အခန်း (၂၇၃)
Vol. 19 Ch. 273
ရှောင်ဟောင်က သူ့ကိုအနိုင်ယူနိုင်သည့်အတွက် ပို၍အစွမ်းထက်သည်မှာ သိသာလှသည်။
ထိုကဲ့သို့ မွန်းစတားတစ်ကောင်ထွက်ပေါ်လာရန် အလွန်ရှားပါးပြီး နှစ် (၁၀၀၀) အတွင်း နှစ်ယောက် တစ်ပြိုင်တည်းထွက်ပေါ်ရန် ခဲယဉ်းလွန်းလှသည်။ တစ်ချိန်ထဲတွင် (၄) ၊ (၅) ၊ (၆) ယောက်ထွက်ပေါ်လာရန်မှာ ပို၍မဖြစ်နိုင်ပေ။
ရိုက်ပြီးပြောရင်တောင် မယုံနိုင်ဘူး…
ဒီဝူဖန်၏ မျက်ဝန်းများက သံသယများဖြင့် ပြည့်နှက်နေပြီး ခေါင်းအနည်းငယ် ယမ်းလိုက်သည်။
“ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ…”
“ဟုတ်ပြီ… တစ်ခြားလူတွေနဲ့တိုက်ခိုက်လို့ရသေးတာပဲ… သူပြောတာသာ တကယ်မှန်နေခဲ့ရင်……”
သူက ခေါင်းလှည့်ပြီး ယုလင်းလုံနှင့် တစ်ခြားသူများကို ခြုံကြည့်လိုက်သည်။
၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ချင်နေသည်။
ရွှမ်ယီ၏ တပည့်များကြားထဲတွင် (၅) ယောက်မြောက်ဟူသော ရှောင်ဟောင်၏ စကားက ဒီဝူဖန်အား သံသယများစွာ ဖြစ်စေပြီး လက်ခံရန်ခက်ခဲနေစေသည်။
သူ ရှောင်ဟောင်အား မရှုံးနိမ့်ခင်တွင် သူတော်စင်ဒေသ၌ နံပါတ် (၁) ပါရမီရှင်အဖြစ် လူသိများခဲ့သည်။
သူတော်စင်ဒေသက ထိပ်တန်းဒေသကြီး (၁၀) ခုအနက် တစ်ခုဖြစ်ပြီး နယ်မြေ (၅) ခုပိုင်းခြားထားပြီး နယ်မြေတစ်ခုချင်းဆီတွင် အုပ်ချုပ်သည့် အဓိက အင်အားစုကြီးများရှိ၏။ နယ်မြေတစ်ခုနှင့် တစ်ခုကြား ကြောင်လန့်နေစရာ မလိုပေ။ သူက တောင်ပိုင်းကောင်းကင် ဒီ မိသားစုမှ အစွမ်းထက်ဆုံး ပါရမီရှင်ဖြစ်ပြီး ကျန်သော ပါရမီရှင်များအား ချေမှုန်းကာ သူတော်စင်ဒေသ နံပါတ် (၁) ဟူသော ဘွဲ့ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတော်စင်ဒေသ လူငယ်မျိုးဆက်များကြားထဲတွင် သူ၏ ခွန်အားက ထိပ်ဆုံးတွင် ရှိနေ၏။
ကမ္ဘာကြီးပေါ်တွင် အခြေတည်ဝိညာဉ်အဆင့်ဖြင့် ဘုရင်တစ်ဝက်အဆင့်ကျင့်ကြံသူအား အနိုင်ယူနိုင်သူ မည်မျှရှိမည်နည်း။
တောင်ပိုင်းတိုက်ကြီးတွင် ထိုကဲ့သို့ အရည်အချင်းရှိသူ ပို၍ပင်နည်းပါး၏။
သို့သော် ရှောင်ဟောင်က သူ့ထက်သန်မာနေခဲ့သည်။
ယခုတွင် ရှောင်ဟောင်က သူ့ထက်သန်မာသူ (၄) ယောက်ရှိသေးသည်ဟု ပြောခဲ့သည်။ ယင်းအား ဒီဝူဖန် မည်သို့ လက်ခံနိုင်လိမ့်မည်နည်း။
သို့သော် ယုလင်းလုံက အရှေ့ကောင်းကင် ယုမိသားစုမှ ဖြစ်သည့်အတွက် လျော့တွက်၍တော့မရပေ။ ကျန်သူများကလည်း ရွှမ်ယီ၏ တပည့်များဖြစ်ရာ ခွန်အား တစ်ချို့ရှိနိုင်သည်။
ဒီဝူဖန်၏ မျက်ဝန်းများ စူးရှသွားပြီး သူ၏ နှလုံးသားက တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာ၏။
