← Chapters

အခန်း (၉၃၇)

Vol. 63 Ch. 937

အခန်း (၉၃၇)

Vol. 63 Ch. 937

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ရုတ်တရက်ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ရက်အနည်းငယ်အတွင်း များပြားလှသော ဂိုဏ်းများအားလုံးကို ဖျက်ဆီးပစ်ခဲ့တော့၏။

မှန်ကန်သည့် ဂိုဏ်းများအဖြစ် သတ်မှတ်ထားသော ဂိုဏ်းများအားလုံးသည် ထိုအချင်းအရာကို သည်းမခံနိုင်ကြချေ။ ထို့ကြောင့် ပထမအဆင့်ဂိုဏ်းနှစ်ခုသည် ရှေ့မှ ဦးဆောင်ပြီးသည့်နောက်မှာတော့ ဒုတိယအဆင့်နှင့်တတိယအဆင့် ဂိုဏ်းတစ်ဒါဇင်ကျော်တို့ကို စုပေါင်းကာ သွားရောက်တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။

ထိုအချိန်မှာတော့ ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများအားလုံးတို့၏ အာရုံသည် အရှေ့လွင်ပြင်ဒေသကြီးဆီသို့ ရောက်ရှိနေကြ၏။

မိုးဆွေဟောခန်း၏ သတင်းအချက်အလက်ကွန်ယက်သည်လည်း စတင်ကာ အသက်ဝင်လျက်ရှိနေ၏။ များပြားလှ သော သတင်းအချက်အလက်ပေးပို့သူများဆီမှ သတင်းအချက်အလက်များသည် နေ့စဉ်နေ့တိုင်း ရောက်ရှိလာခဲ့ သည်။

လီလိုရှုသည် ထိုသတင်းအချက်အလက်များကို သေသေချာချာပြန်လည်သုံးသပ်ပြီးသည့်နောက် အရေးကြီးသော အချက်အလက်များအား ဂိုဏ်းချုပ်ဆီသို့ ပြန်လည်ကာ သတင်းပို့၏။

ကျွတ် ကျွတ်

ငါးကန်ထဲတွင် ငါးမျှားလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် နောက်ဆုံးရရှိထားသော သတင်းအချက်အလက် များကို ကြားပြီးသည့်နောက်မှာတော့ အံ့အားသင့်မိသွားသည်။ “ဒီနတ်ဆိုးမိစ္ဆာဂိုဏ်းက သိုင်းနယ်မြေ ကျင့်ကြံသူ လေးယောက်တောင်ရှိတာလား။ သူတို့ရဲ့ အားအင်အဆင့်က လျှော့တွက်လို့တော့ မရဘူးပဲ။”

လီလိုရှုက ပြောလိုက်၏။ “ပထမအဆင့်ဂိုဏ်းတစ်ခုက တော်တော်ကြီးကို ဒုက္ခရောက်ခဲ့ကြတယ်။”

“သူတို့တွေလည်း ကျွမ်းကျင်သူတွေ မဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်တော့၏။ “ဒါက ပိုးဖလံမျိုးလေးတွေပဲ။ သေတွင်းဆီကို ဝင်ဝင်သွားကြတာ။”

“………” လီလိုရှု၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

နတ်ဆိုးမိစ္ဆာဂိုဏ်းကို သွားရောက်တိုက်ခိုက်ခဲ့ကြသော ပထမအဆင့် ဂိုဏ်းနှစ်ခုသည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူလေးယောက်၊ သိုင်းအုပ်စိုးသူ ဆယ်ယောက်၊ သိုင်းဘုရင်တစ်ဒါဇင်ကျော်တို့ကို စေလွှတ်ခဲ့ခြင်းပင် ဖြစ်၏။ ဤလူအရေအတွက်သည် အလွန်အားကောင်းလှသည်ဟု ဆိုရမည်။ သို့ပေမဲ့ ဂိုဏ်းချုပ်မှာတော့ ပိုးဖလံမျိုးများဟု ပြောဆိုလျက်ရှိနေသည်။

