သတင်းပို့ခြင်း
Vol. 110 Ch. 1640
“ ကျန်တာတွေက နင့်အတွက်မှ မလိုတာ … နင်လည်း မသုံးတတ်တဲ့အတူတူ နင်နဲ့ထားရင် ဖြုန်းတီးရာကျတတယ်… ဒါကြောင့်မို့ ငါ မသုံးချင်သုံးချင်နဲ့ နင့်ကိုယ်စား ကောင်းကောင်း သုံးပေးမယ်လေ…”
“ မင်းဘက်က နစ်နာတယ်ဆိုပြီး ငါဘာလို့ ခံစားနေရတာပါလိမ့်..."
“ မဟုတ်လို့လား …”
“ သူတို့ရဲ့ အလှကုန်တွေဆို ငါ သုံးကို မသုံးတာ ဒါပေမယ့် နင့်အတွက်နဲ့ ငါက တစ်စုံလည်း ဝယ်ပြီး ကျန်တာကိုလည်း မဖြုန်းတီးရက်မှတော့ အဲ့တာတွေကို မသုံးချင် သုံးချင်နဲ့ သုံးပေးရုံပဲ တတ်နိုင်တယ်လေ… အိုက်ယိုး .. ငါက ဒီလောက်ထိ နားလည်ပေးတတ်တဲ့လူဆိုတာ အရင်က ကိုယ့်ကိုယ်တောင် သတိမထားခဲ့မိပါလားနော် …”
“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ အဘွားကြီး … မြန်မြန် ရေချိုးဖို့ ပြင်တော့ …”
သူမ ရယ်မောရင်း အပေါ်ထပ်သို့ အလှကုန်ပစ္စည်း အသစ်၊ အင်္ကျီ အသစ်များဖြင့် တက်သွားခဲ့လေသည်။
ဤသည်က ဈေးဝယ်ထွက်ပြီး ပြန်လာသည့်နေ့တိုင်း သူမ၏ လုပ်ရိုးလုပ်စဉ်ပင်။ ကိုယ်ဝယ်လာသည့် ပစ္စည်းများနှင့် အမြဲ ခဏစမ်းကြည့်၏။ သူမ ပြောစကားများအရတော့ ဒါသည်က ထုံးတမ်းစဉ်လာဆိုပင်။
…
ကျိုးဟိုင်ရှိ ဟွာရှန်း ဆေးရုံတွင်။
နေ့ခင်းဘက်တွင် လင်းရီ ကျန်းနန် စမ်းချောင်း ဟိုတယ်ထဲက ထွက်သွားပြီးနောက် မကြာမီ မာစန်းသည် သူ့လက်အောက်ငယ်သားများ၏ ဆေးရုံသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရ၏။
ဌာန အဖွဲ့အစည်း တော်တော်များများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သူ၏ အခြေအနေအား တည်ငြိမ်နေစေရန်အတွက် တစ်မနက်ခင်းလုံး အချိန်ယူလိုက်ရသည်။ ၎င်းကြည့်ရသည်မှာ အတော်လေး ပြင်းထန်ပြီး ကြောက်ရွံ့စရာ ကောင်းသော်လည်းပဲ ဆေးရုံရှိ ဆရာဝန်များ အဖို့တော့ ဖြတ်တောက်ခြင်းနှင့် ဆင်တူသည်။ ကိုင်တွယ်ဖြေရှင်းဖို့ရာက မခက်ခဲချေ။ သို့သော် အနည်းငယ် သွေးထွက်သံယိုတော့ များ၏။
သို့ပေမယ့်လည်း ဟွာရှန်းဆေးရုံရှိ ဆရာဝန်များအားလုံးက အတွေ့အကြုံ ကြွယ်ဝပြီးသူများ ဖြစ်ကြပြီး တစ်ချက်ကြည့်ရုံမျှဖြင့် တစ်စုံတစ်ယောက်က သူ၏ လက်အား တမင် ဖြတ်တောက်သွားကြောင်းကို တပ်အပ် ပြောနိုင်လေသည်။ ထို့ကြောင့် ခွဲစိတ်မှု လုပ်ဆောင်နေစဉ်၌ သူတို့ စိတ်ထဲ အနည်းငယ် ထိတ်လန့် နေမိခဲ့ကြသည်။
