← Chapters

ခရမ်းရင့်ကောင်းကင်နန်းတော် လှုပ်ရှားလာခြင်း

Vol. 014 Ch. 1370

ခရမ်းရင့်ကောင်းကင်နန်းတော် လှုပ်ရှားလာခြင်း

Vol. 014 Ch. 1370

မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များသည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း ထောင့်စွန်း၌ ရပ်လိုက်မိကြပြီး ပင့်သက်ရှိုက်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးစွမ်းအားများက လောင်ကျွမ်းလာပြီး နဂါးအော်သံများကို ထုတ်လွှတ်လိုက်ကြ၏။

ပွဲကြည့်စင်ထက်မှ မိုးကြိုးနတ်ကလန် မင်းသားသည် မတ်တပ်ထရပ်လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။

မိုးကြိုးနတ်ကလန်၏ နတ်ဆိုးမိုးကြိုးဗုံဝင်္ကပါသည် မရပ်တန့်နိုင်ဘဲ အလွန်ပြင်းထန်သည်မှာ ထင်ရှားပေသည်။ ယင်း ဝင်္ကပါကို ချိုးဖျက်ရန် ခက်ခဲပြီး သူတို့ကို ရှုံးနိမ့်စေရန်မှာ ပို၍ ခက်ခဲပေသည်။ အဆုံးမှာတော့ သူတို့သည် မိုးကြိုးကလန်မှ တန်ခိုးရှင်များနှင့် စီရင်ဖန်တီးထားသည့်အတွက် သူတို့၏ စုပေါင်းတိုက်ပွဲစွမ်းအားက ပို၍ သာလွန်နေပေသည်။

သို့သော် ရီဖူရှင်းသည် ရိုက်ချက်နှစ်ချက်တည်းဖြင့် နတ်ဆိုးမိုးကြိုးစစ်ဗုံဝင်္ကပါကို ချိုးဖျက်ခဲ့သည်။

ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် ထိုနေရာသို့ ကြည့်နေသော်လည်း သူက ရီဖူရှင်း ဝင်္ကပါကို ချိုးဖျက်နိုင်ခြင်းထက် နှင်တံနည်းစနစ်ကို ပို၍ စိတ်ဝင်စားနေပေသည်။

ရီဖူရှင်းကဲ့သို့ပင် သူသည်လည်း ဤနှင်တံနည်းစနစ်ကို ယခင်က တစ်နေရာရာ၌ မြင်တွေ့ဖူးခဲ့သလို ရင်းနှီးစွာ ခံစားနေရသည်။

ဤနှင်တံနည်းစနစ်များသည် သူနှင့် ဇစ်မြစ်တူညီသည့် နေရာမှ လာသည့်ဟု ထင်ရပေသည်။

ပုံမှန်ဆိုလျှင် တန်ခိုးရှင်နှစ်ယောက်၏ နှင်တံနည်းစနစ်သည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအပေါ်တွင် မူတည်သည်။ သူတို့၏ နှင်တံနည်းစနစ်ကို သူတို့ လက်ထဲ၌ ပို၍ အစွမ်းထက်လာစေရနမ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ကျင့်ကြံ ဆောင်ရွက်ကြသည်။ သူတို့က ဇစ်မြစ်တစ်ခုတည်းက လာလျှင်ပင် သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများက ကွဲပြားသည့်အတွက် နည်းလမ်းများလည်း ကွဲပြားမည် ဖြစ်သည်။ နောက်ဆုံးအဆင့် နှင်တံနည်းစနစ်သည်လည်း ကွဲပြားခြားနားပေလိမ့်မည်။