သို့ပေမဲ့ ဟောခန်းသခင်လီသည်သာ ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ခဲ့ပြီး ဂိုဏ်းချုပ်ကျွင်းတစ်ယောက် စည်းဓားမော့ကြီးကို ကိုင်ဆောင်ကာ များပြားလှသော လူများအားလုံးကို သတ်ဖြတ်ခဲ့သည့်မြင်ကွင်းကိုသာ မြင်မည်ဆိုပါက ကျိန်းသေပေါက် အဘယ့်ကြောင့် ဤကဲ့သို့ ပြောဆိုသည်ဆိုကြောင်းကို နားလည်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းမှာတော့ ကြီးကျယ်သော တိုက်ပွဲကြီးများကို အတွေ့အကြုံရှိနေပြီးသော လူတစ်ယောက် ဖြစ်လို့နေခဲ့၏။ သိုင်းနယ်မြေတစ်ပိုင်း ၊ သိုင်းအုပ်စိုးသူများကို မဆိုနှင့်၊ သိုင်းနယ်မြေကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ သူ့ရှေ့သို့ ရောက်လာသည်ဆိုလျှင်ပင်လျှင် သူသည် အံ့အားသင့် တုန်လှုပ်နေလိမ့်မည်မဟုတ်ချေ။

“နတ်ဆိုးမိစ္ဆာဂိုဏ်းက ကျုပ်ကို အလစ်ချောင်းတိုက်ခိုက်ခဲ့တဲ့ အမှောင်ဂိုဏ်းပဲမဟုတ်လား။ တကယ်လို့ သူတို့ဆီမှာ အားအင်မရှိဘူးဆိုရင် ဒီလိုမျိုး လမ်းမှန်ဂိုဏ်းတွေကို ပွင့်ပွင့်လင်းလင်းတိုက်ခိုက်ဖို့လုပ်မှာမဟုတ်ဘူး။” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။

သူရရှိခဲ့သော သတင်းအချက်အလက်များအရဆိုလျှင် အမဲရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသောလူများသည် သူ့အား အဖန်တလဲလဲ တိုက်ခိုက်ခဲ့၏။ ထိုသူများအားလုံးသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အကြွင်းအကျန်များ ဖြစ်ပေလိမ့်မည်။ တစ်ဖက်လူသည် သူ့အား မာဘယ်တောထဲသို့ ဖိတ်ခေါ်၍ စကားပြောဆိုခဲ့ဖူးသေးသည်။

….

အရှေ့လွင်ပြင်ဒေသမှာတော့ အလွန်တရာမြင့်မားလှသော တောင်တစ်ခုအပေါ်တွင် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ သည် လှိုင်းထလျက်ရှိနေ၏။ ဤနေရာကြီးတစ်ခုလုံးသည်လည်း ယိုယွင်းပျက်စီးလျက်ရှိနေတော့၏။

ဤနေရာသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ သိုင်းကျင့်ကြံသူများ လမ်းမှန်ဂိုဏ်းသားများကို တိုက်ခိုက်ခဲ့သော တည်နေရာပင် ဖြစ်နေတော့၏။ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာအကြွင်းအကျန်များမှာတော့ ဤနေရာတွင် တည်ရှိနေသေးသည်။

“ပထမအဆင့်ဂိုဏ်းဆိုတာက ဒီလောက်ပဲ အားကောင်းတာလား။”

အလွန်တရာထွားကြိုင်းလှသော ခန္ဓာကိုယ်နှင့်လူသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် မတ်မတ်ရပ်နေ၏။ သူသည် ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာများကို သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိနေ၏။

၎င်း၏ဘေးတွင်ရှိသော ပိန်ပိန်ပါးပါး လူသည် နဖူးပေါ်သို့ ကျနေသော ဆံပင်များအား အသာသပ်တင်ကာဖြင့် ခပ်လေးလေး ပြောလိုက်သည်။ “ဒုတိယဂိုဏ်းချုပ်က ငါတို့ကို စေလွှတ်လိုက်တာ ဒီလိုအမှိုက်တွေကို သတ်ဖြတ်ပစ်ဖို့လား။”

