← Chapters

အခန်း (၂၇၈)

Vol. 19 Ch. 278

အခန်း (၂၇၈)

Vol. 19 Ch. 278

အလယ်ပိုင်း သူတော်စင်အကယ်ဒမီ၏ အလုံးစုံ အင်အားက ဗဟို သူတော်စင်အကယ်ဒမီထက် များစွာကျော်လွန်နေသည်။ အလယ်ပိုင်း သူတော်စင်အကယ်ဒမီတွင် နေထိုင်ပြီး ဖွံဖြိုးတိုးတက်လာမှုက ဗဟို သူတော်စင်အကယ်ဒမီတွင် ဆက်နေပါက ဖြစ်ပေါ်လာမည့် အခြေအနေထက်ပင် ပို၍ ကြီးမားလိမ့်မည်ဖြစ်သည်။

ထို့အပြင် အလယ်ပိုင်း သူတော်စင် အကယ်ဒမီမှ ဌာနမှူး ထန်ပုကျန်းကိုယ်တိုင် လာရောက် ဖိတ်ခေါ်ခြင်းဖြစ်သည်။

ရွှမ်ယီသာ အမြင့်သို့ ရောက်ချင်လျှင် သဘောတူလိုက်မည်ကို စိုးရိမ်နေမိ၏။

“ဟင့်အင်း…”

ရွှမ်ယီက ခေါင်းယမ်းလိုက်ပြီး စိတ်လှုပ်ရှားနေသည့် ဌာနမှူးအားကြည့်ကာ ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောပြလိုက်သည်။

“ကျုပ် သူတို့ကို အခွင့်အရေးပေးခဲ့ပါသေးတယ်… ဒါပေမယ့် သူတို့က မဆုပ်ကိုင်နိုင်ခဲ့ဘူး…”

ရွှမ်ယီက လက်နှစ်ဖက်အား ဘေးသို့ ဖြန့်ကားပြလိုက်ကာ သူ၏ လေသံတွင် စိတ်မကောင်းမှုဟန်များ ပါဝင်နေ၏။

“အဲ့ဒီ မိန်းမက ကျုပ်ဆီက တိုက်ခိုက်မှု တစ်ခုကိုတောင် မခုခံနိုင်ခဲ့ဘူးလေ… ဒါနဲ့များ ကျုပ်ကို အလယ်ပိုင်း သူတော်စင် အကယ်ဒမီကို ဖိတ်ခေါ်ချင်နေသေးတယ်…”

ထိုစကား ထွက်ပေါ်လာသည်နှင့် ဗဟို သူတော်စင်အကယ်ဒမီမှ ဌာနမှူး တုန်လှုပ်သွားခဲ့သည်။

စောနားလေးကမှ ရွှမ်ယီ ငြင်းပယ်လိုက်သည် ဟူသော စကားကြောင့် စိတ်အေးသွားကာရှိသေး ရွှမ်ယီထံမှ ဆက်လက်ထွက်ပေါ်လာသော စကားကြောင့် သူထပ်မံ တုန်လှုပ်သွားရပြန်သည်။

အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ လက်ထောက်ဌာနမှူးက ရွှမ်ယီနှင့် မယှဉ်နိုင်ဘူးလော။

ထို မိန်းမလှလေးအား သူ သိထားသည်။ သူမက အထွတ်အထိပ်လူသားဘုရင်အဆင့်၌ ရှိနေပြီး အစွမ်းထက်သူ တစ်ယောက်ဖြစ်သည်။ သူမက လက်ထောက်ဌာနမှူး တစ်ယောက်ဖြစ်သော်ငြား ပျော့ညံ့ခြင်းအလျင်းမရှိချေ။ သူမ၏ ခွန်အားက သူနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်းရှိနေ၏။

ထိုကဲ့သို့ ဝါရင့် အထွတ်အထိပ် လူသားဘုရင်အဆင့် ကျင့်ကြံသူက ရွှမ်ယီထံတွင် ရှုံးနိမ့်ခဲ့သည်လော။

ဗဟို သူတော်စင်အကယ်ဒမီမှ ဌာနမှူး၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာပြီး ထိတ်လန့်သွားခဲ့သည်။ ရွှမ်ယီ၏ တိုးတက်မှုက အလွန် ကြောက်စရာကောင်းလှ၏။

လွန်ခဲ့သော လအနည်းငယ်က ရွှမ်ယီနှင့် စုကျင်း ယှဉ်ပြိုင်ရာတွင် ရွှမ်ယီ၏စွမ်းအားကို သူကြားဖြတ်ဝင်ရောက် ဖယ်ရှားနိုင်ခဲ့သေးသည်။ ယခုတွင် ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက သူ့ထက်ပင် ကျော်လွန်သွားပြီဖြစ်၏။