သာမန် လူဆိုပါက ထိုသို့သော အနာတရ ရလာမည် မဟုတ်ရာ ခံရသည့် ဒုက္ခသည်ဘက်ကလည်း သူသည် သာမန်ရိုးရှင်းသည့်၊ သန့်ရှင်းသည့် လူတစ်ယောက် မဟုတ်ကြောင်းကို ညွှန်ပြနေလျက် ရှိသည်။
အသံတို့ တိတ်ဆိတ်နေသည့် ညတစ်ညတွင် လီဟွာရှင်းသည် မာစန်း သတိရလာပြီဟူသည့် သတင်းရပြီးနောက် ဆေးရုံသို့ ထွက်လာကာ သူ၏ အခြေအနေအား လာရောက် ကြည့်ရှုလေသည်။
ပြင်ပ လူနာဆောင် လေးလွှာသို့ ရောက်ရှိပြိးနောက် လီဟွာရှင်းသည် မာစန်းရှိသည့် သီးသန့်ခန်းထဲသို့ ဝင်လာပြီး တစ်ဖက်သူမှာ ဖြူဖျော့နေသည့် မျက်နှာအမူအရာ၊ လက်တွင် ထူထဲစွာ ရစ်ပတ်ထားသည့် ပတ်တီးများဖြင့် အတော်လေး ရှော့ခ်ရဖွယ်ရာ ကောင်းသည့် မြင်ကွင်းမျိုးပင်။
“ ဥက္ကဌလီ…”
လီဟွာရှင်းကို မြင်တော့ မာစန်း ဖျော့တော့စွာ နှုတ်ဆက်လိုက်သည်။
“ ဆောရီးကွာ … ငါ ဒီလိုတွေ ဖြစ်လာမယ် ထင်မထားခဲ့ဘူး ..” လီဟွာရှင်း သက်ပြင်းချလိုက်ပြီး “ အဲလူက ငါ ထင်ထားတာထက်တောင် ပိုပြီး အဆင်အခြင်မဲ့နေသေးတယ်…”
“ ဒီလိုမျိုး ဖြစ်လာမယ်လို့ ငါလည်း ထင်မထားခဲ့ဘူး …” မာစန်း အမူအရာကင်းမဲ့စွာ ပြောလိုက်ပြီး “ ငါ ဟောင်ကောင်က လူတွေနဲ့ ဆက်သွယ်ထားပြီးပြီ… ငါတို့ လက်စား ပြန်ချေရမယ်… ကျိန်းသေပေါက် ဒီတိုင်း လွှတ်ထားလို့ မရဘူး …”
“ ဒီနေရာက ဟောင်ကောင်နဲ့ မတူဘူး … ငါတို့ လီမိသားစုရဲ့ ပိုင်နက် မဟုတ်ဘူး … မင်း လုပ်သမျှ အကုန်လုံး ဂရုစိုက်မှ ဖြစ်မှာ …. မဆင်မခြင် လျှောက်မလုပ်နဲ့ …”
သူ့ဘက်က ထုတ်မပြောသော်လည်း လီဟွာရှင်းသည် မာစန်း၏ လုပ်ရပ်များအား မျက်စိမှိတ်၍ ထောက်ခံနေသည်။
သူ့အဖေလည်း အသက်ကြီးလှပြီ ဖြစ်ရာ အမွေခွဲရမည့် အချိန်အခါလည်း နီးလာပြီ ဖြစ်၏။ အကယ်၍ သူသာ ဟွာရှတွင် အမည်တစ်လုံး ရေးထိုးနိုင်ခဲ့မည်ဆိုပါက သူ့အဖေ၏ ဆက်ခံသူ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဤကိစ္စကို ဒီတိုင်းထားလိုက်ဖို့ရာ မဖြစ်နိုင်ချေ။
“ စိတ်ချပါ ဥက္ကဌလီ…. ဒီတစ်ကြိမ်ကျရင်တော့ ငါ့လူတွေကို ငါကိုယ်တိုင် ခေါ်လာခဲ့မှာ … ဒီခရီးစဉ်မှာ ဘာအမှားအယွင်းမှ ထပ်မဖြစ်စေရဘူး …”
လီဟွာရှင်း ခေါင်းညိမ့်၍ ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“ ဒဏ်ရာ အခြေအနေ ဘယ်လိုလဲ … ဒေါက်တာ ဘာပြောလဲ …”
