အခန်း (၃၁-၃၅)
Vol. 2 Ch. 31-35
မျှော်လင့်ထားသည့်အတိုင်းပင် စနစ်က သူ့ကို အဆောင်တွေကို အောင်မြင်စွာရေးဆွဲနိုင်မှဖြစ်မည်ဟူ၍ မကန့်သတ်ထားခဲ့ပေ။ သူကျရှုံးသွားလျှင်တောင်မှ တာဝန်ပြီးမြောက်မှုနှုန်းကို ထိခိုက်စေလိမ့်မည်မဟုတ်။
နှစ်တစ်ဝက်ကျော်ကြာပြီးနောက်…
ကျန်းချန်ရွှမ် သူ့ရှေ့ရှိ အဆောင်များကိုကြည့်ကာ တဖန်ပြာမှုန့်များအဖြစ်သို့ပြောင်းလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီးမချဘဲ မနေနိုင်ခဲ့ပေ။
ထင်ထားသလိုပင် ဟွေ့ချွင်းအဆောင်လို သင်ယူရအလွယ်ကူဆုံးဖြစ်သည့်အဆောင်သည်ပင် တကယ်တမ်းလက်တွေ့ လေ့ကျင့်လိုက်ရာ မလွယ်ကူနေပေ။
ကျင့်ကြံရေးလောကကြီးတွင် အထူးပြုသည့်အသက်မွေးဝမ်းကျောင်းပညာရပ်ပေါင်း ရာနှင့်ချီရှိသည့်အနက် အဂ္ဂိရတ်ပညာ၊ အစီအရင်ပညာ၊ လက်နက်သန့်စင်ခြင်းနှင့် အဆောင်ရေးဆွဲခြင်းပညာရပ်ဆိုသည့် အထူးပြုလေးမျိုးသည် အရင်းအမြစ်အများဆုံးအသုံးပြုရသည့် ပညာရပ်များဖြစ်နေခြင်းမှာ မထူးဆန်းတော့ပေ။
ကံကောင်းစွာဖြင့် နှစ်ဝက်ကျော်ကြာ အလေးအနက်ကြိုးစားခဲ့ခြင်းကြောင့် တာဝန်ပြီးမြောက်မှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းဖြစ်သွားပေပြီ။
ဒီတစ်ခေါက်ရော စနစ်က ငါ့ကိုဘာဆုများပေးမလဲ ကြည့်လိုက်ရအောင်။
ဒင်!
ကျန်းချန်ရွှမ်စိတ်ထဲ တွေးမိလိုက်ရုံရှိသေး စနစ်၏အချက်ပေးသံက ထွက်ပေါ်လာခဲ့သည်။
[အဆင့် ၂ အဆောင် အခု ၃၀ ရေးဆွဲမှုတာဝန်ကိုပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် host၊ ဆုလာဘ်အနေနဲ့ အဆင့်နိမ့် (အဆင့် ၂) ရွှေသံချပ်ကာရုပ်သေးအဆောင်ရေးဆွဲနိုင်သည့် စွမ်းရည်ကိုရရှိပါတယ်။]
[ရွှေသံချပ်ကာရုပ်သေးအဆောင် : တစ်ခါသုံးရုပ်သေးအဆောင်ဖြစ်သည်။ အသုံးပြုလိုက်သည်နှင့် တိုက်ခိုက်ရန်အတွက် အဆင့်နိမ့် (အဆင့် ၂) ရွှေသံချပ်ကာရုပ်သေးတစ်ရုပ်ကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ၎င်း၏ခွန်အားသည် အခြေတည်ပထမအဆင့်ကျင့်ကြံသူနှင့်ယှဉ်နိုင်ပြီး ၁၀မိနစ်အထိ ခံမည်။]
ဤတစ်ခေါက် စနစ်ပေးလာမည့်ဆုမှာ ထိုမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု ကျန်းချန်ရွှမ် မမျှော်လင့်ထားခဲ့ပေ။
စနစ်က သူ၏အဆောင်ရေးဆွဲခြင်းကျွမ်းကျင်မှုကို အဆင့်နိမ့် (အဆင့် ၂) အထိ မြှင့်တင်ပေးရုံသာမက ရွှေသံချပ်ကာရုပ်သေးအဆောင်ရေးဆွဲနိုင်သည့် စွမ်းရည်ကိုပါ ပေးလာခဲ့ပေသည်။
အဆင့် ၂ အဆောင်များတွင် ရွှေသံချပ်ကာရုပ်သေးအဆောင်မျိုးမပါဝင်သည်ကို သူသေချာမှတ်မိသည်။ တနည်းပြောရလျှင် ဤအဆောင်ရေးဆွဲနည်းသည် စနစ်တွင်သာရှိသည့် အဆောင်ဖြစ်ပေသည်။ မဟုတ်ရင်လည်း အထူးအမွေအနှစ်မျိုးဖြစ်လောက်မည်။
အထူးအခွင့်အရေးမျိုးမရှိပါဘဲ သာမာန်လူတွေအနေနှင့် ထိုအဆောင်ရေးဆွဲနည်းကိုရရှိဖို့မဖြစ်နိုင်လောက်ပေ။
တစ်ခုတည်းသောပြဿနာသည်က ရွှေသံချပ်ကာရုပ်သေးအဆောင်တစ်ခုရေးဆွဲဖို့ရန် ကုန်ကျစရိတ်သည်ပင် အလွန်တရာမြင့်နေခြင်းဖြစ်သည်။ ဘယ်လောက်တောင်လဲဆို သာမာန်အဆင့်နိမ့် (အဆင့် ၂) အဆောင်တစ်ခု ရေးဆွဲရန်ကုန်ကျစရိတ်ထက် အဆဒါဇင်ပေါင်းများစွာနီးပါးမြင့်နေခြင်းပင်။
ထို့အပြင် ပါဝင်ပစ္စည်းများမှာလည်း အလွယ်တကူရှာ၍ရသည်မျိုးမဟုတ်ပြန်ပေ။ ဤအဆောင်ပြုလုပ်ရာတွင်လိုအပ်သည့် ပါဝင်ပစ္စည်းတိုင်းလိုလိုက သာမာန်အဆင့် ၂ ဈေးကွက်ထဲတွင် ရှာတွေ့ရန် အလွန်ခက်ခဲနေသည်။ သို့သော်လည်း ထိုသို့ဆိုလျှင်ပင် ရွှေသံချပ်ကာရုပ်သေးတစ်ခုသည် အခြေတည်ပထမအဆင့်ကျင့်ကြံသူနှင့် ညီမျှခြင်းကြောင့် တန်နေသေးသည်။ အထူးသဖြင့် တိုက်ပွဲတွင်ဆိုလျှင် ရုပ်သေးတစ်ရုပ်ရှိလိုက်သည်နှင့် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်သည်အထိ ထူးခြားပေသည်။
ဝှက်ဖဲတစ်ခုအဖြစ်သုံးရန် အသင့်တော်ဆုံးပင်။
ကြည့်ရတာ သူတော့ တံခါးပိတ်ကျင့်ကြံတာကနေ စောစောထွက်ရတော့မယ့်ပုံပဲ။
ပြောရလျှင် ကျန်းချန်ရွှမ်တွင် ရွှေသံချပ်ကာရုပ်သေးအဆောင်ရေးဆွဲဖို့ရန် လိုအပ်သည့်ပစ္စည်း တစ်ခုမှမရှိနေပေ။ သူသာ အဆောင်ဆွဲမယ်ဆိုလျှင် သေချာပေါက် အပြင်ထွက်ကာ ပစ္စည်းဝယ်မှဖြစ်ပေမည်။
ရှန်းမျိုးနွယ်စုမှာ သူလိုအပ်တဲ့ပစ္စည်းတွေ အလုံအလောက်ရောရှိရဲ့လား?
ဘာပဲဖြစ်ဖြစ် အရင်သွားကြည့်လိုက်တာပေါ့။
ကံကောင်းစွာဖြင့် နှစ်များစွာအတွင်း ရှန်းမျိုးနွယ်စုကနေရရှိထားသည့် စုဆောင်းငွေမှာ ဝိဉာဉ်ကျောက်တုံး ၂၀၀၀ အထိရှိနေပြီဖြစ်သည်။ ဒီလောက်ဆို ရွှေသံချပ်ကာရုပ်သေးအဆောင်ပြုလုပ်မယ့် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ရန် လုံလောက်ပေသည်။
သို့သော်လည်း သူသာ ဝိဉာဉ်ကျောက်တုံးများကိုအသုံးပြု၍ မျိုးနွယ်စုဲမှပစ္စည်းများကိုဝယ်မည်ဆိုလျှင် လျှော့ဈေးရလိမ့်မည်မဟုတ်ဘဲ အပြင်မှပေါက်ဈေးအတိုင်းသာပေးရပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင်တော့ ထိုကိစ္စကိုဂရုစိုက်မနေနိုင်သေးပေ။
လတ်တလော အရေးအကြီးဆုံးအရာသည်က ပါဝင်ပစ္စည်းများဝယ်ယူကာ ရွှေသံချပ်ကာရုပ်သေးအဆောင်ပြုလုပ်ရန်ပင်ဖြစ်သည်။
ထိုသို့တွေးမိပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် အချိန်ဆွဲမနေတော့ဘဲ ဂူမှထွက်ကာ ပြီးခဲ့သည့်နှစ်များအတွင်း စုဆောင်းထားမိသည့် လစာအားလုံးထုတ်ယူရန် လစာခန်းမသို့ထွက်လာခဲ့သည်။ အားလုံးပေါင်း ဝိဉာဉ်ကျောက်တုံး ၂,၂၀၀ ရရှိခဲ့ပေသည်။
ထို့နောက်တွင်တော့ ရှန်းမျိုးနွယ်စု၏ပစ္စည်းလဲလှယ်သည့်နေရာသို့သွားခဲ့ကာ ရွှေသံချပ်ကာရုပ်သေးပြုလုပ်ရာတွင် အရေးအကြီးဆုံးပစ္စည်းဖြစ်သည့် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်တို့ရှိမနေကြောင်း တွေ့လိုက်ရသည်။
သို့သော်လည်း တခြားပါဝင်ပစ္စည်းအမြောက်အမြားတော့ရှိနေသေးတာကြောင့် ဝိဉာဉ်ကျောက်တုံး ၄၀၀ ကိုသုံးကာ ရွှေသံချပ်ကာရုပ်သေးအဆောင်ပြုလုပ်ရာတွင် လိုအပ်သည့်ပစ္စည်းအားလုံးကို ဝယ်ယူလိုက်သည်။
ထို့နောက်တွင်တော့ ကျန်းချန်ရွှမ်တစ်ယောက် ခရီး တစ်ခေါက်ထွက်ရန် တွေးမိသွားသည်။ အရင်ဆုံး ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်ကို ဝယ်ရမည်။
ရှန်းမျိုးနွယ်တွင် ထိုပစ္စည်းများမရှိတာကြောင့် အနီးနားရှိ ကျန်းမျိုးနွယ် သို့မဟုတ် လျိုယွင်ဂိုဏ်း၏ ဈေးထဲသို့သွားကာ ထိုနှစ်နေရာတွင် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်ဝယ်လို့ရမလားဆိုတာ သွားကြည့်ရမည်။ ထို့အပြင် မျိုးနွယ်စုထောက်ပံ့မှုအမှတ်နှင့် သူ့တွင်ရှိသေးသည့်ဝိဉာဉ်ကျောက်တုံးများမှာ ရေတိုအတွက်သာခံမည်ပင်။
တကယ်တမ်း ကျန်းချန်ရွှမ်သည် ခရီးတစ်ခေါက်ထွက်ရင်း သူ့ပိုက်ဆံအိတ်ကိုပါ ဖြည့်ချင်နေခြင်းပင်။ ရှန်းမျိုးနွယ်စုတွင် ထောက်ပံ့မှုအမှတ်ရရှိရန် အကောင်းဆုံးသောနည်းလမ်းမှာ တာဝန်များလက်ခံခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ရွှမ်တစ်ယောက် စိတ်ထဲ၌ အစီအစဉ်ဆွဲပြီးသည်နှင့် တာဝန်ခန်းမသို့ ထပ်မံသွားရောက်ခဲ့သည်။
တာဝန်များကိုကြည့်လိုက်ပြီးနောက် အဆင့်နိမ့် (အဆင့် ၂) နတ်ဆိုးသားရဲများကို သတ်ရမည့်တာဝန်တချို့ကို တွေ့ရှိခဲ့သည်။ သူသာ ထိုတာဝန်များကိုပြီးမြောက်ပြီး နတ်ဆိုးသားရဲအလောင်းများကို ရှန်းမျိုးနွယ်စုထံအပ်နိုင်ပါက အနည်းဆုံး ထောက်ပံ့မှုအမှတ် ၃,၀၀၀ မှ ၄,၀၀၀ အထိ ရရှိနိုင်ပေသည်။
မကြာခင်မှာပဲ ကျန်းချန်ရွှမ်တစ်ယောက် ရှန်းမျိုးနွယ်၏ပင်မနေရာမှထွက်ခွာကာ ကျန်းမျိုးနွယ်၏ဈေးသို့ ပျံ့သန်းလာခဲ့သည်။ ကျန်းမျိုးနွယ်စု၏အုပ်ချုပ်မှုအောက်တွင်ရှိသော ထိုဈေးထဲတွင် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်ကို ရှာဖွေလိုနေခြင်းပင်။
ထိုနေရာမှာသာမတွေ့လျှင်တော့ အနည်းငယ်ပို၍လှမ်းသည့် လျိုယွင်ဂိုဏ်း၏ဈေးသို့ သွားမှဖြစ်မည်။
လျိုယွင်ဈေးမှာလည်း ပစ္စည်းများကိုရှာမတွေ့ဘူးဆိုလျှင် ကန်းယန်ဈေးသို့သာပြန်ပြီး သွားရှာမှဖြစ်ပေတော့မည်။ သို့သော်လည်း ထိုသို့လုပ်ရခြင်းက သူ့အချိန်အတော်များများကို ဖြုန်းတီးရမည်ပင်။
ကျန်းချန်ရွှမ် သတိမထားလိုက်မိသည်က သူရှန်းမျိုးနွယ်စုမှထွက်လာချိန်မှာပဲ သံသယဖြစ်ဖွယ်ခက်ထန်အေးစက်သည့် အကြည့်နှစ်စုံက သူ့ကိုစိုက်ကြည့်နေခြင်းပင်။
“အစ်ကိုကော၊ ငါတို့ သူ့ကိုပစ်မှတ်ထားမှာ သေချာလား?”
