← Chapters

အမျိုးသမီး တစ်ယောက်ရဲ့ နှုတ်က အလိမ်ညာတွေချည်း

Vol. 110 Ch. 1636

အမျိုးသမီး တစ်ယောက်ရဲ့ နှုတ်က အလိမ်ညာတွေချည်း

Vol. 110 Ch. 1636

“ အမ်……” လင်းရီ ဆန်းကြယ်ချင်သယောင် လုပ်၍ “ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ဆိုတာ ထုတ်ဖော်လို့ မရဘူး … မင်းကို ပြောပြလို့ မရဘူး …”

“ မရဘူး … နင် ပြောပြရမယ်…”

ကျီချင်းရန် သိချင်စိတ်အား မထိန်းနိုင်တော့ဘဲ လင်းရီအား နောက်မှ အတင်းအကြပ် လိုက်မေးတော့၏။

သူမ၏ သွင်ပြင်မှာ အကယ်၍ သူသာ မပြောပြဘူးဆိုပါက သေလောက်အောင် အနှောင့်အယှက်ပေးတော့မည့် ပုံစံပင်။

“ အိုကေ အိုကေ …. ပြောပြမယ် ဟုတ်ပြီလား …”

လင်းရီ သူမအား တည်ငြိမ်စေလိုက်ပြီး …

“ တကယ်တော့ မင်း အိပ်နေတဲ့ချိန် ကိုယ်မင်းကို လုပ်ချင်တာတွေ လျှောက်လုပ်တယ်..”

“ မဖြစ်နိုင်တာ … နင် ငါအိပ်နေတုန်း ထိရင် ငါ တစ်ခုခု ခံစားမိမှာပေါ့ … လိမ်နေတာတွေ တော်လိုက်တော့ …”

“ မင်းက ကိုယ့်အိပ်နိုင်စွမ်းကိုယ် တော်တော် အထင်သေးနေတာပဲ ….”

လင်းရီ ဖုန်းထုတ်၍ သူ အစောပိုင်းတွင် ရိုက်ကူးထားသည့် ဗွီဒီယိုအား ကျီချင်းရန်ထံ ပြလိုက်သည်။

“ ပြောကြည့် … မင်း အခု လက်ရှိ အိပ်နေတဲ့ ပုံစံနဲ့ နျူကလိယဗုံး ပေါက်ကွဲတောင် နိုးမယ်မထင်ဘူး … ငါ တစ်ခုခု လုပ်ရင် မင်း ဘယ်လိုလုပ် သိမှာ …”

ဗွီဒီယိုထဲတွင် ကျီချင်းရန်သည် သူမ အိပ်နေသည့် ပုံစံက အတော်လေးကို မိန်းမသား မဆန်လှကြောင်း မြင်တွေ့လိုက်ရသည်။

လင်းရီမှာ သူမ၏ ပါးကို ဖျစ်ညစ်နေပြီး တင်ပါးကိုလည်း ခြေထောက်ဖြင့် သုံးလေးချက် ထိုးနေသည်။

စိတ်တိုချင်စရာ အကောင်းဆုံးကတော့ သူမမှာ ထိုသို့ ပြုခံနေရသည်ကိုပင် တုတ်တုတ်မျှ မလှုပ်လာခြင်းပင်။

“ အား …….”

ကျီချင်းရန် ရှက်ရွံ့စွာ အော်ဟစ်၍ မျက်နှာအား အုပ်လိုက်ပြီးနောက် လင်းရီအား လက်ညိုးထိုးကာ “ မြန်မြန် .. နင် အဲ့တာတွေ အကုန်ဖျက်စမ်း …. နင် အဲ့တာတွေ သိမ်းထားလို့ မရဘူး …”

လင်းရီအား တုံ့ပြန်ရန်ပင် အခွင့်အရေး မပေးပါဘဲ ကျီချင်းရန်သည် ဖုန်းအား ဆွဲလု၍ ဗွီဒီယိုများနှင့် ဓာတ်ပုံများ အားလုံးကို ဖျက်ပစ်လိုက်သည်။ ထိုအခါမှသာ ကျေနပ်သွားခဲ့တော့၏။

