အခန်း (၉၃၅)
Vol. 63 Ch. 935
ဆဋ္ဌဂံကြယ်ကျောက်တုံး ဆယ်ခုကို ထည့်သွင်းပြီးသည့်နောက် ရှေးသင်္ဘောကြီးသည် မည်မျှမြန်ဆန်အောင် သွားလာနိုင်သနည်း။ ပဲ့ပိုင်းတွင် ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ ရွက်တိုင် ကြီးအား ခပ်တင်းတင်း ဆုပ်ကိုင်ထားရ၏။ သူ၏ ခန္ဓာကိုယ်သည် လေနှင့်အတူ အလံများကဲ့သို့ ယိမ်းယိုင်လျက်ရှိနေတော့၏။
“ဖြည်းဖြည်း …. ဖြည်းဖြည်း”
ဝှစ်
သူ့သခင်၏ ထိန်းချုပ်မှုအောက်မှာပဲ ရှေးသင်္ဘောကြီးသည် ရုတ်တရက် အရှိန်အဟုန် လျော့ကျသွားခဲ့တော့သည်။ ၎င်းသည် ဖြည်းညှင်းစွာ ပျံသန်းနိုင်သည့်အခြေအနေအဖြစ်သို့ ပြောင်းလဲသွားသည်။
“ကောင်းကင်ဘုံ...”
ဆဋ္ဌဂံကြယ်ကျောက်တုံးကို လောင်စာအဖြစ် အသုံးပြုခြင်းသည် အစစ်အမှန်အင်ဂျင်ထည့်၍ မောင်းနှင်လိုက်သကဲ့သို့ပင် မြန်ဆန်လျက်ရှိနေ၏။
စနစ်က ပြောလိုက်သည်။ “ငါ့ရဲ့ခန့်မှန်းမှုက မှန်ကန်သွားပြီပဲ”
ကျွင်းချောင်ရှောင်းသည် သူ့အား လျစ်လျှုရှုကာဖြင့် စက်ခန်းထဲဆီသို့ သွားခဲ့တော့သည်။ ဆဋ္ဌဂံကြယ်ကျောက်တုံး ဆယ်တုံးသည် တောက်ပစွာဖြင့် လင်းလက်လျက် ရှိနေသေး၏။ သူသည် ပြုံးကာ ပြောလိုက်၏။ “အနည်းဆုံး မိုင်ငါးရာလောက် ပျံသန်းခဲ့ပြီးပြီ၊ ဒါပေမဲ့ စွမ်းအင်အပြည့် ကျန်နေသေးတယ်၊ သလင်းအမြူတေတွေက ဒီယာဉ်ကြီးရဲ့ အမြန်နှုန်းကို လိုက်မမှီနိုင်ဘူးနဲ့တူတယ်”
သူ့အနေနှင့် တခြားသောပြည်နယ်သုံးခုဆီသို့ ခရီးထွက်ခွာမည်ဆိုပါက ဤသင်္ဘောဖြင့် သွားလာရန် ဆုံးဖြတ် လိုက်ပြီး ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုံးကိုးပါးကုန်းမြေတိုက်ဆီမှ ဆဋ္ဌဂံကြယ်ကျောက်တုံး တော်တော်များများကို ရယူခဲ့သောကြောင့် ထိုသို့ခရီးသွားလာရန် ယုံကြည်ချက်ရှိနေခြင်းပင် ဖြစ်တော့၏။
“အင်း... ဟုတ်ပြီ၊ သူ့ရဲ့သိုလှောင်လက်စွပ်ထဲမှာ ဘာတွေရှိလဲ ကြည့်ရမယ်”
ကျွင်းချောင်ရှောင်းသည် အကြီးအကဲဟယ်၏ သိုလှောင်လက်စွပ်ကို ထုတ်ယူပြီးသည့်နောက်မှာတော့ သေသေချာချာ ကြည့်ရှုလိုက်၏။ ထိုလောကုန်းမြေတိုက်ဆီမှ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုသူ၏ လက်စွပ်ထဲတွင် တော်တော်များပြားသောပစ္စည်းများ တည်ရှိလို့နေ၏။ အထူးသဖြင့် သိုင်းနည်းစနစ် အနည်းငယ်တို့ပင် ဖြစ်သည်။
“ဒါတွေကို ငါ အရေအတွက်အရ အသုံးပြုရမယ်”
ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထိုသိုင်းကျမ်းများအား သိမ်းဆည်းထား၏။ ပြီးသည့်နောက်မှာတော့ အသာဆက်၍ ကြည့်ရှုလိုက်တော့သည်။ မကြာခင်မှာပဲ တောက်ပနေသည့် ကျောက်ရိုင်းတုံးတချို့ကို တွေ့ရှိလိုက်မိ၏။ သူသည် ခန့်မှန်းကြည့်မိလိုက်သည်။ “ဒါက စိတ်ဝိညာဉ်ကျောက်တုံးလို အရာမျိုးပဲ ဖြစ်ရမယ်”