သို့သော် ဘာကြောင့် ဤလူသား၏ နှင်တံနည်းစနစ်က လူဝံကလန်မှ နည်းစနစ် ဖြစ်နေရသနည်း။

ထို့ပြင် သူက များပြားလှသည့် နတ်ဆိုးတန်ခိုးရှင်များနှင့်လည် သိကျွမ်းနေသေးသည်။

“ဒါက အောင်မြင်ပြီလား” ထိုအချိန်တွင် ရီဖူရှင်းက ပွဲကြည့်စင်ထက်မှ ကျူးယန့်အိမ်ရှေ့စံကို မော့ကြည့်ကာ မေးလိုက်သည်။ လူသားနှင့် နတ်ဆိုးတို့၏ မျက်ဝန်းများက လေထုအတွင်း ဆုံစည်းသွားခဲ့သည်။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံမင်းသား၏ မျက်လုံးများက ရွှေရောင်နတ်မီးလျှံများဖြင့် တောက်ပလင်းလက်နေပြီး ရီဖူရှင်း၏ မျက်လုံးများကတော့ ကြယ်ကောင်းကင်ကြီး တစ်ခုကဲ့သို့ နက်ရှိုင်းနေသည်။ သူ၏ အမူအရာက ပြောင်းလဲမသွားခဲ့ပေ။

မိုးကြိုးနတ်ကလန်မှ မင်းသားက ရီဖူရှင်းကို ကြည့်ကာ စကားပြောလိုနေသော်လည်း သူက ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံ အရင်ပြောလိုက်သည်ကို မြင်တွေ့လိုက်သည်။ “အင်း။ မင်းမသွားခင် ဂူထျန်းရှင်းရဲ့ သတင်းပြောပြမယ်”

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းမှ ပြန်လှည့်ထွက်သွားသည်။

ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ “တခြားလူတွေကရော ဘယ်လိုလဲ။ မင်းတို့က ဝင်္ကပါကို ကိုယ်တိုင် ကျော်ဖြတ်ဖို့ ထွက်မလာဘူးဆိုတော့ သူ့ဆီကနေ ရယူဖို့ စီစဉ်နေတာလား”

သူက နတ်ဆိုးဝင်္ကပါကို ခင်းကျင်းရသည့် ရည်ရွယ်ချက်မှာ လူသားတန်ခိုးရှင်လောကမှ ထိပ်တန်းအင်အားစုများ၏ ခွန်အားက မည်မျှ သန်မာသည်ကို သိလိုသောကြောင့် ဖြစ်သည်။ သို့သော် သူ မမျှော်လင့်မိသည်က ဝင်္ကပါကို ပထမဆုံး ချိုးဖျက်နိုင်သူမှာ ရီဖူရှင်း ဖြစ်နေခဲ့သည်။ သူက ကောင်းကင်အာဏာစက်ဘုံမှ ထိပ်တန်းအင်အားစု တစ်ခုခု၏ တပည့်ဟု မထင်ရပေ။ ဆန့်ကျင်ဘက်အနေနှင့် ရီဖူရှင်းက သူတို့နှင့် ပြဿနာအချို့ပင် ရှိနေခဲ့သေးသည်။

သူ၏ တိုက်ပွဲစွမ်းရည်က ထိုထိပ်တန်းအင်အားစုများနှင့် ယှဉ်နိုင်လောက်အောင် သန်မာပေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်၊ ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များသည် သူတို့၏ ခေါင်းများကို မော့ကယ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို ကြည့်လိုက်ကြသည်။ သူတို့ မျှော်လင့်ထားသလိုပင် အိမ်ရှေ့စံက သူတို့ကို ထွက်လာစေချင်နေခြင်း ဖြစ်ပေသည်။

ကျူးယန့် မျိုးဆက် နတ်ဆိုးအိမ်ရှေ့စံသည် သူ့ကိုယ်သူ သက်သေပြရန် သူတို့အား နင်းချေချင်နေသည်။ သို့သော် အကြံအစည်က ရိုးရှင်းလှသည်။

သူက အလျင်အမြန်ပင် အောက်ဘက်မှ အဓိကမိုးကြိုးကလန်ရှစ်ခုကို တစ်ချက်ကြည့်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည်လည်း ထိုလူများက စိတ်ချယုံကြည်၍ မရသည်ကို သိရှိပေသည်။ သူတို့ထဲက မည်သူမှ ရီဖူရှင်းအား မယှဉ်နိုင်ခဲ့ပေ။

ဂူတုံးလျှိုကြောင့် မဟုတ်ခဲ့လျှင် ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သည်။ ထိုသည်က ယခုလက်ရှိ အခြေအနေထက် ပို၍ ကောင်းမွန်ပေလိမ့်မည်။

