အခန်း (၉၃၀)
Vol. 63 Ch. 930
ဂြိုဟ်တိုက်ပွဲ၏ခံတပ်တည်နေရာကြီးအား တည်နေရာအဆင့်မြှင့်တင်၍ရသည်ကို သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်း၏ ခံတပ်ရှိရာဆီသို့ မြန်မြန်ဆန်ဆန်ပြန်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ တည်နေရာအဆင့်မြှင့်တင်ခြင်းပစ္စည်းအား မြှောက်ကာဖြင့် အသုံးပြုရန် ပြင်ဆင်လိုက်တော့၏။
သူ့အနေနှင့် ကျယ်ပြောကုန်းမြေတိုက်ကြီး နှင့်ပုံစံတူစွာ ဖန်တီးချင်မိ၏။ သို့ပေမဲ့တစ်ဖက်လူအတိုင်း လိုက်ပါပြုမူရသော အစီအစဉ်မရှိချေ။ ပြန်လည်ဆန်းသစ်ရပေမည်။
“လက်ခံသူဆီမှာ တည်နေရာအဆင့်မြှင့်တင်နိုင်စွမ်းရှိတဲ့ပစ္စည်းရှိနေပြီဆိုမှတော့ ကောင်းကင်အထက်ဆီမှ တည်ဆောက်ဖို့အတွက်ကတော့ ပြဿနာမရှိလောက်တော့ဘူး။” စနစ်သည် ကျွင်းချောင်ရှောင်း၏ ရဲတင်းသည့်အကြံအစည်အား အလုံးစုံထောက်ခံပေးလိုက်တော့သည်။
၎င်းအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အား ကောင်းကင်ပေါ်တွင် လွင့်မြောလျက်ရှိနေသည့် မြို့ကြီးတစ်ခုအဖြစ်သို့ ရောက်ချင်နေမိ၏။
“ဟမ်”
လီချင်းယန်သည် ထိုအချင်းအရာကို ကြားရသည့်နောက်မှာတော့ အံ့အားသင့်မိသွား၏။ အစီအရင်နှင့်အတူ ကောင်းကင်ပေါ်တွင် လွင့်မြောနေသည့် ကုန်းမြေတိုက်ကြီးတစ်ခုအဖြစ် ဖန်တီးဖို့ ဂိုဏ်းချုပ်၏ အကြံအစည်သည် အမှန်ပင် ရဲတင်းလွန်းနေသည်။
ဝှစ် …။
တည်နေရာအဆင့်မြှင့်တင်ခြင်းပစ္စည်းသည် မြန်မြန်ဆန်ဆန်ပဲ ကောင်းကင်ပေါ်သို့ ပြန်တက်လာ၏။ ပြီးသည့်နောက် မှာတော့ ပင့်ကူကဲ့သို့သော စက်ပုံသဏ္ဍာန်လက်များထွက်ပေါ်လာခဲ့သည်။ ပြီးနောက်မြေပြင်အား ဆွဲယူကာဖြင့် တောင်ကြီးတစ်ခုပုံစံမျိုးဖြစ်တည်အောင် စတင်ကာပြုလုပ်တော့၏။
ဤကဲ့သို့သောအခြေအနေမျိုးတွင် ဆောက်လုပ်ရေးလုပ်ငန်းများပြုလုပ်ရန် မသင့်တော်သည်မို့ တပည့်များအားလုံး သည် ရပ်ဆိုင်းလိုက်ကြသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် လွင့်မျောနေသည့်မြို့ကြီးတစ်ခုအဖြစ် ဖန်တီးချင်သည်ကို သိရှိလိုက်သည့်အချိန်မှာတော့ ၎င်းတို့အားလုံးသည် အနည်းငယ်အံ့အားသင့်မိသွား၏။ ထိုအရာသည် သူတို့ထင်မှတ်မထားသည့်ကိစ္စပင် ဖြစ်တော့ သည်။
“ဂိုဏ်းကို ပြန်ကြရအောင်။”
ကျွင်းချောင်ရှောင်းသည် တပည့်များအား ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာခေါ်ဆောင်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် အစီအရင်တောင်ထွတ်ဆီသို့ သွားရောက်၍ အကြီးအကဲကျန်းအား သူ၏ ရဲတင်းသည့်အကြံအစည်အား ပြောပြလိုက်တော့သည်။
“ဒါက”
