← Chapters

အခန်း (၉၂၉)

Vol. 63 Ch. 929

အခန်း (၉၂၉)

Vol. 63 Ch. 929

ပြိုင်စံရှားဂိုဏ်း၏တပည့်များသည် အလွန်ပဲ စည်းကမ်းကျနလွန်းလှ၏။ နံနက်ခင်းတိုင်းတွင် သူတို့သည် နံနက်ခင်း လေ့ကျင့်ခန်းများကိုပြုလုပ်ပြီး ၊ ပြီးလျှင် မနက်စာကို စားသုံး၏။ အားလုံးပြီးသည့်နောက်မှာတော့ တစ်နေကုန် လေ့ကျင့်ခန်းများကို ပြုလုပ်ကြတော့သည်။

ကြက်ဖတွန်ပေးရန်အတွက် လိုအပ်ခြင်းတော့မရှိချေ။ သို့ပေမဲ့ ကြက်ဖ၏အသံသည် စိတ်ကိုလန်းဆန်းစေပြီး တည်ငြိမ်မှုကို ရရှိစေ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ကြက်ဖအားအော်ခိုင်းခြင်းသည် ကောင်းမွန်သည့်အရာပင် ဖြစ်ပေလိမ့်မည်။

အောက်အီးအီးအွတ်

နောက်တစ်ရက်မှာတော့ အာရုံတက်သည်ဆိုသည်နှင့်တစ်ပြိုင်နက် ကြက်ဖ၏အော်သံသည် ထွက်ပေါ်လာခဲ့တော့၏။ ၎င်းသည် အဓိကဟောခန်းတွင် မတ်မတ်ရပ် ခေါင်းကိုမော့ကာဖြင့် တွန်လျက်ရှိနေ၏။ သူ၏အသံသည် ပြိုင်စံရှား ဂိုဏ်းတစ်ခုလုံးသို့ ပျံ့လွင့်နေခဲ့၏။

အိပ်နေကြသော တပည့်များအားလုံးသည် နိုးထလာခဲ့ကြပြီး မျက်နှာသစ်ကာ မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်ကြမည့် နေရာဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် စုဝေးလျက်ရှိပြီး အားအင်အပြည့် ဖြင့် ဖြစ်လို့နေခဲ့သည်။

“မဆိုးဘူး။ မဆိုးဘူး။”

အဓိကဟောခန်းရှေ့တွင် မတ်တပ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အင်ပြည့်အားပြည့်နှင့် ရှိနေကြသော တပည့်များကို မြင်ရသည့်နောက်မှာတော့ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်လာခဲ့ကြတော့၏။

ဂိုဏ်းထဲတွင် သိုင်းကျင့်ကြံရေးပစ္စည်း မျိုးစုံရှိနေ၏။ တပည့်များ၏ အဆင့်ကို မြန်မြန်ဆန်ဆန်နှင့် ချိုးဖြတ်ချင်သည် ဆိုသော်လည်း ပိုမိုအားကောင်းချင်သည်ဆိုပါက ၎င်းတို့အနေဖြင့် မိမိကိုယ်ကို အားကိုးမှသာဖြစ်ပေလိမ့်မည်။

“အား … သခင် … သခင် … ကယ်ပါအုံး။ သခင်ကယ်ပါအုံး။”

ထိုအချိန်မှာဘဲ အဓိကဟောခန်းဆီမှ အကူညီတောင်းခံသည့် အော်သံထွက်ပေါ်လာခဲ့တော့သည်။

“ဒီကြက်ရိုင်းကောင်က ဘယ်ကရောက်လာတာလဲ။”

“ဒီအဒေါ်ကြီး အိပ်ပျော်နေတာကို လာပြီးတော့ နှောင့်ယှက်ရဲတယ်ပေါ့။”

ခြေဗလာဖြင့် ရှောင်မိုရှန်သည် ညဝတ်အင်္ကျီကို ဝတ်ဆင်ထား၏။ သူမသည် ကြက်ဖအား လက်တစ်ဖက်ဖြင့် အသာ ဆွဲကိုင်၍ အဓိကဟောခန်းထဲရှိ တိုင်နှင့်ဆောင့်လျက်ရှိနေတော့သည်။ ကြက်မွှေးများသည် နေရာအနှံ့ဆီသို့ ပျံ့လွင့်နေ ခဲ့၏။

