အခန်း (၂၈၃)
Vol. 19 Ch. 283
ယခုတစ်ကြိမ် ပြိုင်ဘက်ရွေးချယ်မှုက လေပေါ်ကျွန်းထက်မှ လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
[ ရှေ့အပိုင်းတွေမှာ လေပေါ်ကျွန်းကို အလျင်လိုပြီး တချို့နေရာတွေ ရေပေါ်ကျွန်းလို့ ရေးခဲ့မိတာမျိုးတွေရှိနိုင်တယ်ခင်ဗျ ]
ချန်းရှင်းဖန်၏ အရှုံးပေးမှုက တော်တော်လေး သက်ရောက်မှုကြီးမားခဲ့သည်။ ထိုကဲ့သို့ ကိစ္စမျိုးက ရှေးယခင်ပြိုင်ပွဲများ၌ပင် ဖြစ်ခဲ၏။
တစ်ဖက်မှ တွေးတောကြည့်လျှင် အကြောင်းတစ်ခုရှိကိုရှိရမည်။ မည်သူကမှ အလကား နေရင်းထိုင်ရင်း အရှုံးပေးမည်မဟုတ်ပေ။
သို့သော် လူတိုင်း ယခုအချိန်ထိ ဇဝေဇဝါဖြစ်နေကြသေး၏။
ထို့အပြင် ပိုင်ချန်အကယ်ဒမီမှ အဆင့်(၃) အရှုံးပေးခဲ့သည်မှာ အားလုံးနီးပါး မျှော်လင့်ချက်မထားသည့် ဗဟိုသူတော်စင် အကယ်ဒမီဖြစ်သည်။
ဗဟိုသူတော် အကယ်ဒမီ၏ အနိုင်ရရှိမှုက ရှင်းရှင်းလင်းလင်းမရှိသည်ဖြစ်ရာ လူအများ အောင့်သက်သက်ဖြစ်နေကြ၏။
ယခုတွင် သိရတော့မည်။ ပိုင်ချန် အကယ်ဒမီ အဆင့်(၁) နှင့် ဗဟိုသူတော်စင် အကယ်ဒမီ အဆင့်(၁) တို့ တွေ့ကြချေပြီ။
လူတိုင်းနီးပါး ပိုင်ချန်အကယ်ဒမီ အနိုင်ရမည်ဟု ယုံကြည်ထားကြ၏။
“ ကြည့်နေစမ်း…”
လုချန်ရန်က စင်မြင့်ထက်သို့မတက်ခင် ချန်ရှင်းဖန်အား အထင်မြင်သေးစွာ ကြည့်ရင်း ပြောလိုက်၏။
“ မင်းက အဆင့်(၆)က လူကိုတောင် ဖင်တုန်အောင် ကြောက်ပြနေခဲ့တယ်… အခု ငါ အဆင့်(၁) နဲ့ တိုက်တော့မယ်…”
“ ဟမ့်.. အမှိုက်ကောင်… မင်း အဲ့လောက် ကြောက်ပြနေတဲ့လူက ငါ့ရှေ့မှာ စကားထဲ ထည့်ပြောဖို့တောင် မတန်ကြောင်း ပြပေးမယ်…”
စကားဆုံးသည်နှင့် သက်တံ့တစ်စင်းအလား အလင်းများ ဖြာထွက်လျက် စင်မြင့်ထက်သို့ ခုန်တက်သွား၏။
“ ဟုတ်ပြီကွ…”
“ ဒီတစ်ကြိမ် မင်းလည်း အရှုံးတော့ မပေးဘူးမို့လား…”
ပရိတ်သတ်များ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြ၏။
ပြိုင်ဘက်က ယခင်နှစ်များအတွင်း ဆက်တိုင်းကျဆင်းလာသည့် ဗဟိုသူတော်စင် အကယ်ဒမီမှဖြစ်သော်ငြား ၎င်းက ထိုနေရာတွင် အဆင့်(၁) ဖြစ်ပေသည်။
ပရိတ်သတ်များအနေဖြင့် ဗဟိုသူတော်စင် အကယ်ဒမီအား သိပ်မမျှော်လင့်ကြသည့်တိုင် ပြိုင်ဘက် နှစ်ယောက်လုံးက သက်ဆိုင်ရာ အကယ်ဒမီများ၌ အဆင့်(၁)ဖြစ်နေသည်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချက်ပင်။
