← Chapters

အခန်း (၉၃၂)

Vol. 63 Ch. 932

အခန်း (၉၃၂)

Vol. 63 Ch. 932

ဂြိုဟ်တိုက်ပွဲကြီးပေါ်တွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် လက်ရှိတွင် အလွန်တရာမှ အလုပ်များလျက်ရှိ နေကြတော့သည်။ ၎င်းတို့သည် ဖြစ်နိုင်သည့်နည်းလမ်းဖြင့် အမွေအနှစ်များကို ရရှိရန် ကြိုးစားလျက်ရှိနေကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ထိုအမွေအနှစ်တည်နေရာအား တွေ့ရှိ၍ ဖွင့်လိုက်သည်ဆိုသည်နှင့် အထဲတွင် မည်သည့် အရာမျှ ရှာဖွေမတွေ့ရှိခဲ့ကြတော့ချေ။

“ဒါကတော့မဟုတ်သေးဘူး။”

အဝေးတစ်နေရာ၏ တောင်တစ်ခုခုပေါ်တွင်တော့ ချိုးဖြတ်သွားသော စည်းတစ်ခုထဲတွင် မည်သည့်အရာမှ မရှိသည်ကို မြင်လိုက်သည့်နောက်မှာတော့ ဝတ်စုံအစိမ်းရောင်နှင့်အဘိုးအိုသည် ၎င်း၏ ဆံပင်များကို လက်နှစ်ဖက် နှင့် အသာ ဆွဲဆုပ်ကာ အော်လိုက်မိတော့၏။

“ဒီနေရာမှာ အမွေအနှစ်ရှိနေတာ ကျိန်းသေတယ်လေ။ ဘာလို့ ဘယ်ရောက်သွားရတာလဲ။ ဘယ်ရောက်သွားရတာ တုန်း။”

ဤကဲ့သို့သော အခြေအနေမျိုးသည် လူများအားလုံးကို ပြိုလဲစေခဲ့တော့၏။ ဤအဖြစ်အပျက်သည် တစ်နေရာပြီး တစ်နေရာတွင် တောက်လျှောက် တစ်ပုံစံတည်း ဖြစ်တည်နေခဲ့တော့သည်။

ယုံကြည်ချက်ရှိရှိဖြင့် ရောက်ရှိလာခဲ့ကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ဘာမှမရှိသည့် အမွေအနှစ်တည်နေရာ ကို မြင်ရပြီးသည့်နောက်မှာတော့ စိတ်ဓာတ်တကျဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရတော့၏။

“ဒုတိယစီနီယာအစ်ကို”

တောင်တစ်ခု၏ အစွန်းဘက်တွင် ထိုင်လျက်ရှိနေသော ရှောင်ကျီသည် ၎င်းတို့၏ ခံတပ်တည်နေရာသည် အဆပေါင်း များစွာပိုမို၍ ကျယ်ပြန့်လာသည်ကို မြင်ရပြီးသည့်နောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ် ဒါကို ဘယ်လိုများလုပ်လိုက်တာလဲ။”

လွန်ခဲ့သည့် ၃ရက်တုန်းက ကျွင်းချောင်ရှောင်းသည် ခံတပ်ဆီသို့ ပြန်ရောက်လာသည့်အချိန်တွင် တည်နေရာကြီးသည် စတုရန်းမီတာ တစ်သောင်းခန့် ပိုမိုကာ ကျယ်ပြန့်လာခဲ့သည်။

လက်ရှိအခြေအနေတွင် ၄ဆ ၊ ၅ဆခန့်ပင် ပိုမို၍ ကျယ်ပြန့်လာခဲ့တော့သည်။ ဤနှုန်းအတိုင်းဆိုလျှင် ရွာတစ်ခုအဆင့်ကို မပြောနှင့် မြို့တစ်ခုအဆင့်သို့ ရောက်ရှိရင်ပင် အလွန်တရာ လွယ်ကူပေလိမ့်မည်။