“ နင် စောင့်နေစမ်း … ဒီနေ့ညကျရင် နင် အိပ်နေတဲ့ ပုံစံကို တိတ်တိတ်လေး ဗွီဒီယို ရိုက်ထားပြမယ်…”

“ မင်းသာ ထနိုင်မယ်ဆို ရိုက်ချင်သလိုသာ ရိုက် …”

သူမ၏ ချစ်စဖွယ် နှာခေါင်းကို ရှုံ့ပွလိုက်ပြီး ပြောစရာ စကား ပျောက်ဆုံးနေမိတော့သည်။

သူမ၏ အိပ်စက်နိုင်စွမ်းဖြင့် ဆိုပါက သူမအဖို့ ညလယ်ကြီး နိုးထလာရန်မှာ အတော်လေး မဖြစ်နိုင်သလောက်ပါပင်။

“ တော်ပြီ… ဒီအကြောင်း ဆက်မပြောကြစို့ …”

“ နင် ပရောဂျက် ကိစ္စက ပြီးသွားပြီလား …”

“ ငါ မာစန်းကို သင်ခန်းစာ ပေးထားပြီးပြီဆိုတော့ ဒီကိစ္စက ပြီးသွားပြီလို့ သတ်မှတ်လို့ရပြီ…”

“ ဒါဆို အခု ဆောက်လုပ်ရေးဘက်ခြမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှ မရှိတော့ဘူးပေါ့နော်…” ကျီချင်းရန် ပျော်ရွှင်သွားခဲ့ပြီး “ စကားမစပ် ငါ အခုမှတ်မိပြီ… မနေ့က အကြောင်းကြားစာမှာ ပြောထားတာ ခုနစ်ရက် ထရိန်နင် ရှိတယ်လို့ မလား … “

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ည အိမ်ပြန်နိုင်မယ် မထင်ဘူး … ဒါပေမယ့် လာလည်ချင်ရင် နေ့ဘက် လာလည်လို့ ရပါတယ်…”

“ နင့်ရဲ့ ကျိုးဟိုင်က အဆက်အသွယ်တွေနဲ့ဆိုရင် ဒီလို ခုနစ်ရက် ထရိန်နင်တွေ ဆင်းနေစရာ မလိုဘူးမလား …”

“ အင်း … ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် စိတ်ဝင်စားဖို့ ဘယ်ကောင်းတော့မှာ …” လင်းရီ ပြောလိုက်ပြီး “ အကုန်လုံးက အတွေ့အကြုံ လိုချင်လို့ပဲလေ… ထွေထူး မဟုတ်သရွေ့တော့ သူတို့ စီစဉ်တဲ့အတိုင်း လိုက်နာတာပဲ ကောင်းတယ်…”

“ နင်ပြောတာလည်း ဟုတ်ပါတယ်လေ….”

“ ဒီည လမ်းလျှောက်သွားကြစို့ … တစ်ကိုယ်ရေသုံး ပစ္စည်းတွေလည်း ကုန်တော့မှာ … အလုပ်ပြီးရင် နည်းနည်း ထပ်သွားဝယ်ကြမယ်… နင် ထရိန်နင် ဆင်းတဲ့အခါကျ သုံးလို့ရတာပေါ့ …”

“ ဟုတ်ပြီလေ…”

“ မွန်းလွဲပိုင်း နင် ဘာလုပ်စရာမှ မရှိဘူးဆိုရင် ဒီမှာနေလို့ရတယ်… ငါ့ကို ဒုဥက္ကဌ ရာထူးနေရာအတွက် သင့်လျော်မယ့်လူတွေ ကူရွေးပေးပေါ့ …”

“ အင်တာဗျူးက ဘယ်အချိန်လည်း စမှာ …”

“ တစ်ပတ်အတွင်း … နင် ထရိန်နင်ပြီးတဲ့အခါကျရင် လာပြီး ကူညီပေးလို့ရတယ်….”

