိုးရှင်လည်း ရှိပြီး ရန်ဟောင်၏ တပည့် ဖြစ်လာကြပေသည်။ သူ၏ အရှေ့တွင် အခွင့်အလမ်းများစွာက စောင့်ကြိုနေပေသည်။

သူနှင့် နှိုင်းယှဉ်ရလျှင် ဝူထူနတ်တောင်မှ ရီဖူရှင်းသည် ပို၍ပင် သနားဖွယ်ကောင်းလာပေသည်။

သို့သော်လည်း ဂူထျန်းရှင်း၏ ထွက်ပေါ်လာမှုက နတ်တောင်ရှစ်ခု၏ မိုးကြိုးလမ်းစဉ်ပွဲတော် အားလုံး၏ အာရုံစိုက်ခံရမှုကို ခိုးယူသွာူခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံမှ လူများသည် ဂူတုံးလျှိုနှင့် ဂူထျန်းရှင်းတို့၏ အကြောင်းကို ပို၍ ပြောဆိုနေကြပေသည်။

ထိုနေ့က ထွက်ပေါ်လာခဲ့သည့် ပုဂ္ဂိုလ်က အမှန်တကယ် ဂူထျန်းရှင်းပေလော။

သူက အသက်ရှင်သန်နေသေးသည်လား။ သို့မဟုတ်လျှင် ထိုသည်က ကမ္ဘာပေါ်၌ ကျန်ရှိသည့် သူ၏ ဝိညာဉ်အပိုင်းအစ ဖြစ်သည်လား။

ဂူထျန်းရှင်း၏ ထွက်ပေါ်လာမှုသည် ကောင်းကင်အာဏာစက်ဘုံအတွင်းရှိ ထိပ်တန်းအင်အားစုများ၏ ရမ်ဟောင်ပုဂ္ဂိုလ် အများအပြားကို တိုက်ရိုက် ခြိမ်းခြောက်နိုင်ခဲ့သည်။ သူ၏ ပြိုင်ဘက်ကင်း အရှိန်အဝါက မရေတွက်နိုင်သော လူများ၏ ကြည်ညိုလေးစားမှုကို ရရှိစေခဲ့သည်။

လူအများသည် သူ့ကို မသေဆုံးဘဲ သူကဲ့သို့ လူမျိုးကို သူတို့ တွေ့ဆုံခွင့် ရစေရန် မျှော်လင့်နေကြသည်။

ဂူတုံးလျှိုသည်လည်း ထိုသူ၏ ပြောစကားများကို အများဆုံး ရည်ညွှန်းခဲ့သည်။ သူသည် ဂူကလန်၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ကျင့်ကြံရန်အတွက် အောက်ဘုံသို့ ပို့ဆောင်ခံလိုက်ရသည်ဟု ပြောခဲ့သည်။ သူ၏ သက်စောင့်ဝိညာဉ်သည် လွှမ်းမိုးနိုင်သည့် စွမ်းအားဖြင့် ဖိနှိပ်ခံထားရပြီး သူ၏ စွမ်းရည်များကို ပိတ်ဆို့တားဆီးထားပေသည်။ သူသည် သူ၏ မူလဇစ်မြစ်ကို မသိသော်လည်း သူက အင်ပါယာကျီမင်၏ လူများထံ အဖမ်းခံခဲ့ရပေသည်။

ယခု ကောင်းကင်အာဏာစက်ဘုံမှ လူအများသည် သူ့ကို အလွန် ရှားပါးသော အရည်အချင်းရှိသည့် ဂူကျန်းနန်၏ သားဖြစ်ကာ ဂူထျန်းရှင်း၏ မြေးဖြစ်သည်ဟု ခန့်မှန်းနေကြသည်။

ထိုသို့သာ ဖြစ်လျှင် များပြားလှသော လူများသည် စိတ်မသက်မသာ ခံစားကြရမည် ဖြစ်ပြီး အထူးသဖြင့် ထိပ်တန်းအင်အားစုနှစ်ခုဖြစ်သော ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများပင် ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် ဂူကလန်၏ လူအများအပြားကို အများဆုံး သတ်ဖြတ်ခဲ့ကြပေသည်။

