အခန်း (၉၃၄)
Vol. 63 Ch. 934
ထိုလောကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူ နှစ်ဆယ်တို့သည့် ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားခဲ့ကြ တော့သည်။
ကျွင်းချောင်ရှောင်းအနေနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ပြုမူခဲ့ဖူးသလို မြေအဆင့်လက်နက်များ အားလုံးကို ဝတ်ဆင်ထားခဲ့ခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသေး၏။ ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးအတွင်း ဤကဲ့သို့သော မြေအဆင့် လက်နက်ရတနာပစ္စည်းများကို တစ်ခုလောက် ပိုင်ဆိုင်သည်ဆိုလျှင်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားလောက်သည်။
သို့ပေမဲ့ လူတစ်ယောက်တည်းအနေနှင့် ဤကဲ့သို့သော နတ်ဘုရားလက်နက်ပစ္စည်းများကို ခြောက်ခုတိတိ ဝတ်ဆင်ထားသည်ဆိုခြင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသေူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် များပြားလှသည့်ပစ္စည်းများကို ရယူခဲ့ပြီးပြီဖြစ်သောကြောင့် ဟန်ထုတ်ကာ ကြွားဝါနေခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တိုက်ခိုက်ရန် အခွင့်အလမ်းပင် မရရှိခဲ့ချေ။
ဤကဲ့သို့ ကပျက်ကချော် ဖြစ်နေသည့်ပုံစံကို မြင်တော့ စနစ်သည် မည်သို့မှ မနေနိုင်တော့ချေ။ “လက်ခံသူ... ဒီပစ္စည်းတွေ အားလုံးကို ချွတ်လိုက်၊ ဒါဆိုရင် သူတို့ကို တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ရဲ့လား”
“ယုံကြည်တာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် မည်သည့် လက်နက်ပစ္စည်းကိုမှ တပ်ဆင်ထားခြင်းမရှိဘဲနှင့် ဆိုလျှင်တောင်မှ မြေအဆင့် စွမ်းအားမြင့ ်ကျင့်ကြံသူတစ်ယောက် အား ကြံ့ကြံ့ခံ တိုက်ခိုက်နိုင်နေပြီဖြစ်သည်။
“ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာက ရှားရှားပါးပါး အခြေအနေပဲ” စနစ်က ပြောလိုက်သည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ငါ့ဆီမှာ ဒီပစ္စည်းတွေ ရှိနေတာကို ဘာလို့ အဲတာတွေဖယ်ပြီး လက်ဗလာနဲ့ တိုက်ခိုက်ရမှာလဲ၊ ငါ့ဦးနှောက်က မြည်းကန် ခံထားရတာမှ မဟုတ်တာ၊ ဒါဆိုရင် လောလောဆယ် ဒီရှေးသင်္ဘောကြီးကို အရင်စမ်းကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည် ထွက်ပြေးသွားသော ထိုလောကုန်းမြေတိုက်ကြီးမှ ကျွမ်းကျင်သူများနောက်သို့ မလိုက်သွားချေ။ ထိုအစား ရွံ့ဗွက်တည်နေရာ အပြင်ဘက်ဆီသို့ ခုန်တက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ရှေးသင်္ဘောအား ဆင့်ခေါ်လိုက်တော့သည်။
ဖောင်း
