← Chapters

သတ်

Vol. 13 Ch. 165

သတ်

Vol. 13 Ch. 165

ဒေါင်းက လေထဲတွင် လွန်ပမာ တဝီဝီလည်၍ နှုတ်သီးဖြင့် ယွမ်ရှောင်၏ မျက်လုံးများထံ ဦးတည်လာသောအခါ ကောင်းကင်သင်္ချိုင်းဓားရှည်ထွက်ပေါ်လာပြီး တန်ပြန်ခုခံခဲ့သည်။ သူတို့က ဓားချက်ပေါင်းများစွာ ဖလှယ်လိုက်ကြပြီး တစ်ချက်ချင်းစီတွင် လူသတ်နိုင်လောက်သော အစွမ်းမျိုးရှိကာ အနားသို့ သာမန်ကျင့်ကြံသူများ ရောက်နေလျှင် နုတ်နုတ်စင်းခံလိုက်ရပေလိမ့်မည်။ တစ်ဖက်လူ၏ ရုပ်ခန္ဓာက အလွန်သန်မာသောကြောင့် အတောင်နှစ်ဖက်ဖြင့် ဓားကို ရင်ဆိုင်နေရာ မီးပွားများ ထွက်ပေါ်နေသည်။

ထန်

ကုန်းမင်၏ အတောင်ခတ်ချက်သည် နဂါးအမြှီးရိုက်ချက်ပမာ ပြင်းထန်လှသောကြောင့် ယွမ်ရှောင်ကို အစီအရင်နံရံထံ နောက်ဆုတ်သွားစေသည်။ ထို့နောက် နတ်ဆိုးက အတောင်နှစ်ဖက်ကို ဓားချွန်ပမာ ရှေ့စိုက်၍ ခုန်ဝင်လာခဲ့ပြီး ရင်ဘတ်ကို ချိန်ရွယ်နေခဲ့သည်။ သူက ရုပ်ခန္ဓာအားသာချက်ကြောင့် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း တိုက်ခိုက်နေသည့်အပြင် ဒေါသကြောင့် ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်မှာလည်း တာအိုဂါထာ သို့မဟုတ် ဓားသိုင်းများနှင့် ယှဥ်နိုင်နေခဲ့သည်။

ယွမ်ရှောင်က ရေမြူဒိုင်းကို နောက်တစ်ကြိမ် ဖန်တီး၍ ကုန်းမင်၏ အသေသတ်ကွက်ကို တန်ပြန်ကာ ခုန်ထွက်လိုက်သောအခါ တိုက်ပွဲ အချိန်ပြည့်ရန် အသက်ဆယ်ရှိုက်သာ ကျန်ရစ်၏။

"မင်းက ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်ခဲ့ပေမယ့် လောဘကြောင့် သေရလိမ့်မယ်"

ကုန်းမင်က အေးစက်စက် ရေရွတ်လိုက်သောအခါ သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသဖြင့် လန့်ကော်နှင့် ကျောက်ရွှမ်ကျန်းတို့ မျက်နှာပျက်ကုန်သော်လည်း နတ်ဆိုးများက အော်ဟစ်အားပေးနေကြသည်။ ထာဝရပျော်ရွှင်မှုဧကရာဇ်ထံမှ အမွေဆက်ခံထားသော ပညာရပ်ကို ထုတ်သုံးရန်အတွက် ဒေါင်းက လှပစွာ အမြှီးဖြန့်လိုက်ရာ အဖြူရောင်မီးတောက်များ ပိုမိုတောက်လောင်လာခဲ့သည်။ နားကွဲမတတ် ကျယ်လောင်စွာ အော်မြည်နေသကဲ့သို့ အမြှီးထံမှ တရွှီးရွှီးထိခတ်သံများ ပဲ့တင်ထပ်နေကာ မျက်လုံးပေါင်း၃၃ခု ထွက်ပေါ်လာသည်။ တစ်ခုချင်းစီတွင် မီးတောက်များ တောက်လောင်နေကာ ဝိညာဥ်များ၏ နာကျင်စွာ အော်သံများ ထွက်ပေါ်နေပြီး ကြယ်ပြာ၏ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