သူ ခန့်မှန်းခဲ့သည်မှာ မှန်သည်ဖြစ်သည်။ ဤအရာသည် သိုင်းကျင့်ကြံခြင်းအတွက် အသုံးပြုသည့်အရာများပင် ဖြစ်တော့၏။ စာရေးသူသည် ပျင်းရိလှသောကြောင့် ထိုအရာများကို နာမည်ပေးရန် မကြိုးစားတော့ချေ။ ယနေ့မှ စ၍ ရှိရှိသမျှသော စွမ်းအင်အသုံးပြုသည့် ကျောက်တုံးများအားလုံးကို စိတ်ဝိညာဉ်ကျောက်တုံးဟုသာ ပြောဆို သုံးနှုန်းတော့မည်ဖြစ်သည်။
ထိုလောကုန်းမြေတိုက်ဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများထဲတွင်ပါဝင်သော စိတ်ဝိညာဉ်စွမ်းအင်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် ပိုမို၍ အားကောင်းနေ၏။ သို့ပေမဲ့ ဆဋ္ဌဂံကြယ်ကျောက်တုံးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။
“ဒီလိုမှန်း စောစောသိရင် ငါ ဒီလူကို မသတ်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးပြီးတော့ သူ့ဂြိုဟ်က လူတွေကို လာပြီး ရွေးခိုင်းတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားလိုက်ရအောင်”
ဝှစ်
ရှေးသင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ခရီးထွက်ခွာသွားခဲ့တော့သည်။
“ခုနက တစ်ခုခုပျံသန်းသွားတာ တွေ့ခဲ့သေးလား”
“ငါလည်း အဲလိုခံစားမိတယ်”
“ထူးဆန်းလိုက်တာ၊ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံတွေနဲ့ ဖြန့်ကျက်ပြီး မဖမ်းမိနိုင်ပါလား”
“ငါက လက်ရှိမှာ ကျင့်ကြံတာများလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား မသိဘူး”
သိုင်းကျင့်ကြံသူများ အားလုံးသည် အံ့အားသင့်လျက် ရှိနေသည်။ ကြီးမားလှသည့် သင်္ဘောကြီးတစ်ခု ပျံသန်းသွားခဲ့သည်ဖြစ်ကြောင်းကို သူတို့ မသိရှိခဲ့ချေ။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အလုပ်များလျက် ရှိနေတော့၏။ ရုတ်တရက် ကောင်းကင် တစ်ခုလုံးသည် မှောင်မဲသွားသည်။ အားလုံးသည် ခေါင်းကိုမော့၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကြီးမားလှ သည့် သင်္ဘောကြီးတစ်စင်းသည် ၎င်းတို့၏ ခေါင်းပေါ်တည့်တည့်တွင် ရပ်လျက်ရှိကြောင်းကို မြင်လိုက်ရ၏။
“သင်္ဘောကြီးလား” လုံကျိရန်၏ မျက်လုံးများသည် ပြူးထွက်သွားသည်။
“အပေါ်မှာ ဂိုဏ်းချုပ်ပဲ” လီဖေးသည် အမြင်အာရုံ စူးရှလွန်း၏။ သူသည် သင်္ဘော၏ ပဲ့ပိုင်းတွင် မတ်တပ်ရပ်လျက် ရှိသော ကျွင်းချောင်ရှောင်းကို တွေ့ရှိလိုက်ရတော့သည်။
ဟယ်ဝူတီနှင့် ရီရှင်းချန်တို့၏ အမူအရာများသည် ထိုသို့ ကြီးမားလှသော သင်္ဘောကြီးတစ်စင်း လေထုထဲတွင် ပျံသန်းနေသည်ကိုမြင်ရသည့်အချိန်မှာတော့ အလုံးစုံဆွံ့အလျက် ရှိနေကြတော့၏။ ၎င်းတို့သည် အထက်နယ်မြေမှ ကိစ္စနှင့်ပတ်သက်၍ စတင်ကာ စဉ်းစားကြ၏။
............