ကျယ်လောင်လှသည့်ပေါက်ကွဲသံကြီး ဖြစ်ပေါ်ပြီးသည့်နောက်မှာတော့ အဖြူရောင်မြူခိုးငွေ့များ ထွက်ပေါ်လာခဲ့ တော့သည်။ လေအေးများ တိုက်ခတ်ပြီးသည့်နောက်မှာတော့ သစ်သားလှေကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထိုလှေကြီးသည် မီတာနှစ်ရာခန့် ကြီးမားလှ၏။ အလွန်တရာခံ့ညားပြီး လေးလံလှသော အော်ရာများလည်း ထွက်ပေါ်လာခဲ့သည်။ ဤလှေကြီးသည် ရှေးပဝေသဏီကပင် တည်ရှိခဲ့သည့်လှေကြီး ဖြစ်ပုံပေါ်၏။
“ကြည့်လိုက်တာနဲ့ မဆိုးဘူးပဲ” ကျွင်းချောင်ရှောင်းသည် အသာမော့ကြည့်ပြီးနောက်မှာတော့ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လာခဲ့တော့သည်။
ရွှီး
သူသည် အသာခုန်၍ တက်လိုက်ပြီးသည့်နောက်မှာတော့ လှေပေါ်မှ တကျွီကျွီ ဟူသော အသံများ ထွက်ပေါ်လာကြောင်း ကြားလိုက်ရ၏။
သူသည် လှေ၏ အပြင်ဘက်အသွင်အပြင်ကို သေသေချာချာ ကြည့်ရှုခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် ထပ်၍ မကြည့်ရှုခဲ့တော့ချေ။ တစ်ခါတည်း စက်ခန်းထဲဆီသို့သွားပြီး ကြည့်လိုက်သည့်နောက်မှာတော့ ထူးဆန်းစွာ တည်ရှိနေသည် ပဉ္စဂံပုံ အစီအရင်တစ်ခုအား မြင်လိုက်ရသည်။
ယခင်က အိတ်ကပ်တစ်ခု အရွယ်အစားသာ ရှိသည်ဖြစ်သောကြောင့် အထဲတွင်ရှိသော အစီအရင် ရေးဆွဲမှုများသည် ရှင်းလင်းမှုမရှိလှချေ။ သို့ပေမဲ့ လက်ရှိ ကြီးမားလှသော လှေကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်သောကြောင့် လက်ရှိ ရှိနေသော အစီအရင်များကို သေသေချာချာ မြင်ရနိုင်တော့သည်။ ဤပဉ္စဂံပုံ အစီအရင်ကြီးပေါ်တွင် တည်နေရာငါးခုနှင့် ချိတ်ဆက်ထားသော အစီအရင်မျဉ်းကြောင်းများ တည်ရှိလို့နေတော့၏။ ထိုမျဉ်းကြောင်းများသည် စွမ်းအင်များ ထည့်သွင်းအသုံးပြုရမည့်ပုံစံပေါ်နေ၏။
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက မောင်းလို့ရတဲ့ အစီအရင်ပဲ၊ စွမ်းအင်တွေနဲ့ အသက်သွင်းရတာပဲ”
သူ အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် နားလည်ရသနည်းဆိုသော် သူ၏သေနတ်၊ အမြှောက်နှင့် တခြားသော စတိုးဆီမှ ဝယ်ယူထားသော ပစ္စည်းများအားလုံးတွင် ထိုကဲ့သို့သော ပုံစံမျိုး ပါဝင်လျက်ရှိနေ၏။ သလင်းအမြူတေ များကိုထည့်၍ အသက်သွင်းနိုင်စွမ်း ရှိသည့်အရာင် ဖြစ်ရမည်။
“ဒါဆိုရင် လောင်စာဆီအဖြစ် သလင်းအမြူတေတွေကို ထည့်ပြီးတော့ အသုံးပြုရမှာနဲ့တူတယ်”
ကျွင်းချောင်ရှောင်း သည် သလင်းအမြူတေ ဆယ်ခုကို ထုတ်ယူပြီသည့်နောက်မှာတော့ တစ်ခါတည်း တပ်ဆင်လိုက်သည်။
သေချာပေ၏။ သလင်းအမြူတေမများ အထဲသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ထူးဆန်းပြီး ရှေးကျလွန်းသော အစီအရင်ကြီးသည် ရုတ်တရက်လည်ပတ်လာခဲ့တော့၏။
ဆွစ်
