← Chapters

အခန်း (၂၇၉)

Vol. 19 Ch. 279

အခန်း (၂၇၉)

Vol. 19 Ch. 279

နန်းကျန်းအကယ်ဒမီက အကယ်မီကြီး(၅)ခု၌ အောက်ဆုံးဖြစ်ကြောင်း လူတိုင်းအသိပင်။ ၎င်းတို့က နှစ်ပေါင်းများစွာ ထိုအဆင့်၌ တည်ငြိမ်စွာရှိနေခဲ့၏။

တခြားတစ်ဖက်မှ ဗဟိုသူတော်စင်အကယ်ဒမီအားကြည့်လျှင်..

၎င်းတို့က ဟိုးးး ရှေးတုန်းက နံပါတ်(၁) အကယ်ဒမီကြီးဖြစ်ခဲ့သည်။ ခမ်းနားထည်ဝါသော သမိုင်းကြောင်းရှိခဲ့၏။ သို့သော် နံပါတ်(၁) နေရာက လက်ရှိအဆင့်နှင့် ဝေးကွာလွန်းလှသည်။ အကြောင်းအရင်း တိတိကျကျမသိရဘဲ ဗဟိုသူတော်စင်အကယ်ဒမီက တဖြည်းဖြည်း နိမ့်ကျလာခဲ့၏။

နံပါတ်(၁) မှ နံပါတ်(၂) ၊ (၂) မှ (၃) ၊ (၃) မှ ယခုနေရာ နံပါတ်(၄) အထိ ကျဆင်းလာခဲ့သည်။ အထက်သို့ပြန်တက်ရန် လက္ခာဏာ အနည်းငယ်ပင်မရှိချေ။

ပြောရမည်ဆိုလျှင် နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့သော နန်ကျန်းအကယ်ဒမီလောက်ပင် အခြေအနေမကောင်းဟုဆိုရမည်။ ၎င်းက နံပါတ်(၅) နေရာ၌ရှိနေသာ်လည်း ဤနှစ်များတစ်လျှောက် တည်ငြိမ်သော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

သို့သော် ဗဟိုသူတော်စင်အကယ်ဒမီက လုံး၀တည်ငြိမ်မှုမရှိချေ။

ဤတစ်ကြိမ် အကယ်ဒမီ(၅)ခုပြိုင်ပွဲရလဒ်က မည်သို့ဖြစ်လာမည်နည်း…?

“ စိတ်၀င်းစားစရာဘဲ.. တစ်ယောက်က အဆင့်(၁၀) နောက်တစ်ယောက်က အဆင့်(၃)… စုလီကိုလျှော့တွက်လို့တော့မရဘူး… သူက ခွန်အားပိုင်းမှာ တော်တော်သန်မာတယ်… ရန်ဝေကျတော့ မပြောတတ်ဘူး.. အခုမှ ကြားဖူးတာဆိုတော့… ဘယ်သူနိုင်မယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်…”

“ ဟုတ်တယ်.. ပြောဖို့တော့အခက်သား..? ကျုပ်ကတော့ သူတို့နှစ်ယောက် လက်ရည်တူမယ်လို့ ခံစားမိနေတယ်.. ရန်ဝေက အဆင့်(၁၀)ဆိုပေမယ့် နန်းကျန်အကယ်ဒမီနဲ့ယှဉ်မယ်ဆိုရင် မနိမ့်ကျလောက်ဘူး….”

ဘုန်း..

ပရိတ်သတ်များဆွေးနွေးနေချိန်တွင် ပြိုင်ဘက်(၂)ယောက် စင်မြင့်ထက်သို့ ရောက်နေကြပြီဖြစ်၏။

တိုက်ပွဲစသည်နှင့် ရန်ဝေက ဦးဆောင်တိုက်ခိုက်လိုက်သည်။ သူ့လက်သီးတွင် မီးတောက်များဖုံးလွှမ်းနေပြီး ပြိုင်ဘက်အား ထိုးချလိုက်ရာ မီးတောက်များ ကောင်းကင်ထက်သို့ပင် ဖြာထွက်သွား၏။

ကြည့်ရသည်မှာ တော်တော်လေးအစွမ်းထက်ဟန်ရ၏။

သို့သော် စုလီက တူအားဆုပ်ကိုင်ထားပြီး လက်သီးချက်အား ရှောင်တိမ်းလိုက်သည်။ သူ့ထံတွင် မည်သည့်ထူးခြားချက်မျှမမရှိချေ။

ရန်ဝေနိုင်မလား…?

