← Chapters

အခန်း (၉၂၇)

Vol. 63 Ch. 927

အခန်း (၉၂၇)

Vol. 63 Ch. 927

လီချင်းယန်တွင် ချစ်သူတစ်ယောက်ရှိ၏။ ထိုအရာသည် ပြိုင်စံရှားဂိုဏ်းသို့ မဝင်ရောက်စဉ်က ပြောဆိုခဲ့ဖူးသော အရာလည်းဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးသည့်နောက် သူသည် သူမအား လိုက်လံမရှာဖွေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ချင်းယန်တစ်မြို့လုံး၏ နံပါတ်တစ်ပါရမီရှင်နှင့် မထိုက်တန်ဘူးဟူ၍ မိမိကိုယ်ကို သတ်မှတ်ကာ သူ့အား ရှောင်ရှားသွားခဲ့သောကြောင့် ဖြစ်ပေသည်။

သူမကို လိုက်မရှာခဲ့ဘူးဆိုသော အကြောင်းအရာသည် သူမအား မေ့လျော့သွားခြင်းကြောင့် မဟုတ်ပေ။ လီချင်းယန်အနေနှင့် သူမသည် သူနှင့် မထိုက်တန်သောလူတစ်ယောက် မဟုတ်ဘဲ၊ သူကသည်သာလျှင် သူမနှင့် ထိုက်တန်အောင် ကြိုးစားရသည့် လူတစ်ယောက်ဖြစ်ကြောင်း သိရှိစေချင်သောကြောင့် ဖြစ်တော့၏။

ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာပြီး ဂိုဏ်း၏ စီမံခန့်ခွဲမှုများကို ဦးစီးဦးဆောင် ပြုလုပ်နေရ သော်လည်း ဝါသနာအရ အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း ပြုလုပ်တတ်၏။ သို့ပေမဲ့ သူမကိုတော့ တစ်ရက်ကလေးမှ မမေ့လျော့ခဲ့ချေ။

“ကြျွင်းချောင်ရှောင်းသည် သူ့တပည့်၏ ပခုံးအားပုတ်ကာ အသာပြောလိုက်၏။ “တစ်နေ့မှာ မင်းက သက်တန့်ရောင် တိမ်တွေပေါ်ကို တက်ပြီးတော့ အားလုံးရဲ့ရှေ့မှာ သူမကို လက်ထပ်နိုင်ရမယ်”

“သက်တန့်ရောင်တိမ်တွေ ဟုတ်လား” လီချင်းယန် ဇဝေဇဝါ ဖြစ်သွားသည်။

ကျွင်းချောင်ရှောင်းသည် မရှင်းပြချေ။ ထိုအစား နဂါးဦးခေါင်းတောင်တန်းဆီသို့ ပြန်လာခဲ့တော့၏။ ပြီးသည့်နောက် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲသို့ ထပ်မံကာဝင်ရောက်လိုက်၏။

ဖြောင်း ဖြောင်း ဖြောင်း

ကြာပွတ်ရိုက်ချသံသည် စည်းချက်ကျနစွာ ထွက်ပေါ်လျက်ရှိ၏။

အား အား အား...

ကြိုးနှင့်ချုပ်နှောင်ပြီး ရိုက်နှက်ခြင်းကို ခံနေရသော ဟွိုင်သည် အလွန်နာကျင်လှစွာ အော်ဟစ်လျက်ရှိ နေ၏။ ဤကြာပွတ်ရိုက်ချက်တစ်ခုလုံးသည် ဝိညာဉ်တစ်ခုလုံးကို ထိခိုက်နာကျင်စေသည့် အစွမ်းလည်း တည်ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော မသန့်ရှင်းသည့် အရာများသည် နည်းနည်းချင်း သန့်စင်ခြင်းကို ခံနေရတော့သည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက ၎င်းဝိညာဉ်မျိုးနွယ်များသည် သိုင်းအင်ပါယာများကိုပင် ဒုက္ခရောက်သွား စေသည့်သူများဖြစ်ကြောင်း လက်ရှိအခြေအနေကို ကြည့်ပါက ယုံကြည်နိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။