“သရဲ”

ခါးကုန်းကုန်းနှင့်အဘိုးအိုသည် အသာလျှောက်လာပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်၏။ “မင်းကတဖြည်းဖြည်းနဲ့ပိုပိုပြီး ရဲတင်းလာပြီ။ ဒုတိယဂိုဏ်းချုပ်ရဲ့ အမိန့်ကိုတောင် မေးခွန်းထုတ်ရဲနေပြီဟုတ်လား။”

သရဲဟု ခေါ်သောလူသည် ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်က အမှုမဲ့အမှတ်မဲ့ ပြောမိတာပါ။ ဒါကြီးကို တကယ်လို့ ထင်မနေနဲ့လေ။”

“သွားကြစို့။”

ကြည့်ကောင်းလှသော ခန္ဓာကိုယ်အသွင်အပြင်နှင့် အမျိုးသမီးတစ်ယောက်သည် သူမလက်ထဲတွင်ရှိသော ဓားမြှောင် အား သိမ်းဆည်းပြီးသည့်နောက် ထူးမခြားနားသလိုပြောလိုက်တော့သည်။ “ဂိုဏ်းဆီသို့ ပြန်ရအောင်။”

၎င်းတို့ လေးယောက်သည် မတူညီသည့် အသွင်အပြင်များရှိသည်ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးအော်ရာများ ၎င်းတို့ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည်မှာတော့ တူညီလျက်ရှိ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် သည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများဖြစ်လို့နေကြ၏။

ဤကဲ့သို့ ဘယ်ကပေါ်လာမှန်းမသိသည့်လူများသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အစောင့်အရှောက်ကြီး လေးယောက်ပင်ဖြစ်တော့သည်။

ခပ်ထွားထွားလူသည် လူရိုင်းဟု ခေါ်ဆို၏။ ပိန်ပိန်ပါးပါးလူကေိုတာ့ သရဲဟု ခေါ်ဆိုသည်။ ခါးကုန်းကုန်းနှင့် အဖိုးအိုမှာတော့ ရင်ကျိုးဟု ခေါ်ဆိုပြီး ကြည့်ကောင်းလှသည့် အမျိုးသမီးမှာတော့ အရိပ်ဟု ခေါ်ဆို၏။

စောနက ဖြစ်တည်ခဲ့သည့် ကြမ်းတမ်းလှသောတိုက်ပွဲအတွင်းတွင်း ၎င်းတို့သည် လမ်းမှန်ဂိုဏ်းသားငါးရာမှ ခြောက်ရာ နီးပါးတို့ကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် အလွန်အားကောင်းသောသူများဖြစ်မှန်း သိသာလွန်းလှသည်။

“အရှေ့စီရင်စုမှာရှိတဲ့ ဂိုဏ်းတွေက ရှင်းလင်းလုနီးပါးဖြစ်ကုန်ပြီ။ ငါတို့ တခြားစီရင်စုတွေဆီကို သွားပြီးတော့ အပျော် အပါးရှာကြမလား။ ဥပမာအားဖြင့် … ”

သရဲသည် ပြုံးကာပြောလိုက်၏။ “အနီးအနားရန်ကျူး၊ အရှေ့တောင်ရန်ကျူးလို နေရာမျိုးပေါ့။”

ရှေ့မှ လမ်းလျှောက်လျက်ရှိနေသော အရိပ်သည် ထူးမခြားနားသလို ပြောလိုက်၏။ “အဲဒီစီရင်စုမှာ ပြိုင်စံရှားဂိုဏ်းရှိတယ်။ ဒုတိယဂိုဏ်းချုပ်က ငါတို့ကို အမိန့်ပေးထားတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့ကို သွားပြီးပြဿနာမရှာဖို့လေ။”

“ငါလည်းတကယ်စိတ်ဝင်စားမိတယ်။”

