← Chapters

လုံးဝ မလှုပ်ခြင်း

Vol. 110 Ch. 1647

လုံးဝ မလှုပ်ခြင်း

Vol. 110 Ch. 1647

“ ကျိုးရှင်းဟိုင် မရတော့ဘူး …”

“ လင်းရီ နိုင်သွားပြီ…”

“ သူက သိပ်မိုက်တာပဲ …”

ကျိုးရှင်းဟိုင်မှာ ပြန်ပင် မထနိုင်သည်အထိ ပင်ပန်းနေသည်ကို မြင်တော့ လင်းရီမှာ တည်ငြိမ်စွာ ထ၍ ကိုယ်အား အကြောဆန့်လိုက်လေသည်။ အခေါက်ရေ ၃၀၀ ကျော်အောင် ပြုလုပ်ထားသော်လည်း တစ်ခါမျှ မလုပ်ထားသည့်အသွင် ပေါက်နေတော့သည်။

“ မင်းက အလောင်းအစား လုပ်ရဲမှတော့ အရှုံးကိုလည်း ဝန်ခံနိုင်ရမှာပေါ့ … ငါတို့ အိပ်ခန်းရဲ့ အိမ်သာဆေးဖို့ကို မင်းနဲ့ လွှဲထားလိုက်ပြီနော….”

ကျိုးရှင်းဟိုင်၏ မျက်နှာတစ်ပြင်လုံး အရှက်ရမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ သူ စကား တစ်လုံးပင် မဆိုနိုင်တော့ချေ။

ကူရိရန်မှာ မျက်လုံးလှန်လိုက်ပြီး သူမကိုယ်သူမ တွေးတောလိုက်၏။

‘ လူကြည့်တော့ ဂလန်ဂလား ၊ ကြွက်သားကြီးတွေနဲ့ဆိုတော့ သန်သန်မာမာ ရှိမယ့်ပုံနဲ့ တကယ့်တကယ်ကျတော့ အပျော်လင်လေးလောက်တောင် မမာဘူး … နောက်ဆုံးကျတော့လည်း အဲ့ဒီကောင်ကို ငါ့ဘာငါပဲ ကိုင်တွယ်ရတော့မယ်…’

ရင်ထဲတွင် စောဒကတက်နေသော်လည်း ကူရိရန်သည် သူမ ဖြစ်ခဲ့မည်ဆိုပါကလည်း လုပ်နိုင်မည် မဟုတ်သည်ကိုတော့ မေ့လျော့လို့ နေလေသည်။

“ နည်းပြလီ… ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာ ရှိတယ်…” ကူရိရန် ပြောလိုက်၏။

“ ပြော …”

“ ကျွန်မတို့ နောက်ထပ် လေ့ကျင့်ရေးကို တခြားဟာနဲ့ ပြောင်းလို့ရလား …”

“ နည်းပြကူက ဘာနဲ့ ပြောင်းချင်တာ …”

“ ဂျူဒိုနဲ့ နဗန်း …” ကူရိရန် ပြောလိုက်၏။ “ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေ အားလုံးက အခြေခံ လေ့ကျင့်ရေးတွေလေ… အရင်ပဲ လေ့ကျင့်ကျင့် … နောက်ကျမှပဲ လေ့ကျင့်ကျင့် ပြဿနာ မရှိဘူး … ဒီတစ်ခုကို အရင် လေ့ကျင့်လိုက်ကြတာပေါ့ …”

လီရှင်းဟွေ့ ထိုသို့သော အသေးအမွှား တောင်းဆိုချက်လေးကို မငြင်းပါချေ။ သို့သော် ကူရိရန် အဘယ်ကြောင့် ယခုလို တောင်းဆိုလာသလဲ ဆိုတာကိုတော့ သူ့စိတ်ထဲ ရေးရေးလေး ခန့်မှန်းမိနေသည်။

သို့ပေမယ့် သူမဘက်က ပြောလာခဲ့ပြီဆိုမှတော့ သူ့ဘက်ကလည်း ငြင်းဆန်မနေတော့ချေ။

“ ကောင်းပြီလေ.. မင်းပြောတဲ့အတိုင်း လုပ်တာပေါ့…”

