← Chapters

အခန်း (၄၁-၄၅)

Vol. 3 Ch. 41-45

အခန်း (၄၁-၄၅)

Vol. 3 Ch. 41-45

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၄၁ ။ ရန်သူကိုထောက်လှမ်းခြင်း

“ကျွန်မတို့လည်း သွားကြရအောင်။”

ရှန်းတောက်မင်ထွက်သွားသည်ကိုကြည့်ပြီးနောက် ရှန်းရူယန်က ကျန်းချန်ရွှမ်ဘက်သို့လှည့်ကာပြောလိုက်သည်။

ကျန်းချန်ရွှမ်လည်း ခေါင်းညိတ်လိုက်ကာ မကြာခင်မှာပဲ သူတို့နှစ်ဦး မိုးမခထောင်ချီဈေးရှိရာအရပ်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

မိုးမခထောင်ချီဈေးနှင့်နီးကပ်လာသည့်အချိန်မှာတော့ ကျန်းချန်ရွှမ်တစ်ယောက် ရှန်းရူယန်ကို ကြည့်လိုက်ကာ၊

“အကြီးအကဲရူယန်၊ ဘိုးဘေးယွမ်လုံနဲ့ ဘိုးဘေးမန်ရွှယ်က ဘယ်လိုလူမျိုးတွေလည်းဆိုတာ ကျွန်တော့်ကိုပြောပြပေးလို့ရမလား?”

ကျန်းချန်ရွှမ်ဘာကြောင့် ဒီမေးခွန်းမေးမှန်း ရှန်းရူယန်နားလည်ပေသည်။ ဒါကြောင့် သူမပြန်မဖြေခင် ခဏမျှပြန်စဉ်းစားလိုက်သည်။

“ဂျူနီယာတစ်ယောက်အနေနဲ့ ဘိုးဘေးနှစ်ယောက်ရဲ့စရိုက်လက္ခဏာနဲ့ပတ်သတ်ပြီး ကျွန်မမှာ ဘာမှတ်ချက်မှပေးဖို့မရှိဘူး။

ကျွန်မသိသလောက်ကတော့ သူတို့ရဲ့အကြီးမားဆုံးသောဆန္ဒရာက ရှန်းမျိုးနွယ်စုကို အရင်လိုဂုဏ်အရှိန်အဝါမျိုးပြန်ရှိလာဖို့ဆိုတာပဲ။ ကံမကောင်းစွာနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှန်းမျိုးနွယ်စုရဲ့တိုးတက်မှုက…”

ရှန်းရူယန်က သက်ပြင်းချကာ ခေါင်းအသာယမ်းလိုက်သည်။

“တကယ်တော့ ဘိုးဘေးယွမ်လုံအကြောင်း ပြောစရာအများကြီးမရှိပါဘူး။ ဒါပေမယ့် ဘိုးဘေးမန်ရွှယ်ကတော့ အစောပိုင်းနှစ်တွေမှာ သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုတွက်ချက်ခြင်းဆိုတဲ့ ဂမ္ဘီရပညာကိုကျင့်ကြံခဲ့တာ။ ဒီတွက်ချက်ခြင်းနည်းပညာက ဘိုးဘေးမန်ရွှယ်ကို ရွှေအမြုတေအဆင့်နတ်ဆိုးကျင့်ကြံသူတစ်ယောက်အပါအဝင် ကန်းယန်ဂိုဏ်းရဲ့အင်အားကြီးရန်သူပေါင်းများစွာကို ဖယ်ရှားရာမှု အကူအညီကြီးကြီးမားမားပေးခဲ့တယ်။

ဒါကြောင့်လည်း ဒီနေ့ဒီအချိန်အထိ သူ့ရဲ့အဆင့်အတန်းက ကန်းယန်ဂိုဏ်းမှာ အရမ်းထူးခြားနေသေးတာပေါ့။ တခြားဂိုဏ်းရဲ့ရွှေအမြုတေအဆင့်အကြီးအကဲကြီးနှစ်ယောက်တောင်မှ ဘိုးဘေးကို အရမ်းလေးစားကြတယ်လို့ပြောတယ်။

ပြောရရင်တော့ ကန်းယန်ဂိုဏ်းမှာ ဒီလိုလေးစားမှုခံရတာက သူ့ရဲ့တာအိုလက်တွဲဖော်မသေမျိုး ပိုင်လုံတစ်ယောက်တည်းကြောင့်မဟုတ်ဘူးပေါ့။”

ရှန်းရူယန်ပြောသွားသည့် မသေမျိုးပိုင်လုံဆိုသူမှာ ရှန်းမန်ရွှယ်၏တာအိုလက်တွဲဖော်၊ ကန်းယန်ဂိုဏ်း၏ရွှေအမြုတေအဆင့်အကြီးအကဲသုံးယောက်ထဲမှ တစ်ဦးလည်းဖြစ်သည်။

သူ့နာမည်က ကျန်းပိုင်လုံဟုဖြစ်ကာ မသေမျိုးပိုင်လုံဟု ခေါ်ဆိုကြသည်။

“ဒါပေမယ့် ကျွန်မကြားထားသလောက်တော့ ဘိုးဘေးမန်ရွှယ် အဲ့ဒီတွက်ချက်ချင်းနည်းလမ်းကိုအသုံးပြုတဲ့အခေါက်တိုင်း သူမရဲ့သက်တမ်းကိုအများကြီး ကုန်ဆုံးသွားစေတယ်တဲ့”

ထိုစကားပြောချိန် ရှန်းရူယန်မှာ စိုးရိမ်သည့်ပုံစံဖြစ်နေသည်။

“ဒါကြောင့်ပဲ အသက်၂၀၀ကျော်ပဲရှိသေးတာတောင် သူ့ရဲ့တစ်ခေါင်းလုံး ဖြူနေရတာပဲ။”

ကျီဖုအဆင့်ကျင့်ကြံသူတစ်ယောက်၏ဘဝသက်တမ်းမှာ အနှစ်၄၀၀အထိ ရှည်ပေသည်။

တချို့သော သက်တမ်းကိုဆွဲဆန့်နိုင်သည့်ဝိညာဉ်ပစ္စည်းများနှင့်ဆိုလျှင် အသက် ၅၀၀လောက်အထိ နေနိုင်ဖို့ဆိုသည်က ပြဿနာတစ်ရပ်မဟုတ်တော့ပေ။

သို့သော်လည်း ရှန်းမန်ရွှယ်သည်တော့ အသက် ၂၀၀ တောင်မပြည့်သေးသော်လည်း သူမ၏ဆံပင်တွေအားလုံးကတော့ ဖြူစွတ်နေခဲ့ပေပြီ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမ၏ဘဝသက်တမ်းမှာ အတော်များများကုန်ဆုံးသွားပြီဖြစ်ကြောင်း ပြောနိုင်သည်။

ဤကဲ့သို့အခြေအနေမျိုးတွင် သက်တမ်းတိုးစေသည့်ဝိညာဉ်ပစ္စည်းများအသုံးပြုလျှင်တောင်မှ သူမအတွက် အကူအညီများများစားစားဖြစ်စေနိုင်တော့မည်မဟုတ်ပေ။

“သူတို့ ရှင့်ကို အခုလိုဆက်ဆံရတဲ့အကြောင်းအရင်းကတော့..”

ရှန်းရူယန်က ကျန်းချန်ရွှမ်ကို နက်ရှိုင်းစွာကြည့်ကာ ဖြည်းညှင်းစွာပြောလာခဲ့သည်။

“ဘိုးဘေးမန်ရွှယ်က ရှင့်အပေါ်မှာတစ်စုံတစ်ခုကို မြင်ထားတာကြောင့်ဖြစ်နေမှာစိုးရတယ်။ ဘိုးဘေးမန်ရွှယ်ကပဲ ဘိုးဘေးယွမ်လုံကို ရှင့်ကိုဂရုစိုက်ဖို့တောင်းဆိုထားတာဖြစ်လောက်မယ်။

ရှင်အများကြီးစိုးရိမ်နေဖို့တော့မလိုပါဘူး။ သူတို့ဘက်က ရှင့်ကိုကောင်းမွန်တဲ့သဘောထားပြလာတာက ရှင့်ကိုထိခိုက်စေဖို့ရည်ရွယ်တာတော့မဟုတ်ဘူး။”

သူတို့နှစ်ဦးသား စကားပြောနေရင်းဖြင့်ပင် မိုးမခထောင်ချီဈေးသို့ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်ရွှမ်သည်တော့ သူ့စိတ်ကိုသူ မနည်းလျှော့ချနေရသည်။

ရှန်းရူယန်ပြောသွားသည့်စကားများအရ ဘိုးဘေးမန်ရွှယ်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုတွက်ချက်ခြင်းနည်းလမ်းကိုကျင့်ကြံထားသူဖြစ်ကြောင်း ပြောနိုင်ပေပြီ။

ဒါကြောင့်ပဲ သူမက သူ့ကို မတူကွဲပြားစွာ ဆက်ဆံနေရတာပေါ့။

ဒါဆို သူမဘာကိုမြင်ထားလို့လဲ?

သူ့မှာ သူ့ကိုကူညီပေးမယ့် အလိမ်အညာစနစ်တစ်ခုရှိနေတယ်ဆိုတာ သိသွားလို့လား?

ထိုဖြစ်နိုင်ချေကိုတော့ ကျန်းချန်ရွှမ် အမြန်အဆန်ပဲ ပယ်ဖျက်လိုက်သည်။

အကြီးအကဲမန်ရွှယ်သာ သူ့လျှို့ဝှက်ချက်ကို တကယ်ပဲသိထားပြီးခြင်းကြောင့်ဆိုလျှင် သူမ၏အပြုအမူက ဒီလောက်အထိ သူ့အပေါ်ကောင်းမွန်နေမှာမဟုတ်သလို သူ့ကို ရှန်းမျိုးနွယ်စုကနေ ဒီလောက်အလွယ်တကူထွက်သွားစေဖို့လည်း မဖြစ်နိုင်ပေ။

သူ လူတွေကို အရမ်းအဆိုးမြင်မနေချင်သော်လည်း လူတွေ ဘယ်လောက်တောင်မှ လောဘကြီးကြောင်း ကျန်းချန်ရွှမ် သိပေသည်။

သူ့ဆီမှာရှိနေသည့် စနစ်ကိုလုယူချင်သည့်အတွေးမျိုးကို သူတို့ဘယ်လိုမှ တွန်းလှန်နိုင်လိမ့်မည်မဟုတ်ပေ။

ဒီတော့ ဘိုးဘေးမန်ရွှယ် သူ့ကိုအထူးတလည်သဘောကောင်းနေရသည့်အကြောင်းအရင်းက တခြားအကြောင်းကြောင့်သာဖြစ်ပေလိမ့်မည်။

ထိုသို့တွေးမိပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် သူ့ဘေးရှိ ရှန်းရူယန်ကိုလှည့်ကြည့်လိုက်ရာ မျက်လုံးချင်းဆုံသွားလေသည်။

ရှန်းရူယန်ကလည်း သူ့ကိုပြန်ပြုံးပြလိုက်ကာ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

“အကြီးအကဲကျန်း၊ ကျွန်မတို့ ဒီနေရာမှာပဲ လမ်းခွဲလိုက်ပြီး၊ နတ်ဆိုးကျင့်ကြံသူအကြွင်းအကျန်တွေကို လိုက်ရှာပြီးမှ ပြန်ဆုံကြရင်ရော?”