အသားမည်းမည်းခပ်ထွားထွားလူကြီးက ဝံပုလွေလိုအန္တရာယ်မျက်ဝန်းတစ်စုံနှင့် ကျန်းချန်ရွှမ်၏နောက်ကျောကိုကြည့်နေကာ သူ့ဘေးနားရှိ ပိန်ပိန်ပါးပါးအရပ်ရှည်ရှည်နှာခေါင်းကောက်ကောက်နှင့်လူကို မေးလိုက်သည်။
အစ်ကိုကောဟု အမည်ရသည့် ပိန်ပိန်ရှည်ရှည်လူက သူ့အဖော်၏အမေးကိုကြားပြီးနောက် နှာခေါင်းရှုံ့လိုက်ကာ၊
“ညီအစ်ကိုကျောက်၊ ဒီလူကိုပစ်မှတ်ထားရင် ပြဿနာရှိမယ်လို့ မင်းထင်နေတာလား? ရှန်းမျိုးနွယ်စုဆိုတာ ကျီဖုအဆင့်မျိုးနွယ်စုတစ်ခုဆိုတာ မမေ့နဲ့ဦး။ သူတို့အခုငြင်းလိုက်ရင်တောင် ငါတို့လို လေလွင့်နတ်ဆိုးကျင့်ကြံသူတွေကို စော်ကားလို့ရတဲ့သူတွေမဟုတ်ဘူး။
ပြီးတော့ ဒီတစ်ခေါက် ငါတို့က အခကြေးငွေရလို့လုပ်ရုံပဲ။ တစ်ဖက်လူက ဘယ်သူ့ကိုပစ်မှတ်ထားရမယ်လို့ အတိအကျမပြောထားမှတော့ အားအနည်းဆုံးလူကို ဘာလို့မရွေးဘဲနေမှာလဲ?
ငါကြားထားသလောက်တော့ ဒီလူက ရှန်းမျိုးနွယ်စုထဲဝင်လာတဲ့ ၄နှစ် ၅နှစ်ပဲရှိသေးတယ်။ ပြောရရင် အခြေတည်အဆင့်ကိုချိုးဖောက်ပြီးတာ အများဆုံးမှ ၅နှစ်ပဲရှိသေးတာ။ ဒီတော့ ရှန်းမျိုးနွယ်စုရဲ့အခြေတည်အဆင့်ကျင့်ကြံသူတွေထဲမှာ အားအနည်းဆုံးလူလို့ပြောလို့ရတယ်။
သူ့ကိုသတ်လိုက်လို့ ဘာမှထွေထွေထူးထူးဖြစ်မှာမဟုတ်ဘူး။ ဒါ့အပြင် ငါတို့တွေလည်း ဆုလာဘ်တွေအများကြီးရနိုင်သေးတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်တစ်ခါတည်းပစ်နိုင်မှာကို ဘာလို့မလုပ်ရမှာလဲ?”
“ဟုတ်သားပဲ။”
ညီအစ်ကိုကျောက်ဟုခေါ်သည့် အသားမည်းမည်းနှင့်လူထွားကြီးလည်း သဘောမတူမိဘဲမနေတော့ပေ။ ထို့နောက် သူ့မျက်လုံးများထဲ စူးရှသည့်အရိပ်အယောင်များပေါ်ထွက်လာခဲ့ကာ၊
“ဒီလိုဆိုမှတော့ အဲ့ဒီလူနောက်လိုက်ကြတာပေါ့။ သူ့ကိုလွတ်သွားလို့မဖြစ်ဘူး။”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၃၂ ။ နတ်ဆိုးကျင့်ကြံသူများနှင့်တိုက်ခိုက်ခြင်း
တစ်ဖက်တွင်တော့…
ကျန်းချန်ရွှမ်တစ်ယောက် ရှန်းမျိုးနွယ်စုမှ အတော်ဝေးဝေးရောက်လာပြီးနောက် သူ့နောက်သို့ တစ်စုံတစ်ယောက် နောက်ယောင်ခံလိုက်နေကြောင်း သတိထားမိသွားခဲ့သည်။
သူအနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။
တစ်ဖက်က သူ့နောက်ကို ဘာအကြောင်းပြချက်နှင့်လိုက်နေကြောင်း စဉ်းစားမရပေ။
သူအခြေခံတည်ဆောက်ခြင်းအဆင့်သို့တက်ပြီးနောက်ပိုင်း ဘယ်သူ့ကို ဆန့်ကျင်မိမှန်းလည်း သတိမရပေ။ ဖြစ်နိုင်တာက ရှန်းမျိုးနွယ်စုကများ သူ့ကိုအန္တရာယ်ပြုချင်နေတာလား?
မဖြစ်နိုင်တာ!
ရှန်းမျိုးနွယ်ဘက်ကသာ သူ့ကိုအမှန်တကယ် အန္တရာယ်ပြုလိုခြင်းဆိုလျှင် ဤမျှအထိ ဒုက္ခခံနေစရာမလိုအပ်ပေ။
ဒါဆို ဘာကြောင့်များလဲ?
ရှန်းမျိုးနွယ်စုမဟုတ်လောက်ဘူးဆိုမှတော့ ဘယ်သူလဲ?
ကျန်းချန်ရွှမ်၏မျက်လုံးများ မည်းမှောင်သွားသည်။
ဘယ်သူပဲဖြစ်ပါစေ ဒီလိုမျိုး သူ့နောက်ကိုလိုက်နေမှတော့ သေချာပေါက် ကောင်းတဲ့လူတော့မဖြစ်နိုင်ဘူး။
နောက်ကနေဘယ်အချိန်လာတိုက်မလဲကို စိုးရိမ်နေမည့်အစား သူကသာ အရင်လက်ဦးမှုယူလိုက်တော့မည်။
ထိုအတွေးဝင်လိုက်သည်နှင့် ရှေ့ကနေပျံသန်းနေခဲ့သည့် ကျန်းချန်ရွှမ်က ရုတ်ချည်းရပ်ကာ နောက်သို့လှည့်လိုက်သည်။
သူက အသံခပ်နိမ့်နိမ့်ဖြင့်၊ “မင်းတို့၂ယောက် ငါ့နောက်လိုက်နေတာ တော်တော်ကြာနေပြီ။ ဘာလိုချင်လို့လဲ?”
သို့သော်လည်း အတော်ကြာသည်အထိ တစ်ဖက်က အကြောင်းပြန်မလာခဲ့ပေ။
တစ်ဖက်က သူ့အသက်ကိုယူဖို့လာခြင်းဖြစ်လောက်မှန်းတွေးမိသွားသည်နှင့် ကျန်းချန်ရွှမ် ကျောရိုးတစ်လျှောက်အေးစက်သွားတော့သည်။
ဤသည်မှာ ကျင့်ကြံရေးလောကကြီးတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးနောက် တိုးတက်လာခဲ့သည့် အလိုလိုသိစိတ်ကြောင့်ပင်။ ထို့ကြောင့် မသိစိတ်က အလျင်ဦးစွာ ကျီကျင်းဝိညာဉ်ဒိုင်းကို ချက်ချင်းအသက်သွင်းလိုက်တော့သည်။
တချိန်တည်းမှာပဲ ပုံရိပ်ယောင်ခြေလှမ်းကိုပါ အဆင်သင့်ပြင်ထားလိုက်သည်။
ဖောက်--
မျှော်လင့်ထားသလိုပဲ။
နားဖောက်လိုက်သလို အသံတစ်သံနှင့်အတူ အနက်ရောင်လက်သည်းတစ်ခုက ကျန်းချန်ရွှမ်၏အပေါ်တွင် ထွက်ပေါ်လာကာ သူ့ခေါင်းတည့်တည့်သို့ ဆိုက်ချလာသည်။
ဒါဘာကြီးလဲ?
နတ်ဆိုးဓမ္မရတနာပဲ!
ဒီတော့ ဒီလူတွေက နတ်ဆိုးကျင့်ကြံသူတွေပေါ့!
