← Chapters

ငါ့အိမ်က တိတောင် သူ့ထက်ပိုကောင်းဦးမယ်

Vol. 110 Ch. 1650

ငါ့အိမ်က တိတောင် သူ့ထက်ပိုကောင်းဦးမယ်

Vol. 110 Ch. 1650

လင်းရီ ဆံပင်အား ပွတ်သပ်လိုက်မိသည်။ သူမတို့တွေ အဘယ်ကြောင့် ဤမျှ လွန်လွန်ကြူးကြူး တုံ့ပြန်နေကြလဲဆိုတာ လင်းရီ နားမလည်နိုင်တော့ချေ။

“ အရင်ကထက် ပိုကြည့်ကောင်းသွားတယ် မထင်ဘူးလား … ငါတော့ တော်တော်လေး မဆိုးဘူးထင်တာပဲ …”

“ လုံးဝ လုံးဝကို မလိုက်ဘူး …”

လျန်ရူရွှယ် ပြောပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ကာ “ ဒါပေမယ့် နင့်ကေကို ပြန်ပြင်လို့တော့ ရပါသေးတယ်… နင် အရင်ပုံစံက မကောင်းတဲ့ကောင်ပုံစံဆိုရင် ခုတော့ အရင်ကလောက် မကောင်းတဲ့ကောင် ပုံစံ သိပ်မရှိတော့ဘူး …”

လင်းရီ “ …. “

“ ငါ နည်းနည်း စပ်စုကြည့်ဦးမယ်.. ဥက္ကဌကျီရော နင့်ဆံပင် ပုံစံ အသစ်ကို ဘာပြောသေးလဲ …”

“ မင်း အခု ပြောတဲ့အတိုင်း ပြောတာပဲ … ငါ့ဆံပင်ပုံစံကို ပြန်ပြင်ပေးမယ်တဲ့ …”

“ ကြည့် … ငါတို့နှစ်ယောက်က သဘောထားချင်း တိုင်ဆိုင်တယ် မြင်လား …” လျန်ရူရွှယ် လင်းရီအား ကြည့်လိုက်ပြီး “ ဒါပေမယ့် နင်ဘာလို့ ဆံပင်ကို ဒီလို ပုံစံမျိုး ညှပ်လိုက်တာ … နင် ဆံပင်ညှပ်မယ်ဆိုလည်း ငါ့ကို ကြိုပြောပြလို့ မရဘူးလား …”

“ ငါ အခု အလုပ်အသစ် တစ်ခု လုပ်နေတာလေ… အဲ့အလုပ်က ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး လိုအပ်ချက် တစ်ချက်ရှိတော့ ခုလို ညှပ်လိုက်ရတာပဲ …”

“ အမ်… ဘယ်လို အလုပ်မျိုးက ဒီလို ဆံပင်ပုံစံမျိုး ထားရလို့ပါလိမ့်…” လျန်ရူရွှယ်သည် လင်းရီအား သေချာစူးစမ်းကြည့်နေပြီး ရုတ်တရက် ထအော်တော့၏။

“ နင် အချုပ်ကျပြီး ခေါင်းရိတ်ခံလိုက်ရတယ်တော့ မပြောနဲ့နော်…”

“ ချီးပဲ … မင်း ငါ့အကြောင်း ကောင်းတာလေး ပြောပေးလို့ မရဘူးလားကွ …”

“ ဒါဆို ဒီတစ်ခေါက်ကရော ဘာတွေ လုပ်တာ …”

“ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ဆိုတာ ထုတ်ဖော်လို့ရမရဘူး … မေးခွန်းတွေ သိပ်မမေးနဲ့ …”

လင်းရီ လျန်ရူရွှယ်အား အလုပ်နှင့် ပတ်သက်၍ များများစားစား မပြောပြခဲ့ချေ။ မဟုတ်ပါက ချိန်ပင်းချန်ထံ ရောက်သွားပြီး ရဲစခန်းသို့ ရောက်ချလာနိုင်သည်။

ဤသည်က သူ၏ အထောက်အထားအား ပေါ်ပေါက်ရန် လွယ်ကူသွားစေမည်ဖြစ်ပြီး အကယ်၍ လူတိုင်းက သိရှိသွားမည်ဆိုပါက ယခု ကိစ္စသည်လည်း အဓိပ္ပာယ် ရှိတော့မည် မဟုတ်ချေ။

“ နင် တုံးစန်းကောင်တီ ကိစ္စနဲ့ ပြီးထားတာတောင် မကြာသေးတာကို ငါထင်နေတာ နင် ရက်နည်းနည်းလောက် နားဦးမယ်ပေါ့ …. မထင်ထားဘူး … ဒီလောက် မြန်မြန်ကြီး ပြဿနာ ရှာနေဦးမယ်ဆိုတာ ….”