ထိုသို့ပြောနေချိန်မှာပဲ အလင်းတန်းဒါဇင်ပေါင်းများစွာက သူတို့ဘက်သို့ ပျံသန်းလာခဲ့သည်။

အနားနီးလာချိန်မှာတော့ ထိုသူအားလုံးမှာ ရှန်းမျိုးနွယ်စု၏ကျင့်ကြံသူများသာဖြစ်ကြောင်း သိလိုက်ရသည်။

ချီသန့်စင်ခြင်းနဝမအဆင့်တွင်ရှိသည့် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူက အရင်ရှေ့သို့တိုးလာကာ ဦးညွှတ်လိုက်ပြီး၊

“အကြီးအကဲတို့ကို နှုတ်ခွန်းဆက်သပါတယ်။”

မတိုင်ခင်ကတည်းက သူတို့လာမည့်အကြောင်း မျိုးနွယ်စုက အကြောင်းကြားထားပြီးသားဖြစ်ပုံပင်။

ရှန်းရူယန်လည်း ခေါင်းအသာညိတ်ကာ မေးမြန်းလိုက်သည်။

“အခု အခြေအနေတွေဘယ်လိုဖြစ်သွားပြီလဲ? နတ်ဆိုးကျင့်ကြံသူတွေရဲ့သဲလွန်စတွေ ရှာတွေ့ထားတာရှိလား?”

သက်လတ်ပိုင်းအမျိုးသားက ခေါင်းယမ်းလိုက်ကာ ဒုက္ခရောက်နေသည့်ဟန်အမူအရာကို ချိတ်ဆွဲရင်း၊

“ဝေးပါသေးတယ်။ ကျွန်တော်တို့ ဘယ်နတ်ဆိုးကျင့်ကြံသူကိုမှ မတွေ့သေးဘူး။ ဒီလူတွေအားလုံး မျက်စိတ်တစ်မှိတ်အတွင်း အစအနမကျန်အောင် ပျောက်သွားသလိုပဲ။”

ရှန်းရူယန်၏လှပသောမျက်ဝန်းများက မှေးကျဉ်းသွားကာ ပြတ်ပြတ်သားသားပြောလာခဲ့သည်။

“ရှင်တို့ မရှာနိုင်တာနဲ့ပဲ သူတို့ ထွက်သွားပြီလို့မဆိုလိုဘူး။

သူတို့တွေ ပင်းချွမ်စီရင်စုမှာရှိနေသေးသ၍ ခြေရာလက်ရာတွေကျန်ခဲ့မှာပဲ။”

ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ကြည့်လိုက်ကာ၊

“အကြီးအကဲကျန်း၊ လူနည်းနည်းလောက်ခေါ်ပြီး လိုက်ရှာကြည့်ရအောင်။

ဒီကြွက်တွေ ဒီလိုပုံစံမျိုးနဲ့ အစအနမကျန်အောင် ပုန်းနိုင်လိမ့်မယ်လို့ ကျွန်မကတော့ မယုံဘူး။”

ကျန်းချန်ရွှမ်အနေနှင့် ထိုအကြံကို ငြင်းဆန်စရာအကြောင်းမရှိတာကြောင့် ချက်ချင်းခေါင်းညိတ်လိုက်သည်။

ထို့နောက် သူနှင့်ရှန်းရူယန်တို့ လူနည်းနည်းစီခွဲခေါ်ကာ မိုးမခထောင်ချီဈေးတွင် စုံစမ်းရှာဖွေခြင်းကို စတင်ခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချီသန့်စင်ခြင်းနဝမအဆင့်ရှိ သက်လတ်ပိုင်းကျင့်ကြံသူသည် သူ့့အဖွဲ့ထဲတွင် တာဝန်ကျလာခဲ့သည်။

သူအပါအဝင် ကျန်းချန်ရွှမ်၏အဖွဲ့ထဲတွင် အသက် ၂၀ မှ ၃၀အတွင်းမှ လူများလည်းပါသေးသည်။

တစ်ယောက်နှင့်တစ်ယောက် အကျဉ်းချုံးမိတ်ဆက်လိုက်ကြပြီးနောက် သက်လတ်ပိုင်းကျင့်ကြံသူသည် ထုန်ပိုင်ယွမ်ဟုခေါ်ကြောင်း ကျန်းချန်ရွှမ် သိလိုက်ရပေသည်။ ထိုသူသည် တကယ်တမ်းတွင် ရှန်းမျိုးနွယ်စု၏အစေခံတစ်ယောက်ဖြစ်သည်။ နောက်ပိုင်း သူ၏ဝိညာဉ်အမြစ်ကို စမ်းသပ်မိသွားကာ အသိစိတ်နယ်ပယ်ကို စမ်းသပ်မှုအောင်မြင်သွားခဲ့သည်။ ထို့နောက်မှာတော့ မသေမျိုးကျင့်ကြံခြင်းနည်းစနစ်ကို စတင်သင်ယူခဲ့ပေသည်။

ဒါကတော့ ကျန်းချန်ရွှမ် မမျှော်လင့်ထားသည့်ဇာတ်ကြောင်းပင်။

ရှန်းမျိုးနွယ်စုတွင် မင်းက အစေခံတစ်ယောက်ဖြစ်နေလျှင်တောင်မှ ချမှတ်ထားသည့်စမ်းသပ်မှုများကို အောင်မြင်ခဲ့မည်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်မဖြစ်လာနိုင်စရာအကြောင်းမရှိပေ။ ဒါကြောင့်ပဲ ရှန်းမျိုးနွယ်စုတွင် ဘာကြောင့် သစ္စာခံကျင့်ကြံသူများစွာရှိနေခြင်းဖြစ်ပေသည်။

ကျန်းချန်ရွှမ် အတွေးများကိုပြန်ရုတ်သိမ်းလိုက်ကာ ထုန်ပိုင်ယွမ်နှင့်အဖွဲ့ဝင်များကို ပြောလိုက်သည်။

“အားလုံးပဲ၊ လူခွဲရှာကြတာပေါ့။ အဖွဲ့ငယ်လေးတွေအဖြစ်ခွဲဖို့တော့မမေ့နဲ့။ မင်းတို့တစ်ခုခုရှာတွေ့တာနဲ့ အလျင်စလိုမလှုပ်ရှားကြနဲ့။ မင်းတို့ရဲ့လုံခြုံရေးက အရေးအကြီးဆုံးဆိုတာ သတိရပါ။”

အမိန့်ကိုလက်ခံရပြီးနောက် ထုန်ပိုင်ယွမ်နှင့်အဖွဲ့ဝင်များက ဦးညွှတ်ကာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက်တွင်တော့ ဒါဇင်ပေါင်းများစွာသော လူများသည် အစုငယ်များအဖြစ် ခွဲလိုက်ကြသည်။

ကျန်းချန်ရွှမ်သည်လည်း အခြားသူများကဲ့သို့ပင် နတ်အသိစိတ်ကိုဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သည်။

သို့သော်လည်း ထိုအချိန်မှာပဲ သူ့စိတ်ထဲတွင် စနစ်၏အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ ကျေးဇူးပြုပြီး ရန်သူရှာဖွေခြင်းကို အကြိမ်တစ်ရာပြီးမြောက်အောင် ဆောင်ရွက်ပါ Host]

[တာဝန်ပြီးမြောက်မှု : ၁ ရာခိုင်နှုန်း]

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၄၂ ။ အတွင်းစိတ်ဝိညာဉ်မျက်လုံး (၁)

ကျန်းချန်ရွှမ်တစ်ယောက် သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ဒီတစ်ခေါက်တော့ စနစ်က သူ့ကိုဤသို့သောတာဝန်မျိုးပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း အတော်လေးတော့ အဆင်သင့်လှသည်။

သူက ချက်ချင်းဆိုသလို မိုးမခထောင်ချီဈေးကိုရှာဖွေစစ်ဆေးရန်အတွက် နတ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်။

မကြာခင်မှာပဲ သူ၏တာဝန်ပြီးမြောက်မှုက တဖြည်းဖြည်းတိုးလို့လာလေသည်…

၅ရာခိုင်နှုန်း၊ … ၈ရာခိုင်နှုန်း… ၁၄ရာခိုင်နှုန်း၊ … ၂၁ရာခိုင်နှုန်း….

သုံးရက်ကြာပြီးနောက်တွင်တော့…

တာဝန်ပြီးမြောက်မှု ၁၀၀ရာခိုင်နှုန်းပြည့်သွားသည်နှင့် သူ့စိတ်ထဲတွင် စနစ်၏အသံကို တဖန်ပြန်ကြားလိုက်ရသည်။

[ရန်သူရှာဖွေခြင်း အကြိမ် ၁၀၀ ပြုလုပ်မှု အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် ‘အတွင်းစိတ်ဝိညာဉ်မျက်လုံး’ ဆုအဖြစ်ရရှိပါတယ်။]

[အတွင်းစိတ်ဝိညာဉ်မျက်လုံး : ဒါကတော့ မင်းရဲ့လက်ရှိကျင့်ကြံဆင့်ထက်ကျော်လွန်သည့် ရုပ်ဖျက်နည်းလမ်းများကို ဖောက်ထွင်းမြင်စေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော ပုံရိပ်ယောင်များကို ချိုးဖြတ်ပြီး အစစ်အမှန်ကို မြင်တွေ့စေနိုင်ပါတယ်။]

ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်၏မျက်လုံးမှာ မရေမတွက်နိုင်လောက်သည့် စူးရှရှနာကျင်မှုများအပြင် မှိန်ဖျော့သည့်လောင်ကျွမ်းသွားသလို ခံစားမှုကိုပါ နာကျင်ခံစားလိုက်ရသည်။

ကံကောင်းစွာဖြင့် ထိုနာကျင်မှုက မကြာမြင့်ခဲ့ပေ။

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင်တော့ မျက်လုံးက ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း တကယ်တမ်း သူ့မျက်လုံးတွေက အရင်နှင့်မတူတော့မှန်းကိုတော့ ကျန်းချန်ရွှမ် ခံစားမိနိုင်ပေသည်။

ကျန်းချန်ရွှမ်တစ်ယောက် အတွင်းစိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းဖို့ကြိုးစားလိုက်သည်နှင့် အစိမ်းရောင်အလင်းလွှာတစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက် သူ အလင်းစက်များစွာကို မြင်တွေ့လိုက်ရသည်။

ထိုအလင်းစက်များသည် နေရာအနှံ့တွင် နတ်ဆိုးကျင့်ကြံသူများကို ရှာဖွေနေကြသည့် ရှန်းမျိုးနွယ်စုမှ ကျင့်ကြံသူများကို ကိုယ်စားပြုကြပေသည်။

ထို့အပြင် အဖြူရောင်ဝိညာဉ်ချီစီးကြောင်းနှင့်အတူ ပျောက်ကွယ်လုနီးပါး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် အနက်ရောင်ဝိညာဉ်ချီစီးကြောင်းကိုလည်း တွေ့ရသေးသည်။

နေပါဦး!