သူက သူတော်စင်ဒေသမှ ကောင်းကင်အဆင့် ပါရမီရှင်များအား စိန်ခေါ်သကဲ့သို့ ရွှမ်ယီ၏ တပည့်များအား စိန်ခေါ်လိုသည်။
လက်ရှိအခြေအနေအား သူလက်မခံနိုင်သလို ယုံလည်းမယုံကြည်ပေ။
“ငါ ဒီဝူဖန် မင်းကို စိန်ခေါ်တယ်…”
စကားဆုံးသည်နှင့် ပွဲကြည့်စင်ထက်မှ နည်းပြဆရာများ၏ မျက်လုံးများ တောက်ပသွားလေသည်။
ရှုံးနိမ့်ခြင်းက အမှန်တကယ်ကြောက်စရာမဟုတ်ပေ။ ရှုံးနိမ့်ခြင်းမှ ပြန်လည်ရုန်းထနိုင်ခြင်းမရှိမှသာ ပြဿနာ တက်ပေလိမ့်မည်။ သို့သော် ဒီဝူဖန်တွင် ခိုင်မာသော တာအိုနှလုံးသားရှိသည်မှာ ထင်ရှားသည်။
ဒီ မိသားစုခေါင်းဆောင်၏ မျက်ဝန်းထဲတွင်လည်း အမည်မသိအလင်းတန်းတစ်ခု လက်သွား၏။
နောက်ဆုံးတွင် သူက ဒီ မိသားစု၏ အမွေဆက်ခံသူဖြစ်သည်။ သူကျရှုံး၍ မဖြစ်ပေ။
ဒီဝူဖန်အနေဖြင့် ဓါးဆွဲထုတ်ကာ အမြဲတစေ ရှေ့သို့တက်၍ တိုက်ခိုက်နေသင့်၏။
တပည့်များထဲတွင် (၅) ယောက်မြောက်ဟူသော ရှောင်ဟောင်၏ စကားနှင့်ပတ်သက်၍ ဒီမိသားစုခေါင်းဆောင်လဲ သံသယ ဖြစ်နေမိသည်။ အဆင့်တူ၌ သူ့သားထက် သာလွန်သူများစွာရှိပြီး ၎င်းတို့က ဆရာတစ်ယောက်တည်း၏ တပည့်များဖြစ်သည်မှာ လုံးဝ ယုံချင်စရာမကောင်းပေ။
သို့သော် သူယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ အရေးမကြီးချေ။ မကြာခင်လာမည့် တိုက်ပွဲများ ပြီးလျှင် အားလုံး ရှင်းသွားပေလိမ့်မည်။
ရွှစ်…
ရှောင်ဖန်က သူမ၏ ဓါးအား ကိုင်ပြီး ရှေ့သို့ ပြုံးရွှင်စွာ လျောက်လာခဲ့သည်။
“ကျွန်မနာမည်က ရှောင်ဖန်ပဲ… ဆရာရွှမ်ရဲ့ တပည့်တစ်ယောက်လဲဖြစ်တယ်… အကိုဒီရဲ့ ဓါးပညာကို မြင်ချင်ပါတယ်…”
ဘုန်း…
စကားဆုံးသည်နှင့် သူမထံမှ ဓါးရည်ရွယ်ချက်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
ပွဲကြည့်ပရိတ်သတ်များ အားလုံးလည်း စိတ်လှုပ်ရှားပြီး ဒီမိသားစုခေါင်းဆောင်၏ မျက်ဝန်းများထဲတွင် အံ့ဩမှုများ ယှက်သန်းသွားလေသည်။
ဘုရင်အဆင့် ကျင့်ကြံသူများ ကြားထဲတွင်ပင် ဓါးရည်ရွယ်ချက်အား နားလည်နိုင်သူ အများကြီး မရှိပေ။ သို့သော် သူမက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်သည့်တိုင် ဓါးရည်ရွယ်ချက်စွမ်းအားကို နားလည်ထားချေပြီ။
သို့သော် ရွှမ်ယီ၏ ဓါးတာအို တံခါးဖွင့်အတန်းအား နားထောင်ဖူးသူများ၏ မျက်လုံးများထဲတွင် မျှော်လင့်ထားသည့်အတိုင်းဖြစ်လာသည် ဟူသော အရိပ်အယောင်များဖြစ်ပေါ်နေခဲ့သည်။
ထိုလူများထဲမှ အများစုမှာ ရွှမ်ယီ၏ တံခါးဖွင့် အတန်းအားနားထောင်ပြီး ကနဦး ဓါးရည်ရွယ်ချက်အား နားလည်ခဲ့ကြသည်။ ရွှမ်ယီ၏ တပည့်များ အနေဖြင့် အစစ်အမှန် ဓါးရည်ရွယ်ချက်ကို နားလည်ထားသည်မှာ သိပ်ပြီး မထူးဆန်းချေ။