၎င်း၏ ဘေးတွင်ရှိနေသော လီချင်းယန်က မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်သွားပြီးသည့်နောက်မှာတော့ အလွန်ကျယ်ပြောလှသော တည်နေရာခံတပ်ကြီးထဲသို့ ဆင်းသက်သွားသည်။

ပြီးသည့်နောက်မှာတော့ သူ၏ သိစိတ်ပင်လယ်ထဲတွင် အဆောက်အဦများ၏ ဒီဇိုင်းများကို သေသေချာချာနှင့် ရွေးချယ် တည်ဆောက်ရန် စီစဉ်လျက်ရှိနေတော့၏။ လမ်းများအားလုံးကိုလည်း သေသေချာချာနှင့် ဖန်တီးထား ခဲ့တော့သည်။

“ဒီနေရာမှာ ရေဆိုးစနစ်ကို တပ်ဆင်ဖို့ လိုလိမ့်မယ်နဲ့တူတယ်။”

ဝှစ် ဝှစ်

၎င်း၏ စိတ်ကူးထဲရှိ တည်နေရာပုံပန်းသွင်ပြင်သည် တစ်ခုပြီးတစ်ခု ပြောင်းလဲလျက်ရှိနေ၏။

“အဓိကဟောခန်း၊ အဆောက်အဦတွေ၊ ပြီးတော့မျှော်စင်တွေကလည်း လိုအပ်သေးတယ်။”

လီချင်းယန်သည် စဉ်းစားပြီးသည့်နောက်မှာတော့ သူ၏ တည်နေရာသိစိတ်ပင်လယ်ထဲတွင် အလွန်ခိုင်ခံ့လှသော အဆောက်အဦပုံကြမ်းတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ အချိန်အတိုအတွင်းမှာဘဲ အဘက်ဘက်မှ အလုံးစုံပြည့်စုံသော ရွာငယ်လေးတစ်ခုအဖြစ်သို့ စိတ်ကူးထဲတွင် တည်ဆောက်ပြီးဖြစ်နေတော့၏။

ဝှစ်

လီချင်းယန်သည် မျက်လုံးကို ပြန်ဖွင့်လိုက်ပြီးသည့်နောက်မှာတော့ စာရွက်တစ်ခုကို ထုတ်ယူကာ သူ၏သိစိတ်ဖြင့် မှတ်သားထားခဲ့သော ပုံကြမ်းများကို သေသေချာချာဖြင့် ရေးဆွဲတော့သည်။ တစ်ချက်ကလေးမှ မလစ်ဟင်းခဲ့ချေ။ ဤကဲ့သို့သော အဆောက်အဦဆောက်လုပ်ခြင်းပါရမီဆိုသည်မှာ အခြားသူများ တုပ၍ ရနိုင်သည့်အရာမျိုးမဟုတ်ပေ။

…

ဝှစ်

အလွန်တရာနံဟောင်လှသော ရွံ့ဗွက်အိုင်ကြီးတစ်ခုထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အလင်းတန်းတစ်ခုဆီသို့ ပျံသန်းရောက်ရှိလာခဲ့တော့သည်။ ထိုအလင်းတန်းနားရောက်သည့် အချိန်မှာတော့ သူ၏ လက်ထဲတွင်ရှိနေသော ရတနာရှာသည့်ပစ္စည်းပေါ်မှ အလင်းတန်းသည် ပိုမို၍ တောက်ပလာခဲ့တော့၏။ ဆိုလိုသည်မှာ ဤနေရာတွင် အမွေအနှစ်တစ်ခုရှိနေသည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။

“ဟမ်”

ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်၏ တစ်နေရာတွင် ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော်တို့ တည်ရှိနေသည်ကို သူမြင်လိုက်ရ၏။ ၎င်းတို့သည် အောက်ဖက်တွင် ရှိနေကြပြီး အစီအရင်၏ ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများကို ကြည့်ရှုလျက်ရှိနေကြ၏။