ရုတ်တရက် ထင်ယောင်ထင်မှားဖြေစ်စေသော ဖောက်ထွင်းမြင်ရသည့်ပုံရိပ်အချို့ကို ကျန်းချန်ရွှမ် မြင်လိုက်ရသည်။

မရေမတွက်နိုင်လောက်အောင် များပြားသည့် တွန့်လိမ်ကာ ရူးသွပ်နေကြသည့် ကြမ်းကြုတ်သောတစ္ဆေများသည် သူတို့အနားတွင် ပတ်လည်ဝိုင်းလို့နေလေသည်။

ကျန်းချန်ရွှမ်လည်း ချက်ချင်းပင် ရှန်းရူယန်အား အကြောင်းကြားလိုက်တော့သည်။

သူကိုယ်တိုင်သည်တော့ ထိုဖောက်ထွင်းမြင်ရသည့်ပုံရိပ်များဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။

ခဏကြာပြီးနောက် ရှန်းရူယန်တစ်ယောက် ကျန်းချန်ရွှမ်အနားတွင် ပေါ်လာခဲ့သည်။

သူမက စကားတိုက်ရိုက်မပြောဘဲ ကျန်းချန်ရွှမ်ထံ အသံလှိုင်းပို့လွှတ်လိုက်ပြီး၊ “အကြီးအကဲကျန်း၊ ရှင် နတ်ဆိုးကျင့်ကြံသူတွေရဲ့သဲလွန်စတွေ့ထားတယ်လို့ ပြောလိုက်တာလား?”

ကျန်းချန်ရွှမ်ကလည်း ခေါင်းညိတ်လိုက်ကာ အသံလှိုင်းဖြင့် ပြန်ဖြေလေသည်။

“သူတို့က ဒီရှေ့မှာ သိပ်မဝေးဘူး။ ကြည့်ရတာ သူတို့ဆီမှာ ကျွန်တော်တို့ရဲ့ နတ်အသိစိတ်ကို ကာကွယ်နိုင်တဲ့ပစ္စည်းတစ်ခုခုရှိနေပုံပဲ။

အတူတူ ဝင်တိုက်ကြရအောင်။ ကျွန်တော်တို့ ပေါင်းရင် သူတို့ကို အနိုင်ယူနိုင်လောက်မယ်ထင်တယ်။”

တချိန်တည်းမှာပင်…

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ရှိနေသည့်နေရာနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်၌၊

နတ်ဆိုးကျင့်ကြံသူအနည်းငယ်က စကားပြောနေကြသည်။

နှာတံကောက်ကောက်ဖြင့် နတ်ဆိုးကျင့်ကြံသူတစ်ဦးက၊ “မင်းတို့မှာ ဝိညာဉ်ကျောက်တုံးဘယ်လောက်ရှိလဲ? အားလုံးထုတ်လိုက်။

ငါတို့ရဲ့လက်ရှိအခြေအနေကို မင်းလည်းသိမှာပါ။

ရှန်းမျိုးနွယ်စုရဲ့စစ်ဆေးရှာဖွေမှုကို ငါတို့ရှောင်နိုင်မှ ဒီတစ်ကြိမ် လွတ်မြောက်ဖို့ဖြစ်နိုင်မယ်။

သူတို့စစ်ဆေးတာကိုရှောင်နိုင်ဖို့ဆိုရင် ငါ့လက်ထဲက အဆင့် ၂ ကိုယ်ပျောက်အစီအရင်ပြားကို အသက်သွင်းထားတာ မရပ်သွားဖို့လိုတယ်။

မဟုတ်ရင် ငါတို့တွေပေါ်သွားတာနဲ့ ငါတို့ရှေ့က အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်တည်းကတင် ငါတို့အားလုံးကို လက်စတုံးပစ်နိုင်တယ်။”

ထိုလူ၏စကားများကိုကြားပြီးနောက် နတ်ဆိုးကျင့်ကြံသူများမှာ တစ်ယောက်ယောက်တစ်ယောက် ပြန်ကြည့်မိလိုက်ကြသည်။ နတ်ဆိုးကျင့်ကြံသူများသည် တစ်ကိုယ်ကောင်းဆန်ကာ တစ်ယောက်ကိုယ်တစ်ယောက် ခြေထိုးဖို့ကြံစည်နေကြသူများဖြစ်သော်လည်း လက်ရှိအချိန်တွင်တော့ သူတို့သာ စည်းစည်းလုံးလုံးမရှိလျှင် အသက်ရှင်လျက်လွတ်မြောက်နိုင်မည့်အခွင့်အရေးမရှိကြောင်း နားလည်ကြပေသည်။

ဤအချက်ကို သဘောပေါက်လိုက်ကြပြီးနောက် သူတို့တွင်ရှိသည့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ကာ နှာတံကောက်ကောက်နှင့်နတ်ဆိုးကျင့်ကြံသူအား ပေးလိုက်ကြတော့သည်။

ကလူမြူတတ်သောပုံစံရှိသည့်နတ်ဆိုးကျင့်ကြံသူအမျိုးသမီးက တခစ်ခစ်ရယ်လိုက်ကာ၊ “အစ်ကိုချွေ့၊ ကျွန်မ ဒီဘေးဆိုးကြီးကနေ လွတ်မြောက်နိုင် မလွတ်မြောက်နိုင်က ရှင့်အပေါ်မူတည်သွားပြီနော်။ ကျွန်မသာ ဒီဘေးဆိုးကြီးကနေ လွတ်မြောက်နိုင်ခဲ့ရင် ရှင့်ကိုဆုကောင်းကောင်းချဖို့ မမေ့ဘူး။”

သူမကပြောရင်း ခန္ဓာကိုယ်ကလည်း အငြိမ်မနေစွာ တွန့်လိမ်လို့နေသည်။

အစ်ကိုချွေ့ဟုခေါ်သည့် နှာတံကောက်ကောက်နှင့် နတ်ဆိုးကျင့်ကြံသူက သူမစကားများကိုကြားသည်နှင့် သူ့မျက်လုံးထဲတွင် တပ်မက်မှုများထွက်ပေါ်လာကာ ခပ်ဟဟရယ်လိုက်ပြီး၊ “ငါသာ အသက်ရှင်နေသ၍ မင်းကိုကာကွယ်ပေးသွားမှာပါ။ ဒီကပ်ဘေးကြီးပြီးဆုံးသွားရင် ဝူစန်းနျန်က ငါနဲ့အတူ အရိုးဖြူတောင်ကိုလိုက်ခဲ့ပေါ့။”

ထိုအချိန်တွင်ပဲ တဖျက်ဖျက်နှင့်တောက်ပစွာလင်းလက်နေသည့် မိုးကြိုးသွားတစ်ခုက သူတို့၏အမြင်အာရုံထဲသို့ ဝင်ရောက်လာကာ ပုန်းကွယ်နေကြသည့် နတ်ဆိုးကျင့်ကြံသူများ၏အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

“ဘယ်လိုလုပ်..?”

ဘုန်း!

သူတို့အားလုံး မတုံ့ပြန်နိုင်ခင်တွင်ဘဲ မိုးကြိုးသွားက သူတို့ပုန်းကွယ်နေသည့်အစီအရင်ကို ဆုတ်ပြဲသွားစေလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အလွန်အမင်းအေးစက်သည့်အအေးဓာတ်များပါဝင်နေသော အဖြူရောင်အလင်းတန်းတစ်ခုက နတ်ဆိုးကျင့်ကြံသူများထံကျရောက်သွားကာ…

ခရက်ခ်.. ခရက်ခ်.. ခရက်ခ်

ထိုနတ်ဆိုးကျင့်ကြံသူများ၏ခန္ဓာကိုယ်များက ချက်ချင်းဆိုသလို ရေခဲလွှာတစ်ခုဖြင့် ဖုံးအုပ်ခြင်းခံလိုက်ရတော့သည်။

ထို့နောက် ခရမ်းရောင်မီးတောက်များဖြင့် ဓားပျံတစ်လက်နှင့် ရောင်စဉ်ခုနှစ်သွယ်ဖြာထွက်နေသော ဓားပျံတစ်လက်တို့က နှာတံကောက်ကောက်ဖြင့်နတ်ဆိုးကျင့်ကြံသူအပါအဝင် တခြားသောနတ်ဆိုးကျင့်ကြံသူများ၏ခေါင်းကိုပါ ဖြတ်တောက်လိုက်ကြသည်။

သူတို့အားလုံး မျက်လုံးများပြူးကျယ်နေပြီး သူတို့ဘယ်လိုရှာထုတ်ခံရမှန်းပင်မသိလိုက်ဘဲ သေဆုံးသွားကြလေသည်။

အစ်ကိုချွေ့လက်ထဲရှိ ကိုယ်ပျောက်အစီအရင်ပြားဆိုသည်မှာ အခြေတည်နဝမအဆင့်ကျင့်ကြံသူတစ်ဦး၏ ရှာဖွေစစ်ဆေးမှုကိုပင် ဖုံးကွယ်ထားနိုင်စွမ်းရှိသည့် အစီအရင်တစ်ခုဖြစ်ပေသည်။

ဘာတွေဖြစ်ကုန်တာလဲ?