အလင်းတန်းများသည် ပျံ့နှံ့သွားခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ရှေးသင်္ဘောကြီးနှင့် ချိတ်ဆက်လိုက်သည့် နောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနည်းငယ် တုန်ခါသွားသည်။ သူသည် ဤလှေကြီးတစ်ခုလုံးအား စိတ်နှင့်ပင် ထိန်းချုပ်သွားလာနိုင်စွမ်း ရှိနေပြီ ဖြစ်တော့သည်။
“အပေါ်ကိုတက်စမ်း” အမိန့်ကို ထုတ်ပြန်လိုက်၏။
ဟူး ဟူး
စက်ခန်းထဲတွင်ရှိနေသော အစီအရင်သည် တောက်ပသွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ရှေးသင်္ဘောကြီး သည် တဖြည်းဖြည်းနှင့် လေထဲသို့ တက်လာပြီး မြေပြင်အထက် ပေတစ်ထောင်အကွာတွင် တည်ရှိနေ၏။ ရေထဲတွင် သွားလာနိုင်သော သင်္ဘောတစ်စင်းသည် လေထဲတွင် ရပ်တန့်နေသည်ကို မြင်ရသည်မှာ အလွန် ထူးဆန်းသည့် မြင်ကွင်းပင် ဖြစ်ပေလိမ့်မည်။
“မယုံနိုင်စရာပဲ” ကျွင်းချောင်ရှောင်းသည် ရှေးသင်္ဘောကြီး၏ အထဲရှိ အသွင်အပြင်များကို သေသေချာချာ ကြည့်ရှု ပြီးသည့်နောက် အံ့အားသင့်လျက် ရှိသည်။ ဤနေရာတွင် လူတစ်ရာလောက် အေးအေးဆေးဆေး နေထိုင်ရန် အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ ထို့အပြင် လူများ အနားယူရန်နေရာ၊ မီးဖိုခန်း၊ အဓိကဟောခန်း၊ လေ့ကျင့်ရေး အခန်းနှင့် တခြားသော အခန်းများလည်း ပါဝင်လျက်ရှိနေသေး၏။ ဤသင်္ဘောကြီးကို တည်ဆောက်ခဲ့သော လူသည် ကျိန်းသေပေါက် ဘဝကို မည်ကဲ့သို့ ပျော်ရွှင်စွာ နေထိုင်ရမည့်ကို သိရှိပုံပေါ်၏။
သင်္ဘောပေါ်သို့ ရောက်ရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် သင်္ဘော၏ရှေ့ ဦးပိုင်းနေရာသို့သွားလိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ဒီဂြိုဟ်တိုက်ပွဲတည်နေရာကြီးက ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရမယ်”
သူ၏ ထိန်းချုပ်မှုအောက်မှာပဲ လွင့်မျောနေသော ရှေးသင်္ဘောကြီးသည် အကွာအဝေး အနည်းငယ်ဆီသို့ ပျံသန်း သွားခဲ့တော့သည်။
ဟူး ဟူး ….။
သင်္ဘော၏ ဦးပိုင်းတွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် လေပြင်းများ တိုက်ခတ်လာသည့်နောက်တွင် တကယ့် ဆရာ့ဆရာကြီးတစ်ယောက်၏ ဟန်ပန်မျိုး ပြုမူဆောင်ရွက်လျက် ရှိနေတော့သည်။
“မဆိုးဘူးပဲ” သို့ပေမဲ့ ရှေးသင်္ဘောကြီး၏ အမြန်နှုန်းသည် ၎င်း၏ စက်အတောင်ပံကဲ့သို့ မြန်ဆန်မှု မရှိချေ။ သို့ပေမဲ့ သာမန် မြေအဆင့် ကျွမ်းကျင်သူများ ပျံသန်းသည်ထက်တော့ ပို၍ မြန်ဆန်နေသေးသည်။ ပြောရမည်ဆိုလျှင် ဤ ရှေးသင်္ဘောကြီးသည် တကယ်ပင် မြန်ဆန်သည့်ရတနာတစ်ခုဖြစ်သည်ဟု ဆိုရမည်။ ထို့အပြင် သူ့အနေနှင့် တပည့် များကို ခေါ်ဆောင်၍ အတူတကွ ပျံသန်း၍လည်း ရနိုင်နေ၏။ မည်မျှ တန်ဖိုးကြီးလိုက်သနည်း။
..........