ကျန်းတယ်ကျွင်းသည် ခနလောက် တိတ်ဆိတ်ငြိမ်သက်သွား၏ “တကယ်လို့ ဖုံးကွယ်ခြင်းအစီအရင်နဲ့ အကာအကွယ်အစီအရင်ကို အသုံးပြုမယ်ဆိုရင် မြေပြင်ကို ထောက်ပံ့ပေးထား နိုင်မယ်လို့ ထင်တယ်။”
“မြေပြင်မဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တောင်ကြီးတစ်တောင်ကို ထောက်ပံ့ပေးထားရမှာ။”
ကျန်းတယ်ကျွင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “တောင်ဆိုတာက အရမ်းလေးတယ်လေ။”
“အစီအရင်က ထောက်ပံ့ပေးထားနိုင်တယ်ဆိုရင်တောင်မှ စက္ကန့်နဲ့အမျှ စွမ်းအင်တွေက ကုန်ဆုံးနေမှာလေ။ ဒါကြောင့် လူတွေကို ပို့လွှတ်ပြီးတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှ ပြန်လည်ထိန်းသိမ်းဖို့လုပ်ငန်းတွေကို လုပ်နေရလိမ့်မယ်။”
“ထာဝရပြုလုပ်လို့မရနိုင်ဘူးလား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“မရနိုင်ဘူး။”
“ဂိုဏ်းချုပ်၊ ဟောခန်းသခင် ကျန်း”
ရှန်ကွမ်းရှင်းရောင် က ပြောလိုက်သည်။ “တကယ်လို့ ဆန်းကြယ်တံခါး ၃၂ အစီအရင်ကျမ်းထဲက ဓာတ်ငါးပါးအစီအရင်ကို တည်ဆောက်မယ်ဆိုရင် လောကမှာ ရှိတဲ့ ဓာတ်သဘာဝငါးမျိုးကို စုပ်ယူပြီးတော့ ဒါက ကျိန်းသေပေါက် သူ့အလိုလို လည်ပတ်သွားနိုင်တယ်။”
ကျန်းတယ်ကျွင်းသည် ဉာဏ်အလင်းရသွား၏။ “ဒါလည်းဟုတ်တာပဲ။”
ဆန်းကြယ်တံခါး ၃၂ ဟူသောအစီအရင်သည် ဓာတ်ငါးပါးအစီအရင်ဟူ၍ တည်ရှိနေခဲ့သည်။ ထိုအရာသည် အကာအကွယ်အတွက် သီးသန့် အသုံးပြုရန်မဟုတ်သလို တိုက်ခိုက်ရန်အတွက် သီးသန့်လည်း မဟုတ်ပေ။ အကာအကွယ်နှင့် တိုက်ခိုက်ရန် နှစ်ခုလုံးကို ပေါင်းစပ်၍ အသုံးပြု၍လည်း ရနိုင်သည်။
ဤဓာတ်ငါးပါးနည်းစနစ်စွမ်းအင်များကို အသုံးပြုရသည့်နောက်မှာတော့ လောကကြီးတွင် တစ်ခါတည်း အဆက် မပြတ် တည်ရှိနေသည့်အရာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
သို့ပေမဲ့ ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “လုံလောက်သည့် ဓာတ်ငါးပါးစွမ်းအင်မရှိရင် အစီအရင်တစ်ခု ဖန်တီးဖို့ အရမ်းကို ခက်လိမ့်မယ်။”
ဆန်းကြယ်တံခါး ၃၂ တွင် ပါဝင်သော တစ်ချို့သောအစီအရင်၌ အထူးအမျိုးအစား စွမ်းအင် လိုအပ်လျက်ရှိနေ၏။ ဤအရာသည် အစီအရင်ပေါ် အစီအရင်ထပ်၍ ဖန်တီးပြုလုပ်သည့်ရနိုင်သော အရာမျိုးမဟုတ်ပေ။
“ရတာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဤအတောအတွင်း သူသည် ဓာတ်ငါးပါးခန္ဓာကိုယ်နှင့် ပတ်သက်၍ အမှန်ပင် လေ့လာလိုက်စားခဲ့၏။ ၎င်းအနေနှင့် ဓာတ်ငါးပါးခန္ဓာကိုယ်ကို အသုံးပြုကာ သလင်းအမြုတေထဲသို့ ဓာတ်ငါးပါးများ ကိုစုဆောင်း၍ လေ့ကျင့်နိုင်စွမ်းရှိနေ၏။ ဓာတ်ငါးပါးများကို စုစည်းနိုင်စွမ်းရှိနေ၏။
…..