ဤ တိုးတက်မှုက အလွန် ကြောက်စရာကောင်းသည်မဟုတ်ပေလော။

ဌာနမှူး အနေဖြင့် ရွှမ်ယီထံမှ သူလိုချင်သည့် အဖြေကို ရရှိခဲ့သော်လည်း အခန်းအတွင်းမှ တုန်လှုပ်ခြောက်ခြားစွာပြန်လာခဲ့ရသည်။

ရွှမ်ယီကဲ့သို့ အလွန်အစွမ်းထက်သည့် မွန်းစတား ပါရမီရှင်တွေက အလွန်အစွမ်းထက်လွန်းကြသည်။

သို့သော် ထိုသို့ စွမ်းအားသာ မရှိလျှင်လည်း ရွှမ်ယီအနေဖြင့် မူလဘုရင်အဆင့်ဇယားတွင် မည်သို့ နံပါတ် (၁) ဖြစ်နိုင်မည်နည်း။

ထိုအချိန်တွင် ဌာနမှူး၏ နှလုံးသားထဲသို့ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ ရွှမ်ယီက အစောပိုင်းလူသားဘုရင်အဆင့်၌ပင် ဤမျှ အားကောင်းနေပါက လူသားဘုရင်အထွတ်အထိပ်အဆင့်သို့ရောက်သွားပါက လူသားဘုရင်အဆင့်ဇယား၌ နံပါတ် (၁) ဖြစ်သွားမည်မဟုတ်ပေလော။

ထိုအချိန်တွင် ဗဟို သူတော်စင်အကယ်ဒမီ၏ နာမည်လည်း လိုက်ပါမြင့်တက်လာပေလိမ့်မည်။

“ဘယ်လောက်ကောင်းလိုက်သလဲ…”

ဌာနမှူး သက်ပြင်းချလိုက်ပြီးနောက် ထွက်ခွာသွားတော့၏။

အချိန်များတရွေ့ရွေ့နှင့် ကုန်ဆုံးသွားပြီး (၃) ရက်ကြာသွားသည်။

ယနေ့တွင် အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲ တရားဝင် စတင်တော့မည်ဖြစ်၏။

ဌာနမှူးက ဗဟို‌ သူတော်စင်အကယ်ဒမီမှ လူအားလုံးအား စုစည်းကာ ဝူအန်မြို့ အထက်မှ ရေပေါ်ကျွန်းပေါ်သို့ ပျံသန်းသွားခဲ့သည်။

ထို ရေပေါ်ကျွန်းတွင် အဓိက ကျွန်းကြီးတစ်ကျွန်း ၊ အလတ်အလတ်တန်းစားကျွန်း (၆) ကျွန်းနှင့် ကျွန်းငယ်လေးပေါင်းများစွာ ပါဝင်ပေသည်။ နောက်ဆုံး ကုန်ကုန်ပြောရမည်ဆိုလျှင် ၎င်းက ဝူအန်မြို့၏ အဓိက ဂုဏ်ယူစရာဖြစ်ပေသည်။

လက်ရှိအချိန်တွင် ရေပေါ်ကျွန်း၌ လူပေါင်းများစွာပြည့်နှက်နေ၏။

အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲက အလွန်ခမ်းနားကာ ကြီးမားသော ပြိုင်ပြွီးတစ်ခုဖြစ်ပြီး တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားနိုင်သည်။ ဝူအန်မြို့က အလွန်ကျယ်ဝန်းသော်ငြား ယခုတွင် စိတ်အားထက်သန်နေကြသည့် ပွဲကြည့် ပရိတ်သတ်များဖြင့် ပြည့်နှက်နေတော့၏။

ယခုအချိန်တွင် ရေပေါ်ကျွန်း၌ ပရိတ်သတ်များအားလုံး အချင်းချင်း တီးတိုး ဆွေးနွေးနေကြပြီး စင်မြင့်ထက်သို့ ၎င်းတို့နှင့် အကျွမ်းတဝင်ရှိသူများ ရောက်လာသည့် အချိန်တိုင်း အော်ဟစ်အားပေးနေကြ၏။

ရွှစ်…

ရွှေရောင်အလင်းတန်းများ ထွန်းလင်းတောက်ပလာပြီး နံပါတ် (၃) ပိုင်ချန် အကယ်ဒမီမှလူများ ရောက်လာသည်။

“ပိုင်ချန် အကယ်ဒမီ နံပါတ် (၁) လုချန်ရန်… သူက အခြေတည်ဝိညာဉ် အဆင့် (၉) ကိုရောက်နေပြီးတော့ သန့်စင်သောယန် ဓါးရည်ရွယ်ချက် ပိုင်ဆိုင်ထားတယ်… ပိုင်ချန် အကယ်ဒမီမှာ သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး…”