“သခင်”

အားရာသည် ကြာပွတ်ကို ရိုက်နေရင်းကပင် ပြောလိုက်တော့၏။ “ဒီရောင်းရင်းခန္ဓာကိုယ်ထဲမှာ မသန့်ရှင်း တဲ့အရာတွေ အများကြီးရှိတယ်၊ ဒီတော့ လအနည်းငယ်လောက် အချိန်ယူရမယ်လို့ ထင်တယ်”

“ရတယ်၊ ကြိုက်သလောက် အချိန်ယူလိုက်၊ အလျင်လိုစရာ မရှိဘူးလေ”

ပစ်မှတ်သည် ဖမ်းဆီးထားပြီး ဖြစ်သောကြောင့် သန့်စင်ရန် မည်မျှ အချိန်ယူရမည်ဖြစ်ကြောင်းကို သူဂရုမစိုက်ချေ။ ဟွင်သည် အလုံးစုံ ပြိုလဲလျက်ရှိနေတော့သည်။ ဤကဲ့သို့ နှိပ်စက်ခြင်းမျိုးကို လအနည်းငယ်ကြာ ထပ်မံ၍ ခံရမည် ဆိုသော် သူသည် သေဆုံးတာထက်ပင် ပို၍ဆိုးရွားလွန်းသည်ဟု တွေးလိုက်မိတော့သည်။

“ပြီးတော့ မိုးကြိုးဓာတ်သဘာဝတွေကို လေ့ကျင့်ပေးဖို့လည်း မမေ့နဲ့အုံး” ကျွင်းချောင်ရှောင်း သတိပေးလိုက်၏။

လီချင်းယန်သည် မိုးကြိုးအပြစ်ပေးမှုခန္ဓာကိုယ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်။ အထက်နယ်မြေဆီမှ မိုးကြိုး စွမ်းအင်များ ဆင်းသက်လာကတည်းက ထိုအရာသည် လီချင်းယန်အတွက်တော့ အကောင်းမွန်ဆုံးသော အကျိုး ကျေးဇူးကို ရရှိစေမည်ဟု သူတွက်ချက်ပြီးသား ဖြစ်တော့သည်။

“ကောင်းပါပြီ”

အားရာသည် အသာမော့ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဘုရင်မတစ်ပါးကဲ့သို့ လက်ချောင်း များကို အသာကွေးကာ လှမ်းခေါ်လိုက်တော့၏။ “ဒီကို လာခဲ့စမ်း”

လူသားပုံစံ ဖြစ်တည်လျက်ရှိသော မိုးကြိုးဓာတ်သဘာဝများသည် တုန်ယင်စွာဖြင့် အသာလှမ်းလျှောက်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၏ ရိုက်နှက်ခြင်းကို ဆိုးဆိုးရွားရွား ခံနေရတော့သည်။ နာကျင်လှသည်ဆိုသော်လည်း အချိန်အတော်ကြာ ရိုက်နှက်ခံရပြီးသည့်နောက် အနည်းငယ်ပျော်ရွှင်လာသလို ခံစားနေမိသည်။

...............

ဟွိုင် ကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသည်ကို သေချာကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အပြင် လောကဆီသို့ ပြန်လည်ထွက်ခွာလာခဲ့တော့သည်။ သူသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲတွင် ထုံးစံအတိုင်း သွားရောက်လေ့ကျင့်၏။ ပြီးသည့်နောက်မှာတော့ သားဖောက်စက်အား သွားရောက်ကြည့်ရှု၏။

လီချင်းယန်သည် စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားပြီးသည့်နောက်မှာတော့ ရှောင်ကျီ၊ လုံကျိရန်နှင့် တခြားသူများကို ခေါ်ဆောင်ကာဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ သွား၍ အဆောက်အဦ ဆောက်လုပ်ခြင်းကို ပြုလုပ်လျက်ရှိတော့သည်။

