← Chapters

ဝင်္ကပါကို ဖြတ်ကျော်ခြင်း

Vol. 014 Ch. 1369

ဝင်္ကပါကို ဖြတ်ကျော်ခြင်း

Vol. 014 Ch. 1369

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် လေထဲတွင် ရှိနေသည့် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

ယခင်က ရီဖူရှင်းသည် အင်ပါယာကျီမင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်မှာ ဂူတုံးလျှိုကြောင့်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။

ယခု မြင်တွေ့ရသည်မှာ သူ ငြင်းပယ်သည့်အကြောင်းရင်းက ထို့ထက်ပိုလေသည်။

သူသည် သူ၏ ကိုယ်ပိုင်အရည်အချင်းကိုလည်း ယုံကြည်ချက်ရှိသည်ထက် ပိုလေသည်။ သူသည် အင်ပါယာကျီမင်က သူ့အား မည်သည့်အရာကိုမှ သင်ကြားပေးနိုင်မည်ဟု မထင်သည့်အတွက် အင်ပါယာကျီမင်၏ လက်အောက်သို့ ဝင်ရောက်ကာ ကျင်ကြံရန် စိတ်မဝင်စားခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်း ထုတ်ဖော်ပြသခဲ့သည့် တိုက်ပွဲစွမ်းရည်များတွင် မိုးကြိုးစွမ်းရည်က တစ်ခုအပါအဝင်သာ ဖြစ်သည်။ သူက မိုးကြိုးစွမ်းရည်တစ်ခုတည်းကိုသာ အထူးပြု ကျင့်ကြံသည်မဟုတ်ဘဲ မတူကွဲပြားသည့် စွမ်းရည်အမျိုးမျိုး ရှိသည်။

ဝူထူနတ်တောင်သို့ ဝင်ရောက်ပြီး ကောင်းကင်မိုးကြိုး၏ အမွေအနှစ်ကို ရယူ၍ စံချိန်ကို ချိုးဖျက်ခဲ့ခြင်းမှာ အင်ပါယာကျီမင်နှင့် တွေ့ဆုံ၍ သူ၏ စီနီယာအစ်ကို ဂူတုံးလျှိုအတွက် အသနားခံရန်ပင် ဖြစ်သည်။

သူသည် မိုးကြိုးလမ်းစဉ် ကျင့်ကြံခြင်းတွင် စိတ်ဝင်စားမှု မရှိခဲ့ပေ။

“နတ်တောင်ရှစ်ခု ဖွင့်လှစ်တဲ့ပွဲမှာ မင်းတို့နှစ်ယောက်က မူလစံချိန်ကို ရရှိခဲ့တယ်။ အဲဒါကြောင့် မင်းတို့ နှစ်ယောက်ကို သိုင်းပညာဖလှယ်ဖို့ အခွင့်အရေး ရစေမယ်” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်က ပြောလိုက်သည်။ သို့ဆိုလျှင်ပင် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန် လိုသေးသည်။ ကောင်းကင်အာဏာစက်ဘုံရှိ အဓိက အင်အားစုအနေနှင့် ရီဖူရှင်းကို တိုက်ခိုက်၍ အနိုင်ရရှိသွားခဲ့လျှင်ပင် ဂုဏ်ရှိလိမ့်မည် မဟုတ်ပေ။

အဆုံးမှာတော့ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ကျင့်ကြံနေသည့် တပည့်အစစ်အမှန်များ ဖြစ်ကြသည်။

အသံထွက်ပေါ်လာသည်နှင့် လူအများတို့၏ အကြည့်မှာ နတ်ဘုရားသတ်ဖြတ်ခြင်း ကလန်သို့ ဝင်ရောက်သွားခဲ့သည့် ဝမ်ချောင် အပေါ်သို့ ကျရောက်သွားခဲ့သည်။

ဤလူသည် ပါရမီအရည်အချင်းက ထူးချွန်လှပြီး သူ၏ တိုက်ပွဲစွမ်းရည်က ပြောင်မြောက်လှသည်။

ဤစံချိန်ချိုးဖျက်သူနှစ်ယောက် တိုက်ခိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။