သရဲက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ငါတို့လူတွေအများကြီးကို သတ်ဖြတ်ပစ်ခဲ့တာလေ။ ဒါပေမဲ့ ဒုတိယဂိုဏ်းချုပ်က ဘာလို့ သူတို့နဲ့ ရင်မဆိုင်ခိုင်းတာလဲ။”

ရင်ကျိုးသည် ရုတ်တရက် ပါးစပ်ဟကာဖြင့် ပြောလိုက်၏။ “မင်းက ဒုတိယဂိုဏ်းချုပ်ကို မေးခွန်းထုတ်နေပြန်ပြီလား။”

“မဟုတ်ဘူး။ မဟုတ်ဘူး။ ပေါက်ကရတွေလျှောက်မပြောနဲ့။” သရဲက ခွန်းတုံ့ပြန်လိုက်သည်။

လူရိုင်းသည် အရှေ့တောင်ရန်ကျူး တည်ရှိရာနေရာဆီသို့ လှမ်း၍ ကြည့်လိုက်ကာဖြင့် စပ်ဖြီးဖြီးဖြင့် ပြောလိုက်တော့၏။ “ပြိုင်စံရှားဂိုဏ်းတပည့်တွေက အရမ်းအားကောင်းတယ်လို့ကြားတယ်။ ငါသူတို့နဲ့ဆုံချင်တယ်။ ထားလိုက်ပါတော့။”

သရဲသည် မျက်လုံးတွေ ချာချာလည်ကာ ပြောလိုက်၏။ “မင်းရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အားအင်အဆင့်နဲ့ဆို သူတို့ဂိုဏ်းတစ်ခုလုံးကိုတောင် လက်သီးတစ်ချက် တည်းနဲ့ ဖျက်ဆီးပစ်လိုက်မယ်။”

“ဒုတိယဂိုဏ်းချုပ်ဆီမှာလည်း သူရဲ့ ကိုယ်ပိုင်အကြံအစည်ရှိနိုင်တယ်။ ငါတို့က နောက်လိုက်တွေ ဖြစ်တာမို့ သူပြောတဲ့အတိုင်းပဲ လိုက်လုပ်သင့်တယ်လေ။” အရိပ်က ပြောလိုက်သည်။

သရဲသည် ပုခုံးကို တွန့်ကာ ပြောလိုက်၏။ “ကျုပ်ကစကားအဖြစ်ပြောရုံလေးပါပဲ။”

……

ပြိုင်စံရှားဂိုဏ်း နဂါးခေါင်းတောင်ထိပ်

လီလိုရှုသည် ရောက်လာကာ သတင်းပေးပို့လိုက်၏။

“ရရှိလာတဲ့ အချက်အလက်တွေအရဆိုရင် အရှေ့လွင်ပြင်စီရင်စုရဲ့ ရှင်းလင်တောင်တန်းပေါ်မှာ အဆင့်နှစ်ဂိုဏ်း နှစ်ဂိုဏ်းဦးဆောင်တဲ့ လမ်းမှန်ဂိုဏ်းသားတွေက လူတစ်ထောင်နီးပါးလောက် သေဆုံးခဲ့တယ်။ တိုက်ပွဲမှာ နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းက လူတစ်ရာနီးပါးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ပြောတယ်။”

“ဒဏ်ရာရရှိရုံပဲလား။ တစ်ယောက်မှမသေဘူးလား။”

“ဟုတ်ပါတယ်။”

ကျွင်းချောင်ရှောင်းသည် ငါးမျှားတံကို အသာပြန်သိမ်းပြီးနောက် ပြောလိုက်၏။ “သူတို့က အဲ့လောက်တောင် အားကောင်းတာလား။”

လီလိုရှုက ပြောလိုက်သည်။ “ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင် နတ်ဆိုးအင်ပါယာဂိုဏ်းရဲ့ တပည့်တွေအကုန်လုံးက နတ်ဆိုးကျင့်ကြံသူတွေဘဲလေ။ သူတို့က အားအင်အဆင့်ကို ရုတ်တရက် တိုးမြှင့်နိုင်စွမ်းရှိကြတယ်။”

