စိတ်တိုနေတဲ့ လက်ဖက်စိမ်း မိန်းကလေး
Vol. 110 Ch. 1637
လင်းရီ ဆွံ့အသွားခဲ့ရ၏။
‘ ငါ မင်းကို အဲ့တုန်းက ဒီတိုင်း လျစ်လျူရှုခဲ့မိတာပါဟ … ဒီအချိန်ထိ တေးထားပြီး ကိုယ်ရည်သွေးပြစရာ လိုလို့လား …’
“ မဆိုးပါဘူး …” လင်းရီ သာမန်လျှံကာ ထောက်ခံလိုက်၏။
“ တွေးကြည့်တော့မှ ငါတို့ချင်း မတွေ့ဖြစ်တာတောင် နှစ်တွေ တော်တော်ကြာနေပြီနော်.. နင့်ကောင်မလေးဆီက ကြားမိတာ နင် ရဲအရာရှိ တစ်ယောက် ဖြစ်လာတယ်ဆိုပဲ … အဲ့တာ အမှန်ပဲလား …”
“ အင်း … အမှန်ပဲ …”
“ ဘာလို့ ရဲအရာရှိလဲ … အဲ့တာက ဒီလောက် အန္တရာယ်များတာကို သာမန် အလုပ်လေး ရှာတာ မဟုတ်ဘူး …”
“ ဒီတိုင်း ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှုကြောင့်ပါကွာ …”
“ ငါ့သူငယ်ချင်းထဲမှာလည်း ရဲအရာရှိ တစ်ယောက် ရှိတယ်… သူ့ လစာက ယွမ် ၆,၀၀၀ လားပဲ မသိဘူး … နင်ရော ဘယ်လောက်ရလဲ … အတူတူလောက်ပဲ ဟုတ်တယ်မလား …”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ အချိန်ပြည့် ဝန်ထမ်း ဖြစ်လာပြီးရင်တော့ ငါလည်း အဲ့လောက်တော့ ရမှာပါ …”
“ အဲ့လောက် လစာငွေလေးက တတိယ မဟုတ်ရင် စတုတ္ထ အဆင့် မြို့တွေမှာပဲ နေဖို့ ထိုင်ဖို့ လောက်ငှရုံရှိမှာ .. ကျိုးဟိုင်လို မြို့ကြီးထဲမှာဆို နင့်တစ်ယောက် သုံးဖို့တောင် သေချာပေါက် လောက်မှာ မဟုတ်ဘူး …” လီမုန့်ယောင် ပြောလိုက်ပြီး “ ပြီးတော့ နင့်မိသားစုနောက်ခံကလည်း ဘာမှ ရှိတာမဟုတ်ဘူး … နင့်ဖို့ နောင်ကျ ရာထူးတိုးဖို့ဆိုတာ တော်တော်ခက်လောက်မယ်… နင် ငွေရေးကြေးရေး တော်တော်ကြပ်တည်းမှာပဲနော်….”
“ ဒါကို ကြပ်တည်းတယ်လို့ သတ်မှတ်တာလား …” လင်းရီ ပြောလိုက်ပြီး “ ငါမှတ်မိပါသေးတယ်… မင်းကျောင်းတက်တုန်းက တစ်လ အသုံးစရိတ်မှ ယွမ် ၁,၀၀၀ ရတာ မဟုတ်ဘူးလား … ပြီးတော့ ပိုက်ဆံမလောက်ဘူးလို့လည်း ညည်းတွားသံတောင် မကြားမိတာ ငါ့ ယွမ် ၆,၀၀၀ က ဘယ်လိုလုပ် မလောက်ငှဘူး ဖြစ်လာခဲ့တာ …”
လီမုန့်ယောင် ရှက်ရွံ့သွားခဲ့ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် အနည်းငယ်ပင် စိတ်ဖိစီးသွားခဲ့ရသည်။
“ အဲ့တာ ဟိုးနှစ်တွေတုန်းကလေ…. ငွေကြေးဖောင်းပွမှုက ဘယ်လောက်မှ မဆိုးရွားသေးဘူး … အဲ့ဒီတုန်းက ယွမ် ၁,၀၀၀ ဆိုတာ ငါ့အတွက်လုံလောက်တာထက်တောင် ပိုတယ်… ခုတော့ မလောက်တော့ဘူး …”
လီမုန့်ယောင်သည် တစ်စုံတစ်ယောက်က သူမ၏ အမြီး လာတက်နင်းမိသည့်နှယ် အသံကို မြင့်မှန်းမသိ မြင့်၍ ပြောလိုက်၏။ သူမ၏ ဆင်းရဲခဲ့သည့် အတိတ်ရှိ အကြောင်းအရာများအား လင်းရီ အစပြန်ဖော်မည်အား သူမ အလို မရှိချေ။