“ကျွန်မက ဒီကို ဂူထျန်းရှင်းရဲ့ သတင်းအတွက် လာခဲ့တာ။ ရှင်တို့ အားလုံးလည်း တူညီတဲ့ ရည်ရွယ်ချက်အတွက်ပဲ လာခဲ့ကြတာ မလား။ အခု ဒါက ဘာလုပ်နေကြတာလဲ” အခြားသော အသံတစ်ခု ထွက်ပေါ်လာပြီး လှပသော မိန်းမပျိုလေးများ အဖွဲ့က ရှေ့သို့ လှမ်းလာခဲ့သည်။ သူတို့၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေပြီး သန့်စင်၍ မြင့်မြတ်သည့် အသွင်သဏ္ဌာန် ရှိကြသည်။

စကားပြောလိုက်သည့် မိန်းကလေးမှာ ကျိုထျန်းနတ်မိမယ် လက်အောက်မှ တန်ခိုးရှင်ဖြစ်သည်။ သူမသည် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ရှင်က အဓိကမိုးကြိုးကလန်ရှစ်ခုနဲ့ အာဃာတတွေ ရှိထားတာကို ကျွန်မ သိတယ်။ ဒါပေမယ့် ဒီနေရာကို အကြောင်းပြချက်အတူတူနဲ့ ရောက်လာတဲ့ သူတွေ အချင်းချင်း ပဋိပက္ခဖြစ်ပြီး စိတ်ဝမ်းကွဲနေကြမှာလဲ။ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းကို သွားပြီး စိန်ခေါ်ဖို့အတွက် ဝင်္ကကို ဖြတ်ကျော်တာက အကောင်းဆုံးမဟုတ်ဘူးလား။”

ထိုမိန်းကလေးသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လာခဲ့သူဖြစ်ပြီး ရီဖူရှင်းသည် အဓိကမိုးကြိုးကလန်ရှစ်ခုကို အနိုင်ပိုင်းနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ကာ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကဲ့သို့ သန်မာသည့် ထူးချွန်သော တိုက်ခိုက်ရေးသမား ဖြစ်သည်ကို မြင်တွေ့ပေသည်။

သူနှင့် ဝမ်ချောင် နှစ်ယောက်လုံးက နတ်တောင်၏ မူလစံချိန်ကို ရရှိခဲ့ပြီး အခြား ထိပ်တန်းအင်အားစုများမှ လူများနှင့်အတူ ပူးပေါင်းပြီး စေလွှတ်မည်ဆိုလျှင် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းရှိ နတ်ဆိုးဝင်္ကပါကို ချိုးဖျက်နိုင်စွမ်း ရှိပေလိမ့်မည်။ သူတို့သည် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကိုပင် ရှုံးနိမ့်စေနိုင်စွမ်း ရှိချင်ရှိပေလိမ့်မည်။

ရီဖူရှင်းသည် စကားပြောလိုက်သည့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်ကဲ့သို့ပင် ဗြဟ္မာ့သန့်စင်ကောင်းကင်သည်လည်း ကောင်းကင်အာဏာစက်ဘုံ၌ ထိပ်ဆုံးတွင် ရပ်တည်နေသည့် အင်အားစုဖြစ်သည်။ သာမန်မဟုတ် ထူးကဲသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဤအမျိုးသမီးများသည် အခြားကမ္ဘာမှအလားပင် ထင်မှတ်ရသည်။

ယနေ့တွင် သူတို့သည်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်ကဲ့သို့ ဘဝင်မြင့်နေဆဲ ဖြစ်ကာ သူတို့၏ လက်ကို ညစ်ပေမခံချင်ကြပေ။ သူတို့ တွေးသည်က ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းအင်အားစုမှ မိန်းကလေးများက ကောင်းကင်နတ်ဆိုးမြို့မှ နတ်ဆိုးသားရဲများနှင့် ယှဉ်တိုက်ခြင်းက ဂါဏ်သရေမရှိဟု ထင်နေကြပေလိမ့်မည်။