“တော်စမ်း။”

နဂါးလေးသည် အသာခုန်ချလာပြီးနောက် အေးစက်စက်နှင့်ပြောလိုက်သည်။ “ငါသူ့ကို သင်ခန်းစာပေးလိုက်မယ်။”

“တောက်”

ရှောင်မိုရှန်သည် ဒေါသအပြည့်ဖြင့် ကြည့်ကာ ကြက်ဖအား ဘေးတစ်ဖက်ဆီသို့ ပစ်လွှတ်လိုက်၏။ ပြီးနောက် အသက် ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။ “ငါ့အနေနဲ့ မိန်းကလေးတစ်ယောက်လို နူးနူးညံ့ညံ့နေရမယ်လို့ သခင်ကပြောထားလို့သာပေါ့။ မဟုတ်ရင် ဒီကောင်မလွယ်ဘူး”

ရွှီး

နဂါးလေးသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ သူ၏အိပ်စက်ခြင်းကို နှောင့်ယှက်နေသော တစ်ဖက်သတ္တဝါ အား ချက်ချင်းပင်မီးကင်ရန် ကြိုးစားတော့၏။

အား

နေထွက်လာသည့်နောက်မှာတော့ ကြက်ဖလေးသည် ထောင့်တစ်နေရာတွင် ကုတ်ကုတ်လေးတည်ရှိလို့နေတော့၏။ သူသည် မဲတူးလျက်ရှိနေသော တောင်ပံများနှင့် မျက်ရည်ကို သုတ်လျက်ရှိသည်။ စိတ်ထဲမှာတော့ ရေရွတ်လျက် ရှိနေသည်။

“ငါက ဗာမေလီယန် ငှက်ရဲ့ မျိုးဆက်ပါ။ ဘယ်လိုဖြစ်ပြီး အနိုင်ကျင့်ခံရတာလဲ။”

ဆွစ်

ရုတ်တရက်ဆိုသလိုပဲ လေပြင်းတိုက်ခတ်သည့်အသံ ထွက်ပေါ်လာခဲ့တော့သည်။ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ် ကြောင်း ကြက်ဖကလေးသည် ချက်ချင်းသိရှိလိုက်တော့၏။ ထို့ကြောင့် သူ၏အတောင်ပံကို ဖြန့်ကျက်ကာဖြင့် အပေါ်သို့ ခုန်တက်လိုက်၏။

သို့ပေမဲ့ သူခုန်လိုက်သည်မှာ မီတာဝက်လောက်ပင်ရှိနေသေးသည်။ သူ၏မျက်နှာအား ဘောလုံးသည် တည့်တည့်ထိမှန်တော့၏။ ပြီးနောက် ဘန်းဆိုသည့် အသံနှင့်အတူ နံရံထဲသို့ ချိုင့်ဝင်သွားခဲ့တော့သည်။

“ထူးဆန်းလိုက်တာ။”

လေ့ကျင့်ရေးကွင်းပြင်တွင် တည်ရှိနေသော လီဖေးသည် ဇဝေဇဝါဖြင့် ဖြစ်သွားတော့သည်။ “သူက ဘာလို့ အပေါ်ကို ပျံမတက်ဘဲ ခုန်နေရတာလဲ။”

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းအပြင်ဘက်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဒီကောင်လေးက ရှေးဟောခန်းမဆောင်ထဲမှာ တောဝက်ရိုင်းလေးနဲ့အတူတူ နေလိမ့်မယ်။”

“ကောင်းပါပြီ။”

နောက်ဆုံးမှာတော့ ရှေးဟောခန်းမဆောင်သည် နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ကို ရရှိခဲ့တော့သည်။ တောဝက်ရိုင်း လေးသည် မြေပြင်ကို ပိုမိုအားကောင်းအောင်ပြုလုပ်ရန် တာဝန်ယူထားရပြီး ကြက်ဖလေးမှာတော့ တွန်သည့်တာဝန် ကို ယူထားရတော့၏။