“ ပြဿနာ မရှိဘူး …”

မွန်းလွဲပိုင်းတွင် ဘာလုပ်စရာမှ မရှိသဖြင့် လင်းရီသည် မည်သည့်နေရာသို့မျှ သွားမနေတော့ချေ။ သို့သော် ကျီချင်းရန်၏ ရုံးခန်းထဲတွင်လည်း ရှိမနေချေ။ ထိုအစား အရောင်း ဌာနသို့ သွား၍ ဝမ်ရင်းကို ရှာကာ ဘဝ၏ ဆန်းကြယ်သိမ်‌မွေ့မှုများအား စူးစမ်းရှာဖွေနေလျက် ရှိတော့သည်။

ထိုညနေခင်းတွင် အလုပ်သိမ်းပြီးနောက် နှစ်ယောက်သား ဟွမ်လုံ စကွဲသို့ မောင်းထွက်လာခဲ့ကြသည်။

သူမက ဤနေရာသို့ လင်းရီအတွက် တစ်ကိုယ်ရေသုံး ဆပ်ပြာ ခေါင်းလျှော်ရည်များ ဝယ်ပေးရန် ရောက်လာသည် ဆိုသော်လည်း လင်းရီ၏ အမြင်တွင်တော့ ဤသည်က အပေါ်ယံ ဇာတ်လမ်းမျှသာ ဖြစ်၏။

လင်းရီဘက်က ဘာတစ်ခုမျှ မဝယ်ရသေးသည့်တိုင် ကျီချင်းရန်မှာ သူမကိုယ်သူမ စကတ်တစ်ကိုယ်နှင့် ကြိုးသိုင်း ညှပ်ဖိနပ် တစ်ရံကို ဝယ်ယူထားပြီး ဖြစ်သည်။

သူမ၏ စကတ်နှင့် ညှပ်ဖိနပ်အတွက် ပျော်ပျော်ရွှင်ရွှင် ငွေပေးချေပြီးနောက် ကျီချင်းရန်သည် လင်းရီ၏ လက်မောင်းကို ချိတ်လျက် ပြောလိုက်၏။

“ ပထမအလွှာသွားပြီး နင့်ဖို့ ပစ္စည်းတွေ ဝယ်ကြမယ်…”

“ နောက်ဆုံးတော့ ကိုယ့်ကို သတိရပြီပေါ့ … ငါထင်နေတာ မင်း မေ့များ သွားပြီလားပေါ့ …”

“ အိုက်ယား … အဲ့လို မပြောစမ်းပါနဲ့ … ငါက နင့်ကို ဘယ်လို မေ့နိုင်မှာလဲ …”

သူမကိုယ်သူမ မှားမှန်းသိသဖြင့် ကျီချင်းရန် ထွေထူး ငြင်းခုန်မနေတော့ဘဲ ပထမထပ်သို့ ဆွဲခေါ်လာခဲ့တော့သည်။

ပြောကြသည်က ယောက်ျားတို့၏ အယုံသွင်း ဖြောင်းဖြသည့် စကားတို့က ဘယ်တော့မှ ယုံကြည်၍ မရဟူ၍ပင်။

သို့သော် ဤအချိန်တွင်တော့ ထိုစကားမှာ အမျိုးသမီးများ အပေါ်သို့လည်း အကျိုးသက်ရောက်နေလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပထမထပ်သို့ ရောက်ရှိလာပြီးနောက်တွင် ကျီချင်းရန်သည် လင်းရီအတွက် ဘာမျှ မဝယ်ပေးသေးဘဲ သူမကိုယ်သူမ စကင်းကဲ နှစ်ခု ဝယ်ယူလိုက်၏။ ကျေနပ်အားရမှု အတိ ခံစားပြီးမှသာလျှင် လင်းရီဖို့ လိုအပ်သည်များအား ဝယ်ပေးသည်။

ရင်းနှီးနေပြီး ဖြစ်သဖြင့် ကျီချင်းရန်သည် လင်းရီအား SK2 ကောင်တာသို့ ခေါ်ဆောင်လာခဲ့လေသည်။

“ ဝင်လာလေ … အပြင်မှာ ဘာလို့ ရပ်နေတာ….”

