အခန်း (၉၄၀)
Vol. 63 Ch. 940
ရုတ်တရက်ပေါ်ပေါက်လာခဲ့သော ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်းအား မိတ်ဆွေဟောင်းများ ဖြစ်သည်ဟု ထပ်တလဲလဲ ပြောဆိုခဲ့သည်။ သူ၏ ရည်ရွယ်ချက်သည် လမ်းမှန်ဂိုဏ်းသားများနှင့် ရင်ဆိုင်နေသည့်နေရာတွင် သူ့အား ချီးတွင်းထဲသို့ အတင်းဆွဲသွင်းနေခြင်း ဖြစ်ပေလိမ့်သည်။
ဤအကျိုးသက်ရောက်မှုမှာ ကောင်းမွန်သည်ဟု ဆိုရမည်။ များပြားလှသောဂိုဏ်းများမှ ဂိုဏ်းချုပ်များ အားလုံးသည် သံသယဝင်နေကြပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သဘာဝအားဖြင့် ယွမ်သခင်လေး၏ ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့်လည်း လက်ရှိတွင် အလွန်တရာ ဒေါသထွက်နေပြီ ဖြစ်သည်။
သူ၏ ပြိုင်စံရှားဂိုဏ်းသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း နှင့် လမ်းမှန်ဂိုဏ်းများအကြား မပါဝင်ချင်ပေ။ သို့ပေမဲ့ တဖက်လူ၏ အပြုအမူသည် သူ့အား အလွန်ပင် စိတ်ဆိုးဒေါသထွက်စေ၏။ ယွမ်သခင်လေးသည် ဘာမှန်း မသိဘဲ ကျွင်းချောင်ရှောင်းအား ဒေါသထွက်စေခဲ့တော့၏။
ယွမ်သခင်လေးသည် ပြုံးကာ ပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်းပြောတာကို ကျုပ် ကျိန်းသေပေါက် မှတ်ထားပါတယ်၊ ဘယ်တော့မှ မမေ့ပါဘူး”
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် မှုန်ကုတ်လျက်ရှိနေ၏။ ခရမ်းရောင်ဝါးတောမှာ တုန်းက ပုန်းကွယ်နေသည့် ကျွမ်းကျင်သူတစ်ယောက် ရှိနေခဲ့၏။ ထို့ကြောင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းကာ သတ်ဖြတ်ခြင်းကို မပြုလုပ်ခဲ့ပေ။
သို့ပေမဲ့ ယနေ့ ဤနေရာတွင်တော့ သိုင်းနယ်မြေကျင့်ကြံသူ လေးယောက်သာရှိနေ၏။ ထို့ကြောင့် တစ်ဖက်လူသည် အားကောင်းလှသည်ဆိုသော်လည်း ကျိန်းသေပေါက် ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်နေ မိတော့သည်။ အဓိကအားဖြင့် တစ်ဖက်လူ၏ စကားလုံးများသည် အလွန်တရာ စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းနေသည်။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်က ဒီလိုလာတာ ဘေးကနေ ပွဲကြည့်ဖို့ သက်သက်ပဲ၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို အတင်းဆွဲထည့်နေမှတော့ ကောင်းပြီ၊ ဒီနေ့ကစပြီး ကျုပ်တို့က ရန်သူတွေ ဖြစ်ပြီ”
“ဟမ့်”
အောင်းဟိုင်ယုနှင့် တခြားသောသူများသည် နှာခေါင်းရှုံလိုက်၏။ ၎င်းတို့၏ အထင်အရဆိုလျှင် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် စည်းဝါးကိုက်ကာ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိ သူပြောနေသည့်အရာများအားလုံးသည် ဟန်ဆောင်နေခြင်းပင်ဖြစ်သည်ဟု အားလုံးက သတ်မှတ်လိုက်ကြ၏။
“ဂိုဏ်းချုပ်ကျွင်း”
ယွမ်သခင်လေးက လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်တို့က မိတ်ဆွေတွေ ဖြစ်လို့မရသလို ရန်သူတွေလည်း မဖြစ်ဘူးလေ”
“ဒါဆိုရင် ဘာလို့ ကျုပ်ကို ပေါက်တက်ကရတွေ လျှောက်ပြောနေတာလဲ”
ဝှစ် ဝှစ်