“အဓိကမိုးကြိုးကလန်ရှစ်ခုက ကျရှုံးခဲ့မှတော့ ခရမ်းရင့်ကောင်းကင်နန်းတော်က လှုပ်ရှားရတော့မှာပဲ” ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များက ပြောလိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက ထိုနေရာသို့ ကြည့်လိုက်ကြသည်။

“သိပ်ကောင်းတယ်” ခေါင်းဆောင်က ဒေါသထွက်ခြင်းမရှိဘဲ တုံ့ပြန်လိုက်သည်။ သူ၏ အကြည့်များက ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်တစ်ဦးပေါ်သို့ ကျရောက်သွားပြီး ပြောလိုက်သည်။ “ကျစ်မော့ မင်းသွားလိုက်”

“အင်း” လူငယ်တစ်ယောက်က ရှေ့သို့ လှမ်းလာပြီး ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။

ကြည့်ရသည်မှာ ခရမ်းရင့်ကောင်းကင်နန်းတော်က မည်သည့် ချွတ်ချော်မှုကိုမှ မလိုချင်သည့်အတွက် ထန်ကျစ်မော့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ဤထန်ကျစ်မော့သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဤမျိုးဆက်တွင် ကျော်ကြားသူ ဖြစ်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်ရှိ ရှန့်ထိုအဆင့်များတွင် သူသည် အထူးချွန်ဆုံး ဆယ်ယောက်ထဲမှ တစ်ယောက်ဟု ဆုံးဖြတ်နိုင်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်တွင် မရေတွက်နိုင်သည့် ပါရမီရှင်များ ရှိသည်ကို သိရှိကြသည်။ ထို့ကြောင့် သူတို့ကြားတွင် ထိပ်ဆုံးဆယ်ယောက်၌ စာရင်းဝင်ခြင်းမှာ ကောင်းကင်အာဏာစက်ဘုံတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

ထန်ကျစ်မော့သည် ရှေ့သို့ လျှောက်လာပြီး မိုးကြိုးပုံစံများ ရေးဆွဲထားသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ကောင်းကင်နတ်ဆိုးယှဉ်ပြိုင်ကွင်းသို့ လျှောက်လာခဲ့ပြီး လေထဲတွင် သူ၏ ဝတ်စုံက လွင့်ဝဲနေသည်။ သူက ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်လည်း ကြိုးစားကြည့်ပါရစေ”

သူ၏ အသံက အလွန်အေးဆေးတည်ငြိမ်နေပြီး ဤဝင်္ကပါက သူ့အတွက် အသေးအမွှားတစ်ခု ကဲ့သို့ပင် ဖြစ်သည်။

သူ့ကို ကြည့်နေကြသည့် အဓိကမိုးကြိုးကလန်ရှစ်ခုမှ တန်ခိုးရှင်များသည် ဤတိုက်ပွဲအကြောင်း စိတ်ပူနေကြသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထန်ကျစ်မော့က နောက်ဆုံး၌ ထွက်လာကာ တိုက်ခိုက်ပြီ ဖြစ်သည်။

အဓိကမိုးကြိုးကလန်ရှစ်ခုသည် သူတို့၏ နယ်မြေ၌ အရှင်သခင်များ ဖြစ်သော်လည်း မိုးကြိုးကျင့်စဉ်များ၏ တည်ထောင်သူအနေနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူတို့ သွားရောက်ရန် စိတ်ကူးမျှော်လင့်နေသည့် နေရာဖြစ်သည်။

သူတို့ သက်ဆိုင်ရာကလန်တွင် မည်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားပါစေ သူတို့က မည်မျှ အရည်အချင်း ရှိနေပါစေ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ပါရမီရှင် ထန်ကျစ်မော့နှင့် ဆုံတွေ့သည့်အခါ ငေးကြည့်နေရုံသာ တတ်နိုင်လေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်က ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ထန်ကျစ်မော့၏ ကျင့်ကြံဆင့်သည်လည်း မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် ဖြစ်သည်။

မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များက ဝင်္ကပါအတွင်းသို့ တဖန်စုဝေးလာကြသော်လည်း ထန်ကျစ်မော့က သူ့လက်ကို ဝေ့ယမ်းရင်း ပြောလိုက်သည်။ “ခင်ဗျားတို့က အရင်တစ်ခေါက် တိုက်ထားသေးတယ်ဆိုတော့ အရင်စတိုက်ပါ”