“ငါ့အပြင် တစ်ခြားသူတွေက အရင်ရှာတွေ့သွားတာကိုး။ ထားလိုက်တော့။ ထားလိုက်တော့။ ငါတစ်ခြားနေရာကို သွားပြီးရှာတော့မယ်။”

ရတနာရှာသည့်ပစ္စည်းပေါ်တွင် များပြားလှသည့် အလင်းစက်များတည်ရှိနေ၏။ ဆိုလိုသည်မှာ ဤအနီးအနားတဝိုက် တွင် အမွေအနှစ်တစ်ခုထက်ပို၍ တည်ရှိနေခြင်းပင် ဖြစ်တော့၏။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် အခြားသူများကြိုတင်တွေ့ရှိနိုင်သည့် အမွေအနှစ်တည်နေရာများရှိနေသည်ဆို သည်မှာ သာမန်ပင် ဖြစ်တော့သည်။ ထို့ကြောင့် သူ့အနေနှင့် မနာလိုမဖြစ်ပေ။ တစ်ဖက်လူများသည် လူများများစားစားရှိသည်ဆိုသော်လည်း ၎င်းတို့ထဲတွင် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်သာတည်ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ၎င်းတို့နှင့် အချိန်မဖြုန်းချင်ပေ။

“ဟမ်”

ရုတ်တရက်ဘဲ စည်းကို ဖျက်ဆီးလျက်ရှိနေသော ကျင့်ကြံသူတစ်ယောက်သည် သူ့အား တွေ့မြင်သွားသည်။ အဘိုးအို တစ်ယောက်သည် အေးစက်စက်အကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။ “ဒီကိုတစ်စုံတစ်ယောက်ရောက်လာတာပဲ။ မင်းတို့ ဒီအစီအရင်ကို ဆက်ပြီးဖျက်ဆီးထားကြ။ ဒီအဖိုးကြီးက သတင်းမပြန့်သွားအောင် ဟိုအမှိုက်လေးကို ဖြေရှင်းလိုက်မယ်။”

ရွှီ

ပြောပြီးသည့်နောက်မှာတော့ သူသည် ပျံသန်းကာ ထွက်ခွာသွားရန်ပြင်နေသော ကျွင်းချောင်ရှောင်း၏ရှေ့တွင် ရပ်တန့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အဆုံးအစမဲ့လှသော သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နှက်လာခဲ့တော့၏။

သူသည် ဒုတိယအဆင့် ယုဒြာကုန်းမြေတိုက်ကြီးဆီမှ လာသည့်လူဖြစ်သည်။ ဤရွံ့ဗွက်အိုင်ထဲတွင် သိုဝှက်ထားခဲ့သော အမွေအနှစ်ကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ သေသေချာချာ ပြင်ဆင်ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး အစီအရင်အား ဖျက်ဆီး ရန်ကြိုးစားခဲ့၏။ ထို့ကြောင့် အခြားမည်သူမျှကို မသိရှိစေချင်သည်မှာ သာမန်ပင်ဖြစ်သည်။

ဂိုဏ်းချုပ်ကျွင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “နှုတ်ပိတ်ချင်တာလား။ မဆိုးဘူးပဲ။”

ဟူး ဟူး

မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူသည် မည်သည့်စကားကိုမျှ မဆိုချေ။ အလွန်အားကောင်းလှသော ဓာတ်သဘာဝ များသည် ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် ကောင်းကင်ပေါ်တွင် ကြီးမားသည့် လက်ဝါးကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

ပြီးနောက် ကျွင်းချောင်ရှောင်းအား မည်သည့်စကားမျှမဆိုဘဲ တစ်ခါတည်းတိုက်ခိုက်တော့၏။ သူ့အနေနှင့် ဖြစ်နိုင်လျှင် ပြိုင်ဖက်ကို မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်နေခြင်းပင်ဖြစ်၏။

