ကျေးဇူးပြုပြီး ကူညီပေးဦး
Vol. 110 Ch. 1648
လင်းရီ၏ စကားလုံးတို့က လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် လူတော်တော်များများက ဤအကွက်ကို လေ့ကျင့်ထားဖူးကြပြီး ဘာဖြစ်နေလဲဆိုတာကို သူတို့တွေ သိကြသည်။ ဤလေ့ကျင့်ရေးတွင် ရှေ့တွင် ရပ်နေသည့်လူ လုပ်နိုင်သည့်အရာက သိပ်မရှိချေ။
အနောက်တွင် ရပ်နေသည့် လူကသာ အားစိုက်ထုတ်မှု အနည်းငယ်လေးနှင့် ဧရာမ ဝတုတ်ကြီး ဖြစ်နေလျှင်ပင် လွယ်လင့်တကူ ကိုင်ပေါက်လိုက်၍ ရလေသည်။
သို့သော် အကယ်၍ အနောက်တွင် ရပ်နေသည့်လူက အတော်လေး အားနည်းနေခဲ့မည်ဆိုလျှင်တော့ မတူခြားနားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် သူမက နည်းပြ တစ်ယောက် ဖြစ်နေပါလျက်နှင့် သင်တန်းသား တစ်ယောက်ကိုပင် မကိုင်ပေါက်နိုင်ပဲ အခြား အမျိုးသားတစ်ယောက်နှင့် အစားထိုးလိုက်သည့် အခါမှသာ အောင်မြင်သွားခဲ့သည်ကတော့ အကြောင်းတစ်စုံတစ်ရာကိုသာ မီးမောင်းထိုးပြလျက် ရှိလေသည်။
ထိုအရာကတော့ နည်းပြကူ၏ ခွန်အားက အမှန်ပင် အားနည်းနေပုံရ၏။
“ လင်းရီ … ကျန်းဖန့် …”
လူတိုင်း တီးတိုး တီးတိုးဖြင့် ဆွေးနွေးနေကြစဉ် လီရှန်းဟွေ့ အော်ဟစ်လိုက်၏။
“ ရှိ …”
“ သွားပြန် တန်းစီ …”
“ ဟုတ် …”
နှစ်ယောက်သား အသင်းထဲ ပြန်ဝင်၍ တန်းစီလိုက်ကြ၏။ ကူရိရန်မှာ လီရှန်းဟွေ့၏ ဘေးသို့ ပြန်သွားပြီး မျက်နှာထား တည်တည်ဖြင့် ရပ်နေကာ သူမ မည်သည့်အရာများ စဉ်းစားနေလဲဆိုတာကိုတော့ မည်သူကမှ မသိရှိနိုင်ကြချေ။
သို့သော် သူမ လင်းရီအား ရိုက်သတ်ချင်စိတ်တို့ ဖြစ်ပေါ်နေမည်မှာကတော့ သံသယ ရှိနေရန် မလိုချေ။
“ ကောင်းပြီ… ခုကစပြီး အုပ်စုနဲ့ လေ့ကျင့်မယ်…”
“ ဟုတ်ကဲ့ …”
ယခင်အတိုင်း ကိုယ့် အခန်းဖော်များနှင့် နှစ်ယောက်တစ်တွဲ လေ့ကျင့်ကြလေသည်။
လီရှန်းဟွေ့နှင့် ကူရိရန်တို့ကတော့ ဘေးတွင် ရပ်ကြည့်နေရင်း မသင့်လျော်သည်များရှိလျှင် ဝင်ပြီး နည်းပြပေးသည်။
“ မင်း ခုနက ဘာလဲ ဖြစ်တာ … ဘာလို့ သူ့ကို မရွေ့နိုင်တာလဲ …”
“ သူ ကျွန်မကို ပြန်ပြီး တိုက်ခိုက်နေလို့ …” ကူရိရန် တိုက်ရိုက်ကြီး မဖြေလိုက်ပေ။
“ အဲ့တာက နည်းနည်းတော့ ထူးဆန်းတယ်… သူ့လို လူစားမျိုးကို မပြောနဲ့ .. တစ်ဖက်လူက ပေါင် ၂၀၀ ရှိနေတယ်ဆိုရင်တောင် အလွယ်လေး လှဲချနိုင်သင့်တာပါ …”