ထိုအခိုက်အတန့်တွင် ဝီဆယ်သံ တစ်ချက် ထပ်မံ ပျံ့လွင့်လာပြီး လူတိုင်း မိမိတို့၏ သောက်စရာများကို ဘေးတွင် ချထားကာ အလျင်စလို လူပြန်စုလိုက်ကြသည်။

“ အနားယူချိန်ပြီးပြိ… အခု နောက်ထပ် လေ့ကျင့်ရေးဖြစ်တဲ့ ဂျူဒိုနဲ့ နဗန်းဆီ သွားကြမယ်…”

မည်သူကမျှ အထူးတလှယ် အံ့အားသင့်သွားခြင်းမျိုး မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ဤပရောဂျက်က မည်သည့် ပရောဂျက်လဲဆိုတာကို အားလုံးက သိနေသောကြောင့် ဖြစ်သည်။

“ မင်းတို့ထဲ အများစုက ရဲအကယ်ဒမီတွေကနေ ဘွဲ့ရလာပြီး ကျောင်းမှာ ဒါမျိုး လေ့ကျင့်ခဲ့ဖူးတယ်ဆိုတာ ငါသိတယ်… ဒါပေမယ့် မလေ့ကျင့်ဖူးတဲ့ ကျောင်းသားတွေလည်း ရှိတုန်းပဲ … ဒါကြောင့်မို့ နည်းပြကူနဲ့ ငါက လူတိုင်းကို နမူနာ ပြပေးမယ်… သေချာလေး ကြည့်ထားကြ …”

လီရှန်းဟွေ့ ကူရိရန်အား အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် ကူရှင်အရှေ့တွင် မတ်မတ်ရပ်လိုက်လေသည်။

တစ်ချိန်တည်းတွင် ကူရိရန်မှာ သူ့အနောက်တွင် သွားရပ်လိုက်၏။ ထို့နောက် ညာသံပေး အော်ဟစ်၍ ပြေးဝင်လာပြီး ခြေထောက်များအား ဆွဲကာ ဖျာပေါ်သို့ ကိုင်ပေါက်လိုက်၏။

၎င်းနောက် ကူရိရန်မှာ လီရှန်းဟွေ့ အပေါ်သို့ တက်ဖိ၍ လက်တစ်ဖက်က ဦးခေါင်းကို ကိုင်ထားကာ ကျန်လက်တစ်ဖက်က လည်ပင်းကို ဖိနှိပ်ထားလိုက်သည်။ ပြီးနောက် သရုပ်ပြမှုသည်လည်း ပြီးဆုံးသွားခဲ့လေသည်။

အတွေ့အကြုံရှိပြီးသည့် လူတစ်ချို့က အဆင်ပြေသော်လည်း မလေ့ကျင့်ဖူးသည့် လူများကတော့ ဤအကွက်၏ ခက်ခဲမှုကို ခံစားမိနေကြသည်။

နှစ်ယောက်သား မတ်တပ်ပြန်ရပ်လိုက်ကြပြီး ကူရိရန်မှ ပြင်ပ စာမေးပွဲမှ တဆင့် ဝင်ရောက်လာကြသည့် လူတို့အား ကြည့်၍ “ ဒီအကွက်က နင်တို့ဖို့ နည်းနည်းခက်လိမ့်မယ်… ဒါကြောင့်မို့ တခြားတစ်ယောက်နဲ့ ပြန်ပြီး သရုပ်ပြပေးမယ်… သေချာကောင်းကောင်း ကြည့်ထားကြ ..”

