← Chapters

ငါးယောက်တစ်ယောက် တိုက်ပွဲ

Vol. 13 Ch. 155

ငါးယောက်တစ်ယောက် တိုက်ပွဲ

Vol. 13 Ch. 155

အပြင်ဘက်ရှိ ကြယ်ပွင့်ပညာရှင် စင်မြင့်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ အင်မော်တယ်ပြည်ထောင်မှ တရားဝင်အရာရှိများ၊ ထူးချွန်သူများနှင့် မျိုးဆက်သစ်ပေါင်း တစ်သောင်းကျော်တို့ စုရုံး၍ အုပ်စုလိုက် ထိုင်ပြီး တစ်ဦးနှင့်တစ်ဦး တီးတိုးပြောနေကြသည်။ လူအုပ်အတွင်း စစ်သူကြီးချန်၊ ကျောက်ရွှမ်ကျန်းနှင့် ချီလန်တို့သည် သက်တောင့်သက်သာ ထိုင်လိုက်ကြပြီး ပညာရှင်ကျောင်းတော်သို့ သွားရန် အစီအစဉ်မရှိသကဲ့သို့ မူတန်းရှီကလည်း သူတို့ကို ဖိတ်ကြားလိုသော အရိပ်အယောင် မပြသခဲ့ပေ။

ယွမ်ရှောင်၏ ဘေးတွင် ရပ်နေသော ချန်ရီသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ကိုယ်လုံးကိုယ်ပေါက်မှာ နတ်သမီးအလား လှပပြီး ကြွေလွှာကဲ့သို့ အသားအရေက တောက်ပနေ၍ စင်ကြယ်သော အဖြူရောင်ကြောင့် အခြားသူများထက် ကျော်လွန်နေ၏။

"အင်မော်တယ်တိုက်ပွဲ နီးကပ်လာပေမယ့် မင်းက နဂါးအဆင့်ထိပ်ဆုံးကို တက်ရောက်ဖို့နဲ့ တိုက်ခိုက်ပြီး ငါတို့ရဲ့ ဝှက်ဖဲကို အပြင်လူတွေရှေ့မှာ ထုတ်ဖော်ပြသဖို့ ဘာကြောင့် ဒီလောက် စိတ်အားထက်သန်နေရတာလဲ"

ယွမ်ရှောင်က ရုတ်တရက် မေးလိုက်ပြီး

သူမ၏ လှုပ်ရှားမှုမှာ အစီအစဥ်မကျဘဲ လူသားများထက် နတ်ဆိုးများကို ပို၍ အားသာစေသည်။

"နဂါးအဆင့်ရဲ့ ထိပ်ဆုံးဆိုတာ ငါက အင်မော်တယ်စစ်ပွဲမှာ ပါရမီရှင် ပါဝင်သူတစ်ဦးလို့ ဆိုလိုတယ်။ အုပ်စုလိုက် တိုက်ပွဲကို ရှောင်ရှားပြီး နောက်ပိုင်း အဆင့်အထိ တက်သွားနိုင်တဲ့အပြင် စိန်ခေါ်မှုတွေကို လက်ခံနိုင်တဲ့ အဆင့်အထိ တိုက်ရိုက်တက်သွားနိုင်တယ်"

ချန်ရီက ရှင်းပြသည်။

"ဒါဆိုရင် နတ်ဆိုးတွေပဲ မင်းကို စိန်ခေါ်မယ်လို့ ငါထင်တယ်"

"ဟုတ်တယ်။ ဒီနည်းနဲ့ဆိုရင် ငါက ရန်သူတွေကို စတင်သတ်ဖြတ်တဲ့အခါ ပိုပြီး ထိရောက်နိုင်တယ်"

"ဒီနေ့ လူသားမျိုးနွယ်ရဲ့ အင်အားကို မင်း လျှော့ချလိုက်ရင် အခြေအနေ ပြောင်းလဲသွားနိုင်တယ်မလား"

ယွမ်ရှောင်က ဆက်မေးသည်။

"လုံးဝ မဟုတ်ဘူး။ အင်မော်တယ် စစ်ပွဲရဲ့ အနှစ်သာရက လူသားမျိုးနွယ်ရဲ့ ထိပ်တန်း အင်မော်တယ်ကို ဆုံးဖြတ်ဖို့ပဲ။ ဒုတိယကို ဘယ်သူ ဂရုစိုက်မှာလဲ"