လူတိုင်း နှလုံးသားထဲတွင် အတွေးတစ်ခုဖြစ်ပေါ်လာ၏။ သို့သော် တွေးနေတုံးရှိသေး တိုက်ပွဲအခြေအနေက ရုတ်တရက် ပြောင်းလဲသွားလေသည်။

ဘုန်း…

စုလီက သူ၏ ဦးခေါင်းထံသို့ ဦးတည်လာသည့် လက်သီးချက်အား အနည်းငယ် ခေါင်းယိမ်းကာ ရှောင်လိုက်ပြီးနောက် အနက်ရောင်အလင်းတစ်ချက်လက်သွားကာ နေရာမှ ပျောက်ကွယ်သွား၏။

ထို့နောက် ရန်ဝေ၏ နောက်၌ ပေါ်လာကာ ကြောင်အနေသော ရန်ဝေ၏ ဦးခေါင်းအား တူနှင့်မိတ်ဆက်ပေးလိုက်ပြီး စင်မြင်ထက်သို့ ရိုက်ချလိုက်သည်။

အဖြစ်အပျက်က လျင်မြန်လွန်းလှ၏။ လူတိုင်း သတိပြန်၀င်လာချိန်တွင် ရန်ဝေက စင်မြင့်ထက်၌ မှောက်နေချေပြီ။

ဝိုး..

ပရိတ်သတ်များ ပွတ်လောရိုက်သွား၏။

ဗဟိုသူတော်စင် အကယ်မီကို အားပေးသူများဖြစ်စေ နန်ကျန်းအကယ်ဒမီကို အားပေးသူများဖြစ်စေ စင်မြင့်ထက်သို့ မယုံကြည်နိုင်စွာ ငေးကြည့်နေကြလေသည်။

တစ်ဖက်မဟုတ် တစ်ဖက် ရှုံးလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း တိုက်ပွဲအဆုံးသတ်သွားသည်က မြန်လွန်းလှ၏။

စင်မြင့်ပေါ်ကိုရောက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ…?

ဒုန်း..ဒုန်း..ဒုန်း..

“ ပထမပွဲမှာ စုလီအနိုင်ရတယ်…”

ကြီးကြပ်သူက ကြေးဝါရောင် ရှေးဟောင်းမောင်းကြီးအား တီးခတ်လိုက်ရာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည့် အသံလှိုင်းများထွက်ပေါ်လာပြီး ပတ်၀န်းကျင်မှ ဆူညံသံများကို ဖိနှိပ်လိုက်သည်။

ထို့နောက် နန်းကျန်အကယ်ဒမီ၏ အနိုင်ရရှိမှုကို ကြေငြာလိုက်၏။

ကြေငြာပြီးနောက် အကြွင်းမဲ့ စိတ်ဝိညာဉ်သေတ္တာအား ထုတ်ယူလိုက်ပြီး လာမည့်တိုက်ပွဲအတွက် ပြိုင်ဘက်နှစ်ယောက်အား ကျပန်းရွေးချယ်လိုက်သည်။

ကြီးကြပ်သူက ထွက်ပေါ်လာသည့် အမည်နှစ်ခုအားကြည့်ကာ အနည်းငယ်ထူးဆန်းဟန်ဖြင့် ဗဟိုသူတော်စင် အကယ်ဒမီရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။

ထိုအချိန်တွင် ပရိတ်သတ်များက ရန်ဝေ၏ ရှုံးနိမ့်မှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြဆဲဖြစ်သည်။