ရုတ်တရက် အလွန်အားကောင်းလှသော အော်ရာများသည် ကောင်းကင်ပေါ်တွင် ဖြစ်တည်လာ၏။ နဂါးနှင့် ဆင်များ၏ ပုံရိပ်ယောင်များသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ယွမ်သခင်လေးဆီသို့ ကျဆင်းလာခဲ့တော့၏။
နဂါးဆင်လက်ဝါးရိုက်ချက်ကို အသုံးပြုလိုက်သည့်နောက်မှာတော့ များပြားလှသည့် နဂါးနှင့်ဆင် ပုံရိပ်ယောင်များ သည် ကောင်းကင်ပေါ်တွင် ဖြစ်တည်လာပြီး လောကကြီးတစ်ခုလုံးကိုပင် အရောင်အဆင်း ကင်းမဲ့သွားစေ၏။
ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ၎င်းတို့အနေနှင့် ဤမျှ ကြီးကျယ်ခန်းနားလှသော အော်ရာများကို ထုတ်ဖော်စေနိုင်သည့် သိုင်းနည်းစနစ်မျိုးကို တစ်ခါမှ မမြင်ဘူးခဲ့ချေ။
“မောက်မာလိုက်တာ”
ယွမ်သခင်လေး၏ ဘေးတွင် သိုင်းနယ်မြေကျင့်ကြံသူသည် လက်ကိုအသာယမ်းခါလိုက် တော့၏။ အားကောင်းလွန်းလှသော နတ်ဆိုးစွမ်းအင်များသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့် နောက်မှာတော့ လက်သီးကြီးတစ်ခုဆီသို့ အသွင်ပြောင်းကာဖြင့် နဂါးဆင်တိုက်ကွက်အား ဖျက်ဆီးရန် ဦးတည်လိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း
အားကောင်းလှသော နတ်ဆိုးကျင့်ကြံသူ၏ ဖွဲ့တည်ထားသော စွမ်းအင်များအားလုံးသည် တည်နေရာကြီးကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးချီများသည် ပျံ့နှံ့သွားပြီးသည့်နောက် များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများပင်လျှင် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မျက်နှာများ ဖြူလျော်သွားခဲ့ ကြ၏။
ဘုန်း
ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသော ပေါက်ကွဲသံကြီး ဖြစ်တည်လာခဲ့၏။ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူ၏ နတ်ဆိုးအော်ရာများသည် ပျောက်ကွယ်သွားပြီးသည့်နောက် ထိုသူသည် အမြှောက်ဆန်ကဲ့သို့ တောင်အောက်သို့ လွင့်ကျသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တခြားသော သိုင်းနယ်မြေကျင့်ကြံသူ သုံးယောက်တို့သည် သတိပြန်လည်မဝင်ခင်မှာပဲ အလွန် အားကောင်းလှသော မွန်းစတားအော်ရာများသည် ၎င်းတို့အား ဖိနှိပ်ထားသည်ကို ခံစားမိလိုက်ကြ၏။
လက်ရှိအခြေအနေမှာတော့ ယွမ်သခင်လေးသည် မည်သူ၏ ကာကွယ်ပေးမှုအောက်တွင်မှ မရှိတော့ချေ။ သူ့အနေနှင့် နဂါးဆင်လက်ဝါးကြီး ကျဆင်းလာသည်ကိုသာ အကူအညီမဲ့စွာဖြင့် ကြည့်ရှုနေရတော့သည်။ အဆုံးသတ်မှာတော့ သူသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်၏။ “မဟုတ်ဘူး”
ဘုန်း
ကြောက်မက်ဖွယ်ရာ ကောင်းလှသော အားအင်များသည် ရင်ဟွေ့တောင်ပေါ်သို့ ကျဆင်းလာခဲ့တော့သည်။ တောင်ကြီးတစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားပြီးသည့်နောက် အက်ကွဲကြောင်းများပင် ဖြစ်တည် လာခဲ့သည်။
ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ် ပြီးသည့်နောက်မှာတော့ အမူအရာများသည် အမျိုးမျိုး ပြောင်းလဲသွားခဲ့ကြတော့၏။ ၎င်းတို့သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်နေမိကြ၏။ “ဘယ်လို သိုင်းနည်းစနစ်မျိုးမို့ ဒီလောက်ကြီး အားကောင်းရတာလဲ”