ချန်ရီ၏စကားကို ယွမ်ရှောင်က ခေါင်းညိတ်ပြီးနောက် သူ၏ ကိုယ်ပွားထံမှ ရရှိသော အချက်အလက်အချို့ကို စဉ်းစားကာ ပညာရှင်ကျောင်းတော်ထံ ကြည့်လိုက်သည်။

"ပြဿနာက ပါဝင်တဲ့ နတ်ဆိုးတွေ အများကြီး ရှိနေတာမလား"

"ဟုတ်တယ်။ နတ်ဆိုးတိုက်ကြီးက ပါရမီရှင်တွေ အားလုံးနီးပါး ကောင်းကင်နယ်မြေကို ရောက်နေတယ်။ နတ်ဆိုးတိုက်ကြီးမှာ နတ်ဆိုးသူတော်စင် ၁၀၈ ယောက် ရှိတယ်။ မျောက်သူတော်စင်လို တစ်ယောက်ချင်းစီမှာ မျိုးဆက် ဒါဇင်ပေါင်းများစွာ ရှိတယ်။ သူတို့ရဲ့ အမွေဆက်ခံထားတဲ့ မျိုးရိုးကြောင့် လူသားတွေထက် အောင်မြင်မှုနှုန်းကို အများကြီး သာလွန်စေတယ်။ ဒီအင်မော်တယ် စစ်ပွဲမှာ လေ မီး ကပ်ဘေး နယ်ပယ်ကို ရောက်နေတဲ့ နတ်ဆိုးပါရမီရှင် ငါးထောင်ကျော် ရှိတယ်"

ချန်ရီ၏ မျက်လုံးများက ရေခဲပမာ အေးစက်လာသည်။

"ငါးထောင်ကျော်လား။ နတ်ဧကရီရဲ့ ဆွဲဆောင်မှုက တော်တော်ပြင်းထန်တာပဲ"

ယွမ်ရှောင်က မျက်ခုံးပင့်လိုက်မိသည်။

"ဟုတ်တယ်။ သူမက လူသားမျိုးနွယ်အတွက် ဂုဏ်ယူစရာ သင်္ကေတပဲ။ ဘယ်သူက အဲဒါကို အပိုင်မလိုချင်မှာလဲ"

ချန်ရီက ပြုံးလိုက်ပြီး သူမ၏ နှုတ်ခမ်းများမှ ပေါ့ပါးပြီး ပျော်ရွှင်နေသော ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

"အခြားပြည်ထောင်တွေကလည်း သူတို့ရဲ့ ပါရမီရှင် ကျင့်ကြံသူတွေကို ပို့လိုက်တယ်လို့ ငါကြားခဲ့တယ်"

"သူတို့ရဲ့ ရည်ရွယ်ချက်တွေက နတ်ဆိုးတွေနဲ့ မတူနိုင်ဘူး"

ချန်ရီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။

"ဒါဆို မင်းမှာ ပြိုင်ဘက်တွေ အတော်များများ ရှိတာပဲ။ ပြီးတော့ ငါတို့ရဲ့ အင်မော်တယ်ပြည်ထောင် နယ်မြေ၉၉ခု မှာ လူသားမျိုးနွယ်ရဲ့ ထိပ်တန်း အင်မော်တယ်ဘွဲ့ကို လိုချင်တဲ့ ထူးခြားတဲ့ ပါရမီရှင်တွေ ရှိလောက်တယ်"

ယွမ်ရှောင်၏စိတ်အတွင်း အလွန်အမင်းသန်မာသော လန့်ကော်၏ ပုံရိပ်ထွက်ပေါ်လာကာ သိုင်းနယ်မြေထံ စိတ်ရောက်သွားခဲ့၏။ ထိုနယ်မြေ၏ ကျင့်ကြံသူများမှာ နတ်ဆိုးများကဲ့သို့ ရုပ်ခန္ဓာကို လေ့ကျင့်ကြပြီး အစွမ်းထက်ကြ၏။

"အထွတ်အထိပ်ကို ရောက်ဖို့အတွက် လမ်းကြောင်းပေါ်က အတားအဆီးတိုင်းကို နင်းဖြတ်ရမယ်။ ဘယ်သူဖြစ်ဖြစ် ငါ့ရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ မတားဆီးနိုင်ဘူး"