“ ထားလိုက်တော့ … သူ့အကြောင်း ထပ်ကို မကြားချင်တော့ဘူး … စဉ်းစားရုံနဲ့တင် စိတ်အနှောင့်အယှက် ဖြစ်လွန်းလို့ သေတော့မယ်…”
“ ဒါက ထရိန်နင်လေကွာ … မင်းရဲ့ ပုဂ္ဂိုလ်ရေး အမုန်းတရားတွေကို ဒီထဲထိ သယ်လာလို့တော့ ဘယ်ဖြစ်မှာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် သူက သာမန်လူတွေနဲ့ ကွဲနေတာကတော့ အမှန်ပဲ … ငါတို့ လေ့ကျင့်ရေးပြီးရင် သူ့ကို လက်ရည်စမ်းဖို့ လွှတ်လိုက်သင့်တယ်လို့ ထင်လား …”
“ ရှင်ပြောချင်တာ ၄ ခရိုင် ပြိုင်ပွဲကိုလား …”
“ အမှန်ပဲ …”
“ မေ့လိုက်… အဲ့တာက ဂုဏ်သိက္ခာနဲ့ ဆိုင်နေတာ .. ရှင် သဘောတူရင်တောင် ခေါင်းဆောင်လျိုက သဘောတူဦးမှ ဖြစ်မှာ …”
အစဉ်အလာထုံးစတမ်းတို့အရ ကျိုးဟိုင်တွင် ဌာနခွဲ အသီးသီးတို့မှာ နှစ်စဉ်နှစ်တိုင်း သိုင်းပြိုင်ပွဲ တစ်ခု ကျင်းပလေ့ရှိ၏။
သို့သော် ဤသည်က တရားဝင် ပြိုင်ပွဲ တစ်ခု မဟုတ်ဘဲ အပန်းဖြေသည့် သဘောဖြင့် အပျော်တမ်း ကျင်းပကြခြင်းပင်။
သူတို့၏ အရည်အချင်း အရှိဆုံး လက်အောက်ငယ်သားများအား ယှဉ်ပြိုင်ရန် စေလွှတ်ရုံငမျှမက လူသစ်များကိုလည်း ပြိုင်ပွဲတွင် ပါဝင်ရန် အားပေးထားလေသည်။
သို့သော် မိမိတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် အပျော်တမ်း ဆိုသော်လည်းငြားလည်း ခေါင်းဆောင်အသီးသီးတို့မှာ ဤပြိုင်ပွဲအတွက် လူသစ်များကို ဘယ်သောအခါကမှ အသုံးမပြုခဲ့ကြချေ။ ထိုအစား အရည်အချင်း အပြည့်ဝဆုံး ကိုယ်စားလှယ်များကိုသာ စေလွှတ်ကြပြီး မျက်နှာပျက်မည့် အရေးမှ ကယ်တင်ကြ၏။
“ အင်း … အဲ့တာလည်း ဟုတ်တယ်…” လီရှန်းဟွေ့ ပြုံးလိုက်ပြီး “ ဒါပေမယ့် ဒီကောင်လေးက တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတယ်… ဒါက မင်း ဦးဆောင်နေတဲ့ တတိယ အသုတ် ဖြစ်နေပြီကို မင်းကို ဒီလောက်ထိ ကူကယ်ရာမဲ့အောင် လုပ်နိုင်တာကတော့ ပထမဆုံးပဲ မလား …”
“ ကျစ် …. ဒါလေးက ဘာမှမဟုတ်သေးပါဘူး … နောက်ထပ် လေ့ကျင့်ရေး ရက်တွေ အများကြီး ကျန်ပါသေးတယ်… သူ့ကို ကိုင်တွယ်နိုင်ဦးမယ့် အခွင့်အရေးတွေမှ အများကြီးပဲ …”
“ အမှန်ပဲ … လုံးထွေး သတ်ပုတ်တာနဲ့ ရွေ့လျားပစ်မှတ်ကို ပစ်ခတ်ရတာတွေက တကယ့် နည်းစနစ်တွေ လိုတဘ်… သူ့ရဲ့ လှည့်ကွက် အသေးစားလေးတွေက အဲ့ဒီ နေရာတွေမှာ အသုံးဝင်မှာ မဟုတ်ဘူး …”