ဟူး ဟူး ဟူး
မိုင်တစ်ရာအကွာအဝေးမှာတော့ ထိုလောကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူနှစ်ဆယ်တို့သည် အောက်သို့ ဆင်းသက်လာခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာများသည် နီမြန်းလျက်ရှိပြီး အသက်ကိုပင် ပြင်းပြင်းရှူနေရ၏။ “ကျုပ်တို့ လွတ်မြောက်လာခဲ့ပြီ”
အကြီးအကဲစွန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့်ဖြစ်နေတုန်းပင် ဖြစ်တော့သည်။ ထိုအချိန်တုန်းက သူသည် ကျွင်းချောင်ရှောင်းနှင့် အနီးဆုံးနေရာတွင် တည်ရှိနေ၏။ ထို့ကြောင့် တစ်ဖက်လူသည် အရင်ကအတိုင်း ရူးရူးမူးမူး နှင့် သတ်ဖြတ်ပစ်မည်ဆိုပါက ကျိန်းသေပေါက် အရင်ဆုံး သေဆုံးရမှာ ဖြစ်သည်။
စွေ့လော့ သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် ပြောလိုက်မိ၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက သတ်ဖြတ်ခြင်း နတ်ဘုရားနဲ့ ထိပ်တိုက်တွေ့ဆုံလိမ့်မယ်လို့ မထင်မိဘူးလား”
ပထမတုန်းက အလွန်တရာ မောက်မာလျက်ရှိသော အကြီးအကဲစွန်းသည် လက်ရှိအချိန်မှာတော့ တိတ်ဆိတ် ငြိမ်သက်လျက်ရှိနေသည်။ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို အစပိုင်းတုန်းက အထင်သေးခဲ့မိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ မြေအဆင့် စွမ်းအားမြင့်လက်နက်များကို မြင်ရသည့်အချိန်မှာတော့ ပထမအဆင့်ဂြိုဟ်များ ပင်လျှင် ကြီးမားသည့်ဆုံးရှုံးမှုကို အဘယ်ကြောင့် ခံလိုက်ရသည်ဖြစ်ကြောင်းကို နားလည်သွားခဲ့ပြီဖြစ်တော့၏။ “ဒီကောင်လေးက သာမန်ထက်ပိုတယ်”
စိတ်တည်ငြိမ်ပြီးသည့်နောက် စွေ့လော့ သည် လေးလေးနက်နက် ပြောလိုက်တော့သည်။ “ကျုပ်တို့ ခံတပ်ကို ပြန်ရောက်ပြီဆိုတာနဲ့ ခေါင်းဆောင်ကို သူနဲ့ ပြဿနာမဖြစ်ဖို့ ပြောရမယ်”
ခဏလောက် ရပ်တန့်ပြီးနောက် သူသည် ထပ်ကာ ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြဿနာမလုပ်ဖို့ဆိုရင် ပိုအဆင်ပြေမယ်”
“ဒါက အမှန်ပဲ”
အားလုံးသဘောတူညီလိုက်ကြ၏။ ရုတ်တရက်ပဲ ကောင်းကင်တစ်ခုလုံးသည် မှောင်မဲသွား၏။ တိမ်မဲကြီးတစ်ခုသည် ၎င်းတို့ကို ဖြတ်သန်းသွားသည်ဟု ခံစားမိလိုက်ကြသည်။ ထိုလောကုန်းမြေတိုက်မှာရှိသော သိုင်းကျင့်ကြံသူများသည် အမှတ်မထင် အပေါ်သို့ မော့ကြည့်လိုက်သည့်နောက်မှာတော့ ဆွံ့အသွားခဲ့ကြသည်။ ၎င်းတို့ မြင်ရသည့်အရာသည် ရှေးခေတ်၏ အော်ရာများ ထွက်ပေါ်လျက်ရှိနေသော အရာတစ်ခုဖြစ်ပြီး ဖြည်းဖြည်းချင်း သွားလာနေ၏။
“ဒါ... ဒါက သင်္ဘောတစ်စင်းလား”
စွေ့လော့ နှင့် တခြားသောသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်မိနေကြ၏။ လက်ရှိအခြေအနေမှာတော့ ထိုလောကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူနှစ်ဆယ်တို့သည် ထိုသင်္ဘောကြီး၏ ရှေ့ဦးပိုင်းတွင် မတ်တပ်ရပ်လျက်ရှိနေသော လူငယ်ကို မြင်လိုက်ရ၏။ ၎င်းတို့သည် အလန့်တကြားဖြင့် ထ၍ အော်လိုက်မိကြသည်။ “သူပဲကိုး”
“အမ်”
