← Chapters

အခန်း (၂၇၄)

Vol. 19 Ch. 274

အခန်း (၂၇၄)

Vol. 19 Ch. 274

အကြိမ်ကြိမ် ရှုံးနိမ့်သွားသည့်မြင်ကွင်း….

တစ်ချိန်က သူတော်စင်ဒေသ၏ နံပါတ်(၁) ပါရမီရှင် ၊ ဘုရင်တစ်၀က်အဆင့်အား သတ်ဖြတ်ခဲ့သူအား ကြည့်ရင်း ပွဲကြည့်ပရိတ်သတ်များ မှင်သက်သွားခဲ့သည်။

မင်ယွဲ့ရှုအပါအ၀င် နောက်ဆုံး(၃)ယောက်က သူ့အား အနိုင်ရရန် တစ်ကွက်တည်းသာ အသုံးပြုခဲ့ကြ၏။

ခြောက်ယောက်သား ဒီဝူဖန်အား ဝိုင်းရံထားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။

ရွှမ်ယီ၏ တပည့်များအနေဖြင့် အတူရှိခဲ့သည့်တစ်လျှောက်လုံး ရွှမ်ယီ၏ စိတ်သဘောထားအနည်းငယ်ကို ဆက်ခံရရှိခဲ့ကြသည်။

သူတို့အား စိန်ခေါ်လိုသလော…?

ထိုင်စောင့်မနေနိုင်ပေ။ ဓားကိုင်ကာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာမည်ဖြစ်၏။

တိုက်ပွဲပြီးနောက် ဒီဝူဖန် ပတ်ပတ်လည်သို့ အံ့အားသင့်နေဟန်ဖြင့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ဗလာဖြစ်နေပြီး ကမ္ဘာကြီးတစ်ခုလုံး အလွန်ထူးဆန်းသွားသည့်အလား ခံစားနေမိ၏။

ရှောင်ဟောင်နှင့်တိုက်ပွဲအပါအ၀င် သူ(၆)ကြိမ်တိုက်ခိုက်ခဲ့၏။ သို့သော် (၆)ကြိမ်လုံး ရှုံးနိမ့်ခဲ့သည်။

သူ့ ဘ၀တစ်လျှောက်လုံး ဤမျှ ခါသီးမှု မကြုံဖူးပေ။ မဖြစ်နိုင်ဟု တွေးမိနေသော်လည်း ဖြစ်လာခဲ့ပြီးဖြစ်သည်။

“ သူတို့.. ဘယ်ကရောက်လာကြတာလဲ…”

ဒီဝူဖန် ညည်းတွားလိုက်၏။

ရှောင်ဟောင်က (၅)ယောက်မြောက်ဆိုသည့်စကား…

ယခု ယုံရတော့မည်။

ပွဲကြည့်စဉ်တွင် ဒီမိသားစုခေါင်းဆောင် ဦးရေပြားများ ထုံကျဉ်နေချေပြီ။

လူ(၆)ယောက်က သူ့သားထက် အစွမ်းထက်သည်လော…?

ရှောင် မောင်နှစ်မနှင့် တိုက်ခိုက်စဉ်က ဒီဝူဖန်အနေဖြင့် သိုင်းကွက်အနည်းအငယ် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ကိုင်လင်အားနှင့် တိုက်ခိုက်စဉ် သူတို့အကြားမှ ခြားနားမှုကို ချက်ချင်း ခံစားမိလိုက်ပြီး မင်ယွဲ့ရှု နှင့် ကျန်(၂)ယောက်တို့ဖြင့် တိုက်ခိုက်သောအခါ စစ်နတ်ဘုရားခန္ဓာကိုယ် ပြန်လည်တွန်းလှန်နိုင်စွမ်းမရှိခဲ့ပေ။

နောက်ဆုံးတွင် ပြိုင်ပွဲပြီးဆုံးသွားပြီး ရလဒ်များထွက်ပေါ်လာ၏။

ရွှမ်ယီ၏ တပည့်(၆)ယောက်က ထိပ်တန်း(၆)နေရာအား သိမ်းပိုက်ထားသည်။

ဒီဝူဖန်က အဆင့်(၇)ဖြစ်၏။

လျှပ်စီးခန္ဓာဖြင့် လီလင်း ၊ လေဝိညာဉ်ခန္ဓာပိုင်ရှင် ဖန်ရှုယီ နှင့် မီးဝိညာဉ်ခန္ဓာပိုင်ရှင် ရန်ဝေ တို့က (၈) ၊ (၉) ၊ (၁၀) အစဉ်လိုက်ဖြစ်သည်။