ထို့ကြောင့် အထူးသဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ဂူကလန်သည် အငြိုးမပြေနိုင်သည့် ရန်သူများ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့သည် ဂူကျန်းနန်တို့ ဇနီးမောင်နှံကို သတ်ဖြတ်ခဲ့ပြီး ကောင်းကင်နတ်တံခါးကို ဂူထျန်းရှင်းအား သတ်ဖြတ်ရန် ဖိအားပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏ ယခင် အင်ပါယာနှင့် လက်ရှိအင်ပါယာ၏ အိမ်ရှေ့စံတို့ အသတ်ခံခဲ့ရပေသည်။ ကောင်းကင်အာဏာစက်ပြည်ထောင် အင်ပါယာ၏ အချစ်ဆုံး သားတော်နှင့် ဖခင်ဖြစ်သူမှာ နှစ်ယောက်လုံး ဂူထျန်းရှင်း၏ လက်တွင် သေဆုံးခဲ့ရသည်။ လူများ အဆုံးမဲ့ သေဆုံးနေသည့် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို မည်သည်ကမှ မထိန်းချုပ်နိုင်ခဲ့ပေ။

မကြာခင် ကောင်းကင်အာဏာစက်ဘုံမှ သတင်း လွှင့်ခဲ့သည်။ ထိုနေ့က ဂူထျန်းရှင်း ထွက်ပေါ်လာခဲ့ပြီး ဂူတုံးလျှိုကို ခေါ်ဆောင်သွားခဲ့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများသည် သူတို့နောက်ကို လိုက်ကာ ဂူထျန်းရှင်းနှင့် ဂူထျန်းရှင်းကို စုံစမ်းကြည့်ရာတွင် ကောင်းကင်အာဏာစက်ဘုံ၏ နယ်နိမိတ်ကျောက်တုံးရှိ အနောက်ဘက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရှိရပေသည်။

ထိုသတင်းသည် နောက်ထပ် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပြန်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ နယ်နိမိတ်ကျောက်တုံး အနောက်ဘက်ဒေသသည် မည်သည့် ထိပ်တန်းအင်အားစု ငါးခုနှင့်မှ သက်ဆိုင်ခြင်း မရှိပေ။

နှစ်ပေါင်းများစွာကတည်းက စစ်ပွဲများသည် ကောင်းကင်အာဏာစက်ဘုံတွင် ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် မတူညီသော မျိုးနွယ်စုများအကြားတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်ကြပေသည်။

ယခင်က ကောင်းကင်အာဏာစက်ဘုံ၏ ရန်ဟောင်အင်ပါယာနှင့် နတ်ဆိုးဘုံ၏ နတ်ဆိုးအင်ပါယာကြားမှ စစ်ပွဲအတွင်း တိုက်ပွဲကွင်းပြင်သည် နေရာအနှံ့ အလောင်းများဖြင့် ပြည့်နှက်နေခဲ့ပေသည်။ လောကကြီးကို မပေါင်းစည်းခင်အထိ ကောင်းကင်အာဏာစက်ဘုံတွင် မရေတွက်နိုင်သည့် အလောင်းများ ပျံ့ကျဲနေခဲ့ပြီး အင်ပါယာချင်သည် နတ်ဆိုးအားလုံး၏ အရှင်သခင်ဟူသော ဘွဲ့မည်အပ်နှင်းခံရကာ နတ်ဆိုးများ၏ လေးစားမှုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ် ကြားမှ အခြေအနေများက တိုးတက်လာခဲ့ပြီး လောကကြီးတွင် ယှဉ်တွဲနေထိုင်ခဲ့ကြသည်။

သို့ဆိုလျှင်ပင် မျိုးနွယ်နှစ်ခုကြားမှ ခြားနားချက်က နေရာအနှံ့ ရှိနေဆဲပင် ဖြစ်၏။

ကောင်းကင်အာဏာစက်ဘုံသည် အခြားနေရာဒေသများတွင်လည်း နယ်နိမိတ် ခွဲခြားသတ်မှတ်ထားပြီး နယ်စပ်စည်းအဖြစ် နယ်နိမိတ်ကျောက်တုံးနှင့် ပိုင်းခြားသတ်မှတ်ခဲသည်။ အနောက်ဘက်ဒေသ၏ နယ်စပ်ကျောက်တုံးသည် နတ်ဆိုးဘုံ၏ အဓိကအင်အားစု ဖြစ်သည်။ လူသားများသည် ထိုနေရာသို့ သွားရောက်ကျင့်ကြံနိုင်သော်လည်း လူသားမျိုးနွယ်၏ တော်ဝင်မိသားစုဝင်များကို အထဲသို့ ဝင်ရောက်ခွင့်မပြုသလို နတ်ဆိုးများသည် သူတို့၏ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးမှုတို့အတွက် တာဝန်ရှိလိမ့်မည် မဟုတ်ပေ။