မာစန်း၏ မျက်နှာ အုံ့မှိုင်းသွားခဲ့ပြီး သူ၏ အမူအရာမှာလည်း အလွန်အမင်း အကျည်းတန်သွားခဲ့လေသည်။ သူ ပြန် မမှတ်မိချင်သည့် မှတ်ဉာဏ်တစ်ခုကို ပြန်စဉ်းစားမိသွားဟန်ပင်။
“ ငါတို့ တိုက်ခိုက်ခဲ့ကြတယ်… သူက သိပ် ကျွမ်းကျင်တယ်… ငါ့လက်တစ်ဖက်ကို ဖြတ်တောက်သွားရုံတင်မကဘူး … ခြေထောက်တစ်ဖက်လည်း ချိုးသွားသေးတယ်… ဒဏ်ရာအခြေအနေကို တည်ငြိမ်အောင်လုပ်ပြီးတော့ စတီးရိုးထည့်ပြီး ဒီမှာ ခဏလောက် နားရမယ် ပြောတာပဲ …”
“ ဒီမှာ နေစရာ အကြောင်းမရှိဘူး … ငါမင်းကို ဟောင်ကောင် ပြန်ခေါ်သွားမယ်…”
သူ့အနားတွင် နှစ်ပေါင်းများစွာ နေလာသည့် ယုံကြည်ရသူ တစ်ယောက် အနေဖြင့် လီဟွာရှင်းသည် မာစန်းက သူ့ဖို့ မည်သို့သော လူစားမျိုးလဲ ဆိုတကို ကောင်းကောင်းသိပြီး သူကား ဟွာရှမှ မထွက်ခွာချင်ပေ။
“ ဥက္ကဌလီ…. မင်း စိတ်မပူနဲ့ …. ဒီလို အချိန်ကြီးမှာ ဟောင်ကောင်ကို ပြန်ရတာ တအား ဒုက္ခများလွန်းတယ်… ငါ ဒီမှာကုလည်း အဆင်ပြေတယ်…” မာစန်း ပြောလိုက်ပြီး “ ပြီးတော့ ငါတို့ ဟွာရှက စီးပွားရေး လုပ်ငန်းတွေကို ကိုင်တွယ်ရင်းနဲ့ လက်စားပြန်ချေလို့လည်းရတယ်…. ဒီမှာ အချိန်တစ်ခုလောက်အထိ နေကြတာပေါ့….”
လီဟွာရှင်း အတန်ကြာအောင် စဉ်းစားပြီးတော့မှ ခေါင်းညိမ့်လိုက်သည်။
“ ဒါဆိုလည်း မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့ .. ကျိုးဟိုင်မှာ လေလံပစ်မယ့် နောက်ထပ် မြေတစ်နေရာ ရှိသေးတယ်… ငါ ပြန်ပြီး ပြင်ဆင်ထားဖို့လိုတယ်… မင်း တစ်ခုခု လိုအပ်ရင် ငါ့ကို အကြောင်းကြားလိုက် …”
“ နားလည်ပြီ…. ဥက္ကဌလီ ငါ့ဖို့ စိုးရိမ်စရာ မလိုပါဘူး … ငါ့ကြောင့်နဲ့ ဟွာရှတွင်း ကိစ္စရပ်တွေကို နှောင့်နှေးတာမျိုး မဖြစ်စေနဲ့ …. ဒီကိစ္စကိုလည်း ငါ တတ်နိုင်သမျှ မြန်မြန် ကိုင်တွယ်လိုက်မယ်…”
“ ကောင်းပြီ… ခုလောလောဆယ် မင်း တခြား ဘာမှ မစဉ်းသေးနဲ့ …. ကိုယ်ပြန်သက်သာလာဖို့ပဲ ဂရုစိုက် … ကျန်တဲ့ကိစ္စ နောက်မှ အေးဆေးပြောလို့ရတယ်…”
“ ကျေးဇူးပါ ဥက္ကဌလီ…”
နောက်တစ်နေ့ နံနက်တွင် ကျီချင်းရန်သည် အိပ်ရာမ ထ၍ သံစဉ်တစ်ခုအား ညည်းရင်း မနက်စာ ချက်ပြုတ်နေလျက် ရှိသည်။ သူမ၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေဟန် ရလေသည်။