"ဝိညာဥ်ကို တိုက်ခိုက်တဲ့ အမြင်ကျင့်စဥ်၊ ဝိညာဥ်တွေအများကြီးကိုလည်း ဖမ်းချုပ်ထားသေးတယ်"

တစ်ဖက်လူ၏ ဒေါင်းအမြှီးက လှပပြီး မျက်ဝန်းများ အဖြူရောင် တောက်ပနေသော်လည်း သေမျိုးလူသားများအတွက် ငရဲဘုံဖြစ်သောကြောင့် ယွမ်ရှောင်၏မျက်လုံးများ ကျဥ်းမြောင်းလာခဲ့သည်။ သူ၏နားက အပြည့်အဝမကောင်းသေးသော်လည်း နာကျင်စွာအော်သံများကို ကြားနေရသဖြင့် လက်ထဲရှိ ဓားမှာ တဆတ်ဆတ် တုန်ရီနေခဲ့၏။ သူက ဓားတာအိုကျောက်တိုင်ထံ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ဓားသမားများစွာ၏ ဒေါသကို စုစည်းလိုက်သည်။

ဘုန်း

ကုန်းမင်အောက်မှ ကြမ်းပြင်က ကွဲထွက်သွားပြီး အနက်ရောင်နွယ်ပင်များ ထွက်ပေါ်လာကာ သံမဏိကြိုးများကဲ့သို့ ရစ်ပတ်လိုက်ပြီး ဓာတ်ကျမ်းတော်၏ဂါထာတစ်ခုဖြစ်သည်။ ၎င်းက သတ်ဖြတ်နိုင်စွမ်း နိမ့်ပါးသော်လည်း ချုပ်နှောင်ရာ၌ အလွန်အစွမ်းထက်ပြီး ဓားမြှောင်ကို ကြယ်သတ်ဓားသိုင်းကွက်ဖြင့် အားကုန်ပစ်ခတ်လိုက်၏။

ကြယ်သတ်ဓားသိုင်း ကြယ်မိုး

လေထဲတွင် ၎င်းက ပုံရိပ်ယောင်ဆယ်ခုအဖြစ် ခွဲထွက်သွားကာ ကြမ်းတမ်းလှသော အစွမ်းကြောင့် အမြှီးဖြန့် တိုက်ခိုက်ရန်ပြင်နေသော ကုန်းမင်မှာ တုန်လှုပ်သွားခဲ့သည်။ ဓားမြှောင်အလင်းများက ကြယ်တစ်စင်းပမာ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး တစ်ကိုယ်လုံးကို အတောင်ဖြင့် ခြုံလွှမ်းကာကွယ်ခဲ့သော်လည်း မလုံလောက်ချေ။

"သေစမ်း"

ယွမ်ရှောင်၏ ကြုံးဝါးသံအောက်တွင် အပြာရောင်ဓားမြှောင်သည် ရန်သူ၏ မျက်လုံးတစ်လုံးကို ဖောက်၍ နောက်စေ့မှ ပြန်ထွက်လာကာ အချိန်များ ရပ်တန့်သွားသယောင် ထင်မှတ်ရသည်။

"အား"

ဒေါင်းမင်းသားသည် လက်ကျန်မျက်လုံးတစ်ဖက်ဖြင့် ယွမ်ရှောင်ကို မယုံကြည်နိုင်စွာ ကြည့်နေစဥ် ဓားမြှောင်မှာ ထပ်မံရောက်ရှိလာကာ မျက်ကန်းဘဝ ရောက်သွားစေ၏။ အမှောင်ထုအတွင်း ကျရောက်မသွားခင် သူက တစ်ဖက်လူ၏အပြုံးကို နောက်ဆုံးမြင်လိုက်ရပြီး လှည့်စားခံခဲ့ရကြောင်း နားလည်သွားကာ ဇာတ်လမ်းအစမှ အဆုံးတိုင် သူတစ်ပါး၏ လက်ဝါးအတွင်း ရောက်နေခဲ့ရသည်။