ကျွင်းချောင်ရှောင်းသည် အောက်မှ ထိတ်လန့်တုန်လှုပ်နေသော လူအုပ်ကို လှမ်းကြည့်ကာ နှုတ်ဆက်လိုက်၏။ “ဟေး... ကျုပ်တို့ ထပ်တွေ့ပြန်ပြီ”
“..........” စွေ့လော့ နှင့် တခြားသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ ဤလူငယ်၏ မြေအဆင့် စွမ်းအားမြင့် လက်နက်များကပင် အလွန်တရာ ကြောက်ဖို့ကောင်းနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် ပျံသန်းနိုင်သော သင်္ဘောတစ်စင်းကလည်း ရှိလို့နေသေး၏။ ၎င်းတို့၏ စိတ်ထဲတွင်ရှိသော ကြောက်ရွံ့မှုများသည် ပိုမို၍ တိုးပွားလာ ခဲ့တော့သည်။
ထို့အပြင် ပိုမို၍ အရေးကြီးသည့်အရာလည်း တည်ရှိနေသေး၏။ ၎င်းတို့သည် အဝါရောင်နှင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်သည်။ ၎င်းတို့၏ စိတ်ဝိညာဉ်အာရုံများကို အစဉ်အမြဲဖြန့်ကျက်ထား တတ်သည့် အလေ့အကျင့်လည်းရှိသည်။ သို့ပေမဲ့ သင်္ဘော၏အရိပ်ကြီး ကျဆင်းလာမှသာလျှင် တစ်ဖက်လူ ရောက်ရှိနေသည်ဖြစ်ကြောင်းကို သိရှိလိုက်ကြ၏။ အဘယ့်ကြောင့်နည်း။
ဟူး ဟူး
ရှေးသင်္ဘောကြီးသည် အလွန်ခံ့ညားလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေသည်။ ပြီးသည့်နောက်မှာတော့ အောက်မှကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ အံ့အားတသင့် ကြည့်ရှုမှုအောက်မှာပဲ ဖြေးညှင်းစွာဖြင့် ပျံသန်းသွားခဲ့တော့သည်။
“စွေ့... စွေ့လော့”
အကြီးအကဲစွန်းသည် ဆွံ့အနေမိ၏။ “သင်္ဘောက တကယ်ပဲ ပျံနိုင်တာလား”
စွေ့လော့က ပြောလိုက်သည်။ “ဒါမျိုးကို ကျုပ် ပထမဦးဆုံးမြင်ဖူးတာပဲ၊ မမှားဘူးဆိုရင် ဒါက တကယ့်ကို အထက်နယ်မြေက ပစ္စည်းတစ်ခု ဖြစ်လိမ့်မယ်”
ဤအရာသည် စိတ်ထင်ရာလျှောက်၍ တွေးနေခြင်းမဟုတ်ပေ။ အစစ်အမှန်ပင် အထက်နယ်မြေဆီမှ ပစ္စည်းလည်း ဖြစ်လို့နေသည်။ ထို့အပြင် အကြီးအကဲဟယ်သည်သာ ငြိမ်ငြိမ်သက်သက်နေ၍ ကျွင်းချောင်ရှောင်းအား နှုတ်ပိတ်မည့်လုပ်ငန်းကို မပြုလုပ်ခဲ့သည်ဆိုပါက ဤရတနာသည် ထိုလောကုန်းမြေတိုက်မှ ပိုင်ဆိုင်မည့်ရတနာ ဖြစ်ခဲ့မှာသေချာ၏။
.............
ရှေးသင်္ဘောကြီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာ၏ အပေါ်တွင် ပျံသန်းလျက်ရှိနေ၏။ သို့ပေမဲ့ သင်္ဘော၏ ပျံသန်းမှု နှုန်းသည် တဖြည်းဖြည်း နှေးကွေးလာသည်ကို သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိန်းချုပ်ခန်းထဲသို့ ဝင်ပြီးနောက် ဇဝေဇဝါ ကြည့်လိုက်မိသည်။ သလင်းအမြူတေဆယ်ခုတွင် ငါးခုသည် မှေးမှိန်နေပြီဖြစ်ပြီး တခြား ငါးခုသည်လည်း စွမ်းအင်များ ကုန်ဆုံးတော့မည်ဖြစ်၏။
“ဒါ.. ဒါမဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။ “အဆင့်မြင့် သလင်းအမြူတေ ဆယ်ခုတောင်မှ ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ ကုန်သွားတယ်ဟုတ်လား”
စနစ်က ပြောလိုက်သည်။ “ဒါက ပျံသန်းနိုင်တဲ့ သင်္ဘောကြီးတစ်ခုလေ၊ သာမန်ထက်ပိုတဲ့ အရည်အသွေးရှိမှာပေါ့၊ ဒါကြောင့် လောင်စာအနေနဲ့ အများကြီး အသုံးပြုရတယ်ဆိုတာ သာမန်ပဲလေ”