“ ငါ ပြောလိုက်မယ် … လျန်ရူရွှယ်.. မင်း ငါ့ကို စော်ကားလို့ရတယ်… ဒါပေမယ့် ငါ့ အလုပ်ကိုတော့ မစော်ကားနဲ့ …”

“ ချူး ချူး ချူး … ငါ တခြား လုပ်စရာတွေ ရှိသေးတယ်… နင်နဲ့ ပြောဖို့ မအားဘူး …”

“ ဟေ့ မင်း ….”

ပြောပြီးနောက် လျန်ရူရွယ်သည် လင်းရီအား စကားပြန်ပြောရန်ပင် အခွင့်အရေး မပေးဘဲ ဖုန်းချသွားခဲ့၏။

လင်းရီ နှုတ်ခမ်းလိုက်လိုက်မိ၏။

ဒီမိန်းမ ပိုပြီး ညင်သာပေးလို့ မရဘူးလားဟ ….

ထို့နောက် လင်းရီသည် လီချူးဟန်၊ ဝမ်ရင်းနှင့် ဝမ်ချွေ့ပင်းတို့ထံ ပုံရိုက်၍ မက်ဆေ့ချ်များ ပို့ပေးလိုက်၏။

ဤတစ်ကြိမ်တွင်တော့ သူရရှိလိုက်သည်က ချီးမွမ်းသံများ အတွဲလိုက်ပင်။ အထူးသဖြင့် ဝမ်ချွေ့ပင်းထံက ဖြစ်၏။ သူ၏ လက်ရှိ ပုံစံက ကြည့်ကောင်းရုံသာမက ခေါင်းတုံး တုံးလိုက်မည်ဆိုလျှင် ပို၍ ခန့်ညားသွားသည်ဟု ဆိုလာသည်။

ရှေးရိုးစွဲသည့် ဟွာရှ အမျိုးသမီးတို့ကတော့ ဤအတိုင်းပင်။

သို့ပေမယ့် သူ့ကိုယ်သူ မည်သို့သော ဆံပင်ကေနှင့်ပဲ ဖြစ်စေ၊ ကြည့်ကောင်းနေမည်ကိုတော့ လင်းရီ ယုံကြည်ချက် အပြည့်အဝ ရှိ၏။

အမျိုးသမီးတို့နှင့် စကားပြောပြီးနောက် လင်းရီ အိပ်ဆောင်သို့ ပြန်လာသည်။

သူ တံခါး တွန်းဖွင့်ပြီး ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျန်းဖန့်မှာ ဖုန်းကို အလျားလိုက် ကိုင်ထားပြီး ပုံမှန်မဟုတ်၊ ဝင့်ကြွားသည့် ဟန်ပန်ဖြင့် စကားပြောနေသည်ကို သတိထားမိလိုက်လေသည်။

“ မမ… နင် ဘာမှ မစိုးရိမ်နဲ့ … မမရဲ့ စကေးတွေက မကောင်းဘူးဆိုရင်တောင် ကျွန်တော် နည်းပြပေးနေသရွေ့ တစ်လအတွင်း ချန်ပီယံ တစ်ယောက် ဖြစ်လာမယ်ဆိုတာ အာမခံရဲတယ်…”

“ ရို … လင်းကောတောင် ပြန်လာပြီပဲ …”

လင်းရီ ဝင်လာသည်ကို မြင်တော့ ကျန်းဖန့် သူပြောနေသည့် လူနှင့် နှုတ်ဆက်စကား ဆိုလိုက်၏။

“ မင်းဘာတွေ လုပ်နေတာ … မျက်နှာက ကျေနပ်နေတဲ့ အမူအရာကြီးနဲ့ …”