ဘုန်း

ဒေါင်းမင်းသား၏ အသက်ဓာတ်များ လျော့နည်းလာကာ ကြမ်းပြင်၌ လဲကျသွားပြီး ယွမ်ရှောင်သည် ဦးခေါင်းထက်သို့ ခြေတစ်ဖက်တင်၍ ကျေနပ်စွာ ပြုံးနေခဲ့သည်။

"ဒီလောက်ပဲလား။ ကြည့်ရတာ အသက်ရှူချိန်သုံးဆယ်အထိ မခံနိုင်တာက ငါ မဟုတ်ဘူး"

သူ၏မှတ်ချက်စကားက ပရိသတ်အတွင်းမှ နတ်ဆိုးများ၏နှလုံးသားကို ထိုးဖောက်နာကျင်သွားစေကာ ဝိညာဥ်ရတနာနန်းတော်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထို့နောက် သူက ဒေါင်းမင်းသား၏ အလောင်းထက်တွင် ခြေဖြင့် ထပ်ကာထပ်ကာ တက်နင်းရင်း အရှက်ခွဲနေသောကြောင့် ပရိသတ်များမှာ ကြယ်သတ်ဓားသိုင်းနှင့် ဤလုပ်ရပ်အရ အံ့သြတကြီး မင်သက်နေကြသည်။ နတ်ဆိုးများမှာ နေရာ၌ ကျက်သေသေနေကြပြီး သူတို့၏ယုံကြည်မှုများ ဖျက်ဆီးခံလိုက်ရကာ တစ်ဖက်လူကြောင့် ပါးဖြတ်ရိုက်ခံခဲ့ရသည်။ အထိခိုက်ဆုံးမှာ လူသားမင်းသမီးနှစ်ယောက်ဖြစ်ပြီး မိုးကြိုးထိမှန်ထားသည့်အလား တောင့်တင်းနေရာမှ အရုပ်ကြိုးပြတ် လဲကျကုန်သည်။ သူတို့ ချစ်ခင်နှစ်သက်ခဲ့ရသော နတ်ဆိုးက အသက်မဲ့အလောင်းကောင်ဖြစ်နေသည့်အပြင် ခြေဖြင့် ထပ်ကာထပ်ကာအနင်းခံနေရသည်။

"ဒီကောင့်ကို သတ်ကြစမ်း"

"ဒေါင်းမင်းသား"

မင်းသမီးနှစ်ယောက်က နောက်လိုက်များကို အမိန့်ပေးရန် လှည့်ကြည့်လိုက်သောအခါ လနတ်သားက အသံကုန် အော်ဟစ်ခဲ့သည်။ ထို့နောက် သူက အစီအရင်ကို လက်သီးဖြင့် အဆက်မပြတ်ထိုးနှက်ကာ ယွမ်ရှောင်အား နောက်ဆုတ်ရန် သတိပေးလိုက်၏။

"ငါက ဒီကောင့်ကို တက်နင်းလို့ မဝသေးဘူး"

"အစီအရင်ကို ဖွင့်ပေး"

"မင်းမှာ သတ္တိရှိလို့လား"

လနတ်သားက ကျောက်ရွှမ်ကျန်းဘက်လှည့်ကာ တောင်းဆိုနေစဥ် ယွမ်ရှောင်၏ဓားသည် သူ့ထံ ချိန်ရွယ်လာခဲ့သည်။

"ယွမ်ရှောင် မင်းက ထာဝရပျော်ရွှင်မှုဧကရာဇ်ရဲ့ သားကို သတ်ပြီး အရှက်ခွဲခဲ့တယ်။ ဧကရာဇ် ဒေါသထွက်ရင် အင်မော်တယ်ပြည်ထောင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်စေရမယ်။ မင်းလို သေလူကို ဘယ်အရူးက ကာကွယ်ပေးနိုင်မှာလဲ။ စစ်သူကြီးချန်ရဲ့ သမက်ဖြစ်နေရင်တောင် ငြိမ်းချမ်းရေးကိုဖျက်ဆီးတဲ့အတွက် အပြစ်ရှိတယ်။ လူသားတွေရော နတ်ဆိုးတွေရော မင်းကို စီရင်ကြလိမ့်မယ်"