“ မင်းအတွက် စကင်းကဲ ဝယ်မလို့ မဟုတ်လား … ငါ အပြင်ကပဲ စောင့်မယ်…”

“ နင့်အတွက် ဝယ်ပေးမလို့ …”

“ ငါ့အတွက် … တကယ်လား ….”

“ တကယ်ပေါ့ …”

“ တော်ပါကွာ … ဒါတွေ သုံးလေ့သုံးထ ရှိတာမဟုတ်ဘူး … ထားလိုက်တော့ …”

သူ့မိသားစု နောက်ခံအခြေအနေကြောင့် လင်းရီသည် ငယ်စဉ်ကတည်းက စကင်းကဲ ပစ္စည်းများအား မယ်မယ်ရရ သုံးဖူးခဲ့ခြင်း မရှိချေ။

အိမ်တွင် ရှိသည့် အခါတွင်လည်း မျက်နှာမာ့စ်ပင် ကျီချင်းရန်မှ အတင်း အကြပ် ကပ်ခိုင်း၍သာ ကပ်ဖူးခြင်းပင်။

ထို့ပြင် ထိုသို့ ကပ်ရသည့် အခါတိုင်းလည်း လူကို အင်မတန်မှ နေရခက်စေသည်။ သူ့စိတ်ထဲတွင် သူကဲ့သို့ ယောက်ျား ပီသသည့် လူတစ်ယောက်က ဤအရာတွေ အသုံးပြုရန် မလိုအပ်ဟု ထင်မိသည်။

“ အရင်ကဆိုရင်တော့ ရရင်ရမယ်…ခုတော့ မရတော့ဘူး …” ကျီချင်းရန် ပြောလိုက်ပြီး “ နင်က ရဲအရာရှိ တစ်ယောက် ဖြစ်လာပြီ ဆိုတော့ နေပူလည်း ရှောင်လို့ မရတော့ဘူး … မိုးရွာလည်း ရှောင်လို့ မရတော့ဘူး … ကိုယ့်ရဲ့ အသားအရေကို ကိုယ်သေချာ ဂရုစိုက်မှပေါ့ … မဟုတ်ရင် နင့် အခု မျက်နှာချောချောလေးကို တာ့တာ ပြလိုက်တော့ …”

“ ခွီး … မင်းကတော့ တအား အကဲပိုလွန်းပါတယ်…”

“ လင်းရီ ….”

ကျီချင်းရန်မှ လင်းရီကို အထဲသို့ ဆွဲသွင်းနေချိန်တွင် သူမ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်မှ လင်းရီ၏ နာမည် ခေါ်လာသည်အား ကြားလိုက်ရလေသည်။

သူမ လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ အကယ်၍ ကျီချင်းရန်၏ ရုပ်ရည်ကို အမှတ်ပြည့် ပေးမည်ဆိုပါက ယခု အမျိုးသမီးသည် အမှတ် ၉၀ လောက်တော့ ရနိုင်သည်။

သူမဘေးတွင် ဆံပင်ကို နောက်လှန်ဖြီးထားသည့် အမျိုးသား တစ်ဦး ရှိသည်။ သူက အပြာရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အောင်မြင်နေသည့် စီးပွားရေးသမား တစ်ယောက်ဟု ခံစားရစေသည်။

သူ့ရှေ့တွင် ရောက်လာသည့် အမျိုးသမီးအား ကြည့်ရင်း လင်းရီစိတ်ထဲ အနည်းငယ် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။ စက္ကန့်အနည်းငယ်ကြာအောင် ဦးနှောက်အား အလုပ်ပေးလိုက်တော့ မည်သူဆိုတာကို သူ အမှတ်ရလာခဲ့၏။

သူမက သူ၏ အထက်တန်းကျောင်း အတန်းဖော် သူငယ်ချင်း ၊ လီမုန့်ယောင်ပင်။

လင်းရီ ခေတ္တမျှ တွေးတောကြည့်လိုက်ပြီး အကယ်၍ သူ မှတ်မိသာ မှန်ကန်ခဲ့မည်ဆိုပါက သူတို့ အတန်းထဲတွင် သူမက စာတော်သည့် ထိပ်တန်း ကျောင်းသူ တစ်ယောက်ဖြစ်၏။