နဂါးအော်မြည်သံများက ဆက်လက်ထွက်ပေါ်လာပြီး ထန်ကျစ်မော့၏ မာနကြီးသော အသံထဲ၌ ကိုယ်ပိုင်ယုံကြည်မှုများ အပြည့်ရှိနေပေသည်။

မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များသည် မည်သည့်စကားမှမဆိုဘဲ မြင့်မြတ်မိုးကြိုးနဂါးများအဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူတို့၏ အော်မြည်သံများက ကောင်းကင်သို့ ထွင်းဖောက်သွားသည်။ ကောင်းကင်ထက်တွင် ကောင်းကင်ကို ဖုံးလွှမ်းနေသည့် မိုးကြိုးလျှပ်စီးများက ကမ္ဘာပျက်သည့်အလား ထွက်ပေါ်လာသည်။

သူတို့၏ ခန္ဓာကိုယ်များက ကောင်းကင်တွင် ပျံသန်းနေပြီး စက်ဝိုင်းသဏ္ဌာန်လှည့်ပတ်နေကာ ကောင်းကင်နှင့် မြေကြီးကြားမှ မိုးကြိုးစွမ်းအင်များကို ဝါးမျို ပြီး သူတို့ပါးစပ်များကို ဖွင့်ဟကာ ပစ်လွှတ်လိုက်သည်။ အဆုံးမဲ့ မိုးကြိုးအလင်းများက အလယ်တွင် ပေါင်းစုံလာပြီး အကန့်အသတ်မဲ့ ကြီးမားသည့် မိုးကြိုးစစ်ဗုံကြီး ပေါ်ပေါက်လာသည်။

နတ်ဆိုးမိုးကြိုးစစ်ဗုံဝင်္ကပါသည် နတ်ဆိုးမိုးကြိုးစစ်ဗုံပေါ်တွင် မိုးကြိုးစွမ်းအားများကို စုစည်းလာစေရန် ဖန်တီးထားသည့်အတွက် လူသားများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို ဖျက်ဆီးနိုင်သည့် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ဘုန်း…

ကောင်းကင်မှ ကျဆင်းလာသည့် မိုးကြိုးလျှပ်စီးများသည် ထန်ကျစ်မော့အနီးသို့ ကျရောက်လာသည်။ ထန်ကျစ်မော့သည် အရင်ဆုံးလှုပ်ရှားရမည့်အစား ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေပြီး မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များ စုစည်းနေသည့် အရှိန်အဟုန်ကို ကြည့်လိုက်သည်။ အဆုံးမဲ့ မိုးကြိုးစွမ်းအားများက ရုတ်တရက် ကျဆင်းလာပြီး သူ့ကို ဝန်းရံလိုက်ကာမှ စိတ်လှုပ်ရှားလာလေသည်။

သူ့ထံမှ ရောင်စဉ်ရှစ်သွယ် အလင်းများ ပေါ်ပေါက်လာပြီး ယင်းတို့သည် အရောင်ရှစ်မျိုး နတ်မိုးကြိုးပင် ဖြစ်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်တွင် မိုးကြိုးကျင့်စဉ်များကို ကျင့်ကြံနိုင်ရန် လိုအပ်ချက်မှာ အလိုမြင့်မားသည်။ ဒဏ္ဍာရီ မိုးကြိုးလမ်းစဉ်၏ အမျိုးအစားတစ်ခုကို ထိန်းချုပ်ရာတွင် လူတစ်ယောက်သည် မိုးကြိုးလမ်းစဉ်ရှစ်မျိုးအားလုံးကို ထိန်းချုပ်ပါက ယင်းတို့က တသားတည်းဖြစ်လာပြီး လူတစ်ယောက်တည်းမှ အားလုံးထွက်ပေါ်လာလိမ့်မည်။

နှစ်ဖက်လုံးက အရှိန်အဟုန် မြင့်မားလာပြီး တစ်ချက်တည်းနှင့် အနိုင်ရရန် မျှော်လင့်နေကြသည်။