မင်းသမီးငါးက လူသားမျိုးနွယ်ကို ကိုယ်စားပြုနိုင်ဟန်ဖြင့် ဒေါသတကြီး ပြောကာ နတ်ဆိုးများသည်လည်း သူ့ကို သတ်ရန် အဆက်မပြတ် တောင်းဆိုနေကြသည်။

"ပါးစပ်ပိတ်ထားကြစမ်း။ ဒါက မျှတတဲ့ တိုက်ပွဲတစ်ခုပဲ။ ဒေါင်းမင်းသားနဲ့ ငါက သဘောတူပြီး တိုက်ခိုက်ခဲ့တာတောင် ငါ့အပြစ် ဖြစ်သွားတာလား။ နတ်ဆိုးကုန်းမြေက အရှုံးကို လက်မခံရဲဘူးလား။ စိတ်ပျက်စရာပဲ"

ယွမ်ရှောင်က ဤကစားပွဲ စတင်ချိန်မှ အဆုံးတိုင် အထက်စီး၌ ရှိနေပြီး သူ၏စကားကြောင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်ပြည်ထောင်နှင့် နတ်ဆိုးတိုက်ကြီး၏ ကျင့်ကြံသူများ ရပ်တန့်သွားကြသည်။

"ခွေးမတွေ မင်းတို့က လူသားမျိုးနွယ်ဝင် ဖြစ်နေပြီး နတ်ဆိုးတစ်ကောင် အသတ်ခံရတာကို ရေးကြီးခွင်ကျယ်လုပ်နေကြတာလား။ ဒီဝိညာဥ်တွေကို မြင်ကြလား။ ဒီမျက်လုံး ၃၃ခုထဲမှာ လူသားမျိုးနွယ် ဘယ်လောက်တောင် ဝါးမျိုခံထားရပြီးပြီလဲ။ ရေတွက်ပြစမ်း"

ယွမ်ရှောင်က ဒေါင်းမင်းသား၏အမြှီးမှ အမွေးတစ်ချောင်းကို ဆွဲနုတ်ကာ မြှောက်ပြ၍ မေးခွန်းထုတ်လိုက်ရာ လူသားများ တုံ့ဆိုင်းကုန်ကြသည်။

"ခရမ်းရောင်ကောင်းကင်ပြည်ထောင်ရဲ့ မင်းသမီးနှစ်ယောက်က လူသတ်သမားနတ်ဆိုးကို ကာကွယ်ပေးနေကြတယ်။ ဒီပြည်ထောင်က လူသားမျိုးနွယ်နဲ့ သက်ဆိုင်တာရော ဟုတ်ရဲ့လား။ မျိုးနွယ်နှစ်ခုကြား ငြိမ်းချမ်းရေးယူထားတာတောင် လူလိုက်သတ်နေတဲ့ နတ်ဆိုးအတွက် သူတို့က ရပ်တည်ပေးနေကြတယ်။ အထင်ကြီးစရာပါပဲ"

"ဒီကောင်မတွေ မရှက်ကြဘူးလား"

"ကြည့်ရတာ ဒီနတ်ဆိုးက တစ်ခုခု အားကောင်းလို့ ဖြစ်မယ်"

တီးတိုးရေရွတ်သံများက ယွမ်ရှောင် ဖြစ်စေချင်သည့်အတိုင်း ထွက်ပေါ်လာသောအခါ ကျေနပ်စွာ ပြုံးလိုက်ပြီး မင်းသမီးနှစ်ယောက်မှာ တံတွေးခွက် ပက်လက်မျောကြပေလိမ့်မည်။