နောက်တစ်ရက်မှာတော့ လီချင်းယန်နှင့်တစ်ခြားသောသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲဆီသို့ ထပ်မံကာ ဝင်ရောက် လိုက်ကြသည်။ သို့ပေမဲ့ ၎င်းတို့ရောက်ရှိနေသည့်နေရာသည် လေထဲ တော်တော်မြင့်မြင့်ဆီကို ရောက်ရှိနေသည်ကို သိရှိလိုက်ရ၏။
တစ်ညတာ အသစ်ဖန်တီးပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် လေပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အနည်းဆုံးအားဖြင့် ပေ တစ်သောင်းနီးပါးခန့် အမြင့်သို့ ရောက်ရှိနေသည်။ ရက်အနည်းငယ်အတွင်း မှာဘဲ တည်နေရာထဲတွင် တောင်ထွတ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
အားလုံး၏ မျက်နှာများသည် တည်ငြိမ်လျက်ရှိနေကြတော့၏။ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ မှာတော့ တုန်လှုပ်လျက်ရှိနေ၏။
ဂိုဏ်းချုပ်၏ အဆင့်မြှင့်တင်ခြင်းရတနာသည် အမှန်ပင်ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ အထက်နယ်မြေက ဖန်တီးထားသော ဂြိုဟ်ကိုပင်လျှင်သွား၍ ပြင်ဆင်နိုင်စွမ်းရှိနေတော့၏။ ဤအရာသည် သာမန်ထက်ပိုသော အရည်အသွေးကို ပိုင်ဆိုင်သည့်အရာပင် ဖြစ်ပေလိမ့်မည်။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အောက်ကိုဆင်းပြီး တောင်ကြီးကို ဆွဲမလိုက်။”
“ကောင်းပါပြီ။”
ရှောင်ကျီသည် အောက်သို့ ခုန်ဆင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ တောင်ခြေတွင် မတ်တပ်ရပ်လိုက်၏။
ဝှစ် ဝှစ်
ဓာတ်ငါးပါးကို ထုတ်လွှင့်ပြီးသည့်နောက်မှာတော့ တောင်၏ တောင်ခြေဆီသို့ ဓာတ်ငါးပါးဓာတ်များ ပြေးဝင်သွားတော့၏။ ရှောင်ကျီသည် လက်မောင်းပေါ်ရှိ ကြွက်သားများ ဖောင်းကြွလာခဲ့ပြီးသည့်နောက်မှာတော့ ကျယ်လောင်သည့် အသံနှင့်အတူ တောင်ကြီးအား ဆွဲ၍ မလိုက်တော့သည်။
တစ်စုံတစ်ယောက်အနေနှင့် တောင်ကြီးကို ဆွဲ၍ မနိုင်လောက်သည့် အားအင်ဆိုသည်မှာ လောကကြီးတစ်ခုလုံးကို အနိုင်ယူနိုင်စွမ်းရှိနေသည့် အားအင်မျိုးပင်ဖြစ်တော့၏။
“နည်းနည်းမြှင့်အောင် မြှောက်လိုက်အုံး။” ကျွင်းချောင်ရှောင်းသည် အသာပျံသန်းပြီးသည့်နောက် ပြောလိုက်သည်။
ဝှစ်
ရှောင်ကျီသည် လက်နှစ်ဖက်ကို မြှောက်ကာဖြင့် တောင်ကြီးကို ဆွဲမလိုက်၏။
“မြင့်မြင့်”
ဝှစ်
“ထပ်မြင့်အုံး။”
ဝှစ်
…..