သူတို့အားလုံး အကယ်ဒမီကြီး(၅)ခု ပြိုင်ပွဲတွင် အဓိက မြင်လိုကြသည်မှာ သက်ဆိုင်ရာ အကယ်ဒမီများမှ အဆင့်(၁) များတိုက်ပွဲဖြစ်၏။
ယုလင်းလုံက ထူးမခြားနားဟန်ဖြင့် အသာအယာပြုံးလိုက်ပြီး စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
သူမ၏ ငယ်ရွယ်ပြီး ချစ်စရာကောင်းသော ဟန်ပန်ကြောင့် ပရိတ်သတ်များထံမှ အားပေးမှုတချို့ ရရှိခဲ့သော်လည်း တိုက်ပွဲတွင် ယုလင်းလုံ အနိုင်ရမည်ဟု မထင်ကြပေ။
ပိုင်ချန်အကယ်ဒမီဘက်တွင် ချန်ရှင်းဖန်၏ နှုတ်ခမ်းထောင့်တွန့်ကွေးနေပြီး လုချန်ရန်အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်နေခဲ့သည်။
ဗဟိုသူတော်စင် အကယ်ဒမီဘက်မှ အဆင့်(၆)က သူ့ကို အပြတ်အသတ်နိုင်ယူနိုင်၏။ လုချန်ရန်ပင် ထိုသို့ လုပ်ရန် ခက်ခဲသည်။ ယခုတွင် လုချန်ရန်၏ ပြိုင်ဘက်က ထို မွန်းစတား (၆)ယောက်အနက် အစွမ်းထက်ဆုံးဖြစ်သည်။
လုချန်ရန်က သူ့ရှေ့တွင် စကားထဲ ထည့်ပြောရန် မထိုက်တန်ဟုပြောသွားခဲ့၏။
ဘယ်သူက ဘယ်သူရှေ့မှ မထိုက်တန်ကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။
“ အပိုတွေပြောမနေနဲ့တော့.. သေစမ်း…”
စင်မြင့်ထက်တွင် လုချန်ရန်က ခြေဖဝါးဖြင့် ကြမ်းပြင်၌ ခြေကုပ်ယူကာ ပြေးထွက်သွား၏။
သူ့ မျက်၀န်းများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသည်။ ပြိုင်ပွဲ၌ သတ်ဖြတ်ခြင်းအား ခွင့်ပြုမထားသည့်တိုင် အပြင်းအထန်ဒဏ်ရရတာမျိုးက ကိစ္စမရှိချေ။
ပိုင်ချန်အကယ်ဒမီ အရှက်ရခဲ့ခြင်းအပေါ် ပြန်လည်ဆေးကြောရန်အတွက် ဗဟိုသူတော်စင် အကယ်ဒမီအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဆုံးဖြတ်ထား၏။
“ ဟမ့်…”
နီရဲနေသော မျက်လုံးများဖြင့် ကျားရူးတစ်ကောင်းအလား ပြေး၀င်လာသည့် လုချန်ရန်အားကြည့်ပြီး ယုလင်းလုံ နှာခေါင်းရှုံ့လိုက်သည်။
ဘုန်း…
သူမထံမှ ကြောက်မက်ဖွယ် စွမ်းအားများပေါက်ကွဲထွက်ပေါ်လာ၏။ ပြိုင်ပွဲစင်မြင့်တစ်ခုလုံးအား ကျောက်စိမ်းကဲ့သို့ အလင်းများဖုံးလွှမ်းသွားပြီး ကြောက်စရာကောင်းလောက်အောင် ထက်မြိသော ဓားရည်ရွယ်ချက်စွမ်းအားများဖြင့် ပြည့်နှက်သွားလေသည်။
ယုလင်းလုံ၏ စွမ်းအားစုစည်းမှုအောက်တွင် ဓားရည်ရွယ်ချက်စွမ်းအားက ပတ်၀န်းကျင်မှ အခြေအနေများအား အနှောက်အယှက်ဖြစ်စေပြီး လုချန်ရန်၏ အရှိန်ကိုလျော့ကျသွားစေသည်။
ဘုန်း…