“ ဟုတ်ကဲ့ …”

“ နည်းပြကူ … ငါ မင်းနဲ့ ပူးပေါင်းပေးမယ်…”

ဖော်လံဖား ၊ ကျိုးရှင်းဟိုင်သည် မတ်တပ်ရပ်လာခဲ့၏။ ကျန်းဖန့်မှာတော့ ရင်ထဲတွင် စောဒကတက်နေသည်။

ကူရိရန် ကျိုးရှင်းဟိုင်အား ကြည့်လိုက်ပြီး “ နင်က ရဲအကယ်ဒမီကနေ ဘွဲ့ရလာခဲ့တာဆိုတော့ ဒီလို လှုပ်ရှားမှုတွေနဲ့ ရင်းနှီးမယ်ဆိုတာ သေချာတယ် … နင့်ကို ကူညီပေးခိုင်းလို့ ဘာမှ ထူးသွားမှာ မဟုတ်ဘူး … သွား … ပြန်သွားထိုင်နေ…”

“ ဟုတ်ကဲ့ …”

ထို့နောက် ကူရိရန်သည် လင်းရီအား ကြည့်၍ “ နင် … ထွက်လာခဲ့ …”

“ ဟမ်… ဒီမှာ လူတွေ ဒီလောက် အများကြီး ရှိတာ ဘာလို့ ငါ့ကိုမှလဲ … နည်းပြကူ … မင်း ဒါကြီးကတော့ လိင်ခွဲခြား ဆက်ဆံနေတာပဲ မဟုတ်ဘူးလား …”

နင့်ကြီးတော်ကို လိင်ခွဲခြား …

ကူရိရန် ရင်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး “ ဒီမှာ မလေ့ကျင့်ဖူးတဲ့ လူ‌ ၈ ယောက်ရှိတယ်… ၆ ယောက်က မိန်းကလေးတွေ… လျိုပေါ်ကလည်း လေ့ကျင့်ဖို့ အရင်ထွက်လာခဲ့ပြီးပြီ… အခု နင့်အလှည့်….”

“ မိန်းကလေး ခြောက်ယောက် ကျန်သေးတယ် မဟုတ်ဘူးလား …”

ဤတစ်ကြိမ်တွင်တော့ မည်သည့် မိန်းကလေးကမျှ လင်းရီ၏ အပြုအမူကို စိတ်ထဲ စနိုးစနှောင့် မဖြစ်ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူက သူ့ကိုယ်သူ သက်သေပြပြီးသောကြောင့် ဖြစ်၏။

ဤအတိုင်း အရင်က တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးသောကြောင့် လူအများရှေ့တွင် အရှက်တကွဲ မဖြစ်လိုသည့်ဟန်ပင်။

“ နင်က မိန်းကလေးတွေနဲ့ ပြိုင်တုချင်နေတယ်ပေါ့ … နင်ယောက်ျားလား မိန်းမလား … နင့်ကိုယ်နင် မရှက်ဘူးလား …”

“ ယောက်ျားဆိုတာ သက်သေပြဖို့ ဘောင်းဘီချွတ်ပြစရာ လိုသေးလား …”

“ လိုတယ် လိုတယ်….”

ကူရိရန် ပြန်ပြောမလို့ ဟန်ပြင်နေတုန်းမှာပဲ အခြား မိန်းကလေးတို့မှ လက်ခုပ်လက်ဝါးတီး၍ အသံထွက်လာခဲ့ကြသည်။

“ တိတ်စမ်း … ဒီနေရာကို ဘယ်လိုနေရာမျိုး ထင်နေလဲ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ လင်းရီ … မင်းလည်း ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့ … ငါက ထွက်ခဲ့လို့ ပြောရင် ထွက်လာလိုက် … နှစ်ခါလောက် စမ်းကြည့်ပြီးသွားရင် မင်း နားလည်သွားလိမ့်မယ်… မာန ထားနေလို့ အသုံးမဝင်ဘူး … မင်း မအောင်မြင်လည်း ဘယ်သူမှ ဂရုစိုက်မနေဘူး …”

“ ဟုတ်ကဲ့ …”

ကူရိရန် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်ပြီး သူမကိုယ်သူမ တွေးတောလိုက်၏။

‘ ဒီတစ်ခါတော့ နင့်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကောင်းကောင်း ကြည့်ထားလိုက် …’

လီရှန်းဟွေ့၏ အမိန့်ပေးမှုအောက်တွင် လင်းရီသည် ဖျာပေါ်သို့ လျှောက်လာပြီး မတ်မတ်ရပ်နေလိုက်သည်။

“ ညင်ညင်သာသာလေး လုပ်ဦး … အကုန်လုံးက အသစ်လေးတွေ… အားသိပ်မသုံးနဲ့ …” လီရှန်းဟွေ့ သတိပေးလိုက်၏။