အကယ်၌ ပြိုင်ဘက်က ထိပ်တန်း(၃)နေရာရှိ အကယ်ဒမီမှဖြစ်ပါက ကိစ္စမရှိပေ။ ဗဟိုသူတော်စင် အကယ်ဒမီက တဖြည်းဖြည်းပို၍ ကျဆင်းလာသည်မှန်သော်လည်း ပြိုင်ဘက်က နန်းကျန်းအကယ်ဒမီမှဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ရှုံးနိမ့်မည်ဆိုဦးတော့ သိုင်းကွက်အနည်းငယ်တော့ အပြန်အလှန်တိုက်ခိုက်နိုင်သင့်သည်။

“ ဒါက.. အရမ်း မြန်လွန်းတယ်…”

“ ဘယ်လိုတောင်လဲ.. ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ခွန်အားက ဒီလောက်ပဲလား…”

အားလုံးခေါင်းယမ်းပြီး ဆွေးနွေးနေကြစဉ် ကြီးကြပ်သူက နောက်ထပ်တိုက်ပွဲအတွက် လူ(၂)ယောက်အမည်အား ကြေငြာလိုက်၏။

မှားယွင်းသောက်လက် ဟု လူသိများသော အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ အဆင့်(၁၀) ဒွန်ကီက ဗဟိုသူတော်စင်အကယ်ဒမီမှ အဆင့်(၉)နှင့် ယှဉ်ပြိုင်ရမည်။

“ ဗဟိုသူတော်စင် အကယ်ဒမီပဲလား…?”

“ စောနက အဆင့်(၁၀).. အခု အဆင့်(၉) တစ်ယောက်ပြီး တစ်ယောက် ဖယ်ထုတ်ခံရတော့မှာလား…”

“ ဒါပေမယ့် သေချာပေါက် အဲ့လိုတော့ မပြောနိုင်သေးဘူး… ငါတို့အတွက် အံ့အားသင့်စရာတစ်ခုခုဖြစ်လာမလား ကြည့်ရဦးမယ်….”

လူတိုင်း နှလုံးသားထဲတွင် မျှော်လင့်ချက်များရှိနေ၏။ သို့သော် ရလဒ်အနေဖြင့် ဖန်ရှုယီ စင်မြင့်ထက်သို့ရောက်လာသည်နှင့် ပြင်ဆင်ချိန်ပင်မရသေးဘဲ ဒွန်ကီ၏ ရုတ်တရက် တိုက်ခိုက်ခြင်းခံလိုက်ရသည်။ တစ်ချိန်လုံး တစ်ဖက်သတ် ဖိနှိပ်ခံနေရ၏။ နောက်ဆုံးတွင် ဒွန်ကီက ဖန်ရှုယီ၏ လည်ပင်းအား ဆုက်ကိုင်ကာ ကြမ်းပြင်ထက်သို့ ရိုက်ချလိုက်ခြင်းဖြင့် အရှက်တကွဲ အဆုံးသတ်သွားလေသည်။

ပရိတ်သတ်များ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကြပြီး တစ်ခဏမျှ ငြိမ်သက်သွားကြ၏။

တိုက်ပွဲတွင် ရင်ခုန်စရာ ဘယ်နားမှာနည်း…?

တစ်ဖက်သတ် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခြင်းပင်။

မှားယွင်းသောလက်က အလယ်ပိုင်းသူတော်စင် အကယ်ဒမီ၌ အဆင့်(၁၀)ဖြစ်ကာ အညံ့ဆုံးလူဖြစ်၏။

ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၉) နှင့် (၁၀)က အဘယ်ကြောင့် ဤမျှ အားနည်းနေရသနည်း။

“ တော်တော်ကြီး ကျဆင်းနေပြီ…”

“ ဟုတ်တယ်.. တစ်နှစ်ပြီး တစ်နှစ် ပိုပြီး အခြေအနေဆိုးလာတယ်…”

ပရိတ်သတ်များ ခေါင်းယမ်းလိုက်ကြ၏။ ဗဟိုသူတော်စင် အကယ်ဒမီ၏ နှစ်ပွဲဆက်ရှုံးနိမ့်မှုကြောင့် ၎င်းတို့အပေါ် သိပ်ပြီး စိတ်၀င်စားမှု မရှိတော့ချေ။

တိုက်ပွဲ နှစ်ကြိမ်ဆင်နွှဲခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့၏။ လူ(၁၀)ယောက်တွင် နှစ်ယောက်ဆက် ရှုံးနိမ့်သွားပြီဖြစ်ရာ မည်သို့ ဆက်လက် တိုက်ပွဲ၀င်ဦးမည်နည်း…?

