လမ်းမှာ ငါနဲ့တွေ့ရင် နှုတ်မဆက်နဲ့
Vol. 110 Ch. 1649
“ ထပ် … ထပ်ပေးရမယ် ဟုတ်လား…”
ကျိုးရှင်းဟိုင်၏ ပျော်ရွှင်မှုလေးတို့မှ တစ်မဟုတ်ချင်း ပျောက်ရှသွားခဲ့ရပြီး ခံစားချက်တို့ ရောထွေးသွားခဲ့ကာ ရှက်ရွံ့သယောင်ယောင် ခံစားနေရသည်။
“ ဒီတိုင်း ထပ်ရေးပေးရုံပါပဲ … နင် မလုပ်ပေးချင်လည်း မေ့လိုက်တော့ …”
“ သေချာပေါက် ဘယ်ဟုတ်မှာ … အသေးအမွှား ကိစ္စလေးပဲကို …” ကျိုးရှင်းဟိုင် တည်ငြိမ်ချင်ယောင် ဆောင်၍ ပြောလိုက်၏။
ထို့နောက် မြေဖြူ အသေးစားလေးအား ယူ၍ လင်းရီ၏ ဖုန်းနံပါတ်ကို သင်ပုန်းပေါ်တွင် ထပ်ရေးပေးလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ နာကျင်နေမိ၏။
ငါလခွမ်းတွေ လာဖြစ်နေတာလား …
“ လင်းရီ … ငါနင့်ကို ဝီချက် အပ်ထားတယ်… နင် လက်ခံပေးလို့ ရလား …”
“ ငါလည်း အပ်ထားတယ်… ငါက မက်မက်သီးလေးဆိုတဲ့ နာမည်နဲ့ တစ်ယောက် …”
ထိုမိန်းကလေးများ၏ စကားကိုကြားတော့ လင်းရီ ဖုန်းထုတ်ကြည့်လိုက်ရာ နိုတီ ဆယ်ခုကျော်မျှ ဝင်နေကြောင်း သတိထားမိလိုက်ပြီး အကုန်လုံးကလည်း သူငယ်ချင်း ဖြစ်ခွင့် တောင်းဆိုမှုများပင်။
လင်းရီ၏ မျက်လုံးထောင့်စွန်းတို့ လှုပ်ခတ်သွားခဲ့၏။ သင်တန်းတွင် မိန်းကလေးဟူ၍ ဒါဇင်ခန့်မျှသာ ရှိရာ အဘယ်ကြောင့် အားလုံးက လာအပ်နေကြရသနည်း။
“ မင်းတို့အားလုံးက ငါ့ဖုန်းနံပါတ် လိုချင်တယ်ပြောပြီး ငါ့ကို ဝီချက် လာအပ်နေတာကတော့ မရိုးသားဘူးပဲနော်….”
“ ဟီးဟီး … ဒီတိုင်း အခွင့်ကောင်းယူလိုက်တာလေ… မြန်မြန် လက်ခံလို့ ….”
“ ဟုတ်တယ် ဟုတ်တယ် … နင့်လေသံ နားထောင်ကြည့်ရသလောက် နင်လည်း ကျိုးဟိုင်ကပဲ ဖြစ်ရမယ်… ငါ့အိမ်က မြို့ပြင်က … ဒီမှာ တစ်ခုခုဆို နင့်ကိုပဲ ဒုက္ခပေးရမှာပဲ … နင် ငါတို့ကို အထင်သေးလို့ မရဘူးနော်….”