ကျန်းချန်ရွှမ်၏ဦးရေပြားတို့ထုံကျဉ်သွားတော့သည်။ သူ့နောက်ကိုလိုက်နေသည့်လူများမှာ နတ်ဆိုးကျင့်ကြံသူများဖြစ်နေလိမ့်မည်ဟု တကယ်ကိုမတွေးမိခဲ့ပေ။
အချိန်ဆွဲမနေတော့ဘဲ ပုံရိပ်ယောင်ခြေလှမ်းကို ချက်ချင်းအသက်သွင်းလိုက်သည်နှင့် ကျန်းချန်ရွှမ်တစ်ယောက် ရုတ်ချည်းဆိုသလို လေထုထဲမှ ပျောက်ကွယ်သွားသည်။
သူတဖန်ပြန်ပေါ်လာချိန်တွင်တော့ မီတာသုံးဆယ်ခန့်အဝေးသို့ရောက်သွားပြီဖြစ်ကာ အနက်ရောင်လက်သည်း၏တိုက်ခိုက်မှုမှ ပွတ်ကာသီကာလေး ရှောင်လိုက်နိုင်သည်။
ဂျီ~
သို့သော်လည်း ထိုအချိန်မှာပဲ နတ်ဆိုးချီများဝန်းရံနေသည့် ဓားရှည်တစ်ချောင်းက သူ့လည်ပင်းနောက်မှနေပြီး တိုးဝင်လာပြန်သည်။ တချိန်တည်းမှာပဲ သရဲတစ်ကောင်အော်ဟစ်သံလိုမျိုး အသံတစ်သံက သူ့နားစည်ထဲသို့ တိုးဝင်လာကာ ကျန်းချန်ရွှမ်ကို မူးဝေသွားစေခဲ့သည်။
ဒါ အမျက်ဒေါသအော်ဟစ်သံပဲ။
ဤအဆင့် ၂ နတ်ဆိုးဓားရှည်ကို သန့်စင်ဖို့အတွက် အပြစ်ကင်းတဲ့သေမျိုးဘယ်နှယောက်တောင်များ စတေးခဲ့ရမလဲ?
ကျန်းချန်ရွှမ် ခေါင်းထဲတွင်မသက်မသာဖြစ်မှုကို ခုခံရင်း သူ၏ အကာအကွယ်ဓမ္မရတနာဖြစ်သည့် ကျီကျင်းဝိညာဉ်ဒိုင်းကို ချက်ချင်းထုတ်ယူလိုက်သည်။
ဘန်း~
နတ်ဆိုးဓားရှည်က ကျီကျင်းဝိညာဉ်ဒိုင်းကိုထိမိသည်နှင့် မီးဖွားများနေရာအနှံ့လွင့်စင်လို့သွားသည်။ သို့သော်လည်း ကျီကျင်းဝိညာဉ်ဒိုင်း၏အကာအကွယ်ကို ထိုးဖောက်နိုင်ခြင်းတော့မရှိပေ။
“ဘာလဲဟ?”
ရုတ်တရက် လေထုထဲတွင် အံ့ဩနေသည့်အသံတစ်သံပေါ်ထွက်လာကာ ပိန်ပိန်ရှည်ရှည်လူနှင့် အသားမည်းမည်းလူထွားကြီးတစ်ယောက်တို့က ကျန်းချန်ရွှမ်၏ဘေးနှစ်ဖက်တွင် ပေါ်လာကာ သူ့ကို ကြားညှပ်ပိတ်ထားလေသည်။
ကျန်းချန်ရွှမ် ထိုလူနှစ်ယောက်ကိုကြည့်လိုက်ပြီးနောက် မဲမှောင်နေသည့်အမူအရာဖြင့်၊ “ကျုပ် ခင်ဗျားတို့နဲ့ပြဿနာရှိထားတယ်လို့မထင်ဘူး? ခင်ဗျားတို့ ဘာလိုချင်ကြတာလဲ?”
ကျန်းချန်ရွှမ်သည် နတ်ဆိုးကျင့်ကြံသူမှန်သမျှကို လိုက်လံသတ်ဖြတ်တတ်သည့် အမှန်တရားဘက်တော်သားကျင့်ကြံသူမျိုးမဟုတ်ပေ။ သူသာ ကျင့်ကြံရေးလောကရှိ ထိုလူများကို သတ်လိုလျှင် သူ့တွင် ထိုလူများကို သတ်နိုင်သည့်ခွန်အားမျိုး အရင်ဆုံးရှိထားဖို့လိုအပ်သည်။
အခုတော့ အချိန်မကျသေးဘူးပေါ့။
လက်ရှိတွင် ကျန်းချန်ရွှမ်သည် သူ့ရှေ့သို့ရောက်လာသည့် နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို အကဲခတ်ကြည့်နေသည်။
သူ့ဘယ်ဘက်ရှိ ပိန်ပိန်ရှည်ရှည်နှင့်လူသည် အခြေတည်ဆောက်ခြင်း စတုတ္ထအဆင့်သို့ရောက်နေပြီဖြစ်သည်။
ညာဘက်အခြမ်းတွင်ရပ်နေသည့် အသားမည်းမည်းခပ်ထွားထွားလူသည်တော့ အခြေတည်ဆောက်ခြင်း တတိယအဆင့်တွင်ရှိသည်။ ပြောရရင်တော့ နှစ်ဦးလုံး၏ကျင့်ကြံဆင့်မှာ သူ့ထက်မြင့်ကြသည်ပင်။
သို့သော်လည်း သူသာ ကျွမ်းကျင်မှုကိုပြည့်ဝစွာအသုံးချပြီး အမှားမရှိဘဲ တိုက်ခိုက်မည်ဆိုလျှင်တော့ ထိုထဲမှတစ်ယောက် သို့မဟုတ် နှစ်ယောက်လုံးကိုပင် သတ်နိုင်ပေသည်။
သို့သော်လည်း သတ်ဖို့ဖြတ်ဖို့ထက် လုံခြုံမှုရှိဖို့က ပိုအရေးပါသည်။
တကယ်လို့ သူတို့မှာဝှက်ဖဲတွေရှိနေရင်ရော?
မဟုတ်လဲ အထူးလျှို့ဝှက်မန္တာန်တွေရှိနေရင်ရော?
ဒါမှမဟုတ် တခြားနတ်ဆိုးကျင့်ကြံသူတွေထပ်ပြီး ရောက်လာခဲ့ရင်ရော?
ဒါကြောင့် မလိုအပ်လျှင် မတိုက်ခိုက်တာပိုကောင်းပေသည်။ သို့သော်လည်း ဤလူနှစ်ယောက်မှာ သေချာပေါက် စကားလေးဖြင့် ညှိနှိုင်းပြောဆို၍ ကောင်းသည့်လူများမဟုတ်နေပေ။
အသားမည်းမည်းခပ်ထွားထွားလူကြီးက နှာမှုတ်လိုက်ကာ၊
“လူသေတစ်ယောက်က အဲ့လောက်အများကြီးသိဖို့မလိုဘူး။ မင်းနာနာခံခံနဲ့ အရှုံးပေးလိုက်ဖို့ ငါအကြံပေးတယ်။ ဒီလိုဆို မင်း မလိုအပ်တဲ့နာကျင်မှုဒဏ်တွေခံရမှာမဟုတ်ဘူး။ မဟုတ်ရင်တော့၊ ဟီးဟီးဟီး…”
ပြောရင်းဖြင့် သူက အနက်ရောင်လက်သည်းကို တဖန်ထုတ်လိုက်ပြန်သည်။ ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ အနက်ရောင်လက်သည်းသည် အလွန်ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များနှင့်အတူ လေထုထဲတွင်ထွက်ပေါ်လာကာ ရုတ်တရက်ဆိုသလို ကျန်းချန်ရွှမ်၏ရင်ဘက်ကို ဆွဲကုတ်လိုက်သည်!
ငါသိသားပဲ…
ကျန်းချန်ရွှမ်၏မျက်လုံးမှာ မည်းနက်သွားတော့သည်။ နောက်ဆုံးမှာတော့ သူ့နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒများထွက်ပေါ်လာခဲ့သည်။ သူသည် ကိုယ်တိုင်က ဒုက္ခဖြစ်စေမည့်အရာများကိုမလိုလားသည့် အလွန်ကြောက်တတ်သူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံသည်။ သူ၏အကြီးမားဆုံးဆးန္ဒမှာ ဘယ်တစ်ဦးတစ်ယောက်ထံမှ နှောက်ယှက်မှုမရှိဘဲ တိတ်ဆိတ်အေးချမ်းသည့်နေရာလေးတွင် အေးအေးချမ်းချမ်းကျင့်ကြံလိုခြင်းသာဖြစ်သည်။
သို့သော်လည်း လက်ရှိကျင့်ကြံရေးလောကကြီးတွင်တော့ ထိုမျှရိုးရှင်းသည့်ဆန္ဒလေးမှာ တရားလွန်တောင်းဆိုမှုမျိုးဖြစ်လာခဲ့သည်။
သူ့ဘက်က ဘယ်သူ့ကိုမှဦးစွာ ရန်စခြင်းမရှိသလို ဘယ်သူ့ကိုမှအန္တရာယ်ပြုခြင်းမရှိသော်လည်း သူ့ကိုဒုက္ခဖြစ်စေချင်သည့်လူတွေက အမြဲတမ်းရှိနေကြလေသည်။ အခုလည်း ဒီလူနှစ်ယောက်က အကြောင်းမရှိ သူ့အသက်ကိုလိုချင်နေကြပြန်ပြီ။
သူ့ကို အဲ့လောက်လွယ်တဲ့သူလို့ထင်နေကြတာလား?
ရုတ်တရက် ကျန်းချန်ရွှမ်သည် နေရာမှပျောက်ကွယ်သွားသည်။ တဖက်တွင်တော့ ပိန်ပိန်ရှည်ရှည်လူက တစ်စုံတစ်ခုကို အာရုံခံမိသည်ထင်။ သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
“သတိထား!”