“ သိပါတယ်… ကျွန်မ အကောင်းဆုံး ထိန်းချုပ်ထားမှာပါ …”

အသင်းထဲတွင်တော့ ကျိုးရှင်းဟိုင်မှာ နှာမှုတ်လိုက်၏။

မင်းကများ နည်းပြကူကို ပက်ကော့ကလန် ပြန်ပြောရဲနေတယ်ပေါ့ ဟုတ်လား … ခဏနေကျရင် ငါမင်းကို ဘယ်လိုသင်ခန်းစာပေးမလဲ စောင့်နေလိုက် ..

ကူရိရန်သည် လင်းရီ၏ အနောက်တွင် မတ်တပ်ရပ်ပြီး ခါးဆန့်၍ ပြောလိုက်၏။

“ အဆင်သင့် ဖြစ်ပြီလား …”

“ အဆင်သင့်ပဲ .. နည်းပြကူ အဆင်သင့်ဖြစ်ရင် စလို့ရပြီ…”

လင်းရီ၏ နားနှစ်ဖက်မှာ အနည်းငယ် လှုပ်ခါသွားခဲ့သည်။ သူ အတော်လေး အာရုံစိုက်နေသည်။ ကူရိရန် ပြေးလာနေသည့် အရှိန်ကိုပင် စိတ်ထဲ ခံစားမိနေခဲ့၏။ ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သိပ်သည်းလိုက်ပြီး ထောက်တိုင်ကြီးကဲ့သို့ မလှုပ်မယှက် ရပ်နေလိုက်သည်။

ထိုအချိန်တွင် ကူရိရန်မှာ လင်းရီ၏ အနောက်သို့ ပြေးဝင်လာပြီး ခြေထောက်ကိုဆွဲ၍ သူ့အား ကိုင်ပေါက်ရန် ဟန်ပြင်နေလေသည်။ သူမ စိတ်ထဲ ဘဝင်လေဟပ်နေတုန်းမှာပဲ ရုတ်ချည်းဆိုသလို တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရ၏။

သူမ မည်မျှပင် ကြိုးစားစေကာမူ လင်းရီအား တုတ်တုတ်လေးမျှပင် မလှုပ်နိုင်ပေ။

ဟင် … ဒါဘယ်လိုဖြစ်နိုင်မှာလဲ …

ကူရိရန် ရင်ထဲတွင် အံ့အားတကြီး မြည်တမ်းမိသွားခဲ့ပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာခဲ့၏။

ထို့နောက် သူမ၏ ခွန်အား အလုံးစုံကို ဖျစ်ညှစ်၍ ပင့်မြှောက်ရန် ကြိုးစားလိုက်သည်။ သို့သော် လင်းရီအား ရွေ့သွားအောင် မပြုလုပ်နိုင်ခဲ့ချေ။

“ မင်း ဘာတွေလုပ်နေတာလဲ …” လီရှန်းဟွေ့ မျက်မှောင်ကြုတ်မိသွားခဲ့၏။

“ စောနက ကျွန်မ ခြေထောက် နည်းနည်းချော်သွားလို့ အားသိပ်မသုံးလိုက်နိုင်ဘူး ဖြစ်သွားတယ်…” ကူရိရန် လွှတ်ပြီး ပြောလိုက်သည်။

“ ထပ်လာမယ်….”

ကူရိရန် ခေါင်းညိမ့်လိုက်ပြီး ခြေလှမ်း ဒါဇင်ခန့် နောက်ဆုတ်လိုက်သည်။

“ အဆင့်သင့်ပဲလား …”

“ အဆင်သင့်ပဲ …” လင်းရီ အေးဆေး သက်တောင့်သက်သာ လေသံဖြင့် ပြန်ဖြေလိုက်၏။

ဝူးရှ်…..