လင်းရီ “ …. “
“ ကျိုးရှင်းဟိုင်လည်း ဒီကပဲလေ… မင်းတို့ သူ့ဆီ အကူအညီတောင်းလည်း ရပါတယ်…”
“ သူက အလုပ်တော်တော်လေး ရှုပ်နေလောက်တယ်… သူများရဲ့ အဖိုးတန် အချိန်တွေကို မဖြုန်းတီးချင်ဘူး …”
ကျိုးရှင်းဟိုင် “ ??? “
ငါ အလုပ်မရှုပ်ပါဘူး …ဟုတ်ပြီလား …
မင်းတို့ လာပြီး ငါ့ကို ဒုက္ခတွေ စိတ်ကြိုက် တသီကြီး ပေးလို့ရတယ်…
မူလတုန်းက လူတိုင်း မိနစ် အနည်းငယ်မျှ ယူသည့် ရိုးစင်းသည့် မိတ်ဆက်ပွဲလေးမျှသာ ဖြစ်သော်လည်း လင်းရီ၏ ဖုန်းနံပါတ် ကိစ္စနှင့် မိန်းကလေးများ ဝိုင်းမေးမြန်းနေသည်မှာ ဆယ်မိနစ်ကျော် ကုန်လွန်သွာခးဲ့လေည်။
ထိုအတောအတွင်း တစ်ဖက် မိန်းကလေးတို့မှာ သူ့ဘိုးဘေးများ မြုပ်နှံထားသည့် နေရာကိုပင် သိချင်နေကြသည်။
သူ့တွင် ရွေးချယ်စရာ မရှိချေ။ လက်ခံလိုက်ရ၏။
နောက် နာရီဝက်တွင် လူတိုင်း မိမိကိုယ်ကို မိတ်ဆက်သွားခဲ့ကြပြီး လူတိုင်းလည်း အချင်းချင်း မရင်းနှီးသည့်တိုင် နာမည်များတော့ သိရှိသွားခဲ့ကြပြီဟု ဆိုနိုင်သည်။
“ ငါ့ကိုယ်ငါလည်း မိတ်ဆက်ပြီးပြီဆိုတော့ နောက်တစ်ခုက…. ငါတို့ အသင်းခေါင်းဆောင်တွေ စပြီး ရွေးချယ်မယ်… စိတ်ဝင်စားတဲ့လူတွေ စင်ပေါ်တက်လာပြီး မဲပေးခံလို့ရတယ်…” လီရှန်းဟွေ့ ပြောလိုက်၏။
“ ဟိုင်ကော ဟိုင်ကော … အသင်းခေါင်းဆောင် ရွေးမှာတဲ့ .. မင်း မြန်မြန် ရှေ့ထွက်ရမယ့် အချိန်ပဲ …” တင်းချောင် စိတ်လှုပ်ရှားတကြီးဖြင့် ပြောလာခဲ့သည်။
ကျိုးရှင်းဟိုင်လည်း အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်နေကာ စင်ပေါ်သို့ တက်ရန် ဟန်ပြင်နေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ကျန်းဇီရှင်းမှ “ နည်းပြလီ … အဲ့လောက်ထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး … ကျွန်မတို့တော့ လင်းရီကို ကပ္ပတိန် ဖြစ်ဖို့ ထောက်ခံပေးချင်တယ်…”
“ ဟုတ်တယ် ဟုတ်တယ်.. ငါတို့အားလုံး လင်းရီကို ထောက်ခံပေးချင်တယ်…”
အခြားသော မိန်းကလေးများကလည်း အသံထွက်လာခဲ့ကြသည်။ နေရာတစ်ခုလုံး ရုတ်ချည်းဆိုသလို မိန်းကလေးများ၏ အသံဖြင့် ဆူညံလာကာ ထိန်းချုပ်ရ ခက်ခဲလာတော့၏။
“ နည်းပြ … လင်းရီကိုပဲ ရွေးလိုက်ကြရအောင်နော်… မွန်းလွဲပိုင်းတုန်းက သူ့စွမ်းဆောင်ရည်ကို နည်းပြလည်း အမြင်ပဲ … သူ့ အဆင့်က သိပ်မြင့်တာ ..” ကျန်းဖန့်လည်း လင်းရီဘက်က ကူပြောပေးလိုက်၏။
အမျိုးသမီး ဆယ်ဦး၏ ဦးဆောင်မှုအောက်တွင် ကျန်သူများလည်း စိတ်အားတက်ကြွလာကာ လင်းရီဘက်မှ ကူပြောပေးလာခဲ့ကြသည်။
ဤအရေးက မည်သည့် အရာကိုမျှ အဆုံးအဖြတ် မပေးသည့်အတွက် မည်သူကမျှ ထွေထူး အရေးတယူ ပြုမနေကြချေ။ ထို့ပြင် လင်းရီသည် မွန်းလွဲပိုင်း လေ့ကျင့်ရေးတွင် သူတို့အား ကူညီပေးခဲ့ဖူးသဖြင့် သူ့အား ရွေးချယ်ရသည်ကိုလည်း စိတ်မရှိကြချေ။
“ ကျိုးရှင်းဟိုင် … မင်း အသင်းခေါင်းဆောင် ဖြစ်ချင်လို့လား …”
ကျိုးရှင်းဟိုင် ထလာသည်ကိုမြင်တော့ လီရှန်းဟွေ့ မေးမြန်းလိုက်၏။
“ ဒါက …..”