ချန်ရီ၏ မျက်လုံးများတွင် လျှပ်စီးနှင့် မီးတောက်များ မုန်တိုင်းတစ်ခုအသွင် လှည့်ပတ်နေကာ မွေးရာပါ ကြီးစိုးလိုစိတ်ကို ဖုံးကွယ်မထားနိုင်ချေ။

" အဲဒီ နတ်ဘုရားသင်္ဘောပေါ်မှာ ညည်းညူပြီး အားနည်းခဲ့တဲ့ လူတစ်ယောက်တည်းက ငါ့ကို အံ့သြစေလောက်အောင် ထူးထူးခြားခြား ပြောင်းလဲသွားတာပဲ"

ယွမ်ရှောင်က ရယ်မောကာ စနောက်လိုက်သည်။

"နင် နင် ငါ့ကို စော်ကားရဲတယ်"

အရှက်ရဖွယ် အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားသောအခါ သူမ၏ မျက်နှာက ရှက်စိတ်ဖြင့် နီမြန်းသွားပြီး လျှပ်စီးတစ်ချက်နှင့် ယွမ်ရှောင်ကို ပစ်ခတ်ခဲ့သည်။

"စောင့်ကြည့်နေလိုက်။ နောက်တစ်ခါ မင်း ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်အောင် ငါ လုပ်ပေးမယ်"

ရုတ်တရက် နာကျင်သွားသော ယွမ်ရှောင်က သူမကို ခပ်ညစ်ညစ်ပြုံးပြကာ ခြိမ်းခြောက်လိုက်၏။

"ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ

ဟွန့်"

ချန်ရီက နှုတ်ခမ်းဆူကာ တစ်ဖက်လှည့်သွားသောကြောင့် နတ်ဧကရီဆိုသည်မှာ ဘွဲ့ထူးတစ်ခုသာသာဖြစ်ပြီး နှလုံးသားတွင် သူမသည် ချန်ကောင်းကင်အိမ်တော်မှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးသာ ဖြစ်၍ များစွာမရင့်ကျက်သေးပေ။ သို့သော် သူမ၏ မွေးရာပါ သဘာဝအတိုင်း ပြတ်သားပြီး ရဲရင့်သော အုပ်ချုပ်သူတစ်ယောက်၏ စရိုက်မျိုးလည်း ပိုင်ဆိုင်ထား၏။ နတ်ဆိုးတိုက်ကြီးမှ နတ်ဆိုးသူတော်စင် ၁၀၈ ယောက်၏ မရေမတွက်နိုင်သော မျိုးဆက်များ၊ ပါရမီထူးချွန်သော ကျင့်ကြံသူများနှင့် သက်ဆိုင်ရာ နယ်မြေ များမှ ထူးခြားသော ပါရမီရှင် အားလုံးသည် အင်မော်တယ်စစ်ပွဲ၏ ထိပ်ဆုံးအဆင့်ကို ရည်ရွယ်ထားကြသော်လည်း ထိုအချိန်မတိုင်မီ သူမက နဂါးအဆင့်ကို စိန်ခေါ်ခဲ့သည်။

အကြောင်းပြချက်က ရိုးရှင်းပြီး သစ္စာဖောက်များကို အရင်ဆုံးဖယ်ရှားကာ အပြင်ရန်ကို တိုက်ခိုက်ရန်အတွက် အတွင်းရန်ကို ဦးစွာ ချိုးနှိမ်ရန် ဖြစ်၏။ ရဲ၊ မူနှင့် ဟန်မျိုးနွယ်တို့၏ မျိုးဆက်များသည် အင်မော်တယ်ပြည်ထောင်အတွက် ရဲဘော်ရဲဘက်များ၊ မဟာမိတ်များကဲ့သို့ ထင်ရသော်လည်း အရေးကြီးဆုံးအချိန်တွင် သူမ၏ နောက်ကျောကို ဓားဖြင့် ထိုးကြမည်မှာ သေချာသလောက်ပင်။

"သူမက ဒီလူသားသစ္စာဖောက်တွေကို အရင်ဆုံး ဖြုတ်ချဖို့ အစီအစဉ်ဆွဲထားတယ်။ ပြီးတော့ အင်မော်တယ် စစ်ပွဲကို တစ်ယောက်တည်း ထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပြိုင်ဘက်အားလုံးကို အနိုင်ယူလိမ့်မယ်"