ထိုမျှ ဝံ့ကြွားနေမှုက သူတို့၏ အရိုးထဲထိ စွဲမြဲနေကာ ကောင်းကင်အာဏာစက်ဘုံရှိ ထိပ်တန်းအင်အားစုများ၏ အခြေခံအယူအဆလည်း ဖြစ်ကြသည်။

သူက အဓိကမိုးကြိုးကလန်ရှစ်ခုမှ တပည့်များကို အနိုင်ပိုင်းနိုင်သည့်အတွက် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ဗြဟ္မာ့သန့်စင်ကောင်းကင် နှစ်ခုလုံးသည် သူက ကောင်းကင်နတ်ဆိုး ဝင်္ကပါကို စိန်ခေါ်ရန် ပို၍ သင့်တော်သည်ဟု တွေးထင်နေကြပေသည်။

“ကျုပ်က ဝင်္ကပါကို ဖြတ်ကျော်နိုင်တော့ရော မင်းနဲ့ ဘာဆိုင်လဲ” ရီဖူရှင်းက ပြောလိုက်သည်။ သူမ၏ လေသံမှနေ၍ သူက ဝင်္ကပါကို ချိုးဖျက်ပြီး အများအကျိုးဆောင်ရန် လိုအပ်နေသည်ဟု ဆိုလိုနေပေသည်။

“ပြီးတော့ အချင်းချင်း အရင်ဆုံး ရန်စပြီး တိုက်ခိုက်တာ ကျုပ်လား” ရီဖူရှင်းက ထပ်ပြောလိုက်သည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးက မျက်မှောင်ကျုံ့သွားကာ ရီဖူရှင်းထံသို့ ကြည့်လိုက်သည်။

သိမ်းငှက်လေးက ရှေ့သို့ လှမ်းလာပြီး လေထဲမှ ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ “သခင် ဒီ နတ်သမီးလေးတွေက ဘယ်သူလဲ။ အရမ်း လှပတင့်တယ် ကျက်သရေရှိပြီး လက်လှမ်းမမီတဲ့ ကောင်းကင်က နတ်မိမယ်လေးတွေ ကျနေတာပဲ”

ရီဖူရှင်းက ထိုအကောင်ကို ငုံ့ကြည့်လိုက်သည်။ ဤအကောင်ပေါက်က မည်သည့်အကြောင်းအရာကို တွေးနေပြန်သလဲ။

လူတိုင်းက သူ့ကို မထီလေးစားကြည့်လိုက်ကြသည်။ ဤ စီးတော်က သူ့ကိုယ်သူ အထင်ကြီးစရာ သတ္တဝါဟု တွေးထင်နေပြီး ယင်းသည် မြှောက်ပင့်ဖားယားနေခြင်း များဖြင့် ပြည့်နှက်နေသည်။

“သူတို့က ဗြဟ္မာ့သန့်စင်ကောင်းကင်က တန်ခိုးရှင်တွေ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“အိုး” သိမ်းငှက်နက်က တုံ့ပြန်လိုက်၏။ “ဗြဟ္မာ့သန့်စင်ကောင်းကင်က အရမ်းအားကောင်းတယ်။ သခင့်ရဲ့ အဆင့်အတန်းနဲ့ဆို သင့်တော်တာပဲ”

သူက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များကို ကြည့်ကာ ပြောလိုက်သည်။ “လတ်တလော ငါ့ သခင်ဆီမှာ အစေခံအသစ်လိုနေတယ်။ မင်းတို့ထဲက တစ်ယောက်ယောက်များ ငါ့ သခင်ကို ခစားဖို့ ဆန္ဒရှိကြလား။ ငါ့ သခင်က မင်းတို့ကို ကောင်းကောင်းဆက်ဆံမှာပါ”

လူတိုင်းသည် သိမ်းငှက်ကို အထိတ်တလန့် ကြည့်လိုက်ကြပြီး အချိန်တခဏအထိ မည်သူမှ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များက ရီဖူရှင်း၏ အစေခံအဖြစ် ခစားရမည်လား။