ကျိုးရှင်းဟိုင် မတ်တပ်ရပ်ရင်း ကိုးရို့ကားယား ခေါင်းကုတ်မိသွားခဲ့ပြီး “ ငါ … ငါ အိမ်သာ ခဏသွားမလို့ ….”
“ ဒါဆိုလည်း သွားလေ..”
အသင်းခေါင်းဆောင် ရွေးချယ်ပြီးသည်နှင့် အစည်းအဝေးလည်း ပြီးဆုံးသွားခဲ့လေသည်။ ၎င်းနောက် ညနေစာ စားရမည့် အချိန်အခါ ဖြစ်၏။ ကျန်သည့် အချိန်တို့ကတော့ ၎င်းတို့၏ နားရက်ပင်။
မွန်းလွဲပိုင်း လေ့ကျင့်ရေးပြီးနောက် လူတိုင်းမှာ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလာခဲ့ကြ၏။ စားသောက်နေစဉ်တွင် မိန်းကလေး တော်တော်များမှာ လင်းရီရှေ့တွင် စုဝေး၍ ရယ်ရယ်မောမောနှင့် စကားပြောနေကြသည်မှာ ငယ်ပေါင်းကြီးဖော်များ ဖြစ်ခဲ့ကြသည်ဟုတောင် ထင်ရလောက်၏။
မနီးမဝေးတွင် ရှိနေကြသည့် ကျိုးရှင်းဟိုင်နှင့် တင်းချောင်တို့မှာတော့ အကျည်းတန်သည့် မျက်နှာထားတို့ဖြင့် ဖြစ်နေကြ၏။ လေထုအခြေအနေမှာ ပုံမှန်မဟုတ် ညှို့မှိုင်းလို့နေသည်။
“ ဒီမိန်းကလေးတွေက ဉာဏ်တိမ်လွန်းတယ်… မြင်တာနဲ့ ရုပ်ချောတဲ့လူလောက် ပြေးကပ်ချင်ကြတာ အသိဉာဏ် မရှိမှန်း သိသာချက် ..” တင်းချောင် ပြောလိုက်၏။
“ တကယ်လို့ သူတို့သာ အသံကျယ် မနေဘူးဆိုရင် ဟိုင်ကော မင်း သေချာပေါက် ရွေးခံရမှာ … “
“ ထွေထူးလည်း မဟုတ်ပါဘူး … ဒီတိုင်း ထုံးစံ အရ ရွေးချယ်တာကိုပဲ … တကယ်လို့ ငါသာ နည်းပြကူအပေါ်မှာ အလုပ်ကြိုးစားရင် ငါ့ရဲ့ အနာဂတ် အလားအလာက သူ့ထက် ပိုကောင်းမှ သေချာတယ်….”