ကံမကောင်းစွာဖြင့် သူတို့တွင် အဖြေကိုသိသွားဖို့ အခွင့်အရေးမရှိလိုက်ပေ။

ဝှီး…

သို့သော်လည်း ထိုအချိန်မှာပဲ ခန္ဓာကိုယ်တစ်ခုထဲမှ ပမာဏများပြားလှသည့် သွေးမြူများ ရုတ်ချည်းထွက်ပေါ်လာကာ တစ္ဆေတစ်ကောင်လိုမျိုး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ဒါဇင်ပေါင်းများစွာသို့ လှစ်ခနဲထွက်ပြေးသွားတော့သည်။

ထိုသည်မှာ ကလူမြူတတ်သည့်အမျိုးသမီးနတ်ဆိုးကျင့်ကြံသူ ဝူစန်းနျန်ပင်ဖြစ်ပေသည်။

သူမသုံးသွားသည့်ထွက်ပြေးလွတ်မြောက်ခြင်းနည်းလမ်းကို သွေးအရိပ်လွတ်မြောက်ခြင်းဟု ခေါ်ပေသည်။ ထိုနည်းလမ်းဖြင့်ဆိုလျှင် သူမခန္ဓာကိုယ်ရှိ သွေး ၇၀ရာခိုင်နှုန်းကိုအသုံးပြုကာ အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ထံမှပင် ထွက်ပြေးနိုင်သည့်အရှိန်ကိုရရှိပေသည်။

သာမာန်အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူများအတွက်တော့ လိုက်ဖက်ရန်အလွန်ခက်ခဲလှသည့် နည်းစနစ်တစ်ခုပင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏လက်ရှိ အရှိန်ဖြင့်ဆိုလျှင်တော့ သေချာပေါက် လိုက်ဖမ်းဖို့မဖြစ်နိုင်ပေ။

ရန်သူကိုလွတ်သွားတာကြောင့် ရှန်းရူယန်၏အမူအရာက အလွန်အရုပ်ဆိုးသွားရသည်။

“သေစမ်း! ထွက်ပြေးသွားပြီ။”

သို့သော်လည်း ကျန်းချန်ရွှမ်သည်တော့ ပြုံးသာပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ သူမ အဝေးကြီးမပြေးနိုင်ပါဘူး။ သူမရဲ့အသက်ဓာတ်ကိုလောင်ကျွမ်းစေတဲ့ တားမြစ်နည်းလမ်းက အမြဲတမ်းလွတ်မြောက်အောင် လုပ်ပေးနိုင်မယ်မထင်ဘူး။”

ကျန်းချန်ရွှမ်၏မျက်လုံးထဲ အစိမ်းရောင်းအလင်းတစ်ပျက တဖန်ပြန်လင်းလာပြန်သည်။

သူက ရှန်းရူယန်ကိုခေါ်ပြီး ဝူစန်းနျန်ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ လိုက်သွားလိုက်သည်။

သို့သော်လည်း ဝူစန်းနျန်က ပြေးတာမြန်လွန်းတာကြောင့် မကြာခင်မှာပဲ သူမကျန်ခဲ့သည့်သဲလွန်စမှာ ပျက်သွားတော့သည်။

ကီလိုမီတာရာပေါင်းများစွာသို့ တစ်ချက်တည်းနှင့်ပြေးသွားနိုင်သည့် ဝူစန်းနျန်သည်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အရှိန်အဝါကို မခံစားမိတော့တာကြောင့် သက်ပြင်းအသာချနိုင်သွားသည်။

ထို့နောက် သူမ၏မျက်နှာထက်တွင် မကျေနပ်ဟန်များပေါ်လာကာ၊

“သေသင့်တဲ့ရှန်းမျိုးနွယ်ကကျင့်ကြံသူတွေ၊ နင်တို့စောင့်နေလိုက်ကြဦး။ ငါ့ဒဏ်ရာတွေပြန်ကောင်းသွားတာနဲ့ နင်တို့လက်အောက်က မြို့တွေမှာရှိတဲ့ သေမျိုးတွေအပေါ် ငါ့ဒေါသကို ဖြေဖျောက်ပြမယ်!”

သူမကပြောရင်း သူမကိုယ်သူမဖုံးကွယ်နိုင်မည့်မန္တာန်တချို့ကိုရေးဆွဲလိုက်သည်။ ထို့နောက် ဆေးလုံးလက်တစ်ဆုပ်စာအပြည့်ကို ထုတ်ကာ မြိုချလိုက်လေသည်။

အားလုံးပြုလုပ်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဆက်လက်ပျံသန်းခဲ့ပြီး သူမပုန်းအောင်းနိုင်မည့် ဂူတစ်ခုသို့ မရောက်မချင်း မရပ်တန့်တော့ပေ။

…

ဒီတစ်ခေါက်တော့ သူမနောက်ကလူနှစ်ယောက်ကို တုန်လှုပ်သွားအောင် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သည့် ယုံကြည်လို့နေလေသည်။

“ဟမ့်! နင်တို့က ငါ့ကိုအဆိုးဆုံးအခြေအနေအထိရောက်အောင် တွန်းချတယ်ပေါ့လေ? ဒီလောက်နဲ့မပြီးသွားဘူး။ နင်တို့ကို ပြန်ပေးဆပ်ရအောင်လုပ်ပြမယ်…”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၄၃ ။ အတွင်း​စိတ်​ဝိညာဉ်​မျက်လုံး​ (၂)

ရှန်းရူယန်၏ အခြေအနေ​သက်​သာလာပြီး တားမြစ်​နည်း​စနစ်၏ တန်ပြန်​ထိခိုက်​မှုကို ထိန်းချုပ်​နိုင်​လာသည့်အခါ ကျန်း​ချန်​ရွှမ်​သည် ဝူစန်းနျန်ပုန်းအောင်းနေသော ဂူရှိရာသို့ လမ်းပြ​ခေါ်​ဆောင်​သွားသည်။

“အကြီးအကဲ​ကျန်းက အဲဒီ​မိန်း​မရှိတဲ့နေရာကို သိနေ​တာလား”

ဂူရှိရာသို့​ ပျံသန်း​နေစဉ် ရှန်းရူယန်​က မေးလိုက်​ခြင်း​ဖြစ်​သည်။ ကျန်း​ချန်​ရွှမ်၏ မျက်လုံး​များ​နှာ စိမ်း​ပြာရောင် အလင်း​များတောက်ပနေလျက်ပင် ရှိသေးသည်။

“မစိုးရိမ်​ပါနဲ့​ သူဘယ်မှာပုန်းနေလဲသိပါတယ် ကျုပ်​ထင်​တာမမှားရင် ဒဏ်ရာကိုကုနေတုန်းပဲ ရှိဦးမယ်၊ ဒီတစ်ခါတော့​ သူ့ကို​ရှင်းနိုင်မှာပါ”

စကား​တပြောပြောနှင့်ပင် နှစ်ဦး​သား​ ဝူစန်းနျန်ပုန်းအောင်းနေသော​ ဂူအနီးသို့ ရောက်​ရှိ​လာတော့သည်။ သွေး​အရိပ်​လွတ်မြောက်​ခြင်းနည်းစနစ်ကြောင့် ဒဏ်ရာ​ရရှိနေသော ဝူစန်းနျန်သည် ရုတ်တရက်​စိတ်​များလေးလံသွားပြီး သွေးတစ်လုပ်အန်ချလိုက်မိသည်။

“ဘာ​တွေဖြစ်ပြန်ပြီလဲ ဟို​နှစ်ယောက်​လိုက်လာတာလား၊ မဖြစ်နိုင်​ဘူး”

ထို​အချိန်​တွင် ဂူတံခါးမှာ ရုတ်တရက်​ပေါက်​ကွဲသွားပြီး လျှပ်​စီးစည်းတံဆိပ်တစ်ခုနှင့် ခရမ်းရောင်​မီးလျှံ​ဓား​ပျံ​တစ်စင်း ပြေး​ဝင်​လာသည်ကို မြင်​လိုက်​ရသည်။

“မင်း​တို့…. မင်း​တို့​ငါ့ကို​ဘယ်​လို​ရှာတွေ့လဲ”

ဝူးစန်းနန်တစ်ယောက် တုန်​လှုပ်​သွားသည်။ သည်နှစ်ယောက်ကို သူမျက်ချေဖြတ်နိုင်ခဲ့သည်မှာ သေချာပါ​သည်။ ယခုတော့….

ဝူစန်းနျန်က စဉ်းစားမ​နေတော့​ဘဲ သွေးနီရောင်ဓားမောက်ရှည်ကို ဆွဲထုတ်​လိုက်သည်။ ဓား​မောက်​ရှည်​မှာ နတ်ဆိုး​အော်​ရာများ ထုတ်​လွှတ်​နေပြီး​ ပတ်ဝန်းကျင်ရှိ အလင်း​များမှာ စွေးစွေးနီသွားတော့သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်၏ ခရမ်း​ရောင်မီးလျှံဓားနှင့် ရှန်းရူယန်၏ မိုး​ကြိုး​တံဆိပ်​တော်ကို ယှဥ်​နိုင်​စွမ်းမရှိတော့ပါ။ ထို့နောက်​ အနီးကပ်တိုက်ပွဲတစ်ခုဖြစ်ပွားပြီး ပေါက်​ကွဲမှုများ အဆက်​မပြတ်ဖြစ်ပေါ်လာတော့သည််။ သွေး​ရောင်​ဓား​မောက်ရှည်မှာ မိုးကြိုး​များအဆက်မပြတ်ပစ်ခတ်ခံရခြင်းကြောင့် ဓားသွားထက်​ရှိ သွေး​များ​ပင် အရောင်​လွင့်လာသည်။ နောက်ဆုံး​တွင်​ ကျီယန်ဓားက​ သူမ၏ဦး​ခေါင်း​ကို ပိုင်း​ဖြတ်​လိုက်​နိုင်သည်။

များမကြာမီ မိုး​မခထောင်ချီစျေးအတွင်း ပုန်း​အောင်း​နေသော အခြေခံ​တည်အဆင့် နတ်ဆိုးကျင့်ကြံသူလေးဦးစလုံးကို ရှာဖွေ​သတ်​ဖြတ်​နိုင်​ခဲ့တော့သည်။ ထိုတာဝန်ကို လွယ်ကူ​စွာ​အပြီး​သတ်​နိုင်​ရခြင်းမှာ ကျန်း​ချန်​ရွှမ်၏ ဝိညာဉ်​မျက်လုံး​အစွမ်းလည်းပါဝင်သလို ထို​လေးဦးမှာ ဒဏ်ရာ​အကြီး​အကျ​ယ်​ရထားနှင့်သည့် အချက်​လည်း​ပါဝင်သည်။ မည်သို့​ပင်​ဆို​စေ​ ကျန်း​ချန်​ရွှမ်​နှင့်​ ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့်နှင့် နှိုင်း​စာလျှင် ခက်​ခဲသော တာဝန်​တစ်ရပ်​ကို ဆောင်ရွက်​နိုင်​ခြင်းဟု သတ်​မှတ်​ရပါ​မည်။ ဝူစန်းနျန်၏ သိုလှောင်​အိတ်​ကို သိမ်းဆည်း​ပြီး​နောက် ရှန်းရူယန်​သည် ကျန်း​ချန်​ရွှမ်အား အံ့သြစွာကြည့်လျက်

“အကြီးအကဲ​ကျန်း​ ခုနက​ရှင်သုံးသွားတာ ဘာအစွမ်းလဲ၊ ဒီမိန်းမပုန်းနေတဲ့နေရာကို ဘယ်လို​ရှာတွေ့တာလဲ”

ကျန်း​ချန်​ရွှမ်၏မျက်လုံး​မှာ စူးကနဲဖြစ်သွားသည်။ ထို​ကြောင့်​ ဤဝိညာဉ်​မျက်လုံး​ကို အချိန်​တစ်ခုအထိ အသုံးပြု၍ရဦးမည် မဟုတ်​ကြောင်း​ သူနားလည်လိုက်သည်။ ထို့ကြောင့် သူကပြုံးလျက်