ထို့နောက် သူမ၏ ဘွဲ့အတွက် 985 တက္ကသိုလ်တွင် ဆက်လက် လေ့လာခဲ့ပြီး ၎င်းနောက်တွင်တော့ သူလည်း သူမ၏ မည်သည့်သတင်းကိုမျှ မရရှိတော့ချေ။

သို့သော် အတိတ်နေ့စွဲများ၌ သူမဘက်ကနေ သူ့ထံသို့ ရည်းစားစာ တစ်စောင် ရေးပေးပို့ခဲ့ဖူးလေသည်။ သို့ပေမယ့် သူ့ဘက်က လျစ်လျူရှုထားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ့အား ပို့လာသည့် ရည်းစားစာတို့က မရေမတွက်နိုင်အောင် ပေါလှပြီး သူ့အတွက် အထူးတလှယ် မခံစားရတော့ချေ။

“ တိုက်ဆိုင်လိုက်တာ … ငါတို့ ဒီမှာ လာဆုံကြတယ်နော်…”

လင်းရီ ခေါင်းသာညိမ့်ပြ၍ ဘာမျှ ပြန်မပြောချေ။

အဆိုပါ ရည်းစားစာ ပေးသည့် ကိစ္စ ဖြစ်ပွားပြီးသည့်နောက်တွင် လီမုန့်ယောင်မှာ သူ့အပေါ် မုန်းတီးလာခဲ့သည်။ သူတို့ ကျောင်းတွင် ရှိစဉ်ကလည်း သူ့အတွက် ခက်ခဲစေမည့် ကိစ္စရပ်များအား အမြဲလိုလို ပြုလုပ်ခဲ့၏။ သူတို့၏ ရင်းနှီး ပတ်သက်မှုက ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခုတော့ ဖြစ်မလာခဲ့ချေ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင်ပင် စကားများများ မပြောဖြစ်ခဲ့ကြချေ။

“ ယောင်ယောင် … သူက ဘယ်သူလဲ …” လီမုန့်ယောင်၏ ကောင်လေးက မေးလိုက်၏။

သို့သော် သူ၏ အာရုံကတော့ ကျီချင်းရန်အပေါ်၌သာ ကျရောက်လို့နေသည်။

သူ့ကောင်မလေးက အတော်လှနေပြီးသားဟု တွေးထင်ထားခဲ့သော်လည်း ယနေ့တွင် ပြီးပြည့်စုံသည့် မိန်းမလှလေး တစ်ယောက်အား မြင်တွေ့လိုက်ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ သူက ငါ့အထက်တန်းတုန်းက အတန်းဖော်လေ … ဘွဲ့ရပြီးတော့ ငါကတော့ ဘွဲ့လွန်ဆက်တက်တယ်… သူကတော့ အလုပ်ခွင်ထဲ ရောက်သွားတယ်… ဒီလောက် နှစ်တွေ ကြာပြီးမှ ငါတို့ ပထမဆုံးအကြိမ် တွေ့ဖြစ်ကြတာပဲ …” ပြောပြီးနောက် လီမုန့်ယောင်သည် လင်းရီအား ကြည့်၍ “ လင်းရီ … ငါနင့်ကို မိတ်ဆက်ပေးမယ်… ဒါ ငါ့ရဲ့ ကောင်လေး … ချီလေ့ … သူ့ကိုယ်ပိုင် စီးပွားရေး လုပ်နေတာ စီးရီး ဘီ အတွက် ရန်ပုံငွေ သန်း ၃၀ ကျော် ရထားတယ်လေ… အမြဲတမ်း အလုပ်များနေတာ … ဒီနေ့ ငါသာ အပြင်ထွက်ဖို့ ဆွဲခေါ်မလာခဲ့ဘူးဆိုရင် သူ့မှာ နားချိန်တောင် ရှိမှာ မဟုတ်ဘူး …”

All Chapters