ယခုအချိန်တွင် လူ(၁၀)ယောက် အတည်ပြုပြီးဖြစ်၏။

ပွဲကြည့်ပရိတ်သတ်များအားလုံး ယခုအထိ ထိတ်လန့်နေဆဲဖြစ်ပြီး နားမလည်နိုင်စွာ ခံစားနေရသည်။

တစ်ချို့လူများက ဤရလဒ်အား မျှော်လင့်ထားပြီးဖြစ်သည့်တိုင် ထိတ်လန့်နေကြဆဲဖြစ်၏။

ဆရာရွှမ်ယီ တပည့်(၆)ယောက်လုံး (၁၀)ယောက်ထဲ ပါမည်ဟုတွေးခဲ့ကြသည်တိုင် ဤမျှ ဖြစ်မည်ဟု လုံး၀ မထင်ခဲ့ကြပေ။

ထိပ်တန်း(၆)နေရာအား သိမ်းပိုက်ထားသည့် အခြေအနေက လူအများစုအား မွန်းကြပ်သွားစေခဲ့၏။

ဗဟိုသူတော်စင် အကယ်ဒမီ ကျောင်းသားသစ်ပြိုင်ပွဲကြီး ပြီးဆုံးကြောင်း ဌာနမှူးက ကြေငြာလိုက်သည်။

(၃) ရက်ကြာပြီးနောက် ပြိုင်ပွဲ၌ အနိုင်ရခဲ့သည့်(၁၀)ယောက်အား စုစည်းကာ ဌာနမှူး ဦးဆောင်မှုအောက်၌ ဆရာတစ်ချို့နှင့်အတူ ဗဟိုသူတော်စင်အကယ်ဒမီမှ ထွက်ခွာလာခဲ့ကြ၏။

၎င်းတို့ဦးတည်ရာက တောင်ပိုင်းတိုက်ကြီး၏ နံပါတ်(၁) ဒေသကြီးဖြစ်သော သိုင်းဒေသသို့ဖြစ်ပြီး အကယ်ဒမီ(၅)ခုပြိုင်ပွဲအတွက် သွားကြခြင်းဖြစ်သည်။

သိုင်းဒေသသို့သွားရာ လမ်းတွင် ရွှမ်ယီ လက်နောက်ပစ်ရင်း သက်ပြင်းချလိုက်မိ၏။

ယုလင်းလုံအား တပည့်အဖြစ်လက်ခံခဲ့ပြီးနောက် စနစ်ထံမှ တာ၀န်အသစ်တစ်ခု လက်ခံရရှိခဲ့သည်။

ပါရမီရမှတ်(၅၀၀)ကျော်သော တပည့်တစ်ဦးလက်ခံရမည်ဖြစ်၏။

ဆုလာဘ်များက - ဓားရည်ရွယ်ချက် တစ်ဆင့် ၊ ကျင့်ကြံမှု နှစ်ဆင့် နှင့် တိုင်ရှုဓားခန္ဓာကိုယ်တို့ဖြစ်သည်။

ရွှမ်ယီ တပည့်သစ်လက်မခံဖြစ်သည်မှာ ကြာချေပြီ။ ထိုအချိန်မှစပြီး မိမိဖာသာလေ့ကျင့်ရင်း တိုးတက်လာခဲ့သည်။

စနစ်မှ ဆုလာဘ်များကို မက်မောသည့်တိုင် တောင်ပိုင်းတိုက်ကြီးအနေအထားဖြင့် ပါရမီအမှတ်(၅၀၀)ကျော်သည့်တပည့်အားရရှိရန် အလွန့်အလွန်ခက်ခဲလှ၏။

အနှစ်(၁၀၀၀၀)မှ တစ်ယောက်ပေါ်သည့် ပါရမီရှင်များဟု ဆိုသူများပင် ပါရမီအမှတ် (၃၀၀) (၄၀၀)၀န်းကျင်သာရှိကြသည်။ သူ၏တပည့်များအကြား အမှတ်အမြင့်ဆုံး ယုလင်းလုံပင် အမှတ်(၄၀၀)သာရှိ၏။