လင်းရီ မနက်စာ ပေါက်စီနှင့် ပဲနို့ စားသောက်နေစဉ်တွင် ကျီချင်းရန်မှ အပေါ်ထပ်သို့ တက်ပြီး အဝတ်စားလဲ၏။ သူမ ပြန်ရောက်လာသည့် အချိန်တွင်တော့ လင်းရီမှာ လုံးဝ ကြက်သေသေသွားခဲ့တော့သည်။
သူမက အပြာရောင်ဂျင်းနှင့် အဖြူရောင် တီရှပ်နှင့် အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားကာ ဆံပင်ကို နောက်သို့ ပိုနီတေးပုံစံ ချည်ထား၏။
သူမလက်ထဲတွင် အနက်ရောင် Doc martens boots များ ကိုင်ထားပြီး သူမ ယနေ့ ဝတ်ထားသည့် ဝတ်စုံနှင့် အတော်လေး လိုက်ဖက်ညီနေသည်။
ထို ဘွတ်ဖိနပ်များက သာမန် လူတစ်ယောက်နှင့် လိုက်ဖက်ရန်က တော်တော်လေး မလွယ်ကူလှပေ။ ၎င်းတို့က အထူးသီးသန့် ခြေထောက်ပိုင်ရှင်တို့အတွက်သာ ရည်ရွယ်ထားပုံ ရလေသည်။
လိုအပ်ချက်ကတော့ သင်၏ ခြေထောက်များမှာ ရှည်လျားဖြောင့်စင်းနေဖို့လိုပြီး တအားလည်း ပိန်နေ၍ မရသလို အရေးကြီးဆုံးကတော့ မိမိ၏ နောက်ပိုင်း အလှမှာလည်း မို့မောက်နေရန် လိုသည်။ မဟုတ်ပါက ၎င်းဖိနပ်က မိမိ၏ ရှိရင်းစွဲ ဆွဲဆောင်မှုများကိုပင် လျော့ကျသွားစေလိမ့်ဦးမည်။
ကျေးဇူးတင်ချင်စရာ ကောင်းရလောက်အောင် ကျီချင်းရန်၏ ကိုယ်လုံးကိုယ်ပေါက်မှာ အနှီ လိုအပ်ချက်များ အားလုံးနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေပြီး ခပ်မိုက်မိုက် အသွင်သဏ္ဌာန်ရှိ၏။
“ ဘာလို့ စတိုင်ပြောင်းလိုက်တာ … မင်း ပုံစံဆို ဒီလို အဝတ်တွေ ဝတ်ခဲပါတယ်…”
“ နင်က ရဲအရာရှိ ဖြစ်လာပြီဆိုတော့ ငါလည်း နင်နဲ့ လိုက်ဖက်အောင် ဝတ်စားမှပေါ့ … “ ကျီချင်းရန် ကိုယ်ကို တစ်ပတ်လှည့်ပြလိုက်ပြီး “ ဘယ်လိုနေလဲ … ငါ ကြည့်လို့ ကောင်းတယ်မလား …”
“ အင်း … ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းဒီလို ဝတ်လို့လည်း အလကားပဲလေ… ငါက ယူနီဖောင်းဝတ်ပြီး မင်းနဲ့ အပြင်လျှောက်လည်လို့ ရမှာမှ မဟုတ်တာ….”
“ ဒီတိုင်း အစဉ်အလာပါပဲဟယ်…” ကျီချင်းရန် တခစ်ခစ်ရယ်လျက် “ ငါ ဒီနေ့ နင့်ကို အလုပ်လိုက်ပို့ပေးမယ်.. “
“ ဥက္ကဌကျီက ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမယ်ဆိုတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်တွေ မနာလိုဖြစ်လွန်းလို့ သေသွားတော့မှာပဲ…”
“ သူတို့ မနာလိုလည်း အလကားပါပဲ ခစ်ခစ်…..”