ဒီဝူဖန် ဖိအား အနည်းငယ်ခံစားလိုက်ရပြီး သူ၏ နှလုံးသား အနည်းငယ်လှုပ်ရှားသွားရ၏။
“မင်းရဲ့ခွန်အားက စောနားကတစ်ယောက်လောက် အားမကောင်းဘူး…”
ဒီဝူဖန် မျက်လုံးတစ်ခဏမျှ မှိတ်လိုက်ပြီး ပြန်ဖွင့်ကာ ရှောင်ဖန်အား စိုက်ကြည့်လိုက်၏။
ထို ရှောင်ဖန်ဟူသည့် မိန်းကလေးက ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသော်လည်း ရှောင်ဟောင်နှင့် အနည်းငယ်ကွဲပြားသည်ဟု စိတ်ထဲ၌ ခံစားမိနေသည်။
ရှောင်ဖန်က သူမ၏ ခေါင်းအား ညင်သာစွာယမ်းလိုက်ပြီး လှပသော မျက်ဝန်းများဖြင့် ဒီဝူဖန်အား စိုက်ကြည့် လိုက်လေသည်။
“အဲ့တာ ငါ့မောင်ပဲ… ပြီးတော့ တပည့် (၆) ယောက်ထဲမှာ ငါက အညံ့ဆုံး…”
ဟမ်…
ရှောင်ဖန်က သူမလက်ထဲမှ ဓါးရှည်အား တစ်ချက်ဝှေ့ယမ်းလိုက်လျှင် ခန္ဓာကိုယ်ထဲရှိ အပ်စိုက်မှတ်များမှ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအားများ ဓါးရှည်အတွင်းသို့ စီးဝင်သွားခဲ့သည်။
ထို့နောက် ဓါးရည်ရွယ်ချက် စွမ်းအားကို အပြည့်အဝ ထုပ်ဖော်လိုက်ပြီး ဒီဝူဖန်ထံသို့ ဒေါင်လိုက် ခုတ်ချလိုက်လေသည်။
“ငါက အညံ့ဆုံး ဆိုပေမယ့် နင့်ကိုတော့ အနိုင်ယူနိုင်သေးတယ်…”
ရှောင်ဖန်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။
ထို ရှောင်ဖန် ဤမျှ အစွမ်းထက်မည်ဟု ဒီဝူဖန် ထင်မထားခဲ့ချေ။ သူမ၏ နူးညံ့သည့် အသွင်အပြင်ကြောင့် လှည့်စားခံရလုနီးပါး ဖြစ်သွားခဲ့၏။
ဘုန်း..ဘုန်း..ဘုန်း…
အချက်ပေါင်း ဒါဇင်အနည်းငယ် တိုက်ခိုက်ပြီးနောက် ဒီဝူဖန် တိုက်ခိုက်နေရာမှ လွင့်စင်သွား၏။
ရှောင်ဖန်ထံ ရှုံးနိမ့်ပြီးနောက် ဒီဝူဖန်က အလွန်အံ့အားသင့်ကာ တုန်လှုပ်သွားလေသည်။
ထိုအချိန်တွင် ပွဲကြည့်စင်မှ လူတိုင်း စကားတစ်ခွန်းမှ မပြောကြပဲ တိုက်ပွဲကွင်းပြင်သို့ ငေးစိုက်ကြည့်နေကြ၏။
ရှောင်ဟောင်နှင့် တိုက်ခိုက်ခဲ့စဉ်ကနှင့် ယှဉ်လျှင် ဒီဝူဖန်နှင့် ရှောင်ဖန်တို့ နှစ်ယောက် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ကြသည်။
သို့သော် သူမက အညံ့ဆုံးဖြစ်၏။ ထိုအခြေအနေက စီနီယာကျောင်းသားများ အပါအဝင် လူအများ၏ နှလုံးသားကို တုန်ခါသွားစေခဲ့သည်။
ဒီဝူဖန် အချိန်တစ်ခဏမျှ အေးခဲသွားပြီးနောက် သူရှုံးသွားပြီဖြစ်ကြောင်းကို နားလည်လိုက်သည်။
ထို့နောက် ပြန်လည်အသိဝင်လာပြီး ခေါင်းမော့လိုက်ကာ
“ဒီ မိသားစုက ဒီဝူဖန် မင်းကိုစိန်ခေါ်တယ်…”
ရွှစ်…
ကိုင်လင်းအာ က (၉) ရောင်ခြယ်အလင်းတန်းများ ဖုံးလွှမ်းနေပြီး ဒီဝူဖန် ရှေ့၌ ထွက်ပေါ်လာကာ ထူးမခြားနားဟန်ဖြင့် ကြည့်နေခဲ့သည်။
“ကိုင်လင်းအာ.. ဆရာရွှမ်တပည့်..”