ရှေးသင်္ဘောကြီးသည် လေထုထဲတွင် အသာရပ်တန့်လျက်ရှိနေ၏။ ၎င်းသည် ဤကဲ့သို့ ပျံသန်းရန် စွမ်းအား ကုန်ဆုံးလှသည်ဆိုသော်လည်း စွမ်းအားမြင့်လှသော ဆဋ္ဌဂံကြယ်ကျောက်တုံးများ၏ ထောက်ပံ့မှုနှင့်အတူ အလွန်ပင် အသုံးတည့်သည့်အရာ ဖြစ်လို့လာခဲ့တော့၏။ လက်ရှိအခြေအနေမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ထိုလှေပေါ်သို့ ပျံသန်းကာ ခုန်တက်လိုက်ကြ၏။ ကုန်းပတ်ပေါ်သို့ ရောက်ရှိပြီးသည့် နောက် ၎င်းတို့သည် တောသားမြို့ရောက်သကဲ့သို့ပင် ရှိရှိသမျှ အရာအားလုံးကို လိုက်လံကြည့်ရှု ထိတွေ့ ကိုင်တွယ်လျက်ရှိနေ၏။
“ဂိုဏ်းချုပ်”
လီဖေးသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ဒီသင်္ဘောကြီးက အထူးရတနာတစ်ခုလား”
“ဒါက အထူးရတနာတင်မဟုတ်ဘူး၊ ပျံသန်းနိုင်တဲ့ အထူးရတနာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“အံ့အားသင့်ဖို့ကောင်းတယ်” လီဖေးနှင့် တခြားသူများ၏ မျက်လုံးများသည် ချီးကျူးမှု အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့သည်။ ဂိုဏ်းချုပ်သည် ထွက်ခွာသွားသည်နှင့်တပြိုင်နက် ပျံသန်းနိုင်သော သင်္ဘောကြီး တစ်စင်းကို ပြန်လည်ယူဆောင်လာခဲ့သည်။ ထိုအရာမှာ သူတို့ ထင်မှတ်ထားသည်နှင့် အလုံးစုံ ကွာခြားလျက် ရှိနေ၏။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ဒိုင်းကာအား လှမ်း၍ ပစ်ပေးလိုက်၏။ “ဒိုင်းကို ယူထားလိုက်၊ အသုံးတည့်လိမ့်မယ်”
ရှောင်ကျီသည် ဒိုင်းကိုယူဆောင်လိုက်သည်။ အသာထိတွေ့ကြည့်သည့်နောက်မှာတော့ သံမဏိဒိုင်းကာအမဲထက် ပို၍ အားကောင်းသည်ကို သူသိရှိသွားခဲ့သည်။ ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ကျေးဇူးပါ ဂိုဏ်းချုပ်”
ကျွင်းချောင်ရှောင်းသည် နဂါးနက်လှံအား ထုတ်ယူ၍ လုံကျိရန်အား ပစ်ပေးလိုက်သည်။ “ဒါက မင်းအတွက်ပဲ”
“ကျေးဇူးပါ ဂိုဏ်းချုပ်” လုံကျိရန်သည် နဂါးနက်လှံကို အသာကိုင်တွယ်ပြီးနောက် သေချာ ပွတ်သပ် ကြည့်ရှု နေသည်။
“ငါ့ဆီမှာ ကြက်သွေးရောင်ကြာပွင့်ချပ်ဝတ်ရှိသေးတယ်၊ ဘယ်သူလိုချင်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ကျွန်တော်ပါ”
ရီရှင်းချန်သည် အလောတကြီးဖြင့် ပြောလိုက်သည်။ အစ်ကိုကြီးအားညိုသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် အတိတ်တုန်းကလို မဟုတ်တော့ချေ။
ကျွင်းချောင်ရှောင်းသည် ကြက်သွေးရောင်ကြာပွင့်ချပ်ဝတ်ကို လှမ်းပစ်ပေးကာ ပြောလိုက်သည်။ “မင်းတို့ အားလုံးက တိုက်ပွဲတည်နေရာကြီးထဲမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် အကောင်းမွန်ဆုံး ပြုလုပ်ပေးလိမ့် မယ်လို့ မျှော်လင့်မိတယ်”
သူ့အနေနှင့် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် စီမံခန့်ခွဲရသည်ဖြစ်သောကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ထာဝရ မနေနိုင်ချေ။ ထို့ကြောင့် တပည့်များအား ပစ္စည်းပစ္စယများ ပေးစွမ်းကာဖြင့် ဤတည်နေရာကြီးကို ဇောက်ထိုးမိုးမျှော် ဆက်၍ ပြုလုပ်ရန် မျှော်လင့်နေမိ၏။
“ကောင်းပါပြီ” တပည့်များအားလုံးသည် သံပြိုင်ပြောဆိုလိုက်ကြ၏။
..................