“ဒါနဲ့ အသစ်စိုက်ပျိုးထားတဲ့ ဆေးပင်တွေက အခြေအနေဘယ်လိုရှိလဲ။”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ အကြီးအကဲဝေက ပြောလိုက်၏။ “ပိုင်လျိုက သေသေချာချာကြိုးစားပေးထားတယ်။ ဒါကြောင့် မြေပြင်တစ်ခုလုံးက အဆင်ပြေနေတယ်။ မကြာခင်မှာ ဒီထက်များပြားတဲ့ဆေးပင်တွေကို စိုက်ပျိုးလို့ရမယ်လို့ထင်တယ်။”

“ဆေးပင်တွေက ကျုပ်တို့ဂိုဏ်းအတွက် အရမ်းကို အရေးကြီးတယ်လေ။ အကြီးအကဲဝေ ဒီကိစ္စအတွက် ခင်ဗျားကိုပဲ အပူကပ်ရတော့မှာဘဲ။”

ကျွင်းချောင်ရှောင်းသည် တောင်းဆိုလိုက်တော့၏။

သူ့အနေနှင့်စနစ်ရှိပြီး များပြားသည့် သိုင်းပညာအရင်းအမြစ်များကို ဖန်တီးပေးနိုင်သည်ဆိုသော်လည်း တပည့်များ တိုးပွားလာသည်နှင့်အမျှ ပိုမို၍အားကောင်းလာစေရန် ဆေးပင်များကို အမှီအခိုပြုရမည်ဆိုသည်ကို ကောင်းကောင်း နားလည်မိ၏။

အကြီးအကဲဝေက ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်အတွင်း စွန်းပုကုံး နဲ့ တစ်ခြားသောသူတွေအားလုံးက အရွယ်ရောက်လာကြပြီ။ သူတို့က ဆေးပင်စိုက်ပျိုးမှု မှာ ပိုမိုပြီး ကျွမ်းကျင်လာကြတယ်။”

“အင်း ဟုတ်တာပေါ့။”

ကျွင်းချောင်ရှောင်းသည် ခနလောက် စကားပြောဆိုပြီးသည့်နောက်မှာတော့ တည်နေရာဂိတ်တံခါးကို အသုံးပြုကာ ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်လိုက်တော့သည်။

ဤအတောအတွင်း ဂြိုဟ်တိုက်ပွဲတည်နေရာရှိ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာသည် ဒါဇင် အနည်းငယ်အထိ ပိုမိုကြီးမားလာခဲ့ပြီဖြစ်ပြီး လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် အဆောက်အဦ များကို တည်ဆောက်လျက်ရှိနေကြတော့၏။

မြို့ဖြစ်ဖြစ်၊ ရွာဖြစ်ဖြစ် ပိုမို၍ အရေးကြီးသည်မှာ လမ်းရှိရမည်ဖြစ်သည်။ ထို့ကြောင့်ပင် အလယ်တည်နေရာတွင် ရထားလုံးလေးခုယှဉ်၍ သွားလာနိုင်သော ကျယ်ပြန့်သည့် လမ်းကြီးတစ်ခုကို ဖန်တီးတည်ဆောက်ထားသည်။

တည်နေရာအကန့်အသတ်ကြောင့် အဆောက်အဦအနည်းငယ်သာလျှင် ရှိနေသေးတော့သည်။ သို့ပေမဲ့ လုံလောက် သည့် တည်နေရာအကျယ်အဝန်းကို ရောက်ရှိသည်ဆိုသည်နှင့် အဆောက်အဦများကို ပိုမို၍ တည်ဆောက်ရ ပေလိမ့်မည်။

လီချင်းယန်၏ ဆောက်လုပ်ရေးတွင်တော့ အဓိကလမ်းမများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဓိကလမ်းမများ နှင့်ပုံစံတူအောင် တည်ဆောက်ထားခြင်းပင်ဖြစ်သည်။

“မဆိုးဘူး။ မဆိုးဘူး။”

သေသေချာချာကြည့်ရှု့ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် တည်နေရာထဲမှ ပျံသန်းထွက်ခွာပြီးသည့်နောက်မှာတော့ အဆုံးမဲ့မိုးကောင်းကင် ဆီသို့ ပျံသန်းကြည့်လိုက်သည်။