ခန္ဓာကိုယ်တစ်ခုလုံးအား ဓားဖြင့်မွှန်းနေသကဲ့သို့ခံစားလိုက်ရပြီး လုချန်ရန် မျက်လုံးများ ပြူးကျယ်သွား၏။ တစ်ကိုယ်လုံး ကြက်သီးများထသွားကာ နှဖူးထက်မှ ချွေးများ စီးကျလာသည်။
လုချန်ရန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သက်တံ့ကဲ့သို့ ရွှေနီရောင် အလင်းတန်းများဖြာထွက်နေပြီး နေတစ်စင်းအလားပင်။
သို့သော် ထို နေလုံးကြီး၏ အလယ်တွင် သူ့ ခေါင်းအား ယုလင်းလုံ၏ ဓားချက် လာရောက်ထိမှန်သကဲ့သို့ ခံစားလိုက်ရသည်။
“ ဘန်း…”
ဓားတစ်ချက် ထွက်ပေါ်လာပြီးနောက်
လုချန်ရန်၏ သန့်စင်သောယန်စွမ်းအား ရုတ်ချည်းပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများရွှဲလျက် ဇောက်ထိုးအနေအထားဖြင့် ဥက္ကာခဲတစ်လုံးအလား စင်မြင့်ထက်မှ လွင့်စင်ထွက်သွား၏။
ရွှစ်…
ဇောက်ထိုးအနေအထားဖြင့် လွင့်စင်လာသော လုချန်ရန်အား ပိုင်ချန်အကယ်ဒမီမှ လူများ ဆီးဖမ်းလိုက်ကြပြီး စိတ်ဝိညာဉ်စွမ်းအားများ ပို့လွှတ်ပေးလိုက်ကြသည်။
ထို့နောက် လုချန်ရန် ချက်ချင်း နိုးထလာပြီး ပထမဆုံး ပြောလိုက်သော စကားမှာ
“ မဖြစ်နိုင်ဘူး…”
ပြူးကျယ်နေသော မျက်လုံးများဖြင့် ဝုန်းခနဲ မတ်တပ်ရပ်ပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ခြင်းဖြစ်၏။
တစ်ဖက်တွင် လုချန်ရန်အား ဖမ်းဆီးပြီး ကူညီပေးလိုက်ကြသူများလည်း အလွန်ထိတ်လန့်နေကြသည်။ လုချန်ရန်ထံမှတစ်ဆင့် တုန်လှုပ်ဖွယ် ဓားစွမ်းအားကို ခံစားမိခဲ့ပြီး စင်မြင့်နှင့် အတန်ငယ်အလှမ်းဝေးသည့်တိုင်အောင် ၎င်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကိုလည်း ခံစားမိခဲ့ကြ၏။
သတ်ဖြတ်ခြင်းအား ခွင့်မပြုဟူသည့် စည်းမျဉ်းသာမရှိလျှင် သူတို့အကယ်ဒမီမှ အဆင့်(၁) အသက်နှင့် ခန္ဓာမြဲလျက်ရှိတော့မည် မထင်ပေ။
“ ဟဟ..”
နံဘေးတွင် ချန်ရှင်းဖန်က လှောင်ပြုံးလိုက်ပြီး အလွန်တုန်လှုပ်နေဟန်ရသော လုချန်ရန် အနီးသို့ လျှောက်သွားလိုက်သည်။
ဗဟိုသူတော်စင် အကယ်ဒမီမှ လူ(၆)ယောက်…
၎င်းတို့အထဲမှ တစ်ယောက်နှင့် တွေ့ဆုံပါက ဤပြိုင်ပွဲ၌ နောက်တစ်ဆင့်ရောက်ရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
လုချန်ရန်က ချန်ရှင်းပေး၏ အရှုံးပေးမှုအပေါ် အပြင်းအထန် ဝေဖန်ခဲ့ပြီ အမှိုက်ဟုပင် ခေါ်ဆိုခဲ့၏။
ချန်ရှင်းဖန်က သတိဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လုချန်ရန်လို ရုပ်မပျက်ခဲ့ချေ။
သူ့အား အဘယ်ကြောင့် အမှိုက်ဟု ခေါ်ရမည်နည်း…?