“ဘာမှမဟုတ်ပါဘူး လူတွေ​ကို ခြေရာ​ခံနိုင်တဲ့စွမ်းရည်တစ်မျိုးပါပဲ၊ မွေးရာပါအစွမ်းပေါ့”

ရှန်း​ရူယန်​မှာ ကျန်း​ချန်​ရွှမ်၏အဖြေကြောင့် အံသြမိသွားသည်။ အချို့​သောလူများတွင် နတ်ဆိုး​သားရဲ​များ၏ ပင်​ကိုယ်​အစွမ်းနှင့် ဆင်တူသော မွေးရာပါအစွမ်းများရှိနေကြောင်း သူမကြားဖူးသည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​တွင်​ သည်လိုအစွမ်းမျိုး ရှိနေမည်ဟု သူမမထင်ထားခဲ့ပါ။ ရှန်းရူယန်​က တစ်​ခုခု​ပြော​မည်ပြင်ပြီးမှ တွန့်ဆုတ်​သွားသည်။ ထို​အခြင်းအရာ​ကို မြင်​လိုက်​သော ကျန်း​ချန်​ရွှမ်က ပြုံး​လျက်​

“အကြီးအကဲ​ရှန်း ကျုပ်​ကို နတ်ဆိုးကျင့်ကြံသူတွေကို ခြေရာ​ခံ​ရှာစေချင်တာလား”

“ဟုတ်တယ်​ ကျွန်မ​အဲဒီ​လိုတွေးမိလို့”

ထို့နောက်​ ရှန်းရူယန်သည် ခေတ္တ​ရပ်​လိုက်ပြီးမှ တွေး​တွေးဆဆနှင့်ပြောသည်။

“ရှင်​ဆန္ဒ​မရှိရင်တော့ အတင်းအကြပ်​မခိုင်းချင်ပါဘူး၊ ရှင့်အစွမ်းကို လူတွေ​သိသွားရင်လည်း ကောင်း​ကျိုး​ထက်​ဆိုးကျိုး​ပိုများ​နိုင်တယ်လေ”

ဝန်ခံ​ရ​လျှင်​ ကျန်း​ချန်​ရွှမ်​သည်​လည်း လူအများ​အာရုံစိုက်​ခံရခြင်းကို မလို​လား​ပေ။ သို့သော်​ ပြဿနာ​မှာ ကျင့်ကြံမှုလောကရှိ အရေးပါသော ဖြစ်စဉ်ဝဲဂယက်တစ်ခုအတွင်းသို့ သူကိုယ်တိုင်​ပင် မသိလိုက်ဘဲ ဝင်ပါမိရန် အကြောင်း​ဖန်​နေခြင်း​ဖြစ်​သည်။ နတ်ဆိုးကျင့်ကြံသူနှစ်ဦး​ကို​ သတ်​ဖြတ်​မိသည့်အချိန်မှစ၍ ဤပြဿနာ​တွင် မဖြစ်​မနေ​ဝင်ပါနေရတော့မည်ဟု သူနားလည်လိုက်သည်။ ထို့​ပြင်​ လာမည့်​နှစ်၂၀ အတွင်း ​နတ်ဆိုးသားရဲအဓိကရုဏ်းကပ်ဘေးကြီး ဖြစ်ပွား​လာမည်ဖြစ်ရာ ထိုအချိန်တွင် မပါဝင်ချင်လည်း ပါဝင်​ပတ်သက်​ရဦးမည်ဖြစ်သည်။

ထိုကပ်ဘေးကို ကျော်လွှားရှင်သန်ရန် တစ်ခု​တည်း​သောနည်းလမ်းမှာ ကျင့်ကြံမှုအဆင့်ကို အမြင့်​ဆုံး​မြှင့်ထားနိုင်ဖို့ဖြစ်သည်။ ယွင်နိုင်ငံတစ်ခုလုံးတွင် ရှန်းမျိုးနွယ်စု​ထက် သူ့ကျင့်ကြံမှုကို အကျိုး​ပြု​နိုင်​မည့်နေရာမျိုးမရှိပါ။ ထို့​ကြောင့်​ ရှန်းရူယန်၏စကားကို ကြား​ပြီးနောက်​ ရှည်​ရှည်ဝေး​ဝေး​ တွေးမနေတော့ဘဲ ခေါင်း​ညိတ်​လိုက်​သည်။

“ကျုပ်​ကူညီ​မယ်၊ ဒါပေမဲ့​ ကျုပ်​ရဲ့မွေးရာပါအစွမ်းကို လူတွေ​မသိအောင် လျှို့ဝှက်​ထားပေးပါ၊ အချိန်​တစ်​ခု​အ​တွင်း​ပေါ့”

ရှန်း​ရူယန်၏ မျက်​နှာ​ထက်တွင် အပြုံးတစ်ပွင့် ပေါ်​လာသည်။

“ဒါက​ပြဿနာ​မဟုတ်ပါဘူး၊ ကျွန်​မအစ်ကိုကိုပြောပြီး ရှင့်ရဲ့​လျှို့ဝှက်​ချက်​မပေါက်ကြားအောင် အမိန့်​ထုတ်​ခိုင်း​လိုက်​ပါ့မယ်၊ ပြီးတော့​ ဒီအစွမ်းကို အမြဲ​တမ်း​သုံးလို့မရဘူးမလား”

လက်ရှိ​ရှန်း​မိသားစု၏ အကြီးအကဲ​ဖြစ်သူ​ ရှန်း​တောက်​မင်၏ညီမ​ရင်း​ဖြစ်သူ ရှန်း​ရူယန်​အနေနှင့်​ ကျန်း​ချန်​ရွှမ်၏ မွေး​ရာပါအစွမ်းကဲ့သို့သော စွမ်း​ရည်​များအကြောင်းကို ကြားဖူး​နား​ဝရှိထားပုံရသည်။

“ဟုတ်တယ်၊ တစ်​ခါသုံးပြီးရင် နောက်​တစ်​ကြိမ်​သုံးဖို့ တစ်ရက်၊ နှစ်​ရက်စောင့်ရတယ်၊ မဟုတ်​ရင်​ မျက်​လုံး​ဒဏ်ဖြစ်တယ်ခင်ဗျ”

“ကောင်း​ပြီလေ ဒါဆို​ကျွန်မ​အစ်​ကို​ကို နှစ်​ရက်အတွင်း သွား​တွေ့​လိုက်​မယ်၊ နတ်ဆိုးကျင့်ကြံသူတွေကို ကိုင်​တွယ်​ပြီးရင် ထပ်စုံစမ်းရမဲ့ကိစ္စတွေရှိသေးတယ်၊ ဒါတွေပြီးရင် ကျွန်မ​အစ်​ကိုကို အမိန့်​ထုတ်​ခိုင်း​လိုက်​ပါ့မယ်၊ မစိုးရိမ်​ပါနဲ့​”

ရှန်း​ရူယန်သည် ကိစ္စ​အား​လုံးကို အကျိုး​အကြောင်း​သင့်စွာ ကိုင်​တွယ်​တတ်သည်ဟု ဆိုရပေမည်။ နှစ်​ရက်ကြာပြီးနောက် သူတို့​နှစ်ဦးမှာ ရှန်းတောက်​မင်​ရှိနေသည့် ရှာ​ဖွေ​ရေး​ဧရိယာ​သို့ ရောက်​ရှိ​လာတော့သည်။ ရှန်းတောက်​မင်သည် သူတို့​နှစ်ယောက်​အားမြင်လျှင် အံ့အားသင့်​စွာဖြင့်

“အကြီးအကဲ​ကျန်းနဲ့ ရူယန် မင်း​တို့​နှစ်ယောက်​ ဘယ်​လို​လုပ်​ပြီး ရောက်လာတာလဲ၊ ဒါတွေက….”

သူ့​စကားမ​ဆုံး​ခင်ပင် ရှန်းရူယန်​က သိုလှောင်​အိတ်​များကို လှမ်း​ပေး​လိုက်သည်။ ထိုအခါ​ ရှန်း​တောက်​မင်၏မျက်လုံး​များမှာ​ အံ့အားသင့်​မှုကြောင့် ပြူးကျယ်သွားတော့သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၄၄ ။ ဆုခွဲဝေခြင်း

“မင်း​တို့​ဘက်ခြမ်းက နတ်ဆိုးကျင့်ကြံသူတွေကို အကုန်​ရှင်း​လိုက်ပြီလား”

ရှန်းတောက်မင် အနည်း​ငယ်​အံ့သြသွားသည်။ ရှန်း​ရူယန်​ပစ်​ပေး​လိုက်သော သိုလှောင်အိတ်​များ​မှာ ဝူစန်းနျန်​အသုံးပြု​သော အိတ်​များဖြစ်ကြောင်း သူသိလိုက်သည်လေ။ ရှန်းရူယန်​က ပြုံးရယ်​လျက်

“ဟုတ်​ပါ့ရှင်၊ဒါတွေ​အားလုံး​က အကြီးအကဲ​ကျန်း​ရဲ့ ကျေးဇူး​ကြောင့်​ပါ”

ရှန်း​တောက်မင်က အကြီး​အကဲ​ကျန်း​ကို အံ့အားသင့်​စွာ ကြည့်မိ​လိုက်​သည်။ ထို့နောက်​ ရှန်းရူယန်က ကျန်း​ချန်​ရွှမ်၏ မွေးရာပါမျက်လုံးအစွမ်းအကြောင်း ရှင်း​ပြလိုက်ရာ ရှန်းတောက်​မင်မှာ တိုး၍ပင် အံ့သြ​သွားတော့သည်။ ထို​စွမ်း​ရည်မှာ နတ်ဆိုးကျင့်ကြံသူများ၏ တည်​နေရာ​ကို ရှာဖွေ​ရာ၌ အသုံး​ဝင်​လှသည်။ ထို့နောက်​ ရှန်းရူယန်က

“အကြီးအကဲ​ကျန်း​မှာ ဒီစွမ်း​ရည်​ရှိ​နေကြောင်း​ လူတွေ​သိ​သွား​ရင် အကျိုး​မရှိလို့ ဒီကိစ္စ​ကို လောလော​ဆယ်​ဖုံးကွယ်​ထားမှဖြစ်မယ်”

ရှန်း​တောက်မင်ကလည်း ရှန်းမိသားစု​ကို အုပ်​ချုပ်​စီမံနေသော ခေါင်း​ဆောင်​ပီပီ ဆိုလိုရင်းကို နားလည်​လိုက်​သည်!