ဘုန်း ဘုန်း

အလွန်တောက်လောင်လှသော မီးတောက်များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အောက်ဖက်ဆီသို့ ကျဆင်း လာသော လက်ဝါးရိုက်ချက်ကြီးသည် ချက်ချင်းပဲ ပျက်စီးပျောက်ကွယ်သွားခဲ့တော့သည်။ ပတ်ဝန်းကျင် လေထုတစ်ခုလုံး သည် ပူလောင်ပြီးခြောက်ကပ်နေသည်။

မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့တော့သည်။ သူတိုက်ခိုက်လိုက်သော သတ်ဖြတ်ခြင်းတိုက်ကွက်အား တစ်ဖက်လူသည် လွယ်လွယ်ကူကူဖြင့် ဖြေရှင်းခဲ့၏။

ဟူး ဟူး

တောက်ပလာသော မီးတောက်များသည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ရင်ဘတ်တွင် ကြာပန်းပုံစံတစ်ခု ကို ရေးထိုးထားသော ကြက်သွေးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ကျွင်းချောင်ရှောင်အား မြင်လိုက်ရတော့သည်။

သူ၏ဘယ်ဘက်လက်ထဲတွင် ထူးဆန်းသည့် ဒိုင်းကြီးတစ်ခုကို ကိုင်ဆောင်ထားပြီး ညာဘက်လက်ထဲမှာတော့ နက်မှောင်နေသည့် လှံတစ်ချောင်းကို ကိုင်ဆောင်ထား၏။ ၎င်းသည် လေထဲတွင် ခပ်မတ်မတ်ရပ်နေပြီး မျက်လုံးထဲ တွင်တော့ အေးစက်သည့်အလင်းများနှင့် လင်းလက်လျက်ရှိနေ၏။

ကြက်သွေးရောင်ကြာပန်းချပ်ဝတ်၊ စိတ်ဝိညာဉ်ဒိုင်း၊ နဂါးနက်လှံ။

ဤပစ္စည်းသုံးခုသည် အမွေအနှစ်တည်ရှိရာ နေရာများဆီမှ သူရယူထားခဲ့သော အရာများပင်ဖြစ်တော့သည်။

၎င်းတို့တစ်ခုချင်းစီတိုင်း၏ အကြောင်းအရာသည် စာရေးသူအနေနှင့် ဖွဲ့နွဲ့၍ ရေးမည်ဆိုလျှင် အပိုင်း ၅၀ လောက်ပင် ရရှိနိုင်လောက်သည့် သမိုင်းကြောင်းများနှင့် ပစ္စည်းများပင် ဖြစ်တော့၏။

ထိုရတနာများကို ကိုင်ဆောင်ထားသည့်လူကို မြင်လိုက်ရသည့်အချိန်မှာတော့ မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့တော့သည်။

သူ ရုတ်တရက်တိုက်ခိုက်လိုက်သောလူသည် လက်နက်ပြည့်ဝတ်ဆင်ကိုင်ဆောင်ထားသည့် လူတစ်ယောက် ဖြစ်လို့နေခဲ့၏။ ထို့အပြင် ၎င်းဝတ်ဆင်ထားသည့် လက်နက်ပစ္စည်းများအားလုံးသည် မြေအဆင့် လက်နက်ရတနာများ ဖြစ်လို့နေခဲ့သေးသည်။ ခေါင်းအစ ခြေအဆုံးပင် ဝတ်ဆင်ထားခြင်းလည်း ဖြစ်၏။

လက်ရှိအခြေအနေမှာတော့ သူသည် သူ၏ခါးတွင်ပတ်ထားသော သူတော်စင်အဆင့်ရတနာအားအသာဖုံးကွယ် ချင်စိတ်ဖြစ်မိသွား၏။ သူ၏ တစ်ခုတည်းသော ပစ္စည်းသည် တစ်ဖက်လူနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ရှက်ရွံ့စရာ ကောင်းလွန်းနေသည်။