ဤအကောင်စုတ်က ရူးနေလား။

ကောင်းကင်အာဏာစက်ဘုံရှိ မည်သည့်တန်ခိုးရှင်ကမှ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များကို သူတို့၏ အစေခံအဖြစ် ခစားရန် မကမ်းလှမ်းရဲကြပေ။ အထူးသဖြင့် သူတို့ အကြားတွင် ရှန့်ထိုများ အများအပြား ရှိနေချိန်၌ ဖြစ်သည်။

ခွန်ရွှမ်သည် သူမရှေ့မှ သိမ်းငှက်နက်ကို တိတ်ဆိတ်စွာ ကြည့်ရင်း ရင်းနှီးနေသည့် ခံစားချက်ကို ခံစားမိလိုက်သည်။

အတိတ်ကာလတွင် သူမသည်လည်း သူမအနီးမှ နတ်ဆိုးသားရဲများကို ထိန်းချုပ်ရန် အခွင့်အရေးကို ယူဆောင်ပေးခဲ့သည့် ဤအကောင်ကြောင့် အလွန် ဒေါသထွက်ခဲ့ရသည်။ ထိုအကြောင်းရင်းကြောင့်ပင် သူသည် နတ္ထိဘုံတိုက်ပွဲကို တိုက်ရိုက်ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ယခု သူမသည် ထိုသတ္တဝါအား အလွန် ရိုက်နှက်ချင်နေလေသည်။

ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များအတွင်းတွင် ရယ်စရာဖြစ်ပေါ်လာသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်၏ တော်ဝင်မိသားစုများပင်လျှင် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များကို အစေခံဖြစ်ပေးပါရန် မကမ်းလှမ်းရဲပေ။

သို့သော် ဤသားရဲငတုံးကောင်က အကျယ်ကြီး ပြောဆိုရဲလေသည်။

ထိုသည်က ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။ ရီဖူရှင်းနှင့် သူ့အနီးမှ သားရဲများက သဘောကျဖွယ် ကောင်းလှသည်။

ဤသည်က တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းလှသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များ၏ အမူအရာက ပြောင်းလဲသွားသော်လည်း သူတို့ထဲမှ အချို့ကတော့ လျစ်လျူ ရှုထားလေသည်။

အမျိုးသမီးတန်ခိုးရှင်တစ်ဦးက သိမ်းငှက်နက်ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ “ငါတို့က ဆန္ဒရှိရင်တောင် မင်းရဲ့ သခင်က လိုချင်ရဲ့လားဆိုတာ မေးသင့်တယ်နော်”

“နတ်မိမယ်တို့ကသာ ဆန္ဒရှိရင် ကျွန်တော် သဘောတူပါတယ်” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

လူအများက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ဤအကောင်ကလည်း လိုချင်နေသေးသည်လား။

“တကယ်လား” နတ်မိမယ်တစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်မတို့က ရှင် ခံနိုင်ရည်မရှိမှာကို စိုးရိမ်နေတယ်”

‘ဗြဟ္မာ့သန့်စင်ကောင်းကင်’ သည် ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်အများအပြားကို လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ဆိုသည်။

သို့သော် သူက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များကို သူ့အစေခံအဖြစ် ခစားရန် မေးနေသည်လား။ သူက ရူးသွားချေပြီ။

“ကျုပ် ခံနိုင်ရည်ရှိမရှိဆိုတာကတော့ တစ်ကြိမ်လောက် စမ်းကြည့်ရင် သိရမှာပဲမလား” ရီဖူရှင်းက ဖြေလိုက်ပြီး ပြန်လှည့်လိုက်သည်။ အချင်းချင်း စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သည့်အတွက် သူက ကောင်းကင်နတ်ဆိုးယှဉ်ပြိုင်ကွင်းသို့ လျှောက်သွားလိုက်သည်။

သူက အဓိကမိုးကြိုးကလန်ရှစ်ခုက မည်သည်ကို လုပ်နိုင်စွမ်းမရှိသည်ကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။