“ဒါပေါ့ ဒီကိစ္စ​ကို ဖုံးကွယ်​ထားမှ တို့အား​လုံးအတွက်​ အကျိုး​ရှိမှာပေါ့”

ထို့နောက် ​ရှန်း​တောက်​မင်က ကျန်း​ချန်​ရွှမ်ကို​ စိုက်​ကြည့်လျက်​

“အကြီးအကဲ​ကျန်း​ မစိုးရိမ်ပါနဲ့ ကျုပ်​အကုန်စီစဉ်လိုက်မယ်”

“ဒါဖြင့် မိသားစုခေါင်းဆောင်ကို ဒုက္ခ​ပေးရတော့မှာပဲ”

ကျန်း​ချန်ရွှမ်က ပြုံး​လျက်​ခေါင်းညိတ်​ပြလိုက်သည်။

ထို့​နောက်​တွင်​ ကျန်း​ချန်​ရွှမ်သည် ရှန်းတောက်​မင်၊ ရှန်း​ရူယန်​တို့နှင့် ပူးပေါင်း​လျက်​ နတ်ဆိုးကျင့်ကြံသူများ ပုန်း​ခို​ကျက်​စားနေသောနေရာများကို ပိုက်စိပ်တိုက်ရှာဖွေပါတော့သည်။ အခြေခံ​တည်ဆောက်​မှု​အဆင့်​နှင့် ချီသန့်စင်ခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူ အတော်များများမှာ ရှန်းတောက်မင်လက်ချက်နှင့် သေဆုံး​ကုန်​ကြသည်။ ဆယ်ရက်ခန့်ကြာပြီးနောက်​ ရှန်းမျိုး​နွယ်စု​ပိုင်ဆိုင်သော ဧရိယာ​များတွင် ခိုအောင်းနေကြသော နတ်ဆိုးကျင့်ကြံသူအားလုံး​ကို အပြီးတိုင်ရှင်းလင်းပစ်နိုင်လိုက်သည်။

များ​မကြာမီ သူတို့​အားလုံး​ ယွီဟွာတောင်ထိပ်ရှိ ဗဟို​ခန်းမ​ထဲတွင် စုဝေး​မိကြသည်။ နတ်ဆိုးကျင့်ကြံသူများထံမှ သိမ်းဆည်း​ရရှိ​ခဲ့သော သိုလှောင်​အိတ်​များမှာ ၂၀ ခန့်ရှိသည်။ ရှန်း​တောက်​မင်​သည် ခန်း​မထဲရှိ စားပွဲဝိုင်းထိပ်ဆုံးတွင် ထိုင်​လျက်​ အားရ​ကျေနပ်​စွာ​ပြုံး​ရင်း​

“အားလုံး​ပဲ၊ ဒီတစ်ခေါက်စစ်ဆင်ရေးမှာ စီရင်​စုထဲက နတ်ဆိုးကျင့်ကြံသူအားလုံး​နီးပါး​ကို သုတ်​သင်​နိုင်​ခဲ့တယ်၊ ဒီ​စင်​ဆင်​ရေး အောင်မြင်​ချောမောစွာ ပြီးသွားတာ ဒီက အကြီးအကဲကျန်းရဲ့ ဆောင်​ရွက်​မှုတွေ အများကြီး​ပါတယ်၊ အားလုံးလက်ခံကြတယ်မလား”

လူအားလုံးမှာ ရှန်းတောက်​မင်၏စကားကို ကန့်ကွက်​ခြင်း​မရှိ သဘောတူ​လိုက်​ကြသည်။ အမှန်တကယ်​လည်း ကျန်း​ချန်​ရွှမ်၏အကူအညီ မပါလျှင် ဉာဏ်များ​လွန်း​တ နတ်ဆိုးကျင့်ကြံသူများကို ရှာတွေ့နိုင်မည်မဟုတ်သလို သည်​စစ်ဆင်​ရေး​အတွက် အချိန်၊ငွေကြေးနှင့် လူအင်အားကို အဆများစွာ​ ပိုမို​သုံးစွဲ​ခဲ့ရမည်ဖြစ်သည်။ ထို့နောက်​ ရှန်း​တောက်​မင်​က ဆက်လက်​ပြီး

“အားလုံး​သဘောတူ​ကြရင် ရှန်း​မျိုး​နွယ်စု​ရဲ့ စည်းမျဉ်း​အရ သိမ်း​ဆည်း​ရရှိခဲ့​တဲ့ ပစ္စည်း​အားလုံး​ရဲ့ ၄၀% ကို ကျန်း​ချန်​ရွှမ်​ကို ပေးအပ်​မှာဖြစ်​သလို ဒီ​ပစ္စည်း​တွေကို​လည်း​ သူကအရင်ဆုံး ရွေးချယ်​ခွင့်ရမှာဖြစ်တယ်၊ သဘော​တူကြလား”

ရှန်းရူယန်က အရင်​ဆုံး​ထောက်​ခံလိုက်သည်။

“ကျွန်မ​သဘော​တူတယ်”

ရှုန်းဝမ်တောက်ကလည်း မဆိုင်းမတွ ခေါင်း​ညိတ်​ပြလိုက်သည်။

“ကျုပ်​လည်းတူတယ်”

ရွှီချန်းဟယ်နှင့် ရွှီချန်းနျန်တို့မှာ တစ်ယောက်​မျက်နှာ ​တစ်ယောက်​ကြည့်​ပြီးနောက်

“ကျုပ်​တို့​လည်း​ သဘောတူ​တယ်”

ထို့နောက်​ ရှန်း​တောက်​မင်က ကျန်း​ချန်ရွှမ်ကို ပြုံး​ရင်း​ဖိတ်​ခေါ်​လိုက်​တော့သည်။

“ဒါဖြင့်​ အကြီးအကဲ​ကျန်း​ ကြွပါ”

ကျန်း​ချန်​ရွှမ်​လည်း အားမနာတော့ဘဲ ရှေ့ထွက်၍ သိုလှောင်​အိတ်​များ​ကို စေ့စပ်​စွာ ကြည့်ရှု​လေ့လာ​ပါတော့​သည်။ အိတ်​များအတွင်းရှိ ပစ္စည်း​များ​တွင် အရည်အသွေးနိမ့်သည့်အရာများ မပါဝင်သလောက်ဖြစ်ပြီး ဝိညာဉ်​ကျောက်​တုံး အရေအတွက်​တင် ၁၈၀၀၀ ခန့်ရှိသည်။ ထိုအထဲမှ သူ့အတွက် ခွဲတမ်း​အဖြစ် ၇၂၀၀ ရရှိမည်ဖြစ်သည်။

ထို​အရေအတွက်​မှာ အခြေခံ​တည်ဆောက်​မှု​အဆင့်​ကျင့်ကြံသူ တစ်ဦးအတွက် မနည်းလှသည့် ပမာဏ​ဖြစ်​သည်။ ထို့​ပြင်​ အိတ်​များ​ထဲတွင် အဖိုး​တန်​ပစ္စည်း​များ​ဖြစ်​သည့်​ ဆေးပြားများ၊ ဓမ္မ​လက်နက်​ပစ္စည်းများအပြင် မိစ္ဆာ​ကျင့်ကြံသူများ အသုံးပြု​သည့် အစီအရင်​ပစ္စည်း​များ​လည်း​ပါဝင်​သည်။ သို့​သော်​ ထို​ပစ္စည်း​များ​ကို ရှန်း​မိသားစု​က လက်ဖျား​ဖြင့်ပင် ထိမည်မဟုတ်ဘဲ ချက်​ချင်း​ဖျက်ဆီး​ပစ်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် အိတ်​များ​ကို စိတ်​ကြိုက်​လှန်လှောရှာဖွေပြီးနောက် ပစ္စည်းတစ်ပုံတပင်ကို သယ်​ယူလိုက်သည်။ ထို​ပစ္စည်း​အများစုကို အဆောင်​လက်နက်​များ ဖန်တီး​ပြုလုပ်​ရာ​တွင်​ အသုံးပြု​မည်ဖြစ်သည်။ ထို​ပစ္စည်း​များ​ထဲတွင်​ ရွှေဝါရောင်​ကျောက်စိမ်း​နှင့် ကောင်း​ကင်​ဝိညာဉ် နှင်းစက် သုံး​ပုလင်း​ကို တွေ့လိုက်ရ၍ ကျန်း​ချန်​ရွှမ်​ အံ့သြ​မိသွားသည်။ ထို​ပစ္စည်း​များ​ကို အချိန်​များ​စွာ သုံးစွဲရှာဖွေခဲ့သော်လည်း လောက်​လောက်​လား​လား မရရှိခဲ့၊ ယခုတော့ ပမာဏ​အတော်​များများ​ကို ရေကန်အသင့်ကြာအသင့် တွေ့လိုက်ရ​ပြီဖြစ်သည်။

ထို့နောက်​ ကျန်း​ချန်​ရွှမ်သည် နောက်ဆုံး​ပိတ် ​အိတ်​နှင့်​လွယ်​သည့် အနေ​နှင့် ဖုံးကွယ်​အစီအရင်​ပြား​တစ်ခုကို သိမ်း​ဆည်း​လိုက်​တော့သည်။ ကျန်​ပစ္စည်း​များကို​ ရှန်း​တောက်​မင်က ခန်း​မထဲရှိ လူအားလုံး​ကို အညီအမျှ​ခွဲဝေ​ပေးလိုက်သည်။ ထို့နောက်​တွင် ရှန်းတောက်​မင်​က​ မှာကြား​စရာ​ရှိသည်များကို ပြောဆို​မှာကြား​ပြီး​နောက်​ သူတို့​အားလုံး​ခန်းမထဲမှ ထွက်​ခွာ​လာ​ခဲ့ကြသည်။

“အကြီးအကဲ​ကျန်း​ ရှင်​နေတဲ့ဂူကို တန်းပြန်တော့မှာလား”

တောင်​ထိပ်​မှဆင်းလာလာချင်း ရှန်းရူယန်၏အသံကို ကြား​လိုက်​ရသည်။

သူက​ပြုံး​ရင်း​ခေါင်း​ယမ်းကာ

“လို​တဲ့​ပစ္စည်းတွေ​ကို အရင်​လဲလိုက်ဦးမယ်၊ ခင်ဗျား​ရော​ အကြီးအကဲ​ရှန်း”

ဤတစ်​ခေါက်​စစ်ဆင်​ရေးတွင် နတ်ဆိုးကျင့်ကြံသူများ​ကို​ ခြေရာ​ခံပြီး ကူညီ​သတ်ဖြတ်​ပေးနိုင်ခဲ့သည့်အတွက် ကျန်း​ချန်​ရွှမ်အတွက်​ ရှန်းမိသားစု​ထံမှ​ ထောက်ပံ့မှုအမှတ်အတော်များများ ရရှိလိုက်သည့်အတွက် ထိုအမှတ်များကို ကျင့်ကြံမှုခရီးအတွက် လိုအပ်​သည့် ဆေးဝါး၊ရတနာ​များနှင့် ဖလှယ်​နိုင်​မည်ဖြစ်သလို ဝိညာဉ်​ကျောက်​တုံး​အရေအတွက် ၁၂၀၀၀ ခန့်​ရရှိ​လိုက်​ပြီဖြစ်၍ လာမည့်​ နတ်ဆိုးသားရဲအဓိကရုဏ်း အရေး​အတွက် လုံလောက်​စွာ ကြို​တင်​ပြင်​ဆင်​နိုင်​မည်ဖြစ်သည်။