ရွှစ်…

နံပါတ် (၂) အနောက်ကြယ် အကယ်ဒမီမှ လူအုပ်စုလည်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အား အုပ်အော်သောင်းတင်းဖြစ်သွားလေသည်။

“ရှန့်ကွမ်းကျင်း… အနောက်ကြယ် အကယ်ဒမီက နံပါတ် (၁) ရှန့်ကွမ်းကျင်း… သူက အင်ပါယာအဆင့် ကျင့်စဉ်ကို လေ့ကျင့်ထားပြီး သေပြီးတဲ့ သတ္တဝါ တွေဆီက စိတ်ဝိညာဉ်တွေကို ဝါးမြိုနိုင်တယ်… ကောလဟာလတွေအရဆိုရင် ပြိုင်ဘက်ကင်းတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ကျားဖြူ စိတ်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ်လို့ပြောကြတယ်…”

ပွဲကြည့်ပရိတ်သတ်များ၏ မျက်ဝန်းများတောက်ပနေပြီး ရောက်ရှိလာသည့် အကယ်ဒမီကြီးနှစ်ခု၏ အကြောင်းအား အားတက်သရော ဆွေးနွေးနေကြ၏။ ထို့နောက် အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ လူများ စင်မြင့်ထက်သို့ ရောက်လာခဲ့သည်။

ဘုန်း…

အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ ကျောင်းသား (၁၀) ယောက်ထံမှနေပြီး အလွန်ထွန်းလင်းတောက်ပနေသည့် နေမင်းကဲ့သို့ ပြင်းထန်သည့် အလင်းရောင်များ ထွက်ပေါ်နေ၏။

“အလယ်ပိုင်း သူတော်စင်အကယ်ဒမီက နံပါတ် (၁) ကျင်းဝူလင်း…”

ပွဲကြည့်ပရိတ်သတ်များ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်အား‌ပေးလိုက်ကြ၏။ လူအုပ်ကြီးထံမှ ထွက်ပေါ်လာသည့် အားပေးသံများက ဝူအန်မြို့ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုကဲ့သို့ သက်ဝင်လှုပ်ရှားကာ စည်ကားနေသည့် မြင်ကွင်းအောက်တွင် ဗဟို သူတော်စင်အကယ်ဒမီနှင့် နန်ကျန်း အကယ်ဒမီတို့ တိုက်ပွဲစင်မြင့်ထက်သို့ တိတ်တဆိတ် ရောက် ရှိလာခဲ့သည်။ ထိုအကယ်ဒမီ နှစ်ခုတွင် တစ်ခုက အဆင့် (၄) နှင့် နောက်တစ်ခုက အဆင့် (၅) ဖြစ်ကာ ၎င်းတို့အား လူအနည်းငယ်သာ အားပေးခဲ့၏။

ထိုအချိန်တွင် အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ လူ (၁၀) ယောက်က ဗဟို သူတော်စင် အကယ်ဒမီမှ (၁၀) ယောက်ကို စိုက်ကြည့်နေကြသည်။

ပြိုင်ပွဲ မစတင်မီ အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ ဌာနမှူးက ၎င်းတို့အား စုစည်းကာ ဗဟို သူတော်စင် အကယ်ဒမီမှ ကျောင်းသားများ အပေါ်တွင် ညှာတာမှုမပြရန် အမိန့်ပေးခဲ့၏။

“ထိန်းမထားနဲ့… သူတို့ မသေသ၍ ကြိုက်သလောက် ရိုက်လို့ရတယ်…”

ထိုသို့ ညွှန်ကြားခဲ့ချိန်တွင် ထန်ပုကျန်း၏ မျက်နှာက အလွန်မဲမှောင်နေပြီး ၎င်း၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲတွင် လူသတ်ခွင့် မရှိသည့် တိုင်အောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းက ကိစ္စမရှိပေ။

အလယ်ပိုင်း သူတော်စင် အကယ်ဒမီမှ ကျောင်းသား (၁၀) ယောက်၏ မျက်ဝန်းများထဲတွင် စိတ်ဝင်တစား အမူအယာများ ရှိနေ၏။ ၎င်းတို့က ဗဟိုသူတော်စင် အကယ်ဒမီမှ ကျောင်းသားများအား စိုက်ကြည့်ကာ အေးစက်စက် ပြုံးလိုက်ကြ၏။

အဆင့် အောက်ဆုံးတွင် ရှိနေသော ဗဟို သူတော်စင်အကယ်ဒမီမှ ကျောင်းသားများနှင့် ကစားပေးရန်မှာ အလွန်လွယ်ကူသော ကိစ္စ မဟုတ်ပေလော။

ပရိတ်သတ်များ၏ အော်ဟစ် အားပေးသံများကြားတွင် အကယ်ဒမီ (၅) ခုပြိုင်ပွဲ တရားဝင်စတင်လိုက်ပြီဖြစ်၏။