ကောင်းကင်တွင် မိုးကြိုးများက စုရုံ့းလာပြီး မရေတွက်နိုင်သော မိုးကြိုးလျှပ်စီးများက လူတိုင်း၏ ရှေ့တွင် ထွက်ပေါ်လာသည်။ မိုးကြိုးအလင်းများဖြင့် ဝိုင်းရံခံထားရသည့် ထန်ကျစ်မော့၏ ခန္ဓာကိုယ်သည် အလင်းရောင်စဉ်ရှစ်ခုနှင့် ပေါင်းစပ်ကာ သူ့အနီးတွင် လှည့်ပတ်နေသည်။ အလင်းတန်းရှစ်ခုသည် ကောင်းကင်သို့ ထိုးဖောက်သွားပြီး မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားများနှင့် စုစည်းသွားသည်။

သူကိုယ်တိုင်က ဝင်္ကပါတစ်ခု ဖြစ်လာသကဲ့သို့ပင် ဖြစ်သည်။

နတ်ဆိုးသားရဲများနှင့် လူသားတန်ခိုးရှင်များက တိုက်ပွဲကို ကြည့်နေရင်း ထိုစွမ်းအားများကြောင့် မွန်းကြပ်လာသလို ခံစားရပေသည်။ နဂါးများ၏ အသံက လောကတခွင်ကို ပဲ့တင်ထပ်လာသည်။ မိုးကြိုးကလန်မှ တန်ခိုးရှင်များက နောက်ဆုံး၌ လှုပ်ရှားခဲ့ပြီး သူတို့၏ ပါးစပ်မှ မိုးကြိုးများကို တစ်ချိန်တည်းပစ်လွှတ်၍ စစ်ဗုံကို အဆက်မပြတ် ရိုက်ခတ်လိုက်သည်။

ခဏချင်းပင် နတ်မိုးကြိုးအလင်းမှ ဖျက်ဆီးခြင်း အလင်းတန်းများသည် မိုးကြိုးဗုံမှ ပေါက်ကွဲထွက်လာပြီး ထန်ကျစ်မော့ ထံသို့ ပြေးဝင်သွားသည်။

ထန်ကျစ်မော့၏ အမူအရာက မပြောင်းလဲဘဲ ကျန်ရှိနေသည်။ သူက သူ၏ လက်ကို ရှေ့သို့ ညွှန်လိုက်ပြီး စကားလုံးတစ်ခုကို ပြောလိုက်သည်။ “သွား”

သူ၏ အသံက ကွယ်ပျောက်သွားပြီး နတ်မိုးကြိုးရှစ်ခု၏ အလင်းတန်းများသည် ပြိုင်ဘက်ဆီသို့ တည့်တည့် တဟုန်ထိုး ထွက်သွားသည်။

အင်အားစုနှစ်ခုက တွေ့ဆုံမိပြီး လေထဲတွင် တိုက်မိသွားသည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ လူတိုင်း၏ စိတ်ကို တုန်ယင်သွားစေပြီး သူတို့၏ နားစည်များကလည်း ပြင်းထန်စွာ တုန်ခါသွားပေသည်။

ကောင်းကင်သည် မိုးကြိုးအလင်းများဖြင့် လွှမ်းခြုံသွားပြီး ထိခတ်မှုနှစ်ခုက ရောယှက်သွားသည်။ ထန်ကျစ်မော့သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ လက်ကို ကောင်းကင်သို့ ညွှန်ပြလိုက်၍ ကောင်းကင်မှ ကျဆင်းလာသည့် နတ်မိုးကြိုးအလင်းတန်းရှစ်ခုသည် ကြီးမားသည့် နတ်ဆိုးမိုးကြိုးဗုံဆီသို့ တိုးဝင်သွားသည်။

ဘုန်း.. ဘုန်း... ဘုန်း...