“ ငါ အင်တာနက်ပေါ်မှာ တွေ့တဲ့‌ ကောင်မလေး တစ်ယောက်လေ… ဂိမ်းဆော့တာ နည်းနည်း ဆိုးတော့ ငါ့ကို လက်တွဲခေါ်ပေးဖို့ ပြောလာနေလို့ … မင်း ပြောကြည့် .. ငါ ကူညီပေးလိုက်ရင် ငါတို့ကြားမှ အချစ် မီးဖွားလေးတောင် မပေါက်ဖွားလာနိုင်ဘူးလား …”

“ မင်းက တော်နေလို့လား … ကောင်မလေးတွေကို လက်တွဲခေါ်ရတာ မလွယ်ဘူးနော်…”

ရှောင်ထျန်အား နှစ်အတော်ကြာ လက်တွဲခေါ်ပေးခဲ့ဖူးသည့်နောက်တွင် လင်းရီသည် နည်းဥပဒေသ တစ်ခုအား သဘောပေါက်သွားခဲ့တော့၏။

မိန်းကလေးတစ်ယောက်အား လက်တွဲခေါ်ပေးရသည်က ပျော်ဖို့ကောင်းသည့် တာဝန်တစ်ခု မဟုတ်ချေ။

ကျန်းဖန့်မှာ ဘဝင်လေဟပ်သည့် အမူအရာဖြင့် ကုတင်နောက်သို့ မှီလိုက်ပြီး သူ့ကိုယ်သူ ညွှန်၍ “ ငါ ကြွားတာတော့ မဟုတ်ဘူးနော်… ငါက ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် နီးပါးလောက်ကို တော်တာ … ငါ့ရဲ့ စကေးတွေ … နည်းပရိယာယ်တွေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေကလွဲရင် တခြား ဘယ်သူ့ကိုမှ မကြောက်ဘူး … မိန်းကလေးတစ်ယောက်ကို ကင်းရန့် တင်ပေးရတာက ထမင်းစား ရေသောက်ပဲ …”

“ ဒါဆိုရင် မင်းက နတ်ဘုရားပဲ(ဆရာကြီးပဲ) …”

လင်းရီ ပြောလိုက်ပြီး “ အဲ့မိန်းကလေးက ဘယ်လိုပုံစံရှိလဲ … တော်တော်လှရောပေါ့ …”

“ လှတာပေါ့ကွ … လာ လာ မင်းကို ပြမယ်…” ကျန်းဖန့် ဆန်းကြယ်စွာ ပြုံးလိုက်သည်။

သူ့တွင်လည်း တခြား လုပ်စရာ မရှိသဖြင့် လင်းရီလည်း တစ်ချက် သွားကြည့်လိုက်ရာ မိန်းကလေးက အတော်လှသည်ကိုတော့ ဝန်ခံရမည် ဖြစ်၏။ ရုပ်ရည်က ကျန်းဇီးရှင်းလောက် ရှိလေသည်။

“ မင်း ထားလိုက်တော့ … သူ့ရုပ်ရည်က သာမန်ပဲ … မင်းရဲ့ စကေးတွေနဲ့ မတန်ပါဘူး…”

“ လင်းကော … မင်း အဲ့တာကြီးကတော့ နည်းနည်း ချဲ့ကားလွန်းသွားပြီ… မင်းကိုယ်မင်း ကြည့်ကောင်းတာ မှန်ပါတယ်… ဒါပေမယ့် ဒီရုပ်ရည်ကို သာမန်ပဲ ဆိုတာတော့ မင်းများသွားပြီ…”

“ ငါမင်းကို ပိုကောင်းတဲ့ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်… မင်းသူ့ကို ကင်းရန့်ရောက်အောင် တင်ပေးနိုင်ရင် မီးဖွားလေးတွေ ထမထတော့ မသိဘူး … မင်းတို့နှစ်ယောက် ညစာ အတူစားလို့ရအောင်တော့ ဖန်တီးပေးနိုင်တယ်…”

“ တကယ်လား … ကောင်မလေးက ဘယ်လိုပုံစံမျိုးလဲ …”

“ ခဏစောင့် … ငါမင်းကို သူ့ဓာတ်ပုံပြမယ်…”

လင်းရီ ရှောင်ထျန်၏ ပရိုဖိုင်သို့ သွား၍ ပုံတွေ သွားတူးဆွလိုက်သည်။

“ မင်း အကြိုက်တွေ့မတွေ့တော့ မသိဘူးပေါ့ …”

“ ဝှက်သယ်ဖက် ….”