ဧကရီ၏ အိမ်ထောင်ဖက် ရွေးချယ်မှုသည် ပြီးပြည့်စုံသော ငါးစာဖြစ်ကာ ရန်သူများ နေရာတိုင်း ပြည့်နှက်နေသော်လည်း အမျိုးသမီး တစ်ယောက်တည်းက ဆန့်ကျင်ဝံ့ပေသည်။

" အစ်ကိုကြီး ကမ္ဘာပေါ်က လူသားနဲ့ နတ်ဆိုးတိုင်းက မင်းရဲ့ သတို့သမီးကို လုယူချင်နေကြတယ်"

ကြယ်ပြာက တီးတိုးပြောသည်။

"အနည်းဆုံးတော့ ငါတို့မှာ အစ်မကြီး ကျောက်က ရှိပါတယ်။ တစ်ယောက်ယောက် ချန်ရီကို မသွားရင်တောင် နောက်တစ်ယောက် ကျန်သေးတယ်"

လနီက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဒါတင် မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပွားမှာလည်း အထီးကျန် ဆရာတစ်ယောက် ရှိသေးတယ်"

ကြယ်ပြာက ခပ်တိုးတိုးရယ်လိုက်သည်။

"အင်မော်တယ်စစ်ပွဲက ငါတို့အနောက်ကို ရောက်နေပေမယ့် ငါက နဂါးဘုရင် နယ်ပယ်မှာ ရှိနေတုန်းပဲ။ လေ မီး ကပ်ဘေး နယ်ပယ် နတ်ဆိုး ၅,၀၀၀ က ငါ့ကို ပစ်မှတ်ထားနေတာတောင် မင်းတို့က ဟာသတွေ ပြောနေတာလား။ မင်းတို့ရဲ့ အသိစိတ်က ဘယ်မှာလဲ။ ကောင်းကင် တာအို ဆေးလုံးတွေ ဘယ်ရောက်နေပြီလဲ"

ယွမ်ရှောင်က စိတ်ပျက်လက်ပျက်ဖြင့် ငေါက်လိုက်ပြီး ချန်ရီကို ဤဖိအားအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရန် ခွင့်မပြုနိုင်ချေ။

"ဘာတွေ အလျင်လိုနေတာလဲ။ ဒီည မင်းရဲ့ အင်မော်တယ် သွေးကြောတွေကို ငါတို့ ဖွင့်ပေးမယ်"

"အဲဒါဆို ကောင်းတယ်"

ကြယ် သွေးကြောများကို ရယူပြီးနောက် ယွမ်ရှောင်အတွက် လိုအပ်သည်မှာ အင်မော်တယ် သွေးကြောများကို ဖွင့်လှစ်ရန်သာ ဖြစ်ပြီး နောက်ထပ် အဆင့်ငယ် ငါးဆင့်ကို တက်ရန် လွယ်ကူကာ ကောင်းကင်တာအိုဆေးလုံးများသာ လိုအပ်ပေလိမ့်မည်။

"ဒီနေ့ အင်မော်တယ်စစ်ပွဲမှာ ပါဝင်မယ့် အင်မော်တယ်ပြည်ထောင် ထိပ်တန်း ပါရမီရှင်တွေရဲ့ အရည်အချင်းကို ကြည့်ရအောင်"

သူသည် နဂါးငွေ့တန်းအဆင့် တာအိုဂါထာဖြင့် မူရွှေဖန်းကို ချက်ချင်း သတ်နိုင်ခဲ့​သော်လည်း အနည်းဆုံး ပြီးပြည့်စုံခြင်းအဆင့် လေ မီး ကပ်ဘေး နယ်ပယ်တွင် ရှိသော နဂါးအဆင့်၏ ထိပ်တန်း ဆယ်ယောက်နှင့် ရင်ဆိုင်ရန်အတွက် ချီစွမ်းအင် လိုအပ်နေဆဲပင် ဖြစ်၏။ တာအို ဂါထာများသည်လည်း ချီစွမ်းအင်၏ အထောက်အပံ့ လိုအပ်ကာ ယွမ်ရှောင်၏ ပညာရပ်များက ပြည့်စုံသော်လည်း ကျင့်ကြံခြင်းက အားနည်းနေသည်။