ရက်အနည်းငယ်အတွင်း သူသည် ဂြိုဟ်တိုက်ပွဲဆီသို့ အကြိမ်အနည်းငယ်လာသည်ဖြစ်သော်လည်း တိုက်ခိုက်ခြင်း၊ သို့မဟုတ် သူ့အား တိုက်ခိုက်စေရန်အတွက်သာ လာခဲ့ခြင်းဖြစ်သည်။ တစ်ခြားသော နေရာများကို သေသေချာချာ လေ့လာခြင်း မပြုခဲ့ချေ။ ထို့ကြောင့် လက်ရှိအခြေအနေမှာတော့ အပြင်ဘက်သို့ ထွက်၍ ကြည့်ရှုရန် စဉ်းစားလိုက်မိ တော့သည်။

ကျွင်းချောင်ရှောင်းအနေနှင့် ယခင်တုန်းက ယခုကဲ့သို့ အပြင်သို့ မထွက်ခွာရဲခဲ့သော်လည်း လက်ရှိအချိန်တွင် မှာတော့ စည်းဓားမော့၏ အားအင်အဆင့်ကို သိရှိနေတော့သည်။ ထို့ကြောင့် သူသည် အကြောက်အလန့်ကင်းလို့နေ၏။

“ကြည့်စမ်း။ လူတွေအများကြီးကို သတ်သွားတဲ့ ဟိုကောင် မှတ်လား။”

“ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သတ်ဖြတ်ခြင်း နတ်ဘုရားထွက်လာပြီ။ အားလုံးဘဲ ပြေးကြတော့။”

ဝှစ် ဝှစ် ဝှစ်

တိုက်ခိုက်ရေးတည်နေရာထဲတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ရန်စောင် လျက်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ပျံသန်းရောက်ရှိလာသည်ကို သိရှိရသည့်နောက်မှာတော့ ၎င်းတို့အားလုံး သည် ကြောက်လန့်တတ်သည့် ယုန်လေးများကဲ့သို့ပဲ အလျင်အမြန်နှင့် ထွက်ပြေးသွားခဲ့ကြတော့သည်။ အရင်တုန်းကသာ ဆိုလျှင် ၎င်းတို့သည် အတူတကွပူးပေါင်း၍ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တိုက်ခိုက်ကြမှာဖြစ်သည်။

သို့ပေမဲ့ တစ်ဖက်လူသည် သိုင်းကျင့်ကြံသူပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သည့်လူတစ်ယောက်ဖြစ်မှန်း သိရှိပြီးသည့်နောက်မှာတော့ တစ်ဖက်လူအား သွားရောက်တိုက်ခိုက်ရန် သူတို့တွင် သတ္တိမရှိကြတော့ချေ။

“နန်းတော်သခင်”

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ အဓိကဟောခန်းထဲမှာတော့ အကြီးအကဲတစ်ယောက်သည် အလျင်အမြန် နှင့် လျှောက်ဝင်လာခဲ့၏။ ပြီးနောက်လေးလေးနက်နက်နှင့် ပြောလိုက်တော့၏။ “ကျွင်းချောင်ရှောင်းထပ်ပြီး ထွက်လာပြီ။”

“ဘာ”

ဟုန်ရောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “မြန်မြန်။ မြန်မြန်။ အားလုံးကို သတိပေးလိုက်။ ခံတပ်ထဲကနေ ဘယ်တော့မှ အပြင်မထွက်နဲ့လို့။”

အကြီးအကဲက ပြောလိုက်သည်။

“အစောကြီးကတည်းက အဲအမိန့်ကို ပေးပြီးသွားပါပြီ။”

ဟုန်ရောင်သည် ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ မျက်နှာဖုံးကို ဝတ်ဆင်ကာ လူပေါင်းတစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သည့် တစ်ဖက်လူ၏ မျက်ဝန်းကို ပြန်လည်မြင်ယောင်လာမိသည်။ သူ၏ နဖူးစပ်တွင် ချွေးစေးများပင် ပြန်လို့လာခဲ့၏။