ထို့နောက် သူ့လက်ထဲရှိ နတ်ဆိုးဓားရှည်ကိုလည်း လွှဲခုတ်လိုက်ကာ မရေမတွက်နိုင်သော ဒေါသတကြီးအော်ဟစ်ညည်းညူသံများက ကောင်းကင်တခွင့် ပျံ့လို့သွားတော့သည်။
ထိုအချိန်မှာပဲ စုတ်ဖြဲသံတစ်သံထွက်ပေါ်လာကာ ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းအပိုင်းခံလိုက်ရသည်။
သို့သော်လည်း နှစ်ပိုင်းဖြတ်ခံလိုက်ရသည့်ခန္ဓာကိုယ်မှာ အလင်းအဖြစ်သို့အလျင်အမြန်ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ ပိန်ပိန်ရှည်ရှည်နှင့်လူသည်လည်း မကောင်းသည့်ခံစားချက်ကို ခံစားမိသွားသည်။
ဤတစ်ခေါက် သူ လူထွားကြီးထံ သတိထားဖို့ မအော်လိုက်နိုင်ခင်မှာပဲ လေပြေလိုဓားအလင်းတစ်ပျက လူထွားကြီး၏နောက်မှ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်ကို ရှာဖွေရန် အနက်ရောင်လက်သည်းကို ဟိုရမ်းဒီရမ်းလုပ်နေသည့် လူထွားကြီ၏အမူအရာမှာ ချက်ချင်းအေးခဲဿွားတော့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှာ ခေါင်းမှခြေဖျားအထိ နှစ်ခြမ်းကွဲသွားတော့သည်။
၎င်းကတော့ ချင်းဖုန်းဓားနည်းစနစ် အစောပိုင်းအဆင့်၏ အစွမ်းပင်။ ဆရာအဆင့်ဖြစ်နေပြီဖြစ်သည့် ပုံရိပ်ယောင်ခြေလှမ်းနှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ အသားမည်းမည်းလူထွားကြီး သတိမထားမိသည့်အချိန်တွင် ကျန်းချန်ရွှမ်တစ်ယောက် တစ်ချက်တည်းဖြင့် လက်စတုံးပစ်နိုင်ခဲ့သည်။
ဒါက သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ရောက်ပြီးနောက် ပထမဆုံးလူသတ်ခြင်းပင်။ ဒါ့အပြင် ပထမဆုံးအခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖူးခြင်းလည်းဖြစ်သည်။
သို့သော်လည်း သူ ပိန်ပိန်ရှည်ရှည်လူကို ပြန်မော့ကြည့်လိုက်ချိန်တွင်တော့ တဖက်လူက ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားပြီဖြစ်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၃၃ ။ ကွက်မျက်ခြင်း
ကျန်းချန်ရွှမ် အံ့ဩသွားရသည်။
ရက်စက်ကြမ်းကြုတ်ကာ ဆိုးရွားသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်အနေနှင့် သူ၏အပေါင်းအဖော် အသတ်ခံရချိန်တွင် ပိုပြီးတော့တောင်မှ ခက်ထန်ကြမ်းကြုတ်လာသင့်တာမဟုတ်ဘူးလား?
ဘာလို့ ဒီလိုမျိုး ထွက်ပြေးသွားရတာလဲ?
ဒါက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ပုံရိပ်နှင့် သိပ်မအပ်စပ်နေဘူးလေ။
ကဲပါ..
ကောက်ကျစ်ပြီး ဆိုးယုတ်ခြင်းဆိုသည် နတ်ဆိုးကျင့်ကြံသူများ၏ပင်ကိုယ်သဘာဝဖြစ်ကာ ရက်စက်ကြမ်းကြုတ်ခြင်းဟူသည် သူတို့တပ်ဆင်ထားသည့် အပေါ်ယံအလွှာတစ်ခုသာဖြစ်သည်။ တကယ် သေရေးရှင်ရေးအခြေအနေကို အာရုံခံမိကြချိန်မှာတော့ ပင်ကိုယ်အသိအတိုင်းထွက်ပြေးသွားပေသည်။
သို့သော်လည်း သူလှုပ်ရှားခဲ့ပြီး ပိန်ပိန်ရှည်ရှည်လူနှင့် ရန်ဖွဲ့ပြီးသွားပြီဖြစ်သည်။ တကယ်လို့ ထိုလူကိုသာ အလွတ်ပေးလိုက်လျှင် အနာဂတ်မှာ သူစိတ်အေးလက်အေးနေနိုင်တော့မှာမဟုတ်ဘူးလားလို့?
ထိုသို့သောအခြေအနေမျိုးမှာ ကျန်းချန်ရွှမ် ဘယ်လိုမှခွင့်မပြုနိုင်သောအရာဖြစ်သည်။
ဒါကြောင့်..
ကျန်းချန်ရွှမ်တစ်ယောက် တွန့်ဆုတ်မနေဘဲ လူထွားကြီးထံမှ သိုလှောင်အိတ်ကိုယူပြီးသည်နှင့် ကျီယန်ဓားကိုထုတ်ကာ ပိန်ရှည်ရှည်လူနောက်ကို လိုက်တော့သည်။
လက်ရှိ သူ၏စစ်မှန်သောအဆီအနှစ်ခွန်အားမှာ အခြေတည် အလယ်အဆင့်၏ခွန်အားနှင့် အတော်လေးနီးစပ်နေပြီဖြစ်သည်။ ထို့အပြင် သူ့ခြေထောက်အောက်ရှိ အဆင့် ၂ အလယ်အဆင့်ဓားပျံသည်လည်း ပိန်ရှည်ရှည်လူ၏ဓားပျံထက် တစ်ဆင့်မြင့်ပေသေးသည်။
ထို့ကြောင့် ခဏအကြာမှာပဲ ကျန်းချန်ရွှမ်တစ်ယောက် ပိန်ရှည်ရှည်လူကို ဖြည်းဖြည်းချင်းလိုက်မှီသွားတော့သည်။
သေစမ်း! ဒီကောင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်နေရတာလဲ?
ရှေ့မှထွက်ပြေးနေသည့်ပိန်ရှည်ရှည်လူမှာ သူ့နောက်မှ ဓားအလင်းတန်းကိုခံစားမိတာကြောင့် နှလုံးသားမှာ ရုတ်ချည်းနစ်မြုပ်သွားရသည်။
အစောကတင် ကျန်းချန်ရွှမ်သည် အခြေတည် တတိယအဆင့်တွင်ရှိသည့် လူထွားကြီးကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ အခုလည်း အခြေတည် ဒုတိယအဆင့်သာရှိသေးသည့် ကျန်းချန်ရွှမ်က သူ့လို အခြေတည်စတုတ္ထအဆင့်ကျင့်ကြံသူကို အမှီလိုက်နိုင်နေပြန်ပြီ။ ပိန်ရှည်ရှည်လူလည်း ဤအတိုင်း ရှေ့ဆက်ဖို့ မဖြစ်နိုင်ကြောင်း သိလိုက်သည်။
သူ့ဘက်က အရင်လက်ဦးမှုယူဖို့ နည်းလမ်းကို စစဉ်းစားတော့သည်!
ထိုသို့တွေးမိသည်နှင့် ပိန်ရှည်ရှည်လူ၏မျက်လုံးများထဲတွင် ကြမ်းကြုတ်ခက်ထန်သည့်အရိပ်အယောင်များဖြတ်ပြေးသွားကာ သွားနေသည်ကို ရုတ်ချည်း ရပ်တန့်ပစ်လိုက်သည်။
ထို့နောက် ချက်ချင်းပင် သူ့ခြေထောက်အောက်ရှိ နတ်ဆိုးဓားရှည်သည် အနက်ရောင်အလင်းစီးကြောင်းတစ်ခုအသွင်ပြောင်းသွားကာ ကျန်းချန်ရွှမ်ကို ဝင်ခုတ်တော့သည်!
ကျန်းချန်ရွှမ်အတွက်တော့ အခုလို ပိန်ရှည်ရှည်လူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အတွက် ပိုတောင် ပျော်နေသေးသည်။ ကျန်းချန်ရွှမ်၏ခြေထောက်အောက်ရှိ ကျီယန်ဓားသည်လည်း ခရမ်းရောင်ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ အနက်ရောင်နတ်ဆိုးဓားကို ထိပ်တိုက်ခုခံလိုက်သည်။
ဘုန်း!
ချက်ချင်းဆိုသလို ခရမ်းရောင်နှင့်အနက်ရောင်အလင်းများ ဖြာထွက်လာကာ ကြောက်မက်ဖွယ်ဓားချီနှင့် ဓားအော်ရာတို့က ကောင်းကင်တခွင် ပြန့်ကျဲသွားတော့သည်။ နောက်ဆက်တွဲအရှိန်သည်လည်း သိပ်မဝေးသည့် တောင်ငယ်လေးတစ်ခုကို တိုက်မိသွားကာ ချက်ချင်းပင် ကျောက်တုံးများ လိမ့်ဆင်းလို့ ဖုန်မှုန့်များ ကောင်းကင်ထက် အုံ့မှိုင်းသွားသည်။
ထိုအချိန်မှာပဲ ပိန်ရှည်ရှည်လူ၏လက်ထဲတွင် သေးငယ်သည့်အလံတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
ထိုအလံသည် သွေးမိစ္ဆာဝိညာဉ်အလံဖြစ်သည်။ ၎င်းသည် ပိန်ရှည်ရှည်လူ သေမျိုး ၃သိန်း၏သွေးကို သုံးကာ သန့်စင်ထားသည့် အဆင့် ၂ ဓမ္မရတနာလည်းဖြစ်ကာ အဆင့် ၂ အလယ်အဆင့်ပစ္စည်းနှင့် စွမ်းအားချင်းတူညီလုနီးပါးပင်။
အရေးအကြီးကတော့ ထိုအလံထဲတွင်ရှိနေသည့် အဆင့် ၂ မကောင်းဆိုးဝါးဝိညာဉ်သည် အခြေတည်အလယ်အဆင့်သို့ပင်ရောက်နေခြင်းဖြစ်သည်။ ၎င်းကို ဆင့်ခေါ်လိုက်သည်နှင့် မကောင်းဆိုးဝါးဝိညာဉ်သည် သူ့ရှေ့တွင်ပေါ်လာသည့် သက်ရှိမှန်သမျှကို တိုက်ခိုက်ပေလိမ့်မည်။
ပိန်ရှည်ရှည်လူကိုယ်တိုင်အပါအဝင်ပေါ့။
သွေးမိစ္ဆာဝိညာဉ်အလံကို သူ့ဘက်က အဆင့် ၂ အလယ်အဆင့်ထိရောက်အောင် ပြောင်းလဲနိုင်မှသာလျှင် အလံထဲတွင်နေထိုင်နေသည့် မကောင်းဆိုးဝါးဝိညာဉ်သည် ဉာဏ်ရည်အဆင့်တစ်ခုအထိရှိလာကာ သူ့သခင်ကို မတိုက်ခိုက်တော့မည်ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ပိန်ရှည်ရှည်လူက ထိုအလံကိုထုတ်လာပြီဖြစ်တာကြောင့် သူ့လက်ထဲတွင် မကောင်းဆိုးဝါးဝိညာဉ်၏တိုက်ခိုက်မှုကိုရှောင်ဖို့ နည်းလမ်းတစ်ခုရှိထားပြီးဖြစ်လောက်ပေသည်။
နောက်အခိုက်အတန့်မှာပဲ ပိန်ရှည်ရှည်လူ၏လက်ထဲတွင် အညိုရောင်ပုတီးစေ့တစ်လုံး ပေါ်လာခဲ့သည်။ ထိုပုတီးစေ့သည် ပြင်းထန်လှသည့် သေခြင်းတရားအော်ရာကို ထုတ်လွှတ်ကာ ပိန်ရှည်ရှည်လူ၏တည်ရှိမှုကို ဖုံးကွယ်ပေးလိုက်လေသည်။
ထိုသို့ဖြင့် သွေးမိစ္ဆာဝိညာဉ်အလံထဲရှိ မကောင်းဆိုးဝါးဝိညာဉ်အတွက် ကျန်းချန်ရွှမ်တစ်ယောက်သာ လေထဲတွင်ပေါ်လွင်နေတော့သည်။
မျှော်လင့်ထားသလိုပင် မကောင်းဆိုးဝါးဝိညာဉ်က သွေးမိစ္ဆာဝိညာဉ်အလံထဲမှထွက်လာပြီးပြီးချင်း ကျန်းချန်ရွှမ်ကို ထိုးနှက်တော့သည်။
“ဟမ့်!”