သို့ပေမဲ့ သေသေချာချာ တွေးတောရန် အချိန်မရှိပေ။ အားလုံးသည် မော့၍ ကြည့်လိုက်၏။ အထက်အမြင့်တွင်တော့ အနီရောင်အတွင်းခံကို ဝတ်ဆင်ထားသော ခရမ်းရောင်ဆံပင်နှင့် ကိုယ်လုံးတီးလူတစ်ယောက်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် လေထဲတွင် ရပ်နေ၏။
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ထိုသူသည် ခရမ်းရောင်ဘုရင်ဖြစ်တော့သည်။
သူသည် ဂိုဏ်းချုပ်ခေါ်ယူလိုက်ပြီးနောက် အစောကြီးကတည်းက ရောက်ရှိနှင့်နေပြီ ဖြစ်သည်။ အမိန့်ကို နာခံပြီးသည့်နောက် ချက်ချင်း အဝတ်များကို ဆုတ်ဖြဲပြီးသည့်နောက် နဂါးဆင်လက်ဝါး ရိုက်ချက်အား ဖျက်ဆီးရန် ကြိုးစားမည့် သိုင်းနယ်မြေကျင့်ကြံသူ လေးယောက်တို့အား ဖိနှိပ်ထားခဲ့ခြင်းပင် ဖြစ်တော့၏။
ဂိုဏ်းအသီးသီးမှ အကြီးအကဲများ အားလုံးသည် အလုံးစုံ ဆွံ့အနေကြတော့သည်။ ဤ ခရမ်းရောင်ဆံပင်နှင့်လူ သည် တစ်ဖက် နတ်ဆိုးကျင့်ကြံသူများထက် ပို၍ အားကောင်းလျက် ရှိနေကြ၏။ ထို့ပြင် ပေါ်ပေါက်လာပြီးသည့် နောက် သူသည် တခြားလူများ အားလုံးကို ဖိနှိပ်ထား၏။ ၎င်း၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အခြေအနေတွင် တည်ရှိနေသည်မှာ သေချာသည်။
ဝှစ် ဝှစ် ဝှစ်
သိုင်းနယ်မြေ နတ်ဆိုးကျင့်ကြံသူ သုံးယောက်တို့သည် ၎င်းတို့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့် နောက်မှာတော့ ခရမ်းရောင်ဘုရင်အား ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်မိလိုက်ကြ၏။
နဂါးဆင်လက်ဝါး ရိုက်ချက်ကို ချိုးဖြတ်ရန် ကြိုးစားခဲ့သော သိုင်းနယ်မြေကျင့်ကြံသူမှာတော့ လက်ဝါးရိုက်ချက်ကြောင့် အောက်သို့ လွှင့်စင်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တွင်းနက်ကြီးထဲတွင် ရောက်ရှိနေသည်။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ရှိသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ခရမ်းရောင်ဘုရင်အား အနိုင်ယူတိုက်ခိုက်နိုင်သည်မဟုတ်ပေ။ ထို့ကြောင့် လက်ရှိ လူများသည် ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်ချက်ကြောင့် အောက်သို့ ပြုတ်ကျသွားသည်ဆိုလျှင်တောင် အံ့အားသင့်စရာ လုံးဝမဟုတ်တာ သေချာ၏။
ဤနေရာတွင် ဂိုဏ်းချုပ်ကျွင်းသည် အမြင်စူးရှလှသည်ဟု ဆိုရမည်။ သူ့အနေနှင့် ယွမ်သခင်လေး တစ်ယောက် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက်နှင့် ပေါ်လာသည်ကို မြင်ရသည်နှင့်တပြိုင်နက် မထင်မှတ်ထားခဲ့သော ကိစ္စများ ဖြစ်လာတော့မည်ကို ခန့်မှန်းမိ၏။ ထို့ကြောင့်ပင် ဂိုဏ်း၏ကျွမ်းကျင်သူများကို အရင်ဆုံး ရောက်ရှိလာစေရန် အမိန့်ပေးခဲ့ခြင်းပင်ဖြစ်သည်။
နက်ရှိုင်းလှသော တွင်း၏ အစပ်ဆီသို့ လျှောက်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ကြီးမားသောလက်ကြီးကို ဖန်တီးပြီး အထဲတွင် လဲလျောင်းလျက်ရှိသော ယွမ်သခင်လေးအား အပေါ်သို့ ဆွဲထုတ်လိုက်တော့၏။ ပြီးနောက် ပြောလိုက်သည်။ “ဒုတိယဂိုဏ်းချုပ်...”