“လမ်းမှန်ဂိုဏ်းသားတွေက လူများတယ်ဆိုပေမဲ့ လုံးဝမနိုင်ခဲ့ကြဘူး။ နတ်ဆိုးဂိုဏ်းက အမှောင်ထဲမှာ ပုန်းကွယ်နေတာ တော်တော်ကြာပြီးတဲ့နောက်မှာတော့ ရုတ်တရက် ပွင့်ပွင့်လင်းလင်းကြီးထွက်လာခဲ့တယ်။ ဒီတော့ သေသေချာချာ ပြင်ဆင်ပြီး လာခဲ့တာဖြစ်ရမယ်။ လမ်းမှန်ဂိုဏ်းသားတွေဟာ သူတို့ကို လေးလေးနက်နက် မဆက်ဆံဘူးဆိုရင် ကျိန်းသေပေါက် ကြီးမားတဲ့ ခံစားမှုတွေ ရသွားလိမ့်မယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

လီလိုရှုက ပြောလိုက်တော့သည်။ “ပထမအဆင့်ဂိုဏ်းတွေတော်တော်များများက လှုပ်ရှားနေကြဖို့ အဆင်သင့်ဖြစ်နေပြီ။ ကျွန်မအထင်တော့ ပွဲက အခုမှ စတာ။”

ကျွင်းချောင်ရှောင်းသည် ငါးမျှားတံကို အသာပစ်ချကာဖြင့် ရယ်လိုက်မိ၏။ “ဒါဆိုရင် ငါတို့ကလည်း အဲပွဲကို ကြည့်ဖို့ တာဝန်ယူရတော့မှာပေါ့။”

သူ့အနေနှင့် လောကကြီးတွင် ဖြစ်ပျက်နေသော အခြေအနေများအားလုံးကို သိရှိချင်နေမိ၏။ သို့ပေမဲ့ ဤကဲ့သို့သော လမ်းမှန်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများကြားတိုက်ပွဲတွင် ပါဝင်ရန်တော့ စိတ်မဝင်စားလှချေ။ ထို့အပြင် သူ့အား မည်သူမျှ ပြဿနာမရှာဘူး မဟုတ်လား။

သို့သော်ငြား ဤနတ်ဆိုးအင်ပါယာဂိုဏ်းသည် မည်ကဲ့သို့သော သတ္တိမျိုးကို ပိုင်ဆိုင်သောကြောင့် ကုန်းမြေတိုက်ကြီးတစ်ခု လုံရှိ လမ်းမှန်ဂိုဏ်းများအားလုံးကို ပေါ်ပေါ်တင်တင်စိန်ခေါ်ရဲရသနည်းဆိုသည်ကို ကျွင်းချောင်ရှောင်းသည် အမှန်ပင် သိချင်နေမိ၏။

…

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ရုတ်တရက်ပေါ်ပေါက်လာမှုသည် ငြိမ်းချမ်းနေသော တည်နေရာကြီးတစ်ခုလုံးကို ကဗြောင်းကပြန် ဖြစ်သွားစေ၏။ ကျင့်ကြံသူတော်တော်များများတို့သည် လက်ရှိအခြေအနေမှာတော့ လုံးဝမတည်ငြိမ်နိုင်ခဲ့ကြတော့ပေ။

သေချာပေသည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ထိုက်ရွမ်အအေးဂိုဏ်းဦးဆောင်သော ထိပ်တန်းဂိုဏ်းအနည်းငယ် တို့သည် ဖိတ်စာများကို ပေးပို့ပြီး များပြားလှသော ဂိုဏ်းများဆီမှ အထက်ဂိုဏ်းအကြီးအကဲများ အားလုံးကို ဖိတ်ကြားခဲ့တော့သည်။