“တောင်းပန်ပါတယ်။”

မြေအဆင့်ကျွမ်းကျင်သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ဒီအဘိုးကြီးက မင်းကို ရန်သူထင်လို့ ရန်ပြုမိတာပါ။”

ချက်ချင်းပင် ကြောက်လန့်သွားခဲ့ချေသည်။

ဤကဲ့သို့သော အမျိုးအစား သိုင်းကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ၎င်းတို့အနေနှင့် သွား၍ မရှုပ်ထွေးတာ ကောင်းပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူကိုင်ဆောင်ထားသည့် လက်နက်ပစ္စည်းများကပင်လျှင် ကြောက်ဖို့ကောင်းလွန်းလှနေပြီဖြစ်၏။

“မဟုတ်ဘူး။”

လက်နက်အပြည့်ကိုင်ဆောင်ထားပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားက လူမှားတယ်ဆိုပေမဲ့ အခု ကျုပ်တို့ ရန်သူဖြစ်သွားပြီ။ ဒီတော့ ….”

ရွှီ

မီးတောက်များသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့တော့သည်။

“သေသင့်တယ်။”

ဘုန်း ဘုန်း

အမွေအနှစ်၏ အစီရင်ကို ကြိုးစားကာ ဖျက်ဆီးလျက်ရှိနေကြသော ယုဒြာကုန်းမြေတိုက်၏ သိုင်းကျင့်ကြံသူများ အားလုံးသည် အဝေးတစ်နေရာဆီမှ ဆူညံလှသည့်အသံကို ကြားလိုက်ကြရသည်။ ထို့အပြင် အလွန်ပြင်းထန်လှသည့် အပူလှိုင်းများသည် ၎င်းတို့ကို ရိုက်ခတ်လာခဲ့သေး၏။ ထို့ကြောင့်ခေါင်းလှည့်ကာ ကြည့်ရှုလိုက်တော့သည်။

ရွှီ

ရုတ်တရက်ဘဲ ကြက်သွေးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသောလူသည် ကောင်းကင်ယံထက် မီးတောက်များထဲမှ လျှောက်ထွက်လာခဲ့တော့သည်။ ထိုသူသည် နက်မှောင်လျက်ရှိနေသော လှံအား လက်တစ်ဖက်တွင် ကိုင်ဆောင်ထား ခဲ့၏။ ၎င်းလှံ၏ ထိပ်တွင်တော့ လူတစ်ယောက်သည် တွဲလျောင်းကြီးဖြစ်လျက်ရှိနေ၏။

“အဘိုးကြီးဟယ်”

အားလုံးသည် ထ၍အော်လိုက်မိကြ၏။ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူသည် မကြားနိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ နှလုံးသားအား နဂါးနက်လှံသည် ထိုးဖောက်လျက်ရှိနေ၏။ သူ၏ဝိညာဉ်သည် ဘုံကိုးပါးဆီသို့ ရောက်ရှိ သွားခဲ့ပြီဖြစ်သည်။

ရွှီ

ကျွင်းချောင်ရှောင်းသည် လှံထိပ်တွင်ရှိနေသော အလောင်းအား အသာပစ်လွှတ်လိုက်ပြီးသည့်နောက် ခန္ဓာကိုယ်ပေါ် တွင်ရှိသော မီးတောက်များကို သိမ်းဆည်းလိုက်၏။ သူ၏ အသံသည် အေးစက်စွာဖြင့် ပြောလိုက်တော့သည်။ “ကျုပ်က ဒီနေရာမှာရှိတဲ့ အမွေအနှစ်ကို လိုချင်တယ်။”

ဤအချိန်မှာတော့ သူသည် ခံစားချက်ကင်းမဲ့လှသော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။