ကျွင်းချောင်ရှောင်းသည်လည်း ထိုအချက်ကို ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ အစီအရင်ထဲသို့ ထည့်သွင်း လိုက်သော သလင်းအမြူတေ ဆယ်ခုသည် သိုင်းဘုရင်အဆင့်တွင် တည်ရှိနေ၏။ ထို့ကြောင့် ဤအရာများကို အသုံးပြု၍ ခရီးသွားလာရာတွင် မိုင်ငါးရာနီးပါးခန့်ရောက်သည်ဆိုသည်မှာ ဖြုန်းတီးသည်နှင့်ပင် ဆင်တူနေ၏။ သူ့အနေနှင့် အနာဂတ်တွင် သီးခြားဖြစ်တည်နေသော တည်နေရာကြီးသုံးခုသို့ သွားရောက်ချင်သည်ဆိုပါက ခရီးလမ်းသည် အလွန်တရာဝေးကွာပေလိမ့်မည်။ ထိုသို့ဆိုလျှင်လည်း သလင်းအမြူတေများသည်လည်း ပက်ပက်စက်စက် ကုန်ခမ်းမှာဖြစ်၏။
“ထားလိုက်ပါတော့”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ဒီထက်မြန်တဲ့ အရာတစ်ခုခုနဲ့ သွားတာမှ ဟုတ်အုံးမယ်”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ လောင်စာဆီကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အသုံးပြုလို့ရတယ် လေ”
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားခဲ့သည်။ “လောင်စာဆီအဖြစ် အသုံးပြုဖို့အတွက် ငါ့ဆီမှာ အဲလောက်များတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေတယ်လို့ မင်းထင်နေတာလား”
“ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာပေါ့”
စနစ်က ပြောလိုက်သည်။ “မတူညီတဲ့ စွမ်းအင်အမျိုးအစားရဲ့ ထောက်ပံ့မှုနဲ့ သင်္ဘောကြီးက ပိုပြီးမြန်သွားနိုင်သေးတယ်လေ”
“ဒါကတော့ ဟုတ်တယ်” ကျွင်းချောင်ရှောင်းသည် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးဆယ်ခုကို ထုတ်ယူလိုက်သည်။
မရခဲ့ချေ။
ပြီးသည့်နောက်မှာတော့ သူသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်ကာ ထည့်သွင်းလိုက် သေး၏။ သို့ပေမဲ့ လုံလောက်သည်ဟု မခံစားရသေးချေ။
ထို့ကြောင့် သူသည် နောက်ဆုံးမှာတော့ ဆဋ္ဌဂံကြယ် ကျောက်တုံးများကို ထည့်သွင်းလိုက်တော့၏။
ဒွီ
ပြီးသည့်နောက်မှာတော့ သူသည် သင်္ဘောကြီး၏ ပဲ့တည်နေရာတွင် သွားရောက်မတ်တပ်ရပ်လိုက်တော့သည်။ လက်နှစ်ဖက်ကို နောက်ပစ်ပြီးနောက် ပြောလိုက်သည်။ “ကဲ.. ပျံသန်းကြည့်ရအောင်”
ဝှစ်
ရှေးသင်္ဘောကြီးသည် သူ့သခင်၏ အမိန့်ကို နာခံစွာဖြင့် ချက်ချင်းပဲ ပျံသန်းတော့သည်။ ပြီးသည့်နောက်မှာတော့ အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် ဝှစ်ကနဲ ရှေ့သို့တိုးသွားတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ စွေ့လော့ နှင့် တခြားသောသူများသည် အပေါ်သို့ ပျံသန်းလာခဲ့သည်။ သို့ပေမဲ့ ကြီးမားလှသော သင်္ဘောကြီးသည် ၎င်းတို့၏ရှေ့လေထုထဲ၌ ယုတ်ချင်းပျောက်ကွယ်သွားခဲ့သည်ကိုမြင်တော့ အားလုံးသည် ဆွံ့အသွားမိကြ၏။
အကြီးအကဲစွန်းသည် ကြောက်လန့်တကြားဖြင့် ပြောလိုက်မိသည်။ “သင်္ဘောရဲ့အမြီးကိုတောင် မမြင်ရဘူး၊ တော်တော် မြန်ဆန်လွန်းတာကိုး၊ အရမ်းမြန်တာပဲ”