ကူရိရန်သည် လင်းရီအားကြည့်၍ သူမစိတ်ထဲတွင် ကိုယ့်ဘာကိုယ် ပြောလိုက်သည်။
‘ နင် မနက်ဖြန် စောင့်သာနေလိုက် …’
တစ်နာရီကျော်ကြာပြီးနောက် လီရှန်းဟွေ့မှ လေ့ကျင့်ရေး ပြီးဆုံးကြောင်း ကြေညာလေသည်။ ထရိန်နင်ကြောင့် လူတိုင်း ချွေးကိုယ်စီ ပြိုက်နေကြသော်လည်း လီရှန်းဟွေ့၏ အမြင်တွင်တော့ ဤသည်က ဘာမျှ မဟုတ်သေးချေ။
ယနေ့က ထရိန်နင်နှင့် အသားကျစေရန်အတွက် ပထမဆုံး နေ့ရက်သာလျှင် ရှိသေးပြီး နောက်ပိုင်းတွင် လုပ်ဆောင်ရမည့် အခြား တာဝန်တို့ များစွာ ကျန်ရှိနေသေးလေသည်။
လူတိုင်းအား တစ်ဖန် စုဝေးပြီးနောက် လီရှန်းဟွေ့မှ ယနေ့ လေ့ကျင့်ရေး၏ အနှစ်ချုပ်ကို ပြောကြားပြီး လူတိုင်းအား အစည်းအဝေးခန်းထဲသို့ ဦးဆောင်လာခဲ့၏။
လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ကိုယ်စီ နေရာများတွင် ဝင်ထိုင်လိုက်ကြသည်။ လီရှန်းဟွေ့နှင့် ကူရိရန်တို့မှာ ရှေ့ဆုံးခုံတွင် မတ်တပ်ရပ်၍ “ မွန်းလွဲပိုင်း လေ့ကျင့်ရေး ပြီးသွားခဲ့ပြီဆိုတော့ လူတိုင်းလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ကိုယ်စီ ရှိသွားကြမယ်လို့ ငါယုံကြည်တယ်… အခု … လူတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြီး မိတ်ဆက်ကြမယ်… ပြီးရင် မင်းတို့ထဲက အသင်းခေါင်းဆောင်တွေ ပြန်ရွေးထုတ်ပြီး စည်းကမ်းထိန်းသိမ်းဖို့ကို တာဝန်ယူရမယ်…”
လူအုပ်ကြီးမှာ အချင်းချင်းပြန်ကြည့်လိုက်ကြပြီး တီးတိုးမြည်သံများ ထွက်ပေါ်လာခဲ့တော့သည်။
“ ကောင်းပြီ… ဘာမှ ဆွေးနွေးနေစရာ မရှိဘူး …” လီရှန်းဟွေ့၏ အကြည့်က လူတိုင်းအပေါ်သို့ ယှက်သန်းသွားခဲ့ပြီး “ ဘယ်သူ စေတနာ့ ဝန်ထမ်း လုပ်ပြီး အရင် ထွက်လာချင်လဲ …”
လီရှန်းဟွေ့ မေးလိုက်၏။
အမျိုးသမီး သင်တန်းသူလေးများမှာ တုတ်တုတ်လှုပ်မလာချေ။ အသင်းခေါင်းဆောင်ကို အမျိုးသမီးတွေထဲက မရွေးချယ်မှာကို သူမတို့တွေ သိကြသည်။ ထို့ကြောင့် သက်သက်သာသာပဲ ရှိနေကြ၏။
“ နည်းပြလီ… ငါ လုပ်ပေးမယ်…”
ကျိုးရှင်းဟိုင်က ဦးစွာ လက်မြှောက်လာသည်။
ကျန်းဖန့် သူ့အား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ပြီး “ ဒီ ဖော်လံဖားက အရင် ရှေ့ထွက်ဆိုလာမယ်ဆိုတာ အစ်ကိုကြီး ကြိုသိနေတယ်လေ….”