သိုင်းနယ်မြေ ကျင့်ကြံသူ သုံးယောက်တို့သည် ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်၏။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် အောက်သို့ ဆင်းသက်လာပြီးနောက် ၎င်းတို့၏ လမ်းအား တားဆီးလိုက်၏။ “လှုပ်ရဲတဲ့လူက အသေပဲ”
ဤစကားလုံးသည် အလွန်မောက်မာလွန်းလှ၏။ သို့ပေမဲ့ မောက်မာမှုနှင့်အတူ ထိုက်တန်သည့် အားအင်အဆင့်ကို လည်း ပိုင်ဆိုင်နေသေး၏။ အထက်နယ်မြေဆီမှ ခွန်သားရဲကြီးတစ်ကောင် ပီသစွာ ၊ ပြိုင်စံရှားဂိုဏ်း၏ စိတ်ဝိညာဉ် သားရဲဟောခန်းသခင် ပီသစွာပဲ ကျိရှုသည် အလွန်ကောင်းမွန်သည့် ဟိတ်ဟန်ကို ထုတ်ဖော်လျက် ရှိနေ၏။
သိုင်းနယ်မြေ ကျင့်ကြံသူ သုံးယောက်တို့သည် ၎င်းတို့၏ ဒုတိယဂိုဏ်းခေါင်းဆောင်ကို ကယ်တင်ချင်သော်လည်း ခရမ်းရောင်ဘုရင် ထုတ်လွှတ်လိုက်သော မွန်းစတားအော်ရာများမှာ ၎င်းတို့ထက် ပိုမိုအားကောင်း နေသည်ကို သိရှိကြ၏။ ထို့ကြောင့် ခက်ခက်ခဲခဲဖြင့် ရပ်နေရန်သာ တတ်နိုင်တော့သည်။
“ကောင်လေး”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ယွမ်သခင်လေးအား အသာဖမ်းဆုပ်ပြီးသည့် နောက်မှာတော့ အေးစက်စက် ပြောလိုက်မိ၏။ “ခရမ်းရောင်ဝါးတောထဲမှာ ရှိခဲ့တုန်းက မင်းက ကျုပ်ရဲ့ အောက်ခြေစည်းမျဉ်းကို လာရောက်စိန်ခေါ်ခဲ့တယ်၊ ဒါက ပထမဦးဆုံး တွေ့ဆုံတဲ့ အချိန်မို့လို့ ကျုပ်က ဘာမှ မဖြစ်ပါဘူးဆိုပြီး လွှတ်ထားခဲ့လိုက်တယ်ဆိုပေမယ့် ပိုပိုပြီး ဆိုးလာခဲ့တယ်၊ အခုအချိန်မှာတော့ မင်းကို ကျုပ် မရိုက်နှက်ရဘူးဆိုရင် ကောင်းကင်နဲ့ မြေကြီးကို ကျုပ် ဘယ်လိုလုပ် မျက်နှာပြရတော့မလဲ”
ဝေါ့
ယွမ်သခင်လေးသည် သွေးတစ်လုတ် အန်ထုတ်လာခဲ့တော့၏။ ၎င်း၏ မျက်နှာတစ်ခုလုံးသည် အလွန်အမင်း ဖြူလျော်လာခဲ့တော့သည်။ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်တွင်ရှိနေသော သူ၏ ကျင့်ကြံခြင်းသည် ကောင်းမွန်လွန်းလှသည်ဆိုသော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်ချက်အောက်တွင်တော့ သွေးအလိမ်းလိမ်းနှင့် ဖြစ်လို့နေခဲ့တော့သည်။
ဤအရာသည် ကျွင်းချောင်ရှောင်းအနေနှင့် သက်ညှာမှုကို ပြသခဲ့ခြင်းပင် ဖြစ်တော့သည်။ တကယ်တမ်း သူသည်သာ နဂါးဆင်လက်ဝါးရိုက်ချက်ကို အလုံးစုံ ထုတ်ဖော် အသုံးပြုမည်ဆိုပါက ယွမ်သခင်လေး ဆယ်ယောက် ရှိလျှင်ပင် သေဆုံးသွားမှာ သေချာ၏။
ဟုတ်ပေသည်။ ယွမ်သခင်လေး၏ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ယောက်ျားဟန်ဆောင်ထားသော မိန်းကလေးတစ်ယောက် မဟုတ်ဘဲ အစစ်အမှန် ယောက်ျားတစ်ယောက်ဖြစ်မှန်း သိသာလွန်းလှ၏။ ထို့ကြောင့်ပဲ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လောကကြီးတွင် သူ့ထက် ချောမောသည့်လူတစ်ယောက် ရှိနေသည်ဆိုသည်မှာ သူ့အား မခံချိ မခံသာ ဖြစ်စေသောအရာပင် ဖြစ်သည်။