“သတ်။ သတ်။ သတ်ကြ။”
မိုင်တစ်သောင်းအဝေးမှာတော့ ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် တစ်နေရာတွင် တွေ့ဆုံပြီးသည့် နောက်မှာတော့ ၎င်းတို့သည် ရန်ငြိုးများအပြည့်နှင့် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်လျက်ရှိနေကြ၏။ ၎င်းတို့သည် မည်သည့်စကားမျှမဆိုကြဘဲ သတ်ဖြတ်နေကြခြင်းပင်ဖြစ်သည်။ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်ဝနေသည်နှင့်အတူ ဒေါသအရိပ်အယောင်များသည်လည်း တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့၏။
သို့ပေမဲ့ တိုက်ခိုက်နေရင်း သိုင်းကျင့်ကြံသူတစ်ယောက်သည် တစ်နေရာဆီသို့ လက်ညှိုးထိုးပြကာ ထအော်လိုက်သည်။
“ကြည့်စမ်း။ အဲဒါဘာကြီးလဲ။”
“ဟမ်”
အားလုံးသည် လှမ်း၍ကြည့်လိုက်သည့် အချိန်မှာတော့ တည်နေရာမှာတွင် ဆွံ့အလျက်ရှိနေကြ၏။ အဝေးတစ်နေရာရှိ ကောင်းကင်ယံပေါ်တွင် အရာဝတ္ထုတစ်ခုသည် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း ပျံတက်လာကြောင်းကို မြင်လိုက်ရ တော့၏။ အသာမျက်လုံးများအား မှေး၍ ကြည့်ရှုပြီးသည့်နောက်မှာတော့ ထိုအရာသည် ကြီးမားလွန်းသော တောင် ကြီးတစ်ခုဖြစ်နေသည်ကို မြင်လိုက်ရ၏။
“ဘာတွေဖြစ်နေတာလဲ။ ဒီနေရာက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်နေရာလေ။ ဘာလို့ တောင်ကြီး တစ်ခုက အပေါ်ကို ပျံတက်လာရတာလဲ။ ဒီတောင်ကြီးက အထူးရတနာတစ်ခုများလား။”
တိုက်ခိုက်နေကြသည့် နှစ်ဖက်အဖွဲ့များသည် ရပ်တန့်သွားပြီးသည့်နောက်မှာတော့ တဖြည်းဖြည်း ကောင်းကင်ပေါ်သို့ မြင့်တက်လာသည့်တောင်ကြီးအား လှမ်း၍ ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ အကြည့်များအားလုံးသည် နဝေတိမ်တောင် အမူအရာများ တည်ရှိနေခဲ့တော့သည်။
“ဟမ်”
“ဒါကဘာကြီးလဲ။”
အဝေးတစ်နေရာရှိ တစ်ခြားသောဂြိုဟ်များမှ သိုင်းကျင့်ကြံသူများအားလုံးသည်လည်း ကောင်းကင်ယံတွင် ပုံမှန် မဟုတ်သည့် အရာတစ်ခုတည်ရှိနေသည်ကို သတိပြုမိလိုက်ကြ၏။ ၎င်းတို့သည် ဇဝေဇဝါဖြင့် လှမ်း၍ ကြည့်ရှုလိုက် သည့်နောက်မှာတော့ တောင်ကြီးသည် အပေါ်လုံလောက်သည့် အမြင့်တစ်နေရာသို့ ရောက်ရှိပြီးနောက် ရပ်တန့်သွားခဲ့သည်။
…..