တူညီစွာပင် လူသားမျိုးနွယ်၏ နယ်မြေသည်လည်း တစ်ဖက်မျိုးနွယ်ကဲ့သို့ပင် ဖြစ်သည်။

နှစ်ပေါင်းများစွာကပင် နှစ်ဖက်မျိုးနွယ်တို့သည် အချင်းချင်း ဆက်ဆံမှု တချို့ရှိခဲ့ပေမယ့် တစ်ဖက်နှင့်တစ်ဖက် အုပ်ချုပ်မှုအား ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ နတ်ဆိုးတန်ခိုးရှင်များသည် အရှေ့ဘက်ဒေသသို့ လာရောက်၍ ကျင့်ကြံကြပြီး လူသား တန်ခိုးရှင်အများအပြားသည်လည်း အနောက်ဘက်ဒေသသို့ ဝင်ရောက်ခဲ့ကြသည်။ သို့သော် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များသည် တစ်ဖက်မျိုးနွယ် နယ်မြေသို့ ဝင်ရောက်ခြင်းမပြုကြပေ။ ထိုသို့ ပြုလုပ်ခြင်းက အန ္တရာယ်များလှပေသည်။

ထိုအခြေအနေသည် အင်ပါယာရီချင် ကွယ်လွန်သွားပြီးကတည်းကပင် ဖြစ်ပေါ်ခဲ့သည်။

ရန်ဟောင်အဆင့် တန်ခိုးရှင်များသည် အနောက်ဘက်ဒေသသို့ ဝင်ရောက်လျှင် ပြန်လမ်းမရှိနိုင်သည့်အတွက် ထိုသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချရာ၌ အလွန် သတိကြီးစွာ ထားရပေသည်။

လူသားတန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ဘုံ နယ်နိမိတ်ကျောက်တုံး၏ အနောက်ဘက်ဒေသနယ်မြေကို ပရမ်းပတာနယ်မြေဟု ခေါ်ကြပြီး ထိုနေရာသည် နတ်ဆိုးများ၊ ဝိညာဉ်တစ္ဆေများ၊ မကောင်းဆိုးဝါးများနှင့် ဝိညာဉ်သားရဲများ စုပေါင်းနေထိုင်ရာ မြေရိုင်းဒေသ ဖြစ်သည်။

ထို့ပြင် ထိုနှစ်က ပရမ်းပတာစစ်ပွဲ၏ အဓိကတိုက်ပွဲကွင်းပြင်လည်း ဖြစ်ခဲ့သည်။ မရေတွက်နိုင်သည့် ရှေးဟောင်းနယ်မြေများသည် ကြီးမားသည့် သင်္ချိုင်းမြေကြီး ဖြစ်ခဲ့ရပြီး လူသားနယ်မြေထက်ပင် ပို၍ ရှုပ်ထွေးခဲ့ရသည်။

ထိုကြောင့်ပင် ထိုနေရာသည် အလွန် ပြဿနာများမြောင်လှသော်လည်း မရေတွက်နိုင်သည့် တန်ခိုးရှင်များက ထိုနေရာ၌ ကျင့်ကြံရန် သွားရောက်ကြပြီး ထိုအခက်အခဲများကြား၌ သူတို့၏ အရည်အချင်းကို စမ်းသပ်ကြပေသည်။ ထိုရှုပ်ထွေးလှသော ပတ်ဝန်းကျင်သည် သူတို့ကို ပိုမို အစွမ်းထက်စေရန် လုပ်ဆောင်ပေးနိုင်သည်။

ယခု ဂူတုံးလျှိုက ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ လိုက်သတ်ရခက်ခဲစေရန် ကောင်းကင်အာဏာစက်ဘုံ နယ်စပ်ကျောက်တုံး၏ အနောက်ဘက်ဒေသသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ထိုသတင်း ထွက်ပေါ်လာသည့်အခါ ထိပ်တန်းအင်အားစုများသည် သူတို့၏ တပည့်တပန်းများကို ထိုနေရာသို့ စတင် စေလွှတ်၍ ဂူထျန်းရှင်းနှင့် ဂူတုံးလျှိုကို စုံစမ်းစေသည်။ အထူးသဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်၊ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်းတို့သည် ထိုအကြောင်းကို များစွာ ဂရုစိုက်ကြပေသည်။

ဂူထျန်းရှင်း၏ ကံကြမ္မာနှင့် ဂူတုံးလျှို၏ အနာဂတ်တို့သည် ကောင်းကင်အာဏာစက်ဘုံ တခွင်လုံး၏ အခြေအနေကို ကြီးမားစွာ လွှမ်းမိုးနိုင်လိမ့်မည်ဖြစ်သည်။

လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့၏ အတိတ်ကာလ ပဋိပက္ခများအတွင်း နှစ်ဖက်လုံးက ဆုံးရှုံးခဲ့သည်များ များပြားလှသည်။ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များသည် များသောအားဖြင့် အဆင့်နိမ့်တန်ခိုးရှင်များကို တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုချိန်တွင် ရန်ဟောင်အဆင့် အောက်မှ တန်ခိုးရှင်များကိုသာ စေလွှတ်နိုင်ပေသည်။

သတင်းက ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ကောင်းကင်အာဏာစက်ဘုံအတွင်းရှိ အင်အားစုအားလုံးမှ တန်ခိုးရှင်များက လှုပ်ရှားလာကြသည်။ များပြားလှသော လူများသည် ကောင်းကင်အာဏာစက် နယ်နိမိတ်ကျောက်တုံး၏ အနောက်ဘက်ဒေသ နတ်ဆိုးဘုံနယ်မြေသို့ စတင်ထွက်ခွာကြလေသည်။

ရီဖူရှင်းသည်လည်း ထိုသတင်းကို ကြားသည်။ အစ်ကိုသုံးသည် လုံခြုံစွာ ထွက်ခွာသွားပုံရသော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိသေးပုံပေါ်လေသည်။ အကယ်၍ သူတို့သာ အစ်ကိုသုံး မည်သည့်နေရာ၌ ရှိသည်ကို သိလျှင် သူတို့သည် သူတို့၏ ထိပ်တန်းပုဂ္ဂိုလ်ကိုပင် စေလွှတ်လာနိုင်ပေသည်။

ဤရက်များအတွင်း သူသည် ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးနယ်မြေအကြောင်း သတင်းအချက်အလက်များကို စုဆောင်းနေခဲ့သည်။ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့သည် အတူတကွ ကျင့်ကြံကြသော်လည်း သူတို့ကြားတွင် ရန်လိုမှုများက အမြဲ ရှိနေတတ်ပေသည်။ ဥဒေါင်းအင်ပါယာဘုံသည် သွေးနဂါးဘုံတွင် အလွန် ထူးခြားလှသော အခြေအနေပင် ဖြစ်သည်။

***

ယခု ဥဒေါင်းအင်ပါယာဘုံသည် ကောင်းကင်အာဏာစက်ဘုံမှ အဝေးတစ်နေရာတွင် ရှိနေသည်။

ခမ်းနားထည်ဝါသည့် နတ်ဆိုး တော်ဝင်နန်းတော်အတွင်းတွင် ပြိုင်ဘက်ကင်း အမျိုးသမီးသည် ထိုနေရာတွင် ရပ်နေသည်။ သူမ၏ ရှေ့တွင် အလွန်ထက်ရှသည့် အကြည့်များနှင့် မဟူရာရွှေရောင် အမွေးအတောင်များနှင့် နတ်ဆိုးသားရဲ တစ်ကောင် ရှိနေသည်။ သူ၏ မျက်လုံးများက ဉာဏ်ရည်ထက်မြက်ပုံရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်သည့် နတ်ဆိုး အရှိန်အဝါများက လွှမ်းခြုံထားသည်။

“အဖေက ငါ့ကို ပြောတယ်။ ဘုံသုံးထောင်က နတ်ဆိုးတွေအားလုံး စုဝေးနေတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်အာဏာစက်ဘုံမှာ နတ်ဆိုးနယ်မြေရှိတယ်တဲ့။ သွေးနဂါးဘုံနဲ့ ယှဉ်ရင် နတ်ဆိုးကလန်တွေထဲက ထိပ်တန်းပုဂ္ဂိုလ်တွေက သူတို့ လုံလောက်အောင် သန်မာလာခဲ့ရင် အဲဒီနေရာကို သွားဖို့ ပိုပြီး ဆန္ဒရှိကြတယ်။” ခွန်ရွှမ်က သူမ၏ မျက်လုံးများက သူမရှေ့မှ နတ်ဆိုးသားရဲထံ၌ တည်မြဲနေကာ ပြောလိုက်သည်။ “နင် ကောင်းကင်အာဏာစက်ဘုံကို သွားချင်လား”