ကျန်းဖန့် ပုံကြည့်ပြီးနောက် ကုတင်ပေါ်က ထခုန်လုနီးပါး ဖြစ်သွားခဲ့သည်။

“ ပုံအစစ်လား … တကယ်သာဆိုလို့ကတော့ သူမရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်က လုံးဝ အလွင့်ကြီးပဲ …”

ကျန်းဖန့်မှာ ရှောင်ထျန်၏ ပုံအား ဖန်ဘွိုင်းလေး တစ်ယောက်ကဲ့သို့ ကြည်နူးစွာ စိုက်ကြည့်နေလျက် ရှိသည်။ ထို့နောက် သူမ ပရိုဖိုင်ထဲရှိ ပုံများအားလုံးကို တစ်ပုံပြီး တစ်ပုံ လိုက်ကြည့်နေကာ မျက်လုံးတို့မှာ ကျွတ်ထွက်လုမတတ်ပင်။

“ မင်းလို ရုပ်ချောတဲ့ လူတွေနားမှာ အလှလေးတွေ အမြဲတမ်း ရှိတယ်… ဒီနေ့ကစပြီး ငါမင်းနောက်ပဲ လိုက်တော့မယ်… နောင်ကျ အပြင်ထွက်ရင် ငါ့ကိုခေါ်နော်…”

“ ပြဿနာ မရှိဘူး …” လင်းရီ ရယ်မောလိုက်၏။

“ ဒါပေမယ့် ငါ သူ့အကြောင်း သိရသလောက်ဆို သူက ဂိမ်းဆော့ရတာ တော်တော်လေး ကြိုက်တာ .. မင်းသာ သူ့ကို ကင်းရန့်ရောက်အောင် တင်ပေးနိုင်မယ်ဆိုရင် မင်းအပေါ် သူ့ရဲ့ အမြင်တွေ တိုးတက်လာမှာ သေချာတယ်… နောက် ဘာဆက်ဖြစ်မလဲတော့ ငါ ပြောစရာ မလိုတော့ဘူး ဟုတ်… မင်းဘာမင်း စိတ်ကူးယဉ်ကြည့်ပေါ့ …”

“ တကယ်… အဲ့လောက် လွယ်တယ်ပေါ့ …”

“ သူက ဂိမ်းဆော့ရတာ သိပ်ကြိုက်လို့ပေါ့ဟ … သူ့အရည်အချင်းက နည်းနည်းဆိုးနေလို့သာပဲ … မင်းရဲ့ တောင်ပံတွေနဲ့ သူ့ကို ကာကွယ်ပေးပြီး ကင်းရန့်ရောက်အောင် ခေါ်သွားပေးမယ်ဆိုရင် အဲ့တာကို အကြောင်းပြပြီး သူ့ဘက်ကတောင် ချိန်းဖို့ စကားစလာနိုင်တယ်နော်…”

“ အဲ့လောက်တောင်လား … မြန်မြန် သူ့ကို စာပို့လိုက်တော့လေ… ကင်းရန့်ရောက်အောင် တင်ပေးရတာက ဒီအစ်ကိုကြီးအတွက် တစ်ရေးအိပ်သလောက်ပဲ …”

“ အိုကေ … ခဏလေး …”

လင်းရီ ဖုန်းပြန်ယူ၍ ရှောင်ထျန်၏ ဝီချက် အကောင့်အား ကျန်းဖန့်ထံ ပို့ပေးလိုက်သည်။

“ ငါက မင်းကို အပ်ဖို့ ပြောလိုက်တယ်လို့ ပြောလိုက် … ပြီးရင် သူနဲ့ ဂိမ်းအတူကစားပေးလိုက် … သူမင်း ဖိတ်ခေါ်တာကို လက်ခံလာလိမ့်မယ်…”

“ ကျေးဇူးပဲကွာ ..လင်းကော … ခုကစပြီး မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ …”

“ ပြောစရာ မလိုပါဘူး … ငါသွားအိပ်တော့မယ်.. မင်းတို့ကြား အချစ်မီးဖွားလေးတွေ ထမထက မင်းရဲ့ စကေးတွေအ‌ပေါ် မူတည်နေတယ်နော်…”