စင်ကြယ်သော အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် ချန်ရီက ရုတ်တရက် ထရပ်လိုက်ပြီး လူအုပ်၏ အကြည့်များအောက်တွက် တိုက်ပွဲစင်မြင့်ပေါ်သို့ ယုံကြည်မှုရှိစွာ လှမ်းတက်သွားခဲ့သည်။

"သူမက စိန်ခေါ်ချက်တစ်ခု ထုတ်ပြန်တော့မှာလား"

"သူမက ဘယ်သူ့ကို အရင်ဆုံး စိန်ခေါ်မလဲလို့ ငါ သိချင်မိတယ်"

"ဖြစ်နိုင်တာက နဂါးအဆင့်ကိုး ရရှိထားတဲ့ ဟန်ကျီဟွာကို စိန်ခေါ်မှာပဲ။ ဟန်ကျီဟွာနဲ့ မူလင် နှစ်ယောက်စလုံးက သူမကို အရင်က အနိုင်ယူခဲ့ဖူးတယ်"

"တကယ်တော့ နဂါးအဆင့်ရဲ့ ထိပ်တန်း ဆယ်ယောက်မှာ လူတိုင်းနီးပါးက သူမကို အနိုင်ယူခဲ့ဖူးတယ် မဟုတ်လား"

"သူမက အကြိမ်ပေါင်းများစွာ လဲကျခဲ့ပေမဲ့ ပြန်ထလာနေတုန်းပဲ"

"သူမက တစ်နှစ်ကြာ ပျောက်ဆုံးပြီးနောက် အခြေတည်အဆင့် လေ မီး ကပ်ဘေးနယ်ပယ်ကို ရောက်ခဲ့တာ ထူးဆန်းတယ်။ နဂါးအဆင့်မှာ ရဲရှင်ယင် တစ်ယောက်တည်းသာ အဲဒီအဆင့် ရှိတယ်။ ကျန်တဲ့သူတွေက ပြည့်စုံခြင်း အဆင့်မှာတင် ရှိသေးတယ်"

လွန်ခဲ့သော တစ်နှစ်တွင် နဂါးအဆင့်၏ ထိပ်တန်း ဆယ်ယောက် အနိုင်ယူခဲ့ဖူးသော ချန်မျိုးနွယ် ပါရမီရှင်က အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လူငယ်မျိုးဆက်များထဲတွင် ယွမ်ရှောင် တစ်ယောက်တည်းသာ လုပ်ရပ်တိုင်းကို အတိအကျမြင်နိုင်ခဲ့၏။

"သူမက စိန်ခေါ်ချက်ကို ထုတ်ပြန်လိုက်ပြီ"

လူတိုင်းက ဆိုင်းဘုတ်တစ်ခူတွင် အာရုံစိုက်နေကြပြီး စိန်ခေါ်မှုကို ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက် နဂါးအဆင့်ရှိ နာမည်တစ်ခုက တောက်ပလာသည်။

"အာ၊ သူမက အဆင့်တစ်ဆယ်ကို စိန်ခေါ်နေတာလား။ သူမရဲ့ ပြိုင်ဘက် ဟန်ကျီဟွာကို တိုက်ရိုက် စိန်ခေါ်ဖို့ သတ္တိမရှိဘူးလား"

လူအုပ်က ချန်ရီကို အပြောကြီးသူဟု တွေးကာ လှောင်ရယ်နေကြသော်လည်း တစ်ခဏအတွင်း အဆင့်ကိုး ဟန်ကျီဟွာ၏ နာမည်လည်း တောက်ပလာခဲ့သည်။

"သူမက ဘာလုပ်ချင်နေတာလဲ။ တစ်ပြိုင်နက်တည်း ပါရမီရှင် နှစ်ယောက်ကို စိန်ခေါ်နေတာလား"

ပရိသတ်များက အံ့အားသင့်သွားကြပြီးပညာရှင်ကျောင်းတော်တွင် လှောင်ရယ်နေသူများ အားလုံး တိတ်ဆိတ်သွားကြသည်။ သို့သော် ဤမျှနှင့် အဆုံးသတ်မသွားဘဲ နဂါးအဆင့်ရှိ နာမည်များက အောက်ခြေမှ အပေါ်သို့ တရစပ် တောက်ပလာခဲ့ကာ နဂါးအဆင့်၏ ထိပ်တန်း ဆယ်ယောက်လုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်၏။

"သူမက ဘာလုပ်ဖို့ တွေးနေတာလဲ။ တစ်ကြိမ်တည်းမှာ နဂါးအဆင့် ထိပ်တန်းဆယ်ယောက်လုံးကို စိန်ခေါ်နေတာလား"