“ ပြီးတော့ ကျောင်းထဲမှာ အားလုံးက ဈေးသက်သာတယ်.. အပြင်ဘက်က လူမှု ပတ်ဝန်းကျင်နဲ့ ဘယ်ယှဉ်လို့ ရမှာ … အခု နင့် လစာက ယွမ် ၆,၀၀၀ တည်းရယ်… မလိမ်ညာတမ်း ဝန်ခံရရင် နင့် အခု လစာက ငါ့တစ်ပတ်စာ အသုံးစရိတ်ပဲ ရှိတယ်… နင့်အခု အခြေအနေနဲ့ နင့်ကောင်မလေးလည်း သိပ်ပြီးမှ ကျေနပ်အားရမယ် မထင်မိဘူး .. ဟုတ်တယ်မလား …”
“ မင်း အဲ့တာတွေ လိုက်ပူပေးစရာ မလိုပါဘူး .. ငါတို့ အခုလည်း တော်တော်လေး အဆင်ပြေပါတယ်…”
လီမုန့်ယောင် ပြုံးလိုက်ပြီး “ နင်က တော်တော် ကံကောင်းတယ်… နင့်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ကျိုးဟိုင်မှာ ကောင်မလေး တစ်ယောက်ရဖို့တောင် တော်တော် ခဲယဉ်းနေသင့်တာ … ခုတော့ … နင် ကောင်မလေးက အတော်လေး လှတယ်နော်… အလုပ်ကြိုးစား … နင် အိမ်တစ်လုံးတောင် မဝယ်နိုင်ရင် နင့် အနာဂတ် ယောက္ခမက နင်တို့ရဲ့ ဆက်ဆံရေးကို ကြည်ဖြူမှာ မဟုတ်ဘူး … ကြိုးစားပေါ့ဟာ … ဘိုင့်ဘိုင့် ….”
သူမ၏ သာလွန်မှုကို ကြွားဝါပြီးနောက် လီမုန့်ယောင်သည် SK2 စတိုးထဲသို့ တက်တက်ကြွကြွနှင့် ဝင်သွားခဲ့ကာ လင်းရီကိုပင် လှည့်မကြည့်တော့ချေ။
“ နင်တို့ နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ထားခဲ့ဖူးတယ်လို့ မပြောနဲ့နော်….” ကျီချင်းရန် သင်္ကာမကင်းသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ တွေ့တွေ့ချင်းက ဟိုက နင့်ကို ဘာလို့ ဒီလောင်တောင် စောင်းဖဲ့နေရတာလဲ ဟမ်….”
မူလတုန်းက ကျီချင်းရန် အတော်လေး ဒေါသထွက်မိသွားခဲ့သည်။ သူမ၏ စိတ်ဓာတ်ဖြင့်ဆိုပါက အစောကြီးကတည်းကရင် ချေပလိုက်ပြီး ဖြစ်သည်။
သို့သော် လီမုန့်ယောင်က သူမအား အတော်လေး လှပသည်ဟု မှတ်ချက်ပြုပေးခဲ့သဖြင့် သူမ၏ ဒေါသတို့မှာ တစ်ဝက်မျှ လျော့ကျသွားခဲ့ရ၏။
ထို့ကြောင့် အမျိုးသမီးတို့၏ အတွေးကား မှန်းဆရန် အင်မတန် ခက်ခဲလှသည်။ ကိုယ့်ဘက်က မည်မျှပင် ကြိုးစား၍ မှန်းဆနေစေကာမူ ဘယ်တော့မှ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။
“ သူ ကျောင်းတုန်းက ကိုယ့်ကို ရည်းစားစာ တစ်စောင် ပေးခဲ့ဖူးတယ်… ဒါပေမယ့် ကိုယ့်ဘက်က လျစ်လျူရှုထားခဲ့တယ်လေ… အဲ့တာကို မကျေမချမ်း ဖြစ်နေတာ နေမှာ … ကိုယ်တောင် မေ့တေ့တေ့ ဖြစ်နေပြီကို သူ့ဘက်က ဒီလောက်ထိ အမှတ်သည်းခြေ ရှိမယ်လို့ ဘယ်သူက ထင်ထားမှာ …” လင်းရီ ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ “ အဲ့တာက သူ့အပေါ်ကို သက်ရောက်မှု တော်တော် ရှိခဲ့တယ်နဲ့ တူတယ်…”