မကောင်းဆိုးဝါးဝိညာဉ်က သူ့ကို ထိုးနှက်လာမှန်းမြင်လိုက်သည်နှင့် ကျန်းချန်ရွှမ်လည်း ဒိုင်းကာကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
အက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလို့လာခဲ့သည်။
မကောင်းဆိုးဝါးဝိညာဉ်၏တိုက်ခိုက်မှုအောက်တွင် ကျန်းချန်ရွှမ်ကိုင်ထားသည့် ကျီကျင်းဝိညာဉ်ဒိုင်း၏ စိတ်ဝိညာဉ်အလင်းသည် ဆက်တိုက် အားနည်းလာတော့သည်။ ထို့အပြင် ဒိုင်း၏အစွန်းတဝိုက်တွင် သွေးမကောင်းဆိုးဝါး၏အော်ရာတို့ ခပ်မှိန်မှိန် ပေါ်ထွက်လာခဲ့သည်။
ဒီမကောင်းဆိုးဝါးဝိညာဉ်က ဓမ္မရတနာပစ္စည်းကို ညစ်ညမ်းစေနိုင်စွမ်းရှိနေတာပဲ!
ကျန်းချန်ရွှမ်၏မျက်လုံးများ နက်မှောင်သွားသည်။
ဒီအတိုင်းဆက်သွား၍မဖြစ်ကြောင်း သူသိလိုက်သည်။ မဟုတ်ပါက သူ၏ကျီကျင်းဝိညာဉ်ဒိုင်း ပျက်စီးသွားနိုင်ပေသည်။
ထို့ကြောင့် ကျန်းချန်ရွှမ်ချက်ချင်းပင် ပိန်ရှည်ရှည်လူကိုကြည့်လိုက်ကာ အေးစက်စက်ပြုံးလိုက်သည်။
ဝှီး~
တချိန်တည်းမှာပဲ ကျန်းချန်ရွှမ်တစ်ယောက် ရွှေရောင်အလင်းများတောက်ပစွာ လင်းလက်နေသည့် ရွှေအလင်းတန်းအဆောင်ဒါဇင်ကျော်ကို ထုတ်ယူလိုက်သည်။
ဤအဆောင်များသည် အဆင့်မြင့် (အဆင့် ၁) အဆောင်သာဖြစ်သော်လည်း တစ္ဆေနှင့်မကောင်းဆိုးဝါးဝိညာဉ်များအတွက် အလွန်ထိရောက်မှုရှိပေသည်။
တကယ်တမ်း မကောင်းဆိုးဝါးဝိညာဉ်ကို ဘာမှမလုပ်နိုင်သော်လည်း ခဏတာထိန်းထားဖို့ရန်တော့ ပြဿနာမရှိပေ။
ရွှေရောင်အလင်းတန်းများထဲတွင်…
ကျန်းချန်ရွှမ်တစ်ယောက် အလျင်အမြန် စည်းတံဆိပ်ဖော်ကာ သူ့လက်များကို ပုလင်းတစ်လုံးကိုင်ထားသလိုမျိုး မြှောက်လို့ထားသည်။
မနီးမဝေးမှပိန်ရှည်ရှည်လူတုံ့ပြန်ချိန်မရှိသေးခင်မှာပဲ သူ့အမြင်အာရုံထဲတွင် ရုတ်တရက် အဖြူရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားလေသည်။
ဒါ.. ဒါဘာကြီးလဲ?
ပိန်ရှည်ရှည်လူမှာ ထိတ်လန့်သွားရသည်။ သူထွက်ပြေးလိုက်ချင်သော်လည်း အဖြူရောင်အလင်းတန်းများ၏အရှိန်က သူထင်ထားသည်ထက် အဆများစွာ ပိုမြန်နေကာ ချက်ချင်းဆိုသလိုပင် သူသည် ထိုအဖြူရောင်အလင်းတန်းများ၏ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့သည်။
ခရက်ခ်၊ ခရက်ခ်~
ပိန်ရှည်ရှည်လူ၏ခန္ဓာကိုယ်ထက်တွင် ထူပိန်းသည့်ရေခဲလွှာတစ်ခု အလျင်အမြန်ဖြစ်တည်လာသည်။
တချိန်တည်းမှာပဲ ပိုင်ရှင်ဆုံးရှုံးသွားသော နတ်ဆိုးဓားရှည်သည် ကျန်းချန်ရွှမ်၏ ကျီယန်ဓားဖြင့် ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် ဘန်းခနဲအသံတစ်သံနှင့်အတူ ကျီယန်ဓားသည် ပိန်ရှည်ရှည်လူ၏ခေါင်းကိုဖြတ်ကာ လေထဲမှပြုတ်ကျသွားစေသည်။
ပိန်ရှည်ရှည်လူကို သတ်ဖြတ်ပြီးနောက် ကျီယန်ဓား၏အရှိန်သည် လျော့သွားခြင်းမရှိဘဲ လေထဲတွင် တစ်ပတ်လှည့်ကာ မကောင်းဆိုးဝါးဝိညာဉ်၏ရင်ဘက်ကိုပါ ထိုးစိုက်လိုက်သည်။
မီးတောက်များသည် မကောင်းဆိုးဝါးဝိညာဉ်နှင့်တစ္ဆေတို့ကဲ့သို့ အပလောကသများအတွက် အဆိုးဆုံးဖြတ်တည်မှုပင်။ ထို့အပြင် ကျန်းချန်ရွှမ်သည် ဓားထက်တွင် စစ်မှန်သောအဆီအနှစ်စွမ်းအားကိုပါ ရစ်ပတ်ထားခဲ့သည်။
မကောင်းဆိုးဝါးဝိညာဉ်၏ခွန်အားသည် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်နှင့်ယှဉ်နိုင်နေပြီဆိုသော်လည်း ဒဏ်ရာအများအပြားတော့ ရသွားသေးသည်။
ကျန်းချန်ရွှမ်က ထိုမျှဖြင့် ပြန်မဆုတ်သေးပေ။
မကောင်းဆိုးဝါးဝိညာဉ်ကို ဒဏ်ရာအပြင်းအထန်ရစေပြီးနောက် ကျီယန်ဓားဖြင့် ထပ်ခါထပ်ခါ ထိုးစိုက်ပြန်သည်။
ထိုသို့ဖြင့် မကောင်းဆိုးဝါးဝိညာဉ်လည်း သွေးမိစ္ဆာဝိညာဉ်အလံနှင့်အတူ လေထဲတွင် တစ်စစီပေါက်ကွဲသွားတော့သည်။
ကျန်းချန်ရွှမ်ကတော့ လက်တစ်ဖက်ကိုမြှောက်ကာ ပိန်ရှည်ရှည်လူ၏အလောင်းထက်မှ သိုလှောင်အိတ်ကိုဖြုတ်ယူလိုက်သည်။ ထို့နောက် နေရာတွင် ကြာကြာဆက်မနေတော့ဘဲ ကျီယန်ဓားကိုစီးကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ခဏကြာပြီးနောက် ထိုနေရာအနီးတွင် ဓားအလင်းတန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
ထိုလူများ ပိန်ရှည်ရှည်လူနှင့် လူထွားကြီး၏အလောင်းများကိုမြင်သွားသည်နှင့် အမူအရာများ သိသိသာသာပြောင်းလဲသွားကြသည်။
“ဒါ လောင်ကောနဲ့ လောင်ကျောက်မဟုတ်လား။ သူတို့ တကယ်သေနေကြပြီ။
မြန်မြန်လုပ်!
မျိုးနွယ်စုခေါင်းဆောင်ဆီ အမြန်သတင်းပို့ကြ!”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၃၄ ။ အကျိုးအမြတ်
ကျန်းချန်ရွှမ်သည်တော့ သူထွက်သွားပြီးနောက် ဘာတွေဖြစ်ခဲ့လဲမသိပေ။
လက်ရှိတွင် သူသည် သီးခြားကျင့်ကြံနိုင်မည့်ဂူတစ်ခုတွင် ရောက်နေခဲ့သည်။
အာရုံခံမှုကိုကာကွယ်နိုင်သည့်အစီအရင်တစ်ခုခင်းကျင်းပြီးနောက် ကျန်းချန်ရွှမ်က ချက်ချင်းပင် သူ၏ကျီကျင်းဝိညာဉ်ဒိုင်းကို ထုတ်ယူလိုက်သည်။
ကျီကျင်းဝိညာဉ်ဒိုင်း၏မျက်နှာပြင်တစ်ဝိုက်တွင် သွေးမြူအလွှာပါးတစ်လွှာရစ်ပတ်နေတာကြောင့် ဂရုတစိုက်စစ်ဆေးလိုက်သည်။
ကံကောင်းစွာဖြင့် ကျီကျင်းဝိညာဉ်ဒိုင်းသည် အလွန်အမင်းညစ်ညမ်းသွားခြင်းမရှိဘဲ သူ၏စစ်မှန်သောအဆီအနှစ်ကိုအသုံးပြုရုံဖြင့် ပြန်လည်ပြင်ပြင်နိုင်ပေသည်။
ထို့နောက် ကျန်းချန်ရွှမ်လည်း ကျီကျင်းဝိညာဉ်ဒိုင်းကို အဝေးပို့ထားလိုက်ကာ နတ်ဆိုးကျင့်ကြံသူနှစ်ဦးထံမှ သူသိမ်းယူခဲ့သည့် သိုလှောင်အိတ်များကို ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် သိုလှောင်အိတ်နှစ်လုံး၌ ကန့်သတ်စည်းများရှိနေသည်။ ကျန်းချန်ရွှမ် သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ဤသိုလှောင်အိတ်နှစ်လုံးပေါ်မှ ကန့်သတ်စည်းများကို ရက်အနည်းငယ်ခန့်အချိန်ယူပြီးနောက် ပယ်ဖျက်နိုင်ကြောင်း သိသွားသည်။
ဒါကြောင့် သူအလျင်လိုမနေတော့ပေ။ သိုလှောင်အိတ်ပေါ်မှ ကန့်သတ်စည်းကို ပယ်ဖျက်ကာ ကျီကျင်းဝိညာဉ်ဒိုင်းကို ပြန်လည်သန့်စင်မှုလုပ်ရင်းဖြင့် အချိန်တစ်ပတ်နီးပါး ကုန်ဆုံးသွားခဲ့သည်။
သိုလှောင်အိတ်နှစ်လုံးပေါ်မှ ကန့်သတ်စည်းကို ကျန်းချန်ရွှမ် အရှင်းဖယ်ထုတ်ပြီးသွားကာ ကျီကျင်းဝိညာဉ်ဒိုင်းပေါ်မှ ညစ်ညမ်းမှုကိုလည်း သန့်စင်ပြီးသွားပေပြီ။
သို့သော်လည်း ကျန်းချန်ရွှမ်က ကျီကျင်းဝိညာဉ်ဒိုင်းကို သူ၏စစ်မှန်သောအဆီအနှစ်ဖြင့် ဆက်ပြီး အားဖြည့်ပေးနေခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်…
ကျီကျင်းဝိညာဉ်ဒိုင်းကို အလုံးစုံ ပြန်လည်ပြုပြင်ပြီးသွားခဲ့ပြီ။
ထို့ကြောင့် ကျန်းချန်ရွှမ်လည်း သိုလှောင်အိတ်များဘက်ကိုလှည့်နိုင်သွားကာ လူထွားကြီးအိတ်ကိုအရင်ဆုံး ကောက်ယူလိုက်ပြီး နတ်အာရုံဖြန့်ကျက်လိုက်သည်။