ကူရိရန် အသက်ကို ပြင်းပြင်း ရှူထုတ်၍ အကြည့်တို့ လေးနက်သွားခဲ့သည်။

ယခုလေးတင် တစ်ခုခု ပုံမှန်မဟုတ် ဖြစ်နေသည်ကို သူမ သေချာသည်။ မဟုတ်ပါက သူမ၏ အဆင့်ဖြင့် ကပ္ပတိန်ကိုပင် ကိုင်ပေါက်နိုင်လေရာ သူကဲ့သို့ လူသစ်လေးဆိုလျှင်တော့ ပြောပလောက်စရာပင် မရှိတော့ချေ။

သို့သော် ကူရိရန် မသိခဲ့သည်က သူမ လူသစ်လေးဟု ခေါ်ဆိုနေခဲ့သည့်လူမှာ ဟွာရှရှိ အဆန်းကြယ်ဆုံး အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် တစ်ယောက် ဖြစ်နေခဲ့သည်ဆိုတာကိုပင်။

သူ့လိုလူက သူမလက်ထဲ ကျစရာလား …

ဤတစ်ကြိမ်တွင်တော့ ကူရိရန်သည် စိတ်ထဲတွင် အလွန်အင်မတန်မှ အာရုံစူးစိုက်နေလျက် ရှိ၏။ သူမ အရှိန်နှုန်းမြင့်၍ ပေါ့ပါးသွက်လက်စွာ ပြေးလာသည်။ သူမ၏ စကေးအလုံးစုံကို အသုံးပြု၍ လင်းရီနောက်သို့ ပြေးဝင်လာကာ သူ၏ ခြေထောက်အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။

သို့သော် ဤအခိုက်အတန့်၌ အချိန်သည် ရပ်တန့်သွားသည့်ဟန်ပင်။

လင်းရီမှာ နေရာ၌သာ မလှုပ်မယှက် ရှိနေပြီး ပတ်ဝန်းကျင်ရှိ အသံဗလံများ အားလုံးလည်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့တော့၏။

“ ဘာလို့ ဒီအတိုင်း ဆက်ဖြစ်နေရတာလဲ …”

ကူရိရန် ရင်ထဲတွင် အော်ဟစ်မိသွားခဲ့၏။ ဤသို့သော ရလဒ်မျိုးကို သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ပါချေ။

“ နည်းပြကူ … မင်း စလို့ရပြီလေ… အားပိုထည့် …”

လူတိုင်း၏ မျက်လုံးတို့က ကူရိရန်ထံ ကျရောက်နေခဲ့ကြသည်။

သူပဲ ပြောတော့ သရုပ်ပြပေးမယ်ဆို … ဘာလို့ အားစိုက်မထုတ်လာတာလဲ …

“ နည်းပြကူက လုံလောက်အောင် မသန်မာလို့ နေမှာပေါ့ … ဘာပဲဆိုဆို သူက မိန်းမသားပြလေ… ငါ့ကို မကိုင်ပေါက်နိုင်တာ သာမန်ပါပဲ ..” လင်းရီ ပြောရင်း ကျန်းဖန့်အား လက်ဝှေ့ရမ်းပြလိုက်၏။

“ ရှောင်ဖန့် … မင်း လာပြီး စမ်းကြည့်လှည့် …”

“ အိုး … အိုကေ …”

ကျန်းဖန့် အုပ်စုထဲကနေ ထွက်လာခဲ့သည်။ လီရှန်းဟွေ့ ဘာမျှ ဝင်မပြောသည်ကို မြင်တော့ ကူရိရန် နေရာတွင် အစားဝင်ကာ လင်းရီ အနောက်တွင် မတ်တပ်ရပ်လိုက်သည်။

ထို့နောက် နောက်မှနေ၍ ပြေးဝင်လာပြီး လင်းရီ၏ ခြေထောက်ကို ရစ်ပတ်ကာ ဖျာပေါ်သို့ ကိုင်ပေါက်လိုက်ပြီး လည်ပင်းအား လက်မောင်းဖြင့် ဖိနှိပ်ထားလိုက်၏။

“ မြင်လား … ငါ ဘာပြောခဲ့လဲ … ဒီလို လှုပ်ရှားမှုမျိုးဆိုတာ အမျိုးသားဘက်က စမှ .. နည်းပြကူက လုံလောက်အောင် အားမသန်မာသေးဘူး …” လင်းရီ ပြောလိုက်သည်။

All Chapters