ဟူး ဟူး

တလက်လက်တောက်ပနေသော မီးတောက်များ၏ အောက်မှာတော့ ဤရွံ့ဗွက်အိုင်ထဲတွင်ရှိသော အပူချိန်များသည် တဖြည်းဖြည်းနှင့် ပိုပို၍ တိုးလာခဲ့၏။

ထိုကုန်းမြေတိုက်ရှိ သိုင်းကျင့်ကြံသူများအားလုံးသည် နဖူးပေါ်တွင် ချွေးစေးများပင် ပြန်လာကြတော့၏။ ၎င်းတို့၏ မျက်လုံးထဲတွင်ရှိသော ထိတ်လန့်တုန်လှုပ်မှုများသည် ပိုမို၍ များပြား လာခဲ့တော့သည်။ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူဖြစ်သော အဘိုးကြီးဟယ်ပင်လျှင် သတ်ဖြတ်ခံရပြီဆိုပါက ၎င်းတို့ဆိုလျှင် တစ်ဖက်လူကို ရင်ဆိုင်ရန်အခွင့်အရေးလုံးဝမရှိချေ။

ထို့ကြောင့် အမြန်ဆန်ဆုံးထွက်ခွာသွားခြင်းကသာလျှင် အကောင်းမွန်ဆုံးသောရွေးချယ်မှုဖြစ်ပေလိမ့်မည်။ မဟုတ် ပါက သူတို့အနေနှင့် တစ်ဖက်လူ၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံရမှာသေချာတော့သည်။

ကျွင်းချောင်ရှောင်းအနေနှင့် ဤကဲ့သို့သော အမွေအနှစ်တည်နေရာကို စွန့်လွှတ်ပေးရန် ရည်ရွယ်ခဲ့ပြီးသားဖြစ်သည်။ သို့ပေမဲ့ ကံကြမ္မာက ဤကဲ့သို့ဖြစ်လာသည်ဆိုမှတော့ သူသည် ပစ္စည်းကို အရယူမှ ဖြစ်ပေတော့မည်။

ထိုအရာကို ရယူနိုင်ပြီဆိုပါက ၎င်း၏ခံတပ်သည်လည်း စတုရန်းပေတစ်သောင်းလောက် ပိုမို၍ ကျယ်ပြန့်လာမှာ ဖြစ်သည်။

ရွှီ

သူသည် ပျံသန်းလာပြီးသည့်နောက်မှာတော့ အစီအရင်၏ ရှေ့တွင် ရပ်တန့်လိုက်၏။ “ဒီအဆင့်အစီအရင်ကို ချိုးဖြတ်ဖို့ဆိုတာ အချိန်ဖြုန်းတာနဲ့ တူတူပဲ။”

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များသည် ပျံ့နှံ့သွားခဲ့တော့သည်။ ပြီးနောက် အထဲတွင်ရှိသော အစီအရင်၏ မျဉ်းကြောင်းများအားလုံးကို ဖျက်ဆီးလိုက်၏။

အထက်နယ်မြေဆီမှ အမွေအနှစ်သည် ကောင်းမွန်လွန်းလှသော ဖုံးကွယ်ခြင်းအစီအရင်နှင့် စည်းခတ်ခြင်းကို ခံထားရ၏။ အချိန်အတိုင်းအတာတစ်ခုအတွင်း ကျိုးပြတ်သွားမှသာ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ရတနာရှာသည့်ပစ္စည်းကို အခြေခံကာဖြင့် ထိုပစ္စည်းများကို ရှာဖွေ ရယူနိုင်စွမ်းရှိနေပြီ ဖြစ်သည်။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အထဲတွင်ရှိသော ဖုံးကွယ်ခြင်းအစီအရင်နှင့် ချိတ်ဆက်ပြီးသည့်နောက်မှာတော့ အံ့အား တသင့်ဖြင့် ပြောလိုက်မိ၏။ “အစီအရင်က အရင်ချိုးဖြတ်ခဲ့တဲ့ အရာတွေထက်ပိုပြီး ရှုပ်ထွေးနေတာပဲ။ ဖြစ်နိုင်တာက အထဲမှာ သာမန်ထက်ပိုတဲ့ အမွေအနှစ် တစ်ခု ရှိနေတာဖြစ်ရမယ်။”