“ လာခဲ့…”
ဘုန်း…
စကားဆုံးသည်နှင့် ကိုင်လင်းအာ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဓါးရည်ရွယ်ချက်စွမ်းအားကို ထိုအလင်းတန်းများ ကြားထဲတွင် ကွယ်ဝှက်ထားခဲ့သည်။ (၉) ရောင်ချယ်အလင်းတန်းများက တစ်ခုတည်းအဖြစ်ပြောင်းလဲသွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ လေဟာနယ်အား တိုက်ရိုက်ဖြတ်သန်း၍ ဒီဝူဖန်အား ထိမှန်သွားလေသည်။
ဒီဝူဖန်၏ မျက်နှာ သိသိသာသာပြောင်းလဲသွားပြီး ဓါးမြှောက်ကာ သူမ၏ တိုက်ခိုက်မှုကို တားဆီးရင်း တစ်ချက် ညည်းတွားမိလိုက်သည်။ ထိုတိုက်ခိုက်မှုအောက်တွင် သူ့ လက်များ တစ်ဆတ်ဆတ်တုန်ခါသွားခဲ့၏။
ရွှစ်…
ကိုင်လင်းအာ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ရာ ရောင်စုံဖဲကြိုးတစ်ချောင်းကဲ့သို့ အလင်းတန်းက အံ့ဩမှင်သက်နေသည့် ဒီဝူဖန်ရှေ့သို့ ရောက်ရှိလာပြီးနောက် ၎င်း၏ စွမ်းအားကို အနည်းငယ်လျော့ချလိုက်သည်။
ထို့နောက် ဒီဝူဖန် မြေပြင်၌ လဲကျနေပြီး သူ၏ အမူအရာက အလွန်ရုပ်ဆိုးနေပေသည်။
အစပိုင်းတွင် သူက ပြိုင်ပွဲ၌ ပထမရရန် ယုံကြည်ချက်ရှိနေခဲ့သည်။ သူ့တွင် ဖြစ်နိုင်ချေ (၉၉%)ရှိသည်။
သို့သော်် ရလဒ်အနေဖြင့် (၃) ပွဲဆက်တိုက်ရှုံးနိမ့်သွားခဲ့ရ၏။
“မင်ယွဲ့ရှု… ဆရာရွှမ်ရဲ့တပည့်… ငါ့ကိုလမ်းညွှန်ပေးပါဦး…”
ပွဲ့ကြည့်စင်မှ လူများ တုံ့ပြန်ချိန်ပင် မရသေးခင် မင်ယွဲ့ရှုက ဒီဝူဖန်၏ ရှေ့သို့ရောက်လာပြီး တည်ငြိမ်စွာ စိုက်ကြည့်လျက် စိန်ခေါ်လိုက်သည်။
“လာခဲ့…”
ဒီဝူဖန်က အံကြိတ်ပြီး ပြောလိုက်ကာ ရှေ့သို့ပြေးတက်၍ တိုက်ခိုက်လိုက်၏။
ဘုန်း…
ရလဒ်က ရှင်းပေသည်။ ဒီဝူဖန် နောက်သို့ လွင့်စင်သွားခဲ့၏။
နောက်တစ်ကြိမ်…
“ကျန်းချန်.. ဆရာရွှမ် တပည့်… တိုက်ကြစို့…”
ဘုန်း…
“ယုလင်းလုံ… ဆရာရွှမ် တပည့်… တိုက်ကြရအောင်…”
ဘုန်း…