ပထမဆုံးမြင်တွေ့လိုက်ရသည်က ကြီးမားလှသည့်ဝိညာဉ်ကျောက်တုံးအပုံကြီးပင်။ စုစုပေါင်း ၁,၈၇၄ တုံးရှိပေသည်။ ဒါ့အပြင် အနက်ရောင် ပုလင်းနှင့်အိုးအချို့ရှိကာ လူသားအရေပြားနှင့် ဦးခေါင်းခွံအချို့လည်းရှိသေးသည်။
တချက်ကြည့်လိုက်ရုံဖြင့် ပစ္စည်းကောင်းများဖြစ်သည်က သိသာသော်လည်း ကျန်းချန်ရွှမ်ကတော့ ၎င်းတို့ကို စိတ်မဝင်စားပေ။ ထို့ကြောင့် အားလုံးကို ထုတ်ယူကာ မီးရှို့ပစ်လိုက်သည်။ ထို့နောက်မှာတော့ နတ်ဆိုးကျင့်စဉ်တချို့နှင့် အလွန်ရက်စက်သောနတ်ဆိုးမန္တန်တချို့လည်း ရှိသေးသည်။
ကျန်းချန်ရွှမ်အနေနှင့် ထိုကျင့်စဉ်များကို သင်ယူမည်မဟုတ်သော်ကြောင့် ၎င်းတို့ကိုလည်း မီးထုတ်ရှို့လိုက်ပြန်သည်။
ထို့နောက် သူနှင့်တိုက်ခိုက်တုန်းက အသုံးပြုခဲ့သည့် အနက်ရောင်လက်သည်းကိုလည်းတွေ့လိုက်ရသည်။ ၎င်းသည် နတ်ဆိုးလက်နက်တစ်ခုဖြစ်ကာ နာကျည်းမှုများနှင့် မိစ္ဆာအော်ရာ ပမာဏများစွာကို စုစည်းထားသည့်ပစ္စည်းဖြစ်သည်။
ကျန်းချန်ရွှမ်သည်က နတ်ဆိုးကျင့်စဉ် တခါမှမကျင့်ထားဖူးသူဖြစ်တာကြောင့် ထိုပစ္စည်းက သူ့အတွက် အသုံးမဝင်ပေ။
သို့သော်လည်း ပြန်လည်သန့်စင်ပြီးနောက်တွင်တော့ ဤနတ်ဆိုးလက်နက်ကို အရည်ကျိုပြီး တခြားပစ္စည်းတွေပြုလုပ်ရာမှာ အသုံးပြုနိုင်သည်။ ဒါ့အပြင် ဝိညာဉ်ကျောက်တုံးပေါင်းများစွာလည်း အဖိုးတန်ပေမည်။
နောက်ဆုံးအနေနှင့် အစိမ်းရောင်အော်ရာရှိသည့် အဆောင်တစ်ခုဖြစ်သည်။ ၎င်းကို ကျန်းချန်ရွှမ်လက်ထဲတွင် ကိုင်လိုက်သည်နှင့် သူအမူအရာက အနည်းငယ်ပြောင်းလဲလို့သွားသည်။
အကြောင်းကတော့ သူ့ရှေ့ရှိအဆောင်ကို မှတ်မိသွားလို့ပင်။
ထိုအဆောင်ကို ရွှမ်ချင်းလေနတ်အဆောင်ဟုခေါ်သည်။ ၎င်းကိုပစ်လွှတ်လိုက်သည်နှင့် တောင်ကြီးတစ်လုံးကိုပင် မှုတ်ထုတ်လိုက်နိုင်လောက်သည့် ကြောက်မက်ဖွယ်လေပြင်းတစ်ခုကို ထုတ်ဖော်နိုင်ပေသည်။
ကျင့်ကြံသူတစ်ယောက်သာ ထိုအဆောင်ဖြင့် မှုတ်ထုတ်ခံရလျှင် အသွေးအသားနှင့်အရိုးပါမကျန် တစစီကွဲထွက်အောင် လွင့်ထွက်သွားမည်ဖြစ်သည်။ ဤအဆောင်သည် အလယ်အဆင့် (အဆင့် ၂) အဆောင်သာဖြစ်သော်လည်း စွမ်းအားကတော့ အခြေတည် ဆဌမအဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ပွဲအင်အားအထွတ်အထိပ်အဆင့်လောက်ရှိပေသည်။
အခြေတည်နှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူများတောင်မှ ဤအဆောင်နှင့်ရင်ဆိုင်ရလျှင် သတိကြီးကြီးထားရမည်ဖြစ်သည်။
သူတို့သာ သတိမမူမိလျှင် သေချာပေါက် ဒုက္ခကြီးကြီးရောက်သွားပေမည်။
ကျန်းချန်ရွှမ်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရသည်။
ဤအဆောင်က ထိုလူထွားကြီး သူနှင့်တိုက်ရာတွင်အသုံးပြုရန် ပြင်ဆင်ထားသည့် ဝှက်ဖဲဖြစ်လောက်သည်။ ကံကောင်းစွာဖြင့် ထိုဝှက်ဖဲကို အသုံးမပြုနိုင်ခင် သူကအရင်လက်ဦးမှုယူကာ လူထွားကြီးကို သတ်နိုင်ခဲ့၍ပင်။ မဟုတ်ပါက ပြီးခဲ့သည့်တိုက်ပွဲရလဒ်မှာ လုံးဝပြောင်းလဲသွားနိုင်သည်။
ထို့ကြောင့် မဆင်မခြင်ပြုမှုခြင်းက ဘယ်လောက်အန္တရာယ်များကြောင်း သက်သေပြလာသည်။
ကိုယ့်ထက်ကျင့်ကြံဆင့်နိမ့်သည်လူနှင့်ရင်ဆိုင်ရလျှင်တောင်မှ ရာနှုန်းပြည့်သတိထားသင့်ပေသည်။ မဟုတ်ပါက ကိုယ်ကသာ သနားစရာကောင်းစွာ သေဆုံးရမည့်သူဖြစ်သွားပေမည်။
ထိုအတွေးများကိုရှင်းလင်းပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် ပိန်ရှည်ရှည်လူ၏သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။
ပထမဆုံးအနေနှင့် ဤအိတ်ထဲတွင်လည်း ဝိညာဉ်ကျောက်တုံးပုံကြီးတစ်ပုံကို မြင်လိုက်ရသည်။ ဤတစ်ခေါက်တော့ အရင်အိတ်တုန်းကထက် ပို၍များကာ ဝိညာဉ်ကျောက်တုံးပေါင်း ၂,၃၀၀ ပင်ရှိပေသည်။ ထိုလူနှစ်ယောက်ပေါင်းပြီး ကျန်းချန်ရွှမ်ကို ဝိညာဉ်ကျောက်တုံးပေါင်း ၄,၁၀၀ ကျော်ကို ထောက်ပံ့ပေးလိုက်သလိုပင်။
ဤပမာဏနှင့်ဆိုလျှင် ရွှေသံချပ်ကာရုပ်သေးအဆောင်ပြုလုပ်ရန်လိုအပ်သည့် ပစ္စည်းများဝယ်ယူဖို့ ပြဿနာတစ်ရပ်မဟုတ်တော့ပေ။
အစကတော့ ကျန်းချန်ရွှမ်တစ်ယောက် ဝိညာဉ်ကျောက်တုံးမလုံလောက်မည့်အရေးအား စိုးရိမ်နေခဲ့ရသည်။
အခုမှာတော့ဖြင့်…
သူ့လက်ထဲတွင်ရှိပြီးသား ဝိညာဉ်ကျောက်တုံးများနှင့်ပါဆိုလျှင် ရွှေသံချပ်ကာရုပ်သေးအဆောင်ပြုလုပ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်းတစ်စုံတင်မက နှစ်စုံ၊ သုံးစုံဝယ်ယူရန်ပင် ပြဿနာမရှိပေ။
လူထွားကြီးအတိုင်းပင် ပိန်ရှည်ရှည်လူ၏သိုလှောင်အိတ်ထဲတွင်လည်း နတ်ဆိုးကျင့်ကြံသူများ အသုံးပြုသည့် ပစ္စည်းများစွာရှိကာ ကျန်းချန်ရွှမ်က အားလုံးကို ရှင်းထုတ်လိုက်သည်။
တဖက်တွင်တော့ ပြီးခဲ့သည့်တိုက်ပွဲကြောင့် နတ်ဆိုးဓားရှည်နှင့် သွေးမိစ္ဆာဝိညာဉ်အလံမှာ အလွန်ပျက်စီးသွားခဲ့သည်။
သူပြန်ပြီး သန့်စင်မည်ဆိုလျှင်တောင်မှ တခြားအဖိုးတန်ပစ္စည်းများလုပ်ရာတွင် အသုံးပြုနိုင်တော့မည်မဟုတ်တာကြောင့် ကျန်းချန်ရွှမ် ၎င်းတို့ကို မယူလိုက်ပေ။
နောက်ထပ်အိတ်ထဲတွင် လက်သီးဆုပ်အရွယ်ရှိ အပြာရောင်ကျောက်တုံးတစ်တုံးကို ကျန်းချန်ရွှမ် ရှာတွေ့သွားသည်။ ကျောက်တုံးထဲတွင်တော့ အပြာရောင်အရည်များစီးဆင်းနေသည်ကို မြင်တွေ့နိုင်သည်။ ၎င်းကို ရေဖန်သားကျောက်တုံးဟုခေါ်ပြီး အဆင့် ၂ ရေဒြပ်စင်ဓမ္မရာတနာများသန့်စင်ရာတွင်အသုံးပြုသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။
၎င်းမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁,၅၀၀ လောက်တန်ပေသည်။
အခွင့်အရေးရရင် သူဒါကို ရောင်းရမည်။
နောက်ဆုံးမှာတော့ အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ကိုသတ်ပြီး ရရှိလာသည့်အကျိုးအမြတ်အားလုံးကို ကျန်းချန်ရွှမ်ရေတွက်ပြီးသွားပေပြီ။ ပြောရလျှင်တော့ ဤတစ်ကြိမ်တိုက်ပွဲမှ ကျန်းချန်ရွှမ်တစ်ယောက် အမြတ်ကြီးကြီးရခဲ့ပေသည်။
နတ်ဆိုးကျင့်ကြံဿူများသည် သူတို့နှင့်အတူ အဖိုးတန်ပစ္စည်းများများစားစား သယ်မသွားတတ်သည့်အချက်ကိုတော့ သတိပြုရမည်။ ဒါကြောင့် ဝိညာဉ်ကျောက်တုံးပေါင်း ၄ထောင်ကျော်၊ လက်သီးဆုပ်အရွယ် ရေဖန်သားကျောက်တုံး နှင့် ရွှမ်ချင်းလေနတ်အဆောင်တို့ရခြင်းကပင် အတော်လေးများပြားနေပြီဖြစ်သည်။
ကျန်းချန်ရွှမ်ကို အနည်းငယ်မပျော်မရွှင်ဖြစ်စေခဲ့သည့် တစ်ခုတည်းသောအရာကတော့ သူတို့၏သိုလှောင်အိတ်များထဲတွင် သူတို့နှင့်သက်ဆိုင်သည့် အထောက်အထားများကို ရှာမတွေ့ခဲ့ခြင်းသာဖြစ်သည်။
ထိုလူနှစ်ယောက် သူ့ကိုဘာကြောင့်သတ်ချင်မှန်း အခုထိ နားမလည်နိုင်သေးပေ။
မေ့လိုက်တော့။ သူ ရှန်းမျိုးနွယ်စုကိုပြန်ရောက်တော့မှ တစ်ယောက်ယောက်ကိုရှာပြီး မေးကြည့်တော့မယ်။