“ ဟုတ်ပြီ… မင်းလာခဲ့ …” လီရှန်းဟွေ့ ဘေးသို့ ကပ်လိုက်ပြီး သူ့အား နေရာပေးလိုက်သည်။
ထိုအချိန်တွင် ကျိုးရှင်းဟိုင်မှာ လူတိုင်း၏ အာရုံစူးစိုက်ရာ ဖြစ်လာလေသည်။
လူတိုင်း၏ မျက်လုံးအကြည့်တို့က သူ့ထံ၌သာ ရောက်ရှိနေခဲ့ကြ၏။
“ ဟယ်လို … အားလုံးပဲ .. ငါ့နာမည် ကျိုးရှင်းဟိုင်ပါ … ငါက ကျိုးဟိုင် ရဲ အကယ်ဒမီကနေ ဘွဲ့ရပြီး ကျောင်း ဘက်စကကတ်ဘော အသင်းရဲ့ ကပ္ပတိန်လည်း ဖြစ်ခဲ့ဖူးတယ်.. ကျောင်းကောင်စီအသင်းရဲ့ ဥက္ကဌလည်း ဟုတ်တယ်… ရဲအကယ်ဒမီရဲ့ ကောလိပ်ကျောင်းသားများ ကိုယ်ခံပညာ ပြိုင်ပွဲမှာလည်း ပါဝင်ဖူးပြီး တတိယနေရာ . . . . . . .. “
ကျိုးရှင်းဟိုင်က ဖော်လံဖား တစ်ယောက် ဆိုပေမယ့် အထက်ပါ အရည်အချင်းတို့ဖြင့် ပြည့်ဝနေသည့် ထူးချွန်ပြောင်မြှောက်လှသော ဖော်လံဖားတစ်ယောက်ပင်။
လူအယောက် ၄၀ ကျော်၏ ရှေ့တွင် တစ်ချက်လေးမျှ ထိတ်လန့်သွားခြင်း မရှိဘဲ ယုံကြည်ချက် အပြည့်ဖြင့် မိတ်ဆက်စကား ဆိုသွားခဲ့သည်က သူ့အား အခြားသူတို့၏ စိတ်ထဲတွင် သာမန်ထက် ပိုသည်ဟူသော ခံစားချက်အား အမှန်ပင် ရရှိစေသည်။
“ ကောင်းပြီ… နောက် ဘယ်သူလာမလဲ …” လီရှန်းဟွေ့ မေးမြန်းလိုက်၏။
ကျိုးရှင်းဟိုင် ထွက်ခွာသွားပြီးနောက် မည်သူကမျှ စေတနာ့ဝန်ထမ်း မလုပ်လိုကြတော့ချေ။
အားလုံးက ကိုယ့်ကြည့်၊ သူ့ကြည့်နှင့် နင်ထွက်၊ ငါထွက် ၊ ဖြစ်နေကြလေသည်။ လူတချို့တလေက ရှေ့သို့ ထွက်ချင်သော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ကြ၏။
“ မင်းတို့က ကိုယ့်သဘောနဲ့ကိုယ် ထွက်မလာဘူးဆိုတော့ ငါ နာမည်ခေါ်ပြီ…” လီရှန်းဟွေ့ ငုံ့ကြည့်လိုက်ပြီး “ လင်းရီ … မင်း ထွက်လာခဲ့ …”
သူ့စကားမဆုံးသေးခင်မှာပဲ မိန်းကလေးများအားလုံးမှာ လင်းရီ ရှိသည့်နေရာသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြပြီး သူမလေးတို့၏ မျက်နှာထက်တွင် မျှော်လင့်တောင့်တမှုတို့ဖြင့် ပြည့်နှက်နေပါသည်။
လီရှန်းဟွေ့၏ ခေါ်ယူခြင်းကို ခံလိုက်ရတော့ လင်းရီ မငြင်းပယ်နိုင်တော့ချေ။ သူ စင်ပေါ်သို့ တက်လာခဲ့လိုက်ရတော့၏။
လင်းရီ၏ အတိတ် အတွေ့အကြုံတို့ဖြင့် ဤသို့သော စင်ပေါ်တက် စကားပြောရသည်က သူ့အဖို့ ရိုးစင်းပါသည်။
ဖြောင်း ဖြောင်း ဖြောင်း …