မိမိကိုယ်ကို နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုတိယဂိုဏ်းခေါင်းဆောင်ဟု ပြောဆိုသုံးနှုန်းတတ်သော ယွမ်သခင်လေးသည် တိုက်ခိုက်ချက်တစ်ခုတည်းမှာပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွား၏။ တခြားသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ အားလုံးသည် တီးတိုး ေ“ဒါက ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ် အနေနဲ့ သူနဲ့ မဟာမိတ်ဖွဲ့ထားတာ မဟုတ်ဘူးပေါ့”
“ဒါဆိုရင် ငါတို့ နားလည်မှု လွဲသွားခဲ့တာလား”
“နားထောင်ကြ၊ ခင်ဗျားတို့အားလုံး”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အသာခေါင်းလှည့်ပြီးသည့်နောက် မှာတော့ ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများကို လှမ်း၍ ကြည့်လိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက် မိသည်။ “ပြိုင်စံရှားဂိုဏ်းက ခင်ဗျားတို့အားလုံးရဲ့ ကိစ္စတွေကို လုံးဝ စိတ်မဝင်စားဘူး”
ဤစကားသံသည် ဓာတ်ငါးပါးတာအိုများ ပါဝင်လျက် ရှိနေတော့၏။ ထို့ကြောင့် တည်ရှိနေကြသော လူများ အားလုံး၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာ၏။
“ဂိုဏ်းချုပ်ကျွင်းက ကြောက်စရာပဲ”
ကျွင်းချောင်ရှောင်း၏ ဒေါသထွက်နေသော နောက်ကျောကို ကြည့်ရှုပြီး သည့်နောက် ရှစ်ကျန်းရွမ်၏ တောက်ပနေသော မျက်လုံးများသည် အံအားသင့်မှုများနှင့် ပြည့်နှက်လာ၏။ သို့ပေမဲ့ သူမသည် တီးတိုး ပြောလိုက်မိ၏။ “ဒါပေမဲ့ ကြည့်လို့ အရမ်းကောင်းတယ်”
ဘုတ်
ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးအား မြေပေါ်သို့ ပစ်လွှတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကြီးမား လှသော ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ကျုပ်က ဒီကို ပွဲကြည့်ရုံသက်သက် လာတာ၊ ကျေးဇူးပြုပြီး ဆက်လုပ်ကြပါ”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုတိယ ဂိုဏ်းချုပ်ကို အလုံးစုံရိုက်နှက်ကာ ဒေါသဖြေပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအား နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် သူနှင့် ဘာမှမဆိုင်ကြောင်း ထုတ်ဖော်ပြခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ရှင်းရှင်းလင်းလင်း ပွဲကြည့်ပရိတ်သတ် လုပ်နိုင်ပြီဖြစ်တော့၏။
“ဒုတိယဂိုဏ်းချုပ်”