“ ဘယ်လိုလဲ.. နေလို့ကောင်းလား…? ဆက်ပြီး မောက်မာဦးလေ…”
ချန်ရှင်းဖန်က လုချန်ရန်အားကြည့်ကာ ခေါင်းယမ်းလိုက်၏။
“ ငါ့ကို အမှိုက်လို့ ခေါ်ခဲ့တယ်… ဒါဆို မင်းကရော..? ဘာလဲ….?”
ဂျွတ်…
လုချန်ရန်၏ မျက်နှာထက်၌ အလွန်အမင်းရှက်ရွံ့ဟန်များ ဖြစ်ပေါ်လာပြီး လက်သီးတင်းနေအောင် ဆုပ်ထားမိလိုက်သည်။
သူက ပိုင်ချန် အကယ်ဒမီမှ အဆင့်(၁)ဖြစ်၏။ အလယ်ပိုင်း သူတော်စင် အကယ်ဒမီ နှင့် အနောက်ကြယ်အကယ်ဒမီမှ ထိပ်ဆုံးလူများနှင့်ပင် အပြန်အလှန် တိုက်ခိုက်နိုင်စွမ်းရှိပေသည်။ သို့သော် ဆက်တိုက်ကျဆင်းနေသည့် ဗဟိုသူတော်စင် အကယ်ဒမီထံတွင် ဓားတစ်ချက်ဖြင့် ရှုံးနိမ့်ခဲ့၏။
အံ့ဩစရာပင်…
ဘုန်း..ဘုန်း..ဘုန်း.
ကြီးကြပ်ရေးမှူးက စိတ်ထဲမှ ထိတ်လန့်မှင်သက်မှုအား မျိုသိပ်ကာ ရှေးဟောင်းမောင်းအားတီးပြီး ပြိုင်ပွဲရလဒ်ကို ကြေငြာလိုက်၏။
ထို့နောက်
“နောက်တစ်ပွဲစမယ်…”
အကြွင်းမဲ့ စိတ်ဝိညာဉ်သေတ္တာအား လှုပ်ယမ်းလိုက်ပြီး နောက်ထပ်ပြိုင်ဘက်များရွေးချယ်လိုက်သည်။
အနောက်ကြယ် အကယ်ဒမီမှ အဆင့်(၈) နှင့် နန်ကျန်း အကယ်ဒမီ အဆင့်(၈)….
သိုင်းကွက်(၁၀)ကွက်ခန့်တိုက်ခိုက်ပြီးသည်နှင့် နန်းကျန်းအကယ်ဒမီဘက်မှ ရှုံးနိမ့်သွား၏။ သို့သော် အံ့အားသင့်စရာတော့မရှိပေ။
နောက်ထပ် တိုက်ပွဲအနည်းငယ်တွင် အလယ်ပိုင်းသူတော်စင် အကယ်ဒမီ ၊ အနောက်ကြယ်အကယ်ဒမီနှင့် ပိုင်ချန်အကယ်ဒမီတို့ အလှည့်ကျ အနိုင်ရရှိခဲ့သည်။
ပြောရမည်ဆိုလျှင် ရလဒ်များအားလုံး လူတိုင်း၏ ခန့်မှန်းမှု ဘောင်အတွင်း၌ ရှိနေသည်။
ပိုင်ချန် အကယ်ဒမီ နှင့် အနောက်ကြယ် အကယ်ဒမီတို့မှ အဆင့်(၅)က အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ အဆင့်(၆)အား ရှုံးနိမ့်ရန် မလွယ်ကူပေ။
ပြောရမည်ဆိုလျှင် အဆင့်(၁) နှင့် အဆင့်(၂)ကြား ၎င်းတို့ခွန်အားမှာ သိပ်ပြီး ကွာခြားမှုမရှိချေ။
ထိုပွဲစဉ်များက ပိုင်ချန် အကယ်ဒမီမှ အဆင့်(၁)အား ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၁)က တစ်ချက်တည်း အနိုင်ယူခဲ့ခြင်းနှင့် ယှဉ်လျှင် အလွန်ခြားနားလွန်း၏။
စင်မြင့်ထက်မှ ကျွမ်းပြန်ကာလွင့်စင်သွားပြီး အနည်းငယ်မျှ ပြန်တိုက်နိုင်စွမ်းမရှိခဲ့ပေ။