၎င်းတို့သည် နတ်ဆိုးအင်ပါယာဂိုဏ်းအား မည်ကဲ့သို့ နှိမ်နင်းရမည်ဆိုသည်ကို ဆွေးနွေးချင်နေမိကြ၏။ ပြိုင်စံရှား ဂိုဏ်းသည်လည်း ဖိတ်စာကို လက်ခံရရှိသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ချက်လှန်ကြည့်ပြီးသည့် နောက်မှာတော့ ဖိတ်စာကို ဆွဲဖြဲလိုက်၏။ “ကျုပ်က ခင်ဗျားတို့လမ်းမှန်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းတွေကြားထဲက ကိစ္စကို ပါဝင်ဖို့ စိတ်မဝင်စားဘူး။ သက်တောင့် သက်သာနဲ့ ပွဲကြည့်ပရိသတ်ပဲ လုပ်ချင်တာ။”

“ဂိုဏ်းချုပ်၊ တောင်ပြာဂိုဏ်းရဲ့အကြီးအကဲမာ လာတွေ့ပါတယ်။”

…

အဓိကဟောခန်းထဲမှာတော့ အကြီးအကဲမာသည် စားပွဲ၏ ထိပ်တွင်ထိုင်လျက်ရှိနေ၏။ ၎င်း၏ အမူအရာများသည် အနည်းငယ် ပျက်ယွင်းလျက်ရှိနေ၏။

မနေ့တုန်းက ၎င်းတို့ဂိုဏ်းသည် ရင်ဟွေ့တောင်တန်းပေါ်တွင် ဆွေးနွေးမည့် ပွဲအတွက် ဖိတ်စာကို လက်ခံရရှိခဲ့၏။ တောင်ပြာဂိုဏ်းသည် နတ်ဆိုးအင်ပါယာဂိုဏ်းအကြောင်းကို ကြားရှိခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့၏ အားအင်အဆင့် နှင့် သွားရောက်ယှဉ်ပြိုင်၍ ရနိုင်သည့်အရာမျိုးမဟုတ်ချေ။

၎င်းတို့လို အဆင့်လေးဂိုဏ်းတစ်ခုအနေနှင့် လွယ်လွယ်ကူကူ ဖျက်ဆီးခံရနိုင်သည့် အခြေအနေမျိုးတွင် ရှိနေ၏။ သို့ပေမဲ့ သူတို့မသွားပါကလည်း ရှက်ရွံ့စရာများဖြစ်ပေလိမ့်မည်။ အထက်ဂိုဏ်းအကြီးအကဲများကြား သံသယ ဖြစ်စရာ ပဋိပက္ခများ ဖြစ်ပွားလာပါက ပြဿနာများတက်ကုန်မည်မဟုတ်လား။ အဆုံးသတ်မှာတော့ ဂိုဏ်းသည် အကြီးအကဲမာကို ပြိုင်စံရှားဂိုဏ်းဆီသို့ စေလွှတ်၍ ဂိုဏ်းချုပ်ကျွင်း၏ သဘောထားကို တောင်းခံခိုင်းတော့သည်။

“ကျုပ်မသွားဘူး။” ကျွင်းချောင်ရှောင်းသည် သူ၏ ဆုံးဖြတ်ချက်ကို ပြောဆိုလိုက်၏။

အကြီးအကဲမာသည် နာနာကျင်ကျင်ဖြင့်ပြောလိုက်၏။ “ဒါဆိုရင် ထိပ်တန်းဂိုဏ်းအနည်းငယ်ကို ကလန်ကဆန်လုပ်သလို ဖြစ်ကုန်မယ်နဲ့တူတယ်။”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အကြီးအကဲမာ ….. သူတို့ဂိုဏ်းတွေက ဘာလို့ ခင်ဗျားတို့ဂိုဏ်းကို ဖိတ်ခေါ်တာလည်းဆိုတာ အသုံးချလို့ရအောင်ပဲ။ သူတို့က နတ်ဆိုးအင်ပါယာဂိုဏ်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ခင်ဗျားတို့ကို တည်ကြက်အဖြစ် အသုံးပြုတော့မှာလေ။”