သိုင်းနယ်မြေကျင့်ကြံသူ သုံးယောက်တို့သည် အလျင်အမြန် ပျံသန်းရောက်ရှိလာပြီးသည့် နောက်မှာတော့ ၎င်းတို့ထဲမှ တစ်ယောက်သည် ယွမ်သခင်လေးအား ချီပိုးလိုက်၏။ ပြီးသည့်နောက်မှာတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားလည်မှုရှိရှိနှင့် အဝေးတစ်နေရာသို့ ပျံသန်းသွားခဲ့ကြတော့သည်။
၎င်းတို့သည် ငြိမ်ငြိမ်သက်သက်ဖြင့် ရောက်ရှိလာပြီး ငြိမ်ငြိမ်သက်သက်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြ တော့သည်။ ဒဏ်ရာရရှိသွားခဲ့သောသူများကို ထမ်းပိုး၍ သွားရသည်သာ ပိုသွားခဲ့၏။
တောင်ခြေတွင် လဲကျလျက်ရှိသော သိုင်းနယ်မြေကျင့်ကြံသူအတွက်တော့ သူသည် အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် လူပုံသဏ္ဍာန်တွင်းကြီးတစ်ခုသာ ကျန်ရှိခဲ့တော့၏။ နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းမှ ကျွမ်းကျင်သူများ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ တောင်ထွတ်ပေါ်တွင် စုဝေးလျက် ရှိသော နတ်ဆိုးအော်ရာများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
များပြားလှသောဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
အစီအစဉ်အရဆိုလျှင် ယွမ်သခင်လေးသည် လမ်းမှန်ဂိုဏ်းသားများကို သင်ခန်းစာပေးရန် လာခဲ့ခြင်းသာ ဖြစ်၏။ အဆုံးသတ်မှာတော့ ၎င်းသည် ကျွင်းချောင်ရှောင်းကို ရန်စမိသောကြောင့် ပြူးပြဲနေအောင် ရိုက်နှက်ခြင်းကို ခံခဲ့ရတော့၏။ ထို့ကြောင့် ဟန်လုပ်မနေနိုင်ဘဲ တစ်ခါတည်း တန်းကာ ပြန်သွားခဲ့ရတော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ကြင်နာတတ်သည့် မျက်နှာအသွင်အပြင်နှင့် အဘိုးအိုသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”
ဂိုဏ်းအသီးသီးမှ အကြီးအကဲများအားလုံးသည်လည်း လက်သီးကိုဆုပ်ကာ ဦးညွတ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကျေးဇူးတင်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေကြသည်။ ထိပ်တန်းဂိုဏ်းများသည် များပြားလှသော ကျွမ်းကျင်သူများကို စေလွှတ်လိုက်သည်ဆိုသော်လည်း သိုင်းနယ်မြေ ကျင့်ကြံသူလေးယောက် နှင့် ယှဉ်ပြိုင်ရန်မှာတော့ အလှမ်းဝေးကွာလျက် ရှိနေသေး၏။ တစ်ဖက်လူသည်သာ တိုက်ခိုက်ခြင်းကို မပြုလုပ်ပါက ဖြစ်လာနိုင်သည့် အကျိုးဆက်သည် ခန့်မှန်း၍ပင် မရနိုင်တော့ချေ။
“သူတို့က ဒီလိုပဲ ထွက်ပြေးသွားတာလား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီ လမ်းမှန်ဂိုဏ်းဆိုတဲ့လူတွေကို ကောင်းကောင်းသင်ခန်းစာ ပေးတော့မယ်လို့ ငါထင်နေတာ”
“.........”