ရှေးသင်္ဘောကြီးအား တည်နေရာခံတပ်ထဲသို့ သိမ်းဆည်းပြီးသည့်နောက်မှာတော့ အမွေအနှစ်ရရှိခြင်းနှင့် ပတ်သက်သည့် လိုအပ်ချက်များသည် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တည်နေရာ အကျယ်အဝန်းသည် စတုရန်းမီတာတစ်သောင်းလောက် ထပ်မံကာ ကျယ်ပြောသွား၏။
သို့ပေမဲ့ ထိုအရာသည် ကျွင်းချောင်ရှောင်းအား စိတ်ကျေနပ်မှု မရခဲ့ချေ။ ရက်အနည်းငယ်အတွင်းမှာပဲ သူသည် အမွေအနှစ် တည်ရှိရာ နေရာများသို့သွား၍ တစ်ခုပြီးတစ်ခုကို ယူငင်တော့သည်။ သူ့မျက်စိထဲတွင် ပေါ်လာသည့်အရာအားလုံးကို ပြောင်ရှင်းနေအောင် ယူဆောင်လေ့ရှိသည်။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် များပြားလွန်းလှသော အမွေအနှစ်များ တည်ရှိနေကြ၏။ သိုင်းနည်းစနစ်များ၊ လက်နက်ပစ္စည်းများ၊ ရတနာများနှင့် သဘာဝရတနာများလည်း ပါဝင်လို့နေသည်။ ကျွင်းချောင်ရှောင်း သည် ပြန်ရောက်လာပြီးသည့်နောက် သင့်တော်သည့် ရတနာပစ္စည်းများအား တပည့်များကို ခွဲဝေပေးသည့် အကျင့် ရှိသည်။ ဆယ်ရယ်မကြာခင်မှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာသည် တော်တော်များများ ကျယ်ပြန့် လာခဲ့ပြီ ဖြစ်၏။
သတ်မှတ်ထားသည့်အတိုင်းအတာကို ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာပုံစံ ပြောင်းလဲခြင်းပစ္စည်းကို အသုံးပြု၍ တောင်များဖြစ်တည်အောင် ဖန်တီးခဲ့သည်။ ပြီးသည့်နောက် ဓာတ်ငါးပါး အစီအရင်ကို အသုံးပြုကာဖြင့် လေထဲတွင် လွင့်မျောနေအောင် ပြုမူပြန်သည်။
တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် အထဲသို့ ရောက်ချလာပြီးသည့်နောက်မှာတော့ အမြန်နှုန်းကို ပိုမိုတိုးပွားစေသည့် ဖိနပ် တစ်စုံအား လီဖေးဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ထိုအချိန်မှာပဲ ကောင်းကင်ဆီမှ လေးလေးနက်နက် အသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာခံတပ်က အခြေခံမြို့ အဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်တယ်၊ ဒါကြောင့် ဂြိုဟ်တိုက်ပွဲသီလစတိုး တရားဝင် ဖွင့်လှစ်ပါပြီ”
ဝှစ်
အသံထွက်ပေါ်လာလာခြင်းမှာပဲ အဓိကဟောခန်း၏ရှေ့ နေရာလွတ်တစ်ခုပေါ်တွင် အလင်းတန်းများနှင့် ပြည့်နှက် လာခဲ့တော့သည်။ တိမ်များ၊ မြူများ ဖြစ်တည်လာပြီးသည့်နောက် သီလစတိုးဟူသော နေရာကြီးတစ်ခုသည် ဖြစ်တည်လာခဲ့တော့၏။
“နောက်ဆုံးတော့ ရောက်လာပြီကိုး” ကျွင်းချောင်ရှောင်းသည် သူ၏လက်ဝါးများကို ပွတ်သပ်ကာ အလွန် ဆန်းကြယ်လှသော သီလစတိုးထဲသို့ လျှောက်ဝင်လိုက်တော့သည်။ အထဲတွင် သေသေချာချာ ပြင်ဆင်ထားသည့် အရာမျိုး မရှိချေ။ သစ်သားပြားများပေါ်တွင် စာများ ရေးသားထားသည့်အရာများသာ တည်ရှိနေကြ၏။
“စိတ်ဝိညာဉ်မူလဓား - သီလအမှတ် တစ်ရာ”
“မူလဖွဲ့တည့်ခြင်းဆေးလုံး - သီလအမှတ် တစ်ရာ”
“တိမ်လွှာဓား - သီလအမှတ်တစ်ရာ”
....................