လေထဲမှ ရပ်ကြည့်နေကြသည့် စီနီယာကျင့်ကြံသူများနှင့် အကယ်ဒမီများမှ ဆရာတစ်ချို့ ပြုံးလိုက်ကြပြီး ဗဟိုသူတော်စင် အကယ်ဒမီဘက်သို့ အထင်သေးစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။

“ မင်းတို့ ဒီနှစ် နံပါတ်(၅) ကိုဆင်းတော့မှာလား…?”

ထိုစကားထွက်ပေါ်လာသည်နှင့် ပွဲကြည့် ပရိတ်သတ်များလည်း ရယ်မောလိုက်ကြသည်။

နန်ကျန်းအကယ်ဒမီက အဆင့်အရာတွင် ဗဟိုသူတော်စင် အကယ်ဒမီထက်နိမ့်ကျ၏။ သို့သော် ရလဒ်အနေဖြင့် ဗဟိုသူတော်စင် အကယ်ဒမီ ရှုံးနိမ့်ခဲ့သည်။

အဆင့်(၁၀)မှ လူထံတွင်ပင် အနိုင်ယူခြင်းခံခဲ့ရ၏။

အလယ်ပိုင်းသူတော်စင် အကယ်ဒမီက နံပါတ်(၁) ဖြစ်သော်ငြား မှားယွင်းသောလက် ဒွန်ကီက အဆင့်(၁၀) ဖြစ်ရာ ၎င်း၏ ခွန်အားက သဘာ၀အတိုင်း သိပ်ပြီးမြင့်မားမည်မဟုတ်ပေ။ သို့တိုင်အောင် ဗဟိုသူတော်စင် အကယ်ဒမီကရှုံးနိမ့်နေဆဲဖြစ်၏။

နောက်ဆုံးအကြိမ်ပြိုင်ပွဲပြီးနောက် ဗဟိုသူတော်စင် အကယ်ဒမီက နံပါတ်(၄)နေရာ၌ ရှိနေခဲ့သည်။ ယခု မည်သည့်အရာများဖြစ်နေသနည်း…?

နံပါတ်(၅)သို့ ဆင်းတော့မည်လော..?

ဗဟိုသူတော်စင် အကယ်ဒမီ ဌာနမှူးက ရန်ဝေနှင့် ဖန်ရှုယီတို့အားကြည့်ပြီး ခေါင်းယမ်းလိုက်မိသည်။

ရွှမ်ယီကြောင့်သာမဟုတ်လျှင် ၎င်းတို့က ထိပ်တန်း(၅)ယောက် သို့မဟုတ် ထိပ်တန်း(၃)ယောက်အတွင်း ပါ၀င်နေမည်ဖြစ်ပြီး ဗဟိုသူတော်စင် အကယ်ဒမီအနေဖြင့် ရက်ရက်စက်စက် အရှက်ရသွားနိုင်သည်။ ယခုထက် အဆများစွာ ဆိုးသွားပေလိမ့်မည်။

ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူး ခေါင်းယမ်းရင်း ရွှမ်ယီအား ကြည့်လိုက်မိလျှင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး ယုံကြည်မှုများ တိုးပွားလာ၏။

ရွှမ်ယီနှင့် ဆုံတွေ့ခဲ့ခြင်းမှာ ဗဟိုသူတော်စင် အကယ်ဒမီအတွက် အကောင်းမွန်ဆုံးသော ကိစ္စများထဲမှ တစ်ခုပင်။

နံပါတ်(၅)သို့ ကျဆင်းခြင်းအတွက်မူ…

ဌာနမှူး ရယ်ရုံသာရယ်လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။

All Chapters