“ အဲ့လောက်တောင်လား … ဒီလို အသေးမွှား ကိစ္စလေးကိုတောင် ဒီလောက် နှစ်တွေအကြာကြီး မှတ်ထားနေတယ်ပေါ့ …” ကျီချင်းရန် မေးအနည်းငယ် မော့၍ ပြောလိုက်ပြီး “ ငါကျောင်းတုန်းကဆို ငါ့ဆီ စာပေးဖူးတဲ့ ကောင်လေးတွေမှ အများကြီးပဲ … ငါဆို အကုန်လုံး ငြင်းပစ်ခဲ့တာ … အဲ့တာတောင် အဆင်ပြေနေတုန်းပါပဲ … “
“ မင်းအိမ်က ချမ်းသာတာဆိုတော့ ဟုတ်တာပေါ့ …” လင်းရီ ပခုံးတွန့်လိုက်ပြီး “ ဘယ်သူကရော သူဌေးသမီးနဲ့ အဆင်မပြေ ဖြစ်ချင်မှာ …”
ကျီချင်းရန် မျက်လုံးလှန်လိုက်လေသည်။ ဤသည်က ဟုတ်သလိုလိုတော့ ရှိ၏။
သူတို့ စကားကောင်းနေစဉ်မှာပဲ လီမုန့်ယောင်၏ အသံကို ကြားလိုက်ရသည်။
“ ငါကြားတာ နင်တို့ဆိုင်က လတ်တလော new men’s black gold set ထွက်ထားတယ်ဆို … မရောက်သေးဘူးလား …”
“ အိုး အဲ့တာ ဒီနေ့တင်ရောက်တာပဲရှင့် … မိန်းကလေး လာခဲ့တာ အချိန်ကိုက်ပဲ … ဆိုင်ထဲမှာတောင် ဒီ တစ် set တည်း ကျန်တော့တာရယ်…”
“ ကောင်းတယ်… ငါ့ဖို့ ထုပ်ပေးပါဦး …” လီမုန့်ယောင် ပြောလိုက်ပြီး “ ငါ့ကောင်လေးက သုံးလေးရက်နေရင် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမှာဆိုတော့ တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေ လိုနေတာနဲ့ အတော်ပဲ …”
ပြောပြီးနောက် လီမုန့်ယောင်သည် ဆိုင်ပြင်တွင် မတ်တပ်ရပ်နေသည့် လင်းရီအား မော်ကြွားမှု အပြည့်ဖြင့် တစ်ချက် လှမ်းရှိုးလိုက်သည်။
“ ဟုတ်ကဲ့ … ခဏလေးစောင့်ပေးပါရှင့် …”
မကြာမီ ဆိုင်ဝန်ထမ်းမှ လီမုန့်ယောင် ပြောသည့် black gold set ကို ရှာတွေ့သွားခဲ့သည်။ ဆိုဒ်က ဖိနပ် ထည့်သည့် ဘူးအရွယ်အစားမျှ ရှိပြီး ထုပ်ပိုးမှုက အတော်လေး လက်ဇရီ ဆန်သည်ဟု ခံစားရသည်။ ၎င်း၏ ဘူးခွံကိုက သေချာလေး ယုယုယယနှင့် သိမ်းထားရက်စရာပင်။
“ မိန်းကလေး … စုစုပေါင်း ယွမ် ၄၆,၈၀၀ ကျပါတယ်ရှင့် …ကတ်ဖြတ်မှာလား ဒါမှမဟုတ် ကျူအာ စကန်နှင့် ရှင်းမှာလား …”
လီမုန့်ယောင် ဖုန်းဖြင့် စကန်ဖတ်တော့မည့် အချိန်မှာပဲ သူမ၏ လက်မှာ မသိမသာတုန်ယင်သွားခဲ့တော့သည်။
“ နင်ဘာပြောလိုက်တယ်… ၄၆,၈၀၀ ဟုတ်လား …”
“ ဟုတ် …. သူက တစ် set ကို ၄၆,၈၀၀ ပါရှင့် …”
“ နင် ဈေး မှားကြည့်မိတာများလား … ငါ အင်တာနက်ပေါ်မှာ မြင်တာတော့ တစ် set ကို ၆,၉၀၀ ယွမ်ဆို … ဘာလို့ ဒီမှာကျ ၄၆,၈၀၀ လဲ …”
ဆိုင်ဝန်ထမ်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သော်လည်း မသိစိတ်အရ ပြန်လည် ရှင်းပြလိုက်၏။
“ ရှင်ပြောတဲ့ ၆,၉၀၀ ယွမ်ဆိုတာ အထဲမှာ ပါတဲ့ စကင်းကဲ ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကိုပါရှင့် … သူက ပစ္စည်းတစ်ခု တန်ဖိုးကိုပဲ ပြောထားတာ … တစ် set လုံးစာ မဟုတ်ဘူး … တစ် set မှာ ၁၂ မျိုး ပါတာဆိုတော့ ဈေးနှုန်းကလည်း ………….”