ဤအရာများကို လိုချင်သည်ဆိုပါက သစ်သားပြားကို အသာထိတွေ့၍ သီလအမှတ်များနှင့် လဲလှယ်နိုင်ရန်သာ လိုအပ်သည်ဟူသော စာသားသည် အောက်ဆုံးတွင် ရေးသားထားသေး၏။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ “ဒါက စနစ်ရဲ့စတိုးနဲ့ နည်းနည်း တူညီတာပဲ”
တူညီရုံသာရှိ၏။ လုပ်ဆောင်ချက်များမှာတော့ စနစ်၏ စတိုးနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ထို့ပြင် စနစ်၏ စတိုးကဲ့သို့ မိတ်ဆက်စာလည်း မပါချေ။ ထို့ကြောင့် စိတ်ဝိညာဉ်မူလဓားနှင့် မူလဖွဲ့တည်ခြင်းဆေးလုံးဆိုသည်မှာ မည်သည့် အရာအတွက် ဖြစ်သနည်း မည်မျှအားကောင်းသနည်းဆိုသည်ကို မသိရှိနိုင်ချေ။
“ငါ့ဆီမှာ သီလအမှတ်တွေ အများကြီး ရှိတယ်လေ၊ ဝယ်ကြည့်ရမှာပဲ”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်သွားပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်မူလဓားနှင့် မူလဖွဲ့တည်ခြင်း ဆေးလုံးတို့ကို ဝယ်ယူလိုက်တော့သည်။
ဝှစ် ဝှစ်
ချက်ချင်းပဲ တောက်ပလွန်းသော ဓားတစ်စင်းနှင့် ဆေးလုံးဆယ်လုံးတို့သည် သူ၏လက်ထဲတွင် ပေါ်လာတော့ သည်။ ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဒါက နည်းနည်း မှော်ဆန်လွန်းတာပဲ”
ချလွမ်
သူသည် ဓားကို ဆွဲထုတ်လိုက်ပြီးသည့်နောက် ဓားအလင်းတန်းများ ဖြတ်ပြေးသွားသည်။ သေသေချာချာ စစ်ဆေး ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါက ကျန်းယန်ဓား ကိုမှီဖို့ အဝေးကြီး လိုသေးတာပဲ”
ဂလု
သူသည် မူလဖွဲ့တည်ခြင်းဆေးလုံးအား အသာစားပြီး မျိုချလိုက်မိ၏။ “ဆေးရဲ့အကျိုးသက်ရောက်မှုက ချီစုစည်းခြင်း ဆေးလုံးလိုပဲ၊ ဒါပေမဲ့ စုပ်ယူနိုင်တဲ့ အမြန်နှုန်းက နှစ်ဆယ်ဆပဲ ရှိတယ်”
ကျွင်းချောင်ရှောင်း သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဒီသီလစတိုးက စိတ်ပျက်စရာပဲ”
သီလအမှတ်များ ရရှိရန်အတွက် အပြင်းအထန် တိုက်ခိုက်လျက်ရှိသော သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာကိုသာ ကြားသည်ဆိုပါက ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းအနေနှင့် ကြွားဝါပြီး ပြောဆို နေခြင်းမဟုတ်ပေ။ သူ့အနေနှင့် ယခုထက်ကောင်းမွန်သော လက်နက်ပစ္စည်းများကို လဲလှယ်နိုင်သည့် စနစ်စတိုး ရှိနေသည် မဟုတ်လား။