“ ဒါပေမယ့် နည်းပြလီကတော့ သူ့ကို အတော်လေး မြင့်မြင့်မှန်းနေတဲ့ ပုံပဲဟ…”
“ နည်းပြလီက သူ့ကို စိတ်ဝင်စားနေတော့ရော ဘာအရေးလဲ … နည်းပြကူက သူ့ကို မုန်းတယ်လေ… သူ့စကားတစ်ခွန်းတည်းနဲ့ အဲ့ကောင်ကို မောင်းထုတ်လိုက်လို့ ရတယ်… ဂရုစိုက်မနေနဲ့ … နည်းပြကူ ရှိသရွေ့ ငါတို့မှာ အခွင့်အရေး ရှိတယ်..”
“ မင်းမှန်တယ်…”
လူတိုင်း ထမင်းစားပြီးတော့ လင်းရီ ကိုယ့်အခန်းကိုယ် ပြန်မသွားသေးချေ။ ထိုအစား လူမရှိသည့် နေရာလွတ် တစ်ခုသို့ သွား၍ ကျီချင်းရန်ထံ ဗွီဒီယိုကော ခေါ်ဆိုလိုက်သည်။
“ နင် စားပြီးပြီလား …”
ဗွီဒီယိုကောထဲတွင် ကျီချင်းရန်မှာ ထမင်းစား စားပွဲတွင် ရှိနေသည်။
“ အင်း ... ခုလေးတင် စားပြီးလို့ အစာကြေအောင် လမ်းလျှောက်နေတာ …”
“ သူတို့ ယူနီဖောင်းတွေ ပေးပြီလားတဲ့ … မြန်မြန် ငါ ကြည့်ရအောင် ဝတ်ပြစမ်းပါ…” ကျီချင်းရန်၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
“ ထရိန်နင် အဝတ်အစားတွေပဲ ပေးသေးတယ်… မင်း နေ့ခင်းတုန်းက မြင်ပြီးသားပဲ မဟုတ်လား …”
“ အဲ့တာလား … ထားလိုက်တော့ … ပွယောင်းယောင်းနဲ့ ကြည့်လို့လည်း မကောင်းဘူး …” ကျီချင်းရန်သည် ကြက်တောင်ပံ တစ်ချောင်းညှပ်၍ “ ဘာလို့ နင့် မေးကိုပဲ ပြထားတာ … မျက်နှာကို ပြလေ…”
“ အိုကေ … ဒါပေမယ့် မင်းစိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားရင် ကောင်းမယ်နော်…”
“ ဒီတိုင်း ဗွီဒီယိုကောလေးကို ဘာလို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမှာ … လာပြီး ထူးဆန်းပြနေတယ်…”
“ ငါမင်းကို ငါ့ရဲ့ ဆံပင်ပုံစံ အသစ် ပြပေးမယ်…”
ပြောပြီးနောက် လင်းရီသည် ကင်မရာကို သူ့မျက်နှာ တစ်ပြင်လုံး မြင်အောင် ပြုလုပ်လိုက်၏။
“ အာ …..? “
“ အားးးး …..”