လင်းယွမ်ကုန်းမြေတိုက်သည်လည်း ကျွင်းချောင်ရှောင်းတစ်ယောက်တိုက်ခိုက်ရေးတည်နေရာတွင် ပေါ်ပေါက်လာ သည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ တပည့်များအား အပြင်ဘက်သို့ ထွက်ခွာခြင်းမပြုရန် တင်းတင်း ကြပ်ကြပ်ဖြင့် အမိန့်ချမှတ်ပေးထားခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသော ဂြိုဟ်ကြီးနှစ်ခုကို ထိတ်လန့်ကြောက်ရွံ့အောင် ပြုလုပ်နိုင်ဖို့ဆိုသည်မှာ ဂိုဏ်းချုပ်ကျွင်းအနေနှင့် အလွန်ရက်စက်သည့် အပြုအမူမျိုးကို ပြုလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်တော့၏။

အမွေအနှစ်ရယူခြင်းတိုက်ပွဲပြီးဆုံးသွားသည့်နောက်မှာတော့ ကုန်းရှန့်သည် လက်ရှိရှိနေကြသော သိုင်းကျင့်ကြံသူ များအတွက် ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်တည်နေတော့သည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့သူသည် စိတ်မကျေနပ်ပေ။ တည်နေရာတစ်ခုလုံးသို့ သူပျံသန်းလိုက်သည်နှင့်တပြိုင်နက် ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများအားလုံးသည် ပျောက်ချင်းမလှ ပျောက်ကုန်ကြတော့သည်။ ထိုသို့ဆိုလျှင် အနာဂတ်၌ သူသည် တည်နေရာခံတပ်အား မည်ကဲ့သို့ ချဲ့ထွင်နိုင်တော့မည်နည်း။

“အခု ရွာအဆင့်အနေအထားကိုတောင် မရောက်သေးဘူး။ မြို့အဆင့် အရွယ်အစားကို ရောက်ရှိဖို့ဆိုတာက ကျိန်းသေပေါက် ခက်ခဲတော့မှာပဲ။” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်တော့၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် သူသည် တစ်ခြားသောကျင့်ကြံသူများအားလုံးကို သတ်ဖြတ်၍ သူ၏ခံတပ်တည် နေရာကြီးအား ပိုမိုကျယ်ပြန့်အောင် ပြုလုပ်နေချင်မိ၏။ ထိုမှသာလျှင် ပိုမိုမြန်ဆန်စွာဖြင့် ချဲ့ထွင်နိုင်တော့မည် ဖြစ်သည်။

“အစ်မကြီး”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ခံတပ်တည်နေရာကြီးဆောက်ဖို့ ပိုမို၍ကြီးထွားလာနိုင်တဲ့အမြန်ဆုံးသော နည်းလမ်းရှိသေးလား။”

“ရှိတာပေါ့။”

အမျိုးသမီးစနစ်၏ အသံသည် ချိုသာစွာ ထွက်ပေါ်လာခဲ့တော့၏။ “တိုက်ခိုက်ရေးတည်နေရာထဲမှာ ဖုံးကွယ်ထားတဲ့ အမွေအနှစ်တွေရှိတယ်လေ။”

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ ….. သင့်အနေနဲ့ ဒါတွေကိုကြိုပြီး ရှာဖွေနိုင်မယ်ဆိုရင် ခံတပ်တည်နေရာကလည်း အလိုလိုပိုပြီး ကျယ်ပြန့်လာလိမ့်မယ်။”

“ဒါဆိုရင် ဘယ်လိုရှာရမလဲ။”

“လိုက်ပြီးတော့ ရှာရမှာပေါ့။”

...

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်သွားမိ၏။

သူ၏မြင်ကွင်းအဆုံးမှာတော့ တိမ်တွေဖုံးအုပ်လျက်ရှိသော မြင့်မားလှသည့်တောင်ကြီးတစ်ခုကို မြင်လိုက်ရ၏။ တောင်၏ထိပ်မှာတော့ ကျယ်ပြောကုန်းမြေတိုက်ဟူသည့် စာတမ်းကို ရေးထိုးထားသည်ကို မြင်လိုက်ရ၏။ သံသယ ရှိစရာကို မလိုပေ။