ပြောပြီးနောက် ကျီချင်းရန်သည် လင်းရီ၏ ပါးအား မွှေးကြူလိုက်သည်။ သူမ ကြည့်ရသည်မှာ တော်တော်လေး စိတ်ကောင်းဝင်နေသည့်ပုံပင်။
တံခါးပိတ် လေ့ကျင့်ရေး အစီအစဉ်ကြောင့် ကျီချင်းရန်သည် မနက်စာ စားပြီးနောက် လင်းရီ၏ ခရီးဆောင်အိတ်အား အပြင်သို့ ထုတ်လာခဲ့၏။ အထဲတွင်တော့ အဝတ်အစားများ ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
ကျီချင်းရန်မှာ လိုက်ပို့ပေးမည် ဆိုသော်လည်း ကားမောင်းသည့် တာဝန်ကတော့ လင်းရီ ပေါ်သို့ ကျရောက်လာခဲ့၏။
ကျီချင်းရန်မှာမူကား မသိစိတ်အလျောက် ခရီးသည် ထိုင်ခုံသို့ ထိုင်ကာ ဆယ်လ်ဖီပုံများစွာ ရိုက်ယူရင်း သူမ၏ စတိုင်အသစ်အား နှစ်ခြိုက်နေလျက် ရှိတော့သည်။
ထရိန်နင်က ရှင်းရှန်း ခရိုင်တွင် ဆင်းရမှာဖြစ်ပြီး လင်းရီ ထိုနေရာအပေါ် အမြင်တစ်ချို့ ရှိထား၏။ မြို့ကြီးနှင့် နှိုင်းယှဉ်မည်ဆိုပါက ဤနေရာကား ဆင်ခြေဖုံး နေရာလေး တစ်ခုဟု ဆိုစမှတ် ပြုရမည့် နေရာပင်။ ဘန်ဂလို တစ်ချို့ ရှိသော်လည်း ကျေးလက်ဒေသဘက်နှင့်တော့ ကွဲပြား၏။
ယခင် သူ လျန်ရူရွှယ်နှင့် စကားဆက်မိခဲ့စဉ်က ဤ ဧရိယာသည်လည်း ပရောဂျက် ပလန်အတွက် အဓိက အာရုံစိုက်ထားသည့် နေရာတစ်နေရာဆိုပင်။ ထို့ကြောင့် သူ့ဘက်က ကျီချင်းရန်အား သတင်းပြောပြထားပြီး ဤ ဧရိယာအတွက် မဟာဗျူဟာတစ်ချို့ ချမှတ်ထားဖို့ အသိပေးထားခဲ့သည်။
“ ပတ်ဝန်းကျင်က နည်းနည်း ချို့တဲ့နေတယ်ဆိုပေမယ့် အဆိုးရွားကြီးတော့ မဟုတ်ပါဘူး … ငါထင်ထားသလောက်တော့ မဆိုးဘူပဲ …”
“ ဘာပဲဆိုဆို ကျိုးဟိုင်နဲ့ နီးတဲ့ နေရာဆိုမှတော့ မဆိုးတာ ပုံမှန်ပါပဲ … ဒီတိုင်း မဖွံ့ဖြုးသေးရုံလောက်ပါ…”
ကျီချင်းရန် ခေါင်းညိမ့်လိုက်သည်။ “ သွားစို့ … ငါနင်နဲ့ လိုက်ခဲ့ပေးမယ်…”
နှစ်ယောက်သား ကားထဲမှ ထွက်ရန် လင်းရီ ခရီးဆောင်အိတ်အား အောက်သို့ ချလိုက်သည်။
သူ တံခါးဝကို လှမ်းကြည့်လိုက်သောအခါ လူတော်တော်များများကလည်း သူကဲ့သို့ အိတ်များဖြင့် အထဲသို့ ဝင်လျက် ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော် ထိုအချိန်တွင် လင်းရီ ရုတ်တရက်ဆိုသလို ရင်းနှီးနေသည့် ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရပြီး ရင်ထဲ ထိတ်ကနဲ ဖြစ်သွားခဲ့တော့သည်။
‘ သောက်ကျိုးနည်း … သူတော့ မဟုတ်လောက်ဘူးမလား …’