သူ​ရရှိ​ထားသော​ အရင်း​အမြစ်များကို ကျင့်ကြံမှု​အဆင့်​တိုးတက်​ရေး​အတွက်​ အသုံးပြုခြင်း​မရှိ​ခဲ့လျှင် လာမည့်​သားရဲ​ကပ်​ဘေး​တွင် အခက်​တွေ့​မည်ဖြစ်သည်။ ရှန်းရူယန်​က ကျန်း​ချန်​ရွှမ်၏စကား​ကိုကြားလျှင် လှပစွာပြုံးလိုက်ပြီး

“ တိုက်​တိုက်ဆိုင်​ဆိုင်​ပဲ ကျွန်မ​လည်း ပစ္စည်း​လဲမလို့၊ အတူသွားကြရအောင်လား”

“ကောင်း​ပြီ​လေ”

မကြာခင်​ နှစ်ဦးသားမှာ ရှန်း​မျိုး​နွယ်စု​ ကျမ်း​စာ​ခန်းမနှင့် ရတနာ​တိုက်သို့ ထွက်ခွာလာကြတော့သည်။ စူထရာသိုလှောင်ခန်းမတွင် ကျန်း​ချန်​ရွှမ်​က သူ၏ရမှတ်များကို အဆင့်​၂ အလယ်​အလတ်​အဆင့်​ မန္တန်​နှစ်​ခုနှင့် လဲလှယ်​လိုက်​သည်။ ထို​မန္တန်​နှစ်ခုအနက် တစ်ခုမှာ ပင်​လယ်​ပြာ​လောင်​မီး မန္တန်​ဖြစ်​ပြီး မီး​ဓာတ်အခြေခံသော ဧရိယာ​အလိုက်​အသုံးပြု​သည့် မန္တန်​ဖြစ်​သည်။ ကျန်​တစ်​ခုမှာ မြေ​ဓာတ်​အခြေခံ​ လိပ်ခွံဝိညာဉ်ဒိုင်းဖြစ်သည်။ ထို​မန္တန်​နှစ်​ခုလုံး​မှာ အခြေခံ​ဓာတ်​ငါးပါးတွင် ပါဝင်သောကြောင့်​ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ အောင်​မြင်​စွာ​ကျင့်ကြံအသုံးပြုနိုင်လျှင် သာမန်​ထက် တစ်ဆမှနှစ်ဆအထိ ပိုမို​အစွမ်းထက်​လာနိုင်​သည့် မန္တန်​များ​ဖြစ်​သည်။ ထို့နောက်​ ရှန်း​ရူယန်နှင့်အတူ ရတနာ​တိုက်​သို့ သွားရောက်​ပြီး အဆင့်​၂ အလယ်​အဆင့်​ ဓမ္မ​လက်နက်ပစ္စည်းတစ်ခုကို လဲလှယ်​လိုက်​သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၄၅ ။ အခြေခံ​တည်ဆောက်​မှု​ တတိယ​အဆင့်

လက်​နက်​အမည်မှာ သစ်သား​စိမ်း​ကောင်း​ကင်​အလင်း​ဒိုင်း​ဖြစ်​ပြီး​ အဆင့် ၂ ရတနာပစ္စည်းများ​ဖြစ်​သည့် သစ်သား​ချပ်​ဝတ်​သလင်း​ကျောက်​နှင့် စစ်​မှန်​သော သစ်သားကျောက်စိမ်းတို့ဖြင့် စီရင်​ဖန်တီး​ထား​ခြင်းဖြစ်ကာ အကာအကွယ်​ မှော်အက္ခရာများ ထွင်းထုထားသည်။ အတိုက်ခိုက်ခံရပါက ဒိုင်း​သည် အစိမ်းရောင်အလင်း​များ အလို​အလျောက်​ထုတ်​လွှ​တ်မည်ဖြစ်ပြီး ထောင့်​တစ်​ခု သို့မဟုတ်​ ထောင့်​ပေါင်းစုံ​မှ တိုက်ခိုက်​မှုများ​ကို​ကာကွယ်ပေး​မည်ဖြစ်သည်။ သို့​သော်​ ထောင့်​အား​လုံး​မှ တိုက်ခိုက်​မှုများ​ကို​ တစ်ပြိုင်နက်တည်း​ ကာကွယ်​ရပါက ဒိုင်း၏ခံနိုင်ရည်မှာ အနည်းငယ်​လျော့ကျ​မည်ဖြစ်သည်။ သို့​သော်​လည်း​ အဆိုပါ​ဒိုင်း​လက်နက်မှာ ရှားပါး​အဖိုး​တန်​သော ကာကွယ်ရေး​အစီအရင်​တစ်ခုဖြစ်ပြီး ကျန်း​ချန်​ရွှမ်၏ နဂိုမူလ ကျီကျင်းဝိဉာဉ်ဒိုင်းထက် အဆများစွာ​ အစွမ်း​ထက်​ပါသည်။

ထို့နောက်​ ကျန်း​ချန်​ရွှမ်သည် အဆင့်​၂ ဓမ္မ​လက်နက်​ဖြစ်သည့် အရိပ်​ခွဲ​ဓားကို ဝိညာဉ်ကျောက်​တုံး ၃၅၀၀ ဖြင့်​ဝယ်ယူ​လိုက်သည်။ သည်လက်​နက်၏ အဓိကအားသာချက်မှာ အလစ်ဖမ်းတိုက်ခိုက်မှုမျိုးတွင် လွန်​စွာ​အသုံးဝင်​ခြင်းဖြစ်သည်။ အကာအကွယ်​မန္တန်​များ​ကို ထိုး​ဖောက်​ရာ​တွင်​ အား​ကောင်း​သည့်အပြင် လျင်မြန်တိတ်ဆိတ်​သော လုပ်ကြံရေးလက်နက်တစ်ခုလည်းဖြစ်သည်။ ရန်သူအနေနှင့် ဤရတနာ​လက်​နက်ကို ခြေရာ​ခံထောက်လှန်းရန် ခက်ခဲ​မည်ဖြစ်​သည်။ နောက်ဆုံး​တွင်​ ကျန်း​ချန်​ရွှမ်​သည် အဆောင်​ပစ္စည်း​များ​ ဖန်တီး​ပြုလုပ်​ရာ​တွင်​ အသုံးပြု​သည့် ကုန်ကြမ်း​ပစ္စည်း​အမြောက်​အများ​ဝယ်ယူ​လိုက်​သည်။

မိစ္ဆာ​ကျင့်ကြံသူများထံမှ ရရှိခဲ့သော ကုန်​ကြမ်း​ပစ္စည်း​များ​နှင့်​ပေါင်း​လျှင်​ အဆင့်​၂ အနိမ့်စား​ အဆောင်​လက်နက်​များ အရေအတွက်​ တစ်ရာ​ခန့်​ဖန်တီး​နိုင်​မည်ဖြစ်သည်။ အဆိုပါ​အဆောင်​ပစ္စည်း​များ​သည် ကျန်း​ချန်​ရွှမ်​အနေ​နှင့် ရန်သူ​အား ကျင့်ကြံမှုအဆင့် သက်သက်နှင့် အနိုင်​ယူနိုင်စွမ်းမရှိလျှင် အသုံးဝင်သည့် လက်​နက်​များ​ဖြစ်​လာပါ​လိမ့်မည်။ လိုအပ်​သည်​များကို​ ဝယ်ယူ​ပြီးနောက်​ ကျန်း​ချန်​ရွှမ်​သည် အချိန်​မဖြုန်းတော့ဘဲ ရှန်းရူယန်ကို နှုတ်​ဆက်​ကာ နေထိုင်​ရာ​ဂူသို့ပြန်လာခဲ့တော့သည်။

ဂူဝသို့ရောက်လျှင် အဆင့် ၂ ဖုံးကွယ်​အစီအရင်ပြားကို သန့်​စင်​ပြီး​နောက်​ ဂူတံခါးအထက်တွင် ထားရှိ​လိုက်​သည်။ ထို့နောက်​ ကျန်း​ချန်​ရွှမ်သည် ရှေ့​ဆက်​ရမည့် လုပ်ငန်း​စဉ်​ကို ချမှတ်​ရန်ပြင်ဆင်ပါတော့သည်။ ရှန်း​မန်ရွှယ်​ပေးခဲ့သော မြေစွမ်းအင်အဆီအနှစ်ဆေးလုံးများ အကူအညီ​နှင့်​ အခြေခံ​တည်ဆောက်​မှု​တတိယအဆင့်​ကို တက်​လှမ်း​ရန်​မ​ခက်ခဲ​တော့ပါ။ အဓိက​ပြဿနာ​မှာ နတ်ဆိုးသားရဲအဓိကရုဏ်း မစတင်မီ အခြေခံ​တည်ဆောက်​မှု​ အလယ်​အဆင့်​ဟု ခေါ်ကြသည့် စတုတ္ထ​အဆင့်​ကို တက်​လှမ်း​နိုင်​ရန်ဖြစ်သည်။ ဒုတိယ​တစ်ဆင့်က သူဝယ်ယူထားသော ဓမ္မ​လက်နက်​များကို သန့်စင်​ရန်​ဖြစ်​သည်။ အရေးကြီး​ဆုံး​ပစ္စည်း​မှာ ရှန်း​မျိုး​နွယ်စု၏ ဘိုးဘေး ရှန်းယွမ်လုံ​ချီးမြှင့်​ခဲ့သည့် အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ ဓားပျံလက်​နက်​ဖြစ်သည်။ ဗလာနယ်နဂါးဓားဟုခေါ်​တွင်ပြီး သတ္တု​ဖြင့်​ဖန်တီးထားခြင်းဖြစ်သည်။ ဓား​သွားပေါ်တွင် နဂါး​တစ်​ကောင်​ပုံစံထွင်းထုထားပြီး လက်နက်၏ အဓိက​​ထူးခြား​ချက်​မှာ အမြန်​နှုန်း​နှင့် ထက်​မြက်​မှုဖြစ်သည်။ ထိတွေ့နိုင်သော အရာ​များနှင့် မထိတွေ့နိုင်သော အရာများအားလုံးကို တစ်ခဏချင်း​ ဖြတ်တောက်​နိုင်​စွမ်း​ရှိသည့်အတွက် ကျန်း​ချန်​ရွှမ်​၏နောက်ဆုံး​ ပွဲသိမ်း​လက်နက်​ ဖြစ်​လာ​မည်​ဖြစ်သည်။