ကျွင်းချောင်ရှောင်းမှာတော့ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများအား ကိုယ်တိုင်ကိုယ်ကျ ဦးစီးလေ့ မရှိပေ။ သူ့အနေနှင့် နေ့စဉ်ဘဝတွင် စားလိုက်၊ အိပ်လိုက်၊ ကျင့်ကြံလိုက်နှင့် အလုပ်များလျက်ရှိ၏။

အချိန် များ ကုန်ဆုံးလာခဲ့တော့သည်။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲမှ လျှောက်ထွက်လိုက်သည့် နောက်မှာတော့ ၎င်း၏ ဓာတ်ငါးပါးအပေါ် နားလည်မှုသည် ပိုမို၍ တိုးတက်လာသည်ဖြစ်ကြောင်းကို သိရှိခဲ့ရတော့သည်။

သူသည် စာကြည့်ခန်းထဲသို့ သွားရောက်လိုက်တော့၏။ သားဖောက်စက်ဆီမှ ပြီးစီးမည့်အချိန်သည် နောက်ဆုံး ဆယ်မိနစ်သာ ကျန်တော့ကြောင်းကို တွေ့ရှိလိုက်ရတော့သည်။

“ဒီလောက်များပြားတဲ့ သလင်းအမြူတေတွေ ထည့်ထားတာ အံ့အားသင့်စရာ ပဋိညာဉ်သားရဲတစ်ကောင် ဖြစ်လာသင့်တယ်” ကျွင်းချောင်ရှောင်းက ဆုတောင်းလိုက်မိ၏။

“ဒင်...”

ဆယ်မိနစ်ကြာပြီးသည့်နောက်မှာတော့ သားဖောက်သည့်အဆင့်သည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ဟူး ဟူး

တိမ်ကဲ့သို့ ဓာတ်သဘာဝများသည် သားဖောက်စက်ဆီမှ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ အဖြူရောင် ဥကြီးအပေါ်တွင် အပြာရောင်အရေးအကြောင်းများ ထင်ပေါ်လာခဲ့သည်။ ဤအရာသည် ရှေးကတည်းက ဖြစ်တည် ခဲ့သော စည်းအစီအရင်တစ်ခု ဖြစ်ပုံပေါ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်ထဲက ပုံစံပါလား”

အရင်တုန်းက ဤစည်းခတ်ထားသော တည်နေရာ၏ ကျောက်ပြားပေါ်တွင်လည်း ထိုကဲ့သို့သော အစီအရင်မျိုး တည်ရှိခဲ့ဖူးသည် ကို သူသွား၍ သတိရမိလိုက်သည်။ “ဒီနှစ်ခုက ဆက်စပ်နေတာများလား”

ခွပ်

ရုတ်တရက်ဆိုသလိုပဲ ဥကွဲအက်သည့်အသံတစ်ခု ပေါ်ပေါက်လာတော့သည်။ သားဖောက်စက်ထဲတွင်ရှိသော ဥသည် တဖြည်းဖြည်းနှင့် အပြာရောင်အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့သည်။ အက်ကွဲကြောင်းများသည် ပိုမို များပြားလာပြီးသည့်နောက်မှာတော့ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

“ထွက်လာပြီပဲ” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။

ဘန်း ဘန်း

ရုတ်တရက် ဥသည် ပေါက်ကွဲသွားတော့သည်။ အပြာရောင်အလင်းတန်းများသည် စူးရှစွာဖြင့် တောက်ပလင်းထိန် လာတော့သည်။ သူသည် မျက်စိအား လက်ဖြင့် အသာကာကာဖြင့် ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်တော့သည်။ “ဒီအစီအရင်က အံ့အားသင့်စရာပဲ”

အလင်းတန်းများ တဖြည်းဖြည်း အားနည်းလာပြီးသည့်နောက် ကုန်းရှန့်သည် လက်ကို အသာချကာဖြင့် သားဖောက်စက်ကို ကြည့်ရှုလိုက်သည်။ သူ၏ အမူအရာတစ်ခုလုံးသည် တုန်ယင်သွားခဲ့တော့သည်။ လူကြီး တစ်ယောက်၏ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော သတ္တဝါတစ်ကောင်သည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။