လင်းရီ စင်ပေါ်သို့ ရောက်သည်နှင့် အောက်ဘက်မှ ကျယ်လောင်သည့် လက်ခုပ်သံတို့ ပျံ့လွင့်လာခဲ့သည်။ သူ့ကိုယ်သူ ပွဲအခမ်းအနားတစ်ခု တက်ရောက်လာသည့် အရေးကြီးပုဂ္ဂိုလ် တစ်ယောက်နှယ် ခံစားလိုက်ရသည်။ မှန်၏။ ထိုအရာကတော့ အသိအမှတ် ပြုခံရသည့် ခံစားချက်ပင်။
လီရှင်းဟွေ့မှာတော့ အောက်ရှိ အမျိုးသမီးတို့အား ကူကယ်ရာမဲ့စွာသာ ကြည့်နိုင်တော့သည်။ ၎င်းတို့နှင့် ပတ်သက်၍ သူလည်း မတတ်နိုင်ပေ။
“ ဟယ်လို … အားလုံးပဲ … ငါ့နာမည်ကတော့ လင်းရီပါ …”
သူ ရိုးရိုးရှင်းရှင်း တစ်ကြောင်းတည်းပြောသည်။ ထိုသို့ ပြောပြီးနောက် လင်းရီ စင်အောက်သို့ ပြန်ဆင်းသွားခဲ့၏။
သူ၏ မိမိကိုယ်ကို မိတ်ဆက်သည့် အခမ်းအနားအား ရိုးရှင်းလွယ်ကူစွာဖြင့် အဆုံးသတ်သွားခဲ့၏။
အစည်းအဝေး ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ လူတိုင်း တစ်ယောက်ကိုယ် တစ်ယောက် ပြန်ကြည့်မိလိုက်ကြ၏။
အကျဉ်းချုံး မိတ်ဆက်ရမှာ ဆိုပေမယ့် ဒီလောက်ထိ တိုလို့တော့ မဖြစ်သေးဘူးလေ….
ဒီကြီးကတော့ နည်းနည်း လွန်လွန်းသွားပြီ…
“ မင်းက အတော် ရိုးရှင်းတဲ့ကောင်ပဲ …” လီရှန်းဟွေ့ ပြုံးလိုက်ပြီး “ ကျိုးရှင်းဟိုင်လိုမျိုး နည်းနည်း ထပ်ပြောစမ်းပါကွ ….”
ကျိုးရှင်းဟိုင်မှာ အမြဲတစေ ပထမနေရာအတွက် ယှဉ်ပြိုင်လိုပြီး လီရှန်းဟွေ့မှာ ထိုသို့သော လူစားမျိုးအား မနှစ်သက်ချေ။
လင်းရီ၏ ယှဉ်ပြိုင်လိုစိတ် မရှိသည့် ဉာဉ်ကို သူက နှစ်သက်ပြီး တဖက်သူထက်လည်း အနည်းငယ် အသက်ကြီးသဖြင့် အစ်ကိုကြီး တစ်ယောက်ကဲ့သို့ အလိုအလျောက် ဖေးမပေးချင်စိတ် ဖြစ်မိလေသည်။
“ ဟုတ်တယ်… နည်းနည်း ထပ်ပြောပါဦး … ငါတို့ နင့်အကြောင်း ပိုပြီး သိချင်တယ်…”
လင်းရီ၏ ခြေထောက်အား ထိန်းပေးခဲ့ဖူးသည့် ကျန်းဇီရှင်းမှ ပြောလာခဲ့၏။
“ ငါ့အကြောင်းပိုသိချင်တာလား … ပြောကြည့် … မင်းတို့က ဘယ်အတိုင်းအတာထိ ပိုသိချင်ကြတာလဲ…”
“ နင့်ရဲ့ ဖုန်းနံပါတ်ကို ကျောက်သင်ပုန်းပေါ် ရေးပြရင်ကော … ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တော့မှာကိုပဲ အနည်းဆုံး တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်စရာ ဖုန်းနံပါတ်တော့ ရှိထားသင့်တာပေါ့ …”
“ လိုလို့လား … ကိုယ့်ကိုယ် ကျောင်းတုန်းက ခုမှ ကောလိပ်စတက်မယ့် ကျောင်းသားလို့တောင် ခံစားမိလာပြီ…”