လူတိုင်းက ချန်ရီကို စိုက်ကြည့်နေပြီး ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုတစ်ခု ကြီးစိုးနေသာ်။

"မင်းတို့ ဆယ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ငါ တိုက်ခိုက်မယ်။ တက်လာကြစမ်း ။ ငါ သေသွားရင် ငါညံ့လို့ပဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး"

ထိုအချိန်တွင် သူမက ပညာရှင်ကျောင်းတော်ဘက်သို့ ဦးတည်ကာ မိုးချုန်းသံပမာ အော်ဟစ်လိုက်သောကြောင့် အားလုံး ဆွံ့အကုန်သည်။

"စစ်သူကြီးချန်၊ ဒါက မင်းရဲ့ လုပ်ရပ်လား"

အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီးနောက် မူတန်းရှီ၏ စကားသံ ထွက်ပေါ်လာခဲ့သည်။

"ငါ့ကို လာမမေးနဲ့။ သူမက ငါတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ထားပြီးပြီ"

ချန်ရှောင်က ခေါင်းယမ်းကာ အေးစက်စက် ပြောလိုက်သဖြင့် အဖြေမှာ ထင်ရှားနေသည်။

"ချန်ရီက အရမ်း မောက်မာလွန်းတယ်"

"ဟန်သုံးယောက်၊ မူလင်၊ ရဲရှင်ယင်... သူတို့အားလုံးက အစွမ်းထက် ကျင့်ကြံဆင့်ကြောင့် လေးစားခံရတဲ့ ပါရမီရှင်တွေ ဖြစ်ကြတယ်။ ဒီလို စိန်ခေါ်မှုက တိုက်ရိုက် စော်ကားလိုက်တာပဲ"

လူတိုင်း တီးတိုးပြောဆိုနေကြစဥ် ပညာရှင်ကျောင်းတော်မှ ပုံရိပ် ငါးခုက အလျင်အမြန် ဆင်းသက်လာကာ စင်မြင့်ထက်တွင် တောက်ပသော အတားအဆီးတစ်ခု ဖြစ်ပေါ်လာပြီး ချိတ်ပိတ်အစီအရင်တစ်ခု ချက်ချင်း အသက်ဝင်သွားခဲ့သည်။

"စိန်ခေါ်ချက်ကို ထုတ်ပြန်လိုက်ပြီ၊ အခု ပြန်လှည့်လို့ မရတော့ဘူး။ တိုက်ခိုက်ကြ"

မူတန်းရှီ၏စကားသံ ထွက်ပေါ်လာချိန်တွင် အင်မော်တယ်ပြည်ထောင်၏ တရားဝင် အရာရှိ အများအပြားနှင့် မဟာကျောင်းတော်၏ ကျောင်းသား သောင်းပေါင်းများစွာက ထိုပုံရိပ် ငါးခုကို ကြောင်အစွာ ကြည့်နေကြသည်။

"ငါးယောက်က တစ်ယောက်တည်းကို တိုက်ခိုက်ချင်တာလား"

ဤပါရမီရှင်များအနေဖြင့် စိန်ခေါ်ချက်ကို လက်ခံလိုက်လျှင် အရှက်ရစရာဖြစ်သောကြောင့် ငြင်းပယ်လိမ့်မည်ဟု လူတိုင်းက ယူဆထားသော်လည်း ဂုဏ်သိက္ခာကင်းမဲ့သော သိုးရေခြုံ ဝံပုလွေများသည် မိန်းကလေးတစ်ယောက်တည်းကို အုပ်စုလိုက် ဝိုင်းကိုက်နေကြသည်။ လူတိုင်းက အံ့အားသင့်သွားကာ အကြည့်များ ဖလှယ်နေကြပြီး ရဲရှင်ယင်၊ မူလင်၊ ဟန်ရင်းရှီ၊ ဟန်ဝန်ရှု၊ ဟန်ကျီဟွာ စသူတို့အားလုံး စင်မြင့်ပေါ်တွင် ရှိနေခဲ့ပြီး သူတို့၏ မျက်လုံးများတွင် လူသတ်လိုစိတ်နှင့် မုန်းတီးမှုများသာ ရှိ၍ မည်သည်ကိုမှ ဖုံးကွယ်မထားခဲ့ပေ။

"ဘာလို့ ငါးယောက်တည်းလဲ။ ကျန်တဲ့ ငါးယောက်က ဘယ်မှာလဲ"

သို့သော် ချန်ရီက ကြောက်စိတ်ကင်းမဲ့နေပြီး ခေါင်းမော့ကာ တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်ရာ ပညာရှင်ကျောင်းတော်အတွင်းမှ စကားသံ ငါးခုက အလျင်အမြန် ထွက်ပေါ်လာသည်။

"ငါ ချန်ရီကို အရှုံးပေးတယ်"

"ငါလည်း အရှုံးပေးတယ်"

"ငါလည်း အလျှော့ပေးလိုက်တယ်"

စုစုပေါင်း ပါရမီရှင် ငါးယောက်က အရှုံးပေးလိုက်ကြပြီး ချန်ရီနှင့် ရန်ငြှိုးမရှိသည့်အပြင် သူမ၏ ခန့်မှန်းရခက်သော အပြုအမူမှာ ထောင်ချောက်တစ်ခုဟု သံသယဝင်နေကာ အသက်နှင့်ရင်း၍ မစွန့်စားလိုသောကြောင့် တိုက်ပွဲမှ ထွက်ခွာခဲ့ကြ၏။ ကျန်ငါးယောက်အတွက်မူ အရှုံးပေးရန် မဖြစ်နိုင်ဘဲ ရဲရှင်းချန်နှင့် မူရွှေဖန်း၏ သေဆုံးမှုကြောင့် နှစ်ဖက်ကြားရှိ ရန်ငြိုးများက အဆုံးအစွန်အထိ ကြီးမားနေပြီဖြစ်၏။ ထို့အပြင် ချန်မျိုးနွယ်က မဟာကျောင်းတော်အတွင်း ဖိအားပေးဝင်ရောက်လာပြီး သူတို့၏ မျက်နှာများကို ရန်စစော်ကားခြင်းဖြင့် ဖြတ်ရိုက်ခဲ့သောကြောင့် ဖြစ်နေသောကြောင့် သူတို့ အရှုံးပေးလိုက်လျှင် ချန်ရီကို မျက်နှာသာပေးရာရောက်ပေလိမ့်မည်။

"ချန်ရီ၊ မင်းက စက္ကူကျားကောင်သာသာပဲ။ သရုပ်ဆောင်နေရုံနဲ့ လူတိုင်းကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလား"

တစ်ချိန်က အနိုင်ယူခဲ့ဖူးသော ပြိုင်ဘက်ကို မထီမဲ့မြင်ကြည့်၍ ဟန်ကျီဟွာက ရန်စလိုက်သည်။

"သူမက အခြေတည်အဆင့် လေ မီး ကပ်ဘေး နယ်ပယ်ကို ရောက်နေပြီဆိုတာ အပြောပဲ။ တကယ် တိုက်ခိုက်တာကို ဘယ်သူမှ မမြင်ဖူးဘူး။ ချန်မျိုးနွယ်က အဲဒီ ကောလာဟလကို ဖြန့်ခဲ့တာဖြစ်ရမယ်။ လွန်ခဲ့တဲ့ တစ်နှစ်အထိ သူမက နဂါးအဆင့်မှာ အဆင့် သုံးဆယ်လောက်မှာပဲ ရှိခဲ့တာမလား"

ဟန်ဝန်ရှုက အထင်သေးစွာ သုံးသပ်လိုက်၏။

"ဒါဆိုရင်"

ဟန်ရင်းရှီက ရဲရှင်ယင်ကို လှည့်ကြည့်ခဲ့ပြီး အဓိပ္ပာယ်မှာ ရှင်းလင်းကာ ဟန်ကျီဟွာ တစ်ယောက်တည်း ကိုင်တွယ်ခိုင်းရန် ဖြစ်၏။ မိန်းကလေးတစ်ယောက်ကို အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းက ရှက်စရာကောင်းလွန်းပေသည်။

"မင်းတို့ရဲ့ မှော်ရတနာတွေကို ချက်ချင်းထုတ်ပြီး အတူတူ တိုက်ခိုက်ကြစမ်း"

သို့သော် ချန်ရီကို စိုက်ကြည့်နေသော တစ်ဖက်လူက အရှက်မဲ့စွာ ညွှန်ကြားခဲ့လေသည်။

All Chapters