ဤအရာမှာ ကြက်တစ်ကောင်ကဲ့သို့ လက်သည်းများရှိနေသော သတ္တဝါတစ်ကောင်ဖြစ်ပြီး ကြက်တစ်ကောင်ကဲ့သို့ပင် အတောင်ပံများရှိသည်။ ကြက်တစ်ကောင်ကဲ့သို့ပင် အမြီးများရှိပြီး နှုတ်ခမ်းချွန်ချွန် နှင့် ခေါင်းပေါ်တွင် အနီရောင်အမောက်လေး တည်ရှိလို့နေသည်။

မှန်ပေသည်။ ဤအရာသည် ကြက်ဖသာလျှင် ဖြစ်တော့၏။

“ဒါက တကယ့် ကြက်ဖပဲ၊ အဘိုးကြီးကွမ်ဟိုင်ဆိုတဲ့ ကျင့်ကြံသူ ထားခဲ့တဲ့ အမွေအနှစ်က ဒါကြီးလား၊ ဒါ အထက် နယ်မြေက သားရဲပေါ့” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားသည်။

စနစ်က ပြောလိုက်သည်။ “အရောင်ကတော့ နည်းနည်း ထူးဆန်းနေတယ်၊ ဒါက သန္ဓေပြောင်းမှုကြောင့် ဖြစ်တာပဲ နေမယ်။ အရောင် သန္ဓေပြောင်းသွားတာ နေမယ်”

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြိုလဲလျက် ရှိနေတော့၏။ “ဒီအချိန်မှာ အရောင်က အရေးကြီးလို့လား၊ သားဖောက်ထားတဲ့သားကောင်ရဲ့ ပုံစံကိုကြည့်လေ၊ ငါ ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေ အသုံးပြုခဲ့တာ၊ ဒါပေမဲ့ ကြက်ဖတစ်ကောင်ကိုပဲ သားဖောက်နိုင်ခဲ့တာပဲ”

“စိတ်မညစ်နဲ့”

စနစ်က ပြောလိုက်သည်။ “ကြက် ဆိုတော့လည်း ကြက်ပေါ့”

ထိုအချိန်မှာတော့ လက်သီးဆုပ်အရွယ်သာသာ ရှိသော ထိုအကောင်လေးသည် ခေါင်းကိုမော့ကာဖြင့် အသာတွန် လိုက်၏။ “အောက်အီးအီးအွတ်”

စနစ် “....”

အား အား ......

ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကို အသာပိုက်ကာဖြင့် အော်လိုက်မိသည်။ “ဒါ တကယ့်ကို ကြက်ဖပဲ”

ထိုအချိန်မှာတော့ အပြာရောင်ကြက်ဖသည် အတောင်ပံများကို လက်ကဲ့သို့ ပိုက်ကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်တော့သည်။ “ဒီသခင်လေးကို မကြိုက်လို့လား”

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ သားရဲများသည် လူသားစကားကို ပြောဆိုနိုင်သည် ဆိုသည်ကို သူ အသားကျပြီးသားဖြစ်သည်။ သို့ပေမဲ့ ကြက်တစ်ကောင်သည် အတောင်ပံများကို လက်ကဲ့သို့ ပိုက်လိုက်သည်ကိုတော့ ကာတွန်းကားထဲမှာသာ မြင်ဖူးခဲ့သည်။ ထို့အပြင် ၎င်းကို ၎င်းလည်း သခင်လေးဟု ခေါ်ဆိုနေသေး၏။ ဤရောင်းရင်းလေးသည် အလွန်ပင် မောက်မာလွန်းသည်သာ ဖြစ်မည်။

ကျွင်းချောင်ရှောင်းသည် သားဖောက်စက်ကို ဖွင့်ပြီးသည့်နောက် လက်ဖြင့်အသာလှမ်းယူကာ အေးစက်စက် ပြောလိုက်တော့သည်။ “မှတ်ထား... ငါ့ကို သခင်လို့ခေါ်”