ပြိုင်ပွဲအား ကြီးကြပ်မည့် ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ထွက်ပေါ်လာသည်။ သူက အဓိက ရေပေါ်ကျွန်းအထက်တွင် ရပ်နေခဲ့ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းထားသည့် အသံအား ဝူအန်မြို့ တစ်မြို့လုံးအား ပျံ့နှံ့သွားစေသည်။

“မဟာပြိုင်ပွဲကြီးကို ယခင်နှစ်များက စည်းမျဉ်းတွေ အတိုင်း ဆက်လက် ကျင်းပသွားမှာ ဖြစ်ပြီးတော့ ပြိုင်ဘက်မဲနိုက်တဲ့ စနစ်ကိုပဲ ကျင့်သုံးသွားမှာဖြစ်တယ်… အကယ်ဒမီတစ်ခုချင်းဆီတိုင်းက တိုက်ပွဲစင်မြင့် တစ်ခုချင်းဆီကို ပိုင်ဆိုင်ထားမယ်… ပြိုင်ဘက်တွေကို ကျပန်း‌ရွေးချယ်ပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရလိမ့်မယ်…”

“စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်… အနိုင်ရသူက ဆက်လက်ရှိနေမှာဖြစ်ပြီး ရှုံးနိမ့်သူက ဖယ်ထုတ်ခံရမှာပဲဖြစ်တယ်… နောက်ဆုံးမှာ ထိပ်ဆုံး (၁၀) ယောက်ကို ဆုံးဖြတ်ပြီး (၁၀) ယောက်ထဲမှာ ရှိတဲ့ လူအရေအတွက်အလိုက် အကယ်ဒမီတွေကို အဆင့်သတ်မှတ်သွားမှာပဲဖြစ်ပါတယ်…”

ထိုဘုရင်အဆင့်ကျင့်ကြံသူက ဝါရင့်ကြီးကြပ်သူ‌တစ်ယောက်ဖြစ်ပြီး အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲအား ကျင်းပလာခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ချေပြီ။ သူက စည်းမျဉ်းများ ကြော်ငြာပြီးသည်နှင့် အင်္ကျီရင်ဘတ်အတွင်းမှ နေ၍ အနည်းငယ် လှုပ်ခတ်နေသော နက်မှောင်သည့်သေတ္တာပုံကျောက်တုံးလေးအား ထုပ်ယူလိုက်သည်။

ထို ရင်ဘတ်ပုံ ကျောက်တုံးလေးအား အထူးပါဝင်ပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အကြွင်းမဲ့စိတ်ဝိညာဉ်သေတ္တာဟု ခေါ်ဆိုသည်။ အလွန်အစွမ်းထက်သော ဘုရင်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ နတ်အသိပင် ၎င်းအတွင်းသို့ ထွင်း‌ဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

၎င်းက ပြိုင်ဘက်များအား ကျပန်း ရွေးချယ်ရာ၌ အမျှတဆုံးသော ပစ္စည်းဖြစ်၏။

ရွှစ်…

၎င်းအားအကြိမ်များစွာ လှုပ်ခတ်လိုက်ပြီးနောက် နာမည်နှစ်ခု ကျပန်းထွက်ပေါ်လာသည်။

ထိုအကြွင်းမဲ့ စိတ်ဝိညဉ်သေတ္တာထဲတွင် ယခုနှစ်ပြိုင်ပွဲဝင်မည့် ကျောင်းသားများနှင့် ၎င်းတို့၏ အကယ်ဒမီများအမည်ကို ဤမတိုင်ခင်ကပဲ ထည့်သွင်းထားခဲ့၏။

ယခုအကြိမ်များစွာ လှုပ်ခတ်လိုက်ရာ ၎င်းအတွင်းမှနေ၍ ပြိုင်ဘက်နှစ်ယောက်၏ နာမည်အားကျပန်းထုပ်ပေးလိုက်သည်။ ၎င်း၏ တစ်ဖက်တွင် နန်ကျန်း အကယ်ဒမီ အဆင့် (၃) စုလီ၏ အမည် ထွက်ပေါ်လာသည်။ သူက အနက်ရောင် ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားကာ သူ့ အရှိန်အဝါက သာမန်ထက်ထူးရှားနေ၏။

ကျန်တစ်ဖက်တွင်မူ ဗဟိုသူတော်စင်အကယ်ဒမီမှ နံပါတ် (၁၀) ရန်ဝေ၏ အမည်ထွက်ပေါ်လာ၏။ ပွဲကြည့်စင်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားနောက် အားလုံးက ကျယ်လောင်စွာ အပြင်းအထန်ဆွေးနွေးကြတော့၏။

All Chapters