“ အဓိကက ပိုပြီး အဆင်ပြေအောင်လို့…” လီရှန်းဟွေ့လည်း ထပ်ပေါင်း ပြောလာခဲ့ပြီး “ မင်းတို့တွေက မတူတဲ့ ဌာနတွေဆီ ရောက်သွားမှာ ဆိုပေမယ့် အားလုံးက အမှတ်စဉ် တူတဲ့ သင်တန်းသားတွေပဲလေ… ဒီတော့ အချင်းချင်း ရင်းနှီးနေသင့်တာ ပုံမှန်ပါပဲ … အခုချိန် ဖုန်းနံပါတ်တွေ လဲထားတာက နောင်ကျ အရေးနဲ့ အကြောင်းဆို ပိုပြီး လွယ်ကူသွားတာပေါ့ …”
“ ကောင်းပြီလေ…”
လီရှန်းဟွေ့က ပြောလာပြီဖြစ်သဖြင့် လင်းရီလည်း သူ့အား မျက်နှာသာ ပေးသင့်သည်။
စင်ပေါ်သို့ ပြန်တက်၍ သူ၏ ဖုန်းနံပါတ်အား သင်ပုန်းပေါ် ရေးလိုက်သည်။
“ နည်းပြလီ… ငါ အစောပိုင်းတုန်းက ဖုန်းနံပါတ် ပြောဖို့ မေ့သွားလို့ … ငါလည်း ရေးလို့ရမလား …” ကျိုးရှင်းဟိုင် လက်မြှောက်ပြီး မေးမြန်းလိုက်၏။
“ ရတာပေါ့ … လုပ်လေ…” လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ နောက် မိတ်ဆက်မယ့် လူတွေလည်း လင်းရီလိုမျိုး သင်ပုန်းပေါ်မှာ ဖုန်းနံပါတ်တွေ ချန်ထားခဲ့ရမယ်…”
စင်ပေါ်သို့ ပြန်ရောက်လာတော့ ကျိုးရှင်းဟိုင်သည် သူ၏ ဖုန်းနံပါတ်အား သင်ပုန်းပေါ် ချန်ရစ်လိုက်လေသည်။
စိတ်ဝင်စားဖို့ ကောင်းစွာဖြင့် ကျိုးရှင်းဟိုင်၏ လက်ရေးမှာ အတော်လေး ကြီးမားနေခဲ့သည်။
လင်းရီထက်ပင် ငါးဆ ပိုကြီးပြီး စုတ်ချက်တို့ကလည်း ထူထဲကာ ကျန်သူများမှ သူ့နံပါတ်အား မမြင်မည်မှာကို စိုးရွံ့နေဟန်ပင်။
“ မင်းတို့ နောင်ကျ အခက်အခဲ တစ်ခုခု ရှိရင် ငါ့ကို ဖုန်းခေါ်လို့ ရတယ်… ငါ တတ်နိုင်တဲ့ အတိုင်းအတာထဲက ဆိုလို့ကတော့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး …”
ကူရိရန် ကျိုးရှင်းဟိုင်အား လှမ်းကြည့်မိလိုက်၏။
အတော် ဉာဏ်များတဲ့ကောင် ….
“ ကျိုရှင်းဟိုင် …. ငါ နင့်ကို အခု တစ်ခု အကူအညီ တောင်းလို့ ရမလား …” ကျန်းဇီရှင်း မေးမြန်းလိုက်၏။
ကျိုးရှင်းဟိုင် အားတက်သရော ရင်ဘက်ပုတ်လိုက်သည်။
ဤသို့သော အချိန်အခါတွင် တစ်စုံတစ်ယောက်မှ အကူအညီတောင်းလာသည်က ကောင်းမွန်သည့် လက္ခဏာ ဖြစ်၏။ နည်းပြနှစ်ယောက်ကလည်း ဤနေရာတွင် ရှိနေသည် ဖြစ်ရာ သူတို့အပေါ်၌ အထင်အမြင်ကောင်းတို့ ချန်ထားရစ်ခဲ့နိုင်သည်။
တာဝန်ချပေးသည့် အချိန်၌ ရဲစခန်း၌သာ နေရပြီး အခြားနေရာသို့ ပြောင်းရွေ့ မခံရလောက်တော့ပေ။
“ နင် လင်းရီရဲ့ ဖုန်းနံပါတ်ကို နည်းနည်းလေး ပြန်ထပ်ပေးပါလား … ငါက အနီး နည်းနည်းမှုန်တော့ သေချာ မမြင်ရလို့ …”