ထိုသို့တွေးပြီးနောက် ကျန်းချန်ရွှမ်လည်း ဂူထဲတွင် ဆက်ပြီးမနေတော့ပေ။ သူခင်းကျင်းခဲ့သည့် အစီအရင်ကိုသိမ်းကာ ပျံသန်းထွက်ခွာခဲ့သည်။
…
ရက်အနည်းငယ် ကြာပြီးနောက်…
ကျန်းမျိုးနွယ်စု၏စီရင်မှုအောက်မှ ကြီးမားသည့်ဈေးကြီးတစ်ခုတွင်၊
ကျန်းချန်ရွှမ်သည် ဆိုင်တန်းအနည်းငယ်ကို ရှာဖွေခဲ့သော်လည်း သူလိုချင်သည့် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိညာဉ်နှင်းရေစက်ကို ရှာမတွေ့သေးတာကြောင့် အတော်လေး စိတ်ပျက်လို့နေသည်။
ကြည့်ရတာ အဆင့် ၂ ဈေးများတွင် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိညာဉ်နှင်းရေစက်တို့ကို ဝယ်ယူဖို့ မဖြစ်နိုင်သည့်ပုံပင်။
ထို့နောက်တွင်တော့ ကျန်းရတနာအိမ်ဟုခေါ်သည့် နောက်ဆုံးကျန်သည့်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
ဤဆိုင်မှာ ကျန်းမသေမျိုးမိသားစုဖွင့်ထားသည့်ဆိုင်ပင်။
ကျန်းချန်ရွှမ်သည်တော့ သူ့စိတ်ကိုသူ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူသာ ဒီဆိုင်တွင် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိညာဉ်နှင်းရေစက်ကို ရှာမတွေ့ခဲ့လျှင် ကန်းယန်ဈေးသို့သာ တန်းသွားလိုက်တော့မည်။
သူ ရတနာအိမ်ထဲသို့ ဝင်သွားလိုက်သည်နှင့် လှပအမျိုးသမီးသည့်ကျင့်ကြံသူတစ်ယောက်က သူ့ကို ကြိုဆိုလာသည်။ သို့သော်လည်း ကျန်းချန်ရွှမ်ထံမှ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏အော်ရာကို ခပ်မှိန်မှိန်ခံစားမိသွားသည်နှင့် သူမ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားကာ မြန်မြန်ဆန်ဆန် ယဉ်ယဉ်ကျေးကျေးနှင့် နှုတ်ဆက်လာခဲ့သည်။
“စီနီယာ၊ ဘာကိုများဝယ်ချင်လို့ပါလဲ? ကျွန်မအခုပဲ မင်းနဲ့စကားပြောဖို့ စီမံခန့်ခွဲသူကိုခေါ်လိုက်ပါ့မယ်။”
ကျန်းချန်ရွှမ် ခပ်သာသာ ခေါင်းညိတ်ပြလိုက်သည်။
ဤသည်ကိုမြင်သည်နှင့် လှပသည့်အမျိုးသမီးကျင့်ကြံသူလည်း ချက်ချင်းပင် တစ်ယောက်ယောက်အား ကျန်းချန်ရွှမ်ကို လက်ဖက်ရည်နှင့် ဧည့်ခံပေးဖို့ပြောလိုက်သည်။ ထို့နောက် သူမကတော့ လှည့်ထွက်ကာ ဆိုင်၏စီမံခန့်ခွဲသူရှိသည့် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၃၅ ။ ရွှေဝါရောင်ကျောက်စိမ်းကိုရရှိပြီး အသိတစ်ယောက်နှင့်တွေ့ဆုံခြင်း
ခဏကြာပြီးနောက်။
သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အပေါ်ထပ်မှ ဆင်းလာခဲ့သည်။ ထိုလူသည် ရတနာအိမ်၏စီမံခန့်ခွဲသူဖြစ်ကာ ကျန်းချန်းနျန်ဟုအမည်ရပြီး ချီသန့်စင်ခြင်း ပြီးပြည့်စုံသည့်အဆင့်သို့ရောက်ရှိနေသူလည်းဖြစ်သည်။
သူက ကျန်းချန်ရွှမ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် စိတ်အားထက်သန်သည့်ပုံစံပြောင်းသွားကာ၊
“စီနီယာ၊ ဆိုင်ကိုလာရောက်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ မင်းကို စောစောထွက်မကြိုမိတဲ့အတွက် တောင်းပန်ပါတယ်နော်။ ခွင့်လွှတ်ပေးပါ။
စီနီယာက ကျွန်တော်တို့ ကျန်းရတနာအိမ်ကိုလာတယ်ဆိုတော့ တစ်ခုခုဝယ်ချင်တာများရှိလို့လား?”
ကျန်းချန်ရွှမ်လည်း လိုရင်းကိုသာ တန်းပြောလိုက်သည်။
“ကျုပ် အဆင့် ၂ ရွှေဝါရောင်ကျောက်စိမ်းတစ်တုံးနဲ့ အဆင့် ၂ ကောင်းကင်ဝိညာဉ်နှင်းရေစက်တစ်ပုလင်းလိုချင်တယ်။ ခင်ဗျားတို့ဆိုင်မှာရှိလား?”
“အဆင့် ၂ ရွှေဝါရောင်ကျောက်စိမ်းနဲ့ အဆင့် ၂ ကောင်းကင်ဝိညာဉ်နှင်းရေစက်လား?”
ကျန်းချန်ရွှမ်၏စကားကိုကြားပြီး ကျန်းချန်းနျန်တစ်ယောက် ပြန်လည်မပြုံးပြခင် ခဏမျှ မှင်သက်လို့သွားခဲ့သည်။
“တိုက်ဆိုင်လိုက်တာ။ မနေ့ကပဲ ကျွန်တော်တို့ အဆင့် ၂ ရွှေဝါရောင်ကျောက်စိမ်းတစ်တုံးရထားတယ်။ ဒါပေမယ့် တကယ်ကို စိတ်မကောင်းပါဘူး စီနီယာ။ ကျွန်တော်တို့မှာ ကောင်းကင်ဝိညာဉ်နှင်းရေစက်တော့မရှိဘူး။”
ကျန်းချန်ရွှမ် ဝမ်းသာလို့သွားသည်။
ကျန်းရတနာအိမ်တွင် ရွှေဝါရောင်ကျောက်စိမ်း ရောင်းဖို့ရှိနေလိမ့်မည်ဟု သူအမှန်ကို မမျှော်လင့်ထားခဲ့ပေ။ ကံမကောင်းစွာဖြင့် သူတို့မှာ ကောင်းကင်ဝိညာဉ်နှင်းရေစက်တော့ ရှိမနေခဲ့။ မဟုတ်ပါက တစ်နေရာတည်းနှင့်ပြီးသွားကာ သူ အလုပ်ရှုပ်တော်တော်လေးသက်သာသွားလိမ့်မည်။
ထို့နောက် ကျန်းချန်ရွှမ်က ချက်ချင်းပင် ကျန်းချန်းနျန်အား ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း ကျုပ်ကို အဆင့် ၂ ရွှေဝါရောင်ကျောက်စိမ်းပဲ ပြကြည့်ပေးပါ။”
ကျန်းချန်းနျန်က ငြင်းဆိုခြင်းမရှိဘဲ “ခဏလေးစောင့်ပေးပါ။” ဟု ကျန်းချန်ရွှမ်ကိုပြောပြီးနောက် အပေါ်ထပ်သို့ပြန်တက်သွားသည်။
သိပ်မကြာလိုက်ပါဘဲ ကျန်းချန်းနျန်က ကျောက်စိမ်းသေတ္တာတစ်လုံးကိုကိုင်ကာ ပြန်ဆင်းလာခဲ့သည်။
ကျန်းချန်ရွှမ်က ကျောက်စိမ်းသေတ္တာကိုဖွင့်လိုက်ပြီး အပြုံးတစ်ပွင့်နှင့်၊
“စီနီယာ၊ ဒါကတော့ မင်းလိုချင်တဲ့ အဆင့် ၂ ရွှေဝါရောင်ကျောက်စိမ်းပါ။ အနီးကပ်ကြည့်,ကြည့်ပါဦး။”
ကျောက်စိမ်းသေတ္တာထဲတွင် ငန်းဥအရွယ်ခန့်ရှိသည့် အဝါရောင်ကျောက်စိမ်းတစ်တုံးရှိလို့နေသည်။ တစ်ယောက်ကသာ သေချာဂရုတစိုက်ကြည့်လိုက်လျှင် ထိုအဝါရောင်ကျောက်စိမ်းထံမှ သိပ်သည်းလှသည့်ကမ္ဘာမြေစွမ်းအားအော်ရာကို ခံစားမိနိုင်ပေသည်။
“ကျုပ်ယူပြီး တချက်လောက်ရှိလို့ရမလား?”
ကျန်းချန်ရွှမ်က ကျန်းချန်းနျန်အားမေးလိုက်သည်။
ကျန်းချန်းနျန် တုံ့ဆိုင်းမိပြီးကာမှ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ရတာပေါ့။ စီနီယာ၊ ကြည့်,ကြည့်ပါ။”
ဤရတနာအိမ်ထဲတွင် ကျန်းချန်ရွှမ် တစ်ခုခုလုပ်မည်အား သူမစိုးရိမ်ပေ။ ဈေးတစ်ခုလုံးကို ကျန်းမျိုးနွယ်စုမှ အခြေတည်အဆင့်အကြီးအကဲများ စောင့်ကြပ်နေသည်ကို မဆိုထားနှင့်ဦး ရတနာအိမ်ကိုပင် အခြေတည်အဆင့်ကျင့်ကြံသူများတောင် မချိုးဖြတ်နိုင်သည့် အဆင့် ၂ အစီအရင်ဖြင့် ကာကွယ်ထားပေသည်။
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်က လက်ဆန့်ကာ ရွှေဝါရောင်ကျောက်စိမ်းကို ကောက်ယူလိုက်သည်။ ထိုအခိုက်မှာပဲ သူ့လက်ကောက်ဝတ်မှာ ထိန်းမထားနိုင်စွာ ညွတ်ကျသွားလေသည်။ ခံစားချက်က ၅၀၀-၆၀၀ ကီလိုဂရမ်ရှိသည့် အလေးတုံးကြီးကို ကောက်မလိုက်ရသည့်အတိုင်းပင်။
ဒီအလေးချိန်ဖြင့်ဆိုလျှင် ရတနာအိမ်၏စီမံခန့်ခွဲသူက သူ့ကိုညာရောင်းနေခြင်းမဟုတ်မှန်း ကျန်းချန်ရွှမ်သိလိုက်သည်။ သူ့လက်ထဲရှိ ရွှေဝါရောင်ကျောက်စိမ်းမှာ တကယ့်အစစ်ပင်။
ရွှေဝါရောင်ကျောက်စိမ်းကို ကျောက်စိမ်းသေတ္တာထဲပြန်ထည့်လိုက်ပြီးနောက် ကျန်းချန်ရွှမ်က ကျန်းချန်းနျန်အား ကျေနပ်သည့်အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒါက တကယ့်ကို အဆင့် ၂ ရွှေဝါရောင်ကျောက်စိမ်းပဲ။ ဒါဘယ်လောက်ကျမလဲ?”