ဂိုဏ်းအသီးသီးမှ အကြီးအကဲများသည် နှုတ်ခမ်းများ တုန်ယင်သွားကြတော့၏။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမှာ ရှုခင်းကြည့်ပြီးသွားပြီ၊ ကျုပ်တို့ အရင်ဆုံး ပြန်ရအောင်”
“ကောင်းပြီ” ရှစ်ကျန်းရွမ်က ခေါင်းညိတ်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် မြောင်ဟွာခန်းမမှ လူများကို ဦးဆောင်၍ ရင်ဟွေ့တောင်ဆီမှ အသာဆင်းသက်လိုက် တော့သည်။
လေထဲတွင် ရပ်တန့်လျက် ရှိနေသော ခရမ်းရောင်ဘုရင်သည် ဂိုဏ်းအသီးသီးမှ အကြီးအကဲများကို အေးစက်စက် လှမ်းကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အမှိုက်တွေ”
သူ့အနေနှင့် ဤလမ်းမှန်ဂိုဏ်းများနှင့် ရန်ငြိုးတည်ရှိနေ၏။ ထို့အပြင် သူ့အား သိုင်းနယ်မြေကျင့်ကြံသူများ စေလွှတ်၍ စည်းခတ်ခဲ့သေး၏။ ဂိုဏ်းချုပ်သာ အမိန့်မပေးပါက ကျိန်းသေပေါက် ထိုသူများအားလုံး၏ ပြဿနာကို ဝင်ရောက်ကူညီပေးလိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကျွင်း”
တောင်ခြေဆီသို့ ဆင်းရာလမ်းမှာတော့ ရှစ်ကျန်းရွမ်သည် ဇဝေဇဝါဖြင့် မေးလိုက်၏။ “ဘာလို့ ခုဏက ဒုတိယခေါင်းဆောင်ကို မသတ်လိုက်တာလဲ၊ ဒါဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ရှိနေတဲ့ နတ်ဆိုးတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပေါ့”
လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် ယွမ်သခင်လေးသည် အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပြီဖြစ်၏။ သိုင်းတပည့် ကျင့်ကြံသူအဆင့်ပင်လျှင် ၎င်းအား လွယ်လွယ်ကူကူနှင့် သတ်ပစ်နိုင်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်သည်။ “သူ့ရဲ့ ပစ်မှတ်က လမ်းမှန်ဂိုဏ်းတွေလေ၊ ပြိုင်စံရှားဂိုဏ်းမှ မဟုတ်တာ၊ ဒါကြောင့် သူ့ကို သတ်စရာ မလိုဘူး”
ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနဲ့ ဂိုဏ်းအသီးသီးတို့ တိုက်ခိုက်တာကို ကြည့်ရှုချင်နေတာလား”
“အမှန်ပဲလေ” ကျွင်းချောင်ရှောင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်မိ၏။
နောက်ဘက်တွင် လိုက်ပါလာခဲ့သော ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့ နှစ်ယောက်လုံးသည် ဆွံ့အသွားခဲ့ကြ တော့သည်။ ၎င်းတို့သည် မျက်မှောင်များကုတ်မိကြ၏။ ပြိုင်စံရှားဂိုဏ်းအနေနှင့် မပါဝင် မပတ်သက်ဘူးဆိုသည်ကို သူတို့ နားလည်ပေးနိုင်သည်။ သို့ပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ကုန်းမြေကြီးတစ်ခုလုံးကို ခြောက်လန့် နေသည့်အရာပင် ဖြစ်သည်။ ထို့ကြောင့် ပွဲကြည့်ပရိသတ်သာ လုပ်မည်ဆိုသည်မှာ အနည်းငယ်လွန်သည်ဟု ခံစား မိ၏။ သို့ပေမဲ့ ၎င်းတို့သည် စိတ်ကူးထဲတွင်သာ တွေးတောနေသည့်အရာများဖြစ်၏။ အပြင်ဘက်တွင်တော့ ထုတ်ဖော်မပြောကြားရဲချေ။
ရှစ်ကျန်းရွမ်က ပြောလိုက်၏။ “တကယ်လို့ နှစ်ဖက်သားတိုက်ခိုက်မယ်ဆိုရင် ဂိုဏ်းချုပ်ကျွင်းအတွက် အကျိုးကျေးဇူး ရှိနိုင်လား”
“မရှိဘူးလေ” ကျွင်းချောင်ရှောင်းသည် ဘေးနားမှ ပွဲကြည့်ရုံသက်သက်သာ ပြုမူခြင်းဖြစ်သည်။
ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တခြားသူတွေနဲ့ ခြားနားနေတာပဲ”
“ခင်ဗျားကလည်း ခြားနားတာပဲလေ” ကုန်းရှန့်သည် ပြုံးကာ ပြောလိုက်မိ၏။
ရှစ်ကျန်းရွမ် ကြောင်သွားမိသည်။
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ခန်းမသခင်ရှစ်ရဲ့ အသွင်အပြင်က အရမ်းအားနည်းတဲ့ပုံစံမျိုး ပေါက်နေတယ်ဆိုပေမယ့် မြောင်ဟွာခန်းမရဲ့ သခင်တစ်ယောက်ဖြစ်လာတဲ့အတွက် ဘယ်လိုလုပ် သာမန်လူ ဖြစ်မှာလဲ”
“ဒါက ကျွန်မအနေနဲ့ အဆင့်လေးဂိုဏ်းတစ်ခုကို လက်လွှဲယူခဲ့ရလို့လေ၊ ဂိုဏ်းချုပ်ကျွင်းလိုမျိုး အဆင့်ကိုးဂိုဏ်း တစ်ခုကနေ အဆင့်လေးဂိုဏ်းတစ်ခုဖြစ်အောင် ပြုလုပ်နိုင်ခဲ့တာမှ မဟုတ်တာ” ရှစ်ကျန်းရွမ်သည် ပြုံးကာ ပြောလိုက်မိ၏။
စနစ်သည် မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။ “ဒီလိုမျိုး အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့်နေ ရတာ ဘာအကျိုးရှိလို့လဲ”
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် ဂိုဏ်းထဲမှာ လုပ်စရာတွေ ရှိသေးတယ်လေ၊ ဒီတော့ အရင်ထွက်သွားပါတော့မယ်”
“အင်း...” ရှစ်ကျန်းရွမ် ပြောပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် အဝေးဆီသို့ ပျံသန်းထွက်ခွာသွားခဲ့တော့၏။
................
ဝှစ် ဝှစ်
အလွန်တရာနက်မှောင်ပြီး တောအတွင်းဘက်ကိုကျသော လှိုဏ်ဂူတစ်ခုအတွင်းမှာတော့ မီးဖိုတစ်ခု တည်ရှိလို့ နေ၏။ ထိုမီးဖိုသည် အအေးဓာတ်များကို ပျောက်ကွယ်စေသည်သာမက ရစ်ငှက်ကင်ဆီမှ မွှေးပျံ့သည့်ရနံ့များ ကိုလည်း ထုတ်ဖော်လျက်ရှိ၏။
“အစ်မရှ”
စုရှောင်မိုသည် ကင်ထားပြီးသော ရစ်ငှက်တစ်ကောင်ကို လှမ်း၍ပေးလိုက်၏။ “ဗိုက်ဝတဲ့အထိစားနော်၊ ဒါမှ ဒဏ်ရာတွေက ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ကောင်းလာမှာ”
ခြေချိတ်ထိုင်လျက်ရှိသော ရှရွှေယွင်သည် မျက်လုံးကိုဖွင့်ကာဖြင့် ကင်ထားသောရစ်ငှက်ကို အသာလှမ်းယူလိုက်၏။ ပြီးနောက် ဘေးတစ်ဖက်ဆီသို့ အသာလှည့်ကာ စားသုံးတော့၏။
“အစ်မရှ... အရင်စားပါ”
စုရှောင်မိုသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ကျုပ် စမ်းရေနည်းနည်းလောက် သွားခပ်လိုက်အုံးမယ်”
“နေအုံး... ”
ရှရွှေယွင်က အသာလှည့်ကာ ပြောလိုက်၏။ “မင်းလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်လေ၊ ဘာလို့ မနားတာလဲ”
“နှစ်ယောက်လုံး နားလိုက်မယ်ဆိုရင် ဘယ်သူက ဒီနေရာကို စောင့်ရှောက်မှာလဲ” စုရှောင်မိုသည် ပြုံးကာ ပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ ပြန်လှည့်မကြည့်တော့ဘဲ ရေခပ်ရန် လှိုဏ်ဂူထဲမှ ထွက်ခွာသွားခဲ့တော့ သည်။
.................
ရှရွှေယွင်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ခဲ့သော ကိစ္စရပ်များကို ပြန်လည်ကာ စဉ်းစားမိ၏။ အမဲရောင်မျက်နှာဖုံးနှင့် လူများ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရသည့် အချိန်မှာတော့ သူမသည် တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ကြီးကို ခံရရန် အခြေအနေမျိုး ဖြစ်တည်ခဲ့၏။
ထိုအခြေအနေမျိုးတွင် စုကုန်းရှန့်သည် သူမ၏ရှေ့သို့ ရောက်ရှိလာပြီး တစ်ဖက်မှ လက်ဝါးရိုက်ချက်အား ကျောဖြင့် ကာကွယ်ပေးခဲ့သည်။ ဤကဲ့သို့သော အပြုအမူမျိုးသည် ရေခဲဘုရင်မ၏ အသည်း နှလုံးအား အရည်ပျော်သွားစေခဲ့သည်။