“ ဪ …….” လီမုန့်ယောင် ကိုးရို့ကားယား ဖြစ်စွာ ရယ်မောလိုက်ပြီး “ လက်စသတ်တော့ အဲ့တာကြောင့်ကိုး …”
သူမ ကောင်လေးက ပိုက်ဆံ ရလာခဲ့သော်လည်းပဲ ကုမ္ပဏီနှင့် အခြား ရှယ်ယာရှင်တို့ ပိုင်ဆိုင်သည်များ ဖြစ်သည်။ သူ့အတွက်သူ သုံးဖို့ မဖြစ်နိုင်ချေ။
သူ့အခြေအနေက မဆိုးရွားသော်လည်း စကင်းကဲ ပစ္စည်းများအပေါ်၌ ယွမ် ငါးသောင်းနီးနီး သုံးဖို့ဆိုသည်မှာတော့ အနည်းငယ် ချဲ့ကားရာ ကျလွန်းလှသည်။
ဆိုင်ဝန်ထမ်းလေးမှ ပြုံး၍ ကိုးရို့ကားယား နိုင်မှုကို ချေဖျက်ရန် ကြိုးစားလိုက်သည်။
“ ကတ်ဖြတ်မှာလား … ကျူအာပေးနဲ့လားရှင့် …”
“ ငါ တခြား ပစ္စည်းတွေ မလိုချင်ဘူး … တိုနာပဲ စိတ်ဝင်စားတာ … အဲ့တာလေးပဲ ထုပ်ပိုးပေးလိုက် …”
“ ရှင် … ရှင့်ရဲ့ ကောင်လေးက ခရီးသွားမှာ မဟုတ်ဘူးလား … ဒီလို တစ် set လိုက်ဆိုတော့ သုံးလို့ ပို အဆင်ပြေတာပေါ့ …”
ဆိုင်ဝန်ထမ်းမှာ အရောင်းအဝယ် ဖြစ်ပြီး သူမဖို့ ကော်မရှင် မြိုးမြိုးမြက်မြက်လေးရရန် လီမုန့်ယောင်အား တစ်set လုံး ဝယ်ရန် သိမ်းသွင်းတော့၏။
“ ပြီးတော့ ရှင်ပဲ ခုလေးတင် တစ်set လိုချင်တယ်ဆို … တိုနာ တစ်ခုတည်း ဝယ်တာထက်ဆိုရင် ဒီလို တစ်setလိုက် ဝယ်တာက ပိုပြီး ဈေးသက်သာတယ်…”
“ ဒါက ….. “
လီမုန့်ယောင် ခေတ္တ တုံ့ဆိုင်းသွားပြီး “ ငါ ခုနက လျှာစလစ် ဖြစ်သွားလို့ … ငါ တစ်set လုံး မလိုဘူး … တိုနာပဲ လိုတာ … ပရိုမိုးရှင်း လာလုပ်မနေနဲ့ …”
လီမုန့်ယောင်က တစ်set လုံးဝယ်ယူရန် ဆန္ဒမရှိသည်ကို မြင်တော့ ဆိုင်ဝန်ထမ်း မိန်းကလေး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။
“ စိတ်မရှိပါနဲ့ရှင် .. ဒါက အစုံလိုက် လာတာပါ .. အထဲက ပစ္စည်းတွေကို ခွဲရောင်းဖို့ မဖြစ်နိုင်လို့ပါ …”
“ ဒါဆို ဘယ်တတ်နိုင်မှာ … နှမြောစရာပဲ …”
ဝန်ထမ်း မိန်းကလေးလည်း ဘာမျှ ဆိုမနေတော့ချေ။ တွန့်ဆုတ်စွာဖြင့် ပစ္စည်းများကို အိတ်ထဲမှ ပြန်ထုပ်ကာ မူလ နေရာအတိုင်း ပြန်ထားလိုက်သည်။
“ နင်တို့ ထုတ်ထာပြီးမှတော့ ပြန် သိမ်းမနေနဲ့တော့လေ… ငါ ယူမယ်…” ကျီချင်းရန် ပြောလာခဲ့၏။