သူသည် ပျင်းပျင်းရိရိနှင့်လျှောက်၍ ပျံသန်းနေစဉ်မှာဘဲ အလွန်အားကောင်းလွန်းလှသည့် ကျယ်ပြောကုန်းမြေတိုက်၏ တည်နေရာကို ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ တောင်ကြီး ပေါ်တွင် မြို့တစ်မြို့နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည့် အဆောက်အဦများတည်ရှိနေသည်ကို မြင်လိုက်ရတော့သည်။

ထိုအရာကြီးသည် စစ်တပ်တစ်ခု၏ ခံတပ်တစ်ခုကဲ့သို့ ဖန်တီးထားခြင်းပင်ဖြစ်သည်။ ကြည့်ရှုလိုက်သည်ဆိုသည်နှင့် သူသည် တကယ်ပင် ထိတ်လန့်တုန်လှုပ်မိ၏။

“ဒီခံတပ်က တကယ့်ကိုမိုက်တယ်။”

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ ကြယ်ပြောကုန်းမြေတိုက်ဆိုတာက ဒီဂြိုဟ်ကြီးမှာရှိတဲ့ ထိပ်တန်းဂြိုဟ်တွေထဲက တစ်ခုဘဲလေ။ သူတို့က ဒီဂြိုဟ်ထဲကို ဝင်ရောက်ခွင့်ရတဲ့ ပထမဦးဆုံးအသုတ်ထဲက ဂြိုဟ်ဘဲ။ ပြီးတော့ ဒီနေ့ ဒီအချိန်မှာ ဒီလိုမျိုးဖြစ်နေတယ်ဆိုတာ အံ့အားသင့်စရာမဟုတ်ပါဘူး။” အမျိုးသမီးစနစ်၏အသံက ပေါ်ထွက်လာ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်တော့၏။ “ဒါဆိုရင် ဘယ်အချိန်မှာ ကျုပ်ရဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဒီလိုအခြေအနေမျိုးကို ရောက်လာနိုင်လဲ။”

နေဦး။

ဤတည်နေရာသည် ရှင်းလင်းသည့် မြေပြန့် တည်နေရာကြီးတစ်ခုဖြစ်သည်။ အဘယ့်ကြောင့် ရုတ်တရက် မြင့်မားလှသည့် တောင်ထွတ်ကြီးတစ်ခုရှိနေရသနည်း။

အမျိုးသမီးစနစ်၏အသံက ပြောလိုက်တော့သည်။ “သူတို့က သူတို့ဘာသူတို့ တောင်ဖြစ်အောင် ပြုလုပ်ထားတာလေ။”

“ဒါဆိုရင် ဂြိုဟ်တိုက်ပွဲတည်နေရာမှာရှိတဲ့ နယ်မြေတွေကို ကိုယ်ဘာသာပြန်ပြီး အဆင့်မြှင့်တင်လို့ရတာပေါ့။”

“ပါဝင်ယှဉ်ပြိုင်သူအနေနဲ့ ဒီလိုမျိုးလုပ်နိုင်စွမ်းရှိတယ်ဆိုရင် လုပ်လို့ရပါတယ်။ ကောင်းကင်ထက်ပိုပြီး မြင့်အောင်တောင် လုပ်နိုင်စွမ်းရှိရင်တောင် ပြဿနာမရှိဘူး။”

“ကောင်းကင်ထိရောက်အောင် တည်နေရာကို မြှင့်တင်မယ်ဟုတ်လား။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “ဒါဆိုရင် အရမ်းကောင်းမှာပဲ။”

ဆွစ်

သူသည် တိုက်ခိုက်ရေးတည်နေရာကို သွား၍ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ဝင်၍ လှည့်ပတ်သွားလာခြင်းကို အလျှော့ပေးလိုက်တော့၏။ ပြီးသည့်နောက်မှာတော့ တည်နေရာခံတပ်ဆီသို့ ပြန်လာခဲ့လိုက်တော့သည်။

ခံတပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် တည်နေရာအဆင့်မြှင့်တင်ခြင်းပစ္စည်းကို ထုတ်ယူကာ ပြောလိုက်မိ၏။ “ဒီအရာက ဒီနေရာမှာလည်း အသုံးဝင်နိုင်တာလားဆိုတာ စမ်းကြည့်ရမယ်။”

All Chapters