“ငါ ဒီမှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတယ်။ အခု ငါ့ သခင်က တကယ် လွမ်းနေတာ။ မင်းသမီးက အရှင်မင်းကြီးကို ငါ့အတွက် အခွင့်အရေး ရဖို့ မေးပေးနိုင်မလား။ မင်းသမီးလည်း ငါနဲ့ အတူသွားနိုင်ရင် ပိုကောင်းလိမ့်မယ်။ ငါ့ သခင်ကလည်း မင်းသမီးကို လွမ်းနေမှာ” သိမ်းငှက်နက်က ပြောလိုက်သည်။ ခွန်ရွှမ်က သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်၏။ သူမသည် ဤအကောင် ထိုနှစ်က သူမအပေါ် လုပ်ခဲ့သည်များကို မမေ့ပေ။ သူမက သူ့ကို နတ္ထိဘုံတွင် သတ်ဖြတ်ခဲ့နိုင်ရန်သာ ဆုတောင်းနေပေသည်။

သို့သော် သူမသည်လည်း ကောင်းကင်အာဏာစက်ဘုံကဲ့သို့ နေရာမျိုးကို သွားချင်ပေသည်။ များပြားလှသည့် နတ်ဆိုးကလန်များ စုစည်းနေသည့် နေရာက မည်ကဲ့သို့ ဖြစ်မည်ကို သွားရောက် ကြည့်ရှုလိုပေသည်။

ရီဖူရှင်းသည် ထိုနေရာသို့ သွေးနဂါးဘုံ၏ မင်းသားချီရှန်းနှင့် သွားရောက်ခဲ့သည်။ သူမသည် ဒေသနန်းတော်တွင် ကျင့်ကြံခြင်းမပြုသလို ဒေသဘုရင်အဆင့် သတ်မှတ်ချက်တွင်လည်း ဝင်ရောက်ခြင်းမရှိသည့်အတွက် သူတို့က ခရီးသွားရာ၌ သူမကို ဖိတ်ကြားခဲ့ခြင်းမရှိပေ။

ယခု သူမသည် ထိုနေရာသို့ သွားရောက်ကာ ကြည့်ရှုလိုပေသည်။

ရီဖူရှင်းအကြောင်းကို စဉ်းစားမိတော့ သူမ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိသည်။ 'ငါ အခုထိ အဲဒီကောင်ကို အဝေးပစ်မထုတ်နိုင်သေးဘူးလား'

သူမက အနာဂတ်တွင် သူနှင့် ပြန်ဆုံတွေ့ရန် အခွင့်အရေး ရှိခဲ့လျှင် သူမသည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပျက်ရယ်ပြု ခြင်းကို မခံလိုပေ။

ထိုသို့ တွေးရင်းနှင့် ခွန်ရွှမ်က ပြောလိုက်သည်။ “အဖေ့ကို သွားမေးလိုက်မယ်”

“ငါ့ သခင်က မင်းသမီးကို အရမ်းလွမ်းနေမယ်ဆိုတာ ငါ ပြောရဲတယ် သိလား” သိမ်းငှက်နက်က ပြောလိုက်သည်။ သူ၏ စကားပြောပုံသည် ယခင်ကနှင့် တထပ်တည်းပင်။ သူသည် တစ်စုံတစ်ယောက်က ခပ်ကြမ်းကြမ်း ပညာပေးခြင်းကို အမြဲ လိုအပ်နေပေသည်။

ခွန်ရွှမ်၏ ခန္ဓာကိုယ်အနီးတွင် အသက်စွမ်းအားများ စီးဆင်းလာပြီး သူမက သိမ်းငှက်နက်ကို စိုက်ကြည့်လိုက်သည်။

“မလုပ်ပါနဲ့။ မင်းသမီးကို လိုအပ်နေတာ ငါ့ သခင်လေ။ သူက အခု နတ်ဆိုးကလန်တွေ ရှိတဲ့ နယ်မြေမှာ ရောက်နေတာမလား” သိမ်းငှက်နက်က ချက်ချင်းပင် သူ့လေသံကို ပြောင်းကာ ပြောလိုက်သည်။ ခွန်ရွှမ်သည် အာချောင်လွန်းသည့် ထိုအကောင်၏ အပြောအဆိုများနှင့် ကျင့်သားရနေပြီ ဖြစ်တာကြောင့် သူ့ကို လျစ်လျူရှုလိုက်ပြီး လှည့်ထွက်ကာ နန်းတော်ခန်းမသို့ လျှောက်သွားတော့သည်။

သူမက ကောင်းကင်အာဏာစက်ဘုံကဲ့သို့ ဝေးလံလှသော နေရာကို သွားချင်နေသည့်အတွက် သူမ၏ အဖေကို ကျိန်းသေ အကူအညီတောင်းရပေလိမ့်မည်။

***

All Chapters