“ ဆရာက ကိုယ့်ကို တံခါးပေါက်ဆီပဲ ဦးဆောင်ပေးနိုင်မှာ … သင်ယူဖို့က ကိုယ့်တာဝန်… လင်းကော … မင်းစိတ်ချ… ဒီ မိန်းကလေးအတွက် ကင်းရန့်ရောက်ဖို့က တစ်ပတ်ပဲ …”

“ တစ်ချက်ကြည့်တာနဲ့ မင်းက စိတ်ခွန်အား အပြည့်နဲ့ လူငယ်လေးဆိုတာ ငါပြောနိုင်တယ်… ကြိုးစားထားကွာ …”

ကျန်းဖန့် သူ၏ ကုတင်ပေါ်သို့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြန်သွားခဲ့ပြီး လင်းရီလည်း အနားယူရန် ကုတင်ပေါ်သို့ လဲလျောင်းလိုက်၏။ တစ်ချိန်တည်းတွင် ရှောင်ထျန်အား သူ မည်သူမည်ဝါဆိုတာကို ထုတ်မပြောဖို့ မှာလိုက်လေသည်။

တင်းတောင် တင်းတောင် တင်းတောင် …

နောက်တစ်နေ့ နံနက် ခြောက်နာရီတွင် နှိုးစက်သံ မြည်လာခဲ့၏။

စည်းမျဉ်းစည်းကမ်းများအရ လူတိုင်း အိပ်ရာထ မျက်နှာသစ်ရန် လိုသည်။ နောက်ကျသူများက အပြစ်ပေးခံရမည်ဖြစ်ပြီး မည်သို့သော ပြစ်ဒဏ်နှင့် ကြုံတွေ့ရမလဲ ဆိုတာတော့ နည်းပြ၏ စိတ်အခြေအနေပေါ်၌သာ မူတည်လေသည်။

နှိုးစက်သံ ကြားတော့ လင်းရီ အိပ်ရာထဲက ကောက်ကာ ငင်ကာ ထလိုက်သည်။

သို့သော် သူ ကုတင်ပေါ်က ထသည်နှင့် ကျန်းဖန့်မှာ သူ၏ ကုတင်တွင် ခြေတင်ပျဉ်ခွေလျက် ထိုင်နေပြီး သူ့အား စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ မျက်လုံးအောက်တွင်လည်း အမည်းရောင် အကွင်းကြီးများ ဖြစ်ပေါ်နေပြီး မနေ့ညက တစ်ညလုံး အအိပ်ပျက်ထားသည့်ဟန်ပင်။

“ ငိုးလား … ဘာလို့ ငါ့ကို အဲ့လိုလာစိုက်ကြည့်နေတာ …”

“လင်းကော … မင်း ငါ့ကို မိတ်ဆက်ပေးတဲ့ အဲ့ဒီ မိန်းကလေးက သာမန် အိုင်ကျူနဲ့ မိန်းကလေးဆိုတာတော့ ဟုတ်ပါတယ်နော်…”

“ ဒါပေါ့ … ပုံမှန်ပဲလေ… တက္ကသိုလ်မှာ အလုပ်လုပ်တာ … အလုပ်ကလည်း တည်ငြိမ်တယ်…”

“ ဒါပေမယ့် မင်းသိလား … ငါ ကင်းရန့် ကစားသမားက သူနဲ့ တစ်ညလောက် တွဲဆော့လိုက်တာ အခု ဒိုင်းမွန်း ပြန်ကျသွားပြီ…”

“ အာ … ဟိုက မိန်းမလှလေးပါဆို ဂိမ်းသိပ်မဆော့တတ်တာ ပုံမှန်ပဲလေ…”

“ မဆော့တတ်တာ မဟုတ်ဘူး … လက်ကို မပါဘူးလို့ ထင်တယ်…” ကျန်းဖန့် ပြောလိုက်ပြီး “ ငါ့အိမ်က တိကို သင်ပေးရင်တောင် သူ့ထက် စကေးကောင်းရင် ကောင်းဦးမယ်…”

လင်းရီ ရယ်မောမိသွားခဲ့လေသည်။

အဲ့တာ ခွေးကို စော်ကားရာ ကျသွားပြီ…

စာစဉ် (၁၁၀) ပြီး၏။

All Chapters