ရီဖူရှင်းက ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ဆင်းသက်လာပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် ရီဖူရှင်းကို တအံ့တသြ ကြည့်နေခဲ့သည်။

ရီဖူရှင်းသည် မြစိမ်းရောင်ဒရယ်နန်းတော်သခင်နှင့် အတူ သူ့ထံလာခဲ့သည့်အခါက သူ တွေးခဲ့သည်မှာ ရီဖူရှင်းက သူတို့၏ ရင်းနှီးမှုမှတဆင့် သတင်းအချက်အလက်များကို အချောင် ရယူလိုနေသည်ဟူ၍ ဖြစ်သည်။ ယခုတွင် ရီဖူရှင်းက သူတွေးထင်ထားသလို လူမျိုး မဟုတ်သည်ကို ပြသနေပေသည်။

သူက ဤကိစ္စကို ဆောင်ရွက်ပြီးသည်နှင့် သတင်းအချက်အလက်များအား ပေးမည်ဟု မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို ကတိပေးခဲ့ပြီး ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင်ပင် ရီဖူရှင်းသည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ခြေချကာ စိန်ခေါ်ရန် ရွေးချယ်ခဲ့သည်။ သူသည် ထိုဝင်္ကပါကို ရင်ဆိုင်နိုင်သည်ဖြစ်စေ ရင်မဆိုင်နိုင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးရန် ရည်ရွယ်ခဲ့သည်။

အောက်ဘက်မှ မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် ရီဖူရှင်းဆီသို့ ကြည့်လိုက်သည်။

“နွားသိုးကြီး၊ ကျုပ်တို့ မှားသွားပြီ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူ့ဘေးမှ နွားသိုးကြီးကို ပြောလိုက်သည်။

“ဟုတ်တယ်။ ကျုပ်တို့ နည်းနည်း အလျင်လိုသွားတယ်” နွားသိုးနတ်ဆိုးက ခေါင်းညိတ်လိုက်သည်။

“ကျုပ် ဝင်္ကပါကို ဖြတ်ကျော်ဖို့ ရွေးချယ်တယ်”

ရီဖူရှင်းက ပြောလိုက်သည်။ လူတိုင်းသည် အတော်လေး အံ့သြသွားကြသည်။ ရီဖူရှင်းက ဘာကြောင့် ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံကို စိန်ခေါ်ရန် မရွေးချယ်ရသည်လဲ။

နတ်ဆိုးအိမ်ရှေ့စံ၏ ထူးခြားပြောင်မြောက်သည့် တိုက်ပွဲစွမ်းရည်က သူ့ကို ခြိမ်းခြောက်ထားနိုင်သည်လား။

ယခင် ဝင်္ကပါတိုက်ပွဲက အရှက်ကွဲစေရုံသာ ရှိခဲ့ပြီး ဝင်္ကပါကို ချိုးဖျက်ရန်မှာ အလွန်ခက်ခဲလေသည်။

“ခွင့်ပြုတယ်” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် များပြားလှသည့် မိုးကြိုးနဂါးများက ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ဆင်းသက်လာသည်။ မိုးကြိုးနဂါးတစ်ကောင်ချင်းစီသည် ခပ်တိုးတိုး အော်မြည်သံများ ပြုလုပ်လိုက်ကြပြီး နေရာတစ်ခုလုံးကို မဟာလမ်းစဉ်၏ မိုးကြိုးလောကအဖြစ် ပြောင်းလဲပစ်လိုက်သည်။

မိုးကြိုးလျှပ်စီးများသည် အထက်မှ ကျဆင်းလာပြီး ရီဖူရှင်းသည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းတွင် အလွန်သေးငယ်နေပုံပေါ်သည်။

ရီဖူရှင်း၏ ဆန့်ထုတ်လိုက်သည့် လက်ထဲတွင် အလင်းရောင်များဖြင့် တောက်ပလင်းလက်နေသည့် ရှည်လျားသော နှင်တံတစ်ချောင်း ပေါ်ပေါက်လာသည်။

ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီး သူ၏ ရွှေရောင်မျက်လုံးများထဲတွင် ထူးခြားသော အကြည့်တို့ ဖြတ်ပြေးသွားသည်။

ဤလူသားတန်ခိုးရှင်ကလည်း နှင်တံနည်းစနစ်ကို သိရှိထားသည်လား။

ထိုသည်က ပို၍ ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပေသည်။

“အဆင်သင့်ပဲလား” ရီဖူရှင်းက မေးလိုက်သည်။

မိုးကြိုးကလန်မှ တန်ခိုးရှင်များက အံ့သြသွားကြသည်။ သူက သူတို့ကို အဆင်သင့်ပဲလားဟု မေးလိုက်သည်လား။

ဘုန်း…

ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများက ပေါင်းစည်းသွားပြီး သဏ္ဌာန်ဖြစ်တည်လာကာ မိုးကြိုးလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ တိုးဝင်လာသည်။

ဘန်း…

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်ပြီး မိုးကြိုးသွားကဲ့သို့ ပြောင်းလဲသွားကာ ချက်ချင်းပင် သူရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားသည်။

“လေဟာနယ်ထိန်းချုပ်ခြင်း စွမ်းအား”

လူတိုင်း၏ မျက်လုံးများက လင်းလက်သွားသော်လည်း မိုးကြိုးနတ်ကလန်မှ နဂါးတန်ခိုးရှင်များကတော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူတို့၏ ထက်ရှသည့် လက်သည်းများကို တစ်ချိန်တည်းမှာပင် ကောင်းကင်သို့ ဆန့်ထုတ်လိုက်သည်။ မိုးကြိုးအလင်းမျက်နှာပြင်က ကောင်းကင်ပေါ်တွင် ပေါ်ပေါက်လာပြီး အဆုံးမဲ့ မိုးကြိုးများက ကျဆင်းလာကာ ရီဖူရှင်းကို ခြေမွဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။

သို့သော် လူတိုင်းသည် ရီဖူရှင်းက မိုးကြိုးလျှပ်စီးများနှင့် အမြန်ချင်းယှဉ်နိုင်သည်ကို တွေ့လိုက်ရသည်။ သူသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး သူ့ပုံရိပ်ကိုပင် မြင်နိုင်ရန် ခဲယဉ်းလာသည်။

ကောင်းကင်ထက်တွင် အလွန်အားကောင်းသည့် လေပြင်းက ချက်ချင်း စုဝေးလာကာ ထိုအထဲတွင် မဟာလမ်းစဉ်၏ ပြင်းထန်သည့် ဖိအားများ ပါဝင်နေပေသည်။

မိုးကြိုးကလန်မှ တန်ခိုးရှင်များသည် ထိုစွမ်းအား၏ ဖိအားကို ခံစားမိလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ကြီးထွားလာပြီး သူတို့၏ ပါးစပ်များက နတ်မိုးကြိုးတို့ ထွက်ပေါ်လာသည်။ သူတို့၏ ခေါင်းထက်တွင် အလွန် ကြီးမားသည့် မိုးကြိုးဗုံကြီး ပေါ်ပေါက်လာသည်။

နတ်မိုးကြိုးများကို သူတို့၏ ပါးစပ်မှ ပစ်လွှတ်နေပြီး အတူစုစည်းသွားကာ စစ်ဗုံကို ထိခတ်သွားခဲ့သည်။

ချက်ချင်းပင် လေထုထဲတွင် အလွန် ဆူညံသည့် အသံများ ထွက်ပေါ်လာ၏။ တောက်ပသည့် အလင်းများက အရာအားလုံးပေါ်တွင် ထွန်းလင်းတောက်ပနေပြီး ကောင်းကင်တခွင်ကို ရောင်စဉ်များ ဖြာနေစေကာ ပုန်းကွယ်ရန် နေရာမရှိ ဖြစ်စေသည်။