“စီနီယာက တကယ်လိုချင်နေမှတော့…”
ကျန်းချန်းနျန်က ပြုံးလိုက်ကာ၊ “ဒါဆိုလည်း စီနီယာ့ကို ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ရောင်းပေးပါ့မယ်။ ဒါ့အပြင် ကောင်းကင်ဝိညာဉ်နှင်းရေစက်ကို ဘယ်မှာရှာတွေ့နိုင်မလဲဆိုတဲ့ သတင်းအချက်အလက်ကိုပါ အပိုဆောင်းထပ်ပြောပြပေးပါ့မယ်။”
ကျန်းချန်းနျန်၏စကားကိုကြားပြီး ကျန်းချန်ရွှမ်၏မျက်လုံးများလက်သွားကာ ချက်ချင်းခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အရောင်းအဝယ်ဖြစ်ပြီ။”
သူက သဘောတူပြီးသည်နှင့် ဝိညာဉ်ကျောက်တုံးတစ်ထောင်ပါဝင်သည့် သိုလှောင်အိတ်တစ်လုံးကို ကျန်းချန်းနျန်အားပေးလိုက်သည်။
ကျန်းချန်းနျန်က သိုလှောင်အိတ်ကိုလက်ခံကာ စစ်ဆေးကြည့်လိုက်ပြီး အတွင်းရှိ ဝိညာဉ်ကျောက်တုံးအရေအတွက် မှန်ကန်ကြောင်း အတည်ပြုပြီးသည်နှင့် ရွှေဝါရောင်ကျောက်စိမ်းထည့်ထားသည့် ကျောက်စိမ်းသေတ္တာအား ကျန်းချန်ရွှမ်ကို ပေးလိုက်သည်။
“ဒီရွှေဝါရောင်ကျောက်စိမ်းကို စီနီယာပိုင်ဆိုင်သွားပါပြီ။”
ထို့နောက် ကျန်းချန်းနျန်က ဆက်မပြောခင် ခဏရပ်လိုက်သည်။
“စီနီယာ ကျွန်တော်တို့ဂိုဏ်းနဲ့သိပ်မဝေးတဲ့ လျိုယွင်ဂိုဏ်းကိုတော့ သေချာပေါက် သိလောက်မှာပေါ့?”
ကျန်းချန်းနျန်က ကျန်းရွှမ်ချန်ထံမှ အဖြေကိုတော့ ပြန်စောင့်ခြင်းမရှိပေ။
“ကျွန်တော်သိသလောက်ဆို ငါးရက်အတွင်း လျိုယွင်ဂိုဏ်းရဲ့စီရင်မှုအောက်က ဈေးမှာ အခြေတည်အဆင့်ကျင့်ကြံသူတွေရဲ့ ပစ္စည်းဖလှယ်ပွဲရှိလိမ့်မယ်။ စီနီယာ အဲ့ဒီကို တချက်လောက်သွားကြည့်ပါလား။ ပြောလို့မရဘူး၊ မင်းလိုချင်နေတဲ့ ကောင်းကင်ဝိညာဉ်နှင်းရေစက်ကို တွေ့လာနိုင်တာပဲ။”
လျိုယွင်ဂိုဏ်းက ကျင်းပမယ့် အခြေတည်အဆင့်ကျင့်ကြံသူများ ပစ္စည်းဖလှယ်ပွဲတဲ့လား?
သေချာပေါက် သူသွားကြည့်ရမှာပေါ့။
ပြောရလျှင် ထိုသို့သော အခြေတည်အဆင့်ကျင့်ကြံသူများ ပစ္စည်းဖလှယ်ပွဲမျိုးသည် အများအားဖြင့် ၁၀နှစ်တစ်ကြိမ်မှ ကျင်းပခြင်းဖြစ်သည်။ အနည်းဆုံးတော့ ရှန်းမျိုးနွယ်စုတွင်တော့ ထိုအတိုင်းပင်။
ပြောကာမှ သူ ရှန်းမျိုးနွယ်စုမှနေခဲ့သည့်တစ်လျှောက် ပစ္စည်းဖလှယ်ပွဲကျင်းပတာမျိုး တစ်ကြိမ်မှ မမြင်ခဲ့ဖူးဘဲ။
ထို့နောက် ဈေးထဲတွင် ကြာကြာဆက်မနေခဲ့ဘဲ ပြန်ထွက်လာခဲ့သည်။
……
တစ်ရက်နီးပါးခန့်ပျံသန်းခဲ့ပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် လျိုယွင်ဂိုဏ်း၏စီရင်မှုအောက်ရှိဈေးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ငါးရက်ကြာလျှင် အခြေတည်အဆင့်ကျင့်ကြံသူများ ပစ္စည်းဖလှယ်ပွဲကျင်းပမည့် ဈေးလည်းဖြစ်သည်။
အခုတော့ လေးရက်သာကျန်ရှိတော့သည်။ ဒီနေရာကိုရောက်လာပြီးမှတော့ ကျန်းချန်ရွှမ် အချိန်ဖြုန်းမနေဘဲ ကောင်းကင်ဝိညာဉ်နှင်းရေစက်ရောင်းသည့်ဆိုင်ရှိမလားဆိုတာကို ရှာဖွေရန် ဆိုင်အချို့သို့ သွားရောက်ခဲ့သည်။
သူသာ ကံကောင်းရင် ဤဆိုင်များကနေ ကောင်းကင်ဝိညာဉ်နှင်းရေစက် ရသွားနိုင်တယ်မဟုတ်လား?
သို့သော်လည်း ကြည့်ရတာတော့ သူ့ကံကောင်းမှုက မလုံလောက်သေးသည့်ပုံပင်။
ဈေးတစ်ဝိုက် လိုက်လံမေးမြန်းပြီးနောက် ဘယ်ဆိုင်ကြီးမှာမှ ကောင်းကင်ဝိညာဉ်နှင်းရေစက်ကို ရှာမတွေ့ခဲ့ပေ။
ကူကယ်ရာမဲ့စွာဖြင့် ကျန်းချန်ရွှမ်အဖို့ နောက်လေးရက်နေလျှင် ကျင်းပမည့် ပစ္စည်းဖလှယ်ပွဲကိုသာ စောင့်နေနိုင်တော့သည်။ ပစ္စည်းဖလှယ်ပွဲတွင်တော့ သူစိတ်မပျက်မိဖို့လည်း မျှော်လင့်ပေသည်။ မဟုတ်ပါက ကန်းယန်ဈေးသို့သွားရမည့်ခရီးက ရှောင်လွှဲလို့ရတော့လိမ့်မည်မဟုတ်ပေ။
ထိုအတိုင်းဆိုလျှင် အသွားအပြန်ခရီးထွက်ဖို့ရန် အနည်းဆုံး အချိန်နှစ်လလောက်ယူရပေလိမ့်မည်။ တကယ်လို့များ လမ်းတစ်လျှောက်အကြောင်းတစ်စုံတစ်ရာသာ ပေါ်ပေါက်ခဲ့လျှင် သူ့ခရီးက နှစ်ဝက်အထိကြာမြင့်သွားနိုင်သည်။
……..
၄ရက်က မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးလို့သွားကာ ပွဲကျင်းပမည့်နေ့တွင်တော့…
ကျန်းချန်ရွှမ်တစ်ယောက် ကြက်သွေးရောင်တိမ်တိုက်ပွဲကြည့်စင်ဟုခေါ်သည့်နေရာသို့ ရောက်လာခဲ့သည်။
သူရောက်ပြီးမကြာခင်မှာပဲ ရုတ်တရက် သူ့နားထဲသို့ ရင်းနှီးနေသည့်အသံတစ်သံက ဝင်ရောက်လာခဲ့သည်။
“အာ? ဒါ တာအိုရောင်းရင်းကျန်းမဟုတ်လား?”
ကျန်းချန်ရွှမ် လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လှပသည့်အမျိုးသမီးကျင့်ကြံသူတစ်ဦးက အံ့ဩနေဟန်ဖြင့် သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။
ကျန်းချန်ရွှမ်လည်း ချက်ချင်းပင် သူမကို မှတ်မိသွားခဲ့သည်။
သူ့ရှေ့တွင်ပေါ်လာသည့် လှပသည့် အခြေတည်အဆင့်အမျိုးသမီးကျင့်ကြံသူမှာ တခြားမဟုတ်ဘဲ လွန်ခဲ့သည့်နှစ်တွေတုန်းက ကန်းယန်ဈေးတွင် သူ့ကိုဂိုဏ်းထဲခေါ်ဖို့လုပ်သည့် လော့ရှားမန်ဂိုဏ်း၏အကြီးအကဲ ချိုးယီရွှေပင်။
လက်ရှိတွင်တော့ သူမဘေးတွင် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသည့် နောက်ထပ်လှပသည့်အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပါ ရှိနေခဲ့သည်။
“တကယ်ကို မင်းဖြစ်နေတာပဲ၊ တာအိုရောင်းရင်းကျန်း။” ချိုးယီရွှေ၏မျက်နှာထက် ချက်ချင်းပင် အပြုံးတစ်ပွင့်ပေါ်ထွက်လာခဲ့သည်။
သူမက အပြာရောင်ဝတ်အမျိုးသမီးကျင့်ကြံသူနှင့်အတူ ကျန်းချန်ရွှမ်ထံသို့ လျှောက်လာကာ စကားစပြောလာသည်။
“မတွေ့ရတာတောင်ကြာပြီပဲ။ ဒီနေ့ ကြက်သွေးရောင်တိမ်တိုက်ပစ္စည်းဖလှယ်ပွဲမှာ တာအိုရောင်းရင်းကျန်းကိုတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။
ဒီနှစ်တွေအတွင်း တာအိုရောင်းရင်းကျန်း ဘာတွေများလုပ်နေတာလဲ?”
“တာအိုရောင်းရင်းချိုး စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးပါ။ ကျွန်တော် အဆင်ပြေနေပါတယ်။”
ကျန်းချန်ရွှမ်က ချိုးယီရွှေကို ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူပြောနေရင်း သူ့အကြည့်ကတော့ ဘေးမှာရှိနေသည့် အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူအမျိုးသမီးထံသို့ မရောက်ဘဲမနေနိုင်ခဲ့ပေ။
ဒါကိုတွေ့တော့ ချိုးယီရွှေက ဦးစွာ မိတ်ဆက်ပေးလာခဲ့သည်။
“စကားမဆက်၊ တာအိုရောင်းရင်းကျန်းကို မိတ်ဆက်ပေးရဦးမယ်။ သူက အကြီးအကဲယန်၊ ယန်ကျွင်းလန်၊ ငါတို့ လော့ရှားမန်ဂိုဏ်းကပဲ။”
သူမမိတ်ဆက်ပေးလိုက်ပြီးနောက် ချိုးယီရွှေက ယန်ကျွင်းလန်ကိုလဲ ပြုံးပြလိုက်ကာ၊
“ကျွင်းလန်၊ ဒါက ငါ မင်းကိုအရင်ပြောပြဖူးတဲ့ တာအိုရောင်းရင်းကျန်း၊ ကျန်းချန်ရွှမ်ပဲ။”
***