နတ်မိုးကြိုးများ ကျဆင်းလာသည်။ စစ်ဗုံများကို ရိုက်ခတ်မိသည့်အခါ ကြောက်မက်ဖွယ် နတ်အလင်းက ပေါက်ကွဲထွက်လာပြီး အနီးရှိ မိုးကြိုးနတ်ကလန်မှ နတ်ဆိုးများဆီသို့ တိုက်ခိုက်လိုက်သည်။

သူတို့သည် နောက်ပြန်ဆုတ်ကာ ဟိန်းဟောက်လိုက်သည်။

ဘန်း…

နားစည်ကွဲလုမတတ် ဆူညံသံနှင့်အတူ စစ်ဗုံသည် ကွဲကြေပျက်စီးသွားခဲ့သည်။ ထိုမိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း ထန်ကျစ်မော့သည် ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သူက လက်ကို မြှောက်က လေထုအတွင်း ညွှန်၍ ပြောလိုက်သည်။ “နတ်ဘုရားပြစ်ဒဏ် မိုးကြိုး”

စကားလုံးထွက်ကျလာသည်နှင့် ကန်းကျင့် သတ်ဖြတ်ခြင်းနတ်ဓားက ကောင်းကင်ထက်မှ ကျဆင်းလာပြီး နတ်ဆိုးနဂါးများဆီသို့ ပစ်လွှတ်လိုက်ပြီး နဂါးများက သူတို့၏ လက်သည်းများကို လာနေသည့် စွမ်းအားများကို ဖျက်ဆီးရင်း ခုခံကာကွယ်နေခဲ့သည်။

သို့သော် ထန်ကျစ်မော့၏ ခက်ချောင်းက ဆက်လက်၍ တိုက်ခိုက်ကာ ပြောလိုက်သည်။

“မကောင်းမှုကို ခွင်း… နတ်ဘုရားကိုရှင်းလင်း … သေခြင်းနှင့်ရှင်ခြင်း”

ထိုစကားလုံးများ ထွက်ကျလာပြီး ယင်းစွမ်းအားထဲတွင် ဒဏ္ဍာရီမိုးကြိုးကျင့်စဉ်များ ပါဝင်နေသည်။ ကောင်းကင်မိုးကြိုးက ကျဆင်းလာပြီး နတ်ဆိုးသားရဲများ၏ အော်မြည်သံကို ကြားလိုက်ရသည်။

ဘုန်း…

အခြားသော ကျယ်လောင်သည့်အသံနှင့်အတူ နတ်ဆိုးနဂါးတစ်ကောင်သည် မြေပေါ်သို့ ပြုတ်ကျကာ သွေးတို့ဖြင့် ရွှဲနစ်သွားသည်။

မကြာခင်၌ အဆက်မပြတ် တုန်ခါနေသာ အသံများကို ကြားလိုက်ရပြီး မိုးကြိုးကလန်မှ တန်ခိုးရှင်များက နတ်မိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်ရပေသည်။ သူတို့၏ ခန္ဓာကိုယ်များက မြေပေါ်သို့ ပြုတ်ကျလာပြီး စင်မြင့်ထက်တွင် သွေးတို့ဖြင့် စွေးစွေးနီသွားသည်။ ထိုမြင်ကွင်းက ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။

မကြာခင် မိုးကြိုးကလန်မှ တန်ခိုးရှင်အားလုံးက ဒဏ်ရာအများအပြား ရရှိသွားပြီး နောက်ထပ် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ ထန်ကျစ်မော့သည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းအထက် လေထဲတွင် တစ်ယောက်တည်း ရပ်နေပြီး သူ့အနီး၌ တောက်ပထွန်းလင်းနေသည့် မိုးကြိုးအလင်းများသည် မည်သည့်အခါမှ ပျောက်ပြယ်မသွားတော့မည်အလားပင် ဖြစ်သည်။

သူသည် ထိုမြင်ကွင်းကို သာမန်မျှသာ ကြည့်လိုက်ပြီး ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းအထက် ကောင်းကင်သို့ ပေါ့ပါးစွာ ကြည့်လိုက်သည်။ သူတို့က ခရမ်းရင့်ကောင်းကင်နန်းတော်ကို အရင်ဆုံးလှုပ်ရှားရန် တောင်းဆိုကြသဖြင့် သူက လိုက်လျောပေးခဲ့လေသည်။

သို့သော် အဆုံးသတ်ရန် တစ်ခုခု လိုအပ်နေသေးသည်။

နတ်ဆိုးအိမ်ရှေ့စံအား သတိပေးဖို့ရာ တစ်ခုခုလုပ်ရန် လိုအပ်ပေသည်။

ဤသည်က အခြားသူ၏ နယ်မြေဖြစ်နေလျှင်ပင် စောင့်စည်းရမည့် အချို့အရာများ ရှိသည်။ အဓိကမိုးကြိုးကလန်ရှစ်ခုမှ လူများက ကြောက်ရွံ့သော်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်ကတော့ ထိုသို့ မဟုတ်ပေ။

ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက တိုက်ပွဲဝင်္ကပါကို သူကိုယ်တိုင် ခင်းကျင်းခဲ့ပြီး ခရမ်းရင့်ကောင်းကင်နန်းတော်ကဲ့သို့ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်း အရေးပါသည့် အင်အားစုအနေနှင့် အနိုင်ရသောအခါ အိမ်ရှေ့စံက ရှုံးမဲမဲခဲ့လျှင် သူက လွယ်ကူစွာ ခြိမ်းခြောက်နိုင်လိမ့်မည်တော့ မဟုတ်ပေ။

ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် မြေပေါ်တွင် လဲကျနေသည့် သူများကို မြင်လျှင် ထရပ်လိုက်သည်။ သူ၏ ရွှေရောင် မျက်လုံးများမှ ကြောက်မက်ဖွယ် နတ်အလင်းများ တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ကို မီးတောက်များဖြင့် လောင်ကျွမ်းလာစေသည်။

သူသည် ရှေ့သို့ လှမ်းလိုက်ပြီး ကျူးယန့်အိမ်ရှေ့စံက လေထဲသို့ ခြေလှမ်းကာ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ လျှောက်လှမ်းသွားခဲ့သည်။

စွမ်းအားဖိအားများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည်။ ချက်ချင်းပင် ထန်ကျစ်မော့သည် ကြီးစွာသော ဖိအားကို ခံစားလိုက်ရသည်။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ အရွယ်အစားက လူသားကဲ့သို့ပင် ဖြစ်သော်လည်း လူများကို ကြောက်ရွံ့စေရန် ပြုလုပ်ပြီး တစ်လှမ်းချင်း လှမ်းလာနေသည့် မြင့်အားသည့် နတ်ဆိုးတစ်ကောင်နှင့် ပို၍ တူလေသည်။

သို့ဆိုလျှင်ပင် သူက ဆက်လက်၍ တည်ငြိမ်နေပြီး သူသည် ဤနယ်မြေ၏ ပြိုင်ဘက်ကင်း နတ်ဆိုး ကျူးယန့်အင်ပါယာ၏ အရေးပေးခံရသော မင်းသားက မည်သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်လဲ သိချင်ပေသည်။ ထိုမျှလောက်ကပင် သူ့အား ခရမ်းရင့်ကောင်းကင်နန်းတော်ကို စိန်ခေါ်ရန် ယုံကြည်ချက်ပေးဟန်ရသည်။

ကောင်းကင်မိုးကြိုးများက ကောင်းကင်အထက် တိမ်တိုက်များတွင် အော်မြည်နေပြီး ကောင်းကင်က ပြောင်းလဲ လောင်ကျွမ်းလာကာ မိုးကြိုးအလင်းတန်းများပ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးထားသည်။

အကယ်၍ သူတို့သာ ထိန်းချုပ်မထားပါက ယင်းစွမ်းအားများသည် လက်ရှိထက် ပို၍ ဝေးဝေး ပျံ့နှံ့သွားပေလိမ့်မည်။

“ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ခရမ်းရင့်ကောင်းကင်နန်းတော်က တန်ခိုးရှင်တွေနဲ့ ဆန့်ကျင်တိုက်ခိုက်ချင်တာလား” မရေတွက်နိုင်သည့် မျက်လုံးများက ဤနေရာကို အာရုံစိုက်နေကြသည်။ အခြားတစ်ဖက်က နတ်ဆိုးဘုံ၏ အရည်အချင်းအရှိဆုံး နတ်ဆိုး အိမ်ရှေ့စံဖြစ်ပြီး အခြားတစ်ဖက်ကတော့ ကောင်းကင်ဘုံအာဏာစက်ဘုံ ခရမ်းရင့်နန်းတော်မှ ထိပ်တန်းအင်အားစုမှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်သည်။

သူတို့၏ ထိပ်တိုက်တွေ့မှုက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

***

All Chapters