“ဂိုဏ်းချုပ် ပြီးပြီလား။”
“ပြီးပြီ။”
ရွှီ ရွှီ
တည်နေရာခံတပ်၏ မြေပြင်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်ကိုအသာဝှေ့ယမ်းလိုက်၏။ အစီအရင်အလံ တိုင်များအားသည် မြန်မြန်ဆန်ဆန်ဘဲ သတ်မှတ်တည်နေရာဆီသို့ တိုးဝင်သွားခဲ့တော့သည်။ အစီအရင်ကို စီရင်ပြီး သည့်နောက်မှာတော့ သူသည် အစီအရင်မျဉ်းကြောင်းများကို စတင်ကာ ရေးဆွဲတော့၏။
အရာအားလုံးပြီးစီးသွားသည့်အချိန်တွင် သူသည် ခန္ဓာကိုယ်ထဲတွင် ရှိသော ဓာတ်ငါးပါးဓာတ်များအား ထုတ်လွှင့်ပြီး သည့်နောက် သတ်မှတ်ထားသော တည်နေရာငါးနေရာအား အားအင်ဖြည့်သွင်းလိုက်တော့သည်။
ဝှစ် ဝှစ်
သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စသော ဓာတ်ငါးပါးဓာတ်များသည် အတူတကွ ပေါင်းစုပြီးသည့်နောက်မှာတော့ မတူညီ သည့် အလင်းတန်းငါးမျိုးဖြစ်တည်လာ၏။ ၎င်းသည် များပြားလှသော အစီအရင်မျဉ်းကြောင်းများအတိုင်း ရွှေ့လျားပြီး သည့်နောက်မှာတော့ တစ်ခုနှင်တစ်ခု ချိတ်ဆက်သွားကုန်၏။
ဝှမ်း ဝှမ်း ဝှမ်း
အစီအရင်၏ အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ၎င်းသည် ကောင်းကင်ပေါ်၌ တည်ရှိနေသာ တောင်ကြီးအား မားမားမတ်မတ်နှင့် လေထဲတွင် လွင့်မျောနေစေသည်။
ရှောင်ကျီသည် ထုတ်ဖော်ထားသောအားအင်များကို အသာရုတ်သိမ်းကာဖြင့် တောင်ကြီးပေါ်သို့ မော့ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိနေ၏။
ဂိုဏ်းချုပ်၏ နည်းလမ်းများသည် မဖြစ်နိုင်သော နည်းလမ်းများဟုပင် ဆိုရမည်။ တည်နေရာပုံသဏ္ဍာန်ပြောင်းလဲခြင်း ပစ္စည်းဖြင့် ဖန်တီးထားခဲ့သော တောင်ကြီးအား ဓာတ်ငါးပါးအစီအရင်ဖြင့် ထောက်ပံ့ကာ လေထဲတွင် လွင့်မြောနေ သေးသည်။ ကြီးမားသည့် ထိခိုက်မှုများ မဖြစ်သရွေ့ ဤအရာသည် ကောင်းကင်ယံတွင် လွင့်မျောနေမည်ဖြစ်တော့သည်။
ရွှီ ရွှီ
ပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် အနားပတ်ဝန်းကျင်တစ်ခုလုံးကို သီးခြားဖြစ်တည်ခြင်းအစီအရင်များ စတင်ကာဖန်တီးတော့သည်။ ပြီးသည့်နောက်မှာတော့ ဓာတ်ငါးပါးအစီအရင်အား ဖုံးကွယ်လိုက်၏။ လက်ရှိအခြေအနေတွင် အပြင်ဘက်မှ ကြည့်ရှုလိုက်သည်ဆိုပါက တောင်ကြီးတစ်ခု လေပေါ်တွင် လွင့်မြောလျက်ရှိ သည်ကိုသာမြင်ရမည် ဖြစ်တော့သည်။
စနစ်သည် စိတ်ဓာတ်တကျနှင့် ပြောလိုက်၏။ “လက်ခံသူက တကယ့်ကို ပျင်းနေတာဘဲ။”
သူ၏ အထင်အရဆိုလျှင် ထိုသို့သော အရာများကို ပြုလုပ်မည့်အစား စတိုအား Refresh လုပ်၍ ပစ္စည်းတစ်မျိုးမျိုးကို ဝယ်ယူခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် လွင့်မျောနေသော တောင်ကြီးပေါ်တွင် မတ်မတ်ရပ်ကာ ပြောလိုက်၏။ “ဒါကမှ တကယ့်ကို ဟန်ထုတ်တာလို့ခေါ်တယ်ကွ။”
ဤအရာသည် အမှန်ပင် ဝံ့ကြွားကာ ဟန်လုပ်ခြင်းပင်ဖြစ်တော့၏။
များပြားလှသော ဂြိုဟ်များက သိုင်းကျင့်ကြံသူများသည် လွင့်မျောနေသည့် တောင်ကြီးကို မြင်လိုက်ရသည့်အချိန်မှာ တော့ စတင်ကာ ဆွေးနွေးပြောဆိုကြတော့သည်။