အကယ်၍ သူသာ ဤတာ၀န်ကို အလျင်အမြန်ပြီးမြောက်လိုပါက တခြားတိုက်ကြီးများသို့ သွားရန် လိုအပ်သည်။ တောင်ပိုင်းတိုက်ကြီး၌ ပါရမီအမှတ်(၅၀၀)ကျော်သူအား လိုက်ရှာလိုပါက ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ရွှမ်ယီ စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်မိ၏။

ရွှမ်ယီ သိုင်းဒေသသို့ သွားနေစဉ် အဇူရာဒေသမှ နက်နဲဓားဂိုဏ်း၏ အနောက်ဘက် တောင်တွင် တချို့ကိစ္စများဖြစ်ပျက်နေလေသည်။

ဘုန်း…

ကျယ်လောင်သော အသံကြီးတစ်ခုထွက်ပေါ်လာပြီး နက်နဲဓားဂိုဏ်းတစ်ခုလုံး တုန်ခါသွား၏။ ဂိုဏ်းပင်မရင်ပြင်ထက်တွင် တပည့်အုပ်စုတစ်ခုက ‌တောင်အနောက်ဘက်သို့ လေးစာမှုများပြည့်နေသည့် မျက်၀န်းများဖြင့် ငေးကြည့်နေကြသည်။

“ ဒီလှုပ်ရှားမှု… စီနီယာအစ်မကု ထပ်ပြီး လေ့ကျင့်နေပြန်ပြီထင်တယ်…”

“ စီနီယာအစ်မကုက အကြီးအကဲရွှမ်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ဘဲ… လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သူမကျင့်ကြံမှုက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ပဲရှိသေးတယ်… အခု ဖြစ်ပေါ်လာတဲ့စွမ်းအားအရ သူမ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေမှာ စိုးမိတယ်…”

နောက်ပိုင်းတွင် နက်နဲဓားဂိုဏ်းသို့ ၀င်ရောက်လာသူအများစု စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံမှု အခြေခံရှိကြ၏။

ယခုအချိန်တွင် အဇူရာဒေသ တစ်ခုလုံး၌ အစွမ်းထက်ဆုံးဂိုဏ်းအကြောင်း မသိသူမရှိပေ။

နက်နဲဓားဂိုဏ်းက ရွှမ်ယီ၏ မူလအစဂိုဏ်းဖြစ်ပြီး ရွှမ်ယီက အ‌ဇူရာဒေသတစ်ခုလုံး၌ အစွမ်းထက်ဆုံးနှင့် နာမည်အကြီးဆုံးလူဖြစ်သည်။

နက်နဲဓားဂိုဏ်းက အဇူရာဒေသနှင့် ကြက်သွေးနတ်ဆိုးဒေသ (၂)ခုလုံး၌ တည်ရှိနေပြီး ဘုရင်အဆင့်ကျင့်ကြံသူ(၂)ယောက်စီ တာ၀န်ယူ အုပ်ချုပ်နေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်သို့ ပြန်ကြည့်မည်ဆိုလျှင် နက်နဲဓားဂိုဏ်းက ကောင်းကင်လေပြေနိုင်ငံမှ ဂိုဏ်းငယ်လေးတစ်ခုမျှသာ။ သို့သော် လူတစ်ယောက်က အရာအားလုံး ပြောင်းလဲပစ်ခဲ့သည်။ ထို လူ၏ အမည်နှင့်ပတ်သက်ပြီး လူတိုင်းရင်းနှီးကြပေသည်။

နက်နဲဓားဂိုဏ်းမှ ရွှမ်ယီ….!

“ အကြီးအကဲရွှမ် အဇူရာဒေသက ထွက်ခွာသွားတာ အရမ်းနှမျောစရာဘဲ.. မဟုတ်ရင် ငါတို့မှာ တပည့်ဖြစ်ဖို့ အခွင့်အရေး နည်းနည်းလောက်ရှိဦးမှာ…”

“ အိမ်မက်မက်နေလိုက်…”

အားလုံး တခစ်ထစခစ်ရယ်မောလိုက်ကြ၏။ သို့သော် သူတို့ဆရာရောက်လာသည်ကိုမြင်လျှင် ဟာသများကို ချက်ချင်းရပ်တန့်လိုက်ကာ လေးနက်သွားဟန်ပြင်လိုက်ကြပြီး ကျင့်ကြံခြင်း၌ အာရုံစိုက်လိုက်ကြသည်။