ထို့နောက်​တွင် သစ်​သား​စိမ်း ကောင်းကင်အလင်းဓားနှင့် အရိပ်​ခွဲဓားတို့မှာ ဒုတိယ​နှင့်​တတိယ အကောင်း​ဆုံး​လက်နက်များ အဖြစ်​ အသုံး​တော်ခံမည်ဖြစ်သည်။ ပထမတစ်ခုမှာ အကာအကွယ်​လက်​နက်ဖြစ်ပြီး ကျန်း​ချန်ရွှမ်အတွက် အလွန်​အသုံးဝင်​နိုင်​သလို ဒုတိယတစ်​ခုမှာ​ သေရေးရှင်ရေးအချိန်များတွင် အသုံး​ချ​နိုင်​မည်ဖြစ်​သည်။

ထို​လက်နက်​သုံး​ခု​အပြင် ရှန်း​မိသားစု၏ စူထရာသိုလှောင်ခန်းမမှ ဝယ်ယူ​လဲလှယ်​ခဲ့သော အဆင့်​၂ မန္တန်​များကိုလည်း ကျင့်ကြံရန် လိုအပ်မည်ဖြစ်သည်။ ပထမ​တစ်ခုမှာ​ ပင်လယ်ပြာ​လောင် မီးမန္တန်ဖြစ်​ပြီး ဒုတိယ​တစ်​ခုမှာ လိပ်​ခွံမြေဝိညာဉ်ဒိုင်း ဖြစ်သည်။ မန္တန်​နှစ်​ခုလုံးမှာ သူ၏အခြေခံစွမ်းအားကို တိုး​မြင့်စေမည်ဖြစ်သည်။

နောက်ဆုံး​အနေဖြင့်​ အဆင့်​၂ အဆောင်​ပစ္စည်း​နှစ်​ခုကို ဖန်တီး​ဖို့လိုအပ်မည်ဖြစ်သည်။ ပထမ​တစ်ခုက စနစ်​မှ​ချီး​မြှင့်​လိုက်သော ရွှေ​သံချပ်​ကာရုပ်​သေး​အဆောင် ဖြစ်သည်။ ရွှေဝါရောင်ကျောက်စိမ်း သုံးခုနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက် လေးပုလင်းရှိထားသည်ဖြစ်၍ အဆောင်​သုံး​ခုထိ စီရင်​နိုင်မည်ဖြစ်သည်။ အဆိုပါ​ အဆောင်​များ​သည် အခြေခံတည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူတစ်ဦးနှင့် ညီ​မျှ​သော ရုပ်​သေး​စစ်သည်​များကို ဆင့်ခေါ်နိုင်မည်ဖြစ်ပြီး ကြာချိန်မှာ ၁၀ မိနစ်​သာရှိသော်လည်း မှန်ကန်​စွာ အသုံးပြုနိုင်လျှင် ကျန်း​ချန်​ရွှမ်​၏ အကောင်း​ဆုံး​ ပွဲသိမ်း​လက်နက်​ဖြစ်​လာနိုင်၏။

ရန်သူ​မှာ ကြိုတင်​ပြင်ဆင်​ထား​ခြင်းမရှိ​လျှင် အခြေခံ​တည်ဆောက်​မှု​အဆင့် ​အလယ်အလတ်​ ကျင့်ကြံသူ​တစ်ဦးကိုပင် သေဆုံး​သည်အထိ ဒုက္ခ​ပေးနိုင်မည်ဖြစ်သည်။ ရွှေ​သံချပ်​ကာရုပ်​သေး​အဆောင်အပြင်​ အခြား​သော အဆင့်​၂ အဆောင်​ပစ္စည်း​များ​ကိုလည်း ဖန်တီး​ရန် စီစဉ်​ထား​သည်။ ထို​အဆောင်​များအနက် အသုံး​ဝင်​ဆုံး​မှာ အချုပ်အနှောင်​ အဆောင်​ပစ္စည်း​ဖြစ်ပြီး ရန်သူ​ကို​ မလှုပ်ရှားနိုင်အောင် ကန့်သတ်ချုပ်နှောင်​နိုင်မည်ဖြစ်သည်။ ချိန်​သားကိုက် အသုံးပြု​နိုင်​ပါက ရန်သူ​ကို အလစ်အငိုက်ဖမ်းနိုင်မည်ဖြစ်သည်။

သို့သော်​ အဆိုပါ​အဆောင်​ပစ္စည်း​များကို စီရင်​ရန် ကျန်း​ချန်​ရွှမ်​အနေ​နှင့် အစီအရင်ကျင့်ကြံမှုအဆင့်ကို အဆင့် ၂ အလယ်​အဆင့်ထိ တက်​ထား​ရန်လိုပေမည်။ အနှစ်​ချုပ်​လျှင် ကျန်း​ချန်​ရွှမ်​အနေ​နှင့်​ အဆိုပါ​အစီအစဉ်​အားလုံး​ကို ပြီးမြောက်ရန် ရှစ်နှစ်မှ ဆယ်နှစ်အထိ အချိန်​ယူရမည်ဖြစ်သည်။

ထို​အချိန်​တွင် ရှန်းတောက်​မင်သည် ဘိုးဘေးရှန်းယွမ်လုံ၏ ဆင့်ခေါ်​မှုကြောင့် ယွီဟွာတောင်ထိပ်သို့ ရောက်​ရှိလာသည်။ ရှန်း​ယွမ်လုံ​သည် ကျောက်ကုလားထိုင်တစ်ခုတွင် ထိုင်​လျက်​ရှိပြီး ရှန်း​တောက်မင်​ကို မြင်​သောအခါ ခေါင်းညိတ်​ပြ​လိုက်​ပြီး စကားစသည်။

“ဖြစ်​ခဲ့တာ​တွေ​အားလုံး​ကို ငါသိပြီးပြီဖြစ်လို့ တင်​ပြစရာမလိုတော့ပါဘူး၊ မင်းကိုခေါ်လိုက်တာက မင်းညီမ ရှန်းရူယန်ကို ကျန်း​ချန်​ရွှမ်​နဲ့ စေ့စပ်​ပေးမဲကိစ္စ​ကို ဘယ်​လို​မြင်​လဲ မေးမလို့ပဲ”

ဘိုးဘေး၏ မမျှော်လင့်ထားသော စကားကြောင့် ရှန်း​တောက်​မင်​တစ်ယောက်​ အထူး​အံ့သြသွားသည်။

“ဘာဖြစ်​လို့လဲ ပြဿနာ​ရှိလား”

“ဘိုး​ဘေး​ရဲ့ဆုံးဖြတ်ချက်က မလောလွန်းဘူးလား”

ထိုသို့​ပြောပြီးနောက် ရှန်း​တောက်​မင်မှာ ခေတ္တ​မျှ​တိတ်​ဆိတ်​သွားသည်။ ထို့နောက် ရှန်းတောက်​မင်က ဆက်​လက်၍

“မေးစရာ​လည်းရှိပါတယ်၊ ဘိုး​ဘေးနဲ့ ဘိုးဘေး​မန်​ရွှယ်တို့က ဒီ​လူငယ်​ကို ဘာလို့​တန်ဖိုးအရမ်းထားနေကြတာလဲ”

သို့သော် ရှန်းယွမ်လုံက ခေါင်း​ယမ်းလိုက်သည်။

“ဒါ ကောင်း​ကင်​ဘုံ​လျှို့ဝှက်​ချက်​ပဲ၊ ဒီလျှို့ဝှက်ချက်ကို သိခွင့်ရဖို့ မင်း​တို့​ဘိုး​ဘေး​မန်​ရွှယ် သူ့သက်​တမ်းကာလတစ်ခုကို အဆုံးခံခဲ့ရတယ်၊ မင်း​ကို​ပြောပြလိုက်ရင် သူ့ကိုဒုက္ခပေးသလိုဖြစ်နေမယ်”

ထို့နောက်​ ရှန်း​ယွမ်လုံသည် ရှန်းတောက်​မင်အား စူးစိုက်ကြည့်ရှုလိုက်ပြီး

“မင်း​လည်း​ ကျန်း​ချန်ရွှမ်ကို နားလည်​သင့်သလောက် နားလည်​ထား​ပြီး​ထင်ပါတယ်၊ ဘာကြောင့်​လဲဆိုတာ​ မင်းမမှန်းတတ်ဘူးလား”

ထိုစကားကြောင့် ရှန်းတောက်​မင်၏ နှလုံး​ခုန်​နှုန်း မြန်​သွားသည်။ ဘိုး​ဘေး​တို့နှစ်ဦးမှာ နောက်​ပြောင်​ခြင်းမရှိ၊ အတည်​သာ ပြော​ဆို​တတ်​သူများ ဖြစ်​ကြသည်လေ။ ရှန်းတောက်​မင်က အနည်းငယ်​စဉ်းစား​လိုက်​ပြီးမှ

“ကျွန်တော့်​အနေနဲ့ ကန့်ကွက်​စရာမရှိပါဘူး၊ ဒါပေမဲ့​ အကြီးအကဲ​ကျန်း​နဲ့ ရူယန်​တို့ သဘော​ထား​ကိုလည်း မေး​သင့်တယ်ထင်တယ်”

“ဒီအတွက်တော့ မစိုးရိမ်နဲ့”

ရှန်းယွမ်လုံက ကျေနပ်​စွာပြုံးရင်း

“အဲဒီ​အချိန်​ကျရင်သာ သူတို့​နှစ်ယောက်​ကို ငါ့ဆီ​ခေါ်​လာခဲ့”

……

အချိန်​များမှာ မြန်​ဆန်​စွာကုန်​လွန်သွားသည်။ မျက်​စိ​တစ်​မှိတ်​အတွင်း​မှာ​ပင်​ သုံးနှစ်ကုန်လွန်သွားလေပြီ။ ကျန်း​ချန်​ရွှမ်၏ဂူအတွင်း၌ ပြင်း​ထန်​သိပ်​သည်းသည့် အော်ရာတစ်ခု တိုးထွက်လာသည်။ မျက်​လုံး​မှိတ်လျက်​ ငြိမ်​သက်​စွာ ထိုင်နေ​သော ကျန်းချန်​ရွှမ်​သည် မျက်​လုံး​ကို ဖွင့်​လိုက်​ပြီး ကျေနပ်​စွာပြုံးလိုက်သည်။ အခြေ​ခံတည်ဆောက်​ခြင်း တတိယ​အဆင့်​ကို တက်​လှမ်း​နိုင်​ခဲ့ပြီဖြစ်သည်။ ရှန်း​မန်ရွှယ်​ပေးအပ်ခဲ့သော မြေစွမ်းအင်အဆီအနှစ်ဆေးလုံး အကူအညီ​ဖြင့် သုံး​နှစ်​တာ မရပ်မနား ကျင့်ကြံမှုအပြီးတွင် အခြေခံ​တည်ဆောက်​မှု​ တတိယ​အဆင့်​ကို ရောက်​ရှိ​နိုင်ခဲ့​လေ​ပြီ။

***

All Chapters