မိုးကြိုးလျှပ်စီးများအကြားတွင် ကောင်းကင်လေဟာနယ်သည်ပင် ဖျက်ဆီးခံနေရကာ လျှပ်စီးတန်းများက မိုးကြိုးသံ၏ အရှိန်ထက် ပိုမို လျင်မြန်နေသည်။

သို့ဆိုလျှင်ပင် မိုးကြိုးလျှပ်စီးများက ရွေ့လျားနေသည့် ပုံရိပ်ကို ရိုက်ခတ်နေပြီး တောက်ပသည့် အလင်းများ ပေါက်ကွဲထွက်လာသည်။ ပုံရိပ်က နှေးကွေးမသွားဘဲ လှုပ်ရှားမှုတိုင်းကို သွက်လက်စွာ ဆက်လက်လှုပ်ရှားနေသည်။ လေပြင်းနှင့် တိမ်တိုက်များက အေယ်မြည်နေပြီး မဟာလမ်းစဉ်၏ စွမ်းအားများက ဖိနှိပ် ကျဆင်းလာကာ မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များကို လွှမ်းခြုံထားသည်။

ကောင်းကင်ထက်တွင် နှင်တံအရိပ်များက ကောင်းကင်ကို လွှမ်းခြုံနေပြီး တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ မြေပြင်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရပေသည်။ မရေတွက်နိုင်သည့် နှင်တံ အရိပ်များက တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာပြီး မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များကို ဖုံးလွှမ်းသွားသည်။

ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ မျက်လုံးများထဲမှ ရွှေရောင်နတ်မီးလျှံတို့ ထွက်ပေါ်လာပြီး နေရာအနှံ့ကို လွှမ်းခြုံနေသည့် အဆုံးမဲ့ နှင်တံအရိပ်များကို စူးစိုက်ကြည့်နေခဲ့သည်။

ဘန်း.. ဘန်း.. ဘန်း…

ကျယ်လောင်သည့် အသံများက တစ်ချိန်တည်းတွင် ထွက်ပေါ်လာပြီး တိုက်ပွဲဝင်္ကပါက ချက်ချင်း ပျက်ပြယ်သွားကာ မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များသည် နှင်တံနည်းစနစ်ကို ခုခံရန် ကြိုးစားလိုက်ကြသည်။

ကောင်းကင်ထက်တွင် ရီဖူရှင်းသည် ပေါ်လာလိုက်ပျောက်သွားလိုက်နှင့် နှင်တံဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်ခတ်နေသည်။ နှင်တံသည် ကီလိုမီတာ ထောင်ချီ ရှည်လျားသွားပြီး ကောင်းကင်ကို ဖြတ်ကာ တည်ရှိမှုအားလုံးကို ရစ်သိုင်းလိုက်သည်။

ဘုန်း…

မိုးကြိုးနဂါးများ၏ ကြီးမားသော ခန္ဓာကိုယ်များက နောက်သို့ လွင့်ပျံထွက်သွားသည်။ သူတို့ ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်ကြသည့် အသံများက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

“ဒါက..”

အဓိကမိုးကြိုးကလန်ရှစ်ခုမှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကြောင့် စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။ သူတို့သည် ကောင်းကင်နတ်ဆိုး ဝင်္ကပါနှင့် တိုက်ခိုက်သည့်အခါ အကောင်းဆုံး ကြိုးစားသော်လည်း သူတို့ ကျွမ်းကျင်ရာ နည်းစနစ်များကို ထုတ်ဖော်ရန် အခွင့်အရေး မရှိခဲ့ပေ။

ရီဖူရှင်းက အဘယ့်ကြောင့် တိုက်ခိုက်မှု နှစ်ချက်တည်းနှင့် လုပ်ဆောင်နိုင်သွားရသည်လဲ။

အရေးပါသည့် အဓိက အင်အားစုများပင်လျှင် စိတ်ဝင်တစားဖြစ်လာသည်။ ရီဖူရှင်း၏ စွမ်းအားက မျှော်မှန်းထားသည်ထက်ပို၍ အတော်လေး အားကောင်းလှပေသည်။

***

All Chapters