ဆယ်မိနစ်လောက် ကြာပြီးသည့်နောက်မှာတော့ သူသည် ဤအစီအရင်၏ ပြစ်ချက်ကို ရှာဖွေတွေ့ရှိလိုက်၏။ ထို့ကြောင့် အတွင်းပိုင်းချိတ်ဆက်ထားမှု ကို အနည်းငယ်ပြင်ဆင်ပြီးသည့်နောက်မှာတော့ တည်နေရာ စည်းအစီအရင်ကြီး သည် ရုတ်တရက် ပြိုလဲသွားခဲ့တော့သည်။

ပြီးသည့်နောက်မှာတော့ တံခါးတစ်ချပ်ပေါ်လာခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် ဘာမှမဖြစ်ခဲ့သလိုပင် အထဲသို့ လျှောက်ဝင်လိုက်သည်။ သူသည် လှိုဏ်ခေါင်းအတွင်းသို့ ခြေလှမ်းတစ်ရာခန့် လမ်းလျှောက်ပြီးသည့်နောက်မှာတော့ သပ်ရပ်လွန်းလှသော ကျောက်ခန်းကြီးတစ်ခုဆီသို့ ရောက်ရှိသွား၏။

လေးဖက်လေးခံတွင် တိုင်ကြီး ၈ခုအား မတူညီသည့်ပုံစံအမျိုးမျိုးဖြင့် စီရင်ထားသည်။ ၎င်းတိုင်ကြီးပေါ်တွင် အသက် ဝင်လှသော ငှက်နှင့်သားရဲများ၏ ပန်းပုပုံကို ရေးထွင်းထားသေးသည်။ ဤကျောက်တုံး ထောက်တိုင်ကြီး များသည် အလွန်အားကောင်းလှသော ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေသည်။

ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လိုက်၏။ အလယ်ဗဟိုရှိ ကျောက်ပြားချပ်ကြီးတစ်ခုပေါ်တွင် မှန်ကဲ့သို့ ချောမွေ့လှသော ကျောက်ပြားကြီးတစ်ခု တည်ရှိနေခဲ့တော့၏။ ထို့အပေါ်တွင် လက်ဝါးတစ်ခုအရွယ်အစားရှိသော ရွက်လှေလေးတစ်ခု တည်ရှိလို့နေ၏။

“ဒါဘာလဲ။” ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်မိသည်။

စနစ်က ပြောလိုက်၏။ “ဒါက ရွက်လွှင့်ရာမှာအသုံးပြုတဲ့ ရတနာတစ်ခုနဲ့တူတယ်။”

“ကြည့်ရတာဘာမှသိပ်အသုံးဝင်တဲ့ပုံမပေါ်ဘူး။”

“လက်ခံသူ အနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ သီးခြားခွဲထွက်နေတဲ့ တစ်ခြားနယ်မြေသုံးခုဆီကို သွားမယ်ဆိုရင် ဒါကို သုံးရမှာမဟုတ်ဘူးလား။”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ရွက်လှေဆီသို့ သူ၏ သိစိတ်ကို ပို့ဆောင်ကာ ဆက်သွယ်ကြည့်လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ ရွက်လှေဆီမှာရှိသည့် မှတ်ဉာဏ်အမွေအနှစ်များကို ရရှိလိုက်သည်။

ပြီးနောက် သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “ဒီရွက်လှေက ပျံသန်းဖို့ အသုံးပြုနိုင်တာကိုး။”

All Chapters