"စကားတတ်တိုင်း ပြောနေလည်း မင်း သေရလိမ့်မယ်။ နတ်ဆိုးစစ်တပ်နဲ့ ရင်ဆိုင်ဖို့ မင်းကို ဘယ်သူက ကူညီမှာလဲ"

အစီအရင်ကို အပြင်ဘက်မှ အဆက်မပြတ် တိုက်ခိုက်နေသော လနတ်သားက ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

"ငါလည်း သိချင်နေတာ"

ယွမ်ရှောင်က လှောင်ပြုံးတစ်ချက်ဖြင့် ဒေါင်းမင်းသား၏ ဦးခေါင်းကို နင်းချေပစ်လိုက်ပြီး အစီအရင်ကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် ဒေါသူပုန်ထနေသော နတ်ဆိုးများ ပြေးဝင်သွားကြပေလိမ့်မည်။

"ဒီကောင်က အပြစ်မဲ့လူသားတွေရဲ့ ဝိညာဥ်တွေကို ဝါးမျိုခဲ့တယ်။ အလောင်းကို အကောင်းတိုင်းထားပေးဖို့ မသင့်တော်ဘူး"

"မင်း..မင်း လုပ်ရဲလား"

နတ်ဆိုးများက ဆက်တိုက်ခြိမ်းခြောက်နေသော်လည်း ဒေါင်းမင်းသား၏ ဝမ်းဗိုက်မှာ ဓားဖြင့် ဟက်တက်ခွဲခံလိုက်ရသောကြောင့် အတွင်းအင်္ဂါများ ထွက်ကျလာခဲ့သည်။ ထို့နောက် သူက ကျောရိုးထံ ထိုးစိုက်ကာ အမြုတေကို စုပ်ယူလိုက်သောကြောင့် ဝိညာဥ်ရတနာနန်းတော်အတွင်းရှိ နတ်ဆိုးများ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်ကုန်၏။

"လူယုတ်မာ မင်းကို သတ်မယ်"

နတ်ဆိုးများက မည်သည်ကိုမှ ဂရုမစိုက်ဟန်ဖြင့် အစီအရင်ထံပြေးဝင်လာကာ အရူးတစ်ပိုင်း တိုက်ခိုက်လိုက်ကြသည်။ ကျောက်ရွှမ်ကျန်းမှာ ယွမ်ရှောင်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး ဤလုပ်ရပ်မှာ နတ်ဆိုးကုန်းမြေတစ်ခုလုံးကို စိန်ခေါ်လိုက်သည်နှင့် မခြားရာ သတင်းပြန့်သွားလျှင် ကောင်းကင်နယ်မြေတစ်ခုလုံး ဗြောင်းဆန်သွားပေလိမ့်မည်။ သို့သော် ယွမ်ရှောင်က ထီမထင်ဟန်ဖြင့် ဒေါင်းမင်းသား၏ ချီများကို လုံးဝကုန်စင်အောင် စုပ်ယူလိုက်သည့်အပြင် အင်မော်တယ်မိုးစက်ကို ကိုယ်ပွားထံ တိတ်တဆိတ် ပို့ဆောင်ပေးရန် သိမ်းယူလိုက်၏။

"အခုမှ အစရှိသေးတာကို ဒီလောက်စိတ်တိုမနေပါနဲ့"

ထို့နောက် သူက ဝိညာဥ်မီးပညာရပ်ဖြင့် ကုန်းမင်၏အလောင်းကို သန့်စင်နေသောကြောင့် လူတိုင်းရှေ့မှောက်တွင် သွေးကျောက်တစ်လုံး ဖြစ်တည်လာခဲ့သည်။ ၎င်းကို ဓားဝိညာဥ်၌ တပ်ဆင်လိုက်သော်လည်း စိတ်ပျက်နေသော အမူအရာဖြင့် ခေါင်းတယမ်းယမ်း ဖြစ်နေခဲ့လေသည်။

"လေမီးတောက်ကပ်ဘေးဓားစက်ကွင်းက သူတော်စင်ဓားစက်ကွင်းနဲ့ ယှဥ်ရင် အထင်ကြီးစရာ မရှိပါလား”

All Chapters