“ဟမ့်”

ကြက်ဖလေးသည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်သခင် ဖြစ်လာတယ်ဆိုတော့ တော်တော်ကံကောင်းတာပဲ ဖြစ်ရမယ်”

“အားရား... ချီးတဲ့မှ၊ ဒီကောင်လေးက မောက်မာရုံတင်မကဘူး၊ တကယ့်ကို ပက်ပက်စက်စက် မောက်မာတာပဲ”

“ကြက်ဖတစ်ကောင်က ဒီလောက် မောက်မာရဲတယ်ပေါ့၊ ငါ မင်းကို ကြော်မစားဘူးလို့ ယုံကြည်နေတာလား” ကျွင်းချောင်ရှောင်းသည် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်မိသည်။

“အဓိပ္ပာယ်မရှိတာ”

ကြက်ဖသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီသခင်လေးက ဗာမေလီယန်ငှက်ရဲ့ မျိုးနွယ်လေ၊ ဘယ်လိုဖြစ်ပြီး ကြက်လို့ ခေါ်ရဲနေတာလဲ၊ ကျုပ်တို့ သွေးမျိုးဆက်တွေကို စော်ကားနေတာလား၊ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို နင်းချေချင်နေတာလား”

ကျွင်းချောင်ရှောင်း “...”

“မင်းကိုမင်းလည်း ပြန်ကြည့်ဦး၊ ငါက မင်းကို စော်ကားတာ ဖြစ်အုံးမလား၊ နေအုံး ... ဗာမေလီယန်ငှက်ရဲ့ မျိုးဆက် ဟုတ်လား” ကျွင်းချောင်ရှောင်း၏ နားလည်မှုအရဆိုလျှင် လောကကြီး၏ အားအကောင်းဆုံးသော စိတ်ဝိညာဉ်သားရဲလေးကောင်ထဲမှ တစ်ကောင်သည် ဗာမေလီယန်ငှက်ဖြစ်၏။ တစ်ဖက်လူသည် တကယ့် နတ်ဘုရားသားရဲ၏ မျိုးဆက်တစ်ခု ဖြစ်နေသည်လား။

“မဟုတ်သေးပါဘူး”

တကယ်၍ မျိုးဆက်တစ်ခု ဖြစ်နေမည်ဆိုလျှင် အဘယ်ကြောင့် ကြက်တစ်ကောင်၏ ပုံပန်း သွင်ပြင်မျိုး ဖြစ်နေသနည်း။ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကောင်လေး... မင်းကိုမင်း အဲလောက်ကြီး အထင်ကြီးနေတာလား၊ ဘာလို့ အသူရာနဂါး၊ ကျားဖြူနဲ့ လိပ်မဲတို့က မင်းရဲ့ဦးလေးတွေလို့ မပြောရတာလဲ”

ကြက်ဖလေးသည် အံ့အားတသင့်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။ “ဘယ်လိုဖြစ်ပြီး သိတာလဲ”

“အိုက်ယား... သေစမ်း” တဖက်လူသည် အလွန်မောက်မာလွန်းသည်သာမက မည်ကဲ့သို့ ကြွားဝါရမည်ဆိုသည်ကိုလည်း ကောင်းကောင်းသိရှိလို့နေသည်။ နတ်ဘုရား သားရဲလေးကောင်သည် သူ၏မျိုးနွယ်များဖြစ်သည်ဟု ပြောဆိုလျက်ရှိ၏။

ဇွီ

ကျွင်းချောင်ရှောင်းသည် ၎င်းအား အသာဖမ်းယူပြီးသည့်နောက်မှာတော့ စားသောက်ခန်းဆီသို့ သွားလိုက်၏။ ပြီးနောက် စဉ့်တီတုံးအပေါ် တင်ကာ အော်လိုက်၏။ “တုတု... မြန်မြန် ဒီကိုလာ၊ ဒီကြက်ကို ဘယ်လိုချက်စားရ မလဲဆိုတဲ့ နည်းလမ်း ပြောစမ်း”

All Chapters