သိုင်းကျင့်ကြံသူများအားလုံးသည် သီလစတိုးဆီမှ ရရှိသော ပစ္စည်းများအားလုံးကို ရတနာများအဖြစ် သတ်မှတ် နိုင်၏။ သို့ပေမဲ့ သူနှင့် သူ့တပည့်များ၏ အရှေ့မှာတော့ ထိုသီလစတိုးသည် ဘာအကူအညီမှ မဖြစ်နိုင်ချေ။
“မဟုတ်ဘူး... အကူအညီတော့ ဖြစ်သေးတာပဲ”
အနည်းဆုံးတော့ သူ့အနေနှင့် သိုင်းကျမ်းများအား အရေအတွက်အရ လဲလှယ်နိုင်စွမ်း ရှိနေ၏။ မူလဖြစ်တည်ခြင်းဆေးလုံးနှင့် ချီစုစည်းဆေးလုံးများသည် တစ်ခုနှင့်တစ်ခု မတည့်သောအရာမျိုးဖြစ်မနေပါက အတူတကွ သောက်သုံးလိုက်ခြင်းအားဖြင့် စုပ်ယူနိုင်သော စွမ်းအင်ကို ပိုမိုကာ မြန်ဆန်ပေလိမ့်မည်။
လက်နက်နှင့် ရတနာပစ္စည်းများမှာတော့ လဲလှယ်ရန် မထိုက်တန်လှချေ။ အဘယ်ကြောင့် ဆိုသော် ကျွင်းချောင်ရှောင်းအနေနှင့် များပြားလှသော အမွေအနှစ် ရတနာပစ္စည်းများကို ရရှိခဲ့ပြီဖြစ်သည်။ လက်ရှိ အချိန်မှာတော့ အဓိကတပည့်တော်တော်များများပင်လျှင် တစ်ယောက်ကို ရတနာပစ္စည်းခြောက်မျိုးလောက် ရရှိနေပြီး ဖြစ်နေကြ၏။
“ဂျူနီယာညီလေးတို့”
ခံတပ်၏ အဝမှာတော့ လီချင်းယန်သည် ရှောင်ကျီ၊ ရီရှင်းချန်နှင့် တခြားသောတပည့်များကို လှမ်းကြည့်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်က ငါ့တို့အတွက် ပစ္စည်းတွေ အများကြီးကို ရှာဖွေပေးခဲ့တယ်၊ ဒီတော့ သူ့ကို စိတ်ဓာတ်ကျစေလို့ မဖြစ်ဘူး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဂုဏ်သိက္ခာပိုမိုကြီးထွားလာဖို့အတွက် ငါတို့တွေ ကြိုးစားရမယ်”
“ကောင်းပါပြီ” အားလုံး၏ မျက်လုံးများသည် တောက်ပလျက်ရှိနေကြ၏။
“သွားကြစို့” လီချင်းယန်သည် ပထမဦးဆုံး ပျံသန်းထွက်ခွာသွားခဲ့၏။ ရှောင်ကျီ၊ ရီရှင်းချန်၊ ဟယ်ဝူတီနှင့် တခြားသောသူများသည် တစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွားခဲ့ကြသည်။ ယနေ့မှာတော့ ပြိုင်စံရှားဂိုဏ်း တပည့်များသည် ခံတပ်ထဲမှ ပျံသန်းထွက်ခွာသွားကြ၏။ ၎င်းတို့သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးအား ကျိန်းသေပေါက် ထိတ်လန့်တုန်လှုပ်စေပေတော့မည်။
အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ပျံသန်းထွက်ခွာသွားသော သူ၏ ရတနာလေးများကို ကြည့်ရှုကာ ပြုံးလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အလုံးစုံအားအင်အဆင့်က တခြားဂြိုဟ်တွေလောက် မကောင်းဘူးဆိုပေမယ့် ငါတို့က လက်နက်ပစ္စည်းတွေကို ကိုင်ဆောင်ပြီးရင် သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ တိုက်ခိုက်နိုင်မှာ သေချာတယ်”