တစ်ချို့သောရဲရင့်သောသူများသည် အနားသို့ ပျံသန်းလာပြီးသည့်နောက်မှာတော့ သေသေချာချာကြည့်ရှုလိုက်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် တောင်ပေါ်တွင် အဆောက်အဦများ တည်ဆောက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးပြူးသွားသည်။
“ဒါက လွင့်မျောနေတဲ့ တောင်ကြီးတစ်ခုလား။ ပြီးတော့ ဒီလူတွေက ဘာလို့ အဆောက်အဦတွေ ဒီမှာ လာဆောက် နေကြတာလဲ။”
လွင့်မြောနေသည့်တောင်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တောင်ဖြစ်သည်ဟူသော သတင်းသည် တိုက်ခိုက်ရေး တည်နေရာထဲသို့ ပျံ့နှံ့သွားခဲ့တော့သည်။ တစ်ခြားသော အဆင့်မြင့်ဂြိုဟ်များအားလုံးသည် ပထမတော့ မယုံကြည် ကြချေ။
လူများကို စေလွှတ်ကာ စုံစမ်းစစ်ဆေးပြီးသည့်နောက်မှာတော့ အမှန်ပင် လွင့်မြောနေသည့်တောင်ကြီးတစ်ခုဖြစ် ကြောင်းကို သိရှိလိုက်ရ၏။ ၎င်းတို့သည် အကြီးအကျယ်အံ့အားသင့်နေကြတော့သည်။
“အံ့အားသင့်စရာပဲ။ သူတို့ဘယ်လိုများလုပ်လိုက်တာလဲ။ ဒီတောင်ရဲ့ အောက်မှာ အစီအရင်တစ်ခုခု နဲ ထောက်ပံ့ထားတာ ဖြစ်ရမယ်။”
“အစီအရင်က တောင်ကို ထောက်ပံ့ပေးထားနိုင်တယ်ဆိုရင်တောင် တောင်ဆိုတာက အရမ်းကိုကြီးမားပြီး လေးလံ တယ်လေ။ အစီအရင်ဆရာတွေ အများကြီးကို ခေါ်ပြီးတော့ အားဖြည့်ရမှာဘဲ ကြာကြာခံနိုင်မှာမဟုတ်လား။”
များပြားလှသော ဂြိုဟ်များမှ သိုင်းကျင့်ကြံသူများအားလုံးသည် လွင့်မြောနေသည့်တောင်နှင့်ပတ်သက်၍ နည်းဥပဒေ သများကို ဆွေးနွေးလျက်ရှိနေကြ၏။ အချို့သည် အစီအရင်ကြောင့် ဖြစ်သည်ဟု ခန့်မှန်းခဲ့ကြ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် လူအရေအတွက်ကို ဖြုန်းတီးကာဖြင့် လွင့်မျောနေသည့်တောင်ကြီးတစ်ခုကို ဖန်တီးရန် ကြိုးစားနေသည်ဟု ၎င်းတို့က သဘောထားလိုက်ကြတော့သည်။ တစ်ခြားသူများ၏ အာရုံစူးစိုက်မှုကို ရယူချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဒီတည်နေရာက သေးလွန်းတယ်။”
တောင်ထွတ်ပေါ်ရှိ ကြီးမားလှသောကျောက်တုံးကြီးတစ်ခုပေါ်၌ ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းမှ ပြောလိုက်၏။ “ငါတော့ တောင်တွေအများကြီးဖြစ်အောင်လုပ်ရမယ်။”
သူ၏ အထင်အရဆိုလျှင် လွင့်မျောနေသည့်တောင်ဆိုသည်မှာ အစပိုင်း၌ ရှိသေး၏။ ဤအတိုင်းသာ ဆိုလျှင် သူ့အနေနှင့် လွင့်မြောနေသာ တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်တည်အောင် တည်ဆောက်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အဝေးမှ လှမ်းကြည့်လိုက်သည်နှင့် လူပေါင်းများစွာတို့သည် ထိတ်လန့်တုန်လှုပ်သွားမှာ သေချာ၏။ ထို့အပြင် ခံတပ်၏ တည်နေရာအား ချဲ့ထွင်ရန်လည်း လိုအပ်နေသေး၏။
မည်ကဲ့သို့ ချဲ့ထွင်ရမည်နည်း။
အမျိုးသမီးစနစ်ပြောသလိုပင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် စည်းမဖွင့်ရသေးသော အမွေအနှစ်တည်နေရာ တစ်ချို့ကို ရှာဖွေရပေတော့မည်။