ဟင် …
ကျီချင်းရန်က ဝယ်လိုနေသည်ကို မြင်တော့ လီမုန့်ယောင်နှင့် ဆိုင်ဝန်ထမ်း မိန်းကလေးတို့မှာ ကြက်သေသေသွားခဲ့တော့သည်။
“ နင်က ဝယ်မယ်ပေါ့ …”
ကျီချင်းရန် လီမုန့်ယောင်အား ကြည့်၍ “ မဟုတ်တော့ရော …”
“ လင်းရီရဲ့ လစာက တစ်လမှ ယွမ် ၆,၀၀၀ လောက် ရတာနော်… သူသာ ဒါဝယ်လိုက်ရင် နှစ်ဝက် လစာကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်… နင်တို့ မဝယ်ခင် ဆင်ခြင်ဦးမှပေါ့ …” လီမုန့်ယောင်သည် ဝေဖန် ပြစ်တင်လိုသည့် လေသံဖြင့် ပြောလိုက်ပြီး “ နင်တို့မှာ ငွေရှိတယ်ဆိုလည်း အိမ်ဝယ်ဖို့ စုထားလိုက်ပေါ့ …”
“ ဒီဘက်က မိန်းကလေးရှင့် … ရှင် မဝယ်နိုင်ရင်လည်း တခြား ကတ်စတန်မာတွေကို မနှောင့်ယှက်ပါနဲ့ရှင့် … ဟုတ်ပြီလား …” ဝန်ထမ်း မိန်းကလေးမှ မပျော်မရွှင် ဖြစ်စွာ ပြောလိုက်သည်။
“ နင် ဘာပြောလိုက်တယ်… ငါ မတတ်နိုင်ဘူးလို့ ဘယ်သူကပြောလဲ …” လီမုန့်ယောင် ဒေါသတကြီး ဖြစ်သွားခဲ့ရသည်။
“ ရှင် ဝယ်ချင်တယ်ဆို ကျွန်မ ရှင့်ကို အရင် ရောင်းပေးလို့ ရတယ်နော်…” ဝန်ထမ်း မိန်းကလေးမှ ပြန်ချေပလိုက်၏။
“ ငါ ဝယ်မယ်… ဒါပေမယ့် ငါလိုချင်တာက ပစ္စည်းတစ်မျိုးတည်း … ကျန်တာကို သုံးမှာ မဟုတ်ဘူး … နင်တို့ကမှ ခွဲပြီး မရောင်းချင်တာ ငါက ဘယ်လို ဝယ်ပေးရမှာလဲ …”
“ မိန်းကလေး … ရှင် ဝတ်စားထားတဲ့ ပုံစံကို ကြည့်ရသလောက်တော့ အတွေ့အကြုံရှိပြီး ဗဟုသုတလည်း နှံ့စပ်မယ့်ပုံပါ … အစုံလိုက် လာတဲ့ ပစ္စည်းကို ဘယ်သူက ထုတ်ပြီး တစ်ခုချင်း ရောင်းတာမျိုး ရှင်မြင်ဖူးလို့ …”
“နင် ….”
“ တကယ်တမ်း ဘာတွေ ဖြစ်နေလဲဆိုတာကို ကျွန်မတို့ အားလုံး နားလည်ပါတယ်.. ကျွန်မ နှုတ်က ထုတ်မပြောချင်ဘူး … ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ စီးပွားရေးကို နှောင့်လား ယှက်လား မလုပ်ပါနဲ့ …”
လင်းရီ မျက်ခုံးပင့်လိုက်မိ၏။ အရောင်း မိန်းကလေးက အမှန်ပင် နှုတ်စွာလှသည့် မိန်းကလေးပင်။
ဘယ်လိုတောင် စကားပြောကောင်းလိုက်သလဲ …