လင်းရီ ခေါင်းတုံးပေါက်ကေနှင့် ဖြစ်နေသည်ကို မြင်တော့ ကျီချင်းရန် ထိတ်လန့်တကြား အော်ဟစ်မိသွားခဲ့၏။
“ နင် ဘာလို့ ဆံပင်ညှပ်လိုက်တာလဲ …”
“ စည်းမျဉ်းတွေကြောင့်ပေါ့ … တခြား ကိုယ့်လိုလူတွေလည်း ဆံပင်ညှပ်လိုက်ရတယ်လေ…”
လင်းရီ ခေါင်းအား ပွတ်သပ်လိုက်ပြီး “ ငါတော့ မဆိုးဘူး ထင်တာပဲ … အဲ့လောက်ထိ တုံ့ပြန်ပြစရာ လိုလို့လား … ဒီအတိုင်းဆို နေ့တိုင်း ခေါင်းလျှော်ဖို့ မလိုတော့ဘူးလေ… အလုပ်ရှုပ်လည်း သက်သာတယ်…”
“ အရင်ကလောက်လည်း ကြည့်မကောင်းတော့ဘူး … ဒါပေမယ့် ပိုပြီး ခန့်ညားသွားသလိုပဲ ..” ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး “ ဒါပေမယ့် နင့်ဆံပင်ပုံစံကို ဒီထက် ကြည့်ကောင်းအောင် လုပ်လို့ရသေးတယ်.. နင်ပြန်လာရင် ငါနင့်ဆံပင်ကို ပြန်လုပ်ပေးမယ်… အဲ့လိုဆို ပိုကြည့်ကောင်းသွားမှာ …”
“ ငါ ရွေးချယ်လို့ရလား …”
“ နင်ပြောကြည့်လေ…” ကျီချင်းရန် ပြန်ချေပလိုက်၏။
၎င်းနောက် နှစ်ယောက်သား မိနစ် ၂၀ ကျော်ကြာသည်အထိ ဖုန်းပြောခဲ့ကြ၏။ နေ့ခင်းဘက် လေ့ကျင့်ရေး အကြောင်းကိစ္စများသာ ပြောပြီး ထွေထူး သိပ်မရှိပါချေ။
ကျီချင်းရန်နှင့် ဗွီဒီယိုကော ပြောပြီးနောက် လင်းရီသည် လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်၏။
သူမက ရုံးတွင်သာ ရှိသေးပြီး အိမ်မပြန်ရသေးသည်ကို လင်းရီ သတိထားမိလိုက်လေသည်။ သူမက အဖြူရောင် ရှပ်ကို ဝတ်ထားပြီး ရင်ဘက်နေရာတွင် အထူးတလှယ် လုံးဝန်းနေတော့သည်။
“ ဥက္ကဌလင်း … ကျွန်မကို ဒီအချိန်ကြီး ဖုန်းခေါ်လာတာ ဘာကိစ္စများ ရှိလို့ပါလဲ …”
လက်ထဲ ကိုင်ထားသည့် ဖောင်တိန်ကို အောက်ချ၍ လျန်ရူရွှယ် အပြုံးလေးဖြင့် မေးလိုက်သည်။
“ ထွေထူး မဟုတ်ပါဘူး … ငါ့ဆံပင် ပုံစံ အသစ်ကို မင်းကြည့်ရအောင် ပြချင်လို့ …”
လျန်ရူရွှယ်၏ မျက်လုံးအရောင် လက်သွားခဲ့သည်။ “ တကယ်လား …”
ကျီချင်းရန်က ရုပ်ရည်နှင့် ပတ်သက်၍ အထိအခိုက်မခံဘူးဆိုပါက လျန်ရူရွှယ်သည်လည်း သိပ်ပြီးမှ ထူးမခြားနားပင်။ သူမသည်လည်း လင်းရီ၏ ဆံပင်ပုံစံကို အတော်လေး ဂရုစိုက်ပါသည်။
လင်းရီ အရင်တုန်းက ခေါင်းတုံပေါက်ကေ ညှပ်ရန်အတွက် ပြောစဉ်အခါက သူမတို့ နှစ်ယောက်လုံးမှာ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြသည်။
“ ဒါပေါ့ … ခုလေးတင် ညှပ်ပြီးတာ.. မင်းရဲ့ အမြင်ကို သိချင်တာနဲ့ လှမ်းပြီး ခေါ်လိုက်တာ….”
“ မြန်မြန်… နင့်မျက်နှာပြ… သေချာလေး ကြည့်ကြည့်ရအောင် …”
“ အိုကေဗျာ…”
လင်းရီ ကင်မရာကို ရွေ့လိုက်ပြီး လျန်ရူရွှယ်၏ အမူအရာမှာ အေးခဲသွားခဲ့တော့သည်။
“ နင် ခေါင်းတုံးပေါက်ကေ ညှပ်လိုက်တယ်ဟုတ်လား … လမ်းမှာတွေ့ရင် ငါနဲ့ သိပါတယ် မပြောနဲ့ … ဒါကြီးက ရှက်ဖို့ကောင်းလွန်းတယ်…”