“ဒါကြောင့်လည်း ဂိုဏ်းချုပ်က ဒီအဘိုးကြီးကို ဂိုဏ်းချုပ်ကျွင်းဆီ စေလွှတ်လိုက်တာပေါ့။” အကြီးအကဲမာ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အလွန်လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာဂိုဏ်းက ဒီအချိန်ကြီးမှာ ထွက်ပေါ်လာတယ်ဆိုတာ များပြားလှတဲ့ ဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခြင်း ခံရမယ်ဆိုတာကို ကောင်းကောင်းသိတာပေါ့။ ကြိုတင်ပြင်ဆင်လာကြမှာပဲ။ ဒီတော့ ကျုပ်တို့လို ဂိုဏ်းသေးလေးလေးတွေက သူတို့ကိုသွားပြီး ပြဿနာရှာလို့မဖြစ်ဘူး။ ဘေးကနေ ရပ်ကည့်နေဖို့ပဲ တတ်နိုင်တယ်မဟုတ်လား။”

အကြီးအကဲမာ “……….”

တောင်ပြာဂိုဏ်းသည် တစ်ဖက်လူနှင့်တိုက်ခိုက်ရန် အရည်အချင်းမရှိချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ထိုကဲ့သို့ ပြော၍ မရသည်ကို သူ ကောင်းကောင်းသိ၏။

“နားလည်ပါတယ်။”

အကြီးအကဲမာ သည် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက်မှာ လက်သီးကိုဆုပ်လိုက်သည်။ “တောင်ပြာဂိုဏ်းက ဂိုဏ်းချုပ်ကျွင်းရဲ့ သဘောအတိုင်း လိုက်နာပြီးတော့ ဘေးကပဲ ရပ်ကြည့်သွားတော့မယ်။”

သူ၏ အထင်အမြင်ကို မဟာမိတ်များကို ပေးစွမ်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နောက်ထပ် မဟာမိတ်တစ်ဖွဲ့ကို စဉ်းစားလိုက်မိ၏။ ထို့ကြောင့် တီးတိုးပြောလိုက်မိသည်။ “အဲအမျိုးသမီးကတော့ ရူးကြောင်ကြောင်နဲ့ ချိန်းဆိုထားတဲ့ပွဲကို သွားမှာမဟုတ်လောက်ပါဘူးနော်။”

“ဂိုဏ်းချုပ်”

လီလိုရှုက သတင်းပို့လိုက်သည်။ “မြောင်ဟွာခန်းမသခင်က ဖိတ်ကြားမှုကို လက်ခံရရှိတယ်တဲ့။ ဒါကြောင့် ခန်းမသခင်ရှစ်အနေနဲ့ အကြီးအကဲတွေကို ခေါ်ပြီးတော့ ရင်ဟွေ့တောင်ကို အမြန်ဆုံးသွားနေတယ်။”

“…….”

ကျွင်းချောင်ရှောင်းသည် ခနလောက်တွေးကာ ပြောလိုက်သည်။ “ကျုပ်က ပါဝင်ဖို့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ သွားပြီးတော့ ဘေးကကြည့်လို့ရတာပဲ။”

တွေးကြည့်ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်း၏ ကိစ္စရပ်များအားလုံးကို စီမံထားရန် စေခိုင်းပြီးသည့်နောက်မှာတော့ ရင်ဟွေ့တောင်ဆီသို့ အမြန်ဆုံးနှုန်းနှင့် ပျံသန်းသွားတော့၏။

ဤနေရာတွင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား မည်ကဲ့သို့ရင်ဆိုင်ရမည်ဆိုသည့်အကြောင်းအား ဂိုဏ်းပေါင်းစုံတို့သည် ဆွေးနွေးလျက်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သွား၍ ကြည့်သည်မှာ မှားယွင်းသည့်အရာမျိုးမဟုတ်ချေ။

မိုးဆွေတာင်ထွတ်ပေါ်တွင် ရပ်လျက်ရှိနေသော လီလိုရှုမှာတော့ အသာခေါင်းကို ခါယမ်းလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် သူရောက်တဲ့နေရာတိုင်းမှာ ကျိန်းသေပေါက် ပြဿနာဖြစ်မှာ သေချာတယ်။”

All Chapters