ရောက်လာသူက နက်နဲဓားဂိုဏ်းသို့ နောက်မှရောက်လာသော အကြီးအကဲတစ်ဦးဖြစ်ပြီး ထိုကလေးများအားကြည့်ကာ ခေါင်းယမ်းရင်း ပြုံးလိုက်၏။

ရွှမ်ယီအား သူပင် မဆုံဖူးချေ။ ထိုကလေးများက တောင်အနောက်ဘက်မှ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် အားကျနေဟန်ရသည်။ သို့သော် လက်ရှိအခြေအနေက ထိုတပည့်များသာမက အကြီးအကဲတချို့လည်း ထိတ်လန့်နေမိကြ၏။

ရွှမ်ယီ ထွက်သွားပြီး တစ်နှစ်ကြာပြီးနောက် ရွှမ်ယီကိုယ်တိုင်သင်ကြားပေးခဲ့သည့် တပည့်များက တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ ကုယီယီက ယခုလေးတင် ကြီးမားသောလှုပ်ခတ်မှုအား ဖန်တီးနေ၏။ သူမက လက်ရှိတွင် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိနေပြီးဖြစ်ပြီး အဆင့်ထက်ကျော်လွန်သော တိုက်ခိုက်နိုင်စွမ်းလည်းရှိ၏။ ရေခဲဝိညာဉ်ချပ်၀တ်အား ၀တ်ဆင်လိုက်လျှင် သူမ၏တိုက်ခိုက်နိုင်စွမ်းက အဆင့်ထက် များစွာ ကျော်လွန်သွားခဲ့သည်။

တချို့အကြီးအကဲများပင် ကုယီယီထက်အားနည်း၏။

ထိုအချိန် ဂိုဏ်းအနောက်ဘက် တောင်ပေါ်တွင်….

ကုယီယီ၏ ပါးလေးက နီရဲနေပြီး သူမမျက်၀န်းများက တောက်ပနေကာ ဆံပင်များ ဖရိုဖရဲနှင့် ချွေးများလည်း စိုချွဲနေပြီး တောင်ပေါ်မှ ထွက်ခွာလာသည်။

ဟမ်…

သူမ အနည်းငယ်တုန်ခါသွားပြီး စိတ်ဝိညာဉ်စွမ်းအင်များအား ထုတ်လွှတ်လိုက်ရာ အေးခဲနေသောလေများ ပတ်၀န်းကျင်သို့စိမ့်၀င်သွားပြီး လျှင်မြန်စွာ သန့်ရှင်းလိုက်၏။

“ ငါ့တိုးတက်မှုနှုန်းက မလုံလောက်သေးဘူး…”

ကုယီယီခေါင်းစောင်းပြီး သူမအနောက်မှ မီတာရာနှင့်ချီမြင့်မားသော ရေခဲတောင်ဖြစ်လုနီးပါး အေးခဲနေသည့်တောင်ကြီးအားကြည့်ကာ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

အဇူရာဒေသ မဟာပြိုင်ပွဲကြီးစတင်ရန် အချိန်အများကြီးကျန်သေး၏။ ယခင် အဇူရာဒေသ မဟာပြိုင်ပွဲကြီးမစတင်မီ ဆရာက သူမအား အရင်းအမြစ်များစွာပေးခဲ့သည်။ ရေခဲဝိညာဉ်ခန္ဓာအကူအညီဖြင့် သူမ၏ ကျင့်ကြံမှု ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂) မှ အဆင့်(၉)သို့ ရောက်သွားခဲ့၏။ ထို့နောက် ရွှမ်ယီ ထွက်သွားခဲ့ပြီး လွန်ခဲ့သော တစ်နှစ်ကျော်က ပြန်လာခဲ့ပြီး အရင်းအမြစ်များ ထပ်မံပေးအပ်ခဲ့သည်။ သိပ်မကြာခင်က ကျောက်စိမ်းတုံးလေးတစ်ခု လေဟာနယ်အားဖြတ်သန်းကာ ရောက်လာခဲ့ပြီး ၎င်းအတွင်း အင်ပါယာအဆင့်ကျင့်စဉ်ပါ၀င်နေသည်။

တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး၌ ရှာလျှင်ပင် ထိုအဆင့်ကျင့်စဉ်က အနည်းငယ်သာရှိနိုင်သော်လည်း ဆရာက သူမတို့အား မဆိုင်းမတွ ပေးအပ်ခဲ့၏။

All Chapters