အထက်စီးမှ ပြောဆိုခြင်း
Vol. 014 Ch. 1368
ကျန်းချန်ချင်းသည် ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ သူက အခု ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ် အမွေအနှစ်က နိမ့်ကျသည်ဟု ဆိုလိုက်သည်လား။
ကျန်းချန်ချင်းသာလျှင်မကဘဲ ဒဏ္ဍယရီဂိုဏ်းရှစ်ခုမှ မိုးကြိုးကျင့်စဉ်များသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ သွေးကြောများဖြစ်ကြသည်။ ဤလူက သူတို့ ဒဏ္ဍာရီဂိုဏ်း ရှစ်ခု၏ မိုးကြိုးကျင့်စဉ်များကို အထင်အမြင်သေးနေသည်လား။
“သခင် ဒီအရူးတွေက ဘယ်သူလဲ” ရီဖူရှင်း၏ ဘေးမှ သိမ်းငှက်ကလေးက မေးလိုက်သည်။
သူတို့က ဘယ်လောက် မျက်နှာပြောင်တိုက်လို့ သူ့သခင်၏ ကျင့်ကြံခြင်းကို တားမြစ်ရဲရသည်လဲ။
“ကိုယ့်ကိုယ်ကိုယ် လူမှန်ကြီးတွေထင်နေတဲ့ အရူးတစ်စုပါကွာ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ အဓိက မိုးကြိုးကလန်ကြီး ရှစ်ခုမှ လူများက ရီဖူရှင်းကို စူးစူးဝါးဝါး ကြည့်လိုက်ကြ၏။ အားကောင်းလှသည့် စွမ်းအားက လေဟာနယ်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ကနေ မိုးကြိုးများ အချိန်မရွေးကျဆင်းလာတော့မလို လျှပ်စီးများလင်းလက်လာသည်။
“မင်းက ကျုပ်တို့ရဲ့ ဒဏ္ဍာရီမိုးကြိုးလမ်းစဉ်ကို ဘယ်လိုကြောင့် အထင်အမြင်သေးပြီး စော်ကားရဲတာလဲ ကြည့်ချင်သေးတယ်” ကျန်းချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။ သူက လူတစ်ယောက်ကို ကြည့်လိုက်ပြီး ထိုလူက ရှေ့သို့ တက်ကာ ရီဖူရှင်းထံသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။ မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် ရှန့်ထိုတစ်ယောက် အနေနှင့် သူသည်လည်း ကောင်ူကင်မိုးကြိုး ထောင်ချီရိုက်ချက်ကို ခံယူကာ နတ်တောင်မူလစံချိန်ကို ချိုးဖျက်ခဲ့သည့် ရီဖူရှင်း၏ ခွန်အားအစစ်အမှန်ကို မြင်တွေ့လိုပေသည်။
ဘုန်း! ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး မိုးကြိုးပေါက်ကွဲသည့်အသံများ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များ ရစ်ဖွဲ့လာ၏။
ပြင်းထန်သည့် မဟာလမ်းစဉ် စွမ်းအားများ ထွက်ပေါ်လာပြီး အားလုံးသော တန်ခိုးရှင်များနှင့် နတ်ဆိုးသားရဲများက ထိုနေရာမှ ဆုတ်ခွာသွားကြသည်။ နတ်ဆိုးသားရဲများသည် စိတ်လှုပ်ရှားနေသည့် ခပ်တိုးတိုး အော်သံများကို ထုတ်လွှတ်လိုက်ပြီး စိတ်ဝင်စားနေကြသည်။
ဤလူသားများသည် အစွမ်းမရှိဘဲ သူတို့၏ နတ်ဆိုး အိမ်ရှေ့စံကို ဆန့်ကျင်ခဲ့ပြီး ယခု အချင်းချင်း တိုက်ခိုက်နေကြပြန်သည်။
ရီဖူရှင်းက တစ်ချိန်တည်းမှာပင် ထိုသူကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ ဤအဓိက မိုးကြိုးကလန်ရှစ်ခုသည် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကြောင့် သွေးမြေကျအောင် ရက်ရက်စက်စက် အရိုက်ခံခဲ့ရသည်။ ယခုကဲ့သို့ ကိုးရို့ကားယား အခြေအနေမျိုးတွင် သူတို့က မလူးသာမလွန့်သာ အခြေအနေ၌ ရှိနေပေသည်။
အခု သူတို့က သူ့အပေါ်မှာ ဒေါသဖြေဖို့ ကြိုးစားနေကြသည်လား။
ကောင်းကင်ထက်တွင် မိုးကြိုးသံများ ထွက်ပေါ်လာနေပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ်က အဆက်မပြတ် အော်မြည်နေကာ ရီဖူရှင်း၏ အထက်လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။
ရီဖူရှင်းသည် ရှေ့သို့ လှမ်းလိုက်ပြီး ကြယ်အလင်းလှိုင်းများနှင့် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ နတ်ဘုရားခန္ဓာအဖြစ် ပြောင်းလဲလိုက်သည်။ ကောင်းကင်နှင့် မြေကြီးသည် ကြယ်များ၏ ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပြီး ကြယ်တစ်ခုချစ်စီတိုင်းသည် တောက်ပစွာ စီးဆင်းနေကြသည်။
ခရမ်းရင့်မြေအောက်လောကနယ်မြေမှ တန်ခိုးရှင်က လက်များကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို တွန်းကန်ထားသကဲ့သို့ လက်ဝါးများကို မျက်နှာမူလိုက်သည်။ ကောင်းကင်နှင့် မြေကြီး၏ အလင်းများက ထွန်းလင်းတောက်ပနေပြီး သူ၏ လက်ဝါးမှ ဆင်းသက်လာက တောက်ပသည့် ရောင်စဉ်များအဖြစ် ဖွဲ့စည်းလာသည်။
ဘုန်း…
မိုးကြိုးလျှပ်စီးတန်းက လေဟာနယ်ကို ဖြတ်သန်းလာသည်။ လျှပ်စီးကဲ့သို့ အလျင်နှင့် ရီဖူရှင်းထံသို့ တဟုန်ထိုး ပြေးဝင်လာ၏။ သူ၏ လက်ဝါးနှစ်ဖက်ကို တစ်ချိန်တည်းတွင် ခပ်ဆဆ ရိုက်ထုတ်လိုက်သည်။ သူ၏ လက်ဝါးများမှ လျှပ်စီးများက ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး ထက်ရှသည့် အလင်းများ ထွက်ပေါ်လာကာ ရီဖူရှင်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ဘုန်း…
မိုးချုန်းသံက ကောင်းကင်ကို ဖြတ်ထွင်း ထွက်ပေါ်လာကာ ပြိုင်ဘပ်ကင်း အဆုံးမဲ ဝူထူမိုးကြိုးစွမ်းအားများက လက်ဝါးထက်တွင် စုစည်းလာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။ ကောင်းကင်ထက်မှ မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားများက တစ်ချိန်တည်းတွင် ကျဆင်းလာပြီး ရီဖူရှင်း၏ ကြယ်စင်တိုက်ပွဲသဏ္ဌာန်ပေါ်သို့ ရိုတ်ခတ်လာသည်။
ကြယ်အလင်းများက တောက်ပကာ လင်းလက်နေသော်လည်း အက်ကွဲလိုက်လာနေသည်။
သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်ကိုတော့ ထိခိုက်ခြင်းမရှိပေ။ အဆုံးမဲ့ မိုးကြိုးများသည် ကြယ်အလင်းများအတွင်းသို့ တဟုန်ထိုး ဝင်ရောက်နေပြီး တရစပ် တိုက်ခိုက်နေသော်လည်း မလှုပ်ခါနိုင်ဘဲ ကျန်ရစ်လေသည်။
အနီးရှိ လူများမှာ ရီဖူရှင်းကို ကြည့်နေကြသည်။ အဆုံးမဲ့ လျှပ်စီးမိုးကြိုးများက လောကတခွင် ကိုက်ပေါင်းထောင်ချီ ဖြန့်ကျက်သွားသော်လည်း သူ၏ သလင်းကဲ့သို့ ကြည်လင်နေသည့် ခန္ဓာကိုယ်သည် မပျက်စီးနိုင်သည့် နတ်ဘုရားခန္ဓာကဲ့သို့ ကျန်ရစ်ပေသည်။ သူက မိုးကြိုးစွမ်းအားများ၏ အောက်တွင် ရပ်နေလျှင်ပင် ထူးဆန်းစွာနှင့် မားမားမတ်မတ် ကျန်ရှိနေပေသည်။
ခရမ်းရင့်မြေအောက်လောက နယ်မြေရှိ တန်ခိုးရှင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရီဖူရှင်းသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ပေါက်ကွဲသည့် အသံများ ထွက်ပေါ်လာသည်။ အဆုံးမဲ့ မဟာလမ်းစဉ် ကပ်ဘေးမိုးကြိုးစွမ်းအားများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာပြီး သူ၏ လက်ဝါးသို့ စုစည်းလာသည်။ သူသည် လက်ဝါးမှ လက်သီးအဖြစ်သို့ ကျစ်ကျစ်ဆုပ်လိုက်၏။ သူ၏ လက်ဝါးက လက်သီးအဖြစ် ဆုပ်လိုက်သည်နှင့် ထောင်ချီသော မိုးကြိုးလျှပ်စီး ကပ်ဘေး အလင်းတန်းများက လေဟာနယ်ကို ဖြတ်၍ ဓားများအသွင် ဖြစ်ပေါ်လာသည်။
ခြိမ်းခြောက်နိုင်သည့် စွမ်းအားကို ခံစားမိသည်နှင့် ခရမ်းရင့်မြေအောက်လောကဂိုဏ်းက တန်ခိုးရှင်သည် သူ၏ ခန္ဓာကိုယ်ကို နောက်သို့ လျှပ်စိးရိပ်များကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ သို့ဆိုလျှင်ပင် ရီဖူရှင်းသည် လျှပ်စီးအဖြစ်ပြောင်းလဲသွားကာ အရိပ်များကဲ့သို့ သူ့နောက်မှ လိုက်ကာ ယင်း၏ အဆုံးစွန်ဆုံးထိ တွန်းအားပေးနေသည်။
လူနှစ်ယောက်၏ ခန္ဓာကိုယ်များက လေဟာနယ်ကို တပြိုင်နက်တည်း ဖြတ်သန်းသွားပြီး ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ လူအုပ်ကြီးသည် ရီဖူရှင်း၏ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးအလင်းများဖြင့် လွှမ်းခြုံထားည့် လက်သီးက ရှေ့သို့ ထွက်သွားသည်ကို မြင်လိုက်ရသည်။
ဘုန်း...
ကျယ်လောင်သည့်အသံနှင့် ခရမ်းရင့်မြေအောက်လောကဂိုဏ်းက တန်ခိုးရှင်၏ ခန္ဓာကိုယ်က ရပ်တန့်သွားပြီး မိုးကြိုးလက်သီးက သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။ နတ်ဘုရားပြစ်ဒဏ်မိုးကြိုး၏ ဖျက်ဆီးခြင်းအလင်းများက သူခန္ဓာကိုယ်အတွင်းသို့ ပေါက်ကွဲသွားပြီးနောက် သူ၏ ခန္ဓာကိုယ် နေရာအနှံ့မှ ပေါက်ကွဲထွက်လာသည်။ မရေတွက်နိုင်သည့် လျှပ်စီးအလင်းများက လေဟာနယ်ကို ထွန်းလင်းနေစေသည့်အတွက် လူအများကို မျက်လုံးများ ဖွင့်ရခက်ခဲစေရန် ပြုလုပ်နေသည်။
နောက်ထပ် ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး ခရမ်းရင့်မြေအောက်လောကဂိုဏ်းမှ တန်ခိုးရှင်၏ ခန္ဓာကိုယ်က ချက်ချင်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူ၏ တွန့်လိမ်နေသော ခန္ဓာကိုယ်က တူးခြစ်မည်းနက်နေကာ သူ၏ ဆံပင်ရှည်များကလည်း ရှုပ်ပွနေပြီး ပါးစပ်မှ သွေးတပွက် အန်ထုတ်လိုက်ကာ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများ ဖြစ်ပေါ်နေသည်။
ခရမ်းရင့်မြေအောက်လောက နယ်မြေမှ တန်ခိုးရှင်များ၏ မျက်နှာက ပျက်ယွင်းသွားကြသည်။ ဤတန်ခိုးရှင်က အလွန် မသန်မာသော်လည်း အားမနည်းလှပေ။ သို့သော် ရီဖူရှင်းက သူ့ကို တစ်ချက်တည်းနှင့် ရှုံးနိမ့်စေခဲ့သည်။
ထို့ပြင် သူ၏ လျှို့ဝှက် ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ်ဖြင့် တိုက်ခိုက်မှုက ရီဖူရှင်း၏ ခုခံမှုကိုပင် ထိုးမဖောက်နိုင်ခဲ့ချေ။
ကျန်းချန်ချင်းနှင့် အခြားလူများသည် ကောင်းကင်ထက်ရှိ ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။ ရီဖူရှင်းက သူတို့ကို သာမန်အတိုင်း ကြည့်လိုက်ပြီး သရော်လိုက်သည်။ “ဒါက ခရမ်းရင့်မြေအောက်လောက နယ်မြေရဲ့ အမွေအနှစ်လား။ တကယ်ကို အစွမ်းထက်ပါပေတယ်”
သူ၏ ထေ့ငေါ့စကားသံက ကြမ်းရှနေသည်။ သူသည် အဖြူရောင် ဝတ်စုံနှင့် လေထဲတွင် ရပ်နေခဲ့သည်။ သူ၏ ငွေရောင်ဆံပင်များက လေတွင် လွင့်နေပြီး ချောမောလှသည့် မျက်နှာထက်တွင် စိတ်မဝင်စားသည့် အမူအရာကို ပြသနေသည်။ ထိုအချိန်တွင် ခရမ်းရင့် မြေအောက်လောက နယ်မြေနှင့် ယှဉ်လျှင် ရီဖူရှင်းသည် အနှောင်အဖွဲ့ကင်း၍ တက်ကြွသည့် သဏ္ဌာန်ရှိသည်။
တစ်ချိန်က ရီဖူရှင်းသည် အင်ပါယာကျီမင်၏ မျက်နှာသာပေးမှုကို တောင်းဆိုခဲ့ရပြီး များပြားလှသည့် ရန်ဟောင်ပုဂ္ဂိုလ်များ တည်ရှိမှုကြောင့် သူ၏ စရိုက်နှင့် အစစ်အမှန် ခွန်အားကို ဖိနှိပ်ထားခဲ့ရသည်။
အခြားသော ပုဂ္ဂိုလ်တစ်ဦး ထွက်လာပြီး လေထံသို့ လျှောက်လာသည်။ ထိုသူသည်လည်း မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့် ဖြစ်ပေမယ့် သူ၏ အသက်စွမ်းအားက ပိူ၍ သန်မာပေသည်။ မိုးကြိုးတိမ်တိုက်များက ရွေ့လျားနေပြီး ကြီးမားသည့် မိုးကြိုးနတ်ဘုရားအရိပ်ရ သူ၏ နောက်တွင် ခမ်းနားထည်ဝါစွာ ပေါ်ပေါက်လာသည်။
ဤ မိုးကြိုးနတ်ဘုရားအရိပ်သည် မိုးကြိုး နတ်ဘုရားလှံကို ကိုင်စွဲထားပြီး ကောင်းကင်ထက်ရှိ မိုးကြိုးစွမ်းအားများကို စုစည်းလိုက်သည်။ သူ၏ လက်ဝါးများကို ဆန့်ထုတ်လိုက်လျှင် မိုးကြိုးနတ်ဘုရားအရိပ်၏ လက်ထဲမှ နတ်ဘုရားလှံကလည်း ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း မိုးကြိုးအလင်းများကို ထုတ်လွှတ်နေသည်။
ရီဖူရှင်းသည် ထိုသူကို သာမန်ကာလျှံကာမျှ တစ်ချက် ကြည့်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် သူ၏ လက်ထဲတွင် ရှည်လျားသည့် လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ မိုးကြိုးကပ်ဘေးအလင်းများက တဖန်စုစည်းလာပြန်ကာ လှံရှည်အတွင်းသို့ ပေါင်းစပ်သွားပြီး အနီးအနားလေဟာနယ်အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။
“ဘန်း” ရီဖူရှင်းသည် လေထုအတွင်းသို့ ခြေလှမ်းလိုက်ပြီး မဟာလမ်းစဉ်၏ စွမ်းအားများ ကျဆင်းလာကာ ထိုသူကို လွှမ်းခြုံသွားသည်။ လှံနှင့် တန်ခိုးရှင်သည် သူ့အထက်မှ ပြင်းထန်သည့် ဖိနှိပ်မှုအင်အားကို ခံစားမိလိုက်သည်။
ဘုန်း…
မိုးကြိုးသည် ပြင်းထန်စွာဖြင့် ကောင်းကင်ကို ဖြတ်ကာ ရီဖူရှင်းထံသို့ ဦးတည်လာသည်။
ဘန်း…
ရီဖူရှင်းက နောက်ထပ် ခြေလှမ်းထပ်လှမ်းလိုက်သည်။ ထိုအခိုက်တွင် လူတိုင်းသည် ရီဖူရှင်း ထုတ်သုံးနေသည့် တိုက်ကွက်စွမ်းအားများက နတ်ဆိုးအိမ်ရှေ့စံ ကျူးယန့်နှင့် တူသည်ဟု ခံစားလိုက်ကြရသည်။
မိုးကြိုးအလင်းတန်းသည် လေတံခွန်စကဲ့သို့ ဟက်တက်ခွဲဖြတ်သန်းသွားကာ ရီဖူရှင်း၏ ပုံရိပ်သည် ခရမ်းရင့်မြေအောက်လောကနယ်မြေမှ တန်ခိုးရှင်ထံသို့ တည့်မတ်စွာ ပြေးဝင်သွားပြီး သူ့လက်ထဲမှ လှံရှည်က တိုက်ရိုက် ရိုက်ခတ်လိုက်သည်။
ခရမ်းရင့်မြေအောက်လောက နယ်မြေမှ ထိုတန်ခိုးရှင်သည် မရှောင်တိမ်းဘဲ ကောင်းကင်သို့ တက်လှမ်းသွားခဲ့သည်။ အစွမ်းထက် မိုးကြိုးနတ်ဘုရား ပုံရိပ်သည် သူနှင့် ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရပြီး သူ၏ စွမ်းအားက အကန့်အသတ်မရှိ တိုးပွားလာသည်။ လှံသည် မိုးကြိုးလမ်းစဉ်နှင့် ပေါင်းစည်းကာ ပျံသန်းထွက်လာပြီး ရီဖူရှင်း၏ လှံရှည်နှင့် ရိုက်ခတ်သွားခဲ့သည်။
ဖျက်ဆီးခြင်းအလင်းများက ထွက်ပေါ်လာ၏။ တောက်ပသည့် အလင်းတန်းများ ဖြတ်သန်းသွားပြီး လူအုပ်ကြီးသည် မိုးကြိုးလှံက အက်ကွဲကာ ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ကြရသည်။ ရီဖူရှင်း၏ လှံရှည်က မိုးကြိုးနတ်ဘုရားခန္ဓာသို့ တိုက်ရိုက် ထိုးစိုက်သွားပြီး ဝါးပင်ကဲ့သို့ လွယ်ကူစွာ ဖောက်ဝင်သွားလေသည်။
ကျယ်လောင်သည့်အသံနှင့် မိုးကြိုးနတ်ဘုရားပုံရိပ်သည် အပိုင်းပိုင်း ဖောက်ခွဲခံလိုက်ရသည်။ ခရမ်းရင့်မြေအောက်လောက နယ်မြေမှ တန်ခိုးရှင်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
နှင်တံတစ်ချက်က အရာအားလုံး၏အဆုံးအဖြတ်ဖြစ်သည်။
“ဒါက.....”
လူအများသည် မယုံကြည်နိုင်စွာ အံ့အားသင့်နေကြစဉ်တွင် အဓိကမိုးကြိုးကလန်ကြီး ရှစ်ခု အထူးသဖြင့် ခရမ်းရင့်မြေအောက်လောကဂိုဏ်းက အတော်လေး ရှက်ရွံ့နေကြပေသည်။
တိုက်ပွဲက တစ်ချက်တည်းနှင့် အပြီးသတ်သွားသည်။ ရီဖူရှင်းသာ မညှာတာခဲ့လျှင် ပြိုင်ဘက်များက ချက်ချင်းသေဆုံးသွားပေလိမ့်မည်။
ဤမြင်ကွင်းသည် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်သည့်အချိန်နှင့် တူညီနေပသည်။
“ဘာနည်းလမ်းထပ်သုံးဦးမလဲ” လေထုအထက်မှ ရီဖူရှင်းသည် သူ၏ ခေါင်းကို နှိမ့်ကာ ငုံ့ ကြည့်လိုက်သည်။ သူသည် မာနကြီးကာ ရက်စက်တတ်ပုံပေါ်နေသည်။
သူသည် မိုးကြိုးလမ်းစဉ် ကျင့်ကြံခြင်းမှ တားမြစ်ခံခဲ့ရသည်။
သို့သော် ရီဖူရှင်းက အဓိက မိုးကြိုးဂိုဏ်းကြီး ရှစ်ခုမှ မိုးကြိုးလမ်းစဉ်ကို သူ တကယ် လိုချင်တာ သေချာရဲ့လားဟု ပြောခဲ့သည်။
သိမ်းငှက်နက်၏ အသံက အောက်ဘက်မှ နေ၍ ထွက်ပေါ်လာသည်။ “သခင်.. ဒါက ဘယ်လို ဒဏ္ဍာရီလာမိုးကြိုးကျင့်စဉ်လဲ။ အရမ်း အားကောင်းတာပဲ” သူက လူသားအသွင်ပြောင်းထားသော်လည်း သူ၏ ဦးခေါင်းက သိမ်းငှက်ပုံစံပင် ဖြစ်တာကြောင့် ယင်း၏ စူးရှရှအသံက ထိုးဖောက်ထွက်ပေါ်လာသည်။
ယခုပင် သူတို့သည် ဒဏ္ဍာရီမိုးကြိုး ကျင့်စဉ်ဟု ပြောနေကြပြီး သူ့ သခင်ကို ကျင့်ကြံရန် တားမြစ်ချင်ကြသည်။
မည်မျှ အံ့သြဖွယ်ကောင်းလိုက်သနည်း။
“သူတို့အတွက်တော့ ဒဏ္ဍာရီမိုးကြိုးကျင့်စဉ်ဆိုတာ မဟာလမ်းစဉ်ရဲ့ မိုးကြိုးကျင့်စဉ် ကျင့်ကြံခြင်းတွေကို ကိုယ်စားပြုတယ်လို့ ဆိုလိုတာပဲ။ တစ်ယောက်ယောက်က သူတို့ရဲ့ ကျင့်စဉ်ကို မကျင့်ကြံရင် မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံဖို့ ခွင့်မပြု ကြတော့ဘူးလေ” ရီဖူရှင်းက လေထဲမှနေ၍ လှောင်ပြောင်ကာ တုံ့ပြန်လိုက်သည်။ ခရမ်းရင့်မြေအောက်လောက နယ်မြေမှ တန်ခိုးရှင်အားလုံး၏ မျက်နှာများသည် မှောင်မည်းသွားခဲ့လေသည်။
“မင်း စည်းကျော်သွားပြီ”
ကန်းကျင့်၏ သတ်ဖြတ်ခြင်းမိုးကြိုးကို ကျင့်ကြံသည့် ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်တစ်ဦးက ရှေ့သို့ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က လေထဲသို့ တိုက်ရိုက်ခုန်တက်လာပြီး ကောင်းကင်ထက်မှ စုစည်းကာ ပေါ်ပေါက်လာသည့် ကန်းကျင့် သတ်ဖြတ်ခြင်း မိုးကြိုး အားလုံးကို စုစည်းကာ မိုးကြိုးနတ်ဓားကို ဖန်တီးလိုက်ပြီး အောက်သို့ တရကြမ်းကျဆင်းစေလိုက်သည်။
သူသည်လည်း ထက်ရှလှသော နတ်ဓားပေါင်းများစွာနှင့် လွှမ်းခြုံထားသည်။
ရီဖူရှင်းသည် လေထဲသို့ တစ်ချက်ကြည့်လိုက်ကာ ရုတ်ချည်းပင် သူ့ခန္ဓာအနီး နေရာတွင် ရှေးဟောင်းစာလုံးများ ပေါ်ပေါက်လာသည်။ ယင်းစာလုံးများတွင် မဟာလမ်းစဉ် ကြယ်စွမ်းအားများ ပါဝင်နေပြီး သူ၏ ခန္ဓာကိုယ်ကို ဝန်းရံကာ ပတ်လမ်းတစ်ခုဖြင့် လှည့်ပတ်နေသည်။ ယင်းတို့သည် ပျံသန်းထွက်သွားကာ အံ့အားသင့်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျဆင်းလာနေသည့် နတ်ဓားများနှင့် ထိခတ်သွားကာ စွမ်းအားများကို ချက်ချင်း ပြိုကွဲသွားစေခဲ့သည်။
ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်သည် သူ၏ လက်ကို နှင့် ချိပ်တံဆိပ်များကို ရေးဆွဲပေါင်းစည်းလိုက်သည်။ ရုတ်တရက် အဆုံးမဲ့ ကန်းကျင့် နတ်ဓားက မိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပေါက်ကွဲထွက်လာကာ ကောင်းကင်ကို အပိုင်းပိုင်း စုတ်ဖြဲ၍ ရီဖူရှင်းထံသို့ တဟုန်ထိုး ဝင်ရောက်လာသည်။
ရီဖူရှင်းသည် ရှေ့သို့ ဆက်လက်ပျံသန်းနေပြီး အဆုံးမဲ့ ရှေးဟောင်းစာလုံးများက ထူးခြားသည့် စည်းချက်များ ပါဝင်နေသည်ဟု ထင်မှတ်ရပေသည်။ ကြယ်စွမ်းအားများသည် ရှေးဟောင်းစာလုံးများအတွင်း ပေါက်ကွဲထွက်ကာ စာလုံးတစ်ခုချင်းစီက ကြယ်များအသွင်နှင့် ဆက်လက် မျောလွင့်နေပြီး အဆုံးမဲ့ နတ်ဓားများနှင့် တိုက်မိသွားကာ ရှေ့သို့ ဆက်လက်တိုးဝင် ဖျက်ဆီးလိုက်သည်။
နတ်ဓားများက ပြိုပျက်သွားကာ ဖျက်ဆီးခံလိုက်ရသည်။ ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး နတ်ဓားများအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။ ကြီးမားသည့် ရွှေရောင်နတ်ဓားက ပေါ်ထွက်လာပြီး တိမ်များထံသို့ ထိုးဖောက်ကာ ရီဖူရှင်းထံ တရကြမ်း တိုးဝင်လာပေသည်။
ဘုန်း…
ရီဖူရှင်းသည် အရှိန်နှင့် လေထုထဲတွင် ခြေလှမ်းလိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ထောင်သောင်းချီသည့် ရှေးဟောင်းစာလုံးများက သူ၏ ခြေထောက်အောက်၌ ကြီးမားသည့် ကြယ်ကျောက်တုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်မှ ကျဆင်းလာကာ ဖိနှိပ်ထားခဲ့သည်။
ခဏချင်းအတွင်းတွင် ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်သည် ကြယ်ကမ္ဘာကြီးအတွင်း နက်ရှိုင်းစွာ ပိတ်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှေရောင်နတ်ဓားကြီးသည် ကြယ်ကျောက်တုံးပေါ်သို့ ရိုက်ခတ်မိပြီး တစစီကွဲကြေသွားခဲ့သည်။ ကြယ်ကျောက်တုံးက ဆက်လက်၍ ဖိနှိပ်ကာ ကျဆင်းလာနေပြီး ရီဖူရှင်းက ထိုကျောက်တုံးပေါ် ခြေချကာ ယင်းနှင့်အတူ ဆင်းသက်လာနေသည်။ ဆင်းလာသည့် လမ်းတလျှောက်၌ အရာအားလုံးကို ဖိနှိပ်ကာ နောက်ဆုံး၌ တောင့်ခံနိုင်ခြင်းမရှိတော့သည့် ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်သည် သွေးတပွက်အန်လိုက်ရပြီး သူ့ခန္ဓာကိုယ်က ပြုတ်ကျသွားခဲ့သည်။
ရှေးဟောင်းစာလုံးများက တစ်ခုပြီးတစ်ခု ကျဆင်းလာကာ သူ့ခန္ဓာကို ရိုက်ခတ်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိစေခဲ့သည်။
ယင်းတိုက်ပွဲသည်လည်း လွယ်ကူစွာ ပြီးဆုံးသွားခဲ့သည်။ ကျင်းအင်ပါယာကလန်ကို ကိုယ်စားပြု တိုက်ခိုက်ခဲ့သည့်သူသည် ထူးချွန်သည့် ပုဂ္ဂိုလ်ဖြစ်ကာ သူက တိုက်ပွဲအတွေ့အကြုံများပြီး အရည်အချင်း ရှိလျှင်ပင် သူတို့က တူညီသော အဆင့်တွင် ရှိနေသူများ မဟုတ်သကဲ့သို့ ချက်ချင်း ရှုံးနိမ့်သွားခဲ့သည်။
“ဘယ်သူလာဦးမလဲ”
ရီဖူရှင်းက ခေါင်းကို ငုံ့ကာ အောက်ဘက်ရှိ အဓိကမိုးကြိုးကလန်များကို ကြည့်လိုက်သည်။
မည်သူက တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနိုင်မည်လဲ။
နေရာတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ လူအများစုက ပြပွဲ ကြည့်ရုံလောက်သာ သဘောထားသော်လည်း သူတို့သည် ရီဖူရှင်း၏ ပြောင်မြောက်လှသောတိုက်ပွဲစွမ်းရည်ကို အံ့အားသင့်နေကြသည်။ သူသည် အဓိကမိုးကြိုးကလန်ရှစ်ခုမှ ပါရမီရှင်များကို အလွယ်တကူ ရှုံးနိမ့်နေစခဲ့သည်။
ဤတိုက်ပွဲသည် ခရမ်းရင့်မြေအောက်လောက နယ်မြေမှ လူများကို ခေါင်းမမော့နိုင်တော့ဘဲ မျက်နှာပျက် အရှက်ရစေရန် လုံလောက်ပေသည်။
တစ်စုံတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အဓိကမိုးကြိုးကလန်ရှစ်ခုကို မိုးကြိုးလမ်းစဉ်များ ဆက်ခံစေခဲ့သည့် အရေးပါဆုံး အင်အားစု၊ မိုးကြိုးကျင့်စဉ်များ အများဆုံး စုစည်းရှိနေသည့် နေရာအဖြစ်လူသိများသော အင်အားစုဖြစ်သည့် ခရမ်းရင့်ကောင်းကင်နန်းတော်အနေနှင့် ထွက်ကာ တိုက်ခိုက်တော့မည် ဖြစ်သည်။
***