← Chapters

မြေခွေးနတ်ဆိုးသူတော်စင်၏ သွေးကျောက်

Vol. 13 Ch. 162-B

မြေခွေးနတ်ဆိုးသူတော်စင်၏ သွေးကျောက်

Vol. 13 Ch. 162-B

အခန်းအတွင်း၌ ကျောက်ရွှမ်ကျန်းသည် ခြေထောက်များကို သစ်သားစည်ထဲတွင် ထည့်ထားရင်း အနည်းငယ် ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။

"ငါ ခြေထောက် ဆေးနေတာပါ"

သူက ကိုးရို့ကားယားဖြင့် ကြိုးစားကာ ပြောလိုက်သည်။

"သေချာတာပေါ့၊ ခင်ဗျားကို ယုံပါတယ်"

ခွေးရိုင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။

"ဦးလေး ကျောက်၊ ကျုပ်ရဲ့ ယောက္ခမက ပစ္စည်းလေးတစ်ခု တောင်းဆိုဖို့ ခင်ဗျားဆီ စေလွှတ်လိုက်တာပါ"

ယွမ်ရှောင်က လာရင်းရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြောလိုက်၏။

"အဘိုးကြီး ချန်ကလား။ ဘာများ ဖြစ်မလဲ။ ပြောသာ ပြောပါ၊ ငါ မင်းကို လက်ဆောင်ပေးပါ့မယ်"

ကျောက်ရွှမ်ကျန်းက ချောင်းတစ်ချက်ဟန့်ကာ သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။

"သွေးကျောက်တစ်ခု"

ယွမ်ရှောင်၏ စကားကြောင့် ကျောက်ရွှမ်ကျန်းက မျက်လုံးများ ပြူးကျယ်သွားကာ ထရပ်လိုက်မိသည်။

"သူက မင်းကို ဒါဝယ်ဖို့ စေလွှတ်တယ်ဆိုတာ သေချာလား"

" စစ်သူကြီးရဲ့ နာမည်ကို ကျုပ်က ဘာလို့အလွဲသုံးစား လုပ်ရဲမှာလဲ"

"မှန်တယ်။ မင်းက ဘယ်အဆင့် သွေးကျောက်ကို လိုချင်တာလဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြောလိုက်လိုက်သောအခါ ကျောက်ရွှမ်ကျန်းသည် ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံခဲ့၏။

"ကျုပ်ရဲ့ ချန်ကောင်းကင်အိမ်တော်က ကောင်းကင်နယ်မြေမှာ ထိပ်တန်း မိသားစုတစ်ခုပဲ၊ ဟုတ်တယ်မလား။ ကျုပ် ယောက္ခမရဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့ ဓားစက်ကွင်းတစ်ခု လိုတယ်"

"မင်းလိုချင်တာက..."

"နတ်ဆိုး သူတော်စင်အဆင့်"

ယွမ်ရှောင်က တစ်လုံးချင်း ပြောလိုက်ပြီး သူ၏ လက်ထဲတွင် လေမီး ကပ်ဘေး နယ်ပယ် ဓားစက်ကွင်း အများအပြား ရှိကာ စွမ်းအားသည် အထင်ကြီးစရာကောင်းသော်လည်း လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ခံထားရသောကြောင့် ဝိညာဉ်များ ကျန်ရှိနေသေးသည်။ သို့သော် ၎င်းတို့ကို ထုတ်ပြလိုက်လျှင် နတ်ဆိုးမုဆိုးမှာ သူဖြစ်ကြောင်း ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူ့၌ စည်းမျဉ်းတစ်ခုရှိပြီးတစ်စုံတစ်ခုကို ပိုင်ဆိုင်လိုလျှင် အကောင်းဆုံး ဖြစ်ရပေလိမ့်မည်။

"နတ်ဆိုးသူတော်စင် အဆင့် ဓားစက်ကွင်းတစ်ခု"

ကျောက်ရွှမ်ကျန်းနှင့် လန့်ကော်တို့သည် မျက်လုံးများ ပြူးကျယ်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ယောက္ခမက အတော်လေး ရဲရင့်တယ်လို့ ပြောရမယ်။ သူက လာမယ့် အင်မော်တယ်စစ်ပွဲမှာ ကျုပ် အသက်ရှင်နိုင်ဖို့ ပိုကောင်းတဲ့ အခွင့်အရေးကို ပေးချင်ရုံလေးပါ။ ဦးလေး ကျောက်၊ စိတ်ချပါ။ ဒီသူတော်စင် ဓားစက်ကွင်းကို ရရင်တောင် အသက်ကို အန္တရာယ်ရှိတဲ့အခါမှ နောက်ဆုံးဝှက်ဖဲအနေနဲ့ပဲ သုံးမှာပါ"

"ငါ သိပြီ။ မင်းအတွက် တစ်ခု ရှာပေးမယ်။ ဒီသူတော်စင်အဆင့် ဓားစက်ကွင်းတွေက အလွန် ရှားပါးရုံသာမက ဓားကျင့်ကြံသူ ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မသုံးရဲကြဘူး။ ဒီကောင်းကင်နယ်မြေမှာ မင်းရဲ့ ယောက္ခမသာ ငါ့မှာ ရှိနေသေးတယ်ဆိုတာကို သိတဲ့သူ ဖြစ်နိုင်တယ်။ သူ့နဲ့ ငါရဲ့ ရင်းနှီး နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ထည့်စဉ်းစားပြီး မင်းကို ၅% လျှော့စျေး ပေးနိုင်တယ်။ ဘယ်လိုသဘောရလဲ"

ကျောက်ရွှမ်ကျန်းက သက်ပြင်းတစ်ချက်ချ၍ တစ်ဖက်လူ၏ တောင်းဆိုချက်ကို စျေးခေါ်လိုက်၏။

"ဦးလေးက ကျုပ် လိုချင်တာကို လက်ဆောင်ပေးမယ်လို့ အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား။ အခုကျ လျှော့စျေးတဲ့လား။ ပြီးတော့ ဒါကို အပြင်မှာလည်း ရောင်းလို့မရပါဘူး"

" မင်းက တော်တော်လေး လောဘကြီးတာပဲကွာ။ ဒါက ရှားပါးတဲ့ ကုန်ပစ္စည်းတစ်ခုပဲ။ လောလောဆယ် ထုတ်ရောင်းဖို့ မသင့်ပေမယ့် မရောင်းရဘူးလို့ မဆိုလိုဘူး"

ကျောက်ရွှမ်ကျန်းက အေးအေးဆေးဆေး ရှင်းပြလိုက်၏။

"ငါတို့ ဝိညာဉ်ရတနာ နန်းတော်ရဲ့ ဆောင်ပုဒ်က သွေးချင်းညီအစ်ကိုတွေရဲ့ ပိုက်ဆံကို ရှင်းလင်းပါတဲ့"

လန့်ကော်က ရယ်မောရင်း ဖြတ်ပြောလိုက်၏။

"ဒါဆိုရင် ဓားစက်ကွင်းတစ်ခု ယူမယ်။ ဦးလေး ကျောက်မှာ ဥဒေါင်း နတ်ဆိုးမျိုးနွယ်ရဲ့ သွေးကျောက် ရှိလား"

"အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့။ ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ် ရှိနေမှတော့ ဥဒေါင်း နတ်ဆိုးမျိုးနွယ်ရဲ့ ဓားစက်ကွင်းကို ဘယ်သူက သိမ်းထားရဲမှာလဲ"

ကျောက်ရွှမ်ကျန်း၏ မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖျော့သွားသည်။

"ဒါဆိုရင် မြေခွေး နတ်ဆိုးသူတော်စင်ရဲ့ သွေးကျောက်ဆိုရင်ကော ဘယ်လိုလဲ"

ယွမ်ရှောင်က မေးလိုက်သည်။

"မြေခွေး နတ်ဆိုးသူတော်စင်လား။ ငါ့မှာ တစ်ခု ရှိပေမယ့် မြေခွေးမျိုးနွယ်က ပုံရိပ်ယောင်စွမ်းရည်မှာ ကျွမ်းကျင်တယ်။ ဖျက်ဆီးနိုင်စွမ်းအရ ဒါက ငါ့မှာရှိတဲ့ အားအနည်းဆုံး တစ်ခုပဲ။ မင်းက မြေခွေးမျိုးနွယ်ရဲ့ သွေးကျောက်ကို လိုချင်တာ သေချာလား"

" သေချာတယ်။ ကျုပ် မြေခွေးမျိုးနွယ်ရဲ့ သွေးကျောက်တစ်ခုကို လိုချင်တယ်"

"ကောင်းပြီ၊ ဒီမှာ စောင့်နေ"

ကျောက်ရွှမ်ကျန်းသည် အခန်းထဲမှ ထွက်သွား၍ ခဏအကြာတွင် ပြန်ရောက်လညကာ လက်ထဲတွင် အနက်ရောင် ကျောက်စိမ်းသေတ္တာတစ်ခုကို သယ်ယူလာသည်။ သေတ္တာကို ဖွင့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် သွေးကျောက်တစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်အထက်တွင် သွေးနီရောင် အမြီးခြောက်ခုနှင့် မြေခွေးပုံရိပ်တစ်ခု ရှိသည်။ ၎င်းက သက်တမ်းကြာညောင်းနေပြီဖြစ်သော်လည်း မကောင်းဆိုးဝါး အငွေ့အသက်သည် သိသာထင်ရှားနေ၍ မြေခွေးသည် အသက်ရှင်နေသကဲ့သို့ ထင်မှတ်ရပြီး ယွမ်ရှောင်ကို သွားဖြဲပြနေ၏။

"ဒီသူတော်စင်အဆင့် ဓားစက်ကွင်းဟာ အချိန်အတော်ကြာနေပြီမို့ စွမ်းအားက အသစ်တွေနဲ့ မယှဉ်နိုင်ပေမယ့် လေမီး ကပ်ဘေးအဆင့် ဓားစက်ကွင်းတွေထက် အဆပေါင်းများစွာ သာလွန်တယ်။ မင်းရဲ့ ယောက္ခမက တော်တော်လေး သတ္တိရှိတယ်လို့ ပြောရမယ်"

ကျောက်ရွှမ်ကျန်းသည် ဓားစက်ကွင်းအကြောင်း ယွမ်ရှောင်ကို အသေးစိတ်ရှင်းပြခဲ့သည်။

"သူ့ကို တားဖို့ ကြိုးစားခဲ့ပေမယ့် သူက ကျုပ်အနေနဲ့ ဝိညာဥ်ရတနာနန်းတော်ဆီ လာကိုလာရမယ်လို့ အတင်းအကျပ် ပြောတယ်"

ယွမ်ရှောင်သည် ချန်ရှောင်၏နာမည်ကို အလွဲသုံးစားလုပ်ပြီး သေတ္တာကို အလျင်အမြန် ယူကာ ဈေးနှုန်းကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။

"ငွေရှင်းပေး"

ကျောက်ရွှမ်ကျန်းက သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

" ယောက္ခမက နောက်မှ ပေးလို့ရတယ်လို့ ပြောတယ်"

ယွမ်ရှောင်က လေးနက်ဟန်ဆောင်ကာ ပြန်ဖြေသည်။

"ဝိညာဉ်ရတနာ နန်းတော်က အကြွေးမရောင်းဘူး"

" သူက အဲဒီ စည်းမျဉ်းကို မပြောထားဘူး။ စိတ်မပူပါနဲ့၊ သူက ကိုယ်တိုင် လာရှင်းပေးမှာပါ"

ယွမ်ရှောင်က ပိုက်ဆံရှင်းရမည့်အလုပ်ကို ချန်အိမ်တော်ထံ ပုတ်ထုတ်လိုက်ပြန်သည်။

"လာပါ ဦးလေး ကျောက်။ ချန်မျိုးနွယ်က ချမ်းသာတယ်လေ။ သူတို့က ဒီလောက် ပိုက်ဆံအတွက် မပေးဘဲမနေလောက်ပါဘူး။ ပိုပြီး ကြီးကြီးမားမား တွေးပါ"

လန့်ကော်က ယွမ်ရှောင်ဘက်မှ ဝင်ပြောပေးခဲ့၏။

"ဒါက မင်း သူ့အကြောင်း မသိလို့ပဲ။ ဒီနှစ်ပေါင်းများစွာအတွင်း ငါ့ဆီက ပိုက်ဆံ ဘယ်လောက် လိမ်လည်သွားတယ်ဆိုတာ မင်း မသိဘူးနော်"

ကျောက်ရွှမ်ကျန်းက မကျေမနပ်ရေရွတ်လိုက်ပြီး အတိတ်မှ ငွေကြေး ဆုံးရှုံးမှုများကို တွေးမိလိုက်သောအခါ နှလုံးသားကို သွေးထွက်စေသည်။

.

" ဦးလေး ကျောက်၊ ကျုပ် သွားသင့်ပြီ။ ယောက္ခမကို ငွေအမြန်လာရှင်းဖို့ ​ပြောလိုက်ပါမယ်"

ယွမ်ရှောင်က ထွက်ခွာရန် ပြင်ဆင်ကာ ပြောလိုက်သည်။

"သူ အမြန်လာရင် ကောင်းမယ်နော်"

ကျောက်ရွှမ်ကျန်းက သူ့အနောက်မှ အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့"

ထို့နောက် ယွမ်ရှောင်သည် လှေကားမှ အလျင်အမြန် ဆင်းသွားသဖြင့် ကျောက်ရွှမ်ကျန်းမှာ အလိမ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်မိသည်။ ဝိညာဉ်ရတနာ နန်းတော်၏ အဋ္ဌမထပ်သည် အောက်ထပ်များနှင့်စာလျှင် ဧည့်သည်များ သိသိသာသာ နည်းပါးပြီး ဤနေရာသို့ ဝင်ရောက်ခွင့်ရှိသူမှာ အင်မော်တယ်ပြည်ထောင်၏ အကြီးအကဲအဆင့်များ ဖြစ်ကြသည်။ ယွမ်ရှောင်နှင့် လန့်ကော်သည် နေရာတစ်ခုတွင် ထိုင်ချလိုက်ပြီး အောက်ရှိ စည်ကားသော ဥယျာဉ်ကို ငေးကြည့်ရင်း ညီအစ်ကိုတစ်ယောက်မှာ သေရည်၊ ကျန်တစ်ယောက်က လက်ဖက်ရည် သောက်၍ နှစ်ဦးစလုံး အတွေးနွံနစ်နေကြသည်။

ထိုအချိန်တွင် ယွမ်ရှောင်သည် မျက်လုံးထောင့်မှ ထူးဆန်းသော အုပ်စုတစ်စုကို မြင်လိုက်ရပြီး ခပ်ညစ်ညစ်ပြုံးကာ ကျောက်ရွှမ်ကျန်းထံမှ ရလာသော ကျောက်စိမ်းနက်သေတ္တာကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။

"အဲဒါကို ဖယ်လိုက်စမ်းပါကွာ။ ဒီအထပ်မှာ ထိပ်တန်း နတ်ဆိုးတွေ ပြည့်နေတယ်ဟ"

လန့်ကော်က အလန့်တကြား အော်ဟစ်၍ တားမြစ်ခဲ့သည်။

"စိတ်မပူပါနဲ့ကွာ"

ယွမ်ရှောင်က မည်သည်မှ ဂရုမစိုက်ဟန်ဖြင့် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို ဆင့်ခေါ်ကာ တောက်ပစွာ ထွန်းလင်းနေ၍ နတ်ဆိုးမျောက် ဓားစက်ကွင်းသည် သူ့အတွက် အသုံးမဝင်တော့သောကြောင့် ထုတ်ပယ်လိုက်၏။ သူက အနက်ရောင် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သောအခါ ပြင်းထန်ပြီး ညစ်ညမ်းသော နတ်ဆိုးမြူများသည် အဋ္ဌမထပ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ခဏအတွင်း အဋ္ဌမထပ်ရှိ ဧည့်သည်များနှင့် အစေခံများ၏ မျက်လုံးတိုင်းသည် ထိုသွေးကျောက်ကို စိုက်ကြည့်နေကြစဥ် မြည်သံတစ်ခုနှင့်အတူ သူက သူတော်စင်အဆင့် သွေးကျောက်ကို ဓားဝိညာဉ်၌ တပ်ဆင်လိုက်သောအခါ အနီရောင် ဓားစက်ကွင်း အဖြစ် ပြောင်းလဲသွားသည်။

ဂီး

အမြီးခြောက်ခုရှိသော အနီရောင် မြေခွေးသည် ကြောက်မက်ဖွယ် ဟိန်းသံကို ထုတ်လွှတ်၍ ၎င်း၏ မှော်စွမ်းအားဖြင့် ထွက်ပေါ်လာသည့် နတ်ဆိုးမြူများက ဝိညာဉ်ရတနာ နန်းတော်၏ အဋ္ဌမထပ်တစ်ခွင် လွှမ်းခြုံသွားသည်။

"အရမ်း အားကောင်းတယ်"

ယွမ်ရှောင်က အံ့ဩမှုဖြင့် မျက်လုံးများ တောက်ပလာကာ အော်ဟစ်လိုက်သည်။

"ဒါက ဘယ်သူလဲ"

"ချန်မျိုးနွယ်ရဲ့ သားမက်နဲ့ တူတယ်။ ဓားဧကရာဇ်မလား"

"ခဏလေး၊ ဒါကြီးက သူတော်စင် ဓားစက်ကွင်းလား"

စောင့်ကြည့်နေသူတစ်ဦးက မျက်လုံးများ ပြူးကျယ်လာကာ ရေရွတ်လိုက်မိသည်။

"ဘယ်လောက်တောင် သတ္တိရှိနေတာလဲ"

နောက်တစ်ယောက်က တီးတိုးပြောလိုက်ပြီး လူအများ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။

"ဒါက အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"

တီးတိုးရွေတ်သံများအကြားတွင် ငွေရောင်ဆံပင်နှင့် လူတစ်ယောက်သည် ယွမ်ရှောင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဒေါသကြောင့် သွေးရောင်တောက်ပနေသည့် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။

"မင်းက ဘာကြည့်တာလဲ"

ယွမ်ရှောင်က သူ၏ ဓားဝိညာဉ်ကို သိမ်းဆည်းကာ ပမာမခန့် မေးခွန်းထုတ်လိုက်၏။

"အဲဒီ သွေးကျောက်က မြေခွေးမျိုးနွယ်ရဲ့ နတ်ဆိုးသူတော်စင်ဆီကလား"

ထိုလူက လက်သီးဆုပ် အံကြိတ်၍ ဒေါသတကြီး တုန်ယင်နေသည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ။ မင်းက ဘယ်သူလဲ"

ယွမ်ရှောင်က စိန်ခေါ်သည့်အနေဖြင့် မျက်ခုံးပင့်ကာ ပြန်ကြည့်လိုက်သည်။

"ညီလေး၊ ဒါက မြေခွေးမျိုးနွယ်တွေ အလေးစားရဆုံး နတ်ဆိုးသူတော်စင် သခင်မ ဟွာလျန်ရဲ့ တစ်ဦးတည်းသော တပည့် လနတ်သားပဲ။ သူက အကန့်အသတ်မရှိ ပါရမီနဲ့ ရှေးဦး နတ်ဆိုးတွေထဲက တစ်ယောက်ပဲ"

လန့်ကော်က ယွမ်ရှောင်အနားကပ်ကာ တီးတိုးသတိပေးလိုက်ပြီး ကြားဝင်ဖြေရှင်းပေးရန်အတွက် ကျောက်ရွှမ်ကျန်းကို သွားရှာချင်နေခဲ့သည်။ လနတ်သားရှေ့တွင် မြေခွေးသူတော်စင်၏ သွေးကျောက်ကို ထုတ်ဖော်ပြသခြင်းဖြင့် ယွမ်ရှောင်က ပျားအုံကို တုတ်နှင့်ထိုးလိုက်ခြင်းပင်။

"သွေးကျောက်ကို ပေးပြီး မင်းရဲ့ အပြစ်အတွက် လက်တစ်ဖက်ကို ဖြတ်လိုက်"

လနတ်သား၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အရိပ်အယောင် ထင်ဟပ်နေကာ ခြိမ်းခြောက်လိုက်သည်။ ထို့အပြင် အုပ်စုတစ်ခုက လနတ်သား၏ နောက်တွင် ပေါ်လာပြီး ၎င်းတို့ထဲမှ အပြစ်ကင်းစင်ဟန်ဖြင့် အဖြူရောင်ဆံပင်ရှိသော လူငယ်တစ်ဦးသည် လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ သူက အရပ်ရှည်ပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ခမ်းနားထည်သော အဖြူရောင် ဥဒေါင်းနှင့် ဆင်တူသည်။ ခရမ်းရောင်ဆံပင်ရှိသော မိန်းကလေး နှစ်ဦးသည် သူ့အနားမှ လိုက်ပါလာပြီး ခရမ်းရောင်ကောင်းကင် အင်မော်တယ်ပြည်ထောင်မှ ပါရမီရှင်များစွာနှင့် နတ်ဆိုးတိုက်ကြီးမှ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများစွာလည်း လိုက်ပါလာသည်။ အစွမ်းထက် ဓားချီကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုသည် မင်းသမီးများကို စောင့်ရှောက်ရန်အတွက် မနီးမဝေး၌ ရပ်နေသည်။

"မင်းသား၊ ဒီလူက ဓားဝိညာဉ်မှာ မြေခွေးမျိုးနွယ် နတ်ဆိုးသူတော်စင်ရဲ့ အမွေအနှစ်ကို ဓားစက်ကွင်းအဖြစ် သုံးနေတယ်"

လနတ်သားက ယွမ်ရှောင်ကို အေးစက်စွာ ညွှန်ပြကာ ပြောလိုက်သည်။

"သူက ဘယ်သူလဲ"

ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်၏ သားဖြစ်သူ ဥဒေါင်းမင်းသားက အေးစက်စက်စိုက်ကြည့်၍ မေးလိုက်သည်။

"သူက ကောင်းကင်ကိုးခု အင်မော်တယ်စစ်တပ် အမြင့်ဆုံး စစ်သူကြီးရဲ့ သမက်ပါ။ နဂါးငွေ့တန်း အဆင့် ဓားဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်လို့ ကောလာဟလတွေ ထွက်နေတယ်"

"စိတ်ဝင်စားဖို့ကောင်းတာပဲ"

ဥဒေါင်းမင်းသားက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းကာ စဉ်းစားခန်းဝင်နေစဥ် လနတ်သားသည် ယွမ်ရှောင်အနား လျင်မြန်စွာ ချဥ်းကပ်သွားခဲ့၏။

"ငါ့ဘိုးဘေးရဲ့ အမွေအနှစ်ကို ပေးပြီး အပြစ်အတွက် လက်တစ်ဖက်ကို ဖြတ်ပေးမလား ဒါမှမဟုတ် သေမလား"

လနတ်သား၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ရှည်လျား ချွန်ထက်သော အစွယ်များနှင် မြေခွေးမျက်နှာကို ထုတ်ဖော်ကာ မာန်ဖီနေခဲ့သည်။

"မင်းက ဘယ်သူမို့လို့ ငါ့ကို အမိန့်ပေးနေတာလဲ။ ငါတို့က ဝိညာဉ်ရတနာ နန်းတော်ထဲမှာ ရှိနေတယ်။ ဒီနေရာမှာ မင်းရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်လို့လား"

ချန်ရှောင်၏ ရဲရင့်သော သမက်အကြောင်းကို လူတိုင်း ကြားဖူးပြီးဖြစ်သော်လည်း မျက်မြင်တွေ့ရသောအခါ ထိုဇာတ်လမ်းများသည် လုံးဝ မချဲ့ကားကြောင်း နားလည်လိုက်ကြသည်။ လနတ်သားက အားအင်အပြည့်ဖြင့် လက်ကို ဆန့်ထုတ်ကာ ယွမ်ရှောင်၏ ဦးခေါင်းကို ဆုပ်ကိုင်၍ စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

ဘန်း!

ယွမ်ရှောင်၏ နဖူးသည် သံစားပွဲထောင့်နှင့် တိုက်သွားကာ ကွဲထွက်သွား၍ သွေးများ နဖူးပေါ်တွင် ပေကျံကုန်သည်။

"မင်း"

ယွမ်ရှောင်သည် လနတ်သား၏ လက်ကို ချက်ချင်းရိုက်ထုတ်ကာ အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီနေပြီ ဖြစ်သည်။

"ယဉ်ကျေးမှု မရှိတဲ့ တိရစ္ဆာန်၊ မင်းက အင်မော်တယ်ပြည်ထောင်ရဲ့ မြင့်မြတ်တဲ့ နေရာမှာတောင် ရိုင်းစိုင်းရဲတယ်လား။ မင်းက ဒီနေရာကို နတ်ဆိုးကုန်းမြေနဲ့ မှားနေပြီ"

"ညီလေး၊ စိတ်ထိန်း"

လန့်ကော်က သူ့ကို အလျင်အမြန် ဆွဲထားလိုက်သည်။

"မထိန်းနိုင်ဘူးကွ။ ဒီနေ့ ဒီကောင့်ရဲ့ ခေါင်းကို ငါကိုယ်တိုင် ဖြတ်ပစ်မယ်"

ယွမ်ရှောင်က ဓားဝိညာဥ်ကို ဆင့်ခေါ်လိုက်သောအခါ သူတော်စင်နယ်ပယ် ဓားစက်ကွင်းမှာ ပို၍ပင် တောက်ပလာပြီး ၎င်းပေါ်ရှိ သွေးနီရောင် မြေခွေးသည် ဆက်တိုက် ဟိန်းဟောက်နေခဲ့၏။

"ဘိုးဘေး"

လနတ်သား၏ မျက်လုံးများသည် ဒေါသတကြီး တောက်လောင်နေပြီး ယွမ်ရှောင်ကို ကိုက်ဖြဲရန်အတွက် အစွယ်ဝင့်ကာ ခုန်အုပ်လိုက်သည်။

"တော်ကြစမ်း။ နောက်တစ်ခါရမ်းကားရဲရင် ဝိညာဥ်ရတနာနန်းတော်က သည်းခံနေမှာ မဟုတ်တော့ဘူး"

လန့်ကော်သည် နှစ်ယောက်ကြားတွင် ချက်ချင်းဝင်ရပ်၍ ရန်ပွဲကို ဖြန်ဖြေရင်း အော်ဟစ